← Chapters

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အခန်း ၁၀၈၉

Vol. 73 Ch. 1089

Chapter 1089 ပွက်လောရိုက်နေသောမြို့

“သေရင်တောင်မှ … သူ့ဘက်က နေမယ်”

ထန်မိသားစု၏ အကြီးအကဲများသည် ထန်ယွင်အာ၏ ကျိန်ဆိုသော စကားကို ကြားလိုက်ရသောအခါ အားလုံး အလွန် မျက်နှာပျက်သွားကြသည်။

သူတို့၏ ထန်မိသားစုသည် ဖျင်အန်းမြို့တွင် ထိပ်တန်း မိသားစုများထဲမှ တစ်ခုဖြစ်သော်လည်း လူအိုကြီး ကျန်းမိန်သည် သူတို့ မခုခံနိုင်သည့် လူစားမျိုး ဖြစ်သည်။

တစ်ဖက်လူသည် ဟွိုင်အန်း စီရင်စုတစ်ခုလုံး၌ ကျော်ကြားသူ ဖြစ်သဖြင့် မြို့အဆင့်သာ ရှိသော သူတို့မိသားစုလေးက မည်သို့ ရန်စဝံ့မည်နည်း။

လက်ရှိတွင် များစွာသော မိသားစု အကြီးအကဲများက ထန်ယွင်အာကို ဖျောင်းဖျလာကြသည်။

“မမလေး၊ ကျုပ်တို့ လူကြီးမင်းယဲ့ကို မဆန့်ကျင်ချင်ပါဘူး၊ ဒါပေမဲ့ သူက ကျန်းမိန်ရဲ့ တပည့်ကို သတ်ခဲ့တာက သတ်ခဲ့တာပဲလေ”

“ဟုတ်တယ်၊ မမလေး မဆင်မခြင် မလုပ်ပါနဲ့ မဟုတ်ရင် လူကြီးမင်းယဲ့တင် မကဘဲ ကျုပ်တို့ ထန်မိသားစုပါ ဒုက္ခရောက်ပါလိမ့်မယ်”

“…”

အကြီးအကဲတိုင်းက စိုးရိမ်တုန်လှုပ်နေကြပြီး ထန်ယွင်အာအား အဆက်မပြတ် နားချနေ၏။ ထိုစဉ် ခန်းမအပြင်ဘက်မှ အလျင်အမြန် ပြေးဝင်လာသော ခြေသံတစ်သံ ထွက်ပေါ်လာသည်။

ထိုခြေသံပိုင်ရှင်မှာ ထန်မိသားစုဝင် တစ်ယောက် ဖြစ်သည်။ သူ၏ မျက်နှာသည် အလွန် ဖြူရော်နေပြီး ဇောချွေးပြန်ကာ အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ဖြစ်ပျက်သကဲ့သို့ သွေးပျက်နေလေသည်။ သူသည် ခန်းမထဲသို့ ဝင်လာပြီးသည်နှင့် အမောတကောနှင့် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။

“သခင်ကြီးကို သတင်းပို့ပါတယ်၊ နောက်ဆုံးသတင်းအရ လူအိုကြီး ကျန်းမိန်က ပြောလာပါတယ်”

ထိုစကားကြောင့် ခန်းမတွင်း၌ ချက်ချင်း တိတ်ဆိတ်သွားသည်။ ထန်မိသားစု၏ မိသားစု အကြီးအကဲ တစ်ယောက်ပြီး တစ်ယောက်က အလျင်အမြန် မေးလာသည်။

“ပြော”

ထိုစကားကြောင့် ထန်မိသားစုဝင်သည် တုံ့ဆိုင်းမနေရဲဘဲ ချက်ချင်း ပြောလိုက်သည်။

“သတင်းအရဆို ယဲ့မိသားစုနဲ့ လင်းမိသားစုက လူအိုကြီး ကျန်းမိန်ကို ဆရာသခင် သေဆုံးရတဲ့ အကြောင်းရင်းကို သွားပြောလိုက်ပါတယ်”

