← Chapters

အခန်း ၁၁၁၈

Vol. 75 Ch. 1118

အခန်း ၁၁၁၈

Vol. 75 Ch. 1118

Chapter 1118 ဝမ် ... ဝမ်အာလား

*ချက်ချင်း သတ်လိုက်တာလား*

*သိုင်းပညာရှင် ဆယ်ယောက်ကျော်ကို ချက်ချင်း သတ်ပစ်လိုက်တာလား*

*ဘာတွေဖြစ်သွားတာလဲ*

*နောက်ဆုံး ဘာတွေ ဖြစ်သွားတာလဲ*

သူတို့ နောက်သို့ အသည်းအသန် ဆုတ်လိုက်မိပြီး ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြောက်လန့်တကြား ကြည့်နေကြသည်။

“နင်”

ကျောက်ယင်းရင် မျက်နှာဖြူရော်သွားပြီး သူမ၏စိတ်သည်လည်း အောက်ခြေအထိ ထိုးကျသွားကာ ကြက်သီး ထလာလေသည်။

ထိုသိုင်းပညာရှင်များထဲမှ အားအနည်းသူပင် အဆင့်ငါး ရွှေရောင်ခန္ဓာကိုယ်အဆင့် ရှိသည်။ သို့သော် သူမအရှေ့မှ လူက ထိုသူများအား ကြက်များကို သတ်သကဲ့သို့ အသာလေး သတ်ပစ်လိုက်သည် မဟုတ်ပါတကား။

“အရူး”

“နင် ရူးနေတာ”

ကျောက်ယင်းရင် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လာသည်။

*ဒီကောင် … သူ နဂါးမြို့တော် ယဲ့မိသားစုက လူတွေကို တကယ် သတ်ရဲတာပါလား*

*ရူးတာမှ သွပ်သွပ်ခါအောင် ရူးနေပြီ*

သို့သော် တစ်ခဏအတွင်းမှာပင် ကျောက်ယင်းရင်၏ မျက်နှာ၌ အလွန် မကျေမချမ်း ဖြစ်ဟန်များ ထွက်ပေါ် လာသည်။

“နင် ယဲ့မိသားစုက သိုင်းပညာရှင်တွေ အများကြီးကို သတ်ခဲ့မှတော့ နင့်ကို သတ်လိုက်ရုံနဲ့တင် မလုံလောက် တော့ဘူး”

“နင့်သူငယ်ချင်းတွေ၊ နင့်မိသားစုတွေ၊ နင့်လုပ်ဖော်ကိုင်ဖက်တွေအပြင် နင်နဲ့ ပတ်သက်သမျှ လူအားလုံး နဂါးမြို့တော်က ယဲ့မိသားစုရဲ့ လက်တုံ့ပြန်တာကို ခံရလိမ့်မယ်”

“နင့်မိန်းမက အသုံးတော်ခံ ဖြစ်လာမယ်၊ နင့်ကလေးတွေက ကျွန်တွေ ဖြစ်လာမှာ၊ မသေမချင်း တစ်ယောက်ပြီး တစ်ယောက် ကျွန်ခံရမယ်၊ ဟားဟားဟား”

“ဒုန်း”

ထိုအချိန်တွင် ပြင်းထန်သော ခြေသံတစ်သံ ထွက်ပေါ်လာပြီးနောက် တောင်တစ်လုံးသဖွယ် မြင့်မားကြံ့ခိုင်သည့် လူတစ်ယောက် ပေါ်လာလေသည်။

ရောက်လာသူသည် တုတ်ခိုင်သန်မာ၍ အရပ် သုံးမီတာမြင့်ကာ သူ၏အရှိန်အဝါက နဂါးတစ်ကောင်၏ အရှိန်အဝါသဖွယ် လူအများအား အလွန် မွန်းကျပ်စေသည့် ဖိနှိပ်မှုမျိုး ပေးစွမ်းလေသည်။

