← Chapters

အခန်း ၁၁၂၆

Vol. 76 Ch. 1126

အခန်း ၁၁၂၆

Vol. 76 Ch. 1126

Chapter 1126 တခြားလူများ ခေါ်ထားခြင်း

ထိုအခိုက်တွင် လူတိုင်း တုန်လှုပ်ချောက်ချားစွာဖြင့် တံခါးဝသို့ လှမ်းကြည့်လိုက်ကြသည်။ တံခါးဝသို့ ကြည့်လိုက်မိသည်နှင့် လူတိုင်း ချက်ချင်း အံ့ဩသွားကြသည်။ အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်က သိုင်းပညာရှင် တစ်ဖွဲ့နှင့်အတူ ဖြည်းဖြည်းချင်း ဝင်လာနေ၏။ ထိုအဘိုးအိုသည် တည်ကြည်‌ လေးနက်သော မျက်နှာထား ရှိပြီး မျက်လုံးများက နဂါးတစ်ကောင်ကဲ့သို့ စူးရှကာ မြင့်မြတ်သော ရောင်ဝါမျိုး ထွက်ပေါ်နေသည်။

“ထန် … ထန်မင်လီ”

လင်းကျန်းထျန်း ရုတ်တရက် မျက်ခုံးလှုပ်လာ၏။ အဘယ်ကြောင့်ဆိုသော် သူ့အရှေ့မှလူသည် ယခု ဖျင်အန်းမြို့၏ ခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။ သူတောင်မှ ထန်မင်လီကို ထီမထင်သလို ဆက်ဆံ၍ မရပေ။

*ဘာလို့ သူက ဒီမှာ ပေါ်လာရတာလဲ*

*ဒီကောင်ရဲ့ နောက်ကွယ်ကလူများ ဖြစ်နေတာလား*

သူသည်သာမက အခြားလူများအားလုံးလည်း ထိုသို့ ထင်မြင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထန်မင်လီက သူ၏ အဆင့်အတန်းကို ထုတ်ပြောထားပြီးသား ဖြစ်သောကြောင့်ပင်။

“လူကြီးမင်းယဲ့”

ထန်မင်လီက ယဲ့ဖန်ရှေ့သို့ လျှောက်သွားပြီး ဦးညွှတ်၍ အရိုအသေ ပေးလေသည်။ တည်ကြည်လေးနက်၍ ကျိုးနွံလှသည်။

“ဟာ…”

ဤမြင်ကွင်းကြောင့် လူတိုင်း ရေခဲအိုင်ထဲ ပြုတ်ကျသွားသကဲ့သို့ အေးစိမ့်လာ၏။

*ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်ကို တအား လေးစားနေတာ၊ အခု ထန်မင်လီလည်း အဲ့လိုပဲလား*

*သူက ဘယ်သူလဲ*

လက်ရှိအချိန်တွင် ယဲ့လုံအန်သည် သေစာရင်း သွင်းခံထားရသော ခံစားချက်မျိုး ဖြစ်နေသည်။ သူတို့ အကောင်ကြီး တစ်ကောင်ကို ထိပါးလိုက်မိပြီဟု ဝမ်းတွင်းအသိက ပြောနေလေ၏။

ယဲ့ဖန်က လက်အသာ ခါပြလိုက်သည်။ သူ၏ အပြုအမူက အထက်စီးဆန်၍ ဂရုမစိုက်သလို ဖြစ်နေဆဲပင်။ ထိုအခါတွင်မှ ထန်မင်လီ ကိုယ်ပြန်မတ်ရလေသည်။ ထို့နောက် လင်းကျန်းထျန်းအား စူးစူးရဲရဲ စိုက်ကြည့်၍ ပြောလိုက်သည်။

“လူကြီးမင်းယဲ့ကို ရန်စရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာပဲ”

“ငါ …”

လင်းကျန်းထျန်း အလွန်အမင်း မျက်နှာ သုန်မှုန်နေပြီး ရုတ်တရက် ဘာပြောရမှန်း မသိဖြစ်ကာ ဆွံ့အနေ၏။ သူ အင်အားကြီးပါသော်လည်း သူသည် မြို့တစ်ခု၏ မြေအောက်လောက အရှင်သခင်မျှသာ ဖြစ်ပြီး ထန်မင်လီနှင့် ကင်းမြီးကောက် လူသတ်သမားအား တစ်ပြိုင်တည်း တိုက်နိုင်လောက်အောင် အင်အားမကြီးပါ။ ထို့အပြင် ထန်မင်လီ တစ်ယောက်တည်းနှင့်တင် သူ့ကို စွပ်ပြုတ်သောက်ရသည့် အခြေအနေရောက်အောင် လုပ်နိုင် လေသည်။

