← Chapters

အခန်း ၁၁၂၁

Vol. 75 Ch. 1121

အခန်း ၁၁၂၁

Vol. 75 Ch. 1121

Chapter 1121 ယုတ်မာသူများ ကိုယ့်ရှူးကိုယ်ပြန်ပတ်ပြီ

“ဖြောင်း”

ထိုရိုက်သံသည် အလွန် ကျယ်လောင်လှပြီး စုန့်ကျီရှီး ရုတ်တရက် ဒယိမ်းဒယိုင် ဖြစ်သွားလေသည်။ သူမ၏ မျက်နှာပေါ်၌ နီရဲသော လက်ဝါးရာ ချက်ချင်း ထင်လာသည်။

လက်ရှိအချိန်တွင် စုန့်ကျီရှီး ကြက်သေ သေနေပြီး ဘေးလူများအားလုံး၌ နားဝေတိမ်တောင် ဖြစ်နေကြသည်။ ယဲ့ဖန်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သူက အနုပညာနယ်ပယ်၏ ဘုရင်မတစ်ပါးကို ပါးရိုက်လိုက်သည်တဲ့လား။

ထိုစဉ် ယဲ့ဖန်က အေးစက်သော မျက်လုံးများဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

“အခြားသူတွေရဲ့ မျက်လုံးထဲမှာ မင်းက ဘုရင်မ ဖြစ်ရင်ဖြစ်မယ်၊ ငါ့မျက်လုံးထဲမှာတော့ မင်းက ခွေးမပဲ”

*ခွေးမတဲ့လား*

*ဒါ အမျိုးသမီးတွေကို အရမ်းစော်ကားတဲ့ စကားလုံးတွေပဲ*

လက်ရှိတွင် လူတိုင်းသည် ယဲ့ဖန် တော်တော်လေး လွန်သွားပြီဟု ခံစားမိလာ၏။ တစ်ဖက်လူက သူ့ကို စကား အနည်းငယ် ထေ့ငေါ့ပြောလိုက်ရုံမျှသာ ဖြစ်သော်လည်း သူက လူကို ရိုက်သည့်အပြင် ဆဲဆိုနေလိုက်သေးသည်။

သို့သော် ယဲ့ဖန်က အေးစက်စက် ပြုံးနေဆဲပင်။

“ငါ စုံစမ်းထားတာသာ မှန်မယ်ဆိုရင် ကျုံးဝမ်ရဲ့ သူငယ်ချင်းကောင်း ဖြစ်တဲ့ မင်းက သူ့အကူအညီကို ဆယ်ခါ လက်ခံထားတယ်၊ အစွန်အဖျား အဆင့်ငါး သရုပ်ဆောင် မင်းသမီးနေရာကနေ နံပါတ်တစ် သရုပ်ဆောင် မင်းသမီး နေရာကို ရောက်လာတယ်”

“ဒါပေမဲ့ သူ အဖက်ဆယ်မရအောင် သိက္ခာကျနေတဲ့ အချိန်မှာ မင်း ဘာလုပ်ခဲ့လဲ”

ထိုစကားအဆုံး၌ ယဲ့ဖန်၏ မျက်လုံးများက ပိုမိုအေးစက်လာသည်။

“ကျုံးဝမ် စကားမပြောနိုင်တော့တဲ့အချိန်မှာ အဲ့သတင်းကို စထုတ်ပြောတဲ့လူက မင်းပဲ”

“မီဒီယာတွေကနေ ကျုံးဝမ်ရဲ့ လုပ်ကြံသတင်း ထွက်လာတော့ ပြဿနာကို ပိုမီးတောက်အောင် စလုပ်တာ မင်းပဲ၊ မင်း ဆယ်သန်းသုံးပြီး အလုပ်သမားတွေကို ငှားပြီး သူ အသရေပျက်အောင် လုပ်ခိုင်းတယ်”

