← Chapters

အခန်း ၁၁၀၉

Vol. 74 Ch. 1109

အခန်း ၁၁၀၉

Vol. 74 Ch. 1109

Chapter 1109 အဲ့လောက် ပျော်စရာမကောင်းပါဘူး

ဖျင်အန်း အားကစားကွင်းမှ အဆုံးအဖြတ်တိုက်ပွဲတွင်း၌ ဓာတ်ပုံများ ရိုက်ယူခြင်းနှင့် ဗွီဒီယို မှတ်တမ်းတင်ခြင်းအား ဖျက်သိမ်းပိတ်ပင်ခဲ့သည်။

ဖျင်အန်းမြို့၏ အထက်တန်းစားအဆင့်မှလွဲ၍ မည်သူမှ ယဲ့ဖန်ကို မသိကြပေ။ ယခုအခါတွင် တောင်မှ မိသားစုကြီးများသည် ယဲ့ဖန်၏ နာမည်အား ထုတ်မပြောရဲကြပေ။

ထို့ကြောင့်ပင် သာမန်လူများသည် အမည်မသိဟူသော နာမည်ကိုသာ သိကြပြီး ယဲ့ဖန်၏ နာမည်အရင်းနှင့် မျက်နှာကို မသိကြချေ။

လက်ရှိတွင် စုန့်ကျစ်ယွင်သည် ကျုံးချိုးရှား၏ စကားကြောင့် မသိမသာ တုံ့ဆိုင်းသွားသည်။

*ဆင်းရဲသားတစ်ယောက်တဲ့လား*

စုန့်ကျစ်ယွင်က ယဲ့ဖန်နှင့် ကျုံးလီအာကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယဲ့ဖန်သည် ကျုံးလီအာ၏ မိတ်ဆွေ၊ ဆင်းရဲသား မိတ်ဆွေတစ်ယောက် ဖြစ်သည်ဟု သတိပြုမိကာ စိတ်ထဲ၌ ပို၍ အထင်သေးလာသည်။ သို့သော် အပေါ်ယံ၌ သူက လူကြီးလူကောင်း ပီသချင်ယောင် ဆောင်နေသည်။

“ဟားဟား … သူ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ကိစ္စမရှိပါဘူး၊ သူ ဒီကို ရောက်လာမှတော့ မိတ်ဆွေပဲပေါ့”

*ဒီလို လူမွဲကများ ငါ့ဆီကနေ ကောင်မလေးကို လာခိုးချင်နေတာလား၊ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာကို ရယ်ချင်စရာပဲ*

စုန့်ကျစ်ယွင်သည် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲနေပြီး ကျုံးလီအာက ပိုမိုတပ်မက်သော စိတ်ဆန္ဒများဖြင့် ကြည့်လာသည်။ သူ့စိတ်ထဲတွင် ဤမိန်းမလှလေးအား သူ့အိတ်ကပ်ထဲ ထည့်လိုက်နိုင်ပြီဟု ထင်နေ၏။

“လီအာ ငါ နင့်ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါက ငါတို့ရဲ့ ဖျင်အန်းမှာ အချမ်းသာဆုံး စုန့်ကျစ်ယွင်တဲ့၊ ထန်မိသားစုရဲ့ အထွေထွေ မန်နေဂျာလေ”

“စုန့်ကျစ်ယွင်က အံ့ဩစရာကောင်းတယ်နော်၊ တစ်ချို့ စီနီယာ အရာရှိတွေက သူ့မျက်နှာကို ကြည့်နေရတာ၊ သူက ဖျင်အန်းမှာ ဘယ်ကိုမှ ကြည့်စရာမလိုဘဲ သွားနိုင်တဲ့လူလို့ ပြောလို့ရတယ်”

ကျုံးချိုးရှားသည် စုန့်ကျစ်ယွင်အား အစွမ်းကုန် ချီးမွမ်းနေသော်လည်း ယဲ့ဖန်ကို တစ်ချက်ကြည့်၍ ထေ့ငေါ့ ပြောလိုက်သည်။

“တစ်စုံတစ်ယောက်နဲ့ ယှဉ်လိုက်ရင် အကွာကြီးပေါ့ဟယ်”

