အိမ်မှ ထွက်ခွာခြင်း
Vol. 001 Ch. 7
"အဲဒါက မှန်တယ် ... အကို လေး ... ငါတို့က မင်းအတွက် ပြောတာ ဘာလို့ မင်းအတွက် အခွင့်အရေးကို အစ်ကို နှစ်ကို ပေးလိုက်တာလဲ ... ဝမ်ကျောက်ပြောတာ မှန်တယ်…. မင်းရဲ့ သားက ထေ့ကျူးထက် ပိုပြီးထက်မြက်တယ် ... သူက အင်မော်တယ်တွေရဲ့ ရွေးချယ်ခြင်းကို ကျိန်းသေပေါက်ရမှာပဲ ... "
ထေ့ကျူး၏ ဦလေးငါးက တစ်ဖက်စောင်းနင်း ပြောလိုက်၏။
ဝမ်ကျောက်က ဝင့်ကြွားစွာ ပြုံးလိုက်သည်။
"ဒါတွေအားလုံးက သူ့မိုက်ပြစ်နဲ့သူပဲ...အဖေနဲ့ ကျွန်တော်က ကြိုပြီး သတိပေးခဲ့သားပဲ ... အဲဒီအသုံးမကျတဲ့ မိသားစုက ခေါင်းမာတဲ့တဲ့ မြည်းတွေလိုပဲ လုပ်နေခဲ့ကြတာ ... အခုတော့သူတို့ ခံရပြီမလား ... "
ဝမ်ဟို၏မျက်နှာက ဖြူဖျော့သွားပြီး ဝမ်လင်းဘက်မှ ကူပြောရန် ဟန်ပြင်လိုက်သည် …
"ထေ့ကျူးက ... "
သူစကားမဆုံးခင်မှာ သူ၏ အဖေက သူ့ကို ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။ ထို့နောက် ဝမ်ဟိုကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီး ငြိမ်နေလိုက်သည်။
ထေ့ကျူး၏ ဦးလေး လေးက ထွက်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်…
"ဘယ်သူပဲဖြစ်ဖြစ် ဒီကိစ္စကို ဆက်ပြောနေမယ်ဆိုရင် ဒါက ငါ့ကိုဆန့်ကျင်တာပဲ… ဒါကို ဒီမှာပဲ အဆုံးသတ် လိုက်ရအောင် ... အင်မော်တယ်အဖြစ် အရွေးမခံရတာ ဝမ်လင်း ကံမကောင်းလို့ပဲ ... ဝမ်လင်း ... မင်းစိတ်ထဲမှာ ဘာမှခံစားမနေနဲ့ … မင်းဦးလေးဆီ ကြိုက်တဲ့အချိန် လာနိုင်တယ် ... အင်မော်တယ် ဂိုဏ်းတွေနဲ့တော့ မသိဘူး… ဒါပေမဲ့ ရိုးရိုးဂိုဏ်းဆိုရင် ဘယ်ကျောင်းမဆို မင်းဝင်လို့ရအောင် ငါလုပ်ပေးနိုင်တယ် ... ငါ့သား ဟုစီ နဲ့တူတူတက်ပေါ့...''
ထိုစကားကို ကြားပြီးနောက် ဝမ်ကျောက်က သူ၏မေးစေ့ကို အသာပွတ် လိုက်သည်။ သူက အထင်အမြင်သေးစွာ ပြောလိုက်သည်။
"ထေ့ကျူး ... မင်း ဦးလေးလေး နှင့်အတူ လိုက်သွားသင့်တယ် ... မင်းအဲဒီကိုရောက်တဲ့အခါ အင်မော်တယ်တွေရဲ့ အငြင်းခံ အမှိုက်ဆိုတာ ပြောပြလိုက်ပေါ့ ... သူတို့က မင်းကို သေချာပေါက် လက်ခံမှာပါ ... "
ဝမ်လင်းက သူ၏ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ကာ သူ၏ပတ်လည်တွင်ရှိသော ဆွေမျိူးများကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။
သူ၏မျက်လုံးများက နောက်ဆုံး၌ ဝမ်ကျောက်ထံတွင် ရပ်တန့်သွားပြီး ဝမ်လင်းက ပြောလိုက်သည်။
"ဝမ်ကျောက် ... မင်း ငါ့စကားတွေကို မှတ်ထားလိုက် ... ငါဆိုတဲ့ ဝမ်လင်းက သေချာပေါက် အင်မော်တယ် ဂိုဏ်းတွေကို ဝင်ရောက် နိုင်ရမယ်ကွ ... မင်းနဲ့ မင်းအဖေ ငါ့မိသားစုအပေါ် ပြုမူခဲ့တာတွေကို ငါဘယ်တော့မှ မမေ့ဘူး..."
