← Chapters

အခန်း ၁၁၁၆

Vol. 75 Ch. 1116

အခန်း ၁၁၁၆

Vol. 75 Ch. 1116

Chapter 1116 ယင်းကွေ

ဝုန်း! ဝုန်း! ဝုန်း!

ယဲ့မိသားစု၏ ဘိုးဘွားသုသာန်မြေ၌ ယဲ့ဖန်ထံမှ ထွက်ပေါ်လာသော နတ်ဆိုးချီမျှင်စုများက ဟာရီကိန်း မုန်တိုင်းသဖွယ် ဘေးပတ်ဝန်းကျင်အား ရှင်းလင်း ဖျက်ဆီးနေ၏။

အုတ်ဂူများ ပျက်စီးကာ အုတ်အပိုင်းအစများ လွင့်ပျံနေသည်။ ယဲ့မိသားစု၏ ဘိုးဘွား သုသာန်မြေတစ်ခုလုံး သားရဲတစ်ကောင်၏ ဝင်မွှေခြင်း ခံရသကဲ့သို့ ရှုပ်ပွနေလေသည်။

တစ်ချိန်တည်းမှာပင် ယဲ့မိသားစု၏ ဘိုးဘွား သုသာန်မြေနှင့် တစ်မိုင်အကွာ၌ အဘွားအိုတစ်ယောက် ရုတ်တရပ် တန့်ခနဲ ဖြစ်သွားသည်။

ထိုအဘွားအိုသည် တစ်ကိုယ်လုံး အမာရွတ်များနှင့် ပြည့်နှက်နေပြီး နတ်ဆိုး အငွေ့အသက်များ ထွက်ပေါ် နေသည်။ သူမထက်ထဲ၌ လူ့ဦးခေါင်းခွံဖြင့် လုပ်ထားသော တုတ်တစ်ချောင်းကို ကိုင်ထားလေသည်။

ထိုအခိုက်တွင် သူမသည် ရှေးဟောင်း သားရဲတစ်ကောင် ပြန်ရှင်လာသကဲ့သို့ အော်ဟစ်သံနှင့် ပျံ့လွင့်လာသော နတ်ဆိုးချီမျှင်စု စွမ်းအင်ကို ခံစားမိသွားသည်။

“ဒါ ယဲ့မိသားစုရဲ့ ဘိုးဘွား သုသာန်မြေက ထွက်လာတာလား”

အဘွားအို မျက်ခုံးလှုပ်သွားပြီး မျက်နှာ သုန်မှုန်လာသည်။

*ယဲ့မိသားစုမှာ ဘယ်တုန်းက ဒီလို ကြောက်စရာကောင်းတဲ့လူမျိုး ပေါ်လာတာလဲ*

သူမ ယဲ့မိသားစု၏ ဘိုးဘွား သုသာန်မြေသို့ အလျင်အမြန် ဦးတည်လိုက်သည်။ သို့သော် ယဲ့မိသားစု၏ ဘိုးဘွား သုသာန်မြေနားသို့ သူမ ရောက်လာ‌သောအခါ ထိတ်လန့်သွားရသည်။

သားရဲတစ်ကောင် ဝင်မွှေသွားသကဲ့သို့ သို့မဟုတ် နတ်ဆိုးတစ်ကောင် တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ မြေကြီးပေါ်၌ ရှုပ်ပွနေပြီး ကျိုးပဲ့နေသော ကျောက်တုံး အပိုင်းအစများနှင့် ပျက်စီးနေသော အုတ်ဂူများကို သူမ တွေ့လိုက်ရသည်။

ထို့အပြင် ယိုယွင်းပျက်စီးနေသော အုတ်ဂူတစ်ခုရှေ့၌ လူတစ်ယောက် ရပ်နေသည်ကို အဘွားအို မြင်လိုက်ရ လေသည်။ ထိုသူမှာ ယဲ့ဖန်ပင်။

ထိုအခိုက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အလွန် ရက်စက်ပြင်းထန်သော အရှိန်အဝါမျိုး ခံစားလိုက်ရသဖြင့် အဘွားအို ခေါင်းမွေးထောင်သွားရသည်။ အဘွားအိုသည် မသိစိတ်၏ လှုံ့ဆော်မှုအရ လက်ထဲမှ လူ့ဦးခွံတုတ်ကို ဖျစ်ညှစ်လိုက်မိပြီး သတိဖြင့် ပြောလိုက်သည်။

