← Chapters

အခန်း ၁၀၈၄

Vol. 73 Ch. 1084

အခန်း ၁၀၈၄

Vol. 73 Ch. 1084

Chapter 1084 ဘာလို့လဲဆိုတော့ သူက သေပြီးသားလူလေ

“ငါ့ကလေးလေးရယ်၊ မင်း အဖြစ်ဆိုးနဲ့ သေရတယ်လို့ကွယ် …”

အဘွားအိုသည် စက္ကူများကို မီးရှို့ရင်း ငိုကြွေးမြည်တမ်းနေ၏။ ဤမြင်ကွင်းကိုမြင်ပြီး ထန်ယွင်အာ သက်ပြင်းချ လိုက်မိသည်။ ဤအိမ်ရာအတွင်း များစွာသော အစောင့်များနှင့် လုံခြုံရေးများ သေဆုံးခဲ့ရသည်။ ထို့ကြောင့် ဤအဘွားအို၏ သားကလည်း ထိုသူများထဲမှ တစ်ယောက် ဖြစ်နိုင်ပေသည်။ ထို့နောက် ထန်ယွင်အာက ရှေ့တိုး၍ ပြောလိုက်သည်။

“အဘွား၊ သေပြီးသားလူက ပြန်မလာနိုင်တော့ပါဘူး၊ အဘွား ကျန်းမာရေး ထိခိုက်သွားပါလိမ့်မယ် …”

သူမစကားကြောင့် အဘွားအိုက ငိုသံတိတ်သွားပြီး ခေါင်းမော့ကြည့်လာသည်။ မျက်ရည်များ ပေပွနေသော မျက်နှာဖြင့် ထန်ယွင်အာကို ကြည့်၍ အော်လာသည်။

“ငါ နင့်ကို သိတယ်၊ နင်က ထန်မိသားစုရဲ့ မမလေးပဲ”

“ငါ့သားက နင်တို့ ထန်မိသားစုရဲ့ အစောင့်ပဲ၊ ဒါပေမဲ့ သူက ဒီမှာ သေသွားရတယ်၊ သရဲတွေ ဝိုင်းတာ ခံရပြီး ခုနစ်ရက် ခုနစ်ညလုံး အော်ဟစ်ပြီး ဆိုးဆိုးရွားရွား သေခဲ့ရတာ”

ထိုသို့ပြောနေချိန်တွင် အဘွားအို၏ မျက်နှာ၌ မျက်ရည်များဖြင့် ပြည့်နှက်လာပြန်သည်။ အလွန် သနားစရာ ကောင်းလှပေသည်။ ထိုစဉ် လုံခြုံရေးဝန်ထမ်းတစ်ယောက်က အလျင်အမြန် ပြေးလာ၏။ ထိုအဘွားအိုကို မြင်သွားချိန်တွင် အသည်းအသန် အော်ဟစ်လေတော့သည်။

“ဟာ … ဒီမှာ စက္ကူ မီးရှို့လို့မရဘူးလေ”

“ရပ်လိုက်တော့”

လုံခြုံရေးဝန်ထမ်းက ထိုသို့ပြောပြီး အဘွားအိုအား တွန်းဖယ်လေသည်။ ဤအဖြစ်ကြောင့် ထန်ယွင်အာက လုံခြုံရေး ဝန်ထမ်းကို တားရန် ပြင်လိုက်သည်။ ထိုစဉ် အဘွားအိုက မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ထန်ယွင်အာကို ပြောလာ၏။

“ကလေးမ၊ သွားမပြောနဲ့၊ ဒီလုံခြုံရေးက လူမဟုတ်ဘူး … သရဲ”

ထိုစကားကြောင့် ထန်ယွင်အာ၊ လင်းမြောင်မြောင်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာအမူအရာ ပြောင်းလဲ သွားသည်။ ထိုလုံခြုံရေးသည်လည်း မသိမသာ မှင်တက်သွားပြီးမှ ပြန်အော်လာသည်။

“အဘွားကြီး၊ ခင်ဗျား ဘာမဟုတ်တာတွေ ပြောနေတာလဲ၊ ခင်ဗျားကမှ သရဲ”

“မဟုတ်တာ ပြောမနေနဲ့၊ သွားတော့၊ ဒီနေရာမှာ စက္ကူမီးရှို့ခွင့် မရှိဘူး”

သို့သော် လုံခြုံရေးဝန်ထမ်းသည် ထိုသို့ပြောပြီးသည်နှင့် အဘွားအိုကို စိုက်ကြည့်လိုက်သည်။ အဘွားအို၏ မျက်နှာကို မြင်လိုက်ရပြီးနောက် သူ မျက်နှာပျက်သွားသည်။