“လူအိုကြီး ကျန်းမိန်က နှစ်ရက်အတွင်း ဖျင်အန်းမြို့ကို လာမယ်လို့ ပြောပါတယ်”

“လူသတ်သမားကိုလည်း သူ သတ်မယ့်အပြင် လူသတ်သမားဘက်က နေတဲ့လူကိုလည်း သတ်ပစ်မယ်လို့ ပြောပါတယ်”

ထိုစကားကြောင့် ထန်မိသားစုဝင်တိုင်း မျက်နှာပြာနှမ်းသွားသည်။

*လူသတ်သမားဘက်က နေတဲ့လူကိုလည်း သတ်ပစ်မယ်တဲ့လား*

ဤအဓိပ္ပာယ်က ကျန်းမိန်သည် ဖျင်အန်းမြို့မှ အဓိက အင်အားစုများကို ဘက်ရွေးချယ်စေလိုခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ယဲ့ဖန်ကိုသာမက ယဲ့ဖန်ကို ထောက်ပံ့သည့် အင်အားစုများ အားလုံးကိုပါ သတ်ပစ်လိုနေ၏။

ဤသည်ကို တွေးမိပြီးနောက် ထန်မိသားစု၏ ခန်းမတစ်ခုလုံး၌ စိတ်ဖိစီးမှုများ ပြင်းထန်လာသည်။

*ငါတို့ ဘာလုပ်ကြမလဲ*

ထန်မိသားစု အကြီးအကဲများအားလုံး သွေးပျက်လာကြသည်။

“သခင်ကြီး ထပ်ပြီး တွေဝေမနေပါနဲ့တော့၊ လူအိုကြီး ကျန်းမိန်က ပြောလာပြီပဲ၊ ကျုပ်တို့ ထန်မိသားစု ကြားနေအဖြစ်ပဲ နေချင်ခဲ့ပင်မယ့် အခု အဲ့လို လုပ်လို့မရတော့ဘူးလေ”

“ဟုတ်တယ်၊ သခင်ကြီး အခု နည်းလမ်းက နှစ်ခုပဲ ရှိတော့တယ်၊ ပထမနည်းက ယဲ့ဖန်ဘက်က နေဖို့ ဒါပေမဲ့ အဲ့ဒါက သေနိုင်ချေ များတယ်၊ ဒုတိယန်းက ကျန်းမိန်ဘက်က နေဖို့၊ ဒါဆိုရင် ထန်မိသားစု အသက်ရှင်နိုင်မှာ အသေအချာပဲ”

“သခင်ကြီး ကျုပ်တို့ ထန်မိသားစုလည်း ကျန်းမိန်ကို ထောက်ခံတယ်လို့ ကြေငြာသင့်ပါတယ်”

လူအိုကြီး ကျန်းမိန်က အမိန့်ထုတ်လိုက်သဖြင့် ထန်မိသားစု၏ အကြီးအကဲများအားလုံးသည် ထျန်းမိန်ကို ထောက်ခံမည်ဟူသော ရွေးချယ်မှုကိုသာ ရွေးချယ်လာကြသည်။

ယဲ့ဖန်ကို သတ်မည်ဟူသော စကားကြောင့် ထန်ယွင်အာ၏ မျက်နှာလေးက ပိုမိုဖြူရော်လာသည်။

“တိတ်ကြတော့”

အားလုံး စိုးရိမ်တကြီး ဖြစ်နေစဉ်တွင် ထန်မင်လီ စကားစပြောလာသည်။ သူသည် စိုးရိမ်ခြင်း အလျင်းမရှိဘဲ အသာ ပြောလိုက်သည်.

