အခန်း ၁၁၂၃
Vol. 75 Ch. 1123
Chapter 1123 မျှော်လင့်ချက်မဲ့ခြင်း
*ခြိမ်းခြောက်တာလား*
*ဒီကောင်က လူတစ်ယောက်ကို ရိုက်လိုက်တဲ့အပြင် ဘယ်လိုတောင် ခြိမ်းခြောက်ရဲရတာလဲ*
*မြတ်စွာဘုရား*
*ဒီကောင် တကယ် သေချင်နေတာလား*
*ယဲ့လုံအန် သေမယ်လို့ တကယ် ထင်နေတာများလား*
လူတိုင်း၏ မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ထိတ်လန့်လွန်း၍ အသက်ထွက်မလားဟုပင် ထင်မှတ်ရသည်။
“မျိုးမစစ်ကောင် မင်းက ငါ ယဲ့လုံအန်ကို ဒီလိုမျိုး အရှက်ခွဲရဲတဲ့ ပထမဆုံးလူပဲကွ”
ယဲ့လုံအန်၏ မျက်လုံးများက ခက်ထန်နေပြီး မုန်းတီးစိတ်ကြောင့် အံကြိတ်ထားသဖြင့် သွားပင် ကျိုးလုနီးပါး ဖြစ်လာရသည်။ ထို့နောက် သူက ကြမ်းကြုတ်စွာ ဆက်ပြောလိုက်သည်။
“ဒီနေ့ ငါ မင်းကို ဟွိုင်အန်းမှာ သေအောင် မလုပ်နိုင်ဘူးဆိုရင် ငါ့နာမည်ကို ပြောင်းပြန် ရေးပစ်မယ်ကွ”
ထိုစကားကြောင့် လူတိုင်း အောင့်သက်သက် ပြုံးလိုက်မိသည်။ ယဲ့လုံအန် တကယ် ဒေါသထွက်နေမှန်း သူတို့ သိလိုက်သည်။
ဟွိုင်အန်းမြို့သည် ယဲ့လုံအန်၏ နယ်မြေဖြစ်ပြီး ဤလူမွဲက ယဲ့လုံအန်ကို ထပ်ခါထပ်ခါ ရန်စနေသဖြင့် သေချာပေါက် သေရပေတော့မည်။ ချက်ချင်းဆိုသလိုပင် ဘေးပတ်လည်မှ လူတိုင်း ပြောဆိုလာကြသည်။
“မဖြစ်နိုင်လိုက်တာကွာ၊ ငမွဲတစ်ယောက်က ယဲ့သခင်လေးကို ရန်စရဲတယ်ဆိုတော့ သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရမလဲ မသိဘူးထင်တယ်”
“ဟေ့ကောင် မင်းက ငါတို့ သခင်လေးယဲ့နဲ့ ယှဉ်ရင် မိုးနဲ့မြေကြီးလိုပဲ၊ ငါသာ မင်းနေရာမှာဆိုရင် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေပြီ၊ သခင်လေးယဲ့က မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ရုံလောက်နဲ့ ရပ်ချင် ရပ်လိုက်မှာပေါ့”
“…”
ဤအနုပညာရှင် အငယ်များက ရုတ်တရက် ဆိုးယုတ်သော စကားမျိုး ပြောဆိုလာကြသည်။ ယဲ့လုံအန်ကြောင့် ယဲ့ဖန်တစ်ယောက် နှိပ်စက်ခံရတော့မည်ဟု ထင်နေ၏။
“သခင်လေးလုံ”
ထိုအခိုက်တွင် ကွန်ဖူးဝတ်စုံများ ဝတ်ထားသည့် သိုင်းပညာရှင်တစ်စု ရောက်လာပြီး ယဲ့လုံအန်အား တရိုတသေ ဦးညွှတ်လာသည်။ အရှိန်အဝါ ပြင်းထန်၍ ခြေလှမ်းတိုင်းက မာန်ပါလှပြီး တစ်ကိုယ်လုံး ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူတို့၏ ပုံပန်းသွင်ပြင်ကြောင့် ပတ်ဝန်းကျင် အခြေအနေက ချက်ချင်း ရေခဲမှတ်သို့ ထိုးကျသွားသကဲ့သို့ အေးစက် သွားလေသည်။ ထိုသူများကြောင့် လူတိုင်း ကြောက်လန့်တကြား ဖြစ်လာကြသည်။ ထိုလူများလက်ထဲသာ ရောက်သွားပါက မည်သူမှ ကောင်းကျိုးမရှိနိုင်ပါ။