“ဟာ … မဟုတ်သေးပါဘူး”

“ဒီနေရာမှာ သူ့သားအတွက် စက္ကူစ လာရှို့တဲ့ အဘွားက လွန်ခဲ့တဲ့ နှစ်ရက်က သေသွားပြီလေ၊ ခင်ဗျား အလောင်းကို ငါပဲ အပြင်သယ်သွားရတာ”

“ခင်ဗျား … ခင်ဗျား ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ”

လုံခြုံရေးဝန်ထမ်း၏ စကားကြောင့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ ထိုအခါ အဘွားအိုက အေးစက်စွာ ပျက်ရယ်ပြုလိုက်ပြီး လုံခြုံရေး ဝန်ထမ်းကို ပြန်ကြည့်ကာ ပြောလေသည်။

“အဓိပ္ပာယ် မရှိလိုက်တာ၊ လွန်ခဲ့တဲ့ နှစ်ရက်က ငါ့ကို စက္ကူစ မီးရှို့လို့ လာတားတဲ့ လုံခြုံရေးက ငါ သတ်တာကို ခံလိုက်ရတာ၊ အဲ့လူက မင်းပဲ”

“နင်ကမှ သရဲမဟုတ်ရင် ဘာဖြစ်ဦးမှာလဲ”

သူတို့နှစ်ယောက်၏ စကားများကို နားထောင်ပြီး ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ ကြောက်လန့်ကာ မျက်နှာ ဖြူရော်နေကြသည်။

ထန်ယွင်အာတောင်မှ တစ်ကိုယ်လုံး အေးစက်လာသလို ခံစားလိုက်ရသည်။ သူမ ယဲ့ဖန်ကို အကူအညီတောင်းရန် လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က ဘာမှဝင်မပါချင်သော မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့လိုက် ရသည်။

“ဆရာသခင်၊ ဒါက …”

ယဲ့ရှောင်ထျန်းက ဖြူဖပ်ဖြူရော် မျက်နှာထားဖြင့် ဆရာသခင်အား အသနားခံသလို ကြည့်လိုက်သည်။

“ဒါက မိစ္ဆာကောင်းတွေရဲ့ လှည့်ကွက်သေးလေးပါပဲ”

ဆရာသခင်က အထင်သေးသော မျက်နှာထားဖြင့် လုံခြုံရေးဝန်ထမ်းနှင့် အဘွားအိုတို့ကို ကြည့်ပြီး အသာပြုံး လိုက်သည်။

“နှစ်ယောက်လုံးက သရဲတစ္ဆေတွေပဲ”

ထိုစကားကြောင့် အားလုံးက လုံခြုံရေးဝန်ထမ်းနှင့် အဘွားအိုတို့ကို ပြန်ကြည့်လိုက်သည်။ ထိုအခါ ထိုသူနှစ်ယောက်လုံး၏ ပါးစပ်များက မျက်နှာမှ တွဲကျနေသည်ကို တွေ့လိုက်ရသည်။ အရေပြားနှင့် သွေးတို့က ခွဲခြားမရအောင် ဖြစ်နေပြီး ပုံစံက မနှစ်မြို့ဖွယ်ကောင်းကာ ကြည့်ရဆိုးလှသည်။ သူတို့သည် မတ်တပ်ထရပ်၍ လူအုပ်ထံသို့ အသည်းအသန် ပြေးဝင်လာ၏။

“အား…”

ယဲ့မိသားစု၏ သက်တော်စောင့်တစ်ယောက်သည် မရှောင်လိုက်နိုင်သဖြင့် အဘွားအို၏ ကိုက်ဖဲ့ခြင်း ခံလိုက်ရပြီး မျက်လုံးများ ပဲ့ထွက်သွားရသည်။

အခြားသက်တော်စောင့် တစ်ယောက်မှာမူ ဘေးသို့ ရှောင်လိုက်နိုင်သော်လည်း လုံခြုံရေး ဝန်ထမ်း၏ နှလုံးဖောက်ထုတ်ခြင်း ခံလိုက်ရပြန်သည်။

ထို့နောက် သူတို့သည် ပါးစပ်များကိုဟ၍ စားသောက်လိုက်ကြသဖြင့် သွေးများ ပန်းထွက်လာသည်။ ထိုအခါ ဤနေရာ၏ လေထုက ပို၍ သွေးနံ့များ လှိုင်လှိုင်ထလာ၏။

