← Chapters

အခန်း ၁၀၈၅

Vol. 73 Ch. 1085

အခန်း ၁၀၈၅

Vol. 73 Ch. 1085

Chapter 1085 အားလုံးကို သတ်ပစ်လိုက်ခြင်း

“လူသားစား ပွဲတော်ကြီးအတွက် သရဲတစ္ဆေတွေကို ဝင်စားဖို့ ဖိတ်ခေါ်နေတာ”

ယဲ့ဖန်၏ စကားများကြောင့် လူတိုင်း မှင်တက်သွားကြလေသည်။ ယဲ့ဖန်ကို မယုံသော ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့မှာမူ ယဲ့ဖန်ကို လှောင်ရယ်ချင်နေကြသည်။

ထိုစဉ် အသားကို ပဲ့သံ ထွက်ပေါ်လာပြီး ဆရာသခင်၏ ပါးစပ်က ပုံပျက်လာကာ နားရွက်တက် ချိတ်မတတ် ကြီးမားလာသည်ကို တွေ့လိုက်ရသည်။

သူ၏ အက်ကွဲနေသော ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင်သည်လည်း အေးစက်သော ယင်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ဘေးသို့ ပျံ့လွင့်လာသည်။ အရေပြားသည်လည်း စက္ကူကဲ့သို့ ဖြူရော်ကာ ခြောက်သွေ့လာကာ လူသေတစ်ယောက်သဖွယ် ဖြစ်လာ၏။

“ဟီးဟီး …”

ဆရာသခင်က ထရယ်၍ ကြောက်စရာကောင်းသော မျက်နှာဖြင့် လူအုပ်အား လောဘတက်စွာ ကြည့်နေသည်။

“မင်းက မဆိုသလောက်လေး အစွမ်းအစ ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါက လူသေဆိုတာကို မင်း မြင်နိုင်တာပဲ”

“မင်းက တုံးအလွန်းတာတော့ စိတ်မကောင်းစရာပဲ၊ ငါတို့က လူသားစား ပွဲတော်ကြီး ကျင်းပမယ်ဆိုတာ သိနေရက်နဲ့တောင် အသေခံပြီး လိုက်လာသေးတယ်”

ထိုစကား ထွက်လာသည်နှင့် ထန်ယွင်အာ၊ လင်းမြောင်မြောင်၊ ယဲ့ရှောင်ထျန်းနှင့် ယဲ့မိသားစု၏ သက်တော်စောင့် များအားလုံး မျက်နှာပျက်သွားကြသည်။

သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ဆရာသခင်က လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ သူ့လက်ဝါးမှ မိစ္ဆာဝိညာဉ်များ ထွက်ပေါ်လာ၏။

ထို့နောက် အဘွားအို၊ လုံခြုံရေး အစောင့်၊ သေသွားသော အစောင့်များ၊ ဆရာသခင်များ စသဖြင့် … သရဲတစ္ဆေများ ပေါ်လာပြီး အယောက်တစ်ရာကျော် ရှိလာလေသည်။

သူတို့ထဲတွင် တစ်ချို့က မျက်နှာမရှိသူ၊ နှလုံးမရှိသူ၊ ခြေထောက်များ ကျိုးနေသူများ ရှိသလို ခေါင်းပြတ်နေ သူများလည်း ရှိနေသည်။ ထိုသရဲတစ္ဆေများအားလုံးက ယဲ့ဖန်နှင့် အခြားသူများထံ တိုးလာပြီး ဝိုင်းပိတ် ထားကြသည်။

“လတ်စသက်တော့ ဆရာသခင်က ဒီမှာ သေသွားခဲ့တာကိုး”

“သရဲ … သူ … သူတို့အားလုံးက သရဲတွေပါလား …”

ယဲ့ရှောင်ထျန်း ကြောက်လန့်ကာ တုန်ယင်နေ၏။ သူ ဖိတ်ခေါ်ထားသည့် အားကိုးရသူက အကြီးမားဆုံး အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားမိချေ။

လင်းမြောင်မြောင်သည်လည်း ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်နေ၏။ သူမ၏ မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူရော်နေပြီး အတွေးထဲ ဗလာ ဖြစ်နေလေသည်။

ရာကျော်သော သရဲတစ္ဆေများနှင့် ဆရာသခင်ကဲ့သို့ လူသေတစ်ယောက်ကြောင့် သူမနှင့် အခြားသူများ မုချ သေဆုံးသွားနိုင်သည်။

