← Chapters

အခန်း ၁၁၄၄

Vol. 77 Ch. 1144

အခန်း ၁၁၄၄

Vol. 77 Ch. 1144

Chapter 1144 နတ်ဆိုးအရှင်သခင်

သူတို့အားလုံး အလွန်အမင်း နောင်တရနေကြသည်။ ယခင်က ယဲ့ဖန်သည် သူ့အား အချိန်တစ်ရက် ပေးပါက ဖျင်ယန်တောင်အား ယခင်အခြေအနေ ပြန်ဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ပြောခဲ့သည်။ သို့သော် သူတို့က ယဲ့စန်း၏ လှည့်စားမှုကို နားယောင်ပြီး ယဲ့ဖန်ကို မယုံကြည်ခဲ့ပေ။

ယခုအခါတွင် ယဲ့ဖန်က သူ့စကားအတိုင်း လုပ်ပြသွားသည်။ နဂါးဝိညာဉ် ပြန်ကောင်းသွားခြင်းနှင့် လူသူရှေ့၌ နဂါးတစ်ကောင်ကို တွေ့လိုက်ရခြင်းက သူတို့အား ထိတ်လန့်သွားစေသည်။

*ဘယ်လိုတောင် အံ့ဩစရာကောင်းတဲ့ မြင်ကွင်းလဲ*

လူတိုင်း ထွက်ပေါ်လာသည့် နဂါးဝိညာဉ်ကို ကြည့်ပြီး ထိတ်လန့် မှင်တက်မိနေသည်။ ဤသို့သော မြင်ကွင်းအား သူတို့ ဘဝတစ်သက်တာလုံး မေ့နိုင်မည် မဟုတ်ပါ။ ထို့နောက် လူတိုင်း ယဲ့ဖန်ကို လေးစားသလို ကြည့်လာ ကြသည်။

*ဒီလူက တကယ် နဂါးဝိညာဉ်သွေးကြောကို ချက်ချင်း ပြန်အသက်သွင်းနိုင်တာပဲ၊ ထိတ်လန့်စရာလည်း ကောင်းတယ် အံ့ဩဖို့လည်း ကောင်းတာပဲ*

သူတို့ ယဲ့ဖန်ကို နတ်ဘုရား အစစ်ဟုပင် သံသယဝင်လာကြသည်။ နတ်ဘုရား မဟုတ်ပါက ဤသို့သော နည်းလမ်းမျိုးကို မည်သို့ လုပ်နိုင်ပါမည်နည်း။

လက်ရှိတွင် သူတို့ ပိုပို၍ နောင်တရလာ၏။ ဖျင်ယန်တောင်က နတ်ဗိမာန်အလား သာယာသော နယ်မြေဖြစ်ပြီး ယန်စွမ်းအင် ပေါများလှသည်ဟု ကြားဖူးကြသည်။ သာမန်လူများ ဤနေရာ၌နေပါက အသက်ရှည်၍ ဖျားနားခြင်း မရှိနိုင်ပေ။

ထိုသတင်းစကားက ယခု အမှန် ဖြစ်နေ၏။ အိမ်ခြံမြေ လုပ်ငန်းရှင်က သူတို့ကို မလိမ်ခဲ့ပါ။ သူတို့သည်သာ တုံးအလွန်းသဖြင့် အခြားသူများ၏ လှည့်စားခြင်းကို အလွယ်တကူ ခံလိုက်ရခြင်း ဖြစ်ပေသည်။

“စိတ်မကောင်းပါဘူး၊ ကျုပ် အသက်ရှင်စေချင်တဲ့အရာက သေလို့မရနိုင်ဘူး”

ယဲ့ဖန်က မာရေကြောရေဖြင့် ပြုံးလိုက်ပြီး ဒေါသတကြီး လျှောက်လှမ်းလာကာ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ ထိုနဂါးဝိညာဉ်သည် ရုတ်တရက် ရွှေရောင်ဝတ်ရုံ ဝတ်လိုက်သကဲ့သို့ မျက်စိကျိန်းလောက်အောင် လင်းထိန် လာလေသည်။

၎င်း၏မျက်နှာနှင့် ခန္ဓာကိုယ်တို့က တဖြည်းဖြည်း ဖွဲ့စည်းကျစ်လျစ်လာကာ တကယ့် နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲလာသည်။

“ပြောင်းလဲခြင်း … ပြောင်းလဲခြင်းပဲ”

