အခန်း ၁၀၇၂
Vol. 72 Ch. 1072
Chapter 1072 ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
“ဟားဟားဟား … ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ၊ ယန်စွမ်းအင်တောင် မရှိတဲ့ အမှိုက်ကောင်က ပြန်ချမယ်တဲ့လား”
“ဟာသပဲဟေ့၊ သူ ရင်ဆိုင်နေရတဲ့လူက အဆိပ်မိကျောင်းလေ”
“ရူးနေပြီ၊ ဒီအမှိုက်တော့ ရူးနေပြီ”
ယဲ့ဖန် ပြန်တိုက်ခိုက်သည်ကို မြင်လိုက်ရသည်နှင့် ဖန်းရီပေါ်နှင့် အခြားသူများ ဝမ်းသာအားရ ပြုံးရယ်နေကြသည်။ အစောပိုင်းက သူတို့သည် ကင်းမြီးကောက် လူသတ်သမားကိုသာ ကြောက်ရွံ့ခြင်း ဖြစ်ပြီး ယဲ့ဖန်ကို မကြောက် ကြပေ။ သို့သော် ယဲ့ဖန်ကြောင့် အရှက်ရခဲ့ရသဖြင့် သူတို့ ယဲ့ဖန်ကို မုန်းတီးနေ၏။
ယဃုအခါ၌ ထိုအမှိုက်ကောင် မျက်စိရှေ့၌ သေရတော့မည်ကို တွေးမိပြီး ဖန်းရီပေါ်နှင့် အခြားသူများ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ဂျွတ်!
ထိုစဉ် အရိုးကျိုးသံ ထွက်ပေါ်လာသဖြင့် ဖန်းရီပေါ်နှင့် အခြားသူများ အပြုံးကြီး ဆက်ပြုံး မိနေကြသည်။
“ဟားဟား … အဲ့အမှိုက်ကောင်ရဲ့ လက်မောင်း ကျိုးသွားတာပဲ ဖြစ်မယ် …”
အားပင်းသည် အဆိပ်မိကျောင်းကြောင့် ယဲ့ဖန် လက်ကျိုးသွားသည်ဟု ထင်မှတ်ကာ ရယ်မောနေ၏။ သူ ရှေ့သို့ လှမ်းကြည့်လိုက်ချိန်တွင် သူ၏အပြုံးက ချက်ချင်း အေးခဲသွားရသည်။ ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူ များလည်း မပြုံးနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့မျက်စိရှေ့၌ ယဲ့ဖန်သည် နေရာ၌ ရပ်မြဲရပ်နေပြီး အရှေ့မှ အဆိပ်မိကျောင်း၏ လက်မောင်းတစ်ခုလုံးသာ ကျိုးကြေပျက်စီးသွားသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။
သွေးပေနေသော အသားများနှင့် အရိုးစများက နေရာအနှံ့ ပျံ့ကြဲနေ၏။ အဆိပ်မိကျောင်းတောင်မှ ဖြစ်ဖြစ်ခြင်း ကြက်သေ သေသွားပြီး ပြင်းထန်လှသော ဝေဒနာ ပျံ့နှံ့လာမှသာ အော်ဟ စ်မိလေသည်။
“အား…”
အဆိပ်မိကျောင်း တုန်လှုပ်သွားပြီး အသည်းအသန် နောက်ဆုတ်လိုက်မိသည်။ သူ့မျက်နှာ၌ ကြောက်စိတ်များ ထင်ဟပ်လာ၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယန်စွမ်းအင်မှ မရှိတာ … မင်း … မင်းမှာ ယန်စွမ်းအင်မှ မရှိတာကို”