“ကောင်လေး မင်းက ယဲ့မိသားစုကလည်း”

ထိုအသံသည် အက်ကွဲနေပြီး တစ္ဆေတစ်ကောင်၏ အော်သံဟူပင် ထင်မှတ်ရပြီး သာယာနာပျော်ဖွယ် မရှိပေ။ ယဲ့ဖန် တုံ့ခနဲ ဖြစ်သွားပြီးနောက် နောက်လှည့်ကာ မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် အေးစက်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး၊ ငါက ယဲ့မိသားစုရဲ့ ရန်သူပဲ”

“ယဲ့မိသားစုရဲ့ ရန်သူလား”

အဘွားအိုသည် ပထမ၌ မှင်တက်သွားလေသည်။ ထို့နောက် ယဲ့ဖန်၏ ထူးဆန်းသော မျက်နှာ အမူအရာကို ကြည့်ပြီး စိတ်အေးသွားရသည်။

ယဲ့မိသားစု၏ မျိုးဆက်စာရင်းနှင့် မိသားစုဝင်များ၏ မျက်နှာများကို အဘွားအို အချိန်အတော်ကြာစဉ်ကတည်းက မှတ်မိပြီးသား ဖြစ်သည်။ ယခု မြင်နေရသော ယဲ့ဖန်က ထိုစာရင်း၌ မပါပေ။

“ဒီလိုဆိုရင်တော့ ငါတို့ မိတ်ဆွေ ဖြစ်နိုင်တယ်”

အဘွားအိုက သက်ပြင်းအသာချ၍ ရှုပ်ပွနေသော သုသာန်ကို တစ်ချက် ကြည့်လေသည်။ ယဲ့ဖန် မျက်မှောင်ကြုတ် သွားသည်။

“ခင်ဗျားကလည်း ယဲ့မိသားစုနဲ့ ရန်ကြွေး ရှိတာလား”

“ငါ့ သခင်မလေးနဲ့ သခင်လေး နှစ်ယောက်လုံးက ယဲ့မိသားစုဝင်တွေရဲ့ သတ်တာကို ခံရပြီးတော့ ဒီမှာ သေသွားတာ၊ ဒါဆိုရင်ရော မင်း ဘာပြောမလဲ”

အဘွားအိုက တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် ထိုတည်ငြိမ်မှု၏ နောက်ကွယ်၌ အမုန်းတရားအား ဖိနှိပ်ထား နေရသည်။

တစ်ချိန်က သူမ၏ သခင်မလေးနှင့် သခင်လေးတို့သည် နဂါးမြို့တော်မှ ယဲ့မိသားစု၏ သတ်ဖြတ်ခြင်း ခံရသဖြင့် သူမမနှင့် သူမခင်ပွန်းတို့အား ရှင်းပြချက် တောင်းဆိုရန် လာခဲ့သည်။ ထို့နောက် နှစ်ယောက်လုံး သေသည်အထိ နှိပ်စက်ခံခဲ့ရသည်။

သူမခင်ပွန်းသည် တစ်စစီ ခုတ်ထစ်ခံရပြီး ခွေးစာအဖြစ် အကျွေးခံလိုက်ရသည်။ သူမသည်လည်း ရှိသမျှ နည်းလမ်း ပေါင်းစုံတို့ဖြင့် စော်ကားနှိပ်စက်ခြင်း ခံရကာ လည်မျို အလှီးခံလိုက်ရပြီးနောက် သူမ အလောင်းအား တောနက်ထဲ၌ စွန့်ပစ်ခြင်း ခံလိုက်ရသည်။

နတ်ဘုရားက သူမဘက် ငဲ့ကြည့်သဖြင့် ကံကောင်းထောက်မစွာ အသက်ရှင်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။ ယခု သူမသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော တစ္ဆေတစ်ကောင်သဖွယ် ဖြစ်လာပြီး ယဲ့မိသားစုဝင် အားလုံးကို သတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။

ဤနှစ်များအတွင်း ယဲ့မိသားစု၏ မိသားစု အခွဲတစ်ခုပြီး တစ်ခုကို သူမ ရှင်းလင်းခဲ့သည်။ ယခုတစ်ခေါက်၌ သူမက ဖျင်အန်းမြို့မှ ယဲ့မိသားစုကို သတ်ရန် လာခြင်း ဖြစ်လေသည်။

