← Chapters

အခန်း ၁၁၂၀

Vol. 75 Ch. 1120

အခန်း ၁၁၂၀

Vol. 75 Ch. 1120

Chapter 1120 စိတ်ဓာတ်ကျနေသော ဝမ်အာ

နောက်တစ်နေ့တွင် အိမ်တော်တစ်ခုအတွင်း၌ ကျုံးဝမ်သည် ပစ္စည်းများ သိမ်းဆည်း၍ ‌ဟွိုင်အန်းမြို့သို့ သူမ၏ မိန်းကလေး သူငယ်ချင်းများ၏ အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ပြင်နေသည်။

ကျုံးကျိုး အင်ပါယာ၏ အနုပညာလောကမှ သူမ ယာယီ အနားယူားသော်လည်း သူမ သူငယ်ချင်း၏ အထိမ်းအမှတ်ပွဲသို့ သူမ သွားချင်ပါသေးသည်။ တစ်ဖက်ကလည်း သူမကို ဖိတ်စာများ ပို့ပို့နေသဖြင့် ငြင်းရခက် ပေသည်။

ကျုံးဝမ် တံခါးဖွင့်လိုက်သောအခါ သူမအိမ်ရှေ့၌ လူငယ်တစ်ယောက်က နှင်းဆီပန်းတစ်ချို့ကိုကိုင်၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။

နှင်းဆီပန်းသည် ဈေးအပေါဆုံးနှင့် တွေ့ရအများဆုံးသော ပန်းဖြစ်သည်။ နှင်းဆီပန်းကိုတွေ့သည်နှင့် ကျုံးဝမ်၏ ခန္ဓာကိုယ်လေးက အပြင်းအထန် တုန်လှုပ်သွားသည်။ သူမရင်ထဲမှ ရင်းနှီးနေသော ခံစားချက်က တိုး၍ ထွက်ပေါ်လာ၏။ နှင်းဆီပန်းနှင့် ပတ်သက်သော မှတ်ဉာဏ်တစ်ချို့ ရှိနေသလိုပင်။

“ဝမ်အာ ဒါ မင်းအတွက် လက်ဆောင်”

ကျုံးဝမ်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ယဲ့ဖန် ထိတ်လန့်သွားသည်။ သူ့ရှေ့မှ ကျုံးဝမ်နှင့် ကမ္ဘာဂြိုဟ်မှ ဖျောင်ကျိုးဝမ်က တစ်ယောက်တည်း ဖြစ်နိုင်သည်ဟု သူ ပို၍ ယုံကြည်လာသည်။

အဘယ်ကြောင့်ဆိုသော် ဖျောင်ကျုံးဝမ်သည်လည်း နှင်းဆီပန်းကို အနှစ်သက်ဆုံး ဖြစ်သောကြောင့်ပင်။ ခြံဝန်းငယ်လေး၌ သုံးလတာ နေခဲ့ချိန်တွင် ယဲ့ဖန်က နှင်းဆီပန်းအား လက်ဆောင် ပေးဖူးသည်။ ထိုနှင်းဆီပန်းလေးအား ဖျောင်ကျိုးဝမ်က ဆယ့်နှစ်တိုင် တန်ဖိုးထား သိမ်းဆည်းထားခဲ့သည်။

ယဲ့ဖန်ကိုမြင်ပြီးနောက် ကျုံးဝမ် တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ သူမအား နှင်းဆီပန်း လက်ဆောင်ပေးသည့်လူက သူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။

အထူးသဖြင့် မနေ့က ဤလူ၏ အပြုအမူကို ပြန်တွေးမိပြီး ကျုံးဝမ်၏ မျက်နှာတွင် ရှက်ရွံ့စိတ်ပျက်ဟန်များ ပေါ်လာပြီး ယဲ့ဖန်ကို တွန်းထုတ်၍ သူမဘာသာ ထွက်လာလိုက်သည်။ သို့သော် ယဲ့ဖန်က စိတ်ပျက်သလို မခံစားရဲဘဲ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကောင်မလေး မင်း ထွက်သွားရင် ဘယ်သူမှ မင်းရောဂါကို ကုပေးနိုင်မှာ မဟုတ်ဘူး”

