← Chapters

အခန်း ၁၁၃၀

Vol. 76 Ch. 1130

အခန်း ၁၁၃၀

Vol. 76 Ch. 1130

Chapter 1130 မင်း သေလို့ရပြီ

*ရူးနေလို့မှ မဟုတ်ရင် ဘာလို့ နဂါးမြို့တော်က ယဲ့မိသားစုကို စိန်ခေါ်ရဲမှာလဲ*

ကျုံးကျိုးအင်ပါယာ၌ နဂါးမြို့တော်၏ အရှင်သခင်ဖြစ်သော ယဲ့မိသားစုအား ဖျင်အန်းမြို့လေးတစ်မြို့က ဘယ်လိုလုပ် တိုက်ခိုက်နိုင်ပါမည်နည်း။

*ဒီအရူးတွေ အသတ်ခံချင်နေတာလား*

“ထန်မင်လီ ထန်မင်လီ၊ မင်းတကယ် အမည်မသိဆိုတဲ့ နယ်ရုပ်လေးဘက်က တကယ် လောင်းလိုက်ပြီပေါ့၊ မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ၊ ဒါပေမဲ့ မင်း အသက်အရွယ်နဲ့ ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး”

ကျန်းဟောင်ရန်က ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ ကျန်လူများကလည်း ဟက်ဟက် ပက်ပက် လိုက်ရယ်မောလေသည်။

*သောက်လူကြီးမင်းယဲ့က ဘာအရည်အချင်းရှိလို့ ဒဏ္ဍာရီလာ ယဲ့မိသားစုကို ဆန့်ကျင်ရဲရတာလဲ*

*အရူးတစ်သိုက်ကတော့ သူ့ဘက်ကနေ လောင်းနေပြီ၊ ယဲ့မိသားစုကို ဆန့်ကျင်ဖို့ တုံ့ဆိုင်းမနေလောက်အောင်ကို ရူးကြတာပဲ*

*ယဲ့မိသားစုကတော့ ဒုတိယတစ်ကြိမ် တစ်မြို့လုံးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တော့မယ်နဲ့တူတယ်*

“ထန်မိသားစု၊ ထုံမိသားစု၊ ယန်မိသားစု၊ ကျောက်မိသားစု …”

ယဲ့ကျန်းချောင်၏ မျက်လုံး၌ အလွန် သတ်ဖြတ်ချင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။

“မင်းတို့ရဲ့ အဆုံးသတ်က တစ်ခါမှ မကြုံဖူးလောက်အောင် ဆိုးရွားလိမ့်မယ်လို့ ငါ အာမခံတယ်”

“ငါ့ယဲ့မိသားစုကို အထင်သေးတာက ဘယ်လောက် မိုက်ရူးရဲဆန်လဲ မင်းတို့ သိအောင် လုပ်ပေးမယ်”

“ယဲ့သခင်လေး ဒေါသထွက်ဖို့ မလိုပါဘူး၊ ဒီပုရွက်ဆိတ်ကောင်တွေကို သတ်ဖို့ ကျုပ်ကိုပဲ တာဝန်ပေးလိုက်ပါ၊ ကျုပ် သူတို့ခေါင်းတွေကို လက်ဆောင်အဖြစ် ဆက်သပါ့မယ်”

ခပ်လှမ်းလှမ်းမှ ကင်းမြီးကောက် လူသတ်သမားနှင့် တိုက်ခိုက်နေသော အရိပ်နတ်ဆိုးက ရယ်မော၍ လှမ်းပြော လေသည်။ ကင်းမြီးကောက် လူသတ်သမား၏ ကိုယ်၌ ဒဏ်ရာပေါင်း အခုနှစ်ဆယ်ထက်မနည်း ရှိနေပြီး အရေပြားမှ စုတ်ပြတ်ကာ အသားများ ဖွာလန်နေ၏။

တစ်ကိုယ်လုံးလည်း သွေးအလိမ်းလိမ်း ဖြစ်နေသည်။ ခွန်အားခြင်းက ကွာခြားလွန်းလှသည်။ အရိပ်နတ်ဆိုး၏ လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်များအောက်၌ ကင်းမြီးကောက် လူသတ်သမား ခုခံနိုင်စွမ်း မရှိပေ။

