← Chapters

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ၁၀၆၄

Vol. 71 Ch. 1064

Chapter 1064 ပုရွက်ဆိတ်နှင့်နဂါး

“အစ်ကိုယဲ့ဖန်၊ ခင်ဗျား အသွင်အပြင်က သာမန်နဲ့ မတူဘူးနော်၊ အခု ဘယ်မှာ အလုပ်လုပ်လဲ မသိဘူး”

ထိုစဉ် ဖန်းရီပေါ်က ယဲ့ဖန်ကို စိုက်ကြည့်၍ တက်တက်ကြွကြွ မေးလိုက်သည်။ အစောပိုင်းက သူ ယဲ့ဖန်နှင့် လက်ဆွဲနှုတ်ဆက် လိုက်ချိန်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်း၌ ယန်စွမ်းအင် စီးဆင်မှုမရှိကြောင်း သူ ခံစားမိ လိုက်သည်။

အကယ်၍ လူတစ်ယောက်သည် အသက် နှစ်ဆယ်ဝန်းကျင်သို့ ရောက်နေပြီး ယန်စွမ်းအင် မရှိပါက သာမန်လူ တစ်ယောက်သာ ဖြစ်ပေမည်။ ယခင်က ဖန်းရီပေါ်၏ ယဲ့ဖန်အပေါ် ကြောက်စိတ်များ ပျောက်ကွယ်သွားပြီး ထီမထင်ဟန်များ အစားထိုး ဝင်ရောက်လာ၏။

သူသည်သာမက ဘေးနားမှ ဖေးဖေးနှင့် အခြားသူများသည်လည်း ယဲ့ဖန်ကို ကြည့်လာကြသည်။ သူတို့ အားလုံးသည် ရဲရင့်သော သိုင်းပညာရှင်များ ဖြစ်ပြီး ကျောင်းပြီးသွားလျင်တောင်မှ ကောင်းမွန်သော အလုပ်တစ်ခု ရှာနိုင်ပါသေးသည်။

ယန်စွမ်းအင် မရှိသော သာမန်လူများသည် ယန်နယ်မြေ၌ လစာအနည်းဆုံး ရပြီး အခက်ဆုံးနှင့် အပင်ပန်းဆုံး အလုပ်များကို လုပ်ရသည့် နိမ့်ကျသော လူများ ဖြစ်လေသည်။

ထိုမေးခွန်းကြောင့် ယဲ့ဖန်သည် ဖန်းရီပေါ်၏ ရည်ရွယ်ချက်ကို သိသော်လည်း အလေးမထားဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“အခု ငါ့မှာ အလုပ် မရှိဘူး”

*အလုပ်မရှိဘူးလား*

ထိုစကားကြောင့် ဖန်းရီပေါ်နှင့် အခြားသူများ အံ့ဩသွားပြီးနောက် အနိုင်ကျင့် ဖိနှိပ်လိုသော အမူအရာများ ပိုမို ထွက်ပေါ်လာသည်။

“ဒါဆို ဘာနဲ့စားလဲ၊ ဘယ်မှာ နေတာလဲ၊ ရှင့်မိသားစုက ပိုက်ဆံ ချမ်းသာတာလား”

ဖေးဖေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူတို့၏ အမူအရာများကို မြင်သွားပြီးမှသာ ကျုံးလီအာတစ်ယောက် သတိဝင်လာပြီး မျက်နှာ မသိမသာ ပျက်သွားရသည်။ သို့သော် ယဲ့ဖန်က အသာပြုံး၍ ပြန်ဖြေလိုက်သည်။

“ငါ ဖျင်အန်းမြို့ကို ရောက်တာ မကြာသေးဘူး၊ အခုတော့ လီအာရဲ့ စားသောက်ဆိုင်မှာ နေတယ်၊ အဲ့မှာပဲ စားတာ”

ထိုစကားအဆုံး၌ ဘေးနားမှ လူများအားလုံး မှင်တက်သွားကြပြီးနောက် အထင်သေးခြင်း၊ စက်ဆုပ်ခြင်း၊ ပျက်ရယ်ပြုလိုခြင်း စသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။ အားလုံး၏ ယဲ့ဖန်အပေါ် မြင်သော အမြင်များက ချက်ချင်း ပြောင်းလဲသွားလေသည်။

ယခင်က ယဲ့ဖန်၏ သူမတူသော အရှိန်အဝါကြောင့် ယန်စွမ်းအင် စီးဆင်းမနေသော်လည်း သူတို့သည် ယဲ့ဖန်အား အထင်မသေးရဲဘဲ မိသားစု နောက်ခံ တောင့်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုအခါတွင် အားလုံးက အလွန် အထင်သေး စက်ဆုပ်လာကြသည်။