အဆိပ်မိကျောင်း တွေဝေနေသည်။ မျက်စိရှေ့မှ အဖြစ်အပျက်က သူ ထင်ထားသည်ထက် ကျော်လွန်နေသည်။ မြေအောက်လောက၏ ဘုရင်တစ်ပါးဖြစ်သော သူက ယန်စွမ်းအင် စီးဆင်းမနေသည့် အမှိုက်ကောင်ကြောင့် လက်တစ်ဖက် ပျက်စီးသွားရသည်တဲ့လား။
*ဒါ … ဒါ ဘယ်လိုလုပ်*
သူသည်သာမက ကင်းမြီးကောက် လူသတ်သမားပါ မှင်တက်နေသည်။ သူ၏ ခွန်အားသည် အဆိပ်မိကျောင်းနှင့် အတူတူပင်။ ထိုသို့သောသူအား ယဲ့ဖန်က တစ်ချက်တည်းဖြင့် လက်တစ်ဖက် ပျက်စီးအောင် လုပ်နိုင်နေသည်။
ကင်းမြီးကောက် လူသတ်သမား ပဟေဠိ ဖြစ်နေ၏။ အရာအားလုံးက သူ၏ အမြင်ကို ပြောင်းပြန်လှန် လိုက်သလိုပင်။
ကျုံးလီအာသည် အံ့ဩမှုကြောင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားရပြီး မျက်နှာ၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေ လေသည်။
“သောက်ကောင်”
မိန်းမဝကြီးသာ ဒေါသစိတ်ကြောင့် ဆွေ့ဆွေ့ခုန်နေ၏။ သူ့မျက်နှာမှ အဆီပိုများက တဆတ်ဆတ်လှုပ်နေပြီး အဆိပ်မိကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ် နေလေသည်။
“အဆိပ်မိကျောင်း၊ နင် ဘာလုပ်နေတာလဲ၊ နင် အားကုန်သုံးလေ၊ နင့်အစ်မအတွက် အစွမ်းကုန် ကြိုးစား လိုက်စမ်းပါ”
မိမိဝမ်းကွဲမောင်၏ အစွမ်းကို မိန်းမဝကြီး အသိဆုံးပင်။ အဆိပ်မိကျောင်းက ယဲ့ဖန်ထံ၌ ရှုံးလိမ့်မည်ဟု သူမ မယုံကြည်ပါ။ အဆိပ်မိကျောင်း သတိလစ်သွား၍သာ ဤသို့ ဖြစ်ရခြင်း ဖြစ်သည်ဟု သတ်မှတ်ထားသည်။
ဤအမှိုက်ကောင်က ထူးဆန်းသော နည်းလမ်းများကို လေ့ကျင့်ထား၍ အဆိပ်မိကျောင်း သတိမမူမိချိန်၌ ဤသို့ တိုက်ခိုက်နိုင်ခြင်း ဖြစ်ရပေမည်။ မိန်းမဝကြီးသာမက အဆိပ်မိကျောင်း၊ ဖန်းရီပေါ်၊ ဖေးဖေး၊ အားပေးနှင့် အခြားသူများလည်း ထိုသို့ ထင်မှတ်နေကြသည်။
ကင်းမြီးကောက် လူသတ်သမားတောင်မှ ယဲ့ဖန် သံမဏိ အရိုးစွမ်းအင်ကို ကျင့်ကြံထားသည်ဟု သံသယ ဝင်နေ၏။
“အား…အား…အား”
လက်ရှိတွင် အဆိပ်မိကျောင်းသည် ဒေါသူပုန်ထနေလေသည်။
“မျိုးမစစ်လေး၊ မင်းကများ ငါ့လက်မောင်းကို ဖျက်ဆီးရဲတယ်လား၊ ငါ မင်းကို အရေခွံနွှာပစ်မယ်ကွ”
ထို့နောက် အဆိပ်မိကျောင်းသည် ဘယ်လက်အား လက်သည်းအသွင် ပြောင်း၍ ယဲ့ဖန်ကို ဖမ်းချုပ်လာသည်။ ဤတိုက်ခိုက်မှု၌ အဆိပ်မိကျောင်း ခွန်အား အကုန် ထုတ်သုံးထားသည်။ သူသည် လူ့အရေခွံ ခွာသော နည်းလမ်းဖြင့် လောကအား သူသာလျင် အသန်မာဆုံးဖြစ်ကြောင်း သက်သေပြချင်နေ၏။
*အရေခွံနွှာမယ်*
ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သွေးဆာဟန် ပြုံးလာသည်။
“ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ထိုသို့ပြောပြီး သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အဆိပ်မိကျောင်း၏ မျက်နှာကို အားဖြင့် ဆွဲစုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အဆိပ်မိကျောင်း၏ ပါးတစ်ဖက်လုံး ပဲ့သွားပြီး သွေးများ ပန်းထွက်လာ၏။ ရိုက်ချက် တစ်ချက်တည်းဖြင့် မျက်နှာပေါ်မှ အရိုးများပင် ထင်းခနဲ ပေါ်လာရသည်။ အရေပြား ဆွဲဆုတ်ခံလိုက် ရသောကြောင့် အရိုးများကို ပြတ်သားစွာ မြင်နေရလေသည်။
အဆိပ်မိကျောင်းသည်လည်း လွင့်ထွက်သွားပြီးမှ အရှိန်ဖြင့် အောက်သို့ ပြတ်ကျလာသည်။ ဘုန်းခနဲ ပြုတ်ကျသွားသံက လူတိုင်းကို ရင်တုန်သွားစေ၏။
လက်ရှိတွင် ဘားတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ရင်တဒိန်းဒိန်းခုန်ကာ ကြက်သေ သေနေကြသည်။ အဆိပ်မိကျောင်း၏ အပြင်းဆုံး လက်သည်းချက်က ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
တစ်ခဏအတွင်း၌ ဘားတစ်ခုလုံး ဆူညံပွက်လောရိုက်လာ၏။ အားလုံး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ခြောက်ခြားနေကြသည်။
“အစ်ကိုမိကျောင်း၊ ခင်…ခင်ဗျားမျက်နှာ…”
အဆိပ်မိကျောင်း၏ လူများက သူ့ကို ဆွဲထူလိုက်ပြီးနောက် အဆိပ်မိကျောင်းကိုကြည့်ပြီး သွေးပျက် သွားလေသည်။
အဆိပ်မိကျောင်း၏ မျက်နှာတစ်ခြမ်းကို မြင်ပြီး လူတိုင်း မှင်တက်သွားကြသည်။ အဆိပ်မိကျောင်း၏ မျက်နှာတစ်ခြမ်းသည် ပျက်စီးသွားရုံမက အရေပြားပင် ဆွဲခွာခံလိုက်ရသည်။
“အား…ငါ့မျက်နှာ”
အဆိပ်မိကျောင်းသည် သူ့မျက်နှာ အေးခနဲ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ထိကြည့်လိုက်သောအခါ ဒဏ်ရာကြောင့် ခိုက်ခိုက်တုန်သွားလေသည်။
*ငါ့မျက်နှာ ဆွဲခွာခံလိုက်ရတာလား*
လူ့အရေခွံခွာခြင်းဖြင့် နာမည်ကြီးသော အဆိပ်မိကျောင်းပင် မယုံနိုင် ဖြစ်သွားရသည်။ ထိုစဉ် ယဲ့ဖန်၏ လက်မှ သွေးစက်များ တတောက်တောက်ကျသံ ထွက်လာသဖြင့် အားလုံး အံ့ဩသွားသည်။
ထိုအခါတွင်မှ ယဲ့ဖန်၏လက်ထဲ၌ သွေးအလိမ်းလိမ်းနှင့် မျက်နှာအရေပြားတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤအဖြစ်ကြောင့် လူတိုင်း ကျောချမ်းသွားကြသည်။ ဖန်းရီပေါ်နှင့် အခြားသူများ သတိလစ်လုနီးပါး ဖြစ်သွား လေသည်။
ဂလု!
