အခန်း ၁၁၃၉
Vol. 76 Ch. 1139
Chapter 1139 သေလိုက်တော့ အမှိုက်ကောင်
ဦးခေါင်းများ တစ်လုံးပြီးတစ်လုံး အဖြတ်ခံနေရပြီး အရူးအမူး ခေါင်းဖြတ် အသတ်ခံလိုက်ရသည်။ ဟွိုင်အန်းမြို့မှ အင်အားကြီးပုဂ္ဂိုလ်များအားလုံး ခေါင်းဖြတ် အသတ်ခံနေရ၏။
ယဲ့ဖန်က မတ်တပ်ရပ်နေရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဟွိုင်အန်းကို မင်းတို့ ခွဲယူလိုက်”
ထိုစကားကြောင့် ထန်မင်လီတို့ ထိတ်လန့်သွားပြီး ယဲ့ဖန်အား တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ် အရိုအသေ ပေးလေသည်။
“အမိန့်အတိုင်းပါ ယဲ့ဘုရင်”
ယဲ့ဖန်ထံ အမှုထမ်းသည့် နေမှစ၍ သူတို့ ကျုံးကျိုး အင်ပါယာကို ဘယ်အချိန် လွှမ်းမိုးနိုင်မလဲဟု တွေးတောမိ ခဲ့ကြသည်။ သို့သော် တစ်လမပြည့်သေးသော အချိန်အတွင်း သူတို့၏ အိပ်မက်က တဖြည်းဖြည်း အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ထင်မထားမိပေ။
ဟွိုင်အန်းမြို့ကို သိမ်းယူခြင်းသည် သူတို့ မမျှော်လင့်ဝံ့သော အရာတစ်ခု ဖြစ်သည်။ ဤသည်ကို ယဲ့ဖန်က လုပ်ပြသွားသည်။ သူတစ်ယောက်တည်းသာ လုပ်နိုင်သော အရာပင် ဖြစ်ပေသည်။
“ယဲ့ဘုရင် သူတို့ကို ဘယ်လိုလုပ်ရမလဲ”
ထန်မင်လီသည် ကောင်းကင်ဓားကို ကိုင်ဆွဲထားသဖြင့် ရွှေရောင် တောက်ပနေသော စစ်နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေ၏။ သူက အနုပညာရှင်များကို စိုက်ကြည့်နေခြင်း ဖြစ်လေသည်။
“အီးဟီး…”
ထိုအခိုက်တွင် အနုပညာရှင် အငယ်စားများအားလုံး မျက်ရည်လည်ရွဲဖြင့် အော်ငိုလေသည်။ ယဲ့ဖန်သည် နတ်ဆိုး ဘုရင်ဖြစ်သည်။ လူပေါင်းများစွာကို သတ်ဖြတ်ပြီးမှတော့ သူတို့ကို သူက မည်သို့ အရေးလုပ်မည်နည်း။
“ကျုံးဝမ် အသက်ချမ်းသာပေးပါ၊ ငါတို့ တကယ် မလုပ်ရဲပါဘူး”
“ကျုံးဝမ် ငါ့ကို အခွင့်အရေး ထပ်ပေးပါ၊ ဒါ နောက်ဆုံး အခွင့်အရေးပါ”
သူတို့အားလုံး ကျုံးဝမ်ရှေ့၌ ဒူးထောက်၍ သူမထံမှ ခွင့်လွှတ်မှုရရှိရန် တောင်းပန်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သွေးအေးမှန်း သူတို့ သိနေကြသောကြောင့်ပင်။
