← Chapters

အခန်း ၁၁၂၇

Vol. 76 Ch. 1127

အခန်း ၁၁၂၇

Vol. 76 Ch. 1127

Chapter 1127 ငါက ငရဲကလာတာလေ

အမည်မသိ။ ဟွိုင်အန်း စီရင်စုမှ လူအများသည် ဤနာမည်အား ကြားဖူးကြသော်လည်း ကင်းမြီးကောက် လူသတ်သမားနှင့် ဖျင်အန်းမြို့က လူများမှလွဲ၍ လူတစ်ချို့သာ မြင်ဖူးကြသည်။

အင်တာနက်ပေါ်တွင်လည်း အမည်မသိ၏ နောက်ကျောပုံသာ ရှိလေသည်။ ထူးဆန်း၍ ကြောက်စရာ ကောင်းသည်။ ဤသည်က အမည်မသိအပေါ် ဟွိုင်အန်းမှ လူများအားလုံး ပထမဆုံး ထင်မြင်မိသော သဘောထားပင်။

လင်းကျန်းထျန်းအတွက် ရန်ထျန်းသည် သူကိုယ်တိုင် လေးစားရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူတောင်မှ ရန်တန်းထံ၌ ရှုံးနိမ့်ဖူးသည်။ သို့သော် ထိုကဲ့သို့သော ရန်တန်းက ထူးဆန်းသော အမည်မသိ လူကြီးမင်းနှင့် တွေ့ဆုံသောအခါ ဒူးထောက်၍ အညံ့ခံကြောင်း ပြောခဲ့ရသည်။

သူကိုယ်တိုင်တောင်မှ အမည်မသိအား ဆရာအဖြစ် တင်ချင်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ တစ်နေ့ အမည်မသိ လူကြီးမင်းနှင့် ကိုယ်တိုင် ဆုံတွေ့၍ သူ၏ စွမ်းရည်အား သိအောင် လုပ်ပြမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူ့ရှေ့ ရပ်နေပြီး သူ၏ ရန်စခြင်း ခံရသည့်သူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။

*ရူးနေပြီ*

*ငါ ရူးနေတာပဲ ဖြစ်မယ်*

ကျန်လူများလည်း မျှော်လင့်ချက်မဲ့နေကြသည်။ ကျုံးဝမ်တောင်မှ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေမိသည်။

*ဒီလူက သမိုင်းတွင်တဲ့ အထူးခြားဆုံး ပါရမီရှင်လား*

*သူက တော်တော် ငယ်သေးတာပဲ*

ရုတ်တရက် သူမ ယဲ့ဖန်ကို မကျေနပ်ဟန်ဖြင့် ကြည့်လိုက်မိပြီး သူမအား သူ၏ အဆင့်အတန်းအမှန်ကို မပြောခဲ့သည့်အတွက် အပြစ်တင်မိသည်။ သူ မပြောခဲ့၍ သူမ သူ့ကို ဘာမှမမြင်နိုင်လောက်အောင် စိုးရိမ်ခဲ့ရသည် မဟုတ်ပါတကား။

ယဲ့ဖန်က လင်းကျန်းထျန်းကို ကြည့်၍ ပျက်ရယ်ပြုလိုက်သည်။

“ခုနက မင်း ငါ့ကို ဒူးထောက်ခိုင်းခဲ့တယ် မဟုတ်လား၊ အခု ငါ မင်းကို ဒူးထောက်စေချင်တယ်”

“ဒူးထောက်စမ်း”

ယဲ့ဖန်၏ အသံအဆုံး၌ သူ့အနောက်မှ နားကွဲမတတ် အော်သံများ ထွက်ပေါ်လာသည်။ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံး လင်းကျန်းထျန်းကို စူးစိုက်ကြည့်နေကြသည်။ လင်းကျန်းထျန်း တုန်လှုပ်ချောက်ချားကာ မျက်နှာ အကြီးအကျယ်ပျက်ကာ အရှက်ရသွားလေသည်။

သို့သော် သူ ဒူးမထောက်ပါ။ သူသည် ဟွိုင်အန်းမြို့၏ မြေအောက် ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ့အနောက်၌ ညီအစ်ကိုများစွာက ကြည့်နေသည်။ သူ၏ ဂုဏ်သိက္ခာကို အကျမခံနိုင်ပေ။

“ငါ သုံးအထိ ရေလို့မှ ဒူးမထောက်ရင် သေမယ်”

ယဲ့ဖန်က ရေခဲတမျှ အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ဤအခွင့်အရေးကို လက်လွှတ်ခံ လိုက်ရလျင် သေရပေလိမ့်မည်။

