← Chapters

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အခန်း ၁၀၇၈

Vol. 72 Ch. 1078

Chapter 1078 အမည်မသိ လူကြီးမင်းကို အရိုအသေ ပေးပါတယ်

ဒေါက် ဒေါက် ဒေါက်။

ဘုရင့်ဘား၏ တံခါးမှနေ၍ ခြေသံများ ပဲ့တင်ထပ်လှသည်။ ခြေသံများက များပြားလှသဖြင့် တောရိုင်းတစ်အုပ် လျင်မြန်စွာ ဝင်လာသည်ဟု ထင်မှတ်မှားရသည်။

ထိုခြေသံကိုကြားပြီး ကင်းမြီးကောက် လူသတ်သမား၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်လာလေသည်။ ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်ကို တီးတိုး ပြောလိုက်သည်။

“လူကြီးမင်းယဲ့၊ ထန်မိသားစုက ဖျင်အန်းမြို့ရဲ့ ထိပ်တန်းမိသားစု သုံးခုထဲက တစ်ခုပါ၊ ပြီးတော့ မိသားစုထဲမှာ အင်အားကြီးတဲ့လူတွေ အများကြီး ရှိပါတယ်၊ သူတို့ကို ရန်မစပါနဲ့”

“လူကြီးမင်း … မြန်မြန်သွားပါ”

ကင်းမြီးကောက် လူသတ်သမားသည် ဟော့ပေါ့အိုးထဲ ပြုတ်ကျသွားသော ပုရွက်ဆိတ်သဖွယ် ဆောက်တည် ရာမရ ဖြစ်နေ၏။

ယဲ့ဖန်က သူ့ကို အဆင့်အိတ်စ် ကုသခြင်း ဆေးရည် ပေးထားသဖြင့် သူ့အမေ၏ အသက်ကို ကယ်လိုက်ခြင်းနှင့် အတူတူပင်။ ထို့ကြောင့် ယဲ့ဖန် ဤနေရာ၌ သေဆုံးရမည်ကို သူ မကြည့်ရက်ပါ။

သူသည်သာမက ဘေးနားမှ ကျုံးလီအာသည်လည်း မျက်နှာ ပြာနှမ်းနေ၏။ ယဲ့ဖန်၏ ခက်ထန်မှုက သူမအထင်ထက် သာလွန်နေသော်လည်း ယဲ့ဖန်သည် တစ်ဦးတည်း ဖြစ်သောကြောင့် တစ်ဖက်လူများကို မရင်ဆိုင်နိုင်ပါ။

ယဲ့ဖန်က မည်မျှ သန်မာနေပါစေ ကြောက်စရာကောင်းသော ထန်မိသားစုတစ်ခုလုံးမှ လူများကို မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

“အစ်ကိုယဲ့ …”

ကျုံးလီအာသည်လည်း နားချချင်နေ၏။ သို့သော် ယဲ့ဖန်က သူတို့နှစ်ယောက်ကို အသာပြုံးပြလိုက်သည်။

“စိတ်မပူနဲ့၊ ငါ ရှိနေတာပဲကို”

ထိုစကားတစ်ခွန်းက ရိုးစင်းလှသော်လည်း ကင်းမြီးကောက် လူသတ်သမားနှင့် ကျုံးလီအာတို့ ဘာကြောင့်မှန်း မသိဘဲ ချက်ချင်း စိတ်အေးသွားရသည်။ ထိုခံစားချက်က ထူးဆန်းလှသည်။ ယဲ့ဖန် ပြောသမျှ အကြောင်းအရာ အားလုံး တကယ် ဖြစ်လာမည်ဟု ခံစားမိနေ၏။

“ဟားဟားဟား … မင်း ရှိတယ် ဟုတ်လား၊ မင်းက ဘာမို့လို့လဲ”

ထိုစဉ် မင်းသားက ယဲ့ဖန်အား မကျေမနပ် ဖြစ်နေသော အကြည့်များဖြင့် စိုက်ကြည့်လာသည်။

“မျိုးမစစ်လေး၊ ငါ့ထန်မိသားစုက ဘာလဲဆိုတာကို မင်း ချက်ချင်း သိသွားစေရမယ်”