“ငါ့အတွက် သူ့ကို တားစမ်း”
ယဲ့လုံအန်၏ မျက်လုံးများက မီးပွင့်မတတ် ဖြစ်နေပြီး တန်းအော်လေသည်။
“ပြီးတော့ အဲ့ဘုရင်မဆိုတဲ့ကောင်မက မင်းတို့အပိုင်ပဲ”
ထိုစကားထွက်လာသည်နှင့် အားလုံးက ကျုံးဝမ်ကို ကရုဏာသက်စွာ ကြည့်လာကြသည်။ သူမ၏ ကံတရားက ယဲ့ဖန်ထက် ပိုဆိုးရွားလိမ့်မည်ဟု သိလိုက်ကြလေသည်။
အပြစ်တင်ရမည်ဆိုလျင် သူတို့ကိုသာ အပြစ်တင်ရပေမည်။ မိုးကောင်းကင်က မည်မျှ မြင့်မားကြောင်း မသိဘဲ ယဲ့မိသားစုကိုမှ ရန်စဝံ့သည်ကိုး။
ထိုသိုင်းပညာရှင် တစ်စုသည် ယဲ့လုံအန်၏ စကားကို ကြားသည်နှင့် ညစ်ကျယ်ကျယ် အပြုံးမျိုး ပြုံးလာသည်။
“ကျေးဇူးတင်ပါတယ် ယဲ့သခင်လေး”
ချက်ချင်းဆိုသလိုပင် သူတို့က ကျုံးဝမ်အား မကောင်းသော အကြံအစည်ရှိဟန်ဖြင့် ကြည့်လာသည်။ ထိုလူများထဲမှ ကတုံးနှင့်လူက မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလေသည်။
“မမလေးကျုံး ကျုပ်က ခင်ဗျားရဲ့ နံပါတ်တစ် ပရိသတ်ပါ၊ ခင်ဗျားရဲ့ ဖွံ့ထွားတဲ့ ရင်သားနဲ့ တင်သားတွေကို ကျုပ် အိပ်မက်ထဲမှာ အမြဲ မြည်းစမ်းကြည့်ချင်နေတာ”
“ဒီနေ့တော့ ကျုပ်ဆန္ဒတွေ တကယ် ပြည့်လာပြီပေါ့ ဟားဟားဟား”
ထိုစကားကြောင့် ကျုံးဝမ်၏ မျက်နှာလေး ပြာနှမ်းသွားသည်။ တစ်ဖက်လူ၏ အပြုအမူနှင့် စကားများက သူမကို တုန်လှုပ်စေ၏။
“အိပ်မက်တွေ တကယ် ဖြစ်လာပြီ ဟုတ်လား”
ယဲ့ဖန်က ပျက်ရယ်ပြုလိုက်ပြီး ခြေတစ်ဖက် ဆောင့်နင်းကာ ရှေ့သို့ ဒေါသတကြီး ပြေးတက်သွားသည်။ ထိုပုံစံက နတ်ဆိုးတစ်ကောင် အသက်ဝင်လာပြီး ပြေးဝင်လာသလိုပင်။
ဝုန်း!
ထိုအချိန်တိုလေးအတွင်း၌ လူတိုင်း ကြက်သီး တဖြန်းဖြန်းထလာပြီး ခန့်မှန်းမရနိုင်သော မရဏ အငွေ့အသက်က သူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များကို ဖိနှိပ်လာသည်ဟု ခံစားမိလိုက်သည်။ ချွန်ထက်သော ဓားတစ်လက်က သူတို့၏ ခေါင်းများကို ခုတ်ဖြတ်သွားသည်ဟုပင် ထင်မှတ်မှားရသဖြင့် တစ်ကိုယ်လုံး တုန်ယင် လာသည်။
သူတို့ သတိဝင်လာချိန်တွင် ယဲ့ဖန်က သူတို့ရှေ့၌ ရပ်နေပြီးလေပြီ။ သူ့လက်ထဲ၌ သွေးစွန်းနေသော ဦးခေါင်း တစ်လုံးကို ကိုင်ထားသည်။ ထိုဦးခေါင်းသည် အစောပိုင်းလေးတင် ကျုံးဝမ်အား ညစ်ညမ်းသော စကားများ ပြောနေသည့် လူ၏ ဦးခေါင်းပင်။
တစ်ခဏအတွင်း သူတို့၏ နှလုံးသားထဲ၌ ကြောက်စိတ်များ ပိုမိုပြင်းထန်လာ၏။
*ယဲ့ဖန်က သိုင်းပညာရှင် တစ်ယောက်ကို ချက်ချင်း သတ်လိုက်တာလား*
*ပြီးတော့ လုပ်သွားတာက တိတ်ဆိတ်နေတာပဲ*