“သုံး နှစ် တစ်”

“ကောင်းပြီ မင်း သေလိုက်တော့”

သေမင်း ခေါင်းလောင်းသံကဲ့သို့သော စကားသံ ထွက်ပေါ်လာ၏။ ယဲ့ဖန်၏ စကားအဆုံးတွင် သူ၏ပုံရိပ်က နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထို့နောက် ပုံရိပ်တစ်ခုက လင်းကျန်းထျန်း၏ အရှေ့သို့ ချက်ချင်း ပေါ်လာသည်။

*မကောင်းတော့ဘူး*

လင်းကျန်းထျန်း မှင်တက်သွားပြီး ချက်ချင်း ကြက်သီးထလာသည်။ ယဲ့ဖန်၏ အရှိန်က သူ ထင်ထားသည်ထက် ပိုမြန်နေသည်။

သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က သူ့အနားသို့ ရောက်နေလေပြီ။ ထို့နောက် ပြင်းထန် ကြီးမားသော လက်ဝါးတစ်ဖက်က သူ့ပေါ် ကျရောက်လာ၏။

“ဖြောင်း”

လင်းကျန်းထျန်း၏ ညာဘက်မျက်နှာ တစ်ခြမ်းလုံး ပျက်စီးသွားပြီး အသားစများနှင့် အရိုးများ လွင့်ထွက် သွားသည်။ ပါးတစ်ဝက်နီးပါး၏ အရိုးများ ငေါထွက်နေပြီး အရေပြားဟူ၍ သိပ်မကျန်တော့ပေ။ ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။

*အသန်မာဆုံးကျားက တစ်ချက်တည်းနဲ့ … ပါးတစ်ဖက် ပျက်စီးသွားတာလား*

*သူ ဘာမှတောင် ပြန်မလုပ်နိုင်ပါလား*

လင်းကျန်းထျန်းက အားနည်းလွန်း၍ မဟုတ်ဘဲ သူ့အရှေ့မှ မိစ္ဆာကောင်က သန်မာလွန်းနေ၍သာ ဖြစ်ကြောင်း သူတို့အားလုံး နားလည်သွားကြသည်။

“ကျုပ် ဒူးထောက်မယ်၊ ကျုပ် ဒူးထောက်ပါ့မယ်”

လင်းကျန်းထျန်း အလျင်အမြန် ဒူးထောက်လိုက်ပြီး မျက်နှာက အလွန်အမင်း ကြောက်လန့်ဟန် ပေါ်နေ၏။ တစ်ခဏမျှ ရင်ဆိုင်လိုက်ရသည်နှင့် တစ်ဖက်လူ၏ ခွန်အားကို သတိထားမိကာ သူ ဘယ်သောအခါမှ နိုင်နိုင်မည် မဟုတ်ကြောင်း သိလိုက်လေသည်။

ယဲ့ဖန်က အေးတိအေးစက် ပြန်ကြည့်နေ၏။

“စိတ်မကောင်းပါဘူး မင်း အခွင့်အရေးကို လက်လွှတ်လိုက်ရပြီးပြီ”

*ဘာ*

*ဒီနတ်ဆိုးက တော်တော် ရက်စက်ပါလား*

*လင်းကျန်းထျန်း ဒူးထောက်နေတာတောင် အသက်ချမ်းသာပေးဖို့ ငြင်းနေတယ်*

လင်းကျန်းထျန်း ကိုယ်တိုင်တောင်မှ အလွန်အမင်း မှင်တက်နေသည်။

*ငါ စက္ကန့်ပိုင်းလောက်လေးပဲ နောက်ကျသွားတာကို ယဲ့ဖန်က ငါ့ကို သတ်တော့မှာလား*

*သူ တော်တော် လူမဆန်တာပဲ*

“အခု မင်း သေလို့ရပြီ”

ထိုစကားအဆုံး၌ ယဲ့ဖန်က ချက်ချင်း ကန်ထုတ်လိုက်သည်။

“ဝုန်း”

ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ပြင်းထန်လှသည့် စွမ်းအင် ဖိအားတစ်ခု ပျံ့လွင့်လာ၏။ ထို့အတူ လင်းကျန်းထျန်းသည်လည်း ဆယ်မီတာကျော်မျှ လွင့်ထွက်သွားလေသည်။

ထိုကန်ချက်ကြောင့် လေးထပ်သား နံရံ ပျက်စီးသွားပြီး လင်းကျန်းထျန်း၏ အရိုးများ ကျိုးကြေကာ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံး ဆွေးမြည့်သွားသည်။

“ဟာ”