ကျုံးဝမ် သူတို့ကို မကြည့်ရက်သော်လည်း ဝင်ပြောပေးရန် တုံ့ဆိုင်းနေမိသည်။ ဤလူများက တကယ် လွန်ထားခဲ့သည် မဟုတ်ပါတကား။
ယဲ့ဖန်က သူတို့ကို ခွင့်လွှတ်ပေးခဲ့သော်လည်း သူတို့က ယဲ့ဖန်ကို နည်းလမ်းပေါင်းစုံဖြင့် စော်ကားခဲ့ပြီး ယဲ့ဖန် အသတ်ခံရရန်ပင် မျှော်လင့်ခဲ့သေးသည်။
“မင်းတို့ ဒီစကားကို လွန်ခဲ့တဲ့ နာရီဝက်က ပြောခဲ့တာပဲ”
ယဲ့ဖန်က ဟက်ဟက်ပက်ပက် ရယ်မော၍ ပြောလာသည်။
“နောက်ဆုံးတော့ မင်းတို့ ယဲ့ကျန်းချောင်ဘက်မှာ ရပ်ပြီး ငါ့ကို ဆဲဆိုပြီး စော်ကားခဲ့တာလေ၊ ငါ သေပါစေလို့ ဆုတောင်းခဲ့တာ”
“အစတုန်းက ငါ မင်းတို့လို ပုရွက်ဆိတ်ကောင်ကို အရေးမစိုက်ချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ မင်းတို့က ငါ့လက်ထဲမှာ သေဖို့ မထိုက်တန်လို့ပဲ”
“ဒါပေမဲ့ မင်းတို့က ဘာလို့ သေတွင်းထဲ ခုန်ဆင်းချင်ရတာလဲ”
“ငါတို့မှားမှန်း ငါတို့ သိပါပြီ၊ ကျုံးဝမ်ရဲ့ သူငယ်ချင်းဖြစ်နေတာကို ထောက်ပြီး ခွင့်လွှတ်ပေးပါ၊ ငါတို့ မင်းရှေ့မှာ ဘယ်တော့မှ ပေါ်မလာရဲပါဘူး”
အနုပညာရှင်များ တုန်လှုပ်နေပြီး ယဲ့ဖန်အား ဆက်တိုက် တောင်းပန်ကြလေသည်။
“သူငယ်ချင်း ဟုတ်လား”
“စုန့်ထိုက်ခွင်း၊ နာမည်ကြီး လူငယ်တစ်ယောက်ဖြစ်ပင်မယ့် အစတုန်းက လူမသိသူမသိ တစ်ယောက်ပဲ၊ ကျုံးဝမ်က မင်းအရည်အချင်းကို မြင်ပြီး ဒါရိုက်တာကို မင်းကို ဇာတ်ပို့တစ်နေရာမှာ သရုပ်ဆောင်ခွင့်ပေးဖို့ တောင်းဆိုခဲ့လို့ မင်း နာမည်ကြီးလာတာ”
“လီယာရူ၊ နာမည်ကြီး အမျိုးသမီး အဆိုတော် ဖြစ်နေပင်မယ့် အရင်က နှစ်ပေါင်းများစွာ အသိအမှတ် ပြုမခံရဘူး၊ မင်း ကျုံးဝမ်နဲ့ တေးသံသွင်း စတူဒီယိုထဲမှာ တွေ့ခဲ့တယ်၊ ကျုံးဝမ်က မင်း အသံကောင်းတာကို သိပြီး မင်းကို သီချင်းဆို အရည်အချင်းတွေ သင်ပေးပြီး မင်းအတွက် စီးပွားရေး ကုမ္ပဏီတွေ လိုက်ရှာပေးပြီး မင်းအသံသွင်းဖို့ အတွက်ပါ ပိုက်ဆံ စိုက်ထုတ်ပေးခဲ့တယ်”