“လူအိုကြီး ကျန်းမိန်ရဲ့ နောက်ဆုံးစကားက ဘာကို ပြောချင်တာလဲ မင်းတို့ သိကြလား”

*နောက်ဆုံးစကား*

*လူသတ်သမားဘက်က နေရင် သတ်ပစ်မယ်လို့ ပြောတာကိုလား*

“သခင်ကြီး လူအိုကြီး ကျန်းမိန်က ဖျင်အန်းမြို့က လူတွေ လူကြီးမင်းယဲ့ကို ထောက်ခံမှာစိုးလို့ သတိပေးတဲ့ စကား မဟုတ်ဘူးလား”

အကြီးအကဲတစ်ယောက်က သံသယဝင်စွာဖြင့် မေးလာသည်။ သို့သော် အဘိုးထန်က ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး၊ သူက ငါတို့ ထန်မိသားစုကို သတိပေးနေတာ”

*ဘာ*

*ထန်မိသားစုကို သတိပေးတာ*

လူတိုင်း မှင်တက်သွားသောအခါ ထန်မင်လီက ဆက်ပြောလေသည်။

“အခု ငါတို့ ထန်မိသားစုနဲ့ လူကြီးမင်းယဲ့က အရင်းနှီးဆုံးဆိုတာကို ဖျင်အန်းတစ်မြို့လုံး မသိတဲ့လူ မရှိဘူး”

“လူကြီးမင်းယဲ့က ငါတို့ မြေးအဘိုးနှစ်ယောက် အသက်ကို ကယ်ခဲ့တာ၊ ဒီတစ်ခေါက် ဖျင်ယန် အိမ်ရာ ကိစ္စကလည်း ငါတို့ကြောင့်ပဲ လူကြီးမင်းယဲ့က သွားတာ”

“လူအိုကြီး ထျန်းမိန်က လူကြီးမင်းယဲ့တင်မကဘဲ ငါတို့ ထန်မိသားစုကို မုန်းနေတာ”

ထိုစကားကြောင့် ထန်မိသားစုဝင်များအားလုံး မျက်နှာပျက်သွားကြသည်။ သူတို့သည် အစ၌ အံ့ဩနေသော်လည်း ထိုစကားကို ပြန်စဉ်းစားမိသောအခါ တကယ်ပင် ထန်မိသားစုအား သတိပေးနေခြင်း ဖြစ်ကြောင်း သိသွားရသည်။

ထန်မင်လီက ဆက်ပြောသည်။

“ဒီတော့ ငါတို့ လူကြီးမင်းယဲ့ဘက်က နေနေ၊မနေနေ ငါတို့က လူအိုကြီး ထျန်းမိန်ကို အာခံမိပြီးနေပြီ”

“ငါတို့ လူအိုကြီး ကျန်းမိန်ကို ထောက်ခံမယ်ဆိုရင် လူကြီးမင်းယဲ့သာ သေသွားရင် ငါတို့ ထန်မိသားစုလည်း လိုက်ဒဏ်ပေးခံရမယ်၊ တကယ်လို့ ငါတို့ လူကြီးမင်းယဲ့ဘက်ကနေရင် ငါတို့ ထန်မိသားစုက … အမြင့်ကို တက်လှမ်းသွားနိုင်လိမ်မ့ယ်”

ရှုံးလျင် ဒဏ်ပေးခံရမည်၊ နိုင်လျင် အမြင့်သို့ တက်လှမ်းသွားနိုင်မည်။ ဤသည်မှာ ထန်မိသားစု၏ တစ်ဆစ်ချိုး ကာလ ဖြစ်နေ၏။

အကြီးအကဲ တော်တော်များများ တုံ့ဆိုင်းနေကြသည်။ သူတို့၏ စိတ်ထဲတွင် ထန်မင်လီ၏ စကားက မှန်မှန်း သိနေသည်။ အကယ်၍ သူတို့ ကျန်းမိန်ဘက်က နေလျင် မည်သည့်ဘက်က နိုင်နိုင် ထန်မိသားစုက ကံကောင်းနိုင်မည် မဟုတ်ပါ။

သို့သော် ယဲ့ဖန်ဘက်မှ နေမည်ဆိုလျင် ယဲ့ဖန် နိုင်သည်နှင့် ထန်မိသားစုအတွက် ထိတ်လန့်ဖွယ်ကောင်းသော အခွင့်အရေး တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။ မေးခွန်းက တစ်ခုတည်းသာ ရှိသည်။ ယဲ့ဖန် နိုင်နိုင်ပါမည်လားဟူသည့် မေးခွန်းသာ ဖြစ်လေသည်။