အဘွားအို၏ အကြည့်ကိုမြင်ပြီးနောက် လိမ်နေခြင်း မဟုတ်ကြောင်း ယဲ့ဖန် သိလိုက်သဖြင့် ချက်ချင်း ခေါင်းညိတ် လိုက်သည်။

“ကျုပ်အမေလည်း ယဲ့မိသားစု သတ်တာကို ခံလိုက်ရတာ”

“ယဲ့မိသားစုရဲ့ ရက်စက်မှုက ပြောမပြတတ်အောင်ပဲ”

အဘွားအိုက ရုတ်တရက် အပြစ်ဖော် ပြောဆိုလိုက်ပြီးနောက် မျက်နှာထား တင်းမာလာသည်။

“အဲ့ခွေးမသားတွေ ဘယ်မှာလဲ၊ ငါ ဒီနေ့ သေသွားတဲ့ သခင်လေးနဲ့ သခင်မလေးအတွက် လက်စားချေဖို့ သူတို့ကို သတ်ဖို့လာတာ”

သူမသည် သေလုမျောပါး လူအဖြစ်မှ ခွန်အား ပြန်ရရန် တစ်ဆင့်ခြင်း ကြိုးစားခဲ့ရသည်။ ယနေ့အချိန်အထိ သူမ ယဲ့မိသားစုဝင် အယောက် ရှစ်ဆယ်ကို သတ်ခဲ့ပြီးလေပြီ။

“သေပြီ”

ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။

“သေပြီလား”

အဘွားအို အံ့ဩသွားသည်။

“ကျုပ် သတ်လိုက်ပြီ”

“မင်းကလား”

အဘွားအို ထိတ်လန့်သွားသည်။ ယဲ့မိသားစု အခွဲလေးတစ်ခု ဖြစ်သော်လည်း မိသားစုတွင်းအင်အားကို လျှော့တွက်၍ မရပေ။

*သူက ယဲ့မိသားစု အိမ်တော်ကို တစ်ယောက်တည်း သတ်လိုက်တာလား*

*ယဲ့မိသားစုရဲ့ သုသာန်မြေ ပျက်စီးသွားတာကို ငါ မအံ့ဩတော့ဘူး*

“ကောင်းပြီလေ၊ သူရဲကောင်းဆိုတာ လူငယ်တွေထဲက ထွက်လာစမြဲပါပဲ”

အဘွားအိုက ယဲ့ဖန်ကို လက်မထောင်ပြလေပြီး အလွန် ပျော်ရွှင်စွာ ပြောလေသည်။

“အစက ငါ လက်စားချေချင်နေခဲ့တာ၊ မင်းက တစ်လှမ်းကြိုဦးသွားမယ်လို့ ငါ ထင်မထားမိဘူး၊ ရလဒ်က အံ့ဩစရာပဲ”

“ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ”

“ယဲ့ဖန်”

“ကောင်းပြီ၊ ယဲ့ဖန် မင်းက ယဲ့မိသားစု တစ်ခုလုံးကို သတ်ပစ်လိုက်တာဆိုတော့၊ နောက်ပိုင်း ငါ ယင်းကွေရဲ့ အကူအညီ လိုလာရင် ပြောသာပြော”

အဘွားအိုက ယဲ့ဖန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လေသည်။ သူမသည် ယခင်နာမည်ကို စွန့်လွှတ်ခဲ့ပြီး ယခု ယင်းကွေဟု ကိုယ့်ကိုယ်ကိုယ် ခေါ်လေသည်။

“ကျေးဇူး အများကြီး တင်ပါတယ်”

အကြောင်းအရာတစ်ချို့ကြောင့် ဤအဘွားအိုထံမှ မဖော်ပြနိုင်လောက်သော ကြင်နာမှုမျိုးကို ယဲ့ဖန် ခံစားနေရသည်။ ထို့ကြောင့် သူမစကားကို မငြင်းဆန်မိပေ။

“ဒါဆိုလည်း နောက်မှ ပြန်တွေ့ကြတာပေါ့၊ ငါ ယဲ့မိသားစုက တခြား တိရစ္ဆာန်ကောင်တွေကို ရှာရဦးမယ်၊ ငါနဲ့ သူတို့နဲ့ ရှင်းစရာ အကြွေးတွေ ရှိသေးတယ်”

ထိုသို့ပြောပြီးနောက် အဘွားအိုသည် နေရာမှ ပျောက်ကွယ်သွားလေတော့သည်။

“ယင်းကွေ”