“ကျောက်ချွမ် ကျင်းချီရုပ်ရှင် ဧကရာဇ်ဆုရတဲ့သူ၊ အသက်နှစ်ဆယ်မှာ ပွဲဦးထွက်ခဲ့ပြီးတော့ လူမသိတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ခဲ့တယ်၊ ကျုံးဝမ်က သူငယ်ချင်းတစ်ယောက်နဲ့ မင်းပါတဲ့ ဇာတ်လမ်းကို ကြည့်ခဲ့တယ်၊ နောက်တော့ သူက ဒါရိုက်တာနဲ့ ရင်းနှီးမြုပ်နှံသူတွေကိုပါ အာခံဖို့ ဝန်မလေးခဲ့ဘူး၊ သူက မင်းကို ဇာတ်လိုက်နေရာမှာ သရုပ်ဆောင်ခွင့်ပေးဖို့ အတင်းပြောခဲ့လို့ မင်း ဆုရခဲ့တာ”
“ပြီးတော့ မင်းတို့အားလုံး ဘာလုပ်ခဲ့လဲ”
ယဲ့ဖန်၏ မျက်လုံးများက စူးရှ၍ ရက်စက်လှသည်။ သူ ကျုံးဝမ်ဆီ မလာခင်က စုန့်ကျီရှီးကို စုံစမ်းခဲ့ရုံမက ဤလူများအားလုံး၏ အကြောင်းကိုပါ စုံစမ်းခဲ့သည်။
“စုန့်ထိုက်ခွင်း ကျုံးဝမ်ရဲ့ မကောင်းသတင်း ထွက်လာတော့ မင်းအရင်ဆုံး သူနဲ့ ပတ်သက်မှုကို ဖြတ်တောက်တယ်၊ မင်းပါ ထိခိုက်မှာစိုးပြီး မင်းတို့က သာမန်မိတ်ဆွေတွေပါပဲလို့ မီဒီယာကို ပြောတယ်”
“လီယာရူ ကျုံးဝမ် ဆွံ့အသွားတော့ ဆေးရုံကို လိုက်သွားပြီး နှစ်သိမ့်မယ့်အစား မိတ်ဆွေတွေကိုဖိတ်ပြီး ပါတီ လုပ်တယ်”
“ဘာလို့လဲဆိုတော့ ဒီကျုံးကျိုး အင်ပါယာရဲ့ အမျိုးသမီး အဆိုတော်တွေထဲမှာ မင်း တောက်ပတာကို တားဆီးနိုင်မယ့်သူ မရှိတော့ဘူးဆိုတာကို သိနေလို့ပဲ၊ မင်းက မျိုးဆက်သစ်တစ်ခုရဲ့ ခေါင်းဆောင် အဆိုတော် ဖြစ်လာမယ်ဆိုတာ သိနေလို့လေ”
“ကျောက်ချွမ် ကျုံးဝမ်ရဲ့ သတင်းတွေ ထွက်လာပြီးတော့ မင်းရဲ့ ရုပ်ရှင်အသစ်က သူ့ကြောင့် ထိခိုက်မှာဆိုလို့ ဒါရိုက်တာကို ဇာတ်လိုက်မင်းသမီး ပြောင်းပေးဖို့ ပြောပြီး သူ့ကို လုပ်ဖော်ကိုင်ဖက်ထဲကနေ ဖယ်ပစ်လိုက်တယ်”
ထိုစကားများကို ကြားပြီး ကျုံးဝမ် အလွန် မှင်တက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ ထိုကိစ္စ အားလုံးကို သူမ မသိသောကြောင့်ပင်။ သူမ မိတ်ဆွေကောင်းများဟု သတ်မှတ်ထားသူများက ဤမျှအထိ လုပ်လိမ့်မည်ဟု သူမ မထင်ထားမိပေ။ သူမ သူတို့ကို ကူညီပေးခဲ့သော်လည်း ယခုအခါတွင်မူ …
လူသားတို့၏ စိတ်နှလုံးသားသည် အလွန် ဆိုးရွားလှပေ၏။ ထိုအနုပညာရှင်များလည်း ထိတ်လန့်သွားပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။ ယဲ့ဖန်က ဤသတင်းများကို ဘယ်လိုသိနေလဲ သူတို့ မသိပေ။
“အနုပညာလောကရဲ့ စီနီယာတစ်ယောက် ဖြစ်ပင်မယ့် ကျုံးဝမ်က ငါသိငါတတ် လုပ်မယ့်အစား အခြားသူတွေ အပေါ် ကြင်နာပြီး လူသစ်တွေကို လက်တွဲခေါ်ခဲ့တယ်”
