← Chapters

အခန်း ၁၁၀၇

Vol. 74 Ch. 1107

အခန်း ၁၁၀၇

Vol. 74 Ch. 1107

Chapter 1107 ဟွိုင်အန်း စီရင်စုတစ်ခုလုံး လှုပ်ခါခြင်း

ဖျင်အန်းမြို့၌ ဖြစ်ပေါ်နေသော သတင်းများ ဖန်သားပြင်ပေါ်၌ တရစပ် တက်လာသဖြင့် အားပင်း ကြည့်ရင်းကြည့်ရင်း ပိုပို၍ ထိတ်လန့်လာကာ ကြက်သီးတဖြန်းဖြန်း ထလာရသည်။

အားပင်း၏ နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျနေ၏။ အားပင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။

“မဖြစ်နိုင်ဘူး၊ ဒီကီးဘုတ်သမားတွေ မဟုတ်တမ်းတရားတွေ ပြောနေတာပဲ ဖြစ်မယ်”

အားပင်း မယုံနိုင်သဖြင့် အင်တာနက်ပေါ်၌ နောက်ဆုံးသတင်းများကို အလျင်အမြန် စာရိုက်၍ ရှာဖွေလိုက်သည်။ ထိုအခါ မျက်စိပြာသွားလောက်သည်အထိ သတင်းများက သူ့မျက်စိရှေ့၌ ပေါ်လာလေသည်။

“အနိုင်ရသူက အမည်မသိ လူကြီးမင်းပဲ၊ ကျန်းမိန်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ပြီး အရှင်ရန်တန်းကို ဒူးထောက်အောင် လုပ်ခဲ့ပြီးတော့ ဖျင်အန်းမြို့က အုပ်ချုပ်သူ အသစ်ကို ကြိုဆိုလိုက်တယ်”

“အမည်မသိက ပြိုင်ဘက်ကင်းပဲ”

လင်းမြောင်မြောင်၊ ယဲ့ရှောင်ထျန်း၊ ရွှမ်ရင်နှင့် ကျန်းမိန်တို့၏ အလောင်းပုံများပင် တက်လာသေးသည်။ အလောင်းတိုင်းက ပုံပျက်ပန်းပျက် ပျက်စီးနေပြီး အကောင်းပကတိ ဖြစ်နေသော အလောင်းဟူ၍ မရှိပေ။

*သူတို့ တကယ် သေသွားတာပဲ*

ရုတ်ချည်းဆိုသလိုပင် အားပင်း၏ မျက်နှာက ဖြူရော်လာပြီး မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သူ လိပ်ပြာလွင့်သလို ဖြစ်နေ၏။

*အဲ့ကောင်က နာမည်ကြီး သိုင်းပညာရှင်တွေကို တကယ် သတ်ခဲ့တာလား*

*ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ*

အားပင်းသည် သတင်းများကို အတည်ပြုနိုင်ရန်အတွက် အမျိုးစုံသော အဓိကဖိုရမ်များ၊ အင်တာနက် စာမျက်နှာများ၊ ပို့စ်ဘားများ၊ လောင်းကစား ကွန်ရက်များနှင့် အခြားသော ချန်နယ်များကို ဝင်ကြည့်လိုက်သည်။ ရလဒ်မှာမူ ခြွင်းချက်မရှိ ထပ်တူပင်။

“အနိုင်ရသူက အမည်မသိ လူကြီးမင်းပဲ၊ ကျန်းမိန်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ပြီး အရှင်ရန်တန်းကို ဒူးထောက်အောင် လုပ်ခဲ့ပြီးတော့ ဖျင်အန်းမြို့က အုပ်ချုပ်သူ အသစ်ကို ကြိုဆိုလိုက်တယ်”

လောင်းကစားလောက၏ သမိုင်းတွင်လည်း မထင်မှတ်ထားသည့် အကြီးမားဆုံး အပြောင်းအလဲပင်။ ဒိုင်များ ပိုက်ဆံ အလုံးလိုက် ရသွားကြသည်။

ထောင်ချီသော လူများက သိုင်းပညာရှင် အမည်မသိထံ အညံ့ခံကြ၊ သို့မဟုတ် ကျုံးကျိုးအင်ပါယာ၏ သမိုင်းတွင် အသက်အငယ်ဆုံး ဘုရင် ဖြစ်လာခြင်း။

