← Chapters

အခန်း ၁၁၂၄

Vol. 75 Ch. 1124

အခန်း ၁၁၂၄

Vol. 75 Ch. 1124

Chapter 1124 မင်း သေသင့်တယ်

အရေပြား စုတ်ဖြဲသံနှင့် သွေးများ ထွက်လာပြီးနောက် နတ်ဆိုးလက်ဝါးက နတ်ဆိုးလက်၏ ရင်ဘတ်အား ပွင့်ထွက်သွားအောင် လုပ်လိုက်သည်ကို လူတိုင်း တွေ့လိုက်ရသည်။

လူအများကို တစ်စစီ ဖြစ်အောင် လုပ်ရသည်ကို နှစ်သက်သည့် နတ်ဆိုးလက်သည် ယခု သူကိုယ်တိုင် အရှင်လတ်လတ် ဆွဲစုတ်ခံလိုက်ရလေပြီ။

ကိုယ်တွင်းအင်္ဂါများနှင့် အူမကြီးတို့က ကြမ်းပြင်ပေါ် လွင့်စဉ်နေသဖြင့် မြင်ကွင်းက အလွန်အမင်း သွေးထွက်သံယို များကာ မသတီစရာ ကောင်းလှသည်။

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။

*သေပြီ*

*သေသွားပြန်ပြီ*

*ဒီသိုင်းပညာရှင် နှစ်ယောက်လုံးက အဆင့်ခြောက် ရွှေရောင်ခန္ဓာကိုယ်အဆင့်တွေလေ*

*သူတို့အားလုံး ချက်ချင်း အသတ်ခံလိုက်ရပြီ*

*ပထမတစ်ခေါက်က အလစ်ဝင်တိုက်လို့ ဆိုရင်ထားပါတော့ အခု ဒီဒုတိယတစ်ခေါက်ကိုရော ဘယ်လို ရှင်းပြမှာလဲ*

*ဒီကောင်က ဈာန်ဝင်စားခြင်းအဆင့်ကို ရောက်နေတာများလား*

*အသက်နှစ်ဆယ် ဝန်းကျင်လောက်နဲ့ ဈာန်ဝင်စားခြင်းအဆင့်ကို ရောက်နေတာလား*

လူတိုင်း ယဲ့ဖန်ကို ထိတ်လန့် ကြောက်လန့်သော အကြည့်များဖြင့် ဝိုင်းကြည့်လာသည်။

*အင်အားကြီးတယ်*

*ပြီးတော့ ရက်စက်လွန်းတယ်*

*တကယ်ကို နတ်ဆိုးတစ်ကောင်လို ကြောက်ဖို့ကောင်းတယ်*

အခြား သိုင်းပညာရှင်များသည်လည်း ချက်ချင်း ခေါင်းမွေးထောင်သွားပြီး ယဲ့ဖန်အား အလွန် ကြောက်လန့်သော အမူအရာဖြင့် စိုက်ကြည့်လေသည်။ လက်ရှိအချိန်၌ သူတို့အားလုံး စိတ်ဝိညာဉ်များ တုန်လှုပ်နေသည်ဟု ခံစားမိ နေ၏။

*မနိုင်နိုင်ဘူး*

သူတို့ ဤမိစ္ဆာကောင်ကို ဘယ်သောအခါမှ မနိုင်နိုင်ပါ။ ယဲ့ဖန်က လက်ကိုမြှောက်၍ နတ်ဆိုးလက်အား အမှိုက်သဖွယ် ပစ်ထုတ်လိုက်သည်။ ထို့နောက် ကျန်သိုင်းပညာရှင်များကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“နောက်တစ်ယောက်”

လူတိုင်း အကြောက်လွန်နေကြသည်။ ကျုံးဝမ်ဆိုလျင် အလန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။

*သိုင်းပညာရှင် နှစ်ယောက်ကို အသာလေး သတ်ပစ်လိုက်တယ်၊ ဒီလူက ဘာလဲ*

“ဒုန်း”

