← Chapters

အခန်း ၁၀၉၇

Vol. 74 Ch. 1097

အခန်း ၁၀၉၇

Vol. 74 Ch. 1097

Chapter 1097 စက်ဆုပ်ဖွယ်ကောင်းသော မိသားစုကြီးများ

ဖျင်အန်းမြို့ အားကစားတွင်း၌ မြင့်မားသော စင်မြင့်တစ်ခု တည်ဆောက်ထားသည်။ ထိုစင်မြင့်ပေါ်၌ ပုံရိပ်နှစ်ခုက တဖျပ်ဖျပ် လှုပ်ရှားနေပြီး အသည်းအသန် တိုက်ခိုက်နေကြသည်။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ လင်းမြောင်မြောင် ဖြစ်သည်။ သူမတိုက်ပွဲ၏ ပစ်မှတ်မှာ ကင်းမြီးကောက် လူသတ်သမား၏ လက်အောက်ငယ်သား ကူးထော် ဖြစ်လေသည်။

ကူးထော်သည် အချိန်အတော်ကြာအောင် ရိုက်နှက်ခံထားရသဖြင့် အရိုးဆယ်ချောင်းမက ကျိုးကြေနေပြီး စင်ပေါ်သို့ ဆွဲတင်ခံရကာ လင်းမြောင်မြောင်၏ အနင်းခံ လှေကားထစ် ဖြစ်နေရသည်။

ထိုစဉ် လင်းမြောင်မြောင်က ကူးထော်ရှေ့သို့ လှစ်ခနဲ ပြေးတက်သွားပြီး သူ့ရင်ဘတ်အား လက်သီးဖြင့် ထိုးလိုက်သည်။

ကူးထော်သည် သွေးတစ်လုပ် အန်မိပြီး အရှင်လတ်လတ် ရိုက်နှက်ခံထားရသဖြင့် ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားလေသည်။

သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူ့တစ်ကိုယ်လုံး အားပြတ်နေပြီး ထပ်၍ တောင့်ခံနိုင်တော့မည့်ပုံ မပေါ်ချေ။

“စက်ဆုပ်ဖို့ ကောင်းလိုက်တာ”

ဤမြင်ကွင်းကိုကြည့်ပြီး ပွဲကြည့်သူများ ထိတ်လန့်နေပြီး ဒဏ်ရာရနေသော ကင်းမြီးကောက် လူသတ်သမားတို့ ရူးမတတ် ဖြစ်နေ၏။

သူသည် လင်းမြောင်မြောင်အား ဒေါသထွက်နေသော အကြည့်များဖြင့် ကြည့်ကာ အော်ဟစ် လိုက်သည်။

“ကောက်ကျစ်တဲ့မိန်းမ၊ ဒဏ်ရာ အကြီးအကျယ် ရနေတဲ့လူကို ဘယ်လိုများ ရိုက်နှက်ရတာလဲ”

“ကူးထော်က မင်းကြောင့် သေမတတ် အရိုက်ခံထားရပြီးနေပြီ၊ ဒါတောင် မင်းက သူ့ကို အနင်းခံ ကျောက်တုံးလို အသုံးချနေသေးတယ်”

“မင်း သတ္တိရှိရင် ငါနဲ့ လာတိုက်”

ကင်းမြီးကောက် လူသတ်သမား၏ မျက်လုံးတွင် မလိုမုန်းထားစိတ်များဖြင့် ပြည့်နှက်နေ၏။ ဤမိသားစုကြီးများက အလွန် စက်ဆုပ်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

သေခါနီးလူတစ်ယောက်ကို စင်ပေါ်ဆွဲတင်ပြီး လူသားသဲအိတ်အဖြစ် အသုံးချကာ မိသားစုကြီးများ၏ ကလေးများဟူသော ဂုဏ်ပုဒ်ကို ပြသနေသည်က အရှက်မဲ့လှသည်။