*ဘုရင်*

*ဒီကောင်က ဘုရင်လား*

အားပင်း သည်းခြေပျက်မတတ် ဖြစ်လာသည်။ သူ မုန်းသည်။

*ဘာလို့ ဒီလို ဖြစ်ရတာလဲ၊ ဘယ်ကလာမှန်းမသိတဲ့ ခွေးတစ်ကောင်က ညတွင်းချင်း ဒီလို အပြောင်းလဲကြီး ပြောင်းလဲအောင် လုပ်နိုင်ရတာလဲ*

*သူကတော့ လူတိုင်း သူ့ဆီမှာ အညံ့ခံကြပြီး ထိပ်တန်း အကျော်အမော် ဖြစ်နေတယ်*

*ငါတော့ ဒီအိမ်ငှားခန်း သေးသေးလေးမှာ စုတ်ပြတ်နံ့စော်ပြီး နေနေရတယ်*

သူ မနာလိုဖြစ်ကာ မကျေမနပ်မုန်းတီးနေ၏။

*သူက ဘာလို့ မသေရတာလဲ၊ ဘာလို့ ဒီမျိုးမစစ်က မသေနိုင်ရတာလဲ*

အားပင်း အလွန်အမင်း မကျေမချမ်း ဖြစ်နေသည်။

“အာ အမည်မသိ ရှုံးမယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်ပြီး အောင်ပွဲခံမယ်လို့ တစ်ယောက်ယောက် ပြောခဲ့သလားလို့၊ အဲ့လူ ဘယ်ရောက်သွားလဲ”

ရုတ်တရက် လောင်းကစားကွန်ရက်၌ ထိုမှတ်ချက် ပေါ်လာသည်။

“စိတ်မပူနဲ့ လောင်းကစား ကွန်ရက်က လူတွေ သူ့ဆီ သွားတဲ့ လမ်းပေါ် ရောက်နေလောက်ပြီ၊ အဲ့လူက အများအာရုံစိုက်တာ ခံချင်လို့ လောင်းကစား ကွန်ရက်ကနေ ပိုက်ဆံတွေ အများကြီး ချေးထားတာလေ၊ အစတုန်းကတော့ သူက ပိုက်ဆံ အများကြီး ရှာချင်ခဲ့တာပေါ့၊ ဒါပေမဲ့ ဒီလိုရလဒ်မျိုး ရလာလိမ့်မယ်လို့ သူ ဘယ်ထင်ထားမလဲ၊ အခုတော့ သူ တော်တော် အဖြစ်ဆိုးပြီပဲ”

ထိုအခိုက်တွင် အားပင်းသည် အိပ်မက်ထဲမှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်း တစ်ကိုယ်လုံး အေးစိမ့်လာ၏။ သူ လောင်းကစား လုပ်ထားပြီး လောင်းကစား ကွန်ရက်၌ ပိုက်ဆံ ပြန်ဆပ်မည်ဟု ကတိပေးထားခဲ့သည်။ ယခု သူ့၌ ပြန်ဆပ်စရာ ပိုက်ဆံ မရှိပေ။

အားပင်းသည် သေတ္တာများနှင့် ဗီရိုများကို လှန်လှောရှာဖွေ၍ လက်ကျန် ပိုက်ဆံနည်းနည်းကို ယူကာ ဖျင်အန်းမြို့မှ ညတွင်းချင်း ထွက်ပြေးရန် ပြင်လေသည်။

လောင်းကစား ကုမ္ပဏီမှ လူများသည် ရက်စက်လွန်းပြီး သူတို့အားလုံး၏ နောက်ကွယ်၌ ကြီးမားသော ထောက်ပံ့ပေးသူများ ရှိသည်။ ထို့ကြောင့် သူ့ကဲ့သို့ ဘာမဟုတ်သော လူအား သတ်ရန် လွယ်ကူပေသည်။

တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်၌ ဗလတောင်တောင့်နှင့် လူများ ရပ်နေပြီး အားပင်းကို ပြုံး၍ ကြည့်နေကြသည်။

“အားပင်း မင်း ဘယ်သွားမလို့လဲ”

“အစ်ကိုပျောင်”