ရုတ်တရက် သိုင်းပညာရှင်တစ်ယောက်က ယဲဖ့န်ရှေ့ ဒူးထောက်ပြီး ပြာနှမ်းသော မျက်နှာထားနှင့် တောင်းပန် လေသည်။ သူ့နဖူးမှ ချွေးစေးများလည်း စီးကျနေ၏။

“ကျုပ် … ကျုပ်ကို မသတ်ပါနဲ့၊ ကျုပ် ချက်ချင်း ထွက်သွားပါ့မယ်၊ ကျုပ် ဝင်မရှုပ်တော့ပါဘူး”

ထိုသိုင်းပညာရှင်သည် ဘဝ၌ ပထမဆုံးအကြိမ် ကြောက်လန့်ဖူးခြင်း ဖြစ်သည်။ သူသည်သာမ အခြား သိုင်းပညာရှင် များသည်လည်း ဤသည်ကိုကြည့်ပြီး တစ်ယောက်ပြီး တစ်ယောက် ကြမ်းပြင်၌ ဒူးထောက်ကာ ကြောက်လန့်၍ မျှော်လင့်ချက်မဲ့စွာ တောင်းပန်လေသည်။

“အရှင် ကျေးဇူးပြုပြီး ကျုပ်တို့ကို သွားခွင့်ပေးပါ”

သူတို့အားလုံး တညီတညွတ်တည်း ပြောလာသည်။ ယဲ့ဖန်၏ ရက်စက်မှုက သူတို့အား အလွန်အမင်း ဆောက်တည်ရာမရ ဖြစ်သွားစေ၏။

“ထကြ၊ ခွေးမသားတွေ မင်းတို့ကများ ငါ့ကို သစ္စာဖောက်ရဲတယ်လား”

ယဲ့လုံအန်သည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလွန် အရှက်ရသလို ခံစားမိနေ၏။ ယဲ့ဖန်ကမူ ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည်ဟုသာ မှတ်ယူထားပြီး သုန်မှုန်စွာ မေးလိုက်သည်။

“ခုနက ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ် မဟုတ်ဘူးလား”

ထိုသိုင်းပညာရှင်များ ထိတ်လန့်သွားပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။

“ပြီးတော့ ငါ သေချာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ”

“ဘယ်သူ လာလာ သေရမယ်လို့”

“ဂျွတ်”

ရုတ်ချည်းဆိုသလိုပင် သိုင်းပညာရှင် တစ်ယောက်၏ လည်ပင်းက ကျိုးထွက်သွားပြီး နောက်သို့ တစ်ရာ့ရှစ်ဆယ် ဒီဂရီ ကွေးကျသွားသည်။ ထူးဆန်းသည့် ကိစ္စမှာ ယဲ့ဖန်က သူနှင့် ခြေလှမ်း အနည်းငယ်မျှ လှမ်းနေသေးခြင်းပင်။

*လေထဲမှာတင် သတ်ပစ်လိုက်တာလား*

*ကြောက်စရာကောင်းတယ်*

*စောက်ရမ်း ကြောက်စရာကောင်းတယ်*

သိုင်းပညာရှင်များအားလုံး ကြက်သီး တဖြန်းဖြန်း ထသွားပြီး အသက်ပင် မရှူဝံ့တော့ချေ။ ဤမြင်ကွင်းက သူတို့ ထင်ထားသည်ထက်ပင် ကျော်လွန်နေ၏။ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ နည်းလမ်းပင်။

စုန့်ကျီရှီးနှင့် သူမလူများအားလုံး အကြောက်လွန်ကာ သတိလစ်လုနီးပါး ဖြစ်နေ၏။ သိုင်းပညာရှင် တစ်ယောက်အား ကြက်ကလေး ငှက်ကလေးသဖွယ် သတ်ပစ်လိုက်သည့်အပြင် ကျန်လူတစ်ယောက်ကိုလည်း လေထဲမှာတင် သတ်ပစ်လိုက်သည်။ ဤအဖြစ်မှာ မယုံနိုင်စရာ ကောင်းလှသည်။

