← Chapters

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ၁၀၇၅

Vol. 72 Ch. 1075

Chapter 1075 ငါ့ကျွန်လုပ်၊ ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်

“ဒီမင်းသားရှေ့ ထွက်မလာသေးဘူးလား”

ထိုစကားသံနှင့်အတူ လူငယ်တစ်ယောက်က သုန်မှုန်နေသော မျက်နှာထားနှင့် ကိုယ်ရံတော်များ ခြံရံ၍ ဘုရင့်ဘားထဲသို့ ဝင်လာသည်ကို အားလုံး တွေ့လိုက်ရသည်။

ဤလူငယ်လေး၏ တစ်ကိုယ်လုံးမှ နိုင်လိုမင်းထက်ဆန်၍ ချုပ်ခြယ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူသည် လူတိုင်းကို ငုံ့ကြည့်နေရသကဲ့သို့ ခေါင်းကိုမော့ထားသည်။

သူ့ကိုယ်သူ ဖျင်အန်းမြို့၏ ဘုရင်ဟု ထင်မှတ်နေပုံရပြီး လူတိုင်း၏ သေရေးရှင်ရေးကို ချုပ်ကိုင်နိုင်သည်ဟု ထင်မှတ်နေသည့်ပုံပင်။

ထိုလူငယ်ကို မြင်လိုက်ရသည်နှင့် ဘုရင့်ဘားတစ်ခုလုံး အခြေအနေ တင်းမာသွားသည်။ ဘုရင့်ဘားမှ လူများအားလုံး ထိုလူငယ်ကို ကြောက်လန့်တကြား ကြည့်၍ နောက်သို့ အသည်းအသန် ဆုတ်သွားကြသည်။ အဆိပ်မိကျောင်း၊ မိန်းမဝကြီး၊ ဖန်းရီပေါ်နှင့် အခြားသူများမှာမူ ကျန်လူများနှင့် မတူဘဲ စဉ်းလဲစွာ ပြုံးနေကြသည်။

ဤလူငယ်သည် ဖျင်အန်းမြို့၏ မင်းသား ဖြစ်ပြီး အလွန် ရက်စက်၍ ကောက်ကျစ်လေသည်။ သူ့ကို ရန်စသည့် မည်သူမဆို တစ်ယောက်မကျန် အလောင်း ဖြစ်သွားကြစမြဲပင်။

ကောလာဟလများအရ ပထမတန်းစား မိသားစုခုနစ်ခုထဲမှ တစ်ခုဖြစ်သော ဝူမိသားစု၏ ဆက်ခံသူ သခင်လေးက မင်းသားကို မကောင်းသတင်း ပြောခဲ့သည်။ ထို့ကြောင့် မင်းသားက ထိုဝူမိသားစု၏ ဆက်ခံသူအား ပါးစပ်ဆွဲဖြဲ၍ ခေါင်းကို အရှင်လတ်လတ် ကြိတ်သတ်ပစ်ရန် စခေိုင်းခဲ့သည်။ ပထမတန်းစား မိသားစုတစ်ခုဖြစ်သော ဝူမိသားစုသည် အဆုံးအထိ တစ်ချက်ကလေးမှ အထွန့်မတက်ရဲချေ။

“ပွဲကတော့ လှပြီ၊ အဲ့ကောင် မင်းသားရှေ့မှာ ဘယ်လောက် မောက်မာမလဲ ကြည့်ရသေးတာပေါ့”

ဖန်းရီပေါ် အပြုံးကြီး ပြုံးနေ၏။ အားပင်းနှင့် အခြားသူများသည်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် ကတုန်ကယင် ဖြစ်နေကြသည်။

ထိုစဉ် အဆိပ်မိကျောင်း၏ ဝမ်းသာအားရ နှုတ်ဆက်သံ ထွက်ပေါ်လာ၏။

“အဆိပ်မိကျောင်း မင်းသားကို အရိုအသေ ပေးပါတယ်”

အဆိပ်မိကျောင်းသည် မင်းသား၏အနောက်မှ လူနှစ်ယောက်ကို လှမ်းကြည့်လိုက်မိပြီးနောက် အပျော်ကြီး ပျော်သွားလေသည်။