“အဲ့အပြင် ကျုံးဝမ်ရဲ့ အိမ်ကို လူတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းသေးတယ်”

ယဲ့ဖန်၏ စကားအဆုံး၌ လူတိုင်း ထိတ်လန့်သွားပြီး ကျုံးဝမ်နှင့် စုန့်ကျီရှီးတို့ အံ့ဩသွားလေသည်။

“မဟုတ် ... မဟုတ်တာတွေ၊ နင် ငါ့ကို သားပုပ် လေလွင့်ပြောနေတာ”

စုန့်ကျီရှီး ယဲ့ဖန်အား ရူးမတတ် အော်ဟစ်လာသည်။

“သားပုပ်လေလွင့် ပြောတာ ဟုတ်လား”

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး အင်္ကျီလက်မောင်း ကြားထဲမှ စာရွက် အထပ်လိုက်ကို ချက်ချင်း ထုတ်လိုက်သည်။ စုန့်ကျီရှီး၏ မျက်နှာကို အပြင်းအထန် ဖြတ်ရိုက်လိုက်ခြင်းပင်။

“ဒါ မင်း ယောက်ျားသားတွေနဲ့ ရှာထားတဲ့ လူတွေကို ပိုက်ဆံ ရှင်းထားတဲ့ စာရင်းတွေနဲ့ ဖုန်းခေါ်ထားတာတွေ”

လက်ရှိတွင် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး လူတိုင်း အလျင်အမြန် ပြေးလာပြီး စာရွက်များကို ယူကြည့်လေသည်။

အချိန်၊ ငွေလွှဲစာရင်းနှင့် ဖုန်းခေါ်ဆိုမှု စာရင်းများအားလုံးက ရှင်းလင်းလှသည်။ စုန့်ကျစ်ယွင်၏ အချို့သော မကောင်းသတင်းများပင် ပါနေသေးသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။ ကျုံးဝမ်တောင်မှ ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေလေသည်။ ဤသည်မှာ သူမ မသိလိုက်သော ကိစ္စများပင်။

မနေ့က ကျုံးဝမ်ကို တွေ့ပြီးနောက် ယဲ့ဖန်သည် ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများအား ဤကိစ္စကို သေချာ ရှင်းလင်းစွာ စုံစမ်းရန် စေခိုင်းလိုက်သည်။ သူ ကျုံးဝမ်နောက်ကို လိုက်လာရသည့် အကြောင်းရင်းကလည်း သူမ ဒေါသကို ဖြေဖျောက်နိုင်ရန် ဖြစ်လေသည်။

စုန့်ကျီရှီး မှင်တက်နေသည်။ သူမ သတိပြန်ဝင်လာပြီးနောက် သူမ ပုံစံက မျက်နှာ မည်းမှောင်ကာ ဒေါသတကြီး အော်လေတော့သည်။

“ခွေးသားလေး နင်က ငါ့အကြောင်းကို စုံစမ်းတယ်ပေါ့လေ၊ ငါ နင့်ကို သေစေချင်တယ်ဟဲ့၊ ငါ နင် သေတာကို မြင်ရမှ ဖြစ်မယ်”

“ပြီးတော့ နင် ကျုံးဝမ်၊ နင်ကများ နင့်လူနဲ့ ငါ့ကို ရိုက်ချတယ်ပေါ့လေ၊ ငါ နင့်ကို အလွတ်မပေးဘူး”

တစ်ချိန်တည်းမှာပင် စုန့်ကျီရှီးက ကျုံးဝမ်အား မုန်းတီးသော အကြည့်များဖြင့် စူးစိုက်ကြည့်လေသည်။ သူမစိတ်ထဲတွင် ကျုံးဝမ် ခိုင်းစေ၍သာ ယဲ့ဖန်က ဤသို့ လှုပ်ရှားခြင်း ဖြစ်မည်ဟု ထင်နေသည်။