“သရဲတစ္ဆေတွေက အတင့်ရဲလှချည်လား”

ထိုစဉ် ဆရာသခင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သဖြင့် ရွှေရောင် အလင်းတန်းတစ်ခုက အဘွားအိုနှင် လုံခြုံရေး ဝန်ထမ်းတို့အား ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

လုံခြုံရေးဝန်ထမ်းနှင့် အဘွားအိုတို့ထံမှ အပုပ်နံ့များ ထွက်လာပြီး သရဲနှစ်ကောင်သည် ရွှေရောင် အလင်းတန်း အောက်၌ ချက်ချင်း ပျောက်သွားလေသည်။

ထိုအခါတွင်မှ အားလုံး စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိကြသည်။ ယဲ့ရှောင်ထျန်းသည် ဆရာသခင်အား ပို၍ လေးစားလာပြီး အထင်ကြီးစွာ ပြောလိုက်သည်။

“ဆရာသခင်က တအား အစွမ်းထက်တာပဲ၊ ဒီသရဲနှစ်ကောင်က အဆင့်လေး ရွှေရောင်ခန္ဓာကိုယ် ရှိပင်မယ့် ဆရာသခင်ဆီမှာ အလွယ်တကူ အသတ်ခံလိုက်ရတယ်၊ ဆရာသခင်က တကယ်ကို အင်အားကြီးလွန်းပါတယ်”

ထိုသို့ပြောပြီးသည်နှင့် ယဲ့ရှောင်ထျန်းက ယဲ့ဖန်အား အောင်နိုင်သူပုံစံဖြင့် တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“အမည်မသိ လူကြီးမင်းဆိုပြီး နာမည်ကြီးနေတဲ့ လူတစ်ယောက်နဲ့ ဘယ်တူမလဲ၊ သရဲနှစ်ကောင်ကို မြင်လိုက်ရလို့ ကြောက်ပြီး ရူးသွားမှာတောင် စိုးရတယ်”

သူသည်သာမက ဘေးနားမှ လင်းမြောင်မြောင်သည်လည်း ထန်ယွင်အာကို ပြောလေသည်။

“ယွင်အာ၊ နင် လိုက်ခေါ်ထားတဲ့လူကိုလည်း ကြည့်ပါဦး၊ သရဲမြင်တာနဲ့ လန်နေပြီ၊ ဆရာသခင်ကြောင့်သာ မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေနေလောက်ပြီ”

လင်းမြောင်မြောင်၏ ရင်ထဲတွင် ယဲ့ဖန်အား ပိုပို၍ အထင်အမြင် သေးလာ၏။ ယဲ့ဖန် မလှုပ်ရှားရသည့် အကြောင်းရင်းကို ထန်ယွင်အာ မသိသော်လည်း သူမစိတ်ထဲ၌ မကျေမနပ် မဖြစ်ပါ။ ယဲ့ဖန်၌ ကိုယ်ပိုင် အကြံအစည် ရှိလိမ့်မည်ဟု သူမ သိနေသည်။

“သွားကြမယ်”

ယဲ့ဖန်က စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး ယဲ့ရှောင်ထန်းက ဒေါသတကြီး ကြုံးဝါးလေ၏။

“ဟမ့် … ခုနက သေမတတ် ကြောက်နေတဲ့ အရူးက အခု သူရဲကောင်းလို့ လာလုပ်နေတယ်၊ မသိရင် သရဲနှစ်ကောင်ကို သတ်လိုက်တာ သူကျနေတာပဲ”

“ဆရာသခင်ကြောင့်သာ မဟုတ်ရင် သူလည်း သေနေပြီကို”

အနားမှ လင်းမြောင်မြောင်ကလည်း သူ့စကားကို ထောက်ခံသည်။ ထန်ယွင်အာတစ်ယောက်တည်း ဘာမှ မပြောဘဲ ယဲ့ဖန်နောက်သို့ လိုက်သွားသည်။

အိမ်ရာတစ်ခုလုံးအား အမှောင်ထုက ဖုံးကွယ်ထားသဖြင့် မှောင်မည်းကာ ချောက်ချားဖွယ် ကောင်းလှသည်။ လမ်းတစ်လျှောက်၌ ဆရာသခင် သတ်လာရသည့် သရဲတစ္ဆေများကလည်း ပိုပိုများလာလေသည်။