ထန်မိသားစု၏ အကြီးအကဲ တော်တော်များများက သံသယဝင်နေကြပြီး ယဲ့ဖန် နိုင်လိမ့်မည်ဟု မယုံကြည် ကြချေ။

“ငါ ဆုံးဖြတ်ပြီးသွားပြီ”

ထိုစဉ် ထန်မင်လီက ခန်းမထဲမှ ထန်မိသားစုအားလုံးကို ဝေ့ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့ ထန်မိသားစုနဲ့ ယဲ့ဖန်က သေအတူ ရှင်အတူ နေကြမယ်”

…

ထိုည၌ ထန်မိသားစုမှ ထွက်ပေါ်လာသောသတင်းကြောင့် ဖျင်အန်းတစ်မြို့လုံး ထိတ်လန့်သွားသည်။

“ထန်မိသားစုက အမည်မသိ လူကြီးမင်းနဲ့ သေအတူ ရှင်အတူနေထိုင်မယ်၊ အမြင့်ကို တက်လှမ်းလည်း အတူတူ၊ ကျဆုံးလည်း အတူတူ နေမယ်”

“အဲ့ဒါအပြင် ဒီဖြစ်ရပ်က ယဲ့ရှောင်ထျန်းနဲ့ လင်းမြောင်မြောင်တို့က အကွက်ချထားတာ၊ အမည်မသိ လူကြီးမင်းကို ရှေးဟောင်း ရတနာ ပေးပါ့မယ်ဆိုတဲ့ ကတိကို မတည်ချင်လို့ ဆရာသခင်ရဲ့ သေဆုံးမှုကို အမည်မသိ လူကြီးမင်းအပေါ် ပုံချလိုက်တာ”

“ဆရာသခင်က သရဲတစ္ဆေ သတ်လိုက်လို့ သေသွားတာ”

ထိပ်တန်းမိသားစု ဖြစ်သော ထန်မိသားစု၏ ပြောစကားကြောင့် ဖျင်အန်းတစ်မြို့လုံး တုန်ခါသွားလေသည်။ ထို့အပြင် ဖုံးကွယ်ထားခဲ့သော ဖြစ်ရပ်၏ ဇာတ်လမ်း အစုံအလင်ကြောင့် ဖျင်အန်းမြို့မှ လူများ ထိတ်လန့် သွားရသည်။

ဆရာသခင်ကို သရဲတစ္ဆေက သတ်လိုက်ပြီး အမည်မသိ လူကြီးမင်းက ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်ကို ကယ်ခဲ့သည်။ သို့သော် သူတို့က မောက်မာအတင့်ရဲစွာဖြင့် ပြန်ချောက်ချခဲ့လေသည်။ ဤသို့ ကပြောင်းကပြန် ဖြစ်သွားသော အဖြစ်အပျက်ကြောင့် လူတိုင်း မစဉ်းစားနိုင် ဖြစ်သွားရသည်။

ထို့အပြင် ဖျင်အန်းမြို့၏ မြေအောက်လောက၌ အကျော်ကြားဆုံး ကင်းမြီးကောက် လူသတ်သမားကလည်း ဘက် ရွေးချယ်လာ၏။ လူကြီးမင်းယဲ့ဘက်မှနေ၍ ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်ကို တိုက်ခိုက်မည်ဟု ဆိုသည်။

ဤအဖြစ်ကြောင့် ဖျင်အန်းမြို့၏ အများအမြင်များက ပိုမိုဆူညံလာသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ယဲ့ဖန်သည် သွေးဇီးကွက် လင်ဖေးကို သတ်ဖြတ်ခဲ့သလို မင်းသားနှင့် အခြားသူများကို သတ်ခဲ့သောကြောင့် ပရိသတ် တော်တော်များများ ရခဲ့သည်။

ထိုအမည်မသိ လူကြီးမင်း၏ ပရိသတ်များသည် သူတို့၏ စံပြပုဂ္ဂိုလ်က အကွက်ချခံလိုက်ရသည်ကို သိလိုက်ရ ပြီးနောက် လင်းမိသားစုနှင့် ယဲ့မိသားစုကို ဆဲဆိုလေတော့သည်။

