← Chapters

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အခန်း ၁၁၀၆

Vol. 74 Ch. 1106

Chapter 1106 သူတို့ တားလို့မရနိုင်ဘူး

“ဒီနေ့ ဖျင်အန်းမြို့ကို သွေးနဲ့ ဆေးကြောမယ်”

ယဲ့ဖန်၏ လေသံက ကြမ်းတမ်း၍ အေးစက်လှသဖြင့် အားကစားကွင်းထဲမှ လူတိုင်း တုန်ယင် သွားကြသည်။ ထိုအချိန်တွင် ခြေသံတစ်သံ ပဲ့တင်ထပ်လာ၏။

“ဒုန်း”

ထိုအသံကြောင့် အားကစားကွင်း တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အရပ်မြင့်မားသော လူတစ်ယောက် ရှေ့သို့ လှမ်းလာသည်ကို လူတိုင်း ထိတ်လန့်တကြား တွေ့လိုက်ရသည်။ ထိုသူသည် ထျဲမူထားပင်။

“ဘာလို့ ဒီလူက သံချပ်ကာ ဝတ်ထားရတာလဲ၊ မြေနီရောင် စစ်သည်တော်တစ်ယောက်နဲ့ တူနေသလားလို့”

“ဟုတ်တယ်၊ ဘာလို့ သူ့ခန္ဓာကိုယ်က အရှိန်အဝါက ငါ့ကို ကြက်သီးထအောင် လုပ်နေရတာလဲ”

“…”

ထျဲမူထားကို မြင်လိုက်သည်နှင့် အားကစားကွင်းထဲမှ ပွဲကြည့်ပရိသတ်များအားလုံး မျက်ခုံး တလှုပ်လှုပ် ဖြစ်လာသည်။

ထျဲမူထား၏ အန္တရာယ် ပေးနိုင်သော အငွေ့အသက်က အရှင်ရန်ထန်းထက်ပင် အားမနည်းနိုင်ဟု သူတို့အားလုံး ခံစားမိနေ၏။

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

“အရှင့်ရဲ့ အမိန့်အတိုင်း ဖျင်အန်းကို သွေးနဲ့ဆေးပါ့မယ်”

ထိုစဉ် ထျဲမူထားက အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်ပြီးနောက် လင်းမိသားစုနှင့် ယဲ့မိသားစု ရှိရာအရပ်သို့ ဦးတည်သွားလေသည်။ ထျဲမူထားသည် ကြောက်စရာကောင်းသော သားရဲတစ်ကောင် သဖွယ် ရက်စက်ခက်ထန်လှသဖြင့် မိသားစုကြီး နှစ်ခုလုံးမှ လူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

“သူ့ကိုတား၊ သူ့ကိုတား”

ယဲ့ကျန့်ရှုံးနှင့် လင်းထျန်းဟောင်တို့ မျက်ရည်လည်ရွဲဖြင့် အော်ဟစ်လိုက်သည်။ သူတို့၏ ကံတရားက ဆိုးရွားသော ကံကြမ္မာထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။

ကျန်းမိန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ယဲ့ဖန်က အလွယ်တကူ သတ်လိုက်နိုင်သည်။ ဤသို့ နတ်ဆိုးဆန်သော လူ၏ အစေခံကို သူတို့ မည်သို့ ခုခံနိုင်ပါမည်နည်း။

*ထွက်ပြေးရမယ်*

*ဒီနတ်ဆိုးဆီကနေ ထွက်ပြေးရမယ်*

ဤအတွေးတစ်ခုတည်းသာ လင်းထျန်းဟောင်နှင့် ယဲ့ကျန့်ရှုံး၏ အတွေးထဲ၌ ရှိနေသည်။ ဖျင်အန်းမြို့မှ ထွက်သွားပြီး ဤနတ်ဆိုး မရှာနိုင်သော နေရာတစ်ခုသို့ ထွက်ပြေးရမည်။

“တားလိုက် ဟုတ်လား”

ယဲ့ဖန်က ပျက်ရယ်ပြု၍ ပြန်ပြောလိုက်သည်။

“သူတို့ တားလို့မရနိုင်ဘူး”

ဒုန်း!