“ဟွန့်၊ တော်တော် မေးလိုက်မှပဲ ထိုင်စားဆိုတာကို သိလိုက်ရတယ်၊ လီအာ နင် ဘာတွေဖြစ်နေတာလဲ၊ နင့်မိသားစုက ဘာလို့ ဒီလိုအမှိုက်ကို ခေါ်ထားရတာလဲ”

ဖေးဖေး အလွန် အထင်အမြင်သေးနေ၏။ ရှောင်ရွှမ်သည်လည်း အထင်သေးစွာဖြင့် ကျုံးလီအာကို ပြောလိုက်သည်။

“ဟုတ်တယ် လီအာ၊ နင် ဘာလို့ ဒီလိုလူမျိုးကို အိမ်ပေါ် တင်ထားတာလဲ၊ ယန်စွမ်းအင်လည်း မရှိ၊ အလုပ်လည်း မရှာနဲ့”

“ဟုတ်တယ် လီအာ၊ ဖန်းသခင်လေးက ငါတို့ကို တွေ့ဖို့ ပြောထားတာကို၊ နင်က သူ့ကို ခေါ်လာတယ်၊ တကယ်ပါပဲ”

“…”

ထိုအခိုက်တွင် သူတို့၏ မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွားပြီး ပုတ်ခတ်သော စကားများ အဆက်မပြတ် ထွက်ပေါ်လာသည်။ အားလုံး၏ အမူအရာနှင့် စကားများ၌ အထင်သေးဟန်များ အထင်းသား ပေါ်လွင်နေ၏။

“ပါးစပ်ပိတ်ထား”

ထိုစဉ် စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းလိုက်သော အသံနှင့်အတူ ကျုံးလီအာက စားပွဲကို ဖြန်းခနဲ ရိုက်၍ ထရပ်လိုက်သည်။

သူမ၏ မျက်နှာလေးက အလွန် သုန်မှုန်နေ၏။ အစပိုင်း၌ ဤလူများက သူမနှင့် ဆက်ဆံရေး ကောင်းမွန်သည်ဟု ယူဆသဖြင့် သူမ ယဲ့ဖန်နှင့်အတူ လာလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ၏မိတ်ဆွေမျိုးက ဤသို့သော လူစားမျိုးများ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။

“နင်တို့ ဘာလို့ အစ်ကိုယဲ့ကို ဒီလို ပြောရတာလဲ”

ကျုံးလီအာ၏ မျက်ဝန်းများက ဒေါသကြောင့် နီရဲနေပြီး မျက်ရည်များ ဝေ့ကာ ငိုလုနီးပါး ဖြစ်နေ၏။ ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူမ စိတ်ပင်မကူးခဲ့မိပေ။ ကျုံးလီအာ အလွန် ဒေါသထွက်နေသည်ကို မြင်ပြီး အခြားသူများ မျက်နှာ တစ်မျိုး ဖြစ်သွားကြသည်။

ကျုံးလီအာက ယန်စွမ်းအင် မရှိသော လူ့အမှိုက်အတွက်နှင့် သူတို့ကို အပြစ်တင်လာလိမ့်မည်ဟု မမျှော်လင့် ထားမိချေ။

ဖန်းရီပေါ်တောင်မှ မျက်နှာ မသိမသာ ပျက်သွားသည်။ သို့ရာတွင် သူသည် ပါးနပ်သောလူ ဖြစ်သောကြောင့် ကျုံးလီအာဘက်မှဝင်၍ အခြားသူများကို ဆူပူလိုက်လေသည်။

“လီအာ ပြောတာမှန်တယ်၊ မင်းတို့ လွန်လွန်းတယ်”

“ယဲ့ဖန်မှာ ယန်စွမ်းအင် မရှိတော့ ဘာဖြစ်လဲ၊ သူက လီအာရဲ့ မိတ်ဆွေဆိုတော့ ငါရဲ့ မိတ်ဆွေပဲလေ”

ဖန်းရီပေါ်၏ စကားက ဖေးဖေးနှင့် ကျန်လူများကို ချက်ချင်း သတိပြုမိသွားစေသည်။ ဖန်းရီပေါ် မျက်စိတစ်ဖက် မှိတ်ပြသည်ကို မြင်ပြီး တစ်ယောက်ပြီးတစ်ယောက် ကျုံးလီအာကို တောင်းပန်လိုက်ကြသည်။

“တောင်းပန်ပါတယ် လီအာ၊ ငါတို့ စကားပြောမှားသွားတယ်”

“လီအာ ငါတို့ တစ်ခြား အဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး၊ စိတ်မဆိုးပါနဲ့”