*ဒီလူ … သူက ဘယ်လိုမိစ္ဆာမျိုးလဲ*
“မင်းအိပ်မက်တွေ တကယ် ဖြစ်လာပါတယ်၊ မင်းရဲ့ တကယ် ဖြစ်လာတဲ့ အိပ်မက်က ငရဲကို သွားရတာပဲ”
ယဲ့ဖန်၏ မျက်လုံးများက တွင်းနက်တစ်ခုသဖွယ် နက်မှောင်၍ လင်းလက်နေသည်။ ထို့နောက် သူက ခေါင်းပြတ်ကို ဆတ်ခနဲ ပစ်ချ၍ ဘေးဘီအား အေးစက်စက် ဝေ့ကြည့်လေသည်။
“နောက် ဘယ်သူ သေချင်လဲ”
မောက်မာထောင်လွှား၍ ရူးသွပ်လွန်းသည်။ သို့သော် ယုံရခက်လှပေသည်။ လွန်ခဲ့သော တစ်မိနစ်ကသာ ဤစကားကို သူတို့ ကြားခဲ့ပါက ဟားတိုက်ရယ်မောလောက်သည်။ သို့ရာတွင် ယခု သူတို့ မရယ်နိုင်တော့ချေ။
“ခွေးမသား မင်းက အစ်ကို ကွေ့လုံကို အလစ်ဝင်တိုက်ရဲတယ်ပေါ့လေ၊ မင်း သေသင့်တယ်ကွ”
ထိုသိုင်းပညာရှင်များအားလုံး ချက်ချင်း ဒေါသထွက်လာသည်။ ယဲ့ဖန်၏ နည်းလမ်းက အံ့ဩစရာကောင်း သော်လည်း ဤအရူးက သူတို့ထက် သိုင်းအဆင့် ပိုမြင့်လိမ့်မည်ဟု မထင်ပါ။
လက်နှစ်ဘက်က လက်လေးဘက်ကို ယှဉ်ရခက်သည်ဟူသော ဆိုရိုးလိုပင်။ ကွေလုံ အသတ်ခံရသည့် အကြောင်းရင်းမှာ အချစ်ပြိုင်ဘက်ဟု သတ်မှတ်ခံရခြင်းကြောင့်သာ ဖြစ်သည်။ သူတို့သာ အစွမ်းကုန် ပူးပေါင်း၍ တိုက်ခိုက်ပါက ဤလူ သေလောက်သည်။
ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင် တစ်စုက ဘေးသို့ဖြန့်တက်ကာ ယဲ့ဖန်အား အရပ်မျက်နှာအနှံ့မှ ပိတ်ဆို့ လိုက်သည်။ အေးစက်စက် အခြေအနေနှင့် သတ်ဖြတ်လိုသော အခြေအနေက လူအများအား ရူးမတတ် ဖြစ်သွားစေသည်။
“သူ့ကိုသတ်”
ယဲ့လုံအန်နှင့် စုန့်ကျီရှီတို့ ပြိုင်တူ ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။ သူတို့၏ စိတ်ထဲ၌ မုန်းတီး စက်ဆုပ် စိတ်များနှင့် ပြည့်နှက်နေ၏။ ယဲ့ဖန်က လက်ပိုက်၍ သူတို့ကို ကြည့်ကာ လှောင်ရယ်ကာ တစ်ကိုယ်တည်း ပြောလိုက်သည်။
“အတူ တက်လာပြီး သေကြပေါ့”
*ဘယ်သူက သေဖို့တက်မှာလဲ*
*ဘယ်သူက အတူတက်လာပြီး သေရမှာလဲ*
“လေကြောရှည်တဲ့ကောင်၊ ငါ မင်းခေါင်းကို အရယူပြမယ်”
ထူးခြားသော ရယ်သံ ထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က လက်တစ်ဖက်အား ချိတ်သဖွယ် ဆန့်တန်း၍ ဖမ်းရန် ပြင်လာလေသည်။
ထိုသူသည် နတ်ဆိုးလက်နှင့် ဖျက်ဆီးသူ သံလက်ဟု နာမည်ပြောင် ရှိပြီး ထူးခြားသော လူတစ်ယောက် ဖြစ်သည်။ သူသည် လူအများအား ကိုယ်လက်အင်္ဂါ ဖြတ်တောက်ရသည်ကို နှစ်သက်သည်။ တစ်ချိန်က သိုင်းပညာရှင် ဆယ့်သုံးယောက်ကို သူ သတ်ခဲ့ပြီး ထိုအလောင်း ဆယ့်သုံးလောင်းလုံး ပကတိအတိုင်း ဖြစ်နေသည့် အလောင်း ဟူ၍ မရှိပေ။