ကြမ်းပြင်က ချက်ချင်း ပေါက်ကွဲသွားပြီး ထျဲမူထားက လေးမှပစ်ခွင်းလိုက်သော မြားတစ်စင်းကဲ့သို့ ရုတ်ချည်း ပြေးတက်သွားသည်။ သူ့ပုံစံက ရှေးခေတ်မှ နှစ်ဘီးတပ် စစ်ရထားလိုပင်။ ထို့နောက် သူက နဂါးတစ်ကောင်ကဲ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။

“ဖောင်း”

ယဲ့မိသားစုမှ သိုင်းပညာရှင်တစ်ယောက်သည် လွင့်ထွက်သွားပြီးနောက် နံရံနှင့် ဆောင့်သွားပြီး သွေးအိုင် တစ်ခု အဖြစ် ပြောင်းလဲသွားသည်။

“ဝုန်း”

လက်သီးတစ်ချက်ကြောင့် လင်းမိသားစု၏ အကြီးအကဲတစ်ယောက် ဦးခေါင်း ပေါက်ထွက်သွားပြီး သွေးများ ပန်းထွက်လာလေသည်။

ဤသည်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးပင်။ နှစ်ဖက်ကြားတွင် ယှဉ်နိုင်မည့်အရာဟူ၍ မရှိပေ။ ချက်ချင်းဆိုသလိုပင် သွေးများက မြစ်သဖွယ် စီးဆင်းလာ၏။

ထျဲမူထားသည် သိုးအုပ်ထဲသို့ ဝင်ဆွဲသော ကျားတစ်ကောင်ကဲ့သို့ လူလေးပုံတစ်ပုံကို သတ်နေသည်။ မည်သူမှ သူ့ကို တားနိုင်စွမ်းမ ရှိပေ။

ထိုအချိန်တွင် ရန်တန်းတောင်မှ ကြက်သီးမထဘဲ မနေနိုင်ချေ။ ယခု ယဲ့ဖန်သာ ဒေါသထွက်နေခဲ့ပါက သူသည်လည်း ထိုလူများကဲ့သို့ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်နေလောက်သည်။

ကျန်မိသားစုလေးခု၏ မိသားစုခေါင်းဆောင်များ၏ မျက်နှာတွင် ကြောက်လန့်စိတ်များ စွန်းထင်းနေ၏။ ဖျင်အန်းမြို့ ပြောင်းလဲလာလောက်သည်။

ထိုသို့သောအချိန်တွင် အားကစားကွင်းထဲမှ ထောင်သောင်းချီသော လူများအားလုံး တိတ်ဆိတ် နေကြသည်။

ထျဲမူထားသည် ဆက်လက် လှုပ်ရှားနေပြီး မိသားစုကြီးနှစ်ခုအား ကြက်ကလေး ငှက်ကလေးများကဲ့သို့ ဆက်လက် သတ်ဖြတ်နေသည်က သူတို့အား အလွန်အမင်း သွေးပျက်သွားစေသည်။

သူတို့သည် လက်ပိုက်၍ ကြည့်နေသော ယဲ့ဖန်ကိုသာ လှမ်းကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် နတ်ဆိုးတစ်ကောင် ဖြစ်သောကြောင့်ပင်။ လက်အောက်ငယ်သား တစ်ယောက်ပင် ဤမျှ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ခွန်အားမျိုး ရှိနေလျင် ဤအရှင်သခင်က မည်မျှ ကြောက်စရာကောင်းနေမည်နည်း။

“ငရဲတံခါးက ပွင့်နေပြီကို မင်းတို့က ဘယ်သွားမလို့လဲ”

ထိုစဉ် ခက်ထန်ကြမ်းကြုတ်သော အသံက ယဲ့ကျန့်ရှုံးနှင့် လင်းထျန်ဟောင်တို့၏ နားသို့ ရိုက်ခတ်လာသည်။ ယဲ့ကျန့်ရှုံးနှင့် လင်းထျန်းဟောင်တို့သည် လိပ်ပြာလွင့်သွားသကဲ့သို့ နေရာမှာတင် ရပ်နေမိသည်။