ကျုံးဝမ် တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး သူမ သူငယ်ချင်းကောင်းအား အလွန်အမင်း စိတ်ပျက်သွားရသည်။ ထို့နောက် သူမက ယဲ့ဖန်ဘေးသို့ လျှောက်သွားပြီး သူနှင့်အတူ ရပ်နေလိုက်သည်။ နောက်ပိုင်း ဘာဆက်ဖြစ်ဖြစ် သူမ ယဲ့ဖန်နှင့်အတူ ရင်ဆိုင်မည်။

“ဟေ့ကောင် ငါတို့ အစ်မစုန့်ရဲ့ ချစ်သူက ယဲ့လုံအန်ဆိုတာကို မင်း သိလား၊ မင်း သူ့ကို ရိုက်ရဲတယ်ဆိုတော့ သေတယ်ဆိုတဲ့ စကားလုံးကိုတောင် မသိဘူးထင်တယ်၊ မင်း နင်းချေခံရဖို့သာ စောင့်နေလိုက်တော့”

လူတစ်ယောက်က လေသံမာမာနှင့် ကြိမ်းမောင်းလေသည်။ ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြပြီး ပြောမပြတတ်သော ကြောက်စိတ် ကိန်းအောင်းလာ၏။

ယဲ့လုံအန်သည် ဟွိုင်အန်းမြို့၏ သခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အလွန် လူမဆန်သူ ဖြစ်သည်။ တစ်ခါက အရက်မူးပြီး ကားမောင်းသဖြင့် လူသူရှေ့မှာပင် လူငါးယောက်ကို တိုက်သတ်ခဲ့ဖူးသည်။ သူ့အား တိုင်တန်းခဲ့သော်လည်း တရားသေ လွှတ်ပေးခြင်း ခံရသည်။

စုန့်ကျီရှီးက ယဲ့လုံအန်ထံ ချဉ်းကပ်ထားနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ချက်ချင်းဆိုသလိုပင် အားလုံးက ယဲ့ဖန်ကို လူသေတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လာ၏။ သူတို့၏ အပြုံးများက ထီမထင်သော အပြုံးများပင်။

ယဲ့လုံအန်သည် ဟွိုင်အန်း၌ လူတစ်ယောက်အား ကစားစရာသဖွယ် သတ်တတ်သူ ဖြစ်သည်။ ထို့အပြင် ယဲ့ဖန်က အင်အားမရှိသော လူမွဲတစ်ယောက်သာ ဖြစ်သည်။

ကျုံးဝမ်သည် ဘုရင်မ ဖြစ်ခဲ့သော်ငြားလည်း ယဲ့လုံအန်ကို မယှဉ်နိုင်ပေ။ ယခု သူမကလည်း အကျဘက် ရောက်နေသဖြင့် ပို၍ပင် ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

*ဒီကောင်တော့ သေချာပေါက် သေမှာပဲ*

*ဟုတ်တယ်၊ ဆိုးဆိုးရွားရွားကို သေမှာ*

“ငါ့ကို ရိုက်ရဲတယ်မလား”

စုန့်ကျီရှီးက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မခိုးမခန့် ပြုံးလိုက်သည်။

“ငါ့ချစ်သူက ရောက်ခါနီးနေပြီ၊ သူ ရောက်လာတာနဲ့ နင် ချမ်းသာပေးဖို့ တောင်းပန်ရင်တောင်မှ သေခြင်းတရားကပဲ နင်တို့ကို စောင့်နေမှာ၊ ပုရွက်ဆိတ်လိုဟာတွေ”

ထိုအချိန်မှာပင် ခန်းမတံခါး ပွင့်လာပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အကြောက်အလန့်မဲ့သော လူတစ်ယောက် ဝင်လာ၏။

“လုံအန်”