လက်ရှိတွင် သူသည် ယဲ့ဖန်၏ လည်ပင်းအား လက်ဖြင့် ဖမ်းချုပ်၍ ခေါင်းကို ဆွဲဖြုတ်ချင်နေ၏။ သူ၏ လက်တစ်ဖက်က ယဲ့ဖန်ထံသို့ ကျရောက်သွားစဉ်တွင် လူတိုင်း ဝမ်းသာအားရ ဖြစ်သွားပြီး အောင်မြင် သွားပြီဟု ထင်သွားလေသည်။
*ဒီအမှိုက်ကောင်က ကွေလုံကို အလစ်ဖမ်းတိုက်ဖို့ အတော်လေး ကြိုးစားလိုက်ရတာ*
*အခု ဒီသိုင်းပညာရှင်တွေ ပြင်ဆင်ပြီး တိုက်တာဆိုတော့ အဲ့ကောင် သေဖို့ပဲ စောင့်နေရတော့မှာပဲ*
ထိုလူများထဲတွင် စိတ်အလှုပ်ရှားဆုံးသူမှာ စုန့်ကျီရှီးနှင့် ယဲ့လုံအန်ပင်။ လက်ရှိတွင် သူတို့၏ မျက်နှာ၌ ရက်စက် ခက်ထန်သော အမူအရာများ ထင်ဟပ်နေသည်။
ယဲ့ဖန်ကို သတ်ခြင်းသည် ပထမအဆင့်သာ ရှိသေးသည်။ ပြီးလျင် သူနှင့် ပတ်သက်သူအားလုံး သေရပေမည်။ လူတိုင်း အားရပါးရ ရယ်မောနေ၏။ ကျုံး
ဝမ်တစ်ယောက်တည်းသာ ငိုကြွေးနေသည်။ ဤကိစ္စအားလုံးက သူမကြောင့်ပင်။ ယဲ့ဖန်ကို သတ်လိုက်သည့်လူက သူမပင်။ သူမသာ ယဲ့ဖန်ကို ခေါ်မလာခဲ့လျင် ယဲ့ဖန် သေရမည် မဟုတ်ပါ။ အရာအားလုံးက သူမအမှားပင်။
သို့သော် အားလုံး၏ ဟားတိုက် ရယ်မောသံက တိခနဲ ရပ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ် လာ၏။
“အား…”
ငယ်သံပါအောင် အော်ဟစ်သံက ဟိုတယ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ နတ်ဆိုးလက်သည် နောက်သို့ အသည်းအသန် ဆုတ်လိုက်မိပြီး သူ၏ လက်ငါးချောင်းလုံး ကျိုးကြေတွန့်လိမ့်ကာ သွေးများ ထွက်နေသည်။
*ယဲ့ဖန်က တစ်စက်ကလေးတောင် မခုခံဘဲ သူ တိုက်ခိုက်တာကို ခံလိုက်တာလေ၊ ဘာလို့ နတ်ဆိုးလက်က အကြီးအကျယ် ရှုံးသွားတာလဲ*
*အံ့ဩစရာပဲ*
“မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”
နတ်ဆိုးလက် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူတို့ကြား၌ ခွန်အားခြင်း အလွန် ကွာခြားသည်။
“တချို့က ငါ့ကို နတ်ဆိုးလို့ခေါ်တယ်၊ တချို့က သေမင်းနတ်ဘုရားလို့ ငါ့ကို ခေါ်တယ်၊ တချို့ကတော့ ငါ့ကို မျှော်လင့်ချက် မဲ့ခြင်းလို့ ခေါ်ကြတာပဲ”
ယဲ့ဖန် ရှေ့သို့ တစ်လှမ်းတက်လာချိန်တွင် ရုတ်တရက် လေထုက တင်းမာလာ၏။
“နတ်ဆိုးလက် ဟုတ်လား၊ နတ်ဆိုးလက်ဆိုတာက ဘာလဲ မင်းကို ငါ ပြမယ်”
ထိုစဉ် အရာအားလုံးကို သတ်ဖြတ်နိုင်သော နတ်ဆိုးလက်ဝါးတစ်ဖက် ထွက်ပေါ်လာသည်။ နတ်ဆိုးလက် ထိတ်လန့် တုန်လှုပ်နေစဉ်မှာပင် ထိုလက်ဝါးက သူ့ဗိုက်ကို ထိုးဖောက်သွားသည်။ ဤမြင်ကွင်းကြောင့် ဘေးလူများ အားလုံး တုန်လှုပ်သွားလေသည်။
*နတ်ဆိုး*
*သေမင်းနတ်ဘုရား*
*မျှော်လင့်ချက်မဲ့ခြင်း*
ယခု သူတို့ အမှန်တကယ် မျှော်လင့်ချက် မဲ့နေကြလေသည်။