“အစ်ကိုသွေးနဂါး၊ အစ်ကို ကျားသစ်နက်၊ ခင်ဗျားတို့ ရောက်လာပြီပဲ”

သွေးနဂါးနှင့် ကျားသစ်နက်ဟူသော နာမည်ကို ကြားလိုက်ရသောအခါ ဘားထဲမှ လူများအားလုံး ထပ်မံ၍ ထိတ်လန့်သွားရပြီး နဖူးမှ ချွေးစေးများ စီးကျလာ၏။ ကင်းမြီးကောက် လူသတ်သမားသည်လည်း မျက်နှာ ဖြူရော်သွားပြီး ယဲ့ဖန်အား တီးတိုး ပြောပြလိုက်သည်။

“လူကြီးမင်းယဲ့၊ မင်းသားရဲ့ အနောက်က လူနှစ်ယောက်က မြောက်ဘက်ဒေသက မြေအောက် လောကဘုရင် သွေးနဂါးနဲ့ အရှေ့ဘက်ဒေသက မြေအောက်လောကဘုရင် ကျားသစ်နက်တို့ပါ”

“အဲ့လူနှစ်ယောက်လုံးက မင်းသားရဲ့ နောက်ကွယ်က အသန်မာဆုံးလူတွေပါ၊ လူကြီးမင်း သတိထားမှ ဖြစ်ပါမယ်”

မြေအောက်လောကဘုရင်၊ ဖျင်အန်းမြို့၌ နယ်မြေလေးခု ရှိပြီး ထိုနယ်မြေများထဲတွင် ကင်းမြီးကောက် လူသတ်သမားက ရေတိမ်ခရိုင်ကို ကြီးစိုးပြီး အဆိပ်မိကျောင်းက ပင်လယ်အော်ခရိုင်ကို အုပ်စိုးလေသည်။ ကျန်ရှိသော မြောက်ဘက်ဒေသနှင့် အရှေ့ဘက် ဒေသတို့အား သွေးနဂါးနှင့် ကျားသစ်နက်တို့က နှစ်များစွာ ကြာအောင် အုပ်စိုးခဲ့ကြသည်။

သွေးနဂါးနှင့် ကျားသစ်နက်တို့သည် မြေအောက်လောက လက်ဝှေ့ချန်ပီယံများ ဖြစ်ကြပြီး နှစ်ဦးလုံး၏ တိုက်ပွဲဝင် ခွန်အားက ထိတ်လန့်စရာကောင်းလှသည်။ သူတို့သည် မြောက်ဘက်နှင့် အရှေ့ဘက် ဒေသများမှ ပြိုင်ဘက် တိုင်းကို အနိုင်ယူထားသူများ ဖြစ်လေသည်။

နယ်မြေလေးခုတွင် သုံးခုက မင်းသား၏ လက်အောက်၌ ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။ ဤသည်က မင်းသား၏ ကြောက်စရာကောင်းပုံကို ပြသနေ၏။

ထိုအခိုက်တွင် မင်းသားက ရှေ့သို့ တိုးလာပြီး ထိုင်ခုံ၌ ထိုင်နေသော ယဲ့ဖန်ကို စူးစိုက်ကြည့်၍ သွေးဆာနေသော မျက်လုံးများဖြင့် ပြောလာသည်။

“ဟေ့ကောင်၊ မင်း ဟုတ်တယ်မလား”

“ဒီမင်းသား ပြောတာကို မကြားဘူးလား၊ မြန်မြန် ရှေ့လာပြီး ဒူးထောက်စမ်း”

ထိုစကားကြောင့် ဘားထဲမှ လူတိုင်း နားအူသွားကြသည်။ သို့သော် ယဲ့ဖန်က ထပင်မရပ်သဖြင့် သူတို့ အံ့ဩသွားလေသည်။

ယဲ့ဖန်က နေရာ၌ အေးအေးဆေးဆေး ထိုင်နေပြီး နဂါးတစ်ကောင်က တွားသွားတစ်ကောင်ကို ကြည့်သကဲ့သို့ မင်းသားကို ကြည့်နေသည်။