“ပြေး”

“ပြေးဟေ့”

ထိုအခိုက်တွင် သိုင်းပညာရှင်များသည် တုံ့ဆိုင်းမနေဘဲ အလုအယက် ထွက်ပြေးလေသည်။

“ထွက်ပြေးမယ် ဟုတ်လား၊ မင်းတို့ ပြေးနိုင်လို့လား”

ယဲ့ဖန်က အေးတိအေးစက် ပြုံးကာ သွေးဆာနေသော ဟန်ပန်ဖြင့် နှုတ်ခမ်းကို လျှာသပ်လိုက်သည်။ ထို့နောက် ဖြူဖွေး၍ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်လေသည်။ သူ၏ လက်ချောင်းများအား လူတိုင်းက နတ်ဆိုး၏ လက်သည်းများဟု မြင်ယောင်နေကြသည်။ ထိုစဉ် ယဲ့ဖန်က လက်ချောင်းများကို ဖျစ်ညှစ်ဟန် ပြုလိုက်သည်။

ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲသွားပြီး မည်သည့် အရိုးမှ မကျန်ရစ်ဘဲ သွေးအိုင်တစ်ခုသာ ကျန်ခဲ့လေသည်။

“အား...”

ထိုအခါ ယဲ့လုံအန်သည် ကြောက်လန့်တကြား မအော်ဘဲ မနေနိုင်အောင် ဖြစ်သွားရပြီး မျက်နှာ၌ ထိတ်လန့် သွေးပျက်ဟန်များ ထင်ဟပ်လာသည်။

*ဒီကောင်က လူတွေကို လေထဲမှာတင် သတ်ပစ်နိုင်တာလား*

ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး သိုင်းပညာရှင်များအားလုံး သွေးအိုင်အဖြစ်သို့ ပြောင်းလဲကာ ဆိုးဆိုးရွားရွား သေဆုံးသွားလေသည်။

“အခု မင်းအလှည့်ပဲ”

အေးစက်စက် မျက်လုံးတစ်စုံက ယဲ့လုံအန်ပေါ် ကျရောက်လာ၏။ ယဲ့လုံအန်က အံကြိတ်၍ ပြန်အော်လိုက်သည်။

“မင်း အမှိုက်ကောင် နည်းနည်းလောက်ကို သတ်လိုက်တာနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား၊ ငါ့ဝှက်ဖဲအစစ်ကို ပြကိုမပြရသေးဘူး”

“မင်းမှာ အစွမ်းရှိရင် မင်း တစ်ယောက်ယောက် ခေါ်တာကို ငါ စောင့်နေမယ်”

ယဲ့ဖန်က သန်မာသော်လည်း ထိုသူကို ခေါ်လိုက်သည်နှင့် ယဲ့ဖန် မုချသေလိမ့်မည်ဟု ယဲ့လုံအန် ယုံကြည်နေ၏။ ထိုသူသည် ဟွိုင်အန်းမြို့၏ မြေအောက် ဧကရာဇ် ဖြစ်သည်။ သူတောင်မှ ထိုလူကို မဆင်မခြင် မပြောရဲပေ။

ထို့အပြင် ထိုလူသည် ထွက်ပေါ်လာကတည်းက တစ်ခါမှ အရှုံးနှင့် မကြုံဖူးသေးပေ။ သူသည် သမိုင်းတွင်သော လူတစ်ယောက် ဖြစ်ပေသည်။

ယဲ့ဖန်က နားလည်ရခက်သော ရယ်သံမျိုးနှင့် ရယ်မော၍ ထပ်ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း အဲ့လူကိုပါ ဆိုးဆိုးရွားရွား သေခိုင်းရတာပေါ့”

“ကောင်းပြီလေ၊ မင်းက အပြောကြီးသားပဲ၊ ဘယ်သူ သေမလဲ ကြည့်ကြသေးတာပေါ့”

