← Chapters

အခန်း ၁၁၁၁

Vol. 75 Ch. 1111

အခန်း ၁၁၁၁

Vol. 75 Ch. 1111

Chapter 1111 ငါ့ရှေ့ ထွက်လာခဲ့

ကောင်းကင်းနံပါတ်တစ် အခန်း၌ လေထုအခြေအနေက တင်းမာလျက် ရှိသည်။ အစပိုင်း၌ ကျုံးလီအာ ရှိနေသဖြင့် စုန့်ကျစ်ယွင်တို့ နှစ်ယောက် သိပ်မကြောက်ပေ။ သို့သော် သူမ ထွက်သွားသည်နှင့် သူတို့ ယဲ့ဖန်ကို တစ်ကိုယ်တည်း ရင်ဆိုင်ရဲသည့် သတ္တိ မရှိတော့ချေ။

သူတို့ မည်သို့ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။ ယဲ့ဖန်က ထန်မိသားစုနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။

*ဒါ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့သည် အပ်ပေါ် ထိုင်ချမိနေသကဲ့သို့ မရိုးမရွ ဖြစ်နေ၏။ သူတို့ စိတ်ဓာတ်ကျ နေစဉ်မှာပင် အပြင်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

“ဒါ လီအာ အသံ မဟုတ်လား”

ကျုံးချိုးရှား အလျင်အမြန် ထရပ်၍ အပြင်သို့ ထွက်သွားလိုက်သည်။ ယဲ့ဖန်သည်လည်း မျက်မှောင်ကြုတ် မိသွားပြီး ဝိုင်ခွက်ကိုချ၍ အပြင်သို့ လျှောက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ဒုတိယထပ် တစ်နေရာ၌ လူများဝိုင်းအုံနေပြီး အသံက ထိုအထဲမှ ထွက်လာခြင်း ဖြစ်သည်။

“ကောင်မလေး မင်းက တော်တော် စိတ်ဆတ်တာပဲ၊ ခုတင်ပေါ် ရောက်ရင်လည်း အကြောမာဦးမလား သိချင်မိသား”

ထုံယန်ရှန့်က ရယ်မော၍ ကျုံးလီအာရှေ့ တိုးသွားလေသည်။

“ရှင် ရှင် လွှတ်စမ်း”

ကျုံးလီအာသည် ဒေါသစိတ်ကြောင့် မျက်နှာ နီမြန်းနေ၏။ သူမ သန့်စင်ခန်းထဲမှ ထွက်လာသည်နှင့် ဤယောက်ျား နှစ်ယောက်၏ လမ်းပိတ်ခြင်း ခံလိုက်ရသည်။

ထို့အပြင် သူမအား သူတို့နှင့် တစ်ညတာ အဖော်ပြုပေးရန် တစ်သန်းပေးမည်ဟုပင် လာပြောနေသေးသည်။ သူမအား ကစားစရာတစ်ခုသဖွယ်၊ အသုံးအဆောင်တစ်ခုသဖွယ်၊ မိန်းမပျက်တစ်ယောက်သဖွယ် ဆက်ဆံ နေသဖြင့် ကျုံးလီအာ ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။

“လွှတ်ပေး ဟုတ်လား၊ မဖြစ်နိုင်ဘူး၊ ဒီည ငါတို့ညီအစ်ကိုက မင်းကို ခပ်ကြမ်းကြမ်း မြင်းစီးပစ်မှာ၊ ပြီးတော့ ငါတို့ပေါင်ကြားထဲမှာ မင်းကို‌ ပျော်အောင် လုပ်ပေးမှာကွ၊ ဟားဟားဟား”

ယန်ချန်ကျစ်က ဟားတိုက်ရယ်မောလေ၏။

“နင် အရှက်မရှိဘူး”

ကျုံးလီအာ ဒေါသအထွက်လွန်ကာ ငိုမိမတတ် ဖြစ်နေသည်။ တစ်ဖက်လူ၏ တစ်တစ်ခွခွ ပြောသောစကားများက သူမအား အရှက်ရစေသည်။