နတ်ဆိုးချီမျှင်စု လက်တစ်စုံက ရုတ်တရက် သူတို့ကို လည်ပင်းညှစ်လာပြီး လေထဲသို့ မြှောက်တင်လာသည်။

“ခွင့်လွှတ်ပေးပါ”

ယဲ့ကျန့်ရှုံး ခက်ခက်ခဲခဲ တောင်းပန်လိုက်သည်။ သူ့မျက်နှာသည် သေလုမျောပါး ပြာနှမ်းနေပြီး လည်ပင်း အညှစ်ခံထားရသဖြင့် အသက်ရှူရ ကြပ်နေသည်။ လင်းထျန်ဟောင်ကမူ နောင်တတရားဖြင့် တန်း၍ ငိုကြွေးလေသည်။

ဤသို့သော မကောင်းဆိုးဝါးမျိုးအား သူတို့ ဘယ်လိုလုပ် ရန်စမိလိုက်သနည်း။

ဤသည်ကိုမြင်ပြီး လူတိုင်း ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့မှစ၍ ဖျင်အန်းမြို့၌ ယဲ့မိသားစုနှင့် လင်းမိသားစု မရှိနိုင်တော့သည်ကို သိလိုက်သောကြောင့်ပင်။

“ဗုဒ္ဓက မကောင်းသောသူတွေ အပယ်ငရဲကို မလားရင် ဘယ်သူက ငရဲကို ရောက်နိုင်မှာလဲတဲ့”

ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် ပြောနေသည်။

“ငါကတော့ ငါ ငရဲကို သွားစေချင်တဲ့ ဘယ်သူမဆို ငရဲဆီ ရောက်ကိုရောက်ရမယ်”

“ဖောင်း”

ဦးခေါင်းနှစ်လုံးလုံး ချက်ချင်း ပေါက်ကွဲသွားပြီး လက်၌ သွေးများ ပေကျံလာသဖြင့် နတ်ဆိုးတစ်ကောင်၏ ပြယုဂ်ကို ပြသနေသည် မဟုတ်ပါတကား။

အားကစားကွင်းတစ်ခုလုံး လေးလံထိုင်းမှိုင်းလာ၏။ လူတိုင်း ခေါင်းကိုငုံ့ထားပြီး မျက်စိရှေ့မှ နတ်ဆိုးအား ရန်စမိမည် စိုးသဖြင့် အကြည့်ချင်းပင် မဆုံရဲချေ။

ယဲ့ဖန်သည် နေရာ၌ တစ်ကိုယ်တည်း ဂုဏ်ယူစွာ ရပ်နေသော်လည်း လူအများက မြင့်မြတ်သော အရှိန်အဝါမျိုး ပေးစွမ်းလေသည်။ နတ်ဆိုးဘုရင်တစ်ပါး နိုးထလာလေပြီလားဟု ထင်မှတ်ရသည်။ သူသည် အေးစက်၍ မထိန်းချုပ်နိုင်သော မျက်လုံးဖြင့် ဘေးဘီကို ဝေ့ကြည့်လိုက်သည်။

“အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား”

“ကျုပ်ထန်မိသားစုက အညံ့ခံဖို့ ဆန္ဒရှိပါတယ်၊ နွားတစ်ကောင် မြင်းတစ်ကောင်လို အသုံးတော်ခံပြီး ဘယ်သောအခါမှ သစ္စာမဖောက်ပါဘူး”

ယဲ့ဖန်ကို မျက်နှာလို မျက်နှာရ လုပ်နိုင်မည့် ဤအခွင့်အရေးကြီးကို ထန်မင်လီ မည်သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။ ထို့ကြောင့် သူ ယဲ့ဖန်ရှေ့၌ လိုလိုလားလား ဒူးထောက် ဝပ်တွားလေသည်။

“ကျုပ်တို့ ယန်မိသားစုကလည်း သစ္စာရှိမှုကို ပြသဖို့အတွက် ရှေးဟောင်း ရတနာကို လက်လွှဲပေးဖို့ ဆန္ဒ ရှိပါတယ်”

“ကျုပ်တို့ စုန့်မိသားစုကလည်း …”

ထိပ်တန်း မိသားစုကြီး နှစ်ခုဖြစ်သော ထန်မိသားစုနှင့် ယန်မိသားစုက ရှေ့မှဦးဆောင်၍ အညံ့ခံနေသည်ကို ကြည့်ပြီး ကျန်ပထမတန်းစား မိသားစု ခြောက်ခုကလည်း အသီးသီး အညံ့ခံလာကြသည်။

အညံ့ခံမလား သို့မဟုတ် အသေခံမလား။ မည်သူက ဤနတ်ဆိုး၏ ဆန္ဒကို မနာခံဘဲ နေရဲမည်နည်း။

ဒုန်း!