“…”

သူတို့သည် ကျုံးလီအာကို ချော့မော့၍ တောင်းပန်နေသော်လည်း မည်သူမျှ ယဲ့ဖန်ကို မတောင်းပန်ကြချေ။ ယဲ့ဖန်အား မမြင်ရသော လေသဖွယ် သဘောထားပြီး တစ်ချက်ကလေးမှ လှည့်မကြည့်ပေ။

တောင်းပန်သံများကို နားထောင်ပြီး ကျုံးလီအာ ပို၍ အေးစက်စက် ဖြစ်လာသည်။ သူမ ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသည်။ ယဲ့ဖန် စိတ်မပျော်ရွှင်ပါက သူမ ယဲ့ဖန်နှင့်အတူ ချက်ချင်း ထွက်သွားမည်ဟု ဆုံးဖြတ် ထားသည်။

“ရပါတယ်”

ယဲ့ဖန်က အသာပြုံး၍ ကျုံးလီအာ၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ နဂါးတစ်ကောင်က ပုရွက်ဆိတ် တစ်ချို့ကို ဘယ်လိုလုပ် အလေးထားမည်နည်း။ ယဲ့ဖန်၏ အပြုအမူကိုမြင်လိုက်မှ ကျုံးလီအာ စိတ်အေး သွားရသည်။

“ကဲ … ငါ သားရဲသွေးဝိုင်ပုလင်းတွေ မှာထားပြီးပြီ၊ အားလုံး သောက်ကြစို့”

ဖန်းရီပေါ်သည် ယဲ့ဖန်က ကျုံးလီအာ၏ ခေါင်းအား ပွတ်ပေးသည်ကို မြင်လိုက်ရသည်နှင့် မျက်လုံးများက စူးခနဲ လက်သွားသည်။ သူ၏ စကားအဆုံး၌ စားပွဲထိုးတစ်ယောက်က ဝိုင်ပုလင်းတစ်ချို့ကိုသယ်၍ ရောက်လာသည်။

“လူကြီးမင်းတို့ မှာထားတဲ့ ခြင်္သေ့သွေးဝိုင်နဲ့ သစ်သီးပြာ တစ်ပွဲရပါပြီ”

“လူကြီးမင်းတို့ သုံးဆောင်ကြပါ …”

စားပွဲထိုးသည် ထိုသို့ပြောပြီးသည်နှင့် ကျုံးလီအာနှင့် ယဲ့ဖန်ကိုမြင်ပြီး တအံ့တဩ မေးလာလေသည်။

“လီအာ၊ ယဲ့ဖန်၊ မင်းတို့ ဘာလို့ ဒီကိုရောက်နေတာလဲ”

ထိုစကားကြောင့် ယဲ့ဖန်တို့ နှစ်ယောက်လုံး မသိမသာ အံ့ဩသွားပြီး မော့ကြည့်လိုက်သောအခါ စားပွဲထိုးက ဆိုင်မှ မောင်းထုတ်လိုက်သည့် အားပင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“အားပင်း၊ နင် ဘာလို့ ဒီကို ရောက်နေတာလဲ”

ကျုံးလီအာကလည်း တအံ့တဩ မေးလိုက်သည်။ သူမအမေးကြောင့် အားပင်း၏ အမူအရာက ရှက်ရွံ့သွားဟန် ဖြစ်ပေါ်လာသည်။

သူသည် စားသောက်ဆိုင်မှ မောင်းထုတ်ခံလိုက်ရသလို ဝမ်စားသောက်ဆိုင်ကလည်း သူ့ကို အလုပ်မခန့်ပေ။ ထို့ကြောင့် သူသည် ဝမ်းကွဲအစ်ကိုအား ဘား၌ အလုပ်တစ်နေရာပေးရန် တောင်းဆိုခဲ့ရသည်။

ယနေ့သည် သူ အလုပ်စဆင်းသည့်နေ ဖြစ်သည်။ အရက်မူးနေသော သိုင်းပညာရှင်များက စားပွဲထိုးများကို ကြိမ်းမောင်း ရိုက်နှက်သဖြင့် ခံရခက်သလို ပင်ပန်းလှပြီး လစာကလည်း နည်းလှသည်။

ထိုအကြောင်းကို ပြန်စဉ်းစားမိပြီးနောက် အားပင်းက ယဲ့ဖန်ကို မကျေမနပ် ကြည့်လိုက်မိသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူသည် ကျုံးမိသားစု စားသောက်ဆိုင်၌ အလုပ်ရနေဦးမည် ဖြစ်သလို မပင်မပန်းနှင့် ဝန်ဆောင်ခလည်း ရဦးမည်ဟု တွေးနေသည်။ ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ အားလုံး ယဲ့ဖန်အပြစ်ကြောင့်သာ။