သူ့စကားကြောင့် လင်းမြောင်မြောင်က လှောင်ပြုံး ပြုံးလာသည်။

“ရှင်လား၊ စိတ်မကောင်းပါဘူး၊ ကျွန်မလက်ထဲမှာ ရှင် သေရမှာ မဟုတ်ဘူး”

“ဒါပေမဲ့ သူကတော့ ကျွန်မလက်ထဲမှာ သေရမယ်”

“ရှင်က ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ”

ထိုသို့ပြောပြီးသည်နှင့် လင်းမြောင်မြောင်က ကူးထော်ရှေ့သို့ လျှောက်သွားသည်။ သူမက ခြေထောက်ကိုမြှောက်၍ ကူးထော်၏ ရင်ဘတ်ပေါ်တင်ကာ ညှဉ်းဆဲလိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်ကို အားစိုက်၍ ဖိလိုက်သည်။

ဂျွတ်!

ကူးထော်၏ အရိုးများအားလုံး ကျိုးကြေသွားပြီး ကျိုးသွားသော အရိုးစများက ရင်ဘတ်မှ ဖောက်ထွက်လာကာ တစ်ကိုယ်လုံး အသက်မရှူနိုင်အောင် ဖြစ်လာသည်။

“အား….”

“ကူးထော်”

ကင်းမြီးကောက် လူသတ်သမား ရူးမတတ် ဖြစ်နေပြီး သူ မည်မျှ ရုန်းကန်ပါသော်လည်း သန်မာသော လူများစွာတို့၏ ဖိနှိပ်ခြင်း ခံရသဖြင့် မထနိုင်ပေ။

“စောင့်နေလိုက်၊ ခွေးမ သခင်ကြီးယဲ့ ပြန်လာတာကို စောင့်နေလိုက်၊ မင်းနဲ့ မင်းမိသားစုအားလုံး သေတော့မှာ”

“မင်းတို့အားလုံး သေကိုသေမှာကွ”

ကင်းမြီးကောက် လူသတ်သမားက သားရဲရိုင်းတစ်ကောင်ကဲ့သို့ ကြုံးဝါးလေသည်။ သို့သော် လင်းမြောင်မြောင်က အရေးမစိုက်ပေ။ ထိုအစား ကင်းမြီးကောက် လူသတ်သမား၏ ဒေါသထွက်နေသော အကြည့်ကို ပြန်ကြည့်၍ ထေ့ငေါ့စွာ ပြန်ပြောလိုက်သည်။

“သခင်ကြီးယဲ့ ဟုတ်လား၊ အမှိုက်တစ်ကောင်က ဘယ်လိုလုပ် ငါ့ဆရာနဲ့ ယှဉ်နိုင်မှာလဲ”

“ငါ့ဒုတိယ စီနီယာအစ်ကိုတောင် သူ့ကို ရိုက်သတ်လို့ရတယ်”

ထိုသို့ပြောပြီးနောက် လင်းမြောင်မြောင်သည် ကင်းမြီးကောက် လူသတ်သမားကို ထပ်မကြည့်တော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။

ပွဲကြည့်စင်၏ ပထမတန်းသို့ ရောက်သောအခါ သူမက လူအိုကြီး ကျန်းမိန်နှင့် ဆရာသခင် ရွှမ်ရင်ကို အရိုအသေ ပေးလိုက်သည်။

“ဆရာ ဒီတပည့်က ဆရာမျက်နှာ မပျက်ရအောင် အမည်မသိရဲ့ လက်အောက်ငယ်သား တစ်ယောက်ကို သတ်လိုက်ပါပြီ”

လင်းမြောင်မြောင်က လူအိုကြီး ကျန်းမိန်နှင့် ရွှမ်ရင်အား မျက်နှာလုပ်သော စကားများ ပြောလိုက်သည်။ ဤသည်ကိုကြည့်ပြီး ဆရာကျန်းမိန်က မုတ်ဆိတ်မွေးကို ပွတ်သပ်၍ ပြုံးလေသည်။