ကျုံးဝမ်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး ယဲ့ဖန်အား မယုံသင်္ကာဖြင့် ကြည့်လာသည်။

*ငါ နေမကောင်းဖြစ်နေတာကို သူ ဘယ်လိုသိတာလဲ*

“ညဉ့်နက်ချိန်ရောက်တိုင်း မင်း တစ်ကိုယ်လုံး ပိုးကောင်တွေ ကိုက်သလို ခံစားရတယ်၊ မင်း အဲ့လိုခံစားရတဲ့ အချိန်က သုံးနာရီကျော်တယ်၊ အဲ့အချိန်တိုင်း မင်း သေသွားတာက ပိုကောင်းဦးမယ်လို့ တွေးတယ် မဟုတ်လား”

ကျုံးဝမ်၏ အမူအရာက အံ့ဩရာမှ ကြောက်လန့်ဟန်သို့ ပြောင်းလဲသွားသည်။

*တစ်ထပ်တည်း သိနေတာပဲ*

*ဒါပေမဲ့ ဒီလူက ဘာလို့ သိနေတာလဲ*

*ငါတို့ မနေ့ကမှ စတွေ့ဖူးတာ အသိသာကြီးကို*

*ထူးဆန်းတယ်၊ ထူးဆန်းလွန်းတယ်*

“မင်းရောဂါတင် မကဘူး၊ မင်းအသံကိုပါ ငါ ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ်”

ယဲ့ဖန် ဆက်လက်၍ ရယ်မောနေ၏။ ထိုအခါ ကျုံးဝမ် ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ သူမ သီချင်းဆိုရသည်ကို ချစ်မြတ်နိုးသောကြောင့် အဆိုတော်တစ်ယောက် ဖြစ်ရန် ရွေးချယ်ခဲ့သည်။ အဆိုတော်တစ်ယောက်အတွက် အသံ ဆုံးရှုံးသွားခြင်းထက် မည်သည့်အရာက ပိုဆောက်တည်ရာမရ ဖြစ်နိုင်ဦးမည်နည်း။

ခန္ဓာကိုယ် ဝေဒနာနှင့် ယှဉ်လျင် သူမ သီချင်းမဆိုနိုင်တော့သည့်အတွက် ပို၍ စိတ်ပျက်မိသည်။ သူမ စင်ပေါ် ပြန်တက်ချင်ပြီး သူမအသံကို ထုတ်ဖော်ပြချင်သေးသည်။ သူမပရိသတ်များထံ သူမသီချင်းများကို သယ်ဆောင် သွားချင်သည်။

“အခု ငါတို့ စကားပြောလို့ ရပြီလား”

ယဲ့ဖန် ပြုံးနေသည်။ ကျုံးဝမ် တုံ့ဆိုင်းနေပြီးမှ သူမကားကို လက်ညှိုးထိုးပြလိုက်သည်။ ယဲ့ဖန် ပြုံးကာ ကားပေါ် တက်လိုက်လေသည်။

…

မဟာသရဖူ ဟိုတယ်သည် ဖျင်အန်းမြို့နှင့် ဟွိုင်အန်းမြို့ ဆုံရာ၌ တည်ရှိသည်။ ဤနေရာသို့ ဖျင်အန်းမြို့၏ အနုပညာရှင်များသာမ ဟွိုင်အန်း စီရင်စုမှ ပုဂ္ဂိုလ်ကြီး တစ်ချို့ လာကြသလို သူဌေးသားများလည်း လာကြသည်။

ယနေ့တွင် မဟာသရဖူ ဟိုတယ်ရှေ့၌ စူပါ စွမ်းအင်သုံး ပြိုင်ကားများစွာ ရပ်ထားသဖြင့် ဇိမ်ခံကားပြပွဲတစ်ခုဟုပင် ထင်မှတ်မှားရသည်။