ထေ့ကျူး၏ စကားများကို ကြားလိုက် ရသောအခါ ဝမ်ကျောက်က ရယ်မောသည်။ သူဘာမှမပြောရသေးမီ အချိန်၌ ဦးလေးလေးက ဝမ်ကျောက်ကို အော်ပြောလိုက်သည် ...
"စကားလွန်မလာနဲ့ ကောင်လေး … မင်းကိုငါသုံး စားမရအောင် လုပ်ပစ်မယ် … အဲဒီ အင်မော်တယ်တွေ မင်းကို ဆက်လိုချင် နေသေးလား ဆိုတာ ကြည့်ကြတာပေါ့… "
ဝမ်ကျောက်အဖေ၏ မျက်နှာက ရုတ်တရက် ဖြူရော်သွားသည်။ သူက ချက်ချင်း ဝမ်ကျောက်၏ ရှေ့ကို ရောက် လာပြီး ပြောလိုက်သည်။
"ညီလေး ... မင်း လုပ်ရဲလား ... "
ဘေးပတ်ပတ်လည်မှ ဆွေမျိူးများက သူတို့၏ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ပွဲတစ်ခု ကြည့်နေရသည့်အလား အေးစက် ငေးမောကာ ကြည့်နေကြသည်။
ထေ့ကျူး၏ ဦးလေးလေးက ရယ်မော လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မာကျောမှုများကို မြင်တွေ့ရသည်။ သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည် ... "သေချာလား အစ်ကို ... ငါမလုပ်ရဲဘူးထင်လား ... "
ထေ့ကျူး၏အဖေက အလျင်အမြန် ထွက်လာပြီး သူ၏ညီလေးကို ဆွဲ၍ ဖျောင်းဖျလိုက်သည်… "ညီလေး ... မင်းအစ်ကို နှစ်ရဲ့ စကားကို နားထောင်ပါ ... မင်းမှာ မင်းမိန်းမနဲ့သားက ရှိနေသေးတယ် ... ဒီကိစ္စကို ထားလိုက်တော့ ... ဒီနေ့ မင်းငါ့အတွက် လုပ်ပေးခဲ့တာ ငါဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ... အခုတော့ ငါ့အိမ်ကိုပြန်ကြရအောင်..."
ဦးလေးလေးက ဝမ်ကျောက်၏အဖေကို ဘုကြည့်ကြည့် လိုက်သည်။ ထို့နောက် သူ၏အစ်ကိုနှစ် ခေါ်ရာကို လိုက်သွားကာ ထေ့ကျူးနှင့်အတူ ဝမ်မိသားစုအိမ်မှ ထွက်လာခဲ့သည်။
ဝမ်လင်းက အဝေးမှပင် ဆွေမျိူးများ၏ အတင်းအဖျင်းများကို ကြားနေရသည်။ ဝမ်လင်းတို့ မိသားစုက သူ့ဦးလေးလေး၏ မြင်းလှည်းထဲ၌ ထိုင်လိုက်သည်။ မြင်းလှည်း အတွင်း၌ကား တိတ်ဆိတ်နေသည်။ ထေ့ကျူး၏ အဖေက တိတ်တဆိတ် သက်ပြင်းချ လိုက်၏။
သူ အမှန်တကယ် သည်ကိစ္စအတွက် စိတ်ပျက်နေခဲ့သည်။ သို့သော်လည်း ဝမ်လင်းက သူ၏သားဖြစ်၏။ နောက်ဆုံး၌ သူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ထေ့ကျူး ... ဒါက မင်းအမှား မဟုတ်ဘူး ... ဟုတ်တယ်မလား ... ငါအိမ်က ထွက်သွားဖို့ ဖိအားပေး ခံရတုန်းက ဒီထက်ပိုဆိုးတယ် ... ဒါပေမဲ့ ငါက စိတ်ဓာတ်မကျခဲ့ဘူး ... ခုချိန်ထိငါ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တယ် ... နားထောင်စမ်း ငါ့သား ... အိမ်ကိုပြန်ပြီး စာကို ကောင်းကောင်းလေ့လာ ... နောက်နှစ် အရာရှိစာမေးပွဲမှာ ရလဒ်ကောင်းအောင်လုပ် ... စာမလုပ်ချင်ဘူးဆိုရင် မင်းဦးလေးလေး နဲ့အတူ စိတ်ပြေလက်ပျောက် လျှောက်သွားကြပေါ့ ..."