“လင်းကျန်းထျန်း မင်းကိုယ်မင်း ဘာထင်နေလဲ၊ ဟွိုင်အန်းမှာ နှစ်နည်းနည်းလောက် အချိန်ဖြုန်းလိုက်တာနဲ့ ဘယ်သူမှ မင်းကို မရှင်းရဲဘူး ထင်နေတာလား ဟုတ်လား”

တံခါးအပြင်မှနေ၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ဗိုက်ရွှဲရွှဲနှင့်လူတစ်ယောက် ဝင်လာ၏။

*ယန်မိသားစု ခေါင်းဆောင်ပါ ရောက်လာပါလား*

သူ့ကိုမြင်ပြီးနောက် လင်းကျန်းထျန်း၏ အမူအရာက ပို၍ ပျက်ယွင်းလာသည်။

*လာပြန်ပြီ*

*နောက် အင်အားကြီးတစ်ယောက်*

တစ်ယောက်ချင်းစီက သူ့အား စိန်ခေါ်ရန် လုံလောက်နေသည့်အပြင် သူ့ထက်သာသောသူများ ဖြစ်နေသည်။

“အိုး … ငါတို့ရဲ့ မြင့်မြတ်တဲ့ လူကြီးမင်းယဲ့ကို ရန်စရဲတယ်ပေါ့၊ လင်းကျန်းထျန်း မင်း ရူးသွားပြီလား”

ထေ့ငေါ့သော စကားသံနှင့်အတူ လူတစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။ ဝင်လာသည့် လူများကို တစ်ခါ မြင်လိုက်တိုင်း လင်းကျန်းထျန်း၏ မျက်နှာက ပိုပိုပျက်ယွင်းလာလေသည်။

မကြာခင်မှာပင် ဟိုတယ်တစ်ခုလုံး၌ လူများဖြင့် ပြည့်ကျပ်လာ၏။ လင်းကျန်းနှင့် တစ်ရာသော အခြားသူများ အားလုံး အဝိုင်းခံထားရသည်။ မမြင်ရသော လူသတ်လိုသည့် အငွေ့အသက်များက လေထုအတွင်း ပျံ့လွင့်နေ၏။

ယဲ့လုံအန်နှင့် အခြားသူများအားလုံး ကြောက်လွန်းသဖြင့် ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်လာကြသည်။ လက်ရှိ ခံစားချက်ကို သူတို့အားလုံး မည်သို့ ဖော်ပြရမှန်းမသိ ဖြစ်နေလေသည်။

ယဲ့ဖန်သည် ဖျင်အန်းတစ်မြို့လုံး၏ အင်အားအကြီးဆုံးလူများအားလုံးကို တကယ် ခေါ်ချလိုက်ခြင်းပင်။

“လူကြီးမင်းယဲ့”

“လူကြီးမင်းယဲ့”

“လူကြီးမင်းယဲ့”

ထိုသူများအားလုံး ရောက်လာသည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ ယဲ့ဖန်ရှေ့လာ၍ ဦးညွှတ် အရိုအသေ ပေးခြင်းပင်။ ယဲ့ဖန် လက်ခါပြလိုက်သည်နှင့် သူတို့က ထရပ်၍ ယဲ့ဖန်နောက်၌ ပြန်ရပ်လာကြသည်။

နာရီဝက်အတွင်း ယဲ့ဖန်အနောက်၌ အင်အားကြီး ပုဂ္ဂိုလ် အယောက်နှစ်ဆယ်ကျော်နီးပါး ရှိလာသည်။ ဖျင်အန်း တစ်မြို့လုံး သူ့တစ်ယောက်တည်းကိုသာ ရိုသေကြသည့်ပုံပင်။

လင်းကျန်းထျန်း အလွန် အရှက်ရနေသဖြင့် လည်ချောင်းများ ခြောက်သွေ့ကာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ စုန့်ကျီရှီးတို့ တစ်ဖွဲ့လုံးလည်း ထိတ်လန့်ကာ မျက်လုံးပြူးမတတ် ဖြစ်နေ၏။

လွန်ခဲ့သော နာရီဝက်ကပင် သူတို့ လှောင်ပြောင် ပုတ်ခတ် ပြောဆိုခဲ့ပြီး နာရီဝက်အကြာ၌ တစ်ဖက်လူက သူတို့အား ခြေထောက်ဖြင့် နင်းခြေရန် တတ်နိုင်သူ ဖြစ်နေပြန်သည်။ တစ်ဖက်လူ လက်စားချေလျင် သူတို့ ဘယ်သောအခါမှ ပြန်ထနိုင်မည် မဟုတ်ပါ။

ထိုစဉ် ရဲဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာနှင့် ခပ်သွက်သွက် လျှောက်လာသည်။

“လူအိုကြီးယန်း”

