အခန်း ၁၁၄၈
Vol. 77 Ch. 1148
Chapter 1148 ဒါဆိုလည်း ညှစ်သတ်ပေးရတာပေါ့
ထိုအခိုက်တွင် ဖန်းရီပေါ်သည်လည်း မိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအော၍ လောင်းကြေးထပ်လိုက်သည်။
“ငါ လောင်းပြီကွာ၊ ယဲ့ဖန် သုံးကွက်အတွင်း သေမယ့်ဘက်က လောင်းတယ်”
*အချီကြီးပွနိုင်မည့် အခွင့်အရေးကြီးကို သူ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါမည်နည်း။
“အစ်ကိုဟူ ကျွန်တော် လောင်းချင်လို့ တစ်သန်းလောက် ချေးပါ”
ထိုစဉ် အားပင်းသည်လည်း မကောင်းသော အကြံအစည် ဝင်လာပြီး ထိပ်တန်း လောင်းကစား ကုမ္ပဏီများထဲမှ တစ်ခုကို ဖုန်းဆက်၍ လောင်းကစားလုပ်ရန် ပိုက်ဆံ ထပ်ချေးလေသည်။
“အိုး … အားပင်း မင်း လောင်းတာ ရှုံးသွားပြီး ပြန်ဆပ်စရာ ပိုက်ဆံ မရှိဖြစ်ခဲ့တာကို ငါ မှတ်မိသေးတယ်၊ အဲ့ဒါကြောင့် မင်းငယ်ပါ ဖြတ်ခံလိုက်ရတာလေ ဟုတ်တယ်မလား၊ မင်း ဘယ်လိုတောင် ထပ်လောင်းရဲသေးတာလဲ”
ဖုန်းတစ်ဖက်မှ အစ်ကိုဟူက ရယ်နေသည်။ ဤကိစ္စက သူ့အတွက် အလွန် ရယ်ရသော ကိစ္စပင်။ သို့ရာတွင် အားပင်းအတွက်မူ အလွန် အရှက်ကွဲ၍ နာကြည်းဖွယ်ကောင်းသော ကိစ္စပင် ဖြစ်သည်။
အားပင်း၏ မျက်နှာ ပြာနှမ်းလာပြီး ပြစ်တင်မောင်းမဲလေသည်။
“ဒီတစ်ခါတော့ ကျွန်တော် လုံးဝ မရှုံးဘူး၊ သခင်လေးယဲ့ ရှိနေမှတော့ အဲ့မျိုးမစစ်ကောင် အလောင်းတောင် အပြည့်အစုံ မကျနန်ဘဲ အသတ်ခံရမှာ”
နောက်ဆုံးစကားတွင် သူသည် သံကုန်ဟစ်လျက် အော်ပြောလိုက်သည်။ ယနေ့လိုနေ့မျိုးအား သူ စောင့်ဆိုင်း နေသည်မှာ အတော်ကြာလေပြီ။
ဘုရားသခင်က သူ့ဘက် လှည့်ကြည့်လာပြီး သူ မျှော်လင့်နေသော နေ့ရက်မျိုး ဖန်တီးပေးလာသဖြင့် တော်ပါသေးသည်။ ယဲ့ဖန် ဆိုးဆိုးရွားရွာ သေဆုံးရန် သိပ်မလိုတော့ပေ။
“ကောင်းပြီလေ၊ ငါ မင်းကို တစ်သန်း ချေးလိုက်မယ်၊ ဒါပေမဲ့ ဒီတစ်ခါ မင်းရှုံးရင် ငယ်ပါကို ဖြတ်တာမျိုးလောက် မရိုးရှင်းတော့ဘူးနော်”
အစ်ကိုဟူ ပြုံး၍ ပြောလာသည်။ ထိုသို့ဖြစ်လာပါက သူ တိုက်ရိုက် ထုတ်လွှင့်ပွဲလုပ်၍ လူသတ်ပြပေမည်။ သူ့စကားကြောင့် အားပင်းက ချက်ချင်း လှောင်ရယ်၏။
“ဒီတစ်ခါ ကျွန်တော် ရှုံးလို့ကတော့ အစ်ကိုဟူ ဘာမှလုပ်စရာ မလိုဘူး၊ ကျွန်တော့် ကိုယ့်ဘာသာကိုယ် သတ်သေ လိုက်မယ်”
ယုံကြည်ချက် ပြည့်ဝလွန်းပေသည်။ အားပင်းနှင့် ဖန်းရီပေါ်တို့သည် လောင်းကြေးထပ်ပြီးသည်နှင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးတွင်း၌ အလွန် ပြင်းထန်သော မလိုတမာစိတ်များနှင့် ပြည့်နှက် နေသည်။
ထို့နောက် သူတို့သည် ကြိုအောင်ပွဲခံသည့်အလား ရယ်မောကြလေသည်။
“အခု မင်း မသေဘဲ နေနိုင်ဦးမှာလား”
ထိုစဉ် ယွင်ရင်တောင်ထိပ်၌ ယဲ့ယွင်ထျန်းက သစ်သားတိုင်၌ ချုပ်နှောင်ထားသော ကျုံးလီအာကို ကြည့်နေသည်။