ထို့အပြင် လူတိုင်းက ကြည့်ရုံသာ ကြည့်နေကြပြီး ဘယ်သူမှ ရှေ့ထွက်မလာရဲချေ။ အဘယ်ကြောင့်ဆိုသော် ဤဟိုတယ်ပိုင်ရှင်က ပထမတန်းစား မိသားစု ခုနစ်ခုထဲမှ တစ်ခုဖြစ်သော ထုံမိသားစု ဖြစ်ကြောင်း သူတို့ သိထားသောကြောင့်ပင်။

ထို့အတူ ဤထုံယန်ရှန့်သည် ထုံမိသားစု၏ အငယ်ဆုံးသား ဖြစ်သည်။ ယန်ချန်ကျစ်က သူ့ထက် ပို၍ မှင်တက်စရာ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်က ဖျင်အန်းမြို့၏ ထိပ်တန်း မိသားစုတစ်ခုထဲမှ တစ်ခု ဖြစ်သော ယန်မိသားစုမှ အငယ်ဆုံးသားပင်။

သူတို့နှစ်ယောက်သည် ဖျင်အန်းမြို့၌ သူတစ်ပါး သမီးပျိုများအား လုယက်ဖျက်ဆီးခြင်းနှင့် ကာမပိုင်ရှိသူများအား မတရား ပေါင်းသင်းခြင်း စသော မကောင်းသော အလုပ်များကို ကျူးလွန်သည့် နတ်ဆိုးနှစ်ကောင် ဖြစ်လေသည်။

နောက်ပိုင်းတွင် ယန်မိသားစုနှင့် ထုံမိသားစုက သူတို့၏ ကိုယ်ကျင့်တရားကို ပြုပြင်ပြောင်းလဲ သင်ယူနိုင် ရန်အတွက် အခြားမြို့များသို့ နှင်ထုတ်ခဲ့သည်။

ယနေ့မှ သူတို့ တစ်ခြားမြို့မှ ပြန်ရောက်လာခြင်း ဖြစ်ပြီး သူတို့၏ နဂိုဗီဇကို ပြောင်းလဲရ ခက်နေသေးလေသည်။ သူတို့သည် ပြန်ရောက်လာသည်နှင့် မိန်းကလေးများကို လူမြင်ကွင်း၌ ကိုယ်ထလက်ရောက် စော်ကား လေတော့သည်။

သူတို့ကဲ့သို့သော လူယုတ်မာများအား မည်သူက တားဆီးရဲမည်နည်း။

လက်ရှိအချိန်တွင် စုန့်ကျစ်ယွင်က ဤသခင်လေး နှစ်ယောက်၏ နောက်ခံကို သတိမမူမိသဖြင့် သူ့စွမ်းရည်ကို ပြသနိုင်မည့် အခွင့်အရေး ရပြီဟု ထင်ကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ မိန်းမလှလေးကို ကယ်မည့် သူရဲကောင်းပုံ ဖမ်းနေ၏။

ထိုအခိုက်တွင် စုန့်ကျစ်ယွင်သည် အလျင်အမြန်ဖြင့် မျက်နှာကို ချီ၍ ဖြောင့်မတ်သော ဟန်ပန်အမူအရာနှင့် ရှေ့တက်၍ အော်ငေါက်လိုက်သည်။

“မင်းတို့ မျိုးမစစ်နှစ်ကောင်၊ သူ့ကို လွှတ်လိုက်စမ်း”

လူတိုင်း ထိတ်လန့်သွားကြသည်။

*ဒီလူက ဘယ်သူလဲ၊ နတ်ဆိုးနှစ်ကောင်ကို ဒီလို စော်ကားရဲတဲ့အတိ အတင့်ရဲလှချည်လား*

“မျိုးမစစ်ကောင် ဟုတ်လား”

ထုံယန်ရှန့်နှင့် ယန်ချန်ကျစ်တို့သည် တစ်ဖက်လှည့်၍ စုန့်ကျစ်ယွင်အား မည်းမှောင်သော မျက်နှာထားဖြင့် ကြည့်လာသည်။

“မင်းက ငါတို့ကို ပြောနေတာလား”