လူတိုင်း ချောက်ချားသွား၏။ လူတစ်ယောက်ကို ဆယ်မီတာကျော် လွင့်ထွက်သွားအောင် ကန်နိုင်တာပဲ၊ ကြောက်စရာကောင်းတဲ့ အင်အားပါလား။

*မယှဉ်နိုင်ဘူး*

*ပြိုင်ဘက်ကင်းတယ်*

ဤသည်မှာ လူတိုင်း ယဲ့ဖန်အပေါ် ထားမိသော စိတ်သဘောထား ဖြစ်လေသည်။ ထိုအခိုက်တွင် စုန့်ကျီရှီး ကြောက်လန့်ကာ သူမစကပ်အောက်မှ အဝါရောင် အရည်စီးကြောင်းတစ်ခု စီးကျလာသည်။

သူမ မည်မျှ ထိန်းချုပ်ပါသော်လည်း ရပ်၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လင်းကျန်းထျန်း၏ ခန္ဓာကိုယ်ကို ကြည့်ပြီး သူမကိုယ်တိုင်၏ အဆုံးသတ်ကိုပါ မြင်နေရသောကြောင့်ပင်။

“ဖာသည်မ ဒါတွေအားလုံးက မင်းကြောင့်”

ထိုစဉ် ယဲ့လုံအန်သည်လည်း ရူးမတတ် ဖြစ်သွားပြီး စုန့်ကျီရှီး၏ ဆံပင်ကို ဆွဲ၍ ပါးချလေသည်။ သူမကြောင့်သာ မဟုတ်ပါက ဤကဲ့သို့သော နတ်ဆိုးဘုရင်ကို သူ ရန်စမိမည် မဟုတ်ပါ။ သို့သော် ယခု သူသည်လည်း သေရပေ တော့မည်။

စုန့်ကျီရှီးသည်လည်း ပုံမှန် အပြုအမူနှင့် မတူတော့ချေ။ သူမ ဆောက်တည်ရာ မရဖြစ်နေသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။

သူမက ယဲ့လုံအန်ကို ဒေါသတကြီး တွန်းထုတ်၍ ကြိမ်းမောင်းလေသည်။

“နင်က ကျုံးဝမ်ရဲ့ အလှကို ပိုင်ဆိုင်ချင်နေတာ မဟုတ်ဘူးလား၊ အဲ့ဒါကြောင့် နင် သူ့ကို တမင် ပစ်မှတ် ထားတာလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ”

“ယဲ့လုံအန် နင် ငါ့ကို သတ်တာ”

လက်ရှိအချိန်၌ ယဲ့လုံအန် ပြောခဲ့သမျှက အလိမ်အညာများ ဖြစ်ကြောင်း အနုပညာရှင်များအားလုံး သိသွား လေသည်။

*ကျုံးဝမ်က ယဲ့လုံအန်ကို မြှူဆွယ်ဖို့အတွက်နဲ့ ယဲ့ဖန်ကို စွန့်ပစ်ပါ့မလား*

*သူ ရူးနေမှပဲ စွန့်ပစ်မှာပေါ့*

ကျုံးဝမ်က အနိမ့်ပိုင်းသို့ ရောက်သွားပြီး ဘယ်သောအခါမှ ပြန်အောင်မြင်မလာနိုင်တော့ဟု သူတို့ အစက ထင်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့ စုန့်ကျီရှီးဘက်လှည့်၍ ပေါင်းသင်းခဲ့ခြင်း ဖြစ်ပေသည်။

ကျုံးဝမ်က ဤသို့သော ယောက်ျားမျိုးအား ကာကွယ်ပေးသူအဖြစ် ရထားလိမ့်မည်ဟု မည်သူက ထင်ထား မည်နည်း။ သူမ၏ အဆင့်အတန်းကိုလည်း ယဲ့လုံအန်နှင့် စုန့်ကျီရှီးတို့က ယှဉ်နိုင်မည် မဟုတ်ပါ။ သို့သော် သူတို့ပါ လိုက်၍ ယဲ့ဖန်ကို လှောင်ပြောင်ခဲ့မိသည်။ ရူးမိုက်ခဲ့ကြခြင်းပင်။

“မင်း ငါ့ကို ဒူးထောက်စေချင်ခဲ့တာ မဟုတ်ဘူးလား”

ယဲ့ဖန်က ပျက်ရယ်ပြု၍ လက်တစ်ဖက်ဖြင့် ထပ်ရိုက်လိုက်သည်။ နောက်ထပ် အရိုးကျိုးသံ ထွက်လာပြီး လင်းကျန်းထျန်းတစ်ယောက် ခါးရိုး ကျိုးကာ ခွေးသေတစ်ကောင်သဖွယ် မလှုပ်နိုင်တော့ချေ။