“မင်းအစ်ကိုယဲ့က မကြာခင် ငါ့လက်ထဲမှာ သေတော့မှာ၊ မင်းမှာ အခွင့်အရေး ရှိသေးတယ်”
“ငါ့ကို အညံ့ခံပြီး ငါ ကျေနပ်အောင် ပြုစုပေးရင် မင်း အသက်ရှင်နိုင်မယ်”
ကျုံးလီအာ၏ ဖြူရော်နေသော မျက်နှာထက်တွင် သရော်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“သူကြောင့် ငါ အသက်ရှင်နေတာ၊ သူ သေရင် ငါလည်း လိုက်သေမှာ”
ယဲ့ဖန်မရှိတော့လျင် သူမဘဝက ဘယ်လိုလုပ် အဓိပ္ပာယ် ရှိတော့မည်နည်း။
“ကောင်းပြီလေ မင်းက ဒီလောက် စွဲလမ်းနေမှတော့ မင်းကို အဲ့ခွေးသားနဲ့အတူ တမလွန်ကို ပို့ပေးရတာပေါ့”
ယဲ့ယွင်ထျန်း အလွန်အမင်း ဒေါသထွက်သွားလေသည်။ ယဲ့ဖန်အား အရက်စက်ဆုံးနည်းဖြင့် နှိပ်စက်ပြီး သတ်ပစ်ပြီဟု ကျိန်ဆိုလိုက်မိသည်။
* ကျုံးလီအာက မင်းကို အရူးအမူး စွဲလန်းနေတာ မဟုတ်လား*
*ဒါဆိုလည်း မင်းချစ်ရတဲ့ကောင် ငါ့ဆီမှာ နှိပ်စက်ခံရတာကို ကြည့်နေလိုက်၊ ငါ့ဆီမှာ အရှက်ခွဲခံရပြီး ငါ သတ်တာ ခံရတာကို ထိုင်ကြည့်နေ*
*အစ်ကိုယဲ့ ရှင် မလာနဲ့နော်*
တောင်၏ တံခါးဝကိုကြည့်ပြီး ကျုံးလီအာ စိတ်ထဲမှနေ၍ ကျိတ်ကာ ဆုတောင်းမိနေသည်။ သူမ ယဲ့ဖန်အတွက် အသက်ပေးလိုစိတ် ရှိပါသော်လည်း သူမအတွက်နှင့် ယဲ့ဖန်ကို မသေစေလိုပါ။ သူမ သူ့အား ရူးမတတ် ချစ်ရပါသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ယွင်ရင်တောင်၏ တံခါးရှေ့သို့ ရောက်နှင့်နေပြီး သတ်ဖြတ်လိုသော အကြည့်ဖြင့် တောင်တစ်ခုလုံးကို ကြည့်လိုက်သည်။
“ဟမ်”
ယဲ့ယွင်ထျန်း ခါးမတ်၍ ပြန်ထိုင်လိုက်ပြီး ရက်စက်သော အကြည့်ဖြင့် တံခါးသို့ လှမ်းကြည့်လိုက်သည်။
“မင်း ဒီရောက်နေပြီလား”
လူတိုင်း ထိတ်လန့်သွားပြီး တံခါးသို့ လှမ်းကြည့်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ကင်မရာအားလုံးက တံခါးဝသို့ ချိန်လာလေသည်။
“ကျွီ”
ဟွိုင်အန်း စီရင်စုတစ်ခုလုံး၏ အကြည့်အောက်သို့ ခက်ထန်သော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
“ယဲ့ယွင်ထျန်း မင်း ဘယ်မလဲ”
ထိုအသံ၌ အလွန် လူသတ်လိုသော အငွေ့အသက်များ ပါဝင်နေပြီး မမြင်ရသော အေးစက်လှသည့် အငွေ့အသက်က ပွဲကြည့်ပရိသတ်အားလုံးကို လွှမ်းခြုံသွားသည်။
“ဟားဟားဟား …”
သို့သော် ပွဲကြည့်ပရိသတ်အားလုံးက ဟက်ဟက်ပက်ပက် လှောင်ရယ်ကြသည်။
“ဒီကောင်က စီနီယာ အစ်ကိုယဲ့ကို စိန်ခေါ်တဲ့ကောင်လား”
“ဟဲ့ကောင်လေး နင် နေရာမှားတာလား၊ ဒီနေရာက နင် လာရမယ့်နေရာ မဟုတ်ဘူး၊ သေအောင်ငိုပြီး နင့်အမေဆီ ပြန်သွားတော့”
“ဒီလိုအမှိုက်မျိုးက ငါတို့ စီနီယာ အစ်ကိုယဲ့နဲ့ တိုက်ခိုက်ဖို့ ထိုက်တန်လို့လား၊ ဒါက စီနီယာ အစ်ကိုယဲ့ကို စော်ကားနေတာလို့ ငါ ခံစားမိနေတယ်”