ထိုစဉ် အရှင်ရန်တန်းသည်လည်း ဒူးထောက်ဝပ်တွားလာ၏။

“စီနီယာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါတယ်”

ပွဲကြည့်ပရိသတ်များအားလုံး ဆူညံပွက်လောရိုက်သွားသည်။ လူပေါင်းများစွာက ရန်တန်းကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။

ထောင်ချီသော အေအဆင့် ရာဇဝတ်သားများကို သတ်ခဲ့သည့် သူရဲကောင်း၊ လူအများ လေးစားရသည့်သူက လူငယ်လေး တစ်ယောက်ထံ ဒူးထောက်၍ ဆရာ တင်နေသည်တဲ့လား။

“ခင်ဗျားကို တပည့်အဖြစ် လက်ခံရမယ် ဟုတ်လား”

ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်သွားပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“စိတ်မကောင်းပါဘူး၊ မင်းက မထိုက်တန်ဘူး”

*မထိုက်တန်ဘူး*

*လူအိုကြီး အငြင်းခံလိုက်ရတာလား*

လူတိုင်း တစ်ခဏမျှ အံ့ဩပြီး စကားမပြောနိုင်တော့ချေ။ အရှင်ရန်တန်းမှာမူ ဤသို့သော ရလဒ်မျိုး ရလာ လိမ့်မည်ဟု အချိန်အတော်ကြာစဉ်ကတည်းက ခန့်မှန်းမိနေပုံရပြီး မချိပြုံးသာ ပြုံးနေသည်။

ယဲ့ဖန်၏ လက်အောက်ငယ်သား တစ်ယောက်ကပင် သူ့ကို သတ်နိုင်စွမ်း ရှိနေသဖြင့် သူက မည်သို့သော အရည်အချင်းမျိုး ရှိနေသဖြင့် ဆရာတင်ခွင့် ရနိုင်ပါမည်နည်း။

“ဒါပေမဲ့ …”

ယဲ့ဖန် နောက်လှည့်လာပြီး အသာပြောလိုက်သည်။

“ငါ မင်းကို အကွက်တစ်ချို့တော့ သင်ပေးဖို့ စဉ်းစားထားတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျေးဇူးတင်ပါတယ် စီနီယာ”

ရန်တန်းက ခေါင်းနှင့်ကြမ်းပြင်တိုက်၍ ဝမ်းသာအားရ ပြောလာသည်။ သူ ယဲ့ဖန်ကို ဆရာအဖြစ် မတင်နိုင် သော်လည်း ဤသို့ နည်းလမ်းတစ်ချို့ သင်ပြခံရမည် ဆိုသဖြင့် ကံကောင်းလှသည်။ သူ၏ တန့်နေသော အဆင့်က တစ်ဟုန်ထိုး မြင့်တက်လာလောက်သည်။

အဆုံးအဖြတ် တိုက်ပွဲဖြစ်သောကြောင့် ပွဲကိုကြည့်နေသော မည်သည့် အထက်တန်းစားပုဂ္ဂိုလ်မဆို၏ အီလက် ထရောနစ် ဓာတ်ပုံပစ္စည်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများအားလုံးကို ပွဲစီစဉ်သူက ဖျက်သိမ်း ပိတ်ပင်လိုက်သည်။ ယခုအချိန်ထိ အပြင်လောကက အားကစားကွင်းထဲမှ အဖြစ်အပျက်များကို တစ်ခုမှ မသိကြပေ။