လက်ရှိတွင် သူမတို့နှစ်ယောက်လုံး အရှက်ခွဲခံလိုက်ရသလို ဖြစ်ကာ အလွန်အမင်း အရှက်ရနေ၏။ သူမတို့သည် လမ်းတစ်လျှောက်လုံး ယဲ့ဖန်ကို လှောင်ပြောင် ရယ်မောခဲ့ကြသည်။

အဆုံးသတ်၌ သူတို့ကို ကယ်နိုင်မည့်လူက သူတို့ အလွန် သတ်ချင်နေသည့်လူ ဖြစ်လိမ့်မည်ဟု ထင်မထားမိပါ။ ထန်ယွင်အာတောင်မှ ချွေးအေးများ စိမ့်ထွက်နေ၏။

“စားကြ၊ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီလူသားတွေကို အားပါးတရ စားကြ”

ဆရာသခင်က ထပ်ပြောလာသည်။ သူက နီရဲနေသော လျှာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် သူ ဦးဆောင်၍ ယဲ့မိသားစု၏ သက်တော်စောင့်များထံ ပြေးဝင်လာလေသည်။

သက်တော်စောင့် တစ်ယောက်၏ ဦးခေါင်းကို သူ ကိုက်ဖြတ်လိုက်သည်။ ဦးခေါင်းခွံ အက်သွားသံနှင့် တဖြည်းဖြည်း မျိုချလိုက်သံက ကျောချမ်းဖွယ် ကောင်းလှသည်။

သူသည်သာမက အဘွားအို၊ လုံခြုံရေး အစောင့်များနှင့် အခြားသော သရဲတစ္ဆေများကလည်း လူတိုင်းထံ ပြေးဝင် လာသည်။

ဆုတ်ဖြဲသံ၊ အော်ဟင်သံ၊ ဝါးစားသံနှင့် မျိုချသံများ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်နေသဖြင့် လူတိုင်း လိပ်ပြာလွင့်မတတ် ဖြစ်လာရသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။ တစ်ခဏအတွင်းမှာပင် သက်တော်စောင့်များအားလုံး လူသားဟင်းလျာများ ဖြစ်သွားကြသည်။

လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းထောင်မှ ဒဏ်ရာဗလပွ ဖြစ်နေပြီး သရဲတစ္ဆေများကြောင့် သွေးများ ပန်းထွက်နေ၏။

ထန်ယွင်အာ တစ်ဦးတည်းသာလျင် ယဲ့ဖန်အနား၌ နေနေသဖြင့် မည်သည့် သရဲတစ္ဆေများ၏ သတ်ဖြတ်ခြင်းကို မခံရပေ။

“လူကြီးမင်းယဲ့ ကူညီပါဦး”

“ကျွန်တော် တောင်းပန်ပါတယ် လူကြီးမင်းယဲ့၊ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော် မသေချင်ဘူး၊ ကျွန်တော် ဒီသရဲတွေရဲ့ ပါးစပ်ထဲမှာ မသေချင်ဘူး”

နှစ်ယောက်လုံး ကြောက်လန့်တကြားဖြင့် ယဲ့ဖန်ကို တောင်းပန်လာသည်။ ဤသည်ကိုကြည့်ပြီး ထန်ယွင်အာက ယဲ့ဖန်ဘက်လှည့်ကာ အသနားခံလေသည်။

“လူကြီးမင်းယဲ့၊ ရှင်များ ...”

ထန်ယွင်အာ၏ စကားသံ ထွက်လာချိန်တွင် ယဲ့ဖန်၏ ဖြတ်၍ ပြန်ပြောလိုက်သည်။

“မကူညီနိုင်ဘူး”

ယဲ့ဖန်၏ အမူအရာက မထူးခြားနားပင်။ ယခင်က ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်ကို သူ ဂရုမစိုက်ခဲ့သည့် အကြောင်းရင်းမှာ သူ့မျက်စိထဲတွင် ဤလူများ သေလိမ့်မည်ဟု သတ်မှတ်ထားသောကြောင့်ပင်။

ထန်ယွင်အာက ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ကို ကရုဏာသက်ဟန်ဖြင့် ကြည့်လိုက်မိသည်။ ဤလူနှစ်ယောက်သည် ယဲ့ဖန်အား ဒေါသထွက်အောင် ထပ်ခါထပ်ခါ ရန်စခဲ့သဖြင့် သူတို့ကိုယ်သူတို့သာ အပြစ်တင် ရတော့ပေမည်။

“အား...”