အားပင်း ပါးစပ်တွန့်ခနဲ ဖြစ်သွားပြီး မျက်လုံး၌ ကြောက်စိတ်များ ထင်ဟပ်လာသည်။

“မင်းရဲ့ လောင်းကစား စည်းမျဉ်းကို မမေ့သင့်ဘူးလို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား”

အစ်ကိုပျောင်က ပြုံး၍ ဓားကိုဆွဲထုတ်လိုက်သည်။

“မင်း ငါတို့ ကာစီနိုက ပိုက်ဆံ ပြန်ဆပ်ပါ့မယ်ဆိုပြီး ငွေ တစ်ဒသမသုံးသန်း ချေးခဲ့တယ်လေ”

အားပင်း၏ အမူအရာက တောင့်တင်းလာပြီး ငိုကြွေးလုမတတ် ပြန်ပြောလိုက်သည်။

“အစ်ကိုပျောင် ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါ၊ အခု ကျွန်တော့်မှာ ပိုက်ဆံ မရှိသေးလို့ ဖြည်းဖြည်းချင်း ပြန်ဆပ်ပါ့မယ်”

“ကိစ္စမရှိဘူး ပိုက်ဆံမရှိလည်း အရင်ကတိအတိုင်းပဲ လုပ်ကြတာပေါ့၊ တိုက်ရိုက်ထုတ်လွှင့်လေ”

အစ်ကိုပျောင်က ပြုံး၍ ပြောလေသည်။

“လုပ်လေ”

“မဟုတ်ဘူး၊ အစ်ကိုပျောင် ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်”

အားပင်း အော်ဟစ်တောင်းပန်သော်လည်း ကြမ်းပြင်ပေါ် လှဲချခံရကာ ဘောင်းဘီ ချွတ်ချခံလိုက်ရသည်။

“ကြည့်ရှူသူများခင်ဗျား အခု ခင်ဗျားတို့ မြင်ရတဲ့အတိုင်းပါပဲ၊ ကျုပ်တို့ တိုက်ရိုက်ထုတ်လွှင့်ပါတော့မယ်”

အစ်ကိုပျောင်က ဖုန်းဖန်သားပြင်အား ပြုံးကြည့်၍ ပြောလိုက်သည်။ ပိုက်ဆံ တစ်ဒသမသုံးသန်း အကုန်ခံ၍ ကြော်ငြာထားခြင်းက အကျိုးအမြတ် များလှသည်။

“အား…”

တစ်ခဏအကြာ၌ နားကွဲမတတ် အော်သံက တိုက်ရိုက်ထုတ်လွှင့်ခြင်းတစ်ခုလုံးသို့ ချက်ချင်း ပဲ့တင်ထပ်သွားသည်။ အားပင်း၏ ပေါင်ခြံမှ သွေးများ စိမ့်ထွက်လာပြီး သွေးသံတရဲရဲ ဖြစ်နေသည်။ ယခု သူ့အား ယောက်ျား တစ်ယောက်ဟု မခေါ်နိုင်တော့ချေ။

“အား … အား … အား”

အားပင်း၏ နဖူးမှ ဝေဒနာကြောင့် ချွေးစေးများ စီးကျနေသည်။ ပေါင်ခြံအား လက်ဖြင့်အုပ်၍ ဝေဒနာကြောင့် ကြမ်းပြင်၌ လူးလိမ့်နေ၏။

“ယဲ့ဖန် ငါ ဒီလိုဖြစ်ရတာ မင်းကြောင့်ပဲ”

အားပင်းက အံကိုကျိတ်၍ မုန်းတီးစွာ အော်ဟစ်လေသည်။ ယဲ့ဖန်နှင့် တွေ့ခဲ့ရစဉ်ကတည်းက သူ ကောင်းသော အရာနှင့် တစ်ခါမှ မကြုံတော့ပေ။ ယခု သူ သင်းကွပ်ခံလိုက်ရသဖြင့် ယောက်ျားသားဟူ၍ မခေါ်နိုင်တော့ပေ။

ယခုကိစ္စအားလုံး ယဲ့ဖန်ကြောင့် ဖြစ်လာသဖြင့် သူ ယဲ့ဖန်ကို ဓားပေါင်း တစ်သောင်းဖြင့် ခုတ်ထစ်ရန် မစောင့်နိုင်တော့ချေ။