အငှားခန်းတစ်ခု၌ အားပင်းသည် အဆာပြေ စားစရာများနှင့် ဘီယာများဝယ်၍ တီဗွီရှေ့ရပ်၍ အပြုံးကြီး ပြုံးကာ ကြည့်နေသည်။

သူသည် ယဲ့ဖန်တစ်ယောက် ရန်တန်းကြောင့် သေဆုံးကာ ခန္ဓာကိုယ် အကောင်းပကတိ မကျန်တော့သည်အထိ ဖြစ်သွားမည့် မြင်ကွင်းအား စောင့်နေခြင်း ဖြစ်သည်။

“မျိုးမစစ်ကောင်၊ ဒီတစ်ခေါက် အရှင် ကျန်းမိန်နဲ့ ဆရာသခင် ရွှမ်ရင်ပါ ရှိနေတာဆိုတော့ မင်း အသက်ရှင် နိုင်ပါ့မလား ကြည့်ရသေးတာပေါ့”

အားပင်း ပျော်ရွှင်စွာ ပြုံးနေသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူ ဘယ်လိုလုပ် ကံဆိုးစွာဖြင့် အလုပ် တစ်ခုပြီး တစ်ခု ပြုတ်ပါမည်နည်း။

ဘုရားသခင်က သူ့ဘက်ရှိနေ၍သာ ထိုမျိုးမစစ်ကောင်က ဆရာသခင်ကို သတ်မိပြီး လူအိုကြီး ကျန်းမိန်၏ အပြစ်တင်ခြင်း ခံရလေသည်။ ယခုတစ်ခေါက်တွင်တော့ ယဲ့ဖန် မလွဲမသေ သေဆုံးပေတော့မည်။ ယဲ့ဖန် ရှစ်ပိုင်း အပိုင်းခံထားရသည့် မြင်ကွင်းမျိုးကို အားပင်း မြင်ယောင်နေသည်။

“ချီးပဲ ဘာလို့ အခုထိ သတင်းထွက်မလာသေးရတာလဲ၊ ငါ အဲ့ကောင် အသတ်ခံရတာကို ကြည့်ဖို့ စောင့်နေတာကို”

အားပင်းက အလွန် နေရထိုင်ရခက်ဟန်ဖြင့် စောဒက တက်လေသည်။ ယခ်က သူသသည် ဂိမ်းကွန်ရက်တစ်ခုမှ ပိုက်ဆံချေး၍ ယဲ့ဖန် သေမည့်ဘက်၌ လောင်းကစား လုပ်ခဲ့သည်။ ယဲ့ဖန် သေသွားသည်နှင့် သူ အချီကြီး ပွပေတော့မည်။

တစ်နည်းအားဖြင့် သူ့ကတိအား တည်နိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုလည်း လုပ်နိုင်ပေမည်။ ယခု သူသည် လောင်းကစားငွေကို ရရန် မစောင့်နိုင်တော့ချေ။

သူ ညည်းတွားနေစဉ်မှာပင် ဂိမ်းကွန်ရက်ထဲမှ တရစပ် တက်လာသော သတင်းများကြောင့် သူ ကျောချမ်းသွားသည်။

“ယဲ့ရှောင်ထျန်း သေသွားပြီ”

အားပင်း ခပ်သွက်သွက် ထိုင်ချလိုက်ပြီး မျက်နှာ အကြီးအကျယ် ပျက်နေ၏။ ထိုစဉ် ဒုတိယ သတင်းတစ်ခု တက်လာလေသည်။

“လင်းမြောင်မြောင် သေသွားပြီ”

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ရုတ်ချည်းဆိုသလိုပင် အားပင်း ထိတ်လန့်လာရသည်။

*ကျန်းမိန်နဲ့ ရွှမ်ရင် ရှိနေတာတောင် သူတို့က ဘယ်လိုလုပ် သေရတာလဲ*

“လင်းထျန်းဟောင် သေပြီ”

“ယဲ့ကျန့်ရှုံး သေပြီ”

“လင်းမိသားစုနဲ့ ယဲ့မိသားစုနှစ်ခုလုံး လုံးဝ ပျက်စီးသွားပြီ”

“ဖျင်အန်းမြို့က အမည်မသိ လက်ထဲ ကျရောက်သွားပြီ”

All Chapters