လေသံက ကြမ်းကြုတ်၍ သတ်ဖြတ်လိုဟန်များ ပေါ်လွင်နေသည်။

“ဟုတ်တယ်”

စုန့်ကျစ်ယွင်က မောက်မာစွာ ပြန်ပြောလိုက်ပြီး ခါးကိုမတ်၍ ဒေါသတကြီး ပြန်အော်လိုက်သည်။

“မင်းတို့လို အရှက်မရှိတဲ့ ယောက်ျားနှစ်ယောက်က အမျိုးကောင်းသမီးလေးကို လူလယ်ခေါင်မှာ ထိကပါး ရိကပါး လုပ်တာ ရွံဖို့ကောင်းတယ်ကွ”

“မင်းတို့ကို အခုချက်ချင်း ဒီက ထွက်သွားဖို့ အကြံပေးလိမ့်မယ်၊ မဟုတ်လို့ကတော့ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ”

ယန်ချန်ကျစ် မှင်တက်သွားသည်။

*ဒီနေရာက ထွက်သွား ဟုတ်လား*

*ငါတို့ကို ငါတို့ဟိုတယ်ကနေ ထွက်သွားခိုင်းနေတာလား*

“ဟားဟားဟား”

နှစ်ယောက်လုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ချက်ချင်း ဟားတိုက် ရယ်မောလိုက်ကြသည်။

“မင်းတို့ ဘာတွေရယ်နေတာလဲ”

စုန့်ကျစ်ယွင်၏ မျက်နှာထား မည်းမှောင်သွားသည်။

*ဘာလို့ ဒီမျိုးမစစ်တွေက ငါ့ကို အထင်သေးရတာလဲ*

*ငါက ထန်မိသားစုရဲ့ အထွေထွေ မန်နေဂျာလေ၊ ဘာလို့ သူတို့က ငါ့ကို အထင်သေးရတာလဲ*

“မင်းကိုရယ်တာပေါ့၊ ဘာကြောင့်လဲဆိုတော့ အဓိပ္ပာယ် မရှိလွန်းလို့လေ”

ယန်ချန်ကျစ်က သုန်မှုန်စွာ ပြုံးလိုက်ပြီး မျက်လုံး၌ လှောင်ရိပ်များ သန်းလာကာ သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။

“ရယ်ရတယ် ဟုတ်လား”

စုန့်ကျစ်ယွင် လုံးဝ ဒေါသထွက်သွားပြီး ပြန်အော်လိုက်သည်။

“ငါက ထန်မိသားစုရဲ့ အထွေထွေ မန်နေဂျာပဲ၊ မင်းတို့က ဒါကို အဓိပ္ပာယ် မရှိဘူး ထင်နေတာလား”

သူ၏နောက်ခံကို ထုတ်ပြောခြင်းက ထိုသူနှစ်ယောက်ကို ကြောက်လန့်တကြား ဒူးထောက်သွားစေမည်ဟု သူ ထင်ခဲ့သည်။ ပုံမှန်အားဖြင့် သူသည် ထန်မိသားစု၏ အမည်ကို ထပ်ခါထပ်ခါ အသုံးချဖူးသည်။ မထင်မှတ်ထားဘဲ ထိုသူနှစ်ယောက်က ပို၍ကျယ်လောင်စွာ ရယ်မောလာ၏။

“ထန်မိသားစုရဲ့ အထွေထွေ မန်နေဂျာ ဟုတ်လား၊ အဲ့ဒါ မင်းနောက်ခံလား”

ထုံယန်ရှန့်သည် ရယ်ရလွန်းသဖြင့် စကားပင် ပီအောင် မပြောနိုင်ပေ။

“မင်းက ထန်မိသားစုရဲ့ မျိုးဆက်ဆိုရင် ငါ မင်းကို ကြောက်ချင်ကြောက်ဦးမယ်၊ ဘာမဟုတ်တဲ့ မန်နေဂျာလေးက ဘာတွေများ စောက်ရေးပါနေလို့လဲ”

စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေသည်။

*သူတို့က ဘာပြောချင်တာလဲ*

*စုန့်ကျစ်ယင်က သူ့နောက်ခံကို ထုတ်ပြောတာတောင် သူတို့က လန့်မသွားပါလား*

*စုန့်ကျစ်ယွင်ကို ပုရွက်ဆိတ်တစ်ကောင်လို့ သတ်မှတ်နေတဲ့ပုံပဲ*

*သူ့ကို အချိန်မရွေး ဖျစ်သတ်လိုက်လို့ရတဲ့ ပုံနဲ့*

“မင်းက ထန်မိသားစုရဲ့ အထွေထွေ မန်နေဂျာဆိုပင်မယ့် ငါတို့က ဘယ်သူလဲ မင်း သိလား”

ယန်ချန်ကျစ်က သုန်မှုန်စွာ မေးလိုက်သည်။ သူ၏ မျက်လုံးများက သိုးပေါက်ကို ကြည့်နေသော ကျားတစ်ကောင် သဖွယ် ကြမ်းကြုတ်လှသည်။

“မင်းတို့က ဘယ်သူလဲ”

စုန့်ကျစ်ယွင် စိတ်လေးသွားပြီး ရုတ်တရက် မကောင်းသော ခံစားချက်တစ်မျိုး ရလာသည်။

*တစ်ဖက်လူက ဒီလောက် မောက်မာရဲတယ်ဆိုတော့ ကြီးမားတဲ့ နောက်ခံတစ်ခု ရှိမှာပဲ*

“ငါက ယန်မိသားစုက ယန်ချန်ကျစ်”

ယန်ချန်ကျစ်က ဆိုးယုတ်သောအပြုံးဖြင့် သူ့ကိုယ်သူ မိတ်ဆက်လေသည်။ ထိုစကားကြောင့် စုန့်ကျစ်ယွင် ကြက်သီးမွေးညင်း ထသွားသည်။

*ယန်ချန်ကျစ်လား၊ ယန်မိသားစုရဲ့ အဲ့အနိုင်ကျင့်တတ်တဲ့ကောင်လား*

သူ့ပုံစံကို ထည့်မတွက်ဘဲ ထားလိုက်လျင် သူသည် ထန်မိသားစု၏ ခွေးတစ်ကောင်မျှသာ ဖြစ်သည်။ သို့သော် ယန်ချန်ကျစ်မှာမူ ယန်မိသားစု၏ သခင်လေး ဖြစ်သည်။ ထန်မိသားစုက ခွေးတစ်ကောင်အတွက်နှင့် ယန်မိသားစုကို ရန်စပါမည်လား။ ထိုသို့လုပ်မည်ဟု သူ မထင်ပါ။

“ပြီးတော့ သူက …”

ယန်ချန်ကျစ်က ထုံယန်ရှန့်ကို လက်ညှိုးထိုး၍ ပြုံးကာ ပြောလေသည်။

“ထုံမိသားစုက ထုံယန်ရှန့်”

“ဟာ…”

စုန့်ကျစ်ယွင် ကြောက်လန့်သော မျက်နှာထားဖြင့် နောက်သို့ အသည်းအသန် ဆုတ်လိုက်မိသည်။

*ဒါဆို ငါက ယန်ချန်ကျစ်ရော ထုံယန်ရှန့်ကိုပါ ရန်စလိုက်မိတာလား*

*သွားပြီ၊ ငါတော့ သေပြီ*

ထိုအခိုက်တွင် သူ့မျက်နှာက သေမတတ် ဖြူရော်နေပြီး ယခင်ကဲ့သို့ မတက်ကြွတော့ဘဲ ငြိမ်ကျသွားသည်။

“မင်း ဘာလို့ ထပ်မပြောတော့တာလဲ၊ ခုနလေးတင် ငါတို့ကို နှင်ထုတ်နေတာ မဟုတ်ဘူးလား၊ ဘာလို့ အခု ငုံးတစ်ကောင်လို ဖြစ်နေတာလဲ’