ကင်းမြီးကောက် လူသတ်သမား၌ မချေမချမ်းဖြစ်နေသော စိတ်များဖြင့် ပြည့်နှက်နေ၏။ ဈာန်ဝင်စားခြင်းအဆင့်သို့ သူ ချိုးဖောက် တက်ရောက်နိုင်ပြီးသော်လည်း အရာမဝင် ဖြစ်နေသည်။ သူ နောက်ပြောင်လှောင်ပြောင်ခြင်း ခံနေရသည်။

တစ်ဖက်လူက သူ့အား တန်းသတ်နိုင်သော်လည်း နှိပ်စက်ညှင်းဆဲလိုသော အပြုအမူဖြင့် သူ၏ ခန္ဓာကိုယ်အား အကြိမ်ပေါင်းများစွာ ဓားဖြင့် ခုတ်ဖြတ်နေသည်။ ကင်းမြီးကောက် လူသတ်သမား ဒေါသထွက်ကာ အခဲမကြေ ဖြစ်နေလေသည်။

“အမှိုက်ကောင်၊ မင်းကို သတ်ပြီးရင် ငါ အဲ့ချီးထုပ်ယဲ့ဖန်ကို သတ်ပစ်မယ်”

အရိပ်နတ်ဆိုးက လှောင်ရယ်လိုက်ပြီးနောက် လှစ်ခနဲ ပျောက်ကွယ်သွားသည်။ တစ်ခဏကြာသော် မမြင်ရသော လေကိုခွင်းလာသည့် ဓားချက်က ကင်းမြီးကောက် လူသတ်သမား၏ ဦးခေါင်းထံ ကျရောက်လာ၏။ တစ်ချက်တည်းနှင့် အပြတ်ရှင်းခြင်းပင်။

“ထိုင်ချလိုက်”

အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ကင်းမြီးကောက် လူသတ်သမား အံ့ဩသွားပြီး မသိစိတ်ဖြင့် အလိုလို ခေါင်းငုံ့လိုက်မိသည်။

“ရွှစ်”

ဓားသွားက သူ့ဦးခေါင်းထက်မှ ဖြတ်ပြေးသွားသည်။

“ဘာ”

တစ်ဖက်လူက သူ၏ လူသတ်တိုက်ကွက်ကို ရှောင်တိမ်းနိုင်သဖြင့် အရိပ်နတ်ဆိုး ချောက်ချားသွားသည်။

*ဘယ်လိုဖြစ်ရတာလဲ*

“ရှေ့ကိုသုံးလှမ်းတိုး နာရီလက်တံ ဆယ့်နှစ်နာရီနားကို ဓားနဲ့လွှဲခုတ်လိုက်”

ချက်ချင်းဆိုသလိုပင် တည်ငြိမ် အေးစက်သော အသံကို ထပ်ကြားလိုက်ရသည်။ ယခုအခါတွင် ကင်းမြီးကောက် လူသတ်သမားသည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ သုံးလှမ်း ပြေးတက်သွားသည်။

“ချွင်”

ဓားချင်းထိမိသည်နှင့်အတူ မီးပွားများ လွင့်စဉ်လာ၏။ အရိပ်ထဲ၌ ပုန်းခိုနေသော အရိပ်နတ်ဆိုး တုန်လှုပ်သွားပြီး ဆယ်မီတာကျော်မှ နောက်ဆုတ်လိုက်ရသည်။

“မင်း”

သူ ချောက်ချားသွားပြီး ခပ်လှမ်းလှမ်းမှ ယဲ့ဖန်အား လှမ်းကြည့်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းက သတိပေးစကား ပြောသည့်လူက သူ ဖြစ်နေသောကြောင့်ပင်။

သူ၏ ပုန်းကွယ်ခြင်း ပညာသည် လုပ်ကြံ သတ်ဖြတ်ရေး ပညာရပ် ထိပ်တန်းဆယ်ခုထဲ၌ ပါဝင်သည်။ အလွန်နည်းပါးသော လူတစ်ချို့သာ ဤပညာရပ်အား ချိုးဖောက်နိုင်လေသည်။