ကျုံးလီအာ ရုတ်တရက် တောင့်ခနဲ ဖြစ်သွားပြီး နေရထိုင်ရ ခက်သလို ခံစားလိုက်ရသည်။ သို့သော် ယဲ့ဖန်က ပြုံး၍သာ ငြိမ်နေလေသည်။

“မိတ်ဆွေအချင်းချင်း ကြွားဝါပြောနေစရာမလိုပါဘူး”

စုန့်ကျစ်ယွင်က နှိမ့်ချသလို ပြောလိုက်သော်လည်း သူ၏ အောင်နိုင်သူ မျက်နှာပေးက ပြောစကားနှင့် မတူပေ။ သူတို့ အချင်းချင်း မိတ်ဆက်ပြီးနောက် သီးသန့်ခန်းတစ်ခုသို့ လျှောက်သွားကြသည်.

“ကောင်းကင်အဆင့် နံပါတ်တစ်အခန်းလား၊ ဒီအခန်းက ဘိုကင်တင်ရ ခက်တယ် မဟုတ်ဘူးလား၊ ကျစ်ယွင် ရှင် ဘယ်လိုလုပ်လိုက်တာလဲ”

ကျိုးချိုးရှားက အံ့ဩတကြီး မေးလိုက်သည်။ ဤကောင်းကင်အဆင့် အခန်းက ဧကရာဇ်တစ်ပါး ကဲ့သို့သော ဝန်ဆောင်မှုမျိုး ပေးလေသည်။

“ဒီဟိုတယ်ရဲ့ မန်နေဂျာက ငါ့မိတ်ဆွေလေ”

စုန့်ကျစ်ယွင်က သာမန်ကာလျှံကာ ပြောလိုက်သော်လည်း သူ့မျက်နှာပေါ်မှ မိမိဘာသာ အားရကျေနပ်နေဟန်က ပို၍ ပေါ်လွင်လာသည်။

“ဒီနေ့ သီးသန့်အခန်းကို ငါ တစ်ရက်စာ သီးသန့်ငှားထားတာ”

“ဘာ တစ်ရက်စာလား”

ကျုံးချိုးရှား ထိတ်လန့်တကြား ပြောလိုက်မိသည်။

“ကောင်းကင်အဆင့် နံပါတ်တစ်အခန်းရဲ့ တစ်နေ့ငှားခက သုံးသန်းလောက် ရှိတာလေ”

“ဒီလောက် ပိုက်ဆံလေးကို၊ မင်းတို့ ပျော်မယ်ဆိုရင် ဒီလောက်ပိုက်ဆံလေးက ဘာဟုတ် သေးလို့လဲ”

စုန့်ကျစ်ယွင်က ရယ်လိုက်သော်လည်း အကြည့်များက ကျုံးလီအာပေါ်တွင်သာ ရောက်နေသည်။ သူ့အကြည့်က အသားတစ်တုံးပေါ် အကြည့်ရောက်နေသော ခွေးအတစ်ကောင်လိုပင်။

သုံးယောက်သား သီးသန့်ခန်းထဲသို့ တင်လိုက်သောအခါ အခန်းက စတုရန်းမီတာ နှစ်ထောင်နီးနီး ကျယ်ပြော၍ စားပွဲထိုး နှစ်ဆယ်မက ရှိနေသည်။ သို့သော် စားပွဲက တစ်လုံးတည်းသာ ရှိသည်။

ကျုံးချိုးရှား၏ မျက်လုံးများက တလက်လက် တောက်နေသည်။ ဤသို့ အံ့အားသင့်စရာ ကောင်းသော နေရာမျိုးကို သူမ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။

စားပွဲထိုးတစ်ယောက်က သူတို့၏ ကုတ်အင်္ကျီများကို ယူသွားပေးပြီး နောက်တစ်ယောက်က ရေနွေးကြမ်း ငှဲ့ပေးနေသည်က တကယ့်ကို ဧကရာဇ်တစ်ပါး၏ စည်းစိမ်လိုပင်။

ကျုံးချိုးရှားသည် နေရာ၌ တန်းထိုင်၍ စမှာယူလေသည်။

“ကျီကျင်းဘီယာ နှစ်ပုလင်းကို အရင်ချပေး၊ ပြီးရင် ကျောက်ပုစွန်ပေါင်း တစ်ပွဲ၊ ပေါင်ကွမ်းခိုင်း တစ်ပွဲ၊ ပင်လယ်ဂုံးကောင် တစ်ပွဲ”