“ယဲ့ဖန်တဲ့လား၊ ဒါ အမည်မသိ လူကြီးမင်းရဲ့ နာမည် မဟုတ်လား”

အစ်ကိုပျောင်က မျက်မှောင်ကြုတ်၍ အားပင်းကို ကန်ထုတ်လိုက်သည်။

“မင်းလိုကောင်မျိုးက အမည်မသိ လူကြီးမင်းကို စော်ကားရဲတယ်လား၊ သေချင်နေတာပဲ”

“အခု အမည်မသိ လူကြီးမင်းက လင်းမိသားစုနဲ့ ယဲ့မိသားစု နှစ်ခုလုံးကို သတ်ပြီးပြီ၊ ကျန်နေတဲ့ မိသားစုကြီး ရှစ်ခုနဲ့ ဖျင်အန်း တစ်မြို့လုံးက ဒူးထောက်ပြီး အညံ့ခံလိုက်ပြီ၊ တစ်မြို့လုံးက သူ့ကို လေးစားနေကြပြီ”

“ဖျင်အန်းမြို့က ညတွင်းချင်း ရာချီတဲ့ သိုင်းပညာရှင်အားလုံးက အမည်မသိ လူကြီးမင်းကြောင့် ဖျက်ဆီးခံလိုက်ရပြီ၊ ဘာလို့လဲဆိုတော့ အညံ့မခံချင်တဲ့လူတိုင်း သေရမှာမို့လို့လေ”

*ဘာ*

ထိုစကားများက အားပင်း၏ စိတ်ထဲသို့ မိုးကြိုး ပစ်ချလိုက်သလိုပင်။

*ဖျင်အန်းတစ်မြို့လုံးက ယဲ့ဖန်ကို လေးစားတယ်တဲ့လား*

*သိုင်းပညာရှင်တစ်ရာကျော်ကို သူတစ်ယောက်တည်း ဖျက်ဆီးလိုက်တယ်တဲ့လား*

ချက်ချင်းဆိုသလိုပင် အားပင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး အမူအရာသည်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ မုန်းတီးစိတ်မှ တဖြည်းဖြည်း ကြောက်စိတ်သို့ ပြောင်းလဲသွားသည်။

*နတ်ဆိုး၊ သူက နတ်ဆိုးပဲ*

တဖြည်းဖြည်းနှင့် နောက်ထပ် သုံးရက်တာ ကုန်ဆုံးသွားသည်။ သို့သော် အမည်မသိ လူကြီးမင်း၏ နာမည်က ဖျင်အန်းမြို့၌ အချိန်အတော်ကြာအောင် တုန်လှုပ်စေသည်။

ကင်းမြီးကောက် လူသတ်သမားသည် ဖျင်အန်းမြို့၏ မြေအောက်လောကအား တစ်ဖန်ပြန်၍ ထိန်းချုပ်လာသည်။ သို့ရာတွင် ယခုတစ်ကြိမ်သည် ရေတိမ်ခရိုင်၏ ဘုရင်မဟုတ်တော့ဘဲ ဖျင်အန်းမြို့ မြေအောက်လောက တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာလေသည်။

ထန်မိသားစုသည်လည်း ယခင်က အမြင့်ဆုံးနေရာအတွက် ယှဉ်ပြိုင်နေရသော်လည်း ယခုအခါတွင် ဖျင်အန်းမြို့၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာသည်။ ကျန်မိသားစုကြီး ရှစ်ခုက သူတို့လက်အောက်သို့ ခိုဝင်လာ၏။

ဤသို့ ကြီးမားသော ပြောင်းလဲမှုကြီးက အမည်မသိ လူကြီးမင်းဟူသော လူတစ်ဦးတည်းကြောင့်သာ ဖြစ်လာခြင်း ဖြစ်ကြောင်း ဖျင်အန်းမြို့မှ လူတိုင်း သိကြလေသည်။

သူ၏ခွန်အား၊ သူ၏ ကြောက်စရာကောင်းပုံက ကျောချမ်းဖွယ်ကောင်းလောက်အောင် ကြက်သီးထစေသည်။ အမည်မသိဟူသော နာမည်နှင့်တင် ငိုနေသော ကလေးအား တိတ်အောင် လုပ်နိုင်၏။