ထိုလူကို မြင်လိုက်ရသောအခါ လင်းကျန်းထျန်း ထိတ်လန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဟိုင်အန်းမြို့ ရဲဌာန၏ ခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။ လူအိုကြီးယန်းက သူ့အား စူးစူးရဲရဲ စိုက်ကြည့်၍ ပြောလေသည်။

“မင်းလုပ်လိုက်တဲ့ အလုပ်ကိုလည်း ကြည့်လိုက်ဦး”

ထို့နောက် ချက်ချင်းဆိုသလိုပင် သူက ယဲ့ဖန်အား တက်ကြွစွာ ကပ်သွားပြီး ပြုံး၍ ပြောလာသည်။

“လူကြီးမင်းယဲ့ ရိုင်းပျသွားရင် ခွင့်လွှတ်ပါ၊ အပြင်က ခင်ဗျားရဲ့ လူတစ်သောင်းကြောင့် လမ်းဆယ်လမ်း ပိတ်ကုန်ပြီး တော်တော်လေး ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်”

*လူတစ်သောင်း*

ထိုစကားလေး သုံးခွန်းသည် လူတိုင်း၏ စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။

*ယဲ့ဖန်က လူတစ်သောင်းကို ချက်ချင်း ခေါ်လိုက်တာလား*

*ဟိုတယ်ထဲက လူရာကျော်မပါသေးဘဲနဲ့ကိုလေ*

*ကြောက်စရာကောင်းလိုက်တာ*

ယဲ့ဖန်သာ ကြီးမားသော ဆူညံမှုမျိုး ပြုလုပ်လိုက်ပါက ဟွိုင်အန်း တစ်မြို့လုံး ပျက်စီးသွားလောက်သည်။

*ဒီလိုဩဇာ၊ ဒီလိုအင်အားမျိုးက ကြောက်ဖို့ကောင်းတယ်*

*ငါတို့ အမှိုက်ကောင်လို့ ထင်နေတဲ့လူက ခဏလေးနဲ့ ဖျင်အန်းတစ်မြို့လုံး အညံ့ခံထားရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာ ပါလား*

သူတို့အားလုံး အိပ်မက်မက်နေသည်ဟု ထင်နေကြသည်။ အိပ်မက်ဆိုးဟုပင် ထင်မှတ်နေကြလေသည်။ ယဲ့ဖန်က လူအိုကြီးယန်းကို တစ်ချက်ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“ဒီနေ့ ကိစ္စကို ရှင်းလို့မပြီးသေးသရွေ့ ဘယ်သူမှ ထွက်သွားလို့မရဘူး”

အထက်စီးဆန်၍ ချုပ်ကိုင်လွန်းသည်။ ထို့အတူ အလွန် ရက်စက်သော အငွေ့အသက်များလည်း ပါဝင်နေ၏။ ထိုစကားကို ကြားလိုက်ရပြီးနောက် လူတိုင်း တုန်ယင်သွားကြသည်။

ဤနတ်ဆိုးဘုရင် ဒေါသထွက်နေပြီဟု ရိပ်စားမိသွားလေသည်။ လူအိုကြီးယန်းသည် ချွေးပြန်နေပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သည်။

“ဒါပေမဲ့ …”

“မင်း နားလေးနေလား၊ လူကြီးမင်းယဲ့ ပြောတာကို မကြားဘူးလား၊ ဝေးဝေးသွား ဒါမှမဟုတ် ဒီကိစ္စထဲ မင်း ဝင်ပါလည်း ရတယ်”

ကင်းမြီးကောက် လူသတ်သမားက မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် ရင့်သီးစွာ ပြန်အော်လိုက်သည်။ သူ၏ ရင်ထဲမှ နတ်ဘုရားအား ထိပါးလာလျင် ရဲဌာနခေါင်းဆောင် လူအိုကြီးယန်း မဆိုထားနှင့် ကောင်းကင်ဘုံ ဆိုလျင်ပင် သူ မျက်နှာသာ ပေးမည် မဟုတ်ပါ။

ရုတ်ချည်းဆိုသလိုပင် လူအိုကြီးယန်း မျက်နှာပျက်သွားရသည်။ သူသည် ဟွိုင်အန်းမြို့သား ဖြစ်ပြီး ရာထူးကြီးသူ တစ်ယောက် ဖြစ်သည်။ သူကဲ့သို့သော လူမျိုးက ဘယ်လိုလုပ် ယခုလို စော်ကားခံရသနည်း။ သူ ဒေါသထွက်သော် လည်း ပြန်ရန်မလုပ်ရဲပေ။

လင်းကျန်းထျန်းကဲ့သို့ အရူးများက ယဲ့ဖန်၏ အဆင့်အတန်းအစစ်ကို မသိသော်လည်း သူ သိပါသည်။ သူနှင့် ရန်သူဖြစ်သူတိုင်း သေရပေလိမ့်မည်။