ကျုံးချိုးရှား ခိုး၍ လျှာသပ်နေမိသည်။ ကျောက်ပုစွန်ပေါင်း၊ ပေါင်ကွမ်းခိုင်း စသည့်အရာ များအားလုံးက တစ်ပွဲလျင် တစ်သိန်းကျော်ကျ၏။

စုန့်ကျစ်ယွင်က ယဲ့ဖန်နှင့် ကျံးလီအာ မကြားမည်စိုး၍ အသံကျယ်သထက်ကျယ်အောင် အော်၍ မှာလိုက်သည်။

“ကျစ်ယွင်က တကယ်ကို ငယ်ရွယ်ပြီး အလားအလာ ကောင်းတယ်၊ သူ့အသက်က နှစ်ဆယ်စွန်းစွန်းပဲ ရှိသေးတာကို ကားငါးစိး ရှိနေပြီးတော့ ငါ့အသက်မှာ မရောက်နိုင်တဲ့ အမြင့်တစ်နေရာကို ရောက်နေပြီ”

ကျုံးချိုးရှားက ပြုံး၍ စနောက်ကာ ပြောလိုက်သည်။

“ငါသာ ဆယ်နှစ်လောက် ငယ်နေလို့ကတော့ နင့်ကို ကြိုက်ပစ်တယ်”

“အစ်မကတော့ နောက်ပြီဗျာ၊ ကျွန်တော့်တစ်နှစ်ဝင်ငွေက သန်းနှစ်ဆယ်ကျော်တယ်ဆိုရုံလေးပါ၊ ပြီးတော့ ကျွန်တော့်ထက် သာတဲ့လူတွေ အများကြီး ရှိပါသေးတယ်၊ ကျွန်တော် ဆက်ပြီး ကြိုးစားနေရဦးမှာ”

စုန့်ကျစ်ယွင်က ပြုံး၍ ပြောနေသော်လည်း တစ်နှစ်ဝင်ငွေက သန်းနှစ်ဆယ်ဟူသော နေရာ၌ တမင်တကာ အသံကိုမြှင့်လိုက်သည်။

“သန်းနှစ်ဆယ်လား”

ကျုံးချိုးရှား တအံ့တဩ ရေရွတ်လိုက်ပြီးနောက် မျက်လုံးက ပိုအရောင်တောက်လာသည်။

“တော်တော်လေးကို များနေပြီကို၊ ဘာပဲဖြစ်ဖြစ် နင့်အနောက်မှာ ထောက်ပံ့ပေးတဲ့ ထန်မိသားစု ရှိနေတော့ အနာဂတ်က အတိုင်းအဆမဲ့နေပြီ”

“ထန်မိသားစုက တကယ်ပဲ အံ့ဩစရာကောင်းတယ်”

စုန့်ကျစ်ယွင်က ခေါင်းညိတ်၍ ထောင်လွှားစွာ ပြောလိုက်သည်။

“အတိတ်တုန်းက ထန်မိသားစုက ထိပ်တန်းမိသားစုကြီး သုံးခုထဲက တစ်ခုပဲ ဖြစ်ခဲ့တာ၊ အခုတော့ ထန်မိသားစုက ဖျင်အန်းတစ်မြို့လုံးရဲ့ ခေါင်းဆောင် ဖြစ်နေပြီ၊ ပြီးတော့ ယန်မိသားစုနဲ့ ပထမတန်းစားအဆင့် မိသားစု ခြောက်ခုလုံးက သူတို့ကို ခေါင်းငုံ့ပြီး ဆက်ဆံနေရတယ်”

“ဘာလို့လဲဆိုတော့ ထန်မိသားစုက ကြီးမြတ်တဲ့ လူတစ်ယောက်နဲ့ ဆက်ဆံရေး ထူထောင်ထားနိုင်တယ်လေ၊ အဲ့လူရဲ့ ဦးဆောင်မှုကြောင့် ထန်မိသားစုက ဖျင်အန်းတစ်မြို့လုံးရဲ့ အကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်လာရုံတင်မကဘဲ နောက်ဆို တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံး ဖြစ်လာနိုင်တယ်”