ထိုလူကို မြင်သည်နှင့် စုန့်ကျီရှီးက ရုတ်တရက် ထအော်ကာ သူ့ရင်ခွင်ထဲသို့ ပြေးဝင်၍ သနားစဖွယ် ငိုကြွေးလေသည်။ ဤပုံစံက အစောပိုင်းက ကြမ်းတမ်းနေသော ပုံစံနှင့် တစ်ခြားစီပင်။ ယဲ့လုံအန် မျက်မှောင်ကြုတ် သွားသည်။

“ဘာဖြစ်တာလဲ”

“သူပေါ့၊ အဲ့မျိုးမစစ်ကောင်က ကျွန်မကို ရိုက်တယ်”

စုန့်ကျီရှီးက ရုတ်တရက် ယဲ့ဖန်ကို လက်ညှိုးထိုးပြလေသည်။သို့သော် ယဲ့ဖန်က တည်ငြိမ်စွာဖြင့် အထင်သေးသော အကြည့်တို့ဖြင့်သာ ပြန်ကြည့်နေ၏။

ယဲ့လုံအန်၏ မျက်နှာ မည်းမှောင်သွားသည်။ မည်သူမှ သူ့အား ဤမျှ မခိုးမလန့် မလုပ်ရဲပေ။ ယဲ့ဖန်က ပထမဆုံးပင်။ ချက်ချင်းဆိုသလိုပင် ကျုံးဝမ်သည်လည်း ယဲ့ဖန်ရှေ့ ဝင်ရပ်ကာ တစ်ခုခု ပြေးဝင်လာမည်ကို တားဆီးသကဲ့သို့ လက်ဆန့်တန်း၍ ကာကွယ်လာသည်။

သူမ၏ လှုပ်ရှားမှုက ယဲ့လုံအန်၏ မျက်လုံးအား ချက်ချင်း ဝင်းလက်သွားစေသည်။

*လှတယ်*

*နတ်သမီးလို လှလိုက်တာ*

ချက်ချင်းဆိုသလိုပင် ယဲ့လုံအန်သည် ပြင်းပြသော ပိုင်ဆိုင်လိုစိတ်များ ဖြစ်ပေါ်လာ၏။

*ဒီမိန်းမကို ငါ ရကိုရမှ ဖြစ်မယ်*

“ဒီနေ့လို လူတိုင်း ဆုံဖို့ဆိုတာ ရှားလွန်းတယ်၊ မပျော်မရွှင် ဖြစ်ဖို့ မလိုအပ်ဘူး၊ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်တော့”

ယဲ့လုံအန်က ပြုံး၍ ပြောလိုက်သည်။ ယခု ပြဿနာရှာလိုက်ပါက ဤမိန်းမလှလေးကို နှင်ထုတ်သလို ဖြစ်သွားမည် မဟုတ်ပါလော။

ယဲ့ဖန်ကို သူ အချိန်မရွေး ရှင်နိုင်သော်လည်း ယနေ့ည ကျုံးဝမ် သူ့လက်ထဲ ရောက်ကိုရောက်မှ ဖြစ်မည်။ ဤအပြုအမူက လူတိုင်းကို မှင်တက်သွားစေသည်။

“ဒါပေမဲ့”

စုန့်ကျီရှီးသည် အကြီးအကျယ် ဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။

*သူ ဘယ်လိုလုပ် အလျှော့ပေးလိုက်ရတာလဲ*

သူမ ထပ်ပြောရန် ပြင်လိုက်ချိန်တွင် ယဲ့လုံအန်က သူမကို အေးစက်စက် ကြည့်၍ ပြောလိုက်သည်။

“ဒီကိစ္စကို ထားလိုက်တော့လို့ ငါ ပြောပြီးပြီလေ”

စုန့်ကျီရှီး တုန်လှုပ်သွားပြီး ဘာမှထပ်မပြောရဲတော့ပေ။

“မင်းတို့နှစ်ယောက် ထိုင်ပါဦး”