သူနှင့် ဆန့်ကျင်စွာပင် ယဲ့ဖန်က တစ်ချက်ကလေးမှ မလှုပ်ရှားပေ။ ဤသည်ကြောင့် ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့က ယဲ့ဖန်ကို ပိုမို၍ အထင်သေး စက်ဆုပ်လာပြီး စတင်၍ ထေ့ငေါ့လာ၏။

အားလုံး အိမ်ရာဝင်း၏ အဆုံးနားသို့ ရောက်လာချိန်တွင် ဆရာသခင်က ရုတ်တရက် ရပ်သွားသည်။ ဤအဖြစ်ကြောင့် အားလုံး အံ့ဩသွားကြသည်။

“ဆရာသခင်၊ ဘာလို့ ဆက်မသွားတာလဲ”

ယဲ့ရှောင်ထျန်း၊ လင်းမြောင်မြောင်နှင့် အခြားသူများက မေးလာသည်။ သူတို့အမေးကြောင့် ဆရာသခင်က အသာ ပြုံးလေသည်။

“အချိန်ကျပြီ”

*အချိန်ကျပြီတဲ့လား *

အားလုံး မှောင်မည်းနေသော ဘေးဘီကို ဝေ့ကြည့်ပြီး သံသယစိတ်များ ဝင်လာရသည်။

“ဆရာသခင်၊ ဒီနေရာက ဘယ်နေရာလဲ”

ဘာကြောင့်မှန်း မသိသော်လည်း လူတိုင်း အနည်းငယ် ကျောချမ်းလာကြသည်။ အားလုံး ဆရာသခင် ပြန်ပြောသည်ကို စောင့်နေချိန်တွင် ယဲ့ဖန်က သူတို့ကို မချိုမချဉ် မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ကို စားဖို့ အချိန်ရောက်ပြီလို့ သူ ပြောချင်နေတာ”

သူ့စကားကြောင့် လူတိုင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့သည် ယဲ့ဖန်ကို စူးစိုက်ကြည့်၍ အံကြိတ်ကာ ဒေါသတကြီး ပြန်ပြောလေသည်။

“မင်း မဟုတ်တမ်းတရားတွေ ပြောနေတယ်၊ လမ်းတစ်လျှောက်လုံး ဆရာသခင်ကြောင့်သာ မဟုတ်ရင် မင်း သေနေလောက်ပြီ”

“ဟုတ်တယ်၊ သရဲတစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ အမှိုက်ကောင်က ဆရာသခင်ကိုတောင် လုပ်ကြံ ပြောဆိုနေတယ်၊ သေသင့်တဲ့ကောင်”

သူတို့နှစ်ယောက်သည် အမြီးတက်နင်းခံလိုက်ရသကဲ့သို့ ယဲ့ဖန်အား အထင်သေး စက်ဆုပ်စွာ ကြည့်နေကြသည်။ ထန်ယွင်အာ တစ်ဦးတည်းသာ မျက်မှောင်ကြုတ်သွားပြီး ယဲ့ဖန်ကို ပြန်မေးလိုက်သည်။

“လူကြီးမင်းယဲ့၊ ဒီမှာ ဘာဖြစ်လို့လဲ”

*ဘာဖြစ်လို့လဲတဲ့လား*

ယဲ့ဖန်၏ အပြုံးက ပို၍ အေးစက်လာသည်။ သူသည် ဆရာသခင်ကို စိုက်ကြည့်၍ ပြုံးစစဖြင့် ပြောလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ သူက … သေပြီးသားလူလေ”

ယဲ့ဖန်၏ စကားကြောင့် အားလုံး ထိတ်လန့်သွားလေသည်။

*သေပြီးသားတဲ့လား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အားလုံး၏ မျက်နှာတွင် မယုံနိုင်ဟန်များ ထင်ဟပ်လာ၏။ ထန်ယွင်အာတောင်မှ မယုံနိုင်ချေ။

“လူကြီးမင်းယဲ့၊ စောနတုန်းက ဆရာသခင်က သရဲတစ္ဆေတွေကို သတ်ခဲ့တာလေ၊ ဘယ်လိုလုပ် သူက …”

*သတ်တာတဲ့လား*

ယဲ့ဖန်က အသာပြုံး၍ ခေါင်းခါပြလိုက်သည်။

“မင်းတို့ အမြင်မရှိတာ”

“သူက သတ်တာ မဟုတ်ဘူး၊ ဖိတ်ခေါ်နေတာ”

“သူက လူသားစား ပွဲတော်ကြီးအတွက် သရဲတစ္ဆေတွေကို ဝင်စားဖို့ ဖိတ်ခေါ်နေတာ”

All Chapters