“ဟားဟားဟား … ကောင်းတယ်၊ သိပ်ကောင်းတယ်”

“မြောင်မြောင် မင်းက အခု အားနည်းနေသေးပင်မယ့် ဒီဆရာ‌နောက် လိုက်မယ်ဆိုရင် မင်းရဲ့ သိုင်းအဆင့်က မြန်မြန် တိုးတက်လာမှာပဲ”

လူအိုကြီး ကျန်းမိန်က ဆေးပုလင်း တစ်ပုလင်းကိုထုတ်၍ လင်းမြောင်မြောင်ကို ပေးလိုက်သည်။

“ရော့ ဒါက ထိပ်တန်း ဗီဇဆေးရည်ပဲ၊ ဒါက မင်းရဲ့ ပါရမီကို တိုးတက်စေနိုင်သလို သိုင်းအဆင့်ကိုလည်း တိုးတက်နိုင်စေတယ်”

ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်မှ လူများအားလုံး ထိတ်လန့် အံ့အားသင့် သွားကြသည်။

ထိပ်တန်းဗီဇ ဆေးရည်၊ ဤဆေးရည်သည် တစ်သန်းတန်သော ရတနာကဲ့သို့ ဆေးရည်ဖြစ်ပြီး ဆေးပညာရှင်တစ်ဦးကသာလျင် ဖော်စပ်နိုင်၏။

ယခုအခါတွင် ထိုဆေးရည်အား လင်းမြောင်မြောင်ကို ရက်ရက်ရောရော ပေးနေသဖြင့် လူအိုကြီး ကျန်းမိန်က သူ သဘောထားကြီးကြောင်း ပြသနေသည်။

လက်ရှိအချိန်တွင် ယဲ့ကျန့်ရှုံးနှင့် လင်းထျန်းဟောင်တို့ကဲ့သို့သော လူကြီးများပင် လင်းမြောင်မြောင်အား အားကျသလို ကြည့်နေကြသည်။

လူအိုကြီး ကျန်းမိန်၏ တပည့်ဖြစ်လာပြီးနောက် လင်းမြောင်မြောင်သည် အနာဂတ်၌ ထိပ်တန်း ဆေးရည်များ လုံးဝ မပြတ်လပ်နိုင်အောက် ရလာမည်ဖြစ်ကြောင်း လူတိုင်း သိနေလေသည်။ သူတို့သည် အလွယ်တကူ ဆက်ဆံ၍ရသော အဆင့်များ မဟုတ်တော့ပေ။

“ကျေးဇူးတင်ပါတယ် ဆရာ”

လင်းမြောင်မြောင် အလွန်အမင်း ဝမ်းသာနေသဖြင့် စိတ်လှုပ်ရှားကာ ကတုန်ကယင်ဖြင့် ဆေးပုလင်းကို လှမ်းယူလိုက်သည်။

သူမသည် ဆေးပုလင်းကိုကိုင်ပြီးနောက် ဒုတိယတန်း၌ ထိုင်နေသော ထန်ယွင်အာကို လှမ်းကြည့်၍ ထီမထင်ဟန်ဖြင့် ပြုံးလေသည်။

“ယွင်အာ နင် မြင်တယ်မလား၊ ဆရာ ငါ့ကို ထိပ်တန်း ဗီဇဆေးရည် ပေးတယ်၊ ဒါက ငါ့ကျင့်ကြံခြင်းကို တိုးတက်စေနိုင်ပြီးတော့ နောက်အဆင့်ကိုလည်း တက်နိုင်စေမှာ”

“နင်ကရော ဘယ်လိုလဲ၊ နင်က အဲ့ယဲ့မျိုးရိုးနဲ့ကောင်ကို ထောက်ခံပင်မယ့် အဆုံးကျတော့ သူ နင့်ကို ပေးတာက သေခြင်းတရားလေ၊ ဟားဟားဟား …”