“မိုရှန် သူ့ကို မသတ်နဲ့၊ သူ့ကိုယ်က အရိုးတွေကိုပဲ ချိုးလိုက်၊ ပြီးရင် သူ့ကို တတိယ သခင်လေးဆီ ပြန်ခေါ် သွားရမယ်”

ကျောက်ယင်းရင်က ဆိုးယုတ်စွာ ပြုံးလိုက်သည်။ သူမ ယဲ့ဖန်ကို အလွယ်တကူ သေခွင့် မပေးနိုင်ပါ။

အစားကြူး မိုရှန်၊ ထိုနာမည်ကို ကြားသည်နှင့် ကျန်လူများအားလုံး ထိတ်လန့်သွားကြသည်။ မိုရှန်ဟူသော လူသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော လူဖြစ်သည်။ ပင်ကိုစရိုက်က ခက်ထန်ရက်စက်ပြီး ခွန်အားက ခြယ်လှယ်နိုင် လွန်းသည်။

သူသည် တစ်ချိန်က ထန်ထရစ်ဂိုဏ်းသား ဖြစ်ခဲ့ဖူးသည်။ သို့သော် သူက ထန်ထရစ်ဂိုဏ်း၏ လျှို့ဝှက်သိုင်းကျမ်းကို ခိုးယူသွားသည်။ သူ၏ ဂိုဏ်းတူ ညီအစ်ကိုများက သူ့အကြောင်း သိသွားသဖြင့် ထိုညမှာပင် ဂိုဏ်းတူ ညီအစ်ကိုအစ်မများအား သတ်ဖြတ်ခဲ့ပြီး သူ့အား စောင့်ရှောက်ခဲ့သော ဆရာများကိုပင် အလွတ်မပေးခဲ့ချေ။

ထို့နောက် သူက သူတို့၏ အလောင်းများကို ချက်ပြုတ်ကာ စားသောက်ခဲ့သည်။ ထိုသူများအားလုံးကို စားလိုက်ပြီးနောက် ဂိုဏ်းရှိရာမှ ထွက်လာခဲ့သဖြင့် အစားကြူး မိုရှန်ဟူသော နာမည်ပြောင်ကို ရခဲ့ခြင်း ဖြစ်လေသည်။

သူ၏ ရက်စက်သော အပြုအမူကြောင့် ကျုံးကျိုးအင်ပါယာတောင်မှ သည်းမခံနိုင်သဖြင့် သိုင်းပညာရှင်များ စေလွှတ်ကာ သူ့အား လိုက်လံ ဖမ်းဆီးစေခဲ့သည်။ သို့ရာတွင် သူက အကြိမ်ကြိမ် ပြန်လည် တိုက်ခိုက်နိုင်ခဲ့၏။

ဤမိုရှန်ဟူသော သူ့နာမည်တစ်ခုတည်းနှင့်တင် လူအများအား ကြက်သီးထစေနိုင်သည်ဟု ဆိုရပေမည်။ နဂါးမြို့တော်၏ ယဲ့မိသားစုထံသို့ သူ ရောက်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိသလို ဖျင်အန်းမြို့တွင် ပေါ်လာလိမ့်မည်ဟုလည်း မျှော်လင့်မထားမိပါ။

အစားကြူး မိုရှန်က ယဲ့ဖန်ကို စူးစိုက်ကြည့်ကာ အပြုံးကြီး ပြုံးနေ၏။

“ဘယ်အပိုင်းကို အရင် စားစေချင်လဲ”

သူသည် လူ့အသားအား စားရသည်ကို နှစ်ခြိုက်သည်။ အထူးသဖြင့် အသက်ရှင်နေသေးသည့် လူ၏ အသားကို ပိုကြိုက်လေသည်။ ယဲ့ဖန်က ဘာမှမပြောဘဲ မိုရှန်ထံသို့ လှမ်းလာသည်။ မိုရှန် အံ့ဩသွားပြီးမှ အော်ရယ် လိုက်သည်။