အခြားသူများအားလုံး မှင်တက်သွားကြသည်။ စစ်မှန်သော ဝိညာဉ်တစ်ခုက ခန္ဓာကိုယ်အဖြစ် ဆန်းကြယ်စွာ ပြောင်းလဲ နိုင်သည်ဟူသော ဒဏ္ဍာရီ ရှိခဲ့ဖူးသည်။ ၎င်းသည် ခန္ဓာကိုယ် ရလာသည်နှင့် ယခင်ကဲ့သို့ ပုံရိပ်ယောင်ဘဝမျိုး၌ ရှိနေမည် မဟုတ်တော့။ ထို့အတူ စစ်မှန်သော ဝိညာဉ်က လောကသဘောတရားများအား နားလည်နိုင်ရန် အနည်းဆုံး နှစ်တစ်ထောင်မျှ အချိန်ယူရသည်။

*ယဲ့ဖန်က ဒီနဂါးဝိညာဉ်ကို ချက်ချင်း တကယ့်နဂါးဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ၊ မယုံနိုင်စရာပဲ*

ဖျင်ယန်တောင်တစ်ခုလုံး၌ သက်တန့် အခုတစ်ထောင်မက ထွက်ပေါ်လာပြီး စမ်းချောင်းရေများက တောက်ပ လှပစွာဖြင့် စီးဆင်းနေသည်။

နတ်ဘုရားနယ်မြေ။ ထိုစကားမှလွဲ၍ ဖျင်ယန်တောင်၏ အလှကို ဖော်ပြနိုင်သည့် စကားလုံးမျိုး သူတို့ မတွေးတတ်ကြတော့ချေ။

“အခုကစပြီး မင်းက ဖျင်ယန်တောင်ရဲ့ စောင့်ရှောက်သူ သူတော်စင်ပဲ”

ယဲ့ဖနက် အသာပြောလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် နဂါးက ကြွေးကြော်သံ ပေးလာပြီး ယဲ့ဖန်ရှေ့၌ သခင်ကို အရိုအသေပေးသကဲ့သို့ ကျိုးနွံစွာ ခေါင်းညွှတ်အရိုအသေ ပေးလာသည်။ ဤမြင်ကွင်းက လူအများကို ထပ်မံ၍ ကြက်သေ သေသွားစေသည်။

*နဂါးတစ်ကောင်က ခေါင်းညွှတ်ပြီး လူသားတစ်ယောက်ကို အညံ့ခံချင်စိတ် ရှိတယ်တဲ့လား*

*ဒီလူက ဘယ်သူလဲ*

“အခု မင်းတို့အလှည့်ပဲ”

ယဲ့ဖန်က ယဲ့စန်းနှင့် အခြားသူများကို ကြောက်စရာကောင်းသော လူသတ်လိုသည့် အကြည့်များဖြင့် ပြန်လှည့်ကြည့်လာသည်။

“မျိုးမစစ်ကောင် အဲ့ဒါကို မင်း ပြန်အသက်သွင်းနိုင်တာနဲ့ ငါ့ကို ယှဉ်နိုင်ပြီလို့ ထင်နေတာလား၊ ငါ အဲ့ဒါကို တစ်ခါ သတ်နိုင်မှတော့ နောက်တစ်ခါ ပြန်သတ်နိုင်တယ်ကွ”

ယဲ့စန်းက ပျက်ရယ်ပြုလိုက်သည်။ ထို့နောက် သူ့ကိုယ်မှ မိစ္ဆာဓာတ်များ ထွက်ပေါ်လာပြီး ရှေးဟောင်း မန္တန် တစ်ခုကို ရွတ်ဆိုလာသည်။

ရုတ်တရက် ဖျင်ယန်တောင်တစ်ခုလုံးမှ ချောက်ချားဖွယ်ကောင်းသော အသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ အဝေးတစ်နေရာမှ အနက်ရောင်မြူခိုးများ ပျံ့လွင့်လာပြီး ပုပ်သိုးနေသော အလောင်းကောင်များနှင့် သရဲတစ္ဆေ တစ်သိုက် ထွက်လာနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။

“ငါးမျိုးအဆိပ်နဲ့ ငါးမျိုးယင် အစီအရင် ပွင့်စေ”

ယဲ့စန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ငါးမျိုးအဆိပ်နှင့် ငါးမျိုးယင်သည် လောက၏ ဆိုးယုတ်သော အရာများကို စုစည်းထားသဖြင့် သေမျိုးတစ်ယောက်ကို မဆိုထားနှင့် နဂါးဝိညာဉ်ကိုပင် သတ်နိုင်လေသည်။

လူအများအား သတ်ဖြတ်ရန် ထောင်ချီသော သရဲတစ္ဆေများ လှမ်းလာနေကြသည်။ လူတိုင်း ခေါင်းမွေးထောင် လာပြီး ငရဲကျသကဲ့သို့ ခံစားရကာ ကြံရာမရ ဖြစ်လာလေသည်။

“မျိုးမစစ်ကောင် ငါ မင်းကို လွယ်လွယ်နဲ့ မသေခိုင်းဘူး၊ ထောင်ချီတဲ့ သရဲတွေရဲ့အရသာကို ခံစားခိုင်းဦးမယ်”