အထက်တန်းစားအဆင့်တစ်ခုလုံးတွင် အမည်မသိ၏ နာမည်ကို ထုတ်မပြောရဲလောက်‌အောင် ကြောက်ရွံ့ ကြသည်။

ဤသတင်းများက ဟွိုင်အန်း စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ ဟွိုင်အန်း စီရင်စုတစ်ခုလုံး လှုပ်ခါသွားသည်။

ရွှမ်ရင်၊ ကျန်းမိန်၊ နာမည်ကျော်ကြားသော ထိုသူနှစ်ယောက်လုံး အမည်မသိ၏ သတ်ခြင်း ခံလိုက်ရခြင်း၊ အရှင် ရန်တန်းတောင်မှ ထိုလူထံ၌ အညံ့ခံခြင်း။

ထိုသတင်းများက ဟွိုင်အန်းမြို့မှ အင်အားစုများကြား၌ ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။ ဟွိုင်အန်း စီရင်စုမှ အချို့သော အဖွဲ့အစည်းများတောင်မှ ဂါဝရပြုရန် ရောက်လာကြသည်။

“လင်ကျိုးတောင်က အမည်မသိ လူကြီးမင်းနဲ့ တွေ့ဆုံဖို့အတွက် နှစ်တစ်သောင်း ရေခဲစွမ်းအင်ကို ဆက်သပါတယ်”

“ကောင်းကင်မြို့တော်က အမည်မသိ လူကြီးမင်းနဲ့ တွေ့ဖို့အတွက် ဆေးတစ်ရာ ဆက်သပါတယ်”

“ကျောက်စိမ်း မိန်းမပျိုစံအိမ်သခင်၊ ကောင်းကင်ဘုံအလား လှပ၍ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင် စံအိမ်သခင်က ဒီနေ့ အမည်မသိ လူကြီးမင်းနဲ့ တွေ့ခွင့်ရဖို့အတွက် ကိုယ်လုပ်တော်အဖြစ် နေဖို့ ဆန္ဒ ရှိပါတယ်”

သူတို့အားလုံး မျက်နှာလို မျက်နှာရ လုပ်နေကြသည်။ ယခင်က မောက်မာသော အဖွဲ့အစည်းများသည် ယခုအခါ၌ ခွေးတစ်ကောင်လေအလား ဒူးထောက်၍ မျက်နှာချိုသွေးနေသည်။

“အားလုံးပဲ ကျုပ်သခင်ကြီးက တံခါးပိတ် ကျင့်ကြံနေပါတယ်၊ ခင်ဗျားတို့ကိုယ်စား လက်ဆောင်တွေ ဆက်သပေးပါ့မယ်၊ ကျေးဇူးပြုပြီး ပြန်ကြပါ”

သို့ရာတွင် သူတို့၏ တောင်းဆိုမှုများသည် ကင်းမြီးကောက် လူသတ်သမားနှင့် ထန်မိသားစု၏ တားဆီးခြင်း ခံလိုက်ရသည်။ ကင်းမြီးကောက် လူသတ်သမားနှင့် ထန်မင်လီတို့ အလွန် ဂုဏ်ယူနေ၏။

သူတို့အား ပုရွက်ဆိတ်သဖွယ် ဆက်ဆံခဲ့သည့် ဟွိုင်အန်း စီရင်စု၏ အင်အားစုများက ယခု သူတို့ကို ရိုကျိုး၍ ပြုံးကာ မျက်နှာချိုသွေးနေပြီး ယဲ့ဖန်ရှေ့၌ သူတို့အတွက် တစ်ခုခု ပြောပေးရန် မျှော်လင့်နေကြသည်။

အပြောင်းလဲကြီးက သူတို့အား လေပေါ်မြောက်သွားစေသည်။ ဤသည်အားလုံးက ယဲ့ဖန်ဟူသော လူတစ်ယောက်တည်းကြောင့် ဖြစ်လာခြင်း ဖြစ်ကြောင်း သူတို့ သိလေသည်။

သို့သော် ဟွိုင်အန်း စီရင်စုတစ်ခုလုံး ပျာယာခတ်နေသော်လည်း ယဲ့ဖန်က ထိုအရာများကို အရေးမလုပ်ပေ။ သူသည် ကျုံးမိသားစု၏ စားသောက်ဆိုင်သို့ ပြန်ပြီး ဆက်လက်၍ တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။

All Chapters