“စိတ်ဝင်စားစရာပဲ၊ ငါ့ကို မကြောက်တာ မင်း တစ်ယောက်ပဲ ရှိတယ်၊ အဲ့တော့ ဆုချတဲ့အနေနဲ့”

သူ၏ အမူအရာက လေးနက်လာပြီး ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလာသည်။

“မင်းရဲ့ ခန္ဓာကိုယ်ကို ငါ ဖြည်းဖြည်းချင်း စားနေတဲ့ပုံကို မင်းကို ကြည့်ခိုင်းထားမယ်”

သူသည် ယဲ့ဖန်အား အချိန်မရွေး သတ်လိုက်နိုင်သော ငါးတစ်ကောင်သဖွယ် သတ်မှတ်ထားသည်။ ယဲ့ဖန်က တိတ်မြဲ တိတ်နေပြီး ဖြည်းဖြည်းချင်း လှမ်းလာသဖြင့် မိုရှန်နှင့် နီးသထက် နီးလာသည်။

“မင်းက မရွေးမှတော့ မင်းအတွက် ငါက ရွေးပေးရတာပေါ့၊ မင်းလက်မောင်းနဲ့ စလိုက်ကြမယ်”

မိုရှန်က ရုတ်တရက် ယဲ့ဖန်၏ လက်မောင်းကို လက်ညှိုးထိုး၍ ဟားတိုက် ရယ်မောလေသည်။ လူတိုင်း ချောက်ချားနေပြီး ယဲ့ဖန်၏ အပြုအမူက နားမလည်နိုင်အောင် ဖြစ်သွားစေသည်။

သာမန်လူများသည် ဤအခြေအနေမျိုးနှင့် ကြုံရပါက အသည်းအသန် ထွက်ပြေးခြင်း၊ သို့မဟုတ် ဒူးထောက်၍ ချမ်းသာပေးရန် တောင်းပန်ခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ သို့သော် ယဲ့ဖန်ကမူ သေတွင်းထဲသို့ ဆင်းသက်ချင် နေပုံရသည်။

“မသွားပါနဲ့”

အရောင်းမလေး မနေနိုင်ဘဲ တားလိုက်မိသည်။ ယဲ့ဖန်က သူမကို ကယ်ထားသဖြင့် ယဲ့ဖန် သေတွင်းထဲ ဆင်းသည်ကို သူမ မကြည့်ရက်ပါ။

“ပါးစပ်ပိတ်ထား ခွေးမ၊၊ သူ သေပြီးရင် နောက်တစ်ယောက်က နင်ပဲ”

ကျောက်ယင်းရင်က မာထန်စွာ အော်ငေါက်ပြီး အရောင်းသမလေးက ခက်ထန်သော အကြည့်များဖြင့် စူးစိုက်ကြည့် လိုက်သည်။ အရောင်းသမလေး ချက်ချင်း မျက်နှာဖြူရော်သွားပြီး ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင် တော့ချေ။

နောက်ဆုံးတွင် ယဲ့ဖန်က မိုရှန်ရှေ့၌ ရပ်နေပြီး သူ့အား မော့ကြည့်လေသည်။ ထိုအကြည့်၌ အထင်သေးခြင်းများ ပါဝင်နေပြီး ဘာမဟုတ်သော ပုရွက်ဆိတ်တစ်ကောင်အား ကြည့်နေသလိုပင်။

“သေချင်နေတာပဲ”

မိုရှန် လုံးဝ ဒေါသူပုန်ထသွားပြီး ယဲ့ဖန်အား လက်သီးဖြင့် အားကုန် ထိုးလေသည်။ ထိုလက်သီးသည် လူတစ်ယောက်၏ ဦးခေါင်းအား ပေါက်ထွက်သွားနိုင်လောက်အောင် အားပြင်းသည်။ အရှင် ရန်တန်းတောင်မှ ဤလက်သီးချက်ကို ခုခံနိုင်မည် မဟုတ်ပါ။