ထိုဇိမ်ခံကားများ၏ လိုင်စင်နံပါတ်သည်လည်း ဟွိုင်အန်းစီရင်စု၏ မြို့တော်ဖြစ်သော ဟွိုင်အန်းမြို့မှလာသည့် ဗွီဟူသော စကားလုံးနှင့် စလေသည်။ ဤဟိုတယ်၌ ဟွိုင်အန်းမြို့မှ အထက်တန်းစား လူများ စုဝေးနေမှန်း သိသာလှ၏။

နှစ်နာရီကြာပြီးနောက် မဟာ သရဖူဟိုတယ်ရှေ့သို့ ပြိုင်ကားတစ်စီး ရပ်လာသည်။ ထိုကားထဲမှ ကျုံးဝမ် ထွက်လာ လေသည်။ ယဲ့ဖန်က ကားပေါ်မှ လိုက်ဆင်း၍ သူမနောက် လိုက်လာသည်ကို မြင်သောအခါ သူမ မသိမသာ မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော် သူမ ယဲ့ဖန်ကို နှင်မထုတ်ဘဲ ဟိုတယ်ထဲသို့သာ ဝင်လိုက်လေသည်။

ယခုတစ်ခေါက်က သူမသူငယ်ချင်းအတွက် ဂုဏ်ပြုစကား ပြောရုံမျှသာ ဖြစ်ပြီး ပြန်ထွက်လာမည် ဖြစ်သည်။ ထို့ကြောင့် သူမအတွက် ယဲ့ဖန် လိုက်လာခြင်း မလိုက်လာခြင်းက ထိခိုက်မည် မဟုတ်ပါ။

ကောင်းကင်အဆင့် အခန်းတွင်း၌ လက်ရှိတွင် အနုပညာနယ်ပယ်မှ အနုပညာသမား များစွာ ရှိနေပြီး နာမည်ကြီး တက်သစ်စများပါ ရှိနေ၏။

အတိတ်ကဆိုလျင် အနုပညာနယ်ပယ်မှ စီနီယာတစ်ဦးဖြစ်သော ကျုံးဝမ်ကို မြင်သည်နှင့် လူတိုင်း ထရပ်၍ နှုတ်ဆက်ကြသည်။ သို့သော် ယခုအခါ၌ သူတို့အားလုံးက ခေါင်းညိတ်ရုံမျှသာ နှုတ်ဆက်ကြသည်။

“ဝမ်အာ ရောက်လာပြီလား”

နှစ်လိုဖွယ်ကောင်းသော ကိုယ်ဟန်နှင့် သွေးနှောဖြစ်ပုံရသည့် အမျိုးသမီး မော်ဒယ်တစ်ဦး လျှောက်လာသည်။ သူမသည် ကျုံးကျိုးအင်ပါယာ၏ ပထတန်း သရုပ်ဆောင် မင်းသမီး စုန့်ကျီရှီးဖြစ်ပြီး ကျုံးဝမ်၏ အခင်ဆုံး သူငယ်ချင်း ဖြစ်လေသည်။

အစပိုင်း၌ သူမအား အနုပညာနယ်ပယ်ထဲ ဝင်ရောက်နိုင်ရန် ကျုံးဝမ်က ထောက်ခံပေးခဲ့ပြီး ကျုံးဝမ်၏ ကိုယ်ပိုင် အဆက်အသွယ်ကို မှီခို၍ သူမ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သို့သော် ကျုံးဝမ် ဆွံ့အသွားသည်နှင့် သူမ၏ ကြော်ငြာများ၊ ရုပ်ရှင် ချိန်းဆိုချက်များနှင့် ကုန်ကျစရိတ် အာမခံပေးသူများကိုပါ စုန့်ကျီရှီးက လုယူသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမက ကျုံးဝမ်ကို အမြဲတမ်း မနာလို ဖြစ်နေသောကြောင့်ပင်။ ကျုံးဝမ်သည် သူမထက် ပိုလှကာ ပိုအရည်အချင်းရှိသည်။ သီချင်းဆိုခြင်း၌ ဖြစ်စေ၊ ကခုန်ခြင်း၌ ဖြစ်စေ အခြား မည်သည့်အရာမဆို၌ သူမ ကျုံးဝမ်ကို မယှဉ်နိုင်ပါ။