အားပင်း၏ ယဲ့ဖန်ကို ကြည့်သောအကြည့်ကို မြင်ပြီး အနားမှ ဖန်းရီပေါ်၏ စိတ်ထဲတွင် ပျော်သွားပြီး တစ်စုံ တစ်ရာကို သဘောပေါက်သွာသည်။

“ငါ့ညီ လာလေ၊ မင်းနဲ့ လီအာက အချင်းချင်း သိတယ်ဆိုတော့ ထိုင်ပါဦး”

ထိုစကားကြောင့် အားပင်း ပျော်မြူးသွားသည်။ ဖန်းရီပေါ်နှင့် အခြားသူများက သူဌေးမျိုးဆက်များ ဖြစ်သည်ကို သူ သတိထားမိသည်။ ဤသို့သောလူမျိုးနှင့် ပတ်သက်နိုင်ခြင်းက ကောင်းကင်မှ ပိုက်ဆံ ကျလာသလိုပင်။

ထို့ကြောင့် တုန်တုန်ယင်ယင်နှင့် ခပ်သွက်သွက် ထိုင်ချလိုက်သည်။ အထူးသဖြင့် ဖန်းရီပေါ်က သူ့အတွက် ငှဲ့ပေးသော ဝိုင်တစ်ခွက်ကို သောက်လိုက်ရသဖြင့် အားပင်း လေပေါ်မြောက်တက်သွားသကဲ့သို့ ခံစားလိုက် ရသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ဖေးဖေးနှင့် အခြားသူများက ဖန်းရီပေါ်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက် သွားပြီး အားပင်းကို စကားစလာ၏။

“မောင်လေး၊ နင် ယဲ့ဖန်ကို ဘယ်လို သိထားလဲ”

“ပြီးတော့ သူ့မှာ ယန်စွမ်းအင် မရှိဘူးလေ၊ ဘာလို့ လီအာရဲ့ မိဘက သူ့ကို ခေါ်ထားတာလဲ”

ဖေးဖေး၏ စကားက ယဲ့ဖန်ကို အထင်သေးကြောင်း ဖော်ပြနေသည်။ ထိုစကားကို ကြားလိုက်သည်နှင့် ဤသူဌေးမျိုးဆက်များက ယဲ့ဖန်ကို အလွန် မကျေနပ်ကြောင်း အားပင်း သဘောပေါက်လိုက်သည်။ ဤသည်ကို တွေးမိပြီး အားပင်းက မချိုမချဉ် ပြုံးလာလေသည်။

“ခင်ဗျားတို့တော့ သိမှာမဟုတ်ဘူး၊ သိပ်မကြာသေးတဲ့ ရက်တွေတုန်းက ယဲ့ဖန်က ဓားခုတ်ခံရပြီး သွေးအလိမ်းလိမ်းနဲ့ စားသောက်ဆိုင် တံခါးရှေ့မှာ မေ့လဲသွားတာလေ၊ အဲ့ဒါကြောင့် လီအာက သူ့ကို သနားပြီး အိမ်ထဲ ခေါ်ထားတာ”

*ဓားခုတ်ခံရပြီး သွေးအလိမ်းလိမ်း ဖြစ်နေတာတဲ့လား*

ထိုစကားကြောင့် ဖန်းရီပေါ်နှင့် အခြားသူများ၏ အပြုံးများက ပိုပီပြင်လာပြီး အလျင်အမြန် မေးလိုက်သည်။

“နောက်ရော ဘာရှိသေးလဲ”

“ပြီးတော့ သူက အရမ်း အပျင်းကြီးတာလေ၊ ဆိုင်မှာ ဘာမှမလုပ်ဘူး၊ နေ့တိုင်း တံခါးအပြင်ဘက် ထွက်ပြီး ငိုင်တိုင်တိုင်နဲ့ ထိုင်နေတာလေ၊ တစ်ချိန်လုံး ဘာတွေးနေလဲ မသိပါဘူး”

အားပင်းက ပိုပို၍ ပြုံးလာ၏။ သူသည် သူဌေးမျိုးဆက်များ ကြားချင်သည့် စကားများကို ဆက်ပြောလေသည်။

“ချီး … လတ်စသက်တော့ မျက်နှာပြစားနေတာကိုး”

“ဟုတ်ပါ့၊ ငါ သိပြီ၊ ဒီဝတ်စုံကလည်း လီအာ သူ့အတွက် ဝယ်ပေးထားတာ ဖြစ်မယ်”

“…”

All Chapters