ထေ့ကျူး၏အမေက သူ၏သားကို ကြင်နာစွာ ကြည့်လိုက်ပြီး နှစ်သိမ့်လိုက်သည် ... "ထေ့ကျူး ... ဘာမှ မိုက်မဲတာတွေ လျှောက်မလုပ်နဲ့ ... မင်းကငါ့ရဲ့ တစ်ဦးတည်းသော သားပဲ ... မင်းတစ်ခုခု ဖြစ်ရင် ငါအသက်ရှင်နိုင်မှာ မဟုတ်ဘူး ... ဒါကြောင့် အားတင်းထားဖို့ လိုတယ် ... "
ထိုကဲ့သို့ပြောပြီးနောက်တွင် သူမ၏ မျက်နှာထက်၌ မျက်ရည်များ လိမ့်ဆင်းကြလာခဲ့သည်။
ဝမ်လင်းက သူ၏ မိဘများကိုကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အဖေနှင့်အမေ စိတ်အေးအေးထားပါ ... ကျွန်တော် မိုက်မဲတာတွေ တစ်ခုမှ မလုပ်ပါဘူး ... ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်..."
ထေ့ကျူး၏အမေက သူ၏သားကို ပွေ့ဖက်ထား လိုက်သည်။ သူမ၏ လက်မောင်းများ အကြား၌ နွေးထွေးစွာ ဖက်ထားရင်း သူမက ပြောလိုက်သည်။
"ထေ့ကျူး ဒီကိစ္စက ပြီးသွားခဲ့ပြီ ...ဒါကိုမေ့ပစ်လိုက်ကြရအောင်..."
သူ့အမေ၏ နွေးထွေးသော ရင်ခွင်ထဲ၌ ထေ့ကျူး၏ နှလုံးသားက ပြန်လည်၍ ငြိမ်သက်လာသည်။ လွန်ခဲ့သော ရက်အနည်းငယ်မှ အဖြစ်အပျက်က သူ့ကို အလွန် ပင်ပန်းနွမ်းနယ် စေခဲ့သည်။ မြင်းလှည်း၏ အပေါ်အောက် လှုပ်ခါနေခဲ့မှု နှင့်အတူ ဝမ်လင်းက တဖြည်းဖြည်း အိပ်မောကျသွား၏။
ဝမ်လင်း အိပ်မက်မက်နေခဲ့၏။ သူ၏အိပ်မက်ထဲ၌ ဝမ်လင်းက အင်မော်တယ် တစ်ယောက် ဖြစ်လာခဲ့ပြီး သူ၏မိဘများ နှင့်အတူ ကောင်းကင်၌ ပျံသန်းနေသည်။
ဝမ်လင်း နိုးလာသောအခါ ညဉ့်နက်နေပြီ ဖြစ်သည်။သူက မိဘများ၏ အခန်းကို ကြည့်လိုက်ပြီး သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။ သူအိမ်မှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချလိုက်၏။ သူအိမ်မှ မထွက်ခွာမီ အိပ်နေသောသူ၏ မိဘနှစ်ပါးကို အချိန်အတန်ကြာ ကြည့်လိုက်သည်။ သူက စာရွက်နှင့် မှင်တံကို ယူ၍ စာတစ်စောင် ရေးပေးထားခဲ့ပြီး လုံလောက်သော ရိက္ခာခြောက်ကို ယူကာ အိမ်မှ ထွက်လာခဲ့သည်။
"ငါ ... အင်မော်တယ် လမ်းစဉ်ကို လျှောက်ပြီး အင်မော်တယ် တစ်ယောက် ဖြစ်လာရမယ် ... ငါလုံးဝ လက်မလျော့ဘူး ... ငါနောက်တစ်ကြိမ် ဟုန်ယွီဂိုဏ်းကို ဝင်ဖို့ကြိုးစားမယ် ... သူတို့က လက်မခံဘူးဆိုရင် တခြား အင်မော်တယ် ဂိုဏ်းတွေကို ငါရအောင်ရှာပြီး တက်မယ် ... "
ဝမ်လင်း၏ မျက်လုံးထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေသည်။ သူက လွယ်အိတ်ကို လွယ်လိုက်ပြီး ရွာမှ ထွက်ခွာလာခဲ့၏။ လရောင်က လမ်းပေါ်တွင် ဖြာကျနေပြီး ကြယ်များက သူ့အား လမ်းညွှန် နေကြသည်။
ဝမ်လင်းက သူ၏အရိပ်ကို အဖော်ပြု၍ ခရီးဆက်နေသည်။
သုံးရက်ခန့် ကြာပြီးသောအခါ ဝမ်လင်းက ဝေးလံခေါင်ဖျားသော တောင်ပေါ်လမ်း ပေါ်တွင် လမ်းလျှောက်နေ၏။
အင်မော်တယ်လူငယ်က သူ့အား ဟုန်ယွီဂိုဏ်းသို့ ခေါ်ဆောင်စဉ် အချိန်က မြင်ကွင်းတချို့ကို ဝမ်လင်း မှတ်သားခဲ့သည်။