“အဲ့လူကို မျက်နှာလုပ်ဖို့အတွက် ထန်မိသားစုက ဖျင်ယန်တောင်ပေါ်က အိမ်ရာတစ်ခုလုံးကို ပေးလိုက်ပြီးတော့ ဘာမှ မတောင်းဆိုဘူးဆို၊ ဟုတ်လား”

ကျုံးချိုးရှားက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ဖျင်ယန်တောင်ပေါ်မှ အိမ်ရာသည် ဖျင်ယန်း၌ အလွန် နာမည်ကြီးသည်။ ထိုနေရာ၌ ယန်စွမ်းအင်က ဖျင်အန်းမြို့ထဲ၌ ဆယ်ဆ ပိုကြွယ်ဝပြီး သိုင်းသမားများအတွက် ရတနာသိုက်ပင်။

ထိုနေရာမှ တစ်စတုရန်းမီတာပင် ယွမ်တစ်သိန်းတန်သည်ဟု သတင်းထွက်နေ၏။ ထို့အပြင် ထိုနေရာက မည်သည့်နည်းနှင့်မျှ တန်ဖိုးဖြတ်မရချေ။ ထိုအိမ်ရာ၏ တန်ဖိုးက တစ်မူထူးခြား လှပေသည်။

“အမှန်ပဲ”

စုန့်ကျစ်ယွင်က ပြုံး၍ ဂုဏ်ယူစွာ ပြောလာသည်။

“အဲ့အိမ်ရာကို စောင့်ရှောက်ဖို့ ထန်မိသားစု လွှတ်လိုက်တဲ့လူက ကျွန်တော် ဖြစ်နေတယ်လေ”

ကျုံးချိုးရှား ချက်ချင်း အပျော်လွန်ကာ အသံပင် တုန်လာ၏။

“နောက်ဆို နင်က အဲ့ပုဂ္ဂိုလ်နဲ့ တစ်နေ့လုံး တွေ့နေရမယ်ဆိုတဲ့ သဘောပေါ့”

“အဲ့လောက် ပျော်စရာမကောင်းပါဘူး၊ ထန်မိသားစုတောင်မှ အဲ့လူကို မျက်နှာလို မျက်နှာရ လုပ်နေရတာ်လေ၊ သူ့ကို ရန်စမိတာနဲ့ တစစီ ဖြစ်သွားမှာ”

စုန့်ကျစ်ယွင်က သက်ပြင်းချ၍ သူ မသွားချင်ကြောင်း အကောင်းဆုံး ဟန်ဆောင်ပြနေ၏။ သို့သော် သူ့အပြုံးက မည်သို့မှ ဖုံးမရချေ။

“လာ ကျစ်ယွင် ငါ နင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ငှဲ့ပေးမယ်”

ကျုံးချိုးရှားသည် အလွန် စိတ်လှုပ်ရှားကာ စိတ်ပင်မထိန်းနိုင်ဘဲ အစွမ်းကုန် မျက်နှာလုပ်နေသည်။

“ကျစ်ယွင် စိတ်မပျက်ပါနဲ့၊ ထန်မိသားစုက နင့်ကို ဒီလောက်အထိ တန်ဖိုးထားတယ်ဆိုတော့ နင့်မှာ အရည်အချင်း ရှိတယ်လို့ ငါ ယုံတယ်””

“ဒါဆိုလည်း အစ်မသဘောအတိုင်းပါပဲ”

စုန့်ကျစ်ယွင် အပြုံးကြီး ပြုံးလိုက်သည်။ တစ်နေ့ သူသာ ထိုပုဂ္ဂိုလ်နှင့် ရင်းနှီးသွားလျင် ထန်မိသားစုကတောင်မှ သူ့အရိပ်အကဲကို ကြည့်နေရလိမ့်မည်ဟု ယုံကြည်နေ၏။

ထိုအခိုက်တွင် သူက ကျုံးလီအာအား အောင်နိုင်သူသဖွယ် လှမ်းကြည့်လိုက်သည်။ ကျုံးလီအာထံမှ သူ့အား အထင်ကြီးသော အမူအရာမျိုး လိုလားတောင့်တနေသည်။

သို့သော် သူ ထိတ်လန့်စွာ မြင်လိုက်ရသည်က ကျုံးလီအာသည် အစမှအဆုံးတိုင် ယဲ့ဖန်နှင့်သာ စကားပြောနေပြီး သူ့ကို တစ်ချက်ကလေးမှ မကြည့်ခြင်းပင်။ ရုတ်ချည်းဆိုသလိုပင် သူ့ရင်ထဲ၌ အရှက်ရခြင်းများ ဖြစ်ပေါ်လာသည်။