“မင်း ဒူးထောက်ပြီး အသနားခံရင်တောင်မှ မင်း သေရမှာပဲဆိုတာကို မကြာခင် သိလာလိမ့်မယ်ကွ”

“ငါ့ကို ရိုက်ရဲတဲ့ ပထမဆုံးနဲ့ နောက်ဆုံးလူက မင်းပဲ”

လက်ရှိတွင် မင်းသား၏ ယဲ့ဖန်အပေါ် သတ်ချင်စိတ်က အလွန် ပြင်းပြလျက် ရှိသည်။ တော်ဝင် ဟင်းလျာ အမွေအနှစ်ကို သူ မရလျင်တောင်မှ ယဲ့ဖန် သေရပေမည်။

ထိုစကားနှင့် မင်းသား၏ အမူအရာကြောင့် ဘေးနားမှ အဆိပ်မိကျောင်း၊ မိန်းမဝကြီး၊ ဖန်းရီပေါ်နှင့် အခြားသူများ အားလုံး စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်အား သေလူဟု မြင်လာကြသည်။

“ဟမ့် … ဒီအရူး သေသင့်နေတာ ကြာပြီ”

ဖန်းရီပေါ်က သရော်ပြုံး ပြုံးလိုက်သည်။

အားပင်းသည်လည်း စိတ်အေးနေ၏။ သူသည် ယဲ့ဖန်အား အလွန်အမင်း ကြောက်ခဲ့ပါသော်လည်း ယဲ့ဖန် မည်မျှ သန်မာနေပါစေ ထန်မိသားစုနှင့် ရင်ဆိုင်ရလျင် သေလမ်းသာ ရှိပေသည်။ တစ်ဖက်မှ အခြားသူများသည်လည်း ကျုံးလီအာအား သနားဟန်ဖြင့် ကြည့်လာ၏။

“ဒီအမှိုက်ကောင်က လီအာကို ထိခိုက်အောင် လုပ်တာ”

“အင်း … အဲ့ဒါကလည်း သူ့အမှားပဲလေ၊ ဘယ်သူက သူ့ကို ဒီအမှိုက်ကောင်ကို ကာကွယ်ခိုင်းနေလို့လဲ”

လက်ရှိအချိန်တွင် မည်သူမှ ယဲ့ဖန်ကို အကောင်းမမြင်တော့ချေ။ ယဲ့ဖန် သန်မာနေပါစေ ထန်မိသားစုနှင့် ရင်ဆိုင်ရလျင် သေလိမ့်မည်ဟုသာ ကောက်ချက်ချနေကြလေသည်။

ထိုစဉ် သားရဲကောင်များကဲ့သို့ အနက်ရောင်ဝတ်စုံနှင့် လူတစ်စုက ဘားထဲသို့ ပြင်းထန်သော ဖိအားများနှင့်အတူ ပြေးဝင်လာကြသည်။

လူဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်။

များပြားလှသည့် အနက်ရောင်ဝတ်စုံနှင့် လူများက ဘား၏ ခန်းမမှ တံခါးဝအထိ ရှိနေသည်။ သူတို့သည် ကောင်းစွာ လေ့ကျင့်ထားသော စစ်သားများလိုပင်။

တစ်ယောက်ချင်းစီက စူးရှသော မျက်လုံးများ ရှိပြီး ခန္ဓာကိုယ်များက ကြွက်သား အမြောင်းမြောင်းထကာ သန်မာလှသည်။

ထိုသို့သောအချိန်၌ အားလုံးက ဘေးကပ်၍ လမ်းဖယ်ပေးလာကြသည်။ ထို့နောက် တံခါးဝမှနေ၍ ခြေသံ နှစ်သံ ထွက်ပေါ်လာပြီး အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ဝင်လာ၏။

ထိုအဘိုးအိုကို မြင်လိုက်သည်နှင့် ဘားထဲမှလူများအားလုံး ဆူညံပွက်လောရိုက်လာပြန်သည်။ အားလုံးက အလွန် လေးစားသော ဟန်ပန်ဖြင့် ခါးညွတ်၍ အရိုအသေ ပေးလာကြသည်။

“လူကြီးမင်းထန်ကို အရိုအသေ ပေးပါတယ်”