လင်းမြောင်မြောင် အလွန် စိတ်လှုပ်ရှားနေ၏။ ထို့နောက် သူမသည် လူအိုကြီး ကျန်းမိန်ဘေးသို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်း၍ ရိုသေစွာ ထိုင်လိုက်သည်။ သူမစကားကြောင့် ထန်မင်လီ၊ ထန်ယွင်အာနှင့် အခြားသူများ မျက်နှာ ပုပ်သိုးသွားသည်။

“နောင်တရလား”

ထန်မင်လီက သူ့မြေးမလေးအား ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုအခါ ထန်ယွင်အာက ခိုင်မာစွာ ခေါင်းခါပြလိုက်သည်။ သူမစိတ်ထဲတွင် ပိန်ပါးပါး ပုံရိပ်တစ်ခုက မရည်ရွယ်ဘဲ ထွက်ပေါ်လာ၏။

“နောင်တမရဘူး”

“သူ ဒီသောက်လူတွေဆီ လာပြီး တန်ကြေးပေးဆပ်ခိုင်းလိမ့်မယ်လို့ သမီး သိနေတယ်”

ထိုစကားကြောင့် ထန်မိသားစုဝင်များ အောင့်သက်သက်ဖြင့် ပြုံးလိုက်မိသည်။ သို့သော် ထန်မင်လီ၏ မျက်လုံးများက ဝင်းလက်သွားပြီး ကျေနပ်သလို ခေါင်းညိတ်လေသည်။

ထိုအချိန်တွင် ယဲ့ကျန့်ရှုံးနှင့် လင်းထျန်ဟောင်တို့က လူအိုကြီး ကျန်းမိန်ကို စကားပြော လိုက်သည်။

“ဆရာ မကြာခင် နေ့လယ် ဆယ့်နှစ်နာရီ ထိုးပါတော့မယ်”

“ကြည့်ရတာ အဲ့အမည်မသိကောင် ပေါ်မလာရဲတော့ဘူးထင်တယ်”

အမည်မသိ၊ ထိုစကားလုံးကို ကြားသည်နှင့် လူအိုကြီး ကျန်းမိန်နှင့် ဆရာသခင် ရွှမ်ရင်တို့၏ မျက်လုံး၌ အထင်သေး၍ သတ်ဖြတ်ချင်စိတ်များ ဖြတ်ပြေးသွားသည်။

“ဟမ့် ပုရွက်ဆိတ်လေး တစ်ကောင်ပဲကို၊ ဒီနေ့ သူ ပေါ်မလာဘူးဆိုရင် သူနဲ့ ပတ်သက်တဲ့လူတိုင်းကို သတ်လိုက်တာပေါ့”

“ပြီးရင် ဟွိုင်အန်နယ်မြေတစ်ခုလုံးကို သတ်မိန့် ထုတ်လိုက်၊ ဟွိုင်အန် စီရင်စုနယ်မြေ တစ်ခုလုံးက သိုင်းပညာရှင်တွေကို သူ့ကို ဖမ်းပြီး သတ်ဖို့ အမိန့်ပေးလိုက်”

လူအိုကြီး ကျန်းမိန်၏ မျက်လုံး၌ အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။ ဆရာသခင် ရွှမ်ရင် ကလည်း အေးစက်စွာ ပြုံးလိုက်သည်။

“အဲ့ပုရွက်ဆိတ်က စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မရှိဘူး၊ ပြီးတော့ ငါ့စီနီယာကိုလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး သတ်ရဲသေးတယ်”

“ဒီကို သူ လာလို့ကတော့ ငါ သူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မယ်”

ထိုသို့ပြောပြီးနောက် ဆရာသခင် ရွှမ်ရင်က လက်ကိုပွတ်၍ စင်မြင့်ထက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။

ဆရာသခင် ရွှမ်ရင်က စင်မြင့်ပေါ်သို့ တက်သွားချိန်တွင် အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ ဆရာသခင် ရွှမ်ရင် ဘာလုပ်မလဲဟု လူတိုင်း ခန့်မှန်းနေကြသည်။

“သူ့ကို စင်ပေါ်တင်လိုက်”