*ခွေးမ*

*နင့်ရှေ့မှ ချောမောတဲ့ သူဌေးသား ရှိနေတာတောင် ငမွဲကို မျက်နှာလုပ်နေရလား*

ထို့ကြောင့် စုန့်ကျစ်ယွင်၏ မျက်လုံးက ယဲ့ဖန်ပေါ် ကျရောက်သွားပြီး မုန်းတီးသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“ဒီကညီအစ်ကိုက ဘယ်မှာနေလဲ မသိဘူး”

သူ ပြဿနာ ရှာချင်လာ၏။

“သူလား၊ ဆင်းရဲသား စားပွဲထိုးလေးပါဟာ”

ကျုံးချိုးရှားက ဦးဆောင်၍ အထင်သေးစွာ ပြောလေသည်။

“စားပွဲထိုးလား ဘာမှမဟုတ်ဘဲနဲ့”

စုန့်ကျစ်ယွင်က ခေါင်းညိတ်၍ ထပ်မံ လေလုံးထွား ကြွားဝါပြန်သည်။

“ကျွန်တော့် ပထမအလုပ်ကို လုပ်ငန်းတစ်ခု စပြီး ပိုက်ဆံ အများကြီး ရှာမယ်လို့ တွေးထားခဲ့တာပေါ့၊ နောက်တော့ ထန်မိသားစုက ကျွန်တော့် အရည်အချင်းကို တွေ့သွားပြီး စီမံခန့်ခွဲရေးအတွက် ပိုက်ဆံ အများကြီး ပေးပြီးတော့ ခန့်တော့တာပဲ”

“သူက နင်နဲ့ မယှဉ်နိုင်ပါဘူး၊ နင်က လူအုပ်ထဲက နဂါးလေ၊ သူကလား၊ လူတွေကြားထဲက တီကောင် တစ်ကောင်ပေါ့”

ကျုံးချိုးရှား၏ အထင်အမြင်သေးသော စကားများက ပိုမိုရိုင်းစိုင်းလာ၏။ စုန့်ကျစ်ယွင်နှင့် ယှဉ်လေ သူမ ယဲ့ဖန်ကို ပိုမကျေနပ် မနှစ်မြို့လေပင်။

“နင်”

ကျုံးလီအာ ရုတ်တရက် စိတ်တိုကာ ရန်တွေ့ရန် ပြင်သော်လည်း ယဲ့ဖန်၏ ပြန်ဆွဲတားခြင်း ခံလိုက်ရသည်။

“ညီလေးယဲ့၊ မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ့ဆီမှာ အလုပ်လုပ်မလား၊ တစ်လ ခြောက်ထောင် ပေးမယ်၊ ငါ မင်းကို နောက်ထပ် တစ်ထောင် သက်သက်ပေးမယ်၊ အဲ့တော့ ခုနစ်ထောင်ပေါ့ကွာ၊ မင်း ဆန္ဒရှိတယ်ဆိုရင် မနက်ဖြန် ကစပြီး အလုပ်ဆင်းလို့ ရတယ်”

စုန့်ကျစ်ယွင်က မချိုမချဉ်ပြုံး၍ ဂုဏ်ရှိန်ကြီးမားဟန်ပြကာ သူ့အား လှောင်ပြောင်လေသည်။

“ယဲ့ဖန် နင် ဘာလို့ သဘောမတူတာလဲ၊ ဒီလိုအခွင့်အရေးမျိုး နှစ်ခါ မရဘူးနော်”

ကျုံးချိုးရှားကလည်း ကူညီသလို ဝင်ပြောလေသည်။ သို့သော် သူမရယ်သံက လှောင်နေမှန်း သိသာပေသည်။

“နင့်အဆင့်လောက်ဆို တစ်ယောက်ယောက်က ယွမ်ခုနစ်ထောင်သုံးပြီး ဘိုးဘေးဂူထဲ ဝင်နေဖို့ ခိုင်းလိုက်ရတယ်”

ယဲ့ဖန်အား အေးတိအေးစက် လှောင်ပြောင်သော အကြည့်များ စိုးမိုးလာ၏။

All Chapters