ယဲ့လုံအန်က ယဲ့ဖန်တို့နှစ်ယောက်အား နေရာ၌ ထိုင်ရန် လက်ဟန်ခြေဟန် ပြလေသည်။ သို့သော် နှစ်ယောက်လုံး မလှုပ်ကြချေ။

ယဲ့လုံအန်၏ မျက်နှာ မည်းမှောင်သွားသော်လည်း ပြုံးကာ ဆက်ပြောလိုက်သည်။

“ဘာလို့လဲ၊ ငါ့ကို နည်းနည်းလေးတောင် မျက်နှာသာ ပေးလို့မရဘူးလား”

သူ၏ မျက်နှာထား ပြောင်းလဲပုံက အံ့ဩစရာ ကောင်းလွန်းလှသည်။ ယဲ့လုံအန်၏ အဆင့်အတန်းက ထူးခြားမှန်း ကျုံးဝမ်လည်း သိသည်။ ထို့ကြောင့် သူမ သူ့ကို အလွယ်တကူ ရန်မစဝံ့သဖြင့် ယဲ့ဖန်ကိုဆွဲကာ ပြန်ထိုင်လိုက်သည်။

“ယဲ့သခင်လေးက အပြင်မှာ ချောမောခံ့ညားတယ်လို့ သတင်းထွက်နေတာ၊ ဒီနေ့ တွေ့လိုက်ရမှ တကယ်ကို သတင်းအတိုင်း ချောတာကို သိလိုက်ရတယ်”

“ယဲ့သခင်လေးက ငယ်ငယ်လေးနဲ့ ဥက္ကဋ္ဌနေရာကို ဆက်ခံပြီးတော့ ထောင်သောင်းချီတဲ့ လူတွေကို စီမံနေရတာ ဆိုတော့ တကယ်ကို ငယ်ငယ်လေးနဲ့ အလားအလာကောင်းတဲ့ လူပဲ”

ချက်ချင်းဆိုသလိုပင် နာမည်သိပ်မကြီးသော အနုပညာရှင်များက မျက်နှာချိုသွေး၍ အသည်းအသန် မြှောက်ပင့် ပြောဆိုကြလေသည်။

“ဒါကတော့ ငါ့ချစ်သူက တစ်စုံတစ်ယောက်ရဲ့ ချစ်သူထက် အများကြီး ပိုသာနေတာကိုး”

စုန့်ရှီကျီးက အောင်နိုင်သူသဖွယ် ပြုံး၍ ယဲ့ဖန်ရှိရာဘက်သို့ လှည့်၍ တမင်တကာ ပြောလိုက်သည်။ တစ်ခြားသူများ မရည်ရွယ်ဘဲ မနေနိုင်တော့ချေ။

*ယဲ့ဖန်နဲ့ ယဲ့လုံအန်လား*

*ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ*

*ကောင်းကင်လိုလူကို အမှိုက်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ*

“အစ်မစုန့်ရယ် နောက်နေတာလား၊ ဒီဟွိုင်အန်းမြို့မှာ အစ်ကိုယဲ့ကို မသိတဲ့လူ ဘယ်သူ ရှိလို့လဲ၊ လူမိုက်တွေတောင် သူ့ကို မထိဝံ့တာ၊ သူ့လို ငမွဲက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

အစောပိုင်းက မျက်နှာလုပ်သော ယောက်ျားတစ်ယောက်က ချိုးနှိမ်ပြောဆိုလာသည်။ အခြားသူများကလည်း လိုက်ရယ်သဖြင့် ခန်းမတစ်ခုလုံး ရယ်သံများနှင့် ပြည့်နှက်နေ၏။

ကျုံးဝမ်၏ မျက်နှာလေး ဖြူရော်သွားပြီး ယဲ့ဖန်အား တောင်းပန်သလို ကြည့်လေသည်။ သူမသာ ယဲ့ဖန်ကို ခေါ်မလာမိပါက ဤသို့သော ကံဆိုးမှုမျိုးနှင့် ယဲ့ဖန် ကြုံရမည် မဟုတ်သလို စော်ကားနင်းခြေခြင်း ခံရမည်လည်း မဟုတ်ပါ။