ယဲ့စန်းက အားပါးတရ ရယ်မောနေပြီး မျက်လုံး၌ ရူးသွပ်နေသော အရိပ်အယောင်များ ထင်ဟပ်နေ၏။ ယဲ့ဖန် တစ်ယောက် နေရာ၌ ဆိုးဆိုးရွားရွား သေရသည်ကို သူ ကြည့်ချင်နေသည်။

“အဲ့ဒါ ဖျက်ဆီးခြင်း သရဲတစ္ဆေလား”

ယဲ့ဖန်က အသာပြုံးလာသည်။ ထိုအပြုံးက လူအများအား နားမလည်နိုင် ဖြစ်သွားစေသည်။

*သူ သေတော့မှာကို ဘာလို့ ဒီလူက ပြုံးနိုင်နေသေးတာလဲ*

ထိုအပြုံးက အနည်းငယ် ထူးဆန်း၍ အထင်သေးသော အပြုံးမျိုး ဖြစ်နေသည်ကို သူတို့ တဖြည်းဖြည်း သတိထား မိလာ၏။

“သရဲတစ္ဆေတွေ အညံ့ခံစမ်း”

ယဲ့ဖန်က မိုးခြိမ်းသံကဲ့သို့‌ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူထံမှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး တစ်ဟုန်ထိုး တက်လာနေသော သရဲတစ္ဆေများထံသို့ လွှင့်ပျံသွားသည်။

“ဝုန်း”

ထောင်ချီသော သရဲတစ္ဆေများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီက ပျက်စီးလာပြီး ပုပ်သိုးလာသကဲ့သို့ ပျောက်ကွယ်လာကြသည်။ နတ်ဆိုးအော်သံကို တောင့်မခံနိုင်သည့်ပုံပင်။

လူတိုင်း အံ့အားသင့်သွားကြသည်။ ယဲ့စန်းနှင့် အခြားသူများ တံတွေးကို မနည်းမျိုချလိုက်ရပြီး သူတို့မျက်နှာထက်၌ သွေးပျက်ဟန်များ ထင်ဟပ်လာသည်။ ငရဲမှ ထောင်ချီသော သရဲတစ္ဆေများက ယဲ့ဖန်၏ အော်သံကြောင့် အသတ်ခံလိုက်ရမည်ဟု သူတို့ မယုံကြည်နိုင်ပါ။

*ကြောက်စရာကောင်းလိုက်တာ*

*ဒီလူက တကယ့် နတ်ဆိုးပဲ*

သူတို့သည် သတ်ကွင်းထဲမှ နတ်ဆိုးတစ်ကောင်နှင့် တူနေသော ယဲ့ဖန်ကိုကြည့်ပြီး ဆံပင်မွေးများ ထောင်တက် လာသည်ဟု ခံစားလိုက်ရသည်။ နဂါးတစ်ကောင်ကို အသက်သွင်းနိုင်သော ဤနတ်ဆိုးက အသက်နှစ်ဆယ် စွန်းစွန်းသာ ရှိဦးမည်ဟု သူတို့ စဉ်းစား၍မရနိုင်ပေ။

“နတ်ဆိုး သူ … သူက ငရဲက နတ်ဆိုးပဲ”

“မြတ်စွာဘုရား ကြောက်စရာကောင်းတဲ့ နတ်ဆိုးပါလား”

“ဒူးထောက်ကြလေ”

ထိုအခိုက်တွင် အခြားသော သရဲတစ္ဆေများက ယဲ့ဖန်၏ အရှိန်အဝါကို သတိထားမိသွားပြီး ချက်ချင်း တုံ့ပြန် လာကြသည်။

ဤပုဂ္ဂိုလ်က နတ်ဆိုးအရှိန်အဝါများ ထုတ်ဖော်နိုင်သဖြင့် တကယ်ကို ငရဲမှလာသောသူပင်။ ကြောက်စရာ ကောင်းသော ငရဲဘုရင်လိုပင်။

“နတ်ဆိုးတဲ့လား”

သရဲတစ္ဆေများက ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည်ကိုမြင်ပြီး ယဲ့စန်း တုန်လှုပ်ကာ မှင်တက်မိနေ၏။ သူ ခေါ်ထုတ်လိုက်သော သရဲတစ္ဆေ တစ်ထောင်ကျော်က သူ့အမိန့်ကို ဥပေက္ခာပြုပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည် မဟုတ်ပါလော။

တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းသည် သရဲတစ္ဆေတစ်ထောင်ကျော်ရှေ့၌ မထူးဆန်းသော အမူအရာဖြင့် ရပ်နေသော ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