ယဲ့ဖန် တစ်ဒင်္ဂမျှ စဉ်းစားနေပြီးနောက် ပြုံးလိုက်သည်။

“စိတ်ဝင်စားစရာတော့ ကောင်းသားပဲ”

…

ထိုည၌ ဘာမှဖြစ်ပျက်ခြင်း မရှိပေ။ နောက်တစ်နေ့ မနက် စောစော၌ ယဲ့ဖန်သည် ဖျင်ယန်တောင်ပေါ်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။ ယခုတစ်ခေါက်တွင် ထျဲမူထားအား မခေါ်သွားတော့ဘဲ ဟိုတယ်၌သာ နေခိုင်းခဲ့သည်။

“အိမ်တွေရောင်းတာ ဘယ်လို အခြေအနေ ရှိလဲ မသိဘူး”

ယဲ့ဖန်သည် ဖျင်ယန်တောင်ပေါ်ရှိ အိမ်ရာဝင်းမှ အိမ်များထဲတွင် သူ့အတွက် အိမ်တစ်လုံး၊ ကျုံးမိသားစုနှင့် အခြားသူများအတွက် အိမ်များ ချန်ထားပြီး ကျန်အိမ်များကို ရောင်းချရန် စီစဉ်ထားသည်။

သူ့အတွက် ယန်နယ်မြေမှ ဆေးပင်များဖြစ်စေ၊ ရှေးဟောင်းရတနာများ ဖြစ်စေ၊ ၎င်းတို့ကို ဝယ်ယူရန် အလွန် ဈေးကြီးလွန်းနေ၏။

လင်းမိသားစုနှင့် ယဲ့မိသားစုကို ဖျက်ဆီးလိုက်ပြီးနောက် ရရှိလာသော ပိုင်ဆိုင်မှုများသည် သူ၏ လက်စားချေခြင်း လမ်းကြောင်းအား ထောက်ပံ့နိုင်ရန် မလုံလောက်သေးပေ။

ယဲ့ဖန်သည် ယဲ့မိသားစု၏ ဘိုးဘွား သုသာန်မြေမှ ထွက်လာပြီးနောက် ကျုံးမိသားစု၏ စားသောက်ဆိုင်သို့ မပြန်ဘဲ ဖျင်ယန်တောင်ပေါ်သို့ တန်း၍ ဦးတည်သွားလိုက်သည်။

ဖျင်ယန်တောင်၏ အရောင်းပြခန်း၌ ရှုပ်ယှက်ခက်၍ စူးခနဲ အော်သံများနှင့် ပြည့်နှက်နေပြီး အုတ်အော် သောင်းတင်း ဖြစ်နေ၏။

“မဖျက်ဆီးပါနဲ့ မဒမ်၊ ကျွန်မ ရှင့်ကို တောင်းပန်ပြီးပါပြီ၊ ကျေးဇူးပြုပြီး ရှင့်လူတွေကို ရပ်ခိုင်းလိုက်ပါ”

လှပသော အရောင်းသမလေးက လက်ရှိတွင် ငိုယိုနေသည်။ သူမမျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်နေ၏။

“ခွေးမ နင်ကများ ငါ့ကို အထင်သေးရဲတာလား၊ ဒါ နင့်ခွေးမျက်လုံးရဲ့ အဆုံးသတ်ပဲ”

လူလတ်ပိုင်းအရွယ် အမျိုးသမီးက စူးရှစွာ အော်ဟစ်နေ၏။ သူမ၏မျက်နှာတွင် မိတ်ကပ်များ ထူလပျစ် လိမ်းကျံထားပြီး အဝတ်အစားများက အနည်းငယ် ပါးသဖြင့် ဖုန်းဆက်ခေါ်နိုင်သော ပြည့်တန်ဆာနှင့်တောင် တူနေသေးသည်။

“မဒမ် ကျွန်မ ရှင့်ကို အထင်မသေးပါဘူး၊ ကျွန်မ ခြေထောက်တွေ ကျဉ်နေလို့ ကျွန်မအစား အခြားတစ်ယောက်ကို ရှင့်အတွက် အိမ်လိုက်ပြပေးပါလိမ့်မယ်လို့ပဲ ပြောတာပါ”