ကျုံးဝမ် မရှိလျင် သူမ နံပါတ်တစ် ဖြစ်လာနိုင်၏။ တဖြည်းဖြည်း မနာလိုစိတ်က မုန်းတီးစိတ်သို့ ပြောင်းလဲလာ၏။ ထို့ကြောင့် ကျုံးဝမ် ကျဆင်းသွားသည်ကို မြင်ပြီးနောက် သူမ ရင်ထဲ၌ ဝမ်းသာလာရသည်။ သူမ ကျုံးဝမ်ကို နင်းချေနိုင်ပြီဟု တွေးလာသည်။ ယနေ့ ပွဲသို့ ဖိတ်ကြားခြင်းကလည်း ကောင်းသော ရည်ရွယ်ချက်နှင့် မဟုတ်ပေ။

ကျုံးဝမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူမ အခင်ဆုံး သူငယ်ချင်း၏ မျက်နှာအစစ်ကို မသိသေးဘဲ ပျော်ရွှင် နေသည်။

“ဟေ့ ဒါက နင့်ချစ်သူလား”

စုန့်ကျီရှီးက ရုတ်တရက် ယဲ့ဖန်ကို ကြည့်လာသည်။ သူတို့သည် အနုပညာရှင်များ ဖြစ်သောကြောင့် ချစ်သူ ရည်းစား ထားခြင်းကို ရှောင်ရှားရသည်။ သတင်းထောက်များက သူတို့ပုံများ ထုတ်ပြလာပါက သူတို့ ကံဆိုးနိုင် သောကြောင့်ပင်။

စုန့်ကျီရှီးက တမင်တကာ မေးခြင်း ဖြစ်သည်။ ကျုံးဝမ်က အသည်းအသန် ခေါင်းခါပြလိုက်သည်။ သို့သော် သူမက စကားမပြောနိုင်သဖြင့် မည်သို့ ရှင်းပြရမလဲ မသိပေ။

“ဘာလို့ ဒီလောက် ဖုံးကွယ်နေတာလဲ၊ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်တာ သဘာဝပဲလေ”

စုန့်ကျီရှီးက မကောင်းသော အပြုံးမျိုးပြုံး၍ ဆက်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် နင်က အခု အနုပညာနယ်ပယ်ထဲက နားလိုက်ပြီပဲ၊ အဲ့တော့ နင့်ပရိသတ်တွေရဲ့ ခံစားချက်ကို ဂရုစိုက်စရာ ဘယ်လိုတော့မလဲ၊ နင် စိတ်အေးလက်အေး နေလို့ရပြီပေါ့”

ထိုစကားများ၌ ထေ့လုံးငေါ့လုံးများ ပါနေ၏။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျင် ကျုံးဝမ်က ဘုရင်မ မဟုတ်တော့သဖြင့် မည်သူမှ သူမကို အဖက်မလုပ်တော့ဟု ပြောခြင်းပင်။ ဆက်ပြောလာသော စကားက ပို၍ အသည်းနာစရာ ကောင်းလှသည်။

“ဟိုလေ နင် နည်းနည်းတော့ စိတ်ထိန်းရမယ်နော်၊ နင် ရည်းစားကို မြန်မြန် ပြောင်းတော့ မတွဲလိုက်နဲ့ဦး”

ထိုစကားအဆုံး၌ လူတိုင်း ထိတ်လန့်သွားကြသည်။ ထို့နောက် ကျုံးဝမ်အား အထင်သေး ရွံရှာမှုများနှင့် ပြည့်နေသော အကြည့်များဖြင့် ဝိုင်းကြည့်လေသည်။