“မင်း ငါ့ကို သတ်လိုက်ပါ၊ ငါ့ကို သတ်လိုက်ပါတော့”

လင်းကျန်းထျန်း နောင်တရကာ ဆောက်တည်ရာမရ ဖြစ်လာ၏။ ယခုပုံစံအရ သူ အသက်ရှင်နေလျင်တောင်မှ သုံးစားမရသူ တစ်ယောက်သာ ဖြစ်လာပေတော့မည်။ ယဲ့ဖန်က သူ့ကို အပြီးတိုင် သုတ်သင်လိုက်ခြင်းပင်။

ယဲ့ဖန် အေးတိအေးစက်ပြုံး၍ ပြန်ပြောလေ၏။

“မင်း သေရမှာပါ၊ ဒါပေမဲ့ လွယ်လွယ်လေးနဲ့ သေမှာတော့ မဟုတ်ဘူး”

တစ်နည်းအားဖြင့် နှိပ်စက်ခံရမည်ဟု ဆိုခြင်းပင်။

“နတ်ဆိုး၊ မင်းက နတ်ဆိုးပဲ၊ မင်း ငရဲသွားရမယ့်အကောင်”

လင်းကျန်းထျန်း ခေါင်းမွေးထောင်နေပြီး‌ ဒေါသတကြီးနှင့် သေလုမျောပါး အော်ဟစ်လေသည်။ ဤနတ်ဆိုးသည် သူ့အား သတ်ရုံသာမက မသေခင် နှိပ်စက်ပေဦးမည်။

“ငရဲသွားရမယ် ဟုတ်လား”

ယဲ့ဖန်က ရယ်မောလိုက်သည်။ သူ၏ အမူအရာက နတ်ဆိုးအသွင်အပြင်နှင့် ပြည့်စုံနေ၏။

“ငါက ငရဲကလာတာလေ”

“ဂျွတ်”

လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားသည်။

“အား…”

ထိုအသံနှင့်အတူ လင်းကျန်းထျန်း၏ ငယ်သံပါအောင် အော်ဟစ်သောအသံ ထွက်ပေါ်လာ၏။

“ကျုံးဝမ် ကယ်ပါဦး၊ ငါ့ကို ကယ်ပါဦး”

ထိုစဉ် စုန့်ကျီရှီးသည် မနေနိုင်တော့ဘဲ ကျုံးဝမ်ရှေ့၌ ဒူးထောက်၍ ဆက်တိုက် တောင်းပန်လေသည်။

“ငါ မှားမှန်း သိပါပြီ၊ ငါ နင့်ကို‌ တောင်းပန်ပါတယ်၊ ငါ နင့်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး၊ ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ဟာ”

သူမသည် နှာတရှုံ့ရှုံ့နှင့် မျက်ရည်လည်ရွဲ ဖြစ်နေ၏။ သူမ အဆုံးစွန်အထိ မျှော်လင့်ချက် ပျက်သုဉ်းနေလေသည်။ သေခြင်းထက် ပိုဆိုးသောအရာက သေသွားတာက ကောင်းဦးမည်ဟု တွေးမိရသည့် ဘဝ၌ အသက်ရှင် နေခြင်းပင်။

လင်းကျန်းထျန်း၏ အဆုံးသတ်က သူမကို အလွန်အမင်း ကြောက်ရွံ့စေ၏။ သူမသည် ဤသို့ ဆိုးရွားသော သေခြင်းမျိုး ရင်ဆိုင်ရရန် မဆိုထားနှင့် သေကိုမသေချင်ပါ။

“ကျုံးဝမ် ငါ့ကို ခွင့်လွှတ်ပေးပါ”

ယဲ့ဖန်အား လှောင်ပြောင်ပုတ်ခတ်သော စကားများ ပြောဆိုခဲ့သည့် အနုပညာရှင်များအားလုံး ကျုံးဝမ်ရှေ့၌ ဒူးထောက် နေကြသည်။ သူတို့ မသေချင်ကြပါ။

ကျုံးဝမ် မှင်တက်အံ့အားသင့်နေ၏။ တစ်ချိန်က သူမကို အထင်သေး၍ ပုတ်ခတ်ခဲ့သော လူများက ယခု သူမရှေ့၌ ကျိုးနွံသော အမူအရာဖြင့် ဒူးထောက်၍ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်တဲ့လား။ အရာအားလုံးက အိပ်မက် မက်နေသည်ဟု ထင်မှတ်ရသည်။

All Chapters