ထိုသရဲတစ္ဆေတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော သွားများနှင့် လက်သည်းများ ရှိပြီး မြင်သူတိုင်း ကြောက်လန့်သွားအောင် လုပ်နိုင်ကြသည်။ သို့သော် ၎င်းတို့က ယခု အလွန် ကြောက်ရွံ့ကာ တုန်ယင်နေ ကြလေသည်။

*ဘယ်လိုဖြစ်တာလဲ*

*ဒီနတ်ဆိုးက ဘယ်လိုကြီးလဲ*

ထိုစဉ် ယဲ့ဖန်က ယဲ့စန်းတို့နှစ်ယောက်ကို လှမ်းကြည့်လာသဖြင့် နှစ်ယောက်လုံး ကြက်သီးထသွားကြသည်။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသကဲ့သို့ ချောက်ချားဖွယ် ကောင်းလှသည်။

“သရဲတွေကို စားစေချင်တယ်ပေါ့၊ မင်းတို့သဘောပဲ”

ယဲ့န်၏ အေးစက်စက် စကားအဆုံး၌ ယဲ့စန်းနှင့် အခြားသူများ တုန်လှုပ်သွားလေသည်။

“သူတို့ကို အရှင်လတ်လတ် ဝါးစားလိုက်”

ယဲ့ဖန်က လက်ညှိုးထိုး၍ ပြောလိုက်သောကြောင့် သရဲတစ္ဆေများအားလုံးက တစ်ဖက်လှည့်လာပြီး ယဲ့စန်းတို့အား အန္တရာယ် ပေးလိုသော အကြည့်များဖြင့် ကြည့်လာ၏။

“ယဲ့လူကြီးမင်း ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ကျွန်မတို့ ဘာလုပ်သင့်လဲ”

ဤသည်ကိုမြင်ပြီး ကျောက်ယင်းရင် မရယ်နိုင်တော့ဘဲ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ ယဲ့စန်း သည်လည်း နေရာမှာတင် ကြက်သေ သေနေမိသည်။ အခြေအနေက သူ ထိန်းချုပ်နိုင်သည်ထက် ဆိုးနေ၏။

“ဝုန်း”

ထိုသရဲတစ္ဆေများက ယဲ့စန်းထံသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။ ယဲ့စန်း၏ အစီအရင်ကြောင့် သူတို့ ယဲ့စန်းကို မသတ်နိုင်ဘဲ အစီအရင်ကိုသာ ဝင်တိုက်မိကာ တစ်စစီ ဖြစ်သွားကြသည်။ သို့သော် သူတို့က ပြေးတက်လာဆဲပင်။ ယဲ့စန်းကို မသတ်နိုင်မချင်း လက်လျှော့မည့်ပုံ မပေါ်ချေ။

ဤသည်ကိုကြည့်ပြီး ယဲ့စန်း ကြောက်လန့်ကာ မျက်နှာဖြူရော်လာပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ငါးမျိုးအဆိပ်နှင့် ငါးမျိုးယင် အစီအရင်က တဖြည်းဖြည်း အရောင်မှိန်လာသည်ကို တွေ့နေရသောကြောင့်ပင်။

ယဲ့ဖန်၏ စကားများက ဤသရဲတစ္ဆေများအား သူ့အတွက် အသက်ပေးလိုစိတ် ဖြစ်စေနေသည်။ ယဲ့ဖန်၏ စကားက သူတို့အတွက် နတ်ဘုရား၏ စကားလိုပင်။

“ဝုန်း”

အစီအရင် ပျက်စီးသွားပြီးနောက် သရဲတစ္ဆေများက ယဲ့စန်းထံသို့ သွေးဆာနေသော ပါးစပ်များကိုဟ၍ ဝိုင်းသွား လေသည်။

“အား….”

ယဲ့စန်း နာကျင်စွာ အော်လိုက်မိသည့် တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံးသို့ ပြင်းထန်သော ဝေဒနာတစ်ခု ပျံ့နှံ့နေပြီး သူ့ခန္ဓာကိုယ် စုတ်ပြဲသွားရသည်။

“ငါ့ကို သတ်ပါ၊ ငါ့ကိုသတ်လိုက်ပါတော့”

ဤဝေဒနာက သေခြင်းထက် ဆိုးရွားသောကြောင့် သူ အော်ဟစ်နေမိသည်။

“မင်း သေရမှာပါ၊ မင်း ဖြည်းဖြည်ချင်း သေရမှာ”

ယဲ့ဖန်က လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။ ယဲ့စန်း လုပ်ခဲ့သမျှကို ပြန်စဉ်းစားကြည့်လျင် သူ့ကို သတ်လိုက် သည်ကပင် ညှာတာသလို ဖြစ်နေသေး၏။ ယဲ့ဖန်က သူ့အား တစ်စစီ ဆုတ်ဖြဲချင်နေသည်။

All Chapters