*ဘယ်လိုလုပ် ဒီကောင်က ငါ့လမ်းကြောင်းကို မြင်နေရတာလဲ*

*ပထမတစ်ခါကို တိုက်ဆိုင်တာလို့ ပြောလို့ရပင်မယ့် ဒုတိယတစ်ခေါက်ဆို ဘယ်လို ရှင်းမလဲ*

ကျန်းဟောင်ရန်နှင့် စောင့်ဆိုင်းနေသော သူ့လူများအားလုံး မှင်တက်သွားကြသည်။ အရိပ်နတ်ဆိုး၏ နည်းလမ်းများကို သူတို့ ရှင်းရှင်းလင်းလင်း သိကြပြီး သူ့အား ယှဉ်နိုင်သူဟူ၍ လက်ချိုးရေနိုင်သော အရေအတွက် မျှသာ ရှိသည်။

*ဒါပေမဲ့ ယဲ့ဖန်က ဘယ်လိုလုပ် သူ့ပုန်းကွယ်ခြင်း ပညာရပ်ကို ဖောက်ထွင်းမြင်ရတာလဲ*

ကင်းမြီးကောက် လူသတ်သမား အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ ယခင်က အရိပ်နတ်ဆိုးသုံးသော လုပ်ကြံ သတ်ဖြတ်ခြင်း ပညာရပ်ကြောင့် သူ ဖိအားပေး ခံရပြီး ပြန်မခုခံနိုင်ခဲ့ပေ။ ယခု သူ ပြန်လည် တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရလာလေပြီ။ လူကြီးမင်းယဲ့က သူ့အား ကူညီနေသဖြင့် သူ ရှုံးရန် မဖြစ်နိုင်တော့ချေ။

*မဖြစ်နိုင်ဘူး*

*ဒါ တိုက်ဆိုင်တာပဲ ဖြစ်မယ်*

အရိပ်နတ်ဆိုး၏ မျက်နှာ၌ မယုံနိုင်ဟန်များ ဖြစ်ပေါ်လာသည်။ အရိပ်နတ်ဆိုးသည် ဤပုန်းကွယ်ခြင်း ပညာရပ်အား လေ့ကျင့်အသုံးပြုလာသည်နှင့် ဆယ်စုနှစ် နှစ်ခုစာ ရှိပြီ ဖြစ်သည်။ ယခုကဲ့သို့ အလွယ်တကူ တိုက်ခိုက်ခံရသည်က ပထမဆုံးအကြိမ်ပင်။

ချက်ချင်းဆိုသလိုပင် အရိပ်နတ်ဆိုး၏ ပုံရိပ်က နေရာမှ ထပ်မံ ပျောက်ကွယ်သွားပြီး ပုန်းကွယ်၍ တိုက်ခိုက်ရန် ပြင်လေသည်။

ယဲ့ဖန်က သူ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံ အသုံးပြုလာသည့် ပုန်းကွယ်ခြင်း ပညာရပ်အား အလွယ်တကူ ဖောက်မြင်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပါ။

“ရွှစ်”

အရိပ်နတ်ဆိုးသဖွယ် လျှပ်စီးသဖွဘ် ပျောက်ကွယ်သွားပြီး ဆယ်မီတာမျှ ဖြတ်ခနဲ ကျော်ဖြတ်ကာ ကင်းမြီးကောက် လူသတ်သမားအား ထပ်မံသတ်ဖြတ်ရန် ကြိုးစားလေသည်။ အဆုံးသတ်သို့ ရောက်လာတော့မည်ဟု ထင်မှတ်ရပြီး လှုပ်ရှားမှုက လေတိုးသံပင် မကြားရချေ။

ဤပုန်းကွယ်ခြင်း နည်းပညာက လောက၌ အကောင်းဆုံးပင်။ သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။

“ညာဘက်အနောက်ကို ဓားနဲ့ခုတ်လိုက်”