“ဒါပေမဲ့ မင်းတို့ကတော့ ကျေးဇူးတရားကို မေ့ပစ်ပြီး နောက်ကျကနေ ဓားနဲ့ထိုးတယ်၊ မင်းတို့လို အမှိုက်ကောင်တွေက သေသင့်တယ်”
“ရွှစ်”
ထိုစကားအဆုံး၌ ထန်မင်လီက ဓားကိုဝင့်ကာ ကျောက်ချွမ်၏ ခေါင်းကို ဖြတ်လိုက်သဖြင့် သွေးများ ပန်းထွက်လာ၏။
“အား…”
ထိုအခါ လီယာရူ၏ စိတ်ထဲတွင် သည်းခြေပျက်မတတ် ကြောက်လန့်သော ခံစားချက် ထွက်ပေါ်လာ၏။ သူမ သီချင်းဆိုသည့်အသံက မည်မျှ သာယာဖွယ် ကောင်းနေပါစေ ကြောက်လန့်တကြား အော်သည့်အသံကတော့ အခြားသူများနှင့် မထူးခြားနားပင်။
“သူက နားညည်းလွန်းတယ်၊ သူ့ပါးပစ်ကိုပိတ်လိုက်”
ထောင့်နားမှနေ၍ ယဲ့ဖန်၏ သွေးဆာနေသော နတ်ဆိုးအသံ ထွက်ပေါ်လာသည်။
“ခွေးမ ပါးစပ်ပိတ်ထား”
ထန်မင်လီက ဓားကိုလွှဲ၍ လီယာရူ၏ လည်ပင်းကို ဖြတ်လိုက်သဖြင့် သူမ ပါးစပ်ပိတ်သွားလေသည်။ ကျုံးဝမ်က သူမကို သီချင်းဆိုနည်း သင်ပြပေးခဲ့သော်လည်း ယဲ့ဖန်က သူမအား ထာဝရ ပါးစပ်ပိတ်သွားအောင် ပြုလုပ်ခဲ့သည်။
“အားလုံးကို ခေါင်းဖြတ်သတ်လိုက်”
ယဲ့ဖန် ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ ဤအမှိုက်များအားလုံးသည် ရှိမနေသင့်တော့သောလူများသာ ဖြစ်လေသည်။
“ကျုံးဝမ် ကယ်ပါဦး၊ ကျုံးဝမ်”
ထိုအနုပညာရှင်များအားလုံး သည်းခြေပျက်ကာ ဝမ်းနည်းကြောက်လန့်စွာဖြင့် အော်ဟစ်ကြတော့သည်။ လောကတွင် ဝဋ်လည်ခြင်းက အမှန်တကယ် တည်ရှိကြောင်း ယခုမှ သူတို့ သိသွားကြသည်။
ယဲ့ဖန်သည် သူတို့ကို ပြန်ဝဋ်လည်အောင် လုပ်ဆောင့်သည့်သူပင်။ ကျုံးဝမ်က မျက်လုံးကိုမှိတ်၍ စိတ်ခိုင်အောင် ကြိုးစားနေပြီး သူတို့ကို မကြည့်ပေ။
ထိုစဉ် ယဲ့ဖန်က စုန့်ကျီရှီးထံသို့ လှမ်းသွားသည်။ ထိုအခိုက်တွင် သူမက ငေးငိုင်နေပြီး ဒူးပိုက်ကာ တုန်ယင်နေသည်။
“ငါက ဘုရင်မ၊ ငါက ဘုရင်မ …”
“ဒီလိုလူမျိုးက အသက်ချမ်းသာပေးဖို့ မထိုက်တန်တဲ့ အရူးပဲ၊ သတ်ပစ်လိုက်တော့”
ယဲ့ဖန်က လှောင်ရယ်၍ အဝေးသို့ ထွက်သွားသည်။ ထန်မင်လီက သရော်ပြုံးပြုံးကာ ဓားကိုဆွဲ၍ သူတို့ထံ လျှောက်သွားလေသည်။ လူတိုင်းက ယဲ့ဖန်ကို အလွန် သွေးပျက်ကြောက်လန့်သော အကြည့်မျိုးဖြင့် ကြည့်နေ ကြသည်။