ဖန်းရီပေါ် မနည်း တံတွေးမျိုချလိုက်မိပြီး ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။
“သူ … သူက ယန်စွမ်းအင် မရှိတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အဆိပ်မိကျောင်းကို အနိုင်ယူနိုင်ရတာလဲ၊ ဘယ်လိုလုပ် အဆိပ်မိကျောင်းရဲ့ မျက်နှာကို ဆွဲခွာနိုင်ရတာလဲ”
“ရူးနေပြီ၊ ဒါ … လောကကြီးက မှားနေတာမလား …”
အားပင် ပို၍ တုန်လှုပ်နေ၏။ ဖေးဖေးနှင့် အခြားသူများသည်လည်း သွေးမရှိသကဲ့သို့ မျက်နှာ ဖြူရော်နေ၏။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
ယဲ့ဖန်က အဆိပ်မိကျောင်း၏ မျက်နှာ အရေပြားတစ်ခြမ်းကို ကိုင်၍ အဆိပ်မိကျောင်းထံသို့ တစ်လှမ်းခြင်း လှမ်းသွားသည်။ သူ၏ခြေသံက မိန်းမဝကြီး၏ နားထဲတွင် သေမင်းခေါင်းလောင်းသံသဖွယ် ဖြစ်နေသဖြင့် သူမ တုန်လှုပ်သွားပြီး နောက်သို့ အည်းအသန် ဆုတ်လိုက်ရသည်။
“မင်း … မင်း ဘယ်လိုလုပ်”
အဆိပ်မိကျောင်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဖြောင်းခနဲ မြည်သံနှင့်အတူ သူ၏ နောက်ပါးတစ်ဖက် အရိုက်ခံလိုက်ရပြန်သည်။
ချက်ချင်းဆိုသလိုပင် ထိုပါးတစ်ဖက်သည်လည်း ပျက်စီးကာ မျက်နှာ အရေပြားကွာကျပြီး သွေးများနှင့် အသားစများ လွင့်စဉ်လာပြန်သည်။ ယဲ့ဖန်ကြောင့် မျက်နှာတစ်ခြမ်း ထပ်အရေခွံ ခွာခံလိုက်ရပြန်၏။
“အား…”
အဆိပ်မိကျောင်း ရူးမတတ် ခံစားလိုက်ရသည်။
“မင်း … မင်းက ဖျင်အန်းမြို့က လူမဟုတ်တာ သေချာတယ်၊ မင်း ဘယ်သူလဲ၊ မင်းက ဘယ်သူလဲ”
အဆိပ်မိကျောင်း၏ ရင်ထဲ၌ ကြောက်စိတ်များ စိုးမိုးလာသည်။ လူ့အရေခွံ ခွာခြင်းဖြင့် သူ နာမည်ကြီးသော်လည်း သူသည် ရန်သူကို သတ်ပြီးမှ အရေခွံ ခွာခြင်း ဖြစ်သည်။
ယခု ယဲ့ဖန်ကမူ သူ၏ အရေပြားကို အသက်ရှင်နေစဉ်မှာပင် နည်းနည်းချင်းစီ ခွာနေခြင်း ဖြစ်လေသည်။ ဤသည်မှာ သာမန် ရူးနေသူ မဟုတ်ဘဲ စိတ္တဇသမားတစ်ယောက်၏ လုပ်ရပ်ပင်။
“မင်း ငါ့ကို ဒူးထောက်ဝပ်တွားခိုင်းတာ မဟုတ်ဘူးလား”
ဖြောင်း!
ယဲ့ဖန်က အဆိပ်မိကျောင်း၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။ ထိုအခါ အဆိပ်မိကျောင်း၏ ရင်ညွန့်ရိုး ကျိုးကြေသွားပြီး ရင်ဘတ်မှ အရေပြား ဆုတ်ဖြဲခံလိုက်ရလေသည်။
“ငါ့ကို တော်ဝင် ဟင်းချက်နည်း အမွေအနှစ် လွှဲပေးဖို့ ပြောခဲ့တာ မဟုတ်ဘူးလား”
ဖြောင်း!
ယဲ့ဖန်က အဆိပ်မိကျောင်း၏ ကျောကိုပါ အားဖြင့် ရိုက်ချလိုက်သည်။ ကျောရိုး ကျိုးအက်သွားပြီး ကျောဘက် အရေပြား ဆွဲခွာခံလိုက်ရပြန်၏။