ယဲ့လုံအန် ဝမ်းသာပျော်ရွှင်သွားသည်။

*ဒီအရူးက ငါ့ကို တကယ် တခြားသူကို လှမ်းခေါ်ခွင့်ပေးတာပဲ*

*ငါ ခေါ်မယ့်လူက ဘယ်လို ကြောက်စရာကောင်းတဲ့ လူမျိုးလဲဆိုတာကို ယဲ့ဖန် မသိဘူးပဲ*

ယဲ့လုံအန်သည် ဖုန်းခေါ်လိုက်သည်နှင့် ချက်ချင်း မျက်နှာထား ပြောင်းလဲသွားသည်။

“အစ်ကိုလင်း ကျွန်တော် ရှောင်ယဲ့ပါ၊ အစ်ကို အားလား၊ ဒီမှာ ကျွန်တော် ဒုက္ခတွေ့နေလို့ အစ်ကို့အကူအညီ တောင်းချင်တယ်”

လူတိုင်း ဆူညံပွက်လောရိုက်သွားရသည်။ ယဲ့လုံအန်လို လူမျိုးတောင်မှ သူ့ကိုယ်သူ ရှောင်ယဲ့ဟု ပြောနေသဖြင့် တစ်ဖက်လူက မည်သို့သော လူစားမျိုးနည်း။ ဤအစ်ကိုလင်းက ဘယ်လောက် ကြောက်စရာကောင်းပါသနည်း။

စုန့်ကျီရှီး စိုးရိမ်နေရာမှ ရုတ်တရက် တည်ငြိမ်လာသည်။

*ဒါက ဟွိုင်အန်းမြို့လေ၊ ယဲ့လုံအန်ရဲ့ ပိုင်နက်ပဲကို*

*သူက ဘာလို့ သာမန်လူတစ်ယောက်ကို ကြောက်ရမှာလဲ*

*သူက ဘယ်လောက် သန်မာနေပါစေ ဟွိုင်အန်း တစ်မြို့လုံးရဲ့ အင်အားစုကို တိုက်နိုင်လို့လား*

ထိုသို့ စဉ်းစားပြီးနောက် စုန့်ကျီရှီး၏ မျက်လုံးတွင် ကြောက်စိတ်များ လွင့်ပြယ်သွားပြီး မလိုတမာ မုန်းတီးစိတ်များ ဝင်ရောက်လာသည်။

မကြာခင် အချိန်အတွင်း ယဲ့ဖန်အား အနာကျင်ဆုံးနှင့် အဆိုးရွားဆုံး နည်းလမ်းဖြင့် သေအောင် လုပ်မည်ဟု သူမ ကျိန်ဆိုလိုက်သည်။ အခြား အနုပညာ အငယ်စားများလည်း တစ်ယောက်ပြီး တစ်ယောက် စိတ်တည်ငြိမ်လာ၏။

ယဲ့ဖန်သည် ကြောက်စရာ ကောင်းပါ၏။ သို့သော် သူ မည်မျှ ကြောက်စရာကောင်းနေပါစေ သူတစ်ယောက်တည်း၏ အင်အားသာ ရှိသည်။ သူက ဟွိုင်အန်းမြို့၏ မြွေတစ်ကောင် ဖြစ်သော ယဲ့လုံအန်ကို မည်သို့ တိုက်နိုင်ပါမည်နည်း။

တိုက်မည်ဆိုလျင်လည်း အကြိမ်ပေါင်း မည်မျှ တိုက်နိုင်မည်နည်း။ ဆယ်ကြိမ်လား သို့မဟုတ် အကြိမ်တစ်ရာလား သို့မဟုတ် အကြိမ်တစ်ထောင်လား။ တိုက်ခိုက်လျင် ခြေကုန်လက်ပန်းကျမည့် အချိန်ဆိုတာက ရှိစမြဲပင်။