“ဟန်မိသားစုက ဟန်ဖေးက လူကြီးမင်းထန်ကို အရိုအသေ ပေးပါတယ်”

“…”

ဤအဘိုးအိုအား ဖျင်အန်းမြို့၏ ဘုရင်ဟု သတ်မှတ်ထားသကဲ့သို့သော တလေးတစား နှုတ်ဆက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ငါ့မြေးကို ဘယ်သူက သတ်မှာလဲ”

ထိုအဘိုးအိုသည် ဝင်လာသည်နှင့် ပြင်းထန်လှသော ဖိအား အရှိန်အဝါကို ထုတ်ဖော်၍ မေးလိုက်သောကြောင့် ဘားထဲမှလူတိုင်း ရင်တုန်သွားကြသည်။

ထန်မိသားစု၏ အဘိုးအိုက အတော်ဆုံး စောင့်ရှောက်သူမှန်း သူတို့ သိထားကြသည်။ ထန်မိသားစုကို ရန်စသူတိုင်း အဆုံးသတ် မကောင်းကြပေ။

ထိုစကားကြောင့် မင်းသားက နာကြည်း၍ အဖြစ်ဆိုးလှသော မျက်နှာဖြင့် အဘိုးအိုအား သနားစဖွယ် ပြောလိုက်သည်။

“ဘိုးဘိုး၊ ဟိုမျိုးမစစ်ကောင်က ကျွန်တော့်ကို ရိုက်လိုက်တာ”

“ကျွန်တော့်မျက်နှာကို ကြည့်ပါဦး၊ သူ့ကြောင့် အရိုးတွေ ကျိုးကုန်ပြီ”

မင်းသား၏ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်နေ၏။ ဤသည်ကိုမြင်ပြီး အဘိုးအိုနှင့် မိန်းမပျိုလေး၏ မျက်လုံးများ၌ ကြမ်းကြုတ်ခက်ထန်၍ လူသတ်ချင်သော အရိပ်အယောင်များ ထင်ဟပ်လာလေသည်။

ထန်မိသားစုဝင်တစ်ယောက်က ဤမျှ ကြည့်ရဆိုးသော အသွင်အပြင် ဖြစ်လာသည်အထိ ရိုက်နှက်ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

အဘိုးအိုနှင့် မိန်းမပျိုလေးအပြင် တစ်ထောင်သော ထန်မိသားစုဝင်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လာသည်။ အဘိုးအိုနှင့် မိန်းမပျိုလေးတို့သည် ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် လူသတ်ချင်သော မျက်နှာထားများနှင့် ဖြစ်နေရာမှ ကြက်သေ သေသွားပြီး တုန်လှုပ်လာကြသည်။

“ဟားဟားဟား … မျိုးမစစ်ကောင်၊ မင်း မကျိန်ဆဲတော့ဘူးလား၊ မင်း ဒီသခင်လေးကို မရိုက်တော့ဘူးလား”

“လာစမ်းပါ၊ ငါ မျက်နှာ မော့ပေးထားတယ်၊ လာရိုက်လေ၊ မင်း ရိုက်ရဲလား”

လက်ရှိတွင် မင်းသားသည် အလွန်အမင်း မောက်မာစွာ ပြုမူနေ၏။ သူသည် ယဲ့ဖန်ဘက် မျက်နှာထိုးပေးနေပြီး ဟန်ပန် အမူအရာက ထောင်လွှားလွန်းလှသည်။

ဤသည်ကိုကြည့်ပြီး အဆိပ်မိကျောင်း၊ ဖန်းရီပေါ်နှင့် အခြားသူများက အပြုံးကြီး ပြုံးနေကြသည်။ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု ထင်မှတ်နေသလို ယဲ့ဖန် သေရလိမ့်မည်ဟု ထင်ကာ အလွန် ပျော်ရွှင်နေ၏။

ဖြောင်း!