လူတိုင်း အံ့အားသင့်သွားလေသည်။ ယဲ့ဖန်က မင်းသား ရောက်လာသည်နှင့် သူတို့၏ ရန်ငြှိုးများကို ဖြေရှင်းရန် ခယလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ယဲ့ဖန်က ဤသို့ ပြုမူလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

“အရူး”

ဤမြင်ကွင်းကိုကြည့်ပြီး ဖန်းရီပေါ် လှောင်ပြုံး ပြုံးလိုက်သည်။ ယဲ့ဖန်က ဤနည်းလမ်းကို သုံး၍ မင်းသားထံမှ အာရုံစိုက်မှုကို ရယူပြီး အထင်ကြီးအောင် လုပ်နေသည်ဟု သူ ထင်နေ၏။

*မင်းသားက မင်းကို ဝါးစားပစ်လိုက်လို့ရတာကို မသိဘူးလား*

ထို့နောက် ဖန်းရီပေါ်က ယဲ့ဖန်ကို ပုတ်ခတ် ပြောဆိုလေသည်။

“ယဲ့ဖန် မင်း ပြောတဲ့အတိုင်း လုပ်သင့်တယ်လို့ ငါ အကြံပေးလိုက်မယ်၊ မင်းသားက မင်းကို စကားပြောနေတာ မမြင်ဘူးလား၊ မင်း မျက်နှာလုပ်ချင်ရင် မင်းသားဆီမှာ ဒူးထောက်လိုက်စမ်း”

ဖန်းရီပေါ်၏ စကားလုံးများက မောက်မာ၍ ခက်ထန်လှသည်။ သူသည်သာမက အားပင်း၊ ဖေးဖေးနှင့် အခြားသူများလည်း မထိတထိ ပြောလာ၏။

“ဟုတ်တယ်၊ ယဲ့ဖန်၊ မင်းသား ရောက်လာတယ်ဆိုတော့ သူ မင်းကို တော်တော်လေး မျက်နှာသာ ပေးထားတာ၊ ဒူးထောက်လိုက်လေ”

“ဒူးထောက်၊ မဟုတ်လို့ကတော့ မင်းသား ဒေါသထွက်လာရင် မင်း ဒူးထောက်လည်း နောက်ကျသွားလိမ့်မယ်”

“…”

သူတို့၏ စကားအဆုံး၌ ဧရာမ လက်တစ်ဖက်က သူတို့ဘက်သို့ ဝှေ့ယမ်းလာသည်။ ထိုဧရာမ လက်တစ်ဖက်က ဖန်းရီပေါ်နှင့် အခြားသူများ၏ မျက်နှာပေါ် ကျရောက်လာသောကြောင့် အားလုံး ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားကြလေသည်။

သူတို့အားလုံး စားပွဲပေါ်သို့ ပြုတ်ကျသွားချိန်အထိ နားဝေတိမ်တောင် ဖြစ်နေကြဆဲပင်။ သူတို့၏ မျက်နှာမှ သွေးများ စီးကျလာလေသည်။

သူတို့အားလုံး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ ယဲ့ဖန်က မင်းသားရှေ့၌ သူတို့ကို ဤသို့ ဆက်ဆံရဲ လိမ့်မည်ဟု ထင်မထားမိကြချေ။

“ယဲ့ဖန်၊ မင်း … မင်း”

ဖန်းရီပေါ်နှင့် အခြားသူများ အလွန်ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်ကြချေ။

“ပါးစပ်ပိတ်ထား”

ယဲ့ဖန်က အေးစက်စွာ ပြန်အော်လိုက်သည်။ ယဲ့ဖန်က ဖန်းရီပေါ်တို့ဘက်ကို လှည့်ကြည့်၍ ဆက်ပြောလိုက်သည်။

“မင်းတို့ မဟုတ်တာ ဆက်ပြောနေမယ်ဆိုရင် ငါ မင်းတို့ကို အရင် သတ်ပစ်မယ်”

ထိုစကားကြောင့် ဖန်းရီပေါ်နှင့် အခြားသူများ မျက်နှာပြာနှမ်းလာပြီး အလွန် ဒေါသထွက် လာကြသည်။ ဤအမှိုက်က သူတို့ကို ခြိမ်းခြောက်လာလိမ့်မည်ဟု မျှော်လင့်မထားမိပါ။