ထိုစဉ် ဆရာသခင် ရွှမ်ရင်က ကင်းမြီးကောက် လူသတ်သမားကို လက်ညှိုးထိုး၍ ပြောလာသည်။

ဆရာသခင် ရွှမ်ရင်နှင့် ကင်းမြီးကောက် လူသတ်သမား။ ဆရာသခင် ရွှမ်ရင်က ကင်းမြီးကောက် လူသတ်သမားက အရင် သတ်တော့မည်ဟု လူတိုင်း သိသွားလေသည်။ ရုတ်ချည်းဆိုသလိုပင် ယဲ့မိသားစုနှင့် လင်းမိသားစုမှ လူများက ဝမ်းသာအားရ အော်ဟစ်လာသည်။

“သတ်”

“သတ်”

“သတ်”

လင်းမိသားစုနှင့် ယဲ့မိသားစုမှ လူတိုင်းက ဆရာသခင် ရွှမ်ရင်၏ နည်းလမ်းကို မြင်ရရန် စောင့်ဆိုင်းနေကြသည်။

သန်မာသော လူများသည် ကင်းမြီးကောက် လူသတ်သမားအား ချုပ်နှောင်ထားရာမှ သူ၏ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော ခန္ဓာကိုယ်အား စင်မြင့်ပေါ်သို့ ပစ်တင်လိုက်သည်။ ဤသည်ကို ကြည့်ပြီး ဆရာသခင် ရွှမ်ရင်က အသာပြုံးလိုက်သည်။

“ကင်းမြီးကောက် လူသတ်သမား မင်း သေတော့မှာဆိုတော့ နောက်ဆုံးစကား ပြောချင်တာများ ရှိလား”

*နောက်ဆုံးစကား*

ကင်းမြီးကောက် လူသတ်သမား၏ အကြည့်၌ ရူးသွပ်မှုနှင့် မရဏ အငွေ့အသက်များ ပါဝင်နေ၏။ သူ သေရတော့မည်ဟု သိလိုက်သော်လည်း သူ့ရင်ထဲတွင် နောင်တရစိတ် သို့မဟုတ် ကြောက်စိတ်ဟူ၍ မရှိပေ။

“ငါ့နောက်ဆုံးစကားကတော့ သခင်ကြီးယဲ့ သေချာပေါက် ရောက်လာလိမ့်မယ်၊ အဲ့အခါကျရင် ငါ မင်းကို တမလွန်ကို စောင့်နေမယ်၊ ခွေးသူခိုး ကျန်းမိန်ရော၊ လင်းမိသားစုနဲ့ ယဲ့မိသားစုကိုပါ စောင့်နေမှာ”

“ဟားဟားဟား … မင်းတို့အားလုံး သေရမှာ၊ မင်းတို့အားလုံး သခင်ကြီးယဲ့ လက်ထဲမှာ သေရမှာကွ”

ကင်းမြီးကောက် လူသတ်သမား၏ စကားလုံးများတွင် အာဃာတတရားနှင့် ကျိန်စာတို့ဖြင့် ပြည့်နှက်နေ၏။ ထိုစကားကြောင့် ဆရာသခင် ရွှမ်ရင် ချက်ချင်း မျက်နှာပျက်သွားသည်။

“ကောင်းပြီလေ အတော်လာတဲ့ ပုရွက်ဆိတ်ပဲ”

“မင်း သေလမ်း ရှာနေတာ”

ထို့နောက် ဆရာသခင် ရွှမ်ရင်က ကိုယ်ကိုမတ်၍ ကင်းမြီးကောက် လူသတ်သမားထံသို့ ပြေးဝင်သွားသည်။ ထိုစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဘုတ်!

အပြင်ဘက်မှ တစ်စုံတစ်ရာ ပစ်ဝင်လာ၏။ ထိုအရာကား သွေးတတောက်တောက် ကျနေသော ဦးခေါင်းပြတ် တစ်လုံးပင်။

All Chapters