ယဲ့ဖန်ကမူ ပြုံးသာပြုံးနေပြီး ဘာမှမပြောချေ။ သူကဲ့သို့ နဂါးတစ်ကောင်က ဟောင်နေသော ခွေးတစ်အုပ်ကို ဘယ်လိုလုပ် အရေးစိုက်ပါမည်နည်း။ သူသာ စိတ်ပါလျင် အရေးမပါသော စကားများ ပြောမနေဘဲ ရိုက်သတ် လိုက်ရုံပင်။

တစ်ခဏကြာသော် ကျုံးဝမ်က ထိုင်ရာမှထ၍ သန့်စင်ခန်းသို့ ထွက်သွားသည်။ ယဲ့လုံအန်သည် ဤအခွင့်အရေးကို မြင်ပြီး အလျင်အမြန် နောက်က လိုက်သွားသည်။

ယဲ့ဖန် ကြိတ်ပြုံးလိုက်မိသည်။ ယဲ့လုံအန်၏ ချစ်သူ အရိုက်ခံရတာတောင်မှ ယဲ့လုံအန် ငြိမ်နေခဲ့သည်ကို သူ မအံ့ဩတော့ပါ။ တစ်ဖက်လူက ကျုံးဝမ်ကို စိတ်ဝင်စားနေသည်ကိုး။

ကျုံးဝမ် သန့်စင်ခန်းမှ ထွက်လာသောအခါ ယဲ့လုံအန်က စင်္ကြံလမ်း၌ ရပ်နေပြီး သူမကိုကြည့်ကာ ညစ်ကျယ်ကျယ် ပြုံးနေသည်ကို တွေ့လိုက်ရသည်။

“ဘုရင်မလေး ကျုံးဝမ်၊ ငါ မင်းကို ချစ်နေမိတာ တော်တော် ကြာပါပြီ”

ယဲ့လုံအန်က ပြုံး၍ ကျုံးဝမ်ထံ လှမ်းလာသည်။

“အထင်သေးခံရလို့ နေလို့မကောင်းဘူး မဟုတ်လား၊ မင်း အဲ့အမှိုက်ကို စွန့်ပစ်ပြီး ငါ့မယား လုပ်ပေး၊ ဒါဆို မင်းကို တစ်လအတွင်း အရင်လို ဘုရင်မတစ်ပါး ပြန်ဖြစ်အောင် လုပ်ပေးမယ်လို့ ငါ ကတိပေးတယ်”

သို့သော် ကျုံးဝမ်က သရော်ပြုံးပြုံးကာ အဝေးသို့ လျှောက်သွားလေသည်။ သူမကို ပိုးပန်းလာသည့် နဂါးမြို့တော် ယဲ့မိသားစုက တတိယ သခင်လေးတောင်မှ သူမ ငြင်းခဲ့သဖြင့် ယဲ့လုံအန်ဆို သာ၍ပင် ဆိုးသေးသည်။

ကျုံးဝမ် ငြင်းလိမ့်မည်ဟု ထင်မထားသဖြင့် ယဲ့လုံအန် အလွန် အံ့ဩသွားသည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် သုန်မှုန်လာပြီး သူမလမ်းကို ပိတ်ရပ်ကာ ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

“ခွေးမ မင်း အရှက်မရှိ မလုပ်ဖို့ ငါ အကြံပေးလိုက်မယ်၊ မင်းကိုယ်မင်း ကံကောင်းလှပြီ ထင်နေလား”

“မင်း ငြင်းရဲလို့ကတော့ မင်းရည်းစားကို ဒီည ဟွိုင်အန်းမှာ သေအောင် လုပ်လိုက်မယ်”