*လတ်စသက်တော့ ဒီမိန်းမက မီဒီယာတွေ ပြောသလို သည်းမခံနိုင်စရာ ကောင်းတဲ့မိန်းမပဲ*

*ယောက်ျားတွေကို အဝတ်လဲတာထက်တောင် မြန်မြန် ပြောင်းတွဲတတ်တဲ့ မိန်းမ*

ကျုံးဝမ် လုံးဝ အေးစက် တောင့်တင်းသွားပြီး စုန့်ကျစ်ယွင်အား မယုံနိုင်စွာ ကြည့်နေမိသည်။ သူမ၏ သူငယ်ချင်းကောင်းက သူမကို ဤမျှ ရိုက်ချလိမ့်မည်ဟု ထင်မထားမိပါ။ လူတွေက သူမကို နားမလည်နိုင် လျင်တောင်မှ စုန့်ကျစ်ယွင်က သူမကို နားလည်သင့်သည် မဟုတ်ပါလော။

သူမသည် အမြဲတမ်း သန့်သန့်ရှင်းရှင်းနှင့် သတိထား၍ ပြုမူနေထိုင်ခဲ့သည်။

သူမသည် အမြဲတမ်း သန့်သန့်ရှင်းရှင်းနှင့် သတိထား၍ ပြုမူနေထိုင်ခဲ့သည်။ တရားဝင် လုပ်ငန်းများမှလွဲ၍ သူမ မည်သည့် အမျိုးသားနှင့်မျှ သီးသန့် ပတ်သတ်ခြင်း မရှိပါ။ ထို့ကြောင့် သူမက ယနေ့ထက်တိုင် အပျိုစင်သာ ဖြစ်ပေသည်။

သို့သော် စုန့်ကျီရှီးက ဤသို့ ပြောလာ၏။ လက်ရှိအချိန်၌ ကျုံးဝမ်သည် မည်မျှ တုံးအစေကာမူ နေ့ပွဲက မကောင်းသော ရည်ရွယ်ချက်ဖြင့် သူမကို ဖိတ်ခြင်းဖြစ်ကြောင်း သိလိုက်သည်။

သူမမျက်လုံးများ နီရဲလာပြီး ဝမ်းနည်းလာရသည်။ သူမ ဒုက္ခအရောက်ဆုံး အချိန်၌ သူမ သူငယ်ချင်းကောင်းက ဤသို့ ဒုက္ခတောထဲ တွန်းချလိမ့်မည်ဟု ထင်မထားမိပါ။

လက်ရှိတွင် သူမ မတရားခံလိုက်ရသဖြင့် ဒေါသတကြီး ထွက်သွားချင်မိသည်။ သို့သော် သူမ နောက်လှည့် လိုက်သည်နှင့် သန်မာသော လက်တစ်ဖက်က သူမခါးကို ဖက်ကာ သူမကျောကို ထိန်းလာ၏။

ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မီဒီယာတွေရဲ့ ကြုံရာသတင်းကို နားထောင်မနေပါနဲ့၊ ငါက ကျုံးဝမ်ရဲ့ ချစ်သူ အစစ်ပဲ၊ ငါတို့ ချစ်နေတာ သုံးနှစ် ရှိပြီ၊ သူ တစ်ခါမှ စည်းကျော်မခံဘူး”

လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

*ချစ်နေတာ သုံးနှစ်တောင် ရှိပြီလား၊ ကျုံးဝမ်က စည်းကျော်မခံဘူး*

*ဒါဆို မီဒီယာတွေပြောတဲ့ ကျုံးဝမ်က ရည်းစား ခဏခဏ ပြောင်းတယ်ဆိုတာက တစ်ဖက်သတ် ခံရအောင် လုပ်တာလား*

ကျုံးဝမ် မှင်တက်သွားပြီး ယဲ့ဖန်ကို တအံ့တဩ ကြည့်လိုက်မိသည်။ ဤတမင်တကာ ချိုးဖဲ့သော စကားများက ယဲ့ဖန်၏ စကားကြောင့် ပျက်စီးသွားလေသည်။ သူမ၏ လျှို့ဝှက် အကြံအစည် ပျက်သွားသည်ကို မြင်ပြီး စုန့်ကျီရှီး မုန်းတီးစွာဖြင့် ယဲ့ဖန်ကို အေးစက်စက် ကြည့်လိုက်သည်။