*အရမ်းကို ဆိုးယုတ်တယ်*
သူတို့ ယဲ့ဖန်ကို ထိုသို့သာ မြင်မိသည်။ ထို့နောက် ယဲ့ဖန်က ယဲ့ကျန်းချောင်ရှေ့၌ ရပ်လိုက်သည်။ ယဲ့ကျန်းချောင်၏ မျက်နှာက သုန်မှုန်နေပြီး သေခြင်းထက် ဆိုးသော အခြေအနေက သူ့အား စောင့်ကြိုနေကြောင်း ရိပ်မိနေ၏။
ယဲ့ဖန်က သူ့ကို အရင်သတ်နိုင်သော်လည်း မသတ်ပေ။ ထိုသို့လုပ်မည့်အစား သူ့အနားမှ လူအားလုံး သေသည်ကို စောင့်ကြည့်ခိုင်းပြီးမှ သူ့ဘက် လှည့်လာသည်။
ယဲ့ဖန်က သူ့ကို ငုံ့ကြည့်၍ အထက်စီးဆန်စွာ ပြောလိုက်သည်။
“မင်းအစ်ကိုကြီး မလာတာ စိတ်မကောင်းစရာပဲ၊ မဟုတ်လို့ကတော့ နှစ်လောင်းပြိုင် ဖြစ်မယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ကျန်းချောင် မျက်နှာမည်းမှောင်သွားပြီး ပြန်ပြောလိုက်၏။
“ငါ ရှုံးတာကို ဝန်ခဲ့တယ်၊ ဒါပေမဲ့ ငါ့အစ်ကိုကြီးက ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး”
“သူ့ခွန်အားနဲ့ သူ့ကြောက်စရာကောင်းပုံက ဟွားလုံတျောင်ထက် အဆတစ်ရာ ပိုသေးတယ်”
“ငါ့အစ်ကိုကြီးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး၊ မင်း မြတ်နိုးတဲ့ အရာရာတိုင်းကို သူ ဖျက်ဆီးပစ်မှာ”
“ဖျင်အန်းမြို့ ပြာကျသွားလိမ့်မယ်”
“မင်းကတော့ တိုင်မှာချည်ပြီး နှိပ်စက်ခံရပြီးမှ ဆိုးဆိုးရွားရွား သေလိမ့်မယ်”
ယဲ့ကျန်းချောင်က ထူးဆန်းသော ရယ်သံမျိုးနှင့် ရယ်နေသည်။
“ငါ့အစ်ကိုက ဖျင်အန်းကို ရောက်ပြီးနေပြီ၊ သူ ဖျင်အန်းမှာ ဘာတွေလုပ်နေမလဲ မင်း မသိချင်ဘူးလား”
ယဲ့ဖန် ရုတ်တရက် ထိတ်လန့်သလို ခံစားလိုက်ရပြီး ဒေါသက အဆုံးစွန်အထိ ပေါက်ကွဲလာသည်။
“သူ လူတစ်ယောက်ကို ထိရင် ငါ ယဲ့မိသားစုက လူဆယ်ယောက်ကို ပြန်သတ်မယ်”
“သူ ငါ့လူဆယ်ယောက်ကို သတ်ရဲရင် ယဲ့မိသားစုတစ်ခုလုံးကို တမလွန်မှာ ပြန်ဆုံစည်းနိုင်အောင် လုပ်ပေးမယ်”
ယဲ့ဖန်က ထိုသို့အော်ဟစ်လိုက်ပြီးနောက် ယဲ့ကျန်းချောင်၏ လည်မျိုကို လက်တစ်ဖက်ဖြင့်ကိုင်၍ လည်ပင်းကို လိမ်ချိုးကာ ဆွဲဖြုတ်လေသည်။ ခေါင်းဆွဲဖြုတ်ခံလိုက်ရသဖြင့် သွေးများ ပန်းထွက်လာလေ၏။