“မင်းတို့ ချစ်နေတာ သုံးနှစ်ရှိပြီလို့ ငါ ကြားတယ်၊ မင်း သူ့ကို ဘာမှမဖြစ်စေချင်ဘူးလို့ ငါ ထင်တာပဲ ဟုတ်တယ် မလား”

ယဲ့လုံအန်က အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ပြုံးနေ၏။ ဘာမဟုတ်သော ကြယ်ပွင့်လေးက သူဟူသော ယဲ့လုံအန်၏ လက်ထဲမှ လွတ်နိုင်ပါမည်လား။ စက်ဆုပ်ဖွယ်ကောင်းလောက်သော ခြိမ်းခြောက်မှုပင်။

ကျုံးဝမ် သွေးပျက်သွားသည်။ သူမ ဘေးကင်းရေးအတွက် စိတ်မပူသော်လည်း ယဲ့ဖန်ပါ ဆွဲထည့်ခံရမည်ကိုတော့ စိုးရိမ်ပါသည်။ ကျုံးဝမ် ငြိမ်သွားသည်ကို မြင်ပြီး ယဲ့လုံအန်က ဂုဏ်ယူစွာ ရယ်မောလေသည်။

“ဒါပေါ့၊ လက်ရှိအခြေအနေကို ကောင်းကောင်း နားလည်မှပေါ့၊ မင်းခြေထောက်ကို ကားပေးသရွေ့ ကျော်ကြားမှုတွေနဲ့ ကံကောင်းမှုတွေက မင်းကို စောင့်မျှော်နေမှာ၊ ဘာလို့ ငြင်းနေမှာလဲ”

သူက ထိုသို့ပြောပြီး လက်တစ်ဖက်ဖြင့် ကျုံးဝမ်၏ ရင်ဘတ်ကို ဆုပ်ကိုင်ရန် ပြင်လေသည်။ သူ၏ ညစ်ကျယ်ကျယ် အပြုံးက ပိုမို ပီပြင်လာသည်။

“ဖြောင်း”

သို့သော် တစ်ခဏအတွင်း သူ ပါးရိုက်ခံလိုက်ရသည်။ ကျုံးဝမ်က သူ့အား အေးစက်သော မျက်လုံးများဖြင့် ကြည့်နေ၏။

ယဲ့လုံအန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ခက်ထန် ကြမ်းကြုတ်သော မျက်နှာထားသို့ ပြောင်းလဲ သွားသည်။

“မင်းကများ ငါ့ကို ရိုက်တယ်ပေါ့လေ၊ မင်းတော့ သေချင်နေပြီ ထင်တယ်”

ဘာမဟုတ်သော ကြယ်ပွင့်လေးထံ၌ ပါးရိုက်ခံလိုက်ရသဖြင့် သူ ဒေါသူပုန် ထသွားရသည်။

*မင်းနယ်ပယ်မှာ မင်း ကျင်လည်နိုင်မယ် ထင်နေတာလား*

ကျုံးဝမ်၏ မျက်နှာကို သူ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ကျုံးဝမ်သည် မျက်လုံးကိုမှိတ်၍ ကျရောက်လာမည့် ကံကြမ္မာကို စောင့်မျှော်နေလိုက်သည်။

ဤသို့ လုပ်ရခြင်းမှာ အမုန်းတရားများအားလုံး သူမပေါ် ကျရောက်လာစေရန် ဖြစ်သည်။ ဤနည်းအားဖြင့် ယဲ့လုံအန်က ယဲ့ဖန်ကို ပြဿနာ မရှာလောက်ဟု တွေးလိုက်မိသည်။

ထိုစဉ် ကျယ်လောင်သော ဖြောင်းခနဲ ရိုက်ထုတ်လိုက်သံ ထွက်ပေါ်လာပြီး ယဲ့လုံအန်တစ်ယောက် အဝေးသို့ လွင့်ထွက် သွားရသည်။

All Chapters