ထုံယန်ရှန့်က ဝိုင်နီတစ်ပုလင်းကို ကိုင်၍ ပြုံးကာ လှမ်းလာသည်။ စုန့်ကျစ်ယွင် တုန်ယင်ကာ ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

“မိန်းမလှလေးကို ကယ်တဲ့ သူရဲကောင်း ဖြစ်ချင်နေတာလား၊ ငါ မင်းအတွက် ဘယ်လို လုပ်ပေးရမလဲ”

ရုတ်တရက် ထုံယန်ရှန့်၏ မျက်လုံးက ခက်ထန်လာပြီး လက်ထဲမှ ဝိုင်နီပုလင်းကို မြှောက်လိုက်သည်။

“ခွမ်း”

ဝိုင်ပုလင်း ကွဲသွားသလို စုန့်ကျစ်ယွင်လည်း ခေါင်းကွဲသွားလေသည်။

“အား”

သူ အော်ဟစ်ရင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ့ခေါင်းမှ သွေးများ စိမ့်ထွက်လာပြီး အချိန်အတော်ကြာ တွားမသွားနိုင် ဖြစ်သွားလေသည်။

“ကိုယ့်ကိုယ်ကိုယ် ဆရာကြီးယောင် ဆောင်တယ်ပေါ့၊ တယ်ဟုတ်ပါလား”

ယန်ချန်ကျစ်ကလည်း နောက်ကလိုက်လာပြီး စီးထားသော လည်သာဖိနပ်ဖြင့် စုန့်ကျစ်ယွင်၏ မျက်နှာကို ပိတ်ကန်လေသည်။ အုန်းခနဲအသံနှင့်အတူ နှာခေါင်းသွေးယိုလာ၏။

သူတို့သည် အလွန် အထက်စီးဆန်၍ ရက်စက်ကြမ်းတမ်းလှသည်။ လက်ရှိတွင် လူတိုင်း ခေါင်းမွေးထောင် နေကြသည်။

*အချိန်ကြာသွားတာတောင် ဒီနတ်ဆိုးနှစ်ကောင်က ပိုရက်စက်လာပါလား*

“ကျွန်တော့်ကို မရိုက်ပါနဲ့၊ ကျွန်တော် မှားမှန်းသိပါပြီ”

စုန့်ကျစ်ယွင်သည် ချက်ချင်း နှာခေါင်းကိုအုပ်၍ သူတို့နှစ်ယောက်ကို တောင်းပန်လေသည်။

“ဟ … မင်းက သူရဲကောင်း မဟုတ်ဘူးလား”

ထုံယန်ရှန့်က ပျက်ရယ်ပြု၍ စုန့်ကျစ်ယွင်အား လက်ပြန်ရိုက်ချလိုက်သည်။

“ဒီကောင်မလေးကို မင်း ကယ်နိုင်လို့လား”

စုန့်ကျစ်ယွင်၏ ညာဘက် မျက်နှာတစ်ချက်လုံး လျင်မြန်စွာ ယောင်ကိုင်းလာပြီး သွားကျွတ်လာသည်။

“မကယ်နိုင်ပါဘူး၊ ကျွန်တော် မကယ်နိုင်ပါဘူး”

စုန့်ကျစ်ယွင်သည် မျက်နှာကိုအုပ်၍ ခေါင်းခါပြလိုက်သည်။ လက်ရှိတွင် သူ့ကိုယ်သူတောင် မကာကွယ်နိုင်သဖြင့် ကျုံးလီအာကို သူ မည်သို့ ဂရုစိုက်နိုင်မည်နည်း။

“သွားလိုက်တော့ သုံးစားမရတဲ့ကောင်”

ယန်ချန်ကျစ်က စုန့်ကျစ်ယွင်အား ကန်ထုတ်လိုက်သည်။ ထို့နောက် သူက လူတိုင်းကို ဝေ့ကြည့်၍ ရန်လိုသော အကြည့်ဖြင့် အော်ငေါက်လိုက်သည်။

“ဘယ်သူက ဝင်ပါပြီး စပ်စုချင်သေးလဲ၊ ရှိရင် ငါ့ရှေ့ ထွက်လာခဲ့”

All Chapters