အရောင်းသမလေးက ရှင်းပြလေသည်။ ယနေ့ လူပေါင်းများစွာ အိမ်များ လာကြည့်ကြသည်။ သို့သော် အိမ်တစ်လုံးပြီး တစ်လုံး လိုက်ကြည့်သော်လည်း မဝယ်ကြချေ။

သို့သော် သူမသည် ဟိုဒီပြေး၍ သော့ပေါင်းစုံကိုင်ကာ လိုက်ပြရပြီး သူမက ဒေါက်မြင့်ဖိနပ် စီးထားမိသည်။ သူမ လုံးဝ ခြေမလှမ်းနိုင်လောက်အောင် နာကျင်လာသည်။ ထို့ကြောင့် သူမက လူပြောင်း၍ ဧည့်သည်များကို အိမ်လိုက်ပြ ခိုင်းရသည်။ သို့သော် ဤသည်ကို ထိုအမျိုးသမီးက စိတ်ပျက်ပြီး ရန်ရှာနေခြင်း ဖြစ်သည်။

“မဟုတ်တမ်းတရားတွေ ပြောမနေနဲ့၊ နင့်သူဌေးကို ငါ့လာတွေ့ခိုင်းလိုက်”

အမျိုးသမီးမှာ အလွန် မောက်မာလှပြီး ယနေ့ သူမတို့၏ လုပ်ရပ်က တမင်တကာ လုပ်သော လုပ်ရပ်သာ ဖြစ်သည်။ အရောင်းဝန်ထမ်းနှင့် ရန်ဖြစ်ခြင်းက ဤအိမ်ရာဝင်း၏ ပိုင်ရှင်အား ထွက်လာစေရန် ဖိအား ပေးခြင်းထက် မပိုချေ။

“ကျွန်မတို့ သူဌေးက ထူးခြားတဲ့ အဆင့်အတန်း ရှိတဲ့လူပါ၊ မဒမ်တို့ ဘာလို့များ တွေ့ချင်တာလဲ”

“ခင်ဗျားတို့ ဒီမှာ ပြဿနာ မရှာဖို့ ကျွန်တော် အကြံပေးချင်တယ်၊ ဒီနေရာရဲ့ နောက်ကွယ်မှာ ဖျင်အန်းမြို့ရဲ့ ထန်မိသားစု ရှိတာဗျ”

အမျိုးသား ဝန်ထမ်းတစ်ယောက်က သည်းမခံနိုင်တော့သဖြင့် ဝင်ဟောက်လေသည်။ ဖျင်အန်းမြို့က ထန်မိသားစုနာမည်ကို ထုတ်ပြောလိုက်သည်နှင့် ငြိမ်သွားလိမ့်မည်ဟု သူ ထင်ထားမိသည်။

“ဖျင်အန်းမြို့ရဲ့ ထန်မိသားစု ဟုတ်လား၊ အဲ့တော့ ဘာဖြစ်လဲ”

အမျိုးသမီးက ခက်ထန်စွာ ပြုံး၍ ဘေးနားမှ ဗလတောင့်တောင့်နှင့် အမျိုးသားကို မျက်ရိပ်ပြလိုက်သည်။ ထိုအမျိုးသားက အပြုံးကြီး ပြုံး၍ ချက်ချင်း ရှေ့တက်ကာ ထိုအမျိုးသား ဝန်ထမ်း၏ လည်ပင်းကိုညှစ်၍ လိမ်ချိုးလိုက်သည်။

“ဂျွတ်”

*နေရာမှာတင် သတ်ပစ်လိုက်တာလား*

*ရက်စက်လိုက်တာ*

*တကယ် သတ် … သတ်ပစ်လိုက်တာလား*

ဝန်ထမ်းများနှင့် ဝယ်သူများအားလုံး သေမတတ် ကြောက်လန့်သွားကြသည်။ ဤအိမ်ရာဝင်း၏ နောက်ကွယ်၌ ဖျင်အန်းမြို့၏ ထန်မိသားစု ရှိနေသည်ကို သိနေတာတောင်မှ ဤလူများက အလွန်အကျွံ ပြုမူရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

*စကားလေး တစ်ခွန်းအတွက်နဲ့ တန်းသတ်ပစ်လိုက်တယ်လား*

*လူသားဆန်တဲ့ စိတ်တွေ ပျောက်ဆုံးနေပြီလား*

“ငါ့ကို မဟုတ်တမ်းတရားတွေ လာမပြောနဲ့လို့ ပြောထားတယ်မလား၊ နင့်သူဌေးကို ထွက်လာခိုင်းလိုက်”

အမျိုးသမီးက စိတ်မရှည်ဖြစ်ကာ အလွန်မောက်မာဟန်ဖြင့် ပြောလာသည်.