ထိုစဉ် ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာပြီး လူတစ်ယောက် လွင့်ထွက်သွားသည်ကို အားလုံး တွေ့လိုက် ရသည်။ ထိုလူသည် လွင့်ထွက်သွားပြီးနောက် ခွေးကျပြန်ကျလာလေသည်။ လွင့်ထွက်သွားသူကို မြင်လိုက်ရ ပြီးနောက် အဆိပ်မိကျောင်းနှင့် အခြားသူများ၏ အပြုံးများ အေးခဲသွားသည်။

“မင်းသားလား …”

အဆိပ်မိကျောင်း၊ ဖန်းရီပေါ်နှင့် အခြားသူများ တွေဝေသွားကြသည်။ မင်းသား ထပ်ရိုက်ခံလိုက်ရမည်ဟု သူတို့ ထင်မထားမိပါ။ ထို့အပြင် သူ့ကို ရိုက်လိုက်သည့်လူက ထန်မိသားစု၏ အဘိုး ဖြစ်နေ၏။ လူတိုင်း နားဝေ တိမ်တောင်နှင့် မယုံနိုင် ဖြစ်လာလေသည်။

“ဘိုး … ဘိုးဘိုး၊ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”

မင်းသားက ပို၍တွေဝေနေလေသည်။ ဤရိုက်ချက်ကြောင့် သူ၏ ပါးရိုးများ အက်ကွဲသွားပြီး သွားများအားလုံး ကျွတ်ထွက်သွားရသည်။

သို့သော် ဖြောင်းခနဲ အသံနှင့်အတူ သူ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရသည်။ ထန်မိသားစု၏ အဘိုးကြောင့် မင်းသား ထပ်မံ၍ လွင့်ထွက်သွားရပြန်သည်။

“မင်း ဘာလုပ်တာလဲ၊ သုံးစားမရတဲ့ ခွေးသားလေး”

ထန်မိသားစု၏ အဘိုးဖြစ်သူ ဒေါသူပုန်ထနေပြီး မင်းသားအား မီးဝင်းဝင်းတောက်သော အကြည့်ဖြင့် ကြည့်နေ၏။ သူ့စကားကြောင့် အားလုံး အံ့ဩသွားကြသည်။

*ခွေးသားလေးတဲ့လား*

*အရိုက်ခံ၊ အနိုင်ကျင့်ခံနေရတာက မင်းသားလေ*

*အခု အဘိုးဖြစ်သူရဲ့ မျက်လုံးထဲမှာ လူတွေကို ရိုက်နှက် အနိုင်ကျင့်နေတဲ့လူက ဘယ်လိုလုပ် မင်းသား ဖြစ်နေရတာလဲ*

*ဒါ … ဘာတွေဖြစ်နေတာလဲ*

အဘိုးထန်နှင့် မိန်းမပျိုလေးသည် လူတိုင်း၏ ထိတ်လန့်နေသော အရေးမစိုက်ဘဲ ကြောက်လန့်နေသော ယုန်များကဲ့သို့ ယဲ့ဖန်ထံ ပြေးသွားကြပြီး အရိုအသေ ပေးကြလေ၏။

“ထန်မိသားစုက ထန်မင်လီက အမည်မသိ လူကြီးမင်းကို အရိုအသေ ပေးပါတယ်”

“ထန်မိသားစုက ထန်ယွင်အာက အမည်မသိ လူကြီးမင်းကို အရိုအသေ ပေးပါတယ်”

*ဘာ*

ထိုစကားကြောင့် လူတိုင်း ခေါင်းနားပမ်း ကြီးသွားကြသည်။

*အ…အမည်မသိ လူကြီးမင်းတဲ့လား*

ဘားထဲမှ လူတိုင်း ထိုနာမည်ကို မသိသူ မရှိပေ။ ထိုသူသည် လက်ရှိတွင် ဖျင်အန်းမြို့နှင့် ရေပန်းအစားဆုံးနှင့် အကျော်ကြားဆုံးသူ ဖြစ်သည်။

သွေးဇီးကွက် လင်ဖေးအား တစ်ချက်တည်းဖြင့် သတ်ပစ်၍ ဖျင်အန်းမြို့၏ သူရဲကောင်း ဖြစ်လာသူပင်။ ထိုသူက ဆံပင် အဖြူရောင်ရှိသောကြောင့် လူတော်တော်များများပင် ထိုဆံပင်အရောင် လိုက်ဆိုးကြသေးသည်။

All Chapters