ထိုစဉ် လင်းမြောင်မြောင်၏ နံရိုးတစ်ချောင်းကို သရဲတစ်ကောင်က ဆွဲစုတ်လာသည်။ သူမ နာကျင်စွာ အော်ဟစ်ရင်း ယဲ့ဖန်ကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“လူကြီးမင်းယဲ့၊ ကျွန် ... ကျွန်မ မသေချင်ဘူး၊ ကျွန်မတို့ လင်းမိသားစုမှာ ရှေးဟောင်း ရတနာ ရှိပါတယ်၊ ရှင် ကျွန်မကို ကူညီမယ်ဆိုရင် ရှေးဟောင်း ရတနာကို ပေးပါ့မယ်”

*ရှေးဟောင်း ရတနာ*

ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ရှေးဟောင်း ရတနာရှာလိုသော ရည်ရွယ်ချက်ဖြင့် သူ ဖျင်ယန်တောင်သို့ လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့၌ တစ်ခုပိုရလာပါက ပိုအဆင်ပြေ သွားနိုင်သည်။

ယဲ့ဖန် စိတ်လှုပ်ရှားသွားသည်ကိုကြည့်ပြီး တစ်ဖက်မှ ယဲ့ရှောင်ထျန်းကလည်း အော်ပြောလာ၏။

“လူကြီးမင်းယဲ့၊ ကျွန်တော့် ယဲ့မိသားစုမှာလည်း ရှေးဟောင်း ရတနာ ရှိပါတယ်၊ ကျွန်တော့်ကိုသာ ကယ်မယ်ဆိုရင် ကျွန်တော် ရှေးဟောင်း ရတနာကို ထုတ်ပေးပါ့မယ်’

*နောက်တစ်ခုပါလား*

သူတို့နှစ်ယောက်၏ စကားကိုကြားပြီး ယဲ့ဖန် ထန်ယွင်အာကို လှည့်ကြည့်လိုက်မိသည်။

“လူကြီးမင်းယဲ့၊ သူတို့ မလိမ်ပါဘူး၊ လင်းမိသားနဲ့ ယဲ့မိသားစုက ဖျင်အန်းမြို့တွင်းမှာ သက်တမ်းအရင့်ဆုံး မိသားစုတွေပါ၊ သူတို့မိသားစုမှာ တကယ် ရှေးဟောင်း ရတနာ ရှိပါတယ်”

အတည်ပြုပေးသော စကားကို ကြားပြီးနောက် ယဲ့ဖန် တုံ့ဆိုင်းမနေတော့ဘဲ လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး သရဲတစ္ဆေများထံ တိုးဝင်သွားလေသည်။

*ယင်စွမ်းအင်ပါလား*

ယဲ့ဖန်၏ အရှိန်အဝါက ဤသရဲတစ္ဆေများထက် ဆယ်ဆမက ပိုမိုအေးစက်သည်ကို လူတိုင်း ခံစားမိသလို ဤနေရာမှ အပူချိန်ကလည်း လျင်မြန်စွာ ထိုးကျသွားသည်။ ဤသရဲတစ္ဆေများက သရဲအစစ်များမဟုတ်ဘဲ ယဲ့ဖန်ကသာ သရဲအစစ်ဟု ထင်မှတ်မှားရသည်။

“အား...”

ယဲ့ဖန်၏ ယင်စွမ်းအင်ကို ခံစားမိပြီး ဘေးပတ်လည်မှ သရဲတစ္ဆေများ အော်ဟစ်လာကြသည်။ သူတို့၏ မျက်နှာ၌ သွေးပျက်၍ မယုံနိုင်ဟန်များ ထင်ဟပ်နေကာ အလျင်အမြန် ထွက်ပြေးချင်နေလေ၏။

သို့ရာတွင် နတ်ဆိုးချီမျှင်စုများက ဧရာမ လက်ဝါးအသွင် ပြောင်းလဲသွားပြီး သရဲတစ္ဆေများကို အားဖြင့် ရိုက်နှက်လာသည်။

အဘွားအိုသည် ထွက်မပြေးနိုင်ခင်မှာပင် နတ်ဆိုးချီမျှင်စု လက်ဝါးချက်ကြောင့် ပြားချပ်ကာ ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွားရသည်။