“မဟုတ်လို့ကတော့ အခုကစပြီး တစ်မိနစ်တိုင်း လူတစ်ယောက် သတ်သွားမယ်”

“နင့်သူဌေး ထွက်မလာမချင်းပေါ့”

ဝန်ထမ်းများ ရုတ်တရက် ကြက်သီးထကာ ကြောက်လန့်၍ ငိုချင်စိတ်ပင် ပေါက်လာသည်။ ယဲ့ဖန်၏ မျက်နှာကိုတောင် သူတို့ မမြင်ဖူးသဖြင့် ဘယ်လိုလုပ် သူ့ထံ ဆက်သွယ်နိုင်ပါမည်နည်း။

“နင်နဲ့စမယ်”

ထိုအမျိုးသမီးသည် ရုတ်ချည်းဆိုသလို အရောင်းသမလေးအား လက်ညှိုးထိုးလိုက်ပြီး အဆီတက်၍ မသတီစရာ ကောင်းသော မျက်နှာဖြင့် ကြည့်နေသည်။ သူမထက် ပိုငယ်၍ ပိုလှသော မိန်းကလေးများကို သူမ အမုန်းဆုံးပင်။

ထို့ကြောင့် ဤအရောင်းသမလေး သေကိုသေရမည်။ ထိုအရောင်းသမလေးသည် ရုတ်တရက် နောက်လှည့်၍ ထွက်ပြေးလေသည်။ သူမ မျက်နှာ ပြာနှမ်းနေ၏။ သူမ မျက်ရည်လည်ရွဲနှင့် ချောက်ချားနေသည်။

အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေရင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရလိမ့်မည်ဟု သူမ ထင်မထားမိပါ။

“အွတ်”

တစ်ခဏအတွင်းမှာပင် သူမသည် ဗလတောင့်တောင့်နှင့်လူ၏ လည်ပင်းညှစ်ခြင်း ခံရကာ လေပေါ် မြောက်တက် သွားသည်။ ထိုဗလတောင့်တောင့်နှင့်လူက သရော်လေသည်။

“ထွက်ပြေးမလို့လား၊ မင်းက ထွက်ပြေးနိုင်လို့လား”

ထူးဆန်းသော အသံတစ်သံနှင့်အတူ အရောင်းသမလေး လက်တစ်ဖက် ပြုတ်ထွက်သွားသည်။

“အား…”

ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံက အရောင်းခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။ အပြစ်မရှိသော ထိုအမျိုးသမီးလေးသည် ဝေဒနာကြောင့် ကြမ်းပြင်ပေါ် လူးလိမ့်နေပြီး ကြမ်းပြင်တစ်ခုလုံး သွေးရောင် လွှမ်းနေ၏။

သူမ နာကျင်နေသည်။ သူမ မတရားခံနေရသည်။ အဘယ်ကြောင့် သူမ ဤသို့ကံဆိုးမှုမျိုးနှင့် ကြုံရသနည်း။ သူမ ဘာအမှားများ လုပ်ထားခဲ့မိသလဲ။

“ခွေးမ သူ့ကို သတ်လိုက်၊ ဒါမှ သူဌေး ထွက်လာဖို့ ဖိအားပေးနိုင်မှာ”

အမျိုးသမီးက ခက်ထန်စွာပြုံးနေပြီး သူ့မျက်လုံး၌ ဝမ်းသာရိပ်များ စွန်းထင်းနေ၏။ သူမ၏ ရက်စက်သော စကားကြောင့် ဗလတောင့်တောင့်နှင့်လူက အားပါးတရ ပြုံးလိုက်သည်။

“ကောင်းပြီ”

“ကောင်မလေး မင်း သေလိုက်တော့”

ထိုသို့ပြောပြီး ဗလတောင့်တောင့်နှင့် အမျိုးသားက အရောင်းသမထံ တိုးလာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ထိုဗလတောင့်တောင့်နှင့် လူ၏ အနောက်ဘက်မှ ပို၍ ရက်စက်ကာ နတ်ဆိုးဆန်၍ သတ်ဖြတ်လိုစိတ် ပိုပြင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

“သူ မသေဘူး၊ မင်း သေရမှာ”

All Chapters