“ဂျွတ်”

အရိုးကျိုးသံ ထွက်ပေါ်လာ၏။ ထိုအသံကြောင့် ကျောက်ယင်းရင်က ထရယ်လေပြီး သူမမျက်နှာ၌ ဂုဏ်ယူဟန်များ ပိုမို ထင်ဟပ်လာသည်။

“ဟဲ့ကောင် နင် ရူးနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလဲ အခုတော့ နင် ဒုက္ခိတဖြစ်ပြီ မဟုတ်လား”

ယဲ့ဖန် အရိုးကျိုးသွားသော မြင်ကွင်းကို သူမ မြင်ယောင်နေ၏။ သူမ လှမ်းကြည့်လိုက်သောအခါ ယဲ့ဖန်က မိုရှန်ဘေးမှ တည်ငြိမ်၍ အထက်စီးဆန်စွာ ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ကျောက်ယင်းရင်၏ အပြုံးမျက်နှာက လုံးဝ အေးခဲသွားသည်။

“ဘုန်း”

အားလုံး၏ ချောက်ချားနေသော အကြည့်အောက်၌ မိုရှန်က ကြမ်းပြင်ပေါ် အရှိန်ဖြင့် လဲကျသွားသည်။ မျက်နှာ ဆွဲစုတ်ခံထားရပြီး မျက်လုံး ကျွတ်ထွက်နေ၏။ ကိုယ်တွင်းအင်္ဂါများလဲ ကြမ်းပြင်ပေါ် ပလဲနေလေသည်။ သူ၏ သေခြင်းက အလွန်ဆိုးရွားလှပေသည်။

“အား…”

ကျောက်ယင်းရင် ရုတ်တရက် ထအော်လိုက်မိပြီး ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။

*မိုရှန် သေသွားပြီလား*

*နာမည်ကြီး အစားကြူးသူကလေ*

*အဆင့်ငါး ဈာန်ဝင်စားခြင်းအဆင့် ရောက်နေတဲ့ သိုင်းပညာရှင်ကလေ*

*အဲ့လိုလူက အော်တောင် မအော်လိုက်နိုင်ပဲ အသတ်ခံလိုက်ရတာလား*

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

သူမသည်သာမက ဘေးနားမှ လူများလည်း မှင်တက်နေကြသည်။

*ဒီကောင်လေး၊ သူက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*

ဖျင်ယန်တောင် အိမ်ရာ၏ ဝန်ထမ်းများအားလုံး ထိတ်လန့် ကြောက်ရွံ့သွားသည်။

*ငါတို့သူဌေးက သန်မာလွန်းတာပဲ*

*ထန်မိသားစု မျက်နှာလုပ်ရတာကို မအံ့ဩတော့ဘူး*

ရုတ်တရက် သူတို့၏ စိတ်ထဲတွင် လေးစားကြည်ညို၍ ဂုဏ်ယူသော စိတ်များ ပေါက်ဖွားလာ၏။ ဤနတ်ဆိုးဘုရင်၏ ကာကွယ်မှုအောက်၌ မည်သူက သူတို့ကို ရန်စရဲမည်နည်း။

“ငါ့ကို မသတ်ပါနဲ့”

ကျောက်ယင်းရင် အော်ဟစ်၍ ထွက်ပြေးလေသည်။ သူမ နောက်လှည့်လိုက်သည်နှင့် လူတစ်ယောက်နှင့် တိုးမိသွားသည်။ ထိုသူသည် အသက်အရွယ်ကောင်း၍ ရဲဝတ်စုံကို ဝတ်ဆင်ထားပြီး သုန်မှုန်သော မျက်နှာထားဖြင့် ရှိနေသည်။