သို့သော် သူတို့ ဘာမှပြန်မပြောရဲပေ။ ဖန်းရီပေါ်က ပြောချင်သော စကားများကို မနည်းပြန်မျိုချလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသာ ဆက်ပြောလိုက်ပါက ရူးနေသော ယဲ့ဖန်က သူ့ကို အရင်သတ်လိမ့်မည်ဟု ခံစားမိ နေသောကြောင့်ပင်။

ထိုစဉ် လက်ခုပ်တီးသံ ထွက်လာသဖြင့် အသံလာရာသို့ ကြည့်လိုက်သောအခါ မင်းသားက လက်ခုပ်တီး၍ ယဲ့ဖန်အား မချိုမချဉ် မျက်နှာပေးဖြင့် ပြုံးကာ ပြောလိုက်သည်။

“ကောင်းတယ်၊ မဆိုးဘူး၊ သတ္တိရှိတယ်”

“ဒီလို သတ္တိရှိတဲ့လူမျိုးကို ဒီမင်းသား မမြင်တာ အတော်ကြာနေပြီ”

“ဒီလိုမှပေါ့”

သူ စကားပြောနေစဉ်မှာပင် ဘေးနားမှ သွေးနဂါးက ခုံတစ်လုံး ယူလာပေး၏။ မင်းသားက ခုံ၌ သုန်မှုန်နေသော မျက်နှာထားဖြင့် ဝင်ထိုင်လိုက်သည်။ ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင်၌ သူ ထိုင်နေခြင်း ဖြစ်သည်။ ထို့နောက် သူက ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ဆက်ပြောလေသည်။

“ဟေ့ကောင် မင်းရဲ့သတ္တိကြောင့် ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်”

“တော်ဝင် ဟင်းလျာ အမွေအနှစ်ကို လက်လွှဲပေးပြီးရင် ငါ့ရှေ့ ဒူးထောက်ပြီး ငါ့ကို သခင်အဖြစ် တင်လိုက်”

“ဒါဆို ငါ မင်းကို ကျွန်အဖြစ် လက်ခံပေးပြီးတော့ မင်းကို ဖျင်အန်းမြို့ရဲ့ ခေါင်းဆောင် ဖြစ်လာအောင် လုပ်ပေးမယ်”

“ဘယ်လိုလဲ”

မင်းသား၏ စကား၌ သွေးနားထင်ကြီးမှုများဖြင့် ပြည့်နှက်နေသည်။ သူ့အား ဆရာအဖြစ် တင်ခြင်းက ယဲ့ဖန်အတွက် ဂုဏ်ယူစရာဟု မှတ်ထင်နေ၏။ ထိုစကားကြောင့် ယဲ့ဖန် ဒေါသထွက်သွားသည်။

“ငါ ဒီလိုစကားမျိုး မကြားရတာတောင် တော်တော်ကြာနေပြီ”

ယဲ့ဖန်က မင်းသားအား ရက်စက်သွေးဆာသော အပြုံးမျိုးဖြင့် ပြုံးကာ ကြည့်လိုက်သည်။

“ဒါဆို ငါလည်း မင်းကို အခွင့်အရေး ပေးရတာပေါ့၊ အခု ငါ့ရှေ့ဒူးထောက်ပြီး ငါ့ကျွန်အဖြစ် ခံယူလိုက်၊ ဒါဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်”

ယဲ့ဖန်စကားအဆုံး၌ ဘားတစ်ခုလုံး အခြေအနေ တင်းမာသွားသည်။ ဘားထဲမှ လူများအားလုံး အသက်မနည်း ရှူနေရပြီး နားကြားများ မှားလေသလားဟု ထင်သွားကြလေသည်။

*ဒီကောင်က မင်းသားကို ဒူးထောက်ခိုင်းနေတာလား*

*သူ့ကျွန်ဖြစ်ခိုင်းနေတာလား*

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘားတစ်ခုလုံး ဆူညံသွားလေတော့သည်။

All Chapters