သူ့ကို အကြိမ်ထောင်သောင်းမက ခုတ်ဖြတ်ချင်နေမိသည်။ သို့သော် အခြေအနေက အလွန် နက်ရှိုင်းလှသဖြင့် သူမ ချက်ချင်း မျက်နှာ အမူအရာပြောင်း၍ ဖော်ရွေပျူငှာစွာ ပြောလိုက်သည်။

“ဝမ်အာရဲ့ ချစ်သူ ဖြစ်နေမှတော့ ထိုင်ပါဦး”

ယဲ့ဖန်တို့နှစ်ယောက် ထိုင်လိုက်ချိန်တွင် သူမက ရုတ်တရက်ကြီး ဆက်ပြောလာသည်။

“ဝမ်အာရဲ့ အကြိုက်က တော်တော်လေး ထူးခြားတာပဲ၊ ရုပ်ချောပြီး ချမ်းသာတဲ့ ယောက်ျားတွေ အများကြီး လိုက်နေတာကို မရွေးဘဲ ဒီတစ်ယောက်ကိုမှ ရွေးရတယ်လို့”

သူမက ဘာမှဆက်မပြောဘဲ စိတ်မကောင်းဖြစ်သော အကြည့်မျိုးဖြင့် ကြည့်လေသည်။ သူက ကျုံးဝမ်အတွက် တန်ဖိုးမရှိဘဲ အထင်သေးစရာကောင်းသည်ဟု ပြောနေသလိုပင်။ အားလုံးက လှောင်ရယ်၍ ယဲ့ဖန်ကို အထင်သေး ရွံရှာစွာ ကြည့်လာ၏။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က အသာပြုံး၍ စကားနှစ်ခွန်းကိုသာ ပြောလိုက်သည်။

“အရူး”

ထိုစကား ထွက်လာသည်နှင့် လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြပြီး ယဲ့ဖန်အား တအံ့တဩ ကြည့်လာလေသည်။

*ဒီငမွဲက ခေတ်ပေါ်ဘုရင်မကို အရူးလို့ ပြောရဲတယ်လား*

စုန့်ကျီရှီး ကြက်သေ သေသွားပြီး နားကြားများ လွဲလေသလားဟု သံသယဝင်ကာ မယုံနိုင်သော မျက်နှာထားဖြင့် ကြည့်နေသည်။

သူမသည် လူတိုင်း ချစ်ခင်ကြသည့် ဘုရင်မတစ်ပါး ဖြစ်သည်။ သို့သော် ယဲ့ဖန်ကဲ့သို့ လူမွဲတစ်ယောက်က သူမကို မလေးမစား လုပ်ဝံ့သည်တဲ့လား။

*သောက်အမှိုက်ကောင်*

သူမရင်ထဲ၌ စက်ဆုပ်မုန်းတီးသော ဒေါသတရားများ ချက်ချင်း ပေါက်ဖွားလာ၏။

“နင်ကများ ငါ့ကို ကျိန်ဆဲရဲတယ်လား၊ နင် ကျုံးဝမ်နဲ့ ကြိုက်နေလို့ ငါ မောင်းမထုတ်နိုင်ဘူး ထင်နေတာလား၊ အခု သူက ဘုရင်မ မဟုတ်တော့ဘူး၊ ငါက ဘုရင်မဆိုတာကို နင် သိထားလိုက်”

စုန့်ကျီရှီး အလွန် ဒေါသထွက်ကာ မုန်းတီးစိတ်ဖြင့် အော်ငေါက်လိုက်သည်။

“ယုံချင်ယုံ မယုံချင်နေ၊ နင့်လို အမှိုက်ကောင်ကို သတ်ဖို့ ငါ့အတွက် စကားတစ်ခွန်း ပြောလိုက်ဖို့ပဲ လိုတာ”

“ဘုရင်မ ဟုတ်လား”

ယဲ့ဖန်က ပျက်ရယ်ပြုလေသည်။

“ဖြောင်း”

ထို့နောက် ကျယ်လောင်သော ပါးရိုက်သံက ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး လူတိုင်း တုန်လှုပ် ချောက်ချား သွားကြသည်။

All Chapters