လက်ရှိတွင် အားလုံး၏ မျက်နှာ၌ ဝင့်ကြွားသော အမူအရာများ ထင်ဟပ်လာသည်။ သူတို့၏ စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲနေကြသည်။

*မင်း နှိုင်းယှဉ်နိုင်သယောင် ဟန်လုပ်ရတာကို ကြိုက်တယ်မလား၊ မင်း နှိပ်စက်ပြီး အသက်ခံရမယ့်အချိန်ကျရင် ဘယ်လို ဟန်ဆောင်ဦးမလဲ ကြည့်ကြသေးတာပေါ့*

“မင်းက တခြားသူကို ခေါ်ပြီးပြီဆိုတော့ ငါလည်း တစ်ခြားသူကို ခေါ်ရတာပေါ့”

ယဲ့ဖန်က ရယ်မော၍ ဖုန်းထုတ်လိုက်သည်။ ဤသည်ကို ကြည့်ပြီး လူတိုင်း အထင်သေးစွာ ရယ်မောလေ၏။

*မင်းလည်း လိုက်ပြီး အားကိုးမယ့်သူ ခေါ်မယ်ပေါ့လေ၊ မင်းက ဘာကို ခေါ်နိုင်မှာလဲ၊ ကြောင်လား ခွေးလား*

*မဖြစ်နိုင်တာကြီးကို*

ယဲ့ဖန်သည် ဖုန်းခေါ်ပြီးသည်နှင့် တစ်ခွန်းသာ ပြောလိုက်သည်။

“နာရီဝက်အတွင်း လူစုပြီး မဟာသရဖူ ဟိုတယ်ကို လာခဲ့”

ထိုစကားသာ ပြောပြီး ဖုန်းချလိုက်သည်။ စကားပြောခြင်းထက် အမိန့်ပေးခြင်းပင်။ ဤအမူအရာက အထက်စီး ဆန်လွန်းလှ၏။ သို့သော် စုန့်ကျီရှီးနှင့် အခြားသူများ၏ စိတ်ထဲတွင် ဟန်လုပ်လွန်နေသည်ဟုသာ ထင်နေကြသည်။

*ဒီအမှိုက်ကောင်က လှမ်းခေါ်နိုင်တယ်ဆိုတော့ အင်အားကြီးမယ့်လူမျိုးတော့ မဖြစ်နိုင်ဘူး*

*သူခေါ်တဲ့လူက ယဲ့လုံအန် ခေါ်လိုက်တဲ့ လူနဲ့ ယှဉ်ရင် တော်တော်လေး ခြားနားမှာ သေချာတယ်*

“ငါ လင်းကျန်းထျန်းရဲ့ ညီကို ဘယ်သူ ထိရဲတာလဲ”

နာရီဝက်အကြာ၌ ကျားဟိန်းသံကဲ့သို့ ခက်ထန်ကြမ်းကြုတ်သော အသံတစ်သံက ဟိုတယ်အနှံ့သို့ ပဲ့တင်ထပ်ပြီး အဆောက်အဦး တစ်ခုလုံး တုန်ခါသွားလေသည်။

“လင်း … လင်းကျန်းထျန်းလား”

“ယဲ့လုံအန်ရဲ့ ဝှက်ဖဲက ဒီမိစ္ဆာကောင် ဖြစ်နေတာလား”

“သွားပြီ၊ ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်၊ ဒီမိစ္ဆာကောင်ရဲ့ အကျင့်အရ ဒီဟိုတယ်ကို သူ မဖျက်ဆီးခင် သွားမှ ဖြစ်မယ်”

“လင်းကျန်းထျန်း သွားတဲ့ ဘယ်နေရာမှာမဆို မြက်ပင်‌တောင် မကျန်တတ်ဘူး”

ကြောက်လန့်တကြား အော်ဟစ် ပြောဆိုသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် ယဲ့လုံအန်၏ အပြုံးက ပိုမို အေးစက်လာသည်။

“မျိုးမစစ်ကောင် မင်း သေလိုက်တော့”

All Chapters