ချက်ချင်းဆိုသလိုပင် ဒုတိယတစ်ချက်၊ ငါးချက်၊ ဆယ်ချက်။ လက်ဝါးဖြင့် ရိုက်နှက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ကြောက်စရာကောင်းသော သရဲတစ္ဆေများသည် ပုရွက်ဆိတ်များသဖွယ် ယဲ့ဖန်၏ အသေရိုက်သတ်ခြင်း ခံနေရလေသည်။

ဤအဖြစ်က ထိတ်လန့်စရာ ကောင်းလှသည်။ ထန်ယွင်အာ၊ ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ ဤသို့ အဖြစ်မျိုးကို တစ်ခါမှ မမြင်ဖူးချေ။ အဆင့်လေး ရွှေရောင်ခန္ဓာကိုယ် ပိုင်ရှင်နှင့် ယှဉ်နိုင်သော ထိုသရဲ တစ္ဆေများသည် ယဲ့ဖန်၏ လက်ထဲ၌ အလွန် အားနည်းလွန်းလှသည်။

လက်ဝါးချက် တစ်ချက်တည်းဖြင့် အားလုံးကို ရိုက်သတ်နိုင်နေ၏။ ဤသို့သော အင်အား၊ ဤသို့သော ကြောက်စရာ ကောင်းပုံကြောင့် ယဲ့ဖန်က သရဲဘုရင်များ ဖြစ်နေသလားဟု သူတို့ သံသယ ဝင်လာမိသည်။ သရဲဘုရင်သာလျင် ဤသို့ ရက်စက်၍ ကြောက်စရာကောင်းနိုင်သည် မဟုတ်ပါတကား။

ယဲ့ဖန်၏ နောက်ဆုံးသော လက်ဝါးချက် ကျရောက်သွားပြီးနောက် ရာကျော်သော သရဲတစ္ဆေများအားလုံး ရှင်းလင်း ခံလိုက်ရလေသည်။

ဤနေရာက သရဲတစ္ဆေများ၏ သေဆုံးရာနေရာသဖွယ် ဖြစ်လာပြီး ကြက်သီးထစရာ ကောင်းလှသည်။ ဆရာသခင်၏ အပြုံးတောင်မှ ပျောက်ကွယ်သွားပြီး ယဲ့ဖန်အား ထိတ်လန့်၍ မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။

“တစ္ဆေ၊ မင်း … မင်းက တစ္ဆေပဲ”

“မဟုတ်ဘူး … မင်းက တစ္ဆေတင်မဟုတ်ဘူး၊ မင်းက သေပြီးသားလူပဲ”

ဆရာသခင်သည် ယဲ့ဖန်အား အလွန် ကြောက်လန့်နေ၏။ သို့သော် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။ တစ်ဖက်စကားက မှန်ပေသည်။

သူသည် ငရဲဘုံမှ လာသောကြောင့် ယန်နယ်မြေမှလူ မဟုတ်ပေ။ သို့ရာတွင် သူသည် တစ္ဆေမဟုတ်ဘဲ တစ္ဆေထက် ဆယ်ဆမက ပိုကြောက်စရာကောင်းသည့် နတ်ဆိုးသာ ဖြစ်သည်။

“မင်း သေလို့ရပြီ”

ယဲ့ဖန် အသာပြုံးလိုက်ပြီးနောက် နတ်ဆိုးချီမျှင်စုများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ လက်ဝါးချက်က ဆရာသခင်ပေါ် အရှိန်ဖြင့် ကျဆင်းလာလေသည်။

“မဟုတ်ဘူး”

ဆရာသခင် ခုခံချင်ပါသည်။ သို့ရာတွင် ဤနတ်ဆိုးလက်ဝါးအောက်၌ သူ၏ တစ္ဆေစွမ်းအင်က အသုံးမဝင်သည်ကို ထိတ်လန့်တကြား သိလိုက်ရသဖြင့် လက်ဝါးချက် ကျလာသည်ကိုသာ ကြည့်နေလိုက်ရတော့သည်။

ဝုန်း!

ဖုန်မှုန့်များ တထောင်းထောင်း ထနေပြီး နေရာအနှံ့၌ အလောင်းများ ပျံ့ကြဲနေ၏။ ဆရာသခင် တစ်ယောက်က ယဲ့ဖန်ကြောင့် အသေ ရိုက်သတ်ခံလိုက်ရပါတကား။

All Chapters