ထိုသူကို မြင်သည်နှင့် ကျောက်ယင်းရင်က အသက်ကယ်နိုင်မည့် ကောက်ရိုးမျှင်တစကို တွေ့လိုက်ရသကဲ့သို့ ဖြစ်ကာ သံကုန်အော်လေသည်။

“ရဲအရာရှိကြီး ကျွန်မကို ကယ်ပါဦး၊ ကျွန်မကို ကယ်ပါ၊ သူ ကျွန်မကို သတ်ချင်နေတယ်”

လူရွယ် ရဲအရာရှိက သူမကို ခနိုးခနဲ့ဟန်ဖြင့် တစ်ချက် ကြည့်လေသည်။ ထို့နောက် သူက ယဲ့ဖန်ကို လှမ်းကြည့် လေသည်။

“လူကြီးမင်း ကျွန်တော်တို့ အဲ့လိုလုပ်ဖို့လိုလို့လား၊ ဒီလိုလူလေးအတွက်နဲ့ ခင်ဗျားလက်ကို မညစ်ပတ်စေသင့်ပါဘူး”

လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*အပြေးရောက်လာတဲ့ ရဲအရာရှိက ယဲ့ဖန်ကို သတ်ဖို့လာတာ မဟုတ်ဘူးလား*

*ဒီလူက ဥပဒေစနစ်ကို လှုပ်ခါအောင် လုပ်မလို့လား*

ကျောက်ယင်းရင်၏ မျက်နှာ ပြာနှမ်းသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ ယဲ့ဖန်က ဘာမှမပြောဘဲ ကျောက်ယင်းရင်ထံသို့သာ လျှောက်လာနေ၏။

“ငါ့ကို မသတ်ပါနဲ့၊ ဒါ တတိယ သခင်လေး ခိုင်းတာပါ၊ ဒါ ငါနဲ့ ဘာမှမဆိုင်ပါဘူး”

ကျောက်ယင်းရင်က ဒူးထောက်ဝပ်တွား၍ ယဲ့ဖန်အား နဖူးနှင့် ကြမ်းပြင်တိုက်ကာ တောင်းပန်လေသည်။

“တတိယ သခင်လေးက ဖျင်ယန်တောင်မျာ ယန်စွမ်းအင် ပေါနေတာကို ကြားသွားလို့ ငါ့ကို သွေးထိုး ရန်စခိုင်း တာပါ”

“ငါ … ငါ နင့်ကို သူဆီ ခေါ်သွားပေးနိုင်တယ်၊ ငါ တကယ် အပြစ်ကင်းပါတယ်၊ ငါ့ကို ချမ်းသာပေးပါ”

“မင်းကို ချမ်းသာပေးရမယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက်”

ယဲ့ဖန်က ကျောက်ယင်းရင်ကို လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလေသည်။ ထိုလက်သည် သေမင်း၏ လက်သည်းများဟု ထင်မှတ်ရပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။

ထိုသို့သောအချိန်၌ လှပသော ပုံရိပ်လေးတစ်ခုက ချက်ချင်း ပြေးဝင်လာ၏။ ထိုလှပသော အရိပ်လေးသည် ကျောက်ယင်းရင် ရှေ့၌ ရပ်လာပြီး ယဲ့ဖန်အား စူးစူးရဲရဲကြည့်ကာ တစ်စက်ကလေးမှ နောက်မဆုတ်ပေ။ ခေါင်းမာသော်လည်း ရဲရင့်လှသည်။

သို့ရာတွင် သူမကို မြင်လိုက်ရသည့်နှင့် ယဲ့ဖန်သည် မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ထို့နောက် ဝိညာဉ်လွင့်သွားသကဲ့သို့ ယဲ့ဖန်က ခပ်တိုးတိုး ရေရွတ်လာ၏။

“ဝမ် … ဝမ်အာလား”

All Chapters