ထိုစကားကို ကြားသည်နှင့် ကင်းမြီးကောက် လူသတ်သမားက ချက်ချင်း တက်ကြွသွားပြီး အားပါးတရ ရယ်လေသည်။

“သိပ်ကောင်းတယ်”

ထို့နောက် ကိုယ်တွင်းမှ ယန်စွမ်းအင်များအား ဓားရှည်ထံ ပို့လွှတ်၍ နောက်ပြန်လှည့်၍ အားကုန် ခုတ်ပိုင်း လိုက်သည်။

ကျားတစ်ကောင် ခုန်အုပ်လိုက်သကဲ့သို့ လေတိုးသံ ထွက်ပေါ်လာပြီး ရွှေရောင် ဓားရှည်က နောက်သို့ ဝှေ့ယမ်း လာလေသည်။

“ဝုန်း”

“ဂျွတ်”

အရိပ်နတ်ဆိုး၏ လခြမ်းချိတ်ကောက် တစ်ခုလုံး အက်ကွဲသွားပြီး လူတစ်ကိုယ်လုံး ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီးမှ ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြန်ကျလေသည်။ ပါးစပ်မှ သွေးလည်း အန်လာ၏။

*ရှာတွေ့ပြန်ပြီ*

*ထပ်ရှာတွေ့ခံရပြန်ပြီ*

လူတိုင်း ခေါင်းမွေးထောင်လာကြသည်။

*ဘာတွေဖြစ်နေတာလဲ*

*အဲ့လူကြီးမင်းယဲ့က အကြားအမြင်ရနေတာလား*

“ဟားဟားဟား မြင်ပြီလား၊ မင်းတို့ကောင်တွေ ငါတို့လူကြီးမင်းယဲ့က ကိုယ်တိုင် လှုပ်ရှားစရာ မလိုဘူး၊ သူ ပါးစပ်လေး ဟလိုက်ရုံနဲ့ မင်းတို့ အမှိုက်တွေကို အသာလေး ဖျက်ဆီးနိုင်တယ်”

ကင်းမြီးကောက် လူသတ်သမားက ကျယ်လောင်စွာ ဟက်ဟက်ပက်ပက် ရယ်မော၍ အရိပ်နတ်ဆိုးအား ဓားရှည်ဖြင့် ချိန်၍ လှမ်းပြောလိုက်သည်။

“မင်း ထပ်လာဦးမလား”

ယဲ့ကျန်းချောင်နှင့် အခြားသူများ အလွန်အမင်း မျက်နှာပျက်သွားလေသည်။ ယဲ့ဖန်၏ ထူးဆန်းမှုက သူတို့ကိုလည်း အနှောင့်အယှက် ပေးလာ၏။

နာမည်ကျော် လုပ်ကြံသတ်ဖြတ်ရေး နည်းပညာက ယဲ့ဖန်၏ မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။ သူက လုပ်ကြံရေး၌ ကျွမ်းကျင်သူ ဖြစ်လျင်ဖြစ်၊ မဖြစ်လျင် ကြောက်စရာကောင်းနေသူသာ ဖြစ်ပေမည်။

“ကောင်းပြီလေ၊ ငါ ထပ်တိုက်မယ်ကွ”

အရိပ်နတ်ဆိုးက ရဲရဲနီသော မျက်လုံးများနှင့် အော်ဟစ်ကာ ချက်ချင်း အရိပ်သဖွယ် ကိုယ်ရောင်ဖျောက်၍ ကင်းမြီးကောက် လူသတ်သမားကို သတ်ရန် ပြင်လေသည်။

ကင်းမြီးကောက် လူသတ်သမားသည် တိုက်ခိုက်သည့် ကိုယ်နေဟန်ထားဖြင့် အသင့်ပြင်ကာ တစ်ဖက်လူ၏ ထောင်ချောက်ထဲ လျှောက်ဝင်လာသည်ကို စောင့်နေလိုက်သည်။ သူ့မျက်နှာ၌ သွေးဆာသော အပြုံးတစ်ခု ရှိနေသည်။