“လူအိုကြီးယန်း ခင်ဗျား ဘာလုပ်နေတာလဲ၊ သူက ဘယ်သူလဲ”

လင်းကျန်းထျန်း တွေဝေစွာ မေးလိုက်သည်။ သူ၏ အဆင့်အတန်းက မြင့်မားသော်လည်း လူအိုကြီးယန်းက သူ့ထက် အဆင့်မြင့်သေးသည်။ လူအိုကြီးယန်း မအီမသာ ဖြစ်နေသည်ကို သူ ယခုမှ မြင်ဖူးခြင်းပင်။

“သူ ဘယ်သူလဲ ဟုတ်လား၊ မင်း သူ ဘယ်သူမှန်း မသိဘဲ ရန်စရဲတာလား”

ချက်ချင်းဆိုသလိုပင် လူအိုကြီးယန်းသည် ဒေါသပုံချစရာ ရှာတွေ့သွားပုံရပြီး ဒေါသတကြီး အော်ဟစ်လေသည်။

“သူက မြို့တော်ဝန်တောင် ကိုယ်တိုင်လာတွေ့ရတဲ့လူ”

“သူက နိုင်ငံ့သတင်းမီဒီယာတွေက တွေ့ဆုံပြီး သတင်းဖော်ထုတ်ချင်တာကို ခံရတဲ့လူ”

“သူက သူရဲကောင်းတွေကို အမိန့်ပေးနိုင်တဲ့ ကောင်းကင်ဘုံရဲ့ ဘုရင်လိုလူကွ”

“သူက လူအိုကြီး ကျန်းမိန်တို့ ဆရာတပည့်ကို သတ်ခဲ့ပြီးတော့ အရှင်ရန်တန်းကို အညံ့ခံလာအောင် လုပ်နိုင်ခဲ့တဲ့ သမိုင်းတွင်တဲ့ပုဂ္ဂိုလ်ကွ”

“ဒါကိုတောင် မင်းက သူ ဘယ်သူလဲ မေးရဲသေးတာလား”

ရုတ်ချည်းဆိုသလိုပင် လူတိုင်း ပြိုလဲလုမတတ် ဖြစ်သွားကြသည်။ လူအိုကြီးယန်း၏ အော်သံက အားလုံး၏ အတွေးထဲ၌ ရိုက်ခတ်နေဆဲပင်။

လူအိုကြီး ကျန်းမိန်ကို သတ်၍ ရန်တန်းအား အညံ့ခံလာအောင် လုပ်နိုင်သူသည် တစ်ယောက်တည်းသာ ရှိသည်။ ထိုသူသည် ကျုံးကျိုး နယ်မြေ၏ နာမည်အကြီးဆုံး ပုဂ္ဂိုလ်ကို အမည်မသိ လူကြီးမင်းပင်။

*ဒီကောင်က အမည်မသိ လူကြီးမင်း ဖြစ်နေတာလား*

*သွားပြီ*

*အားလုံး ပြီးသွားပြီ*

ယဲ့လုံအန်၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်နေပြီး နောက်သို့ ပြန်ဆုတ်ကာ နံရံအား အားမရှိစွာ မှီထားလိုက်မိသည်။ သူ့မျက်နှာက မှောင်ကျသွားလေသည်။

စုန့်ကျီရှီးသည်လည်း ငိုကြွေးနေမိသည်။

*ကျုံးဝမ်ရဲ့ချစ်သူက အမည်မသိ လူကြီးမင်း ဖြစ်နေတာလား*

*ဖျင်အန်းမြို့က လူတွေကို ညတွင်းချင်း ရှင်းခဲ့တဲ့ အဲ့နတ်ဆိုးဘုရင်ပေါ့*

*ငါက အဲ့လိုမိစ္ဆာမျိုးကို ဒေါသထွက်အောင် လုပ်မိသွားတာပဲ*

*ပြီးတော့ သူ့ကို သတ်မယ်လို့တောင် ပြောမိသေးတယ်*

လင်းကျန်းထျန်း၏ ခြေထောက်များ ရုတ်တရက် ပျော့ခွေလာကာ အောင့်သက်သက် မျက်နှာထားမျိုး ဖြစ်လာလေသည်။

သူ သွေးပျက်နေ၏။ အသန်မာဆုံးကျားဟု အမည်တွင်သော သူတစ်ယောက် ပထမဆုံးအကြိမ် သွေးပျက်ခြင်းကို ခံစားမိနေသည်။

*နတ်ဆိုးဘုရင်ကိုမှ ငါ ဒူးထောက်ခိုင်းမိတာပါလား*

*ငါ မဆင်မခြင် လုပ်လိုက်မိပြီ*

All Chapters