ထို့ကြောင့် သူက ဟုန်ယွီ ဂိုဏ်းသို့ သွားသည့် လမ်းကြောင်းအား အနည်းငယ် မှတ်မိနေသည်။
ဝမ်လင်းက အရှေ့ဘက်စူးစူးသို့ ဦးတည်လာ၏။ ဝမ်လင်းက ဆူးပင်များ ပြတ်ရှမှုကြောင့် ဖြစ်ပေါ်လာသော ခြေထောက်မှ ဒဏ်ရာဒဏ်ချက်များကို ဂရုမစိုက်ဘဲ ရှေ့ကို ဆက်လျှောက်နေသည်။
တစ်ပတ်ခန့် ကြာပြီးနောက် သူက တောင်တစ်လုံး၏ အတွင်းပိုင်းသို့ရောက်ရှိလာသည်။ ကံကောင်း ထောက်မစွာဖြင့် ထိုနေရာ၌ အသားစား သတ္တဝါတစ်ကောင်မျှ မရှိချေ။ ဝမ်လင်းက လမ်းကြောင်းအတိုင်း ဂရုတစိုက် ဝင်လာခဲ့သည်။ နောက်ဆုံးတွင် သူက သီးခြားတည်ရှိနေသော တောင်ထိပ်တစ်ခု၌ သူနှင့်ရင်းနှီးသည့် ထူးဆန်းသော တောင်ထွတ်အား တွေ့လိုက်ရသည်။
ထေ့ကျူးက ထိုနေရာသို့ ရောက်သောအခါ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
ယူလာခဲ့သော ရိက္ခာခြောက်ကို ထုတ်စားရင်းဖြင့် ဝမ်လင်းက ဟုန်ယွီဂိုဏ်း တည်ရှိရာ တောင်ပေါ်ကို ကြည့်လိုက်သည်။ ဝမ်လင်းက သူ၏ နောက်ကျောဘက်၌ သားရဲကောင် တစ်ကောင်၏ အသက်ရှုသံကို သတိထားမိလိုက်၏။ သူက အနောက်သို့ လှည့်ကြည့် လိုက်သည်နှင့် ဝမ်လင်း၏ မျက်နှာက အရောင်ပြောင်း သွားသည်။
သွေးဆာနေသော မျက်လုံးများနှင့် ကြီးမားသော အဖြူရောင် ကျားကြီးက သူ၏ခန္ဓာကိုယ်ကို ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားစေ၏။ ကျားကြီးက ကြောက်မက်ဖွယ် ကောင်းအောင် ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။
အဖြူရောင် ကျားကြီး၏ လက်ထဲမှ မလွတ်မြောက်နိုင်မှန်း ဝမ်လင်း သိလိုက်ကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ဘေးတစ်ဖက်တွင်ရှိသော ချောက်ထဲကို ခုန်ချလိုက်တော့၏။
ထိုအခိုက်တွင် ဝမ်လင်း၏ မျက်နှာအား လေတဟူဟူး တိုက်နေသကဲ့သို့ ခံစားနေရပြီး သူ့မိဘများ၏ မျက်နှာများအား တစ်ဖန် ပြန်လည် မြင်ယောင်လာသည်။
"အဖေနဲ့အမေရဲ့ စကားကို သား နားမထောင်မိတာ ခွင့်လွှတ်ပါ… သား နှုတ်ဆက်ခဲ့ပါတယ်..."
သစ်ကိုင်းခြောက် အများအပြားက ချောက်ကမ်းပါး၏ နံရံအား ဖုံးအုပ်ထားသည်။ အောက်သို့ ကျလာသော ထေ့ကျူး၏ ခန္ဓာကိုယ်က သစ်ကိုင်းများကြောင့် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်လာသည်။
ချောက်အလယ်ခန့်သို့ ရောက်သောအခါ ဝမ်လင်းက ထူးဆန်းသော အားတစ်ခု၏ဆွဲငင်ခြင်းကို ခံစားလိုက်ရသည်။ ချက်ချင်း ဝမ်လင်းက သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်မရတော့ပဲ ချောက်အလယ်၌ ရှိသောဂူထဲသို့ ဆွဲငင်ခံ လိုက်ရတော့၏။
ဆွဲအားပျောက် သွားသောအခါ ဂူနံရံ၌ ဝင်တိုက်မိသောကြောင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲကာ ညာဘက်လက်က ဖူးရောင်နေသည်။ ဝမ်လင်းက ညာဘက် လက်မောင်းအား စမ်းကြည့်လိုက်သည့်အခါ သူက ဒဏ်ရာအခြေအနေကို ခန့်မှန်း၍ မရပေ။ သေချာသည်က လက်မှ ဒဏ်ရာက နံရံကို ဝင်တိုက်မိသောကြောင့် ရလာသော ဒဏ်ရာ ဖြစ်၏။
***