ယဲ့ဖန်က သူ့ကို ကူညီနေသဖြင့် သူ၏ ယုံကြည်မှုက မိုးထိမြင့်တက်နေ၏။ အရိပ်နတ်ဆိုးတစ်ယောက် မဆိုထားနှင့်၊ အရိပ်နတ်ဆိုး အယောက်တစ်သောင်း လာလျင်တောင် သူ သတ်ဝံ့သည်။

ထိုစဉ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ အရိပ်နတ်ဆိုးသည် ကင်းမြီးကောက် လူသတ်သမားကို သတ်ရန် ပြေးလာရာမှ လမ်းကြောင်းပြောင်း၍ ယဲ့ဖန်ထံ ပြေးဝင်သွားလေသည်။

“မျိုးမစစ်ကောင် မင်း ငါ့အတွက် သေကိုသေရမယ်ကွ”

အရိပ်နတ်ဆိုးက ယဲ့ဖန်ကို မုန်းတီးနေသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူ၏ လုပ်ကြံသတ်ဖြတ်ရေး ပညာက ပျက်စီးမည် မဟုတ်သလို သူသည်လည်း ပြက်လုံးတစ်ခု ဖြစ်လာမည် မဟုတ်ပါ။

ယဲ့ဖန်ကို သူ သေစေချင်၏။ သူ ယဲ့ဖန်ကို ခုတ်ပိုင်းပစ်ပေတော့မည်။ ဤသည်ကို မြင်သော်လည်း ကင်းမြီးကောက် လူသတ်သမားက တားဆီးခြင်း မပြုဘဲ ထူးဆန်းသော အပြုံးမျိုးသာ ပြုံးနေသည်။

ထန်မင်လီနှင့် အခြားသူများသည်လည်း တညီတညွတ်တည်း ငြိမ်နေကြသည်။ အရိပ်နတ်ဆိုးက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေ၏။ ဤလူများက ကြောက်လန့်နေဆဲ ဖြစ်ပြီး သူတို့၏ ခေါင်းဆောင် ရှုံးနိမ့်သွားသည်နှင့် အခြေအနေ မမှန်မှန်းသိကာ ယဲ့ဖန်ကို စွန့်ပစ်လိမ့်မည်ဟု ထင်နေလေသည်။

ထန်မင်လီနှင့် အခြားသူများက တဖြည်းဖြည်း အထင်သေး၍ လှောင်ပြောင်သော အပြုံးမျိုး ပြုံးနေသည်ကို သူ တွေ့လိုက်ရသည်။ သူ့အား အရူးတစ်ယောက်သဖွယ် ကြည့်၍ ရယ်နေသလိုပင်။

ရုတ်ချည်းဆိုသလိုပင် အရိပ်နတ်ဆိုး၏ ရင်ထဲ၌ အန္တရာယ်များသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ လူသတ်သမား တစ်ယောက်၏ ဝမ်းတွင်းအသိက သူ့အား သတိပေးနေသော်လည်း နောက်ကျသွားလေပြီ။

သူ၏ ချိတ်ကောက်အား လွှဲယမ်းလိုက်ပြီး ဖြစ်သဖြင့် ပြန်ရုတ်၍ မရနိုင်ပေ။ ထိုစဉ် နတ်ဆိုးလက်ဝါးတစ်ဖက် ဆန့်လာသည်။

ဂျွတ်!

ထိုလက်ဝါးက ချိတ်ကောက်အား အသာလေး ဖျက်ဆီး၍ အရိပ်နတ်ဆိုး၏ လည်မျိုဆီ ဦးတည်လာ၏။

“အွတ်”

အရိပ်နတ်ဆိုး၏ အသံက တစ်ဝက်တစ်ပြတ် ထွက်ပေါ်လာပြီး လေထဲ၌ ကြက်တစ်ကောင်သဖွယ် အမြှောက်ခံ ထားရသည်။ ထို့နောက် မြေအောက်ငရဲမှ ထွက်ပေါ်လာသော နတ်ဆိုးတစ်ကောင်၏ အသံတစ်သံက နားထဲသို့ တင်ရောက်လာသည်။

“မင်း သေလို့ရပြီ”

All Chapters