သို့ရာတွင်လည်း ဖျင်အန်းမြို့မှ လူအများစုသည် လူအိုကြီး ကျန်းမိန်၏ ဂုဏ်သတင်းကို ကြောက်လန့် သောကြောင့် ယဲ့ဖန်ကြောင့် သူတို့ပါ ဝန်မိမည်ကို စိုးရိမ်၍ ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်ကိုသာ ထောက်ခံ ကြသည်။

ဖျင်အန်းမြို့၏ အများအပြင်က ရုတ်ချည်းဆိုသလို ပွက်လောရိုက်နေ၏။ ယဲ့မိသားစု၏အိမ်တော်တွင်လည်း အခြေအနေက တင်းမာနေလေသည်။

သိုင်းပညာရှင်များအားလုံး စုဝေးနေကြပြီး ထိုသူများထဲတွင် ယဲ့မိသားစု၏ အကြီးအကဲများသာမက လင်းမိသားစု၏ အကြီးအကဲများပါ ရှိနေကြသည်။ မိသားစုနှစ်ခု၏ လူများက တစ်ဖက်တစ်ချက်၌ ထိုင်နေကြ လေသည်။

အလယ် ကြမ်းပြင်၌ လူနှစ်ယောက် ဒူးထောက်နေ၏။ ထိုသူများမှာ ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ပင်။

“အပြင်က စကားတွေက အမှန်ပဲလား”

လက်ရှိတွင် ယဲ့မိသားစုခေါင်းဆောင် ယဲ့ကျန့်ရှုံးက သူတို့နှစ်ယောက်ကို မေးလာသည်။ ထိုမေးခွန်းကြောင့် မိသားစု နှစ်ခုလုံးမှ လူတိုင်းက ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်ကို ဝိုင်းကြည့်လာလေသည်။

အားလုံး၏ အကြည့်ကို ခံစားမိသဖြင့် ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ မသိမသာ တုန်လှုပ်သွားပြီး ခေါင်းငုံ့၍ ပြန်ဖြေလိုက်သည်။

“မှန်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အဲ့ကောင်က ကျွန်တော်တို့ မိသားစုနှစ်ခုရဲ့ ရှေးဟောင်း ရတနာကို လုယူချင် နေတာ”

*ရှေးဟောင်းရတနာ*

ထိုစကားကြောင့် ယဲ့မိသားစုခေါင်းဆောင် ယဲ့ကျန့်ရှုံးက လင်းမိသားစုခေါင်းဆောင် လင်းထျန်းဟောင်ကို မျက်နှာထား တင်းတင်းဖြင့် လှမ်းကြည့်လိုက်သည်။

ရှေးဟောင်း ရတနာသည် အိမ်တော်နှစ်ခု၏ ရတနာများ ဖြစ်ပြီး အခြားသူအား မည်သို့ လက်လွတ်စပယ် ပေးနိုင် မည်နည်း။

“ကောင်းပြီ ထတော့”

ယဲ့ကျန့်ရှုံးက နှစ်ယောက်လုံးကို လက်လှုပ်ပြလိုက်ပြီးနောက် စူးရှသော အကြည့်ဖြင့် ဆက်ပြောလေသည်။

“ငါ လင်းမိသားစုခေါင်းဆောင်နဲ့ ဆွေးနွေးပြီးပြီ၊ ဒီတစ်ခေါက် အမည်မသိ လူကြီးမင်း သေကိုသေရမယ်”

“ငါတို့ မိသားစုကြီးနှစ်ခုက ဒီအခွင့်အရေးကို အသုံးချပြီး လူအိုကြီး ကျန်းမိန်နဲ့ ဆက်ဆံရေး နီးကပ်အောင် လုပ်ရမယ်”

“လူအိုကြီး ကျန်းမိန်က အမည်မသိကို သတ်ပြီးရင်း မင်းတို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံမယ်လို့ သဘောတူ ထားပြီးပြီ”

All Chapters