ယွင်ရင်တောင်မှ အထင်သေးသော အကြည့်ပေါင်းများစွာက ယဲ့ဖန်ပေါ် ကျရောက်လာပြီး ပျက်ရယ်ပြုသော အသံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့အတူ တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်များ၌လည်း ဆူညံလျက် ရှိသည်။
“ဒါပဲလား၊ ငါက အထင်ကြီးစရာကောင်းတဲ့ပုံ ဖြစ်မယ်နေတာ လတ်စသက်တော့ သုံးစားမရတဲ့ မျိုးမစစ်လေး ဖြစ်နေတာကိုး”
“မြေယိုး၊ သောက်ခွေးမသား … တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ဖို့ ငါ့မှာ တမင် အလုပ်မသွားဘဲ နေနေတာကို၊ ဒီလို အမှိုက်ကောင်မျိုး ဖြစ်နေရတယ်လို့”
“ဒီလိုကောင်မျိုးကို ငါတို့ ယွင်ထျန်းက ပါးရိုက်လိုက်တောင် သေတယ်၊ သူ ဘယ်နေရာကနေ တိုက်ခိုက်ချင်တဲ့ သတ္တိ ရလာတာလဲ မသိဘူး”
“အပေါ်ကလူ အဲ့လို မပြောနဲ့၊ သူက အသုံးမကျပင်မယ့် သတ္တိရှိတယ်လေ၊ မဟုတ်ရင် ဘယ်လိုလုပ် လာရဲမှာလဲ၊ သေတွင်းတူးတာလား၊ သတ္တိက ချီးကျူးလောက်စရာပဲကွ၊ ဟားဟားဟား …”
သို့သော် လူတိုင်း၏ လှောင်ပြောင်စကားများကို ယဲ့ဖန်က မကြားသလိုပင်။ သူ့အသံက ပို၍ အေးစက်လာသည်။
“ယဲ့ယွင်ထျန်း ဘယ်မလဲ”
“မင်းအမေရဲ့ ခုတင်ပေါ်မှာ”
ထိုအခိုက်တွင် ကျော၌ ဓားလွယ်ထားသော လူတစ်ယောက်က ညစ်ကျယ်ကျယ်ပြုံး၍ လျှောက်လာသည်။ သူ့မျက်နှာ၌ သရော်သော အမူအရာ ထင်ဟပ်နေပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေ၏။
“အမှိုက်ကောင် မင်းကိုယ်မင်း ငါတို့ အစ်ကိုယဲ့နဲ့ ယှဉ်နိုင်တဲ့ အစွမ်းအစ ရှိတယ်များ ထင်နေလား”
သူ့မျက်လုံးတွင် အထင်သေးသော အကြည့်များနှင့် ပြည့်နေပြီး သူ့စကားတွင်လည်း ယဲ့ဖန်အား လှောင်ပြောင်သော အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။ ထို့အတူ အခြားသူများကလည်း ဟားတိုက် ရယ်မောကြသည်။
“လီဝေ့ မင်း အဲ့လို ပြောမယ်ဆိုရင် ငါ မင်းအတွက် လက်မထောင် အားပေးတယ်ဟေ့”
“ဟုတ်တယ် လီဝေ့ မင်း သေချင်နေတဲ့ လူတစ်ယောက်ကို တားနိုင်လို့လား”
လီဝေ့သည် ယွင်ရင်တောင်ဂိုဏ်း၏ လူငယ်မျိုးဆက်ထဲတွင် ပါရမီ အရည်အချင်းတို့က ယဲ့ယွင်ထျန်းထက်သာ နိမ့်သည့် ဒုတိယအဆင့် ရှိသူ ဖြစ်သည်။
ယဲ့ဖန်က ခေါင်းမော့၍ လီဝေ့ကို လှမ်းကြည့်လေသည်။ ထိုအကြည့်၌ ခက်ထန်ခြင်းများဖြင့် ပြည့်နှက်နေသည်။
“မင်းက ယဲ့ယွင်ထျန်း မဟုတ်ဘူးလား”
“မဟုတ်ဘူး ဒါပေမဲ့ ငါ မင်းလိုအမှိုက်ကောင်ကို လက်တစ်ဖက်တည်းနဲ့ ညှစ်သတ်ပစ်နိုင်တယ်”
လီဝေ့က ဂုဏ်ယူစွာ ပြော၍ အထင်သေးမှုများနှင့် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လေသည်။ ကျန်လူများ၏ အထင်သေးသော အကြည့်များကလည်း ပိုမိုပြင်းထန်လာသည်။
ဒုတိယအဆင့် ရှိသော လူတစ်ယောက်တောင်မှ သူ့အား အသာလေး သတ်နိုင်သဖြင့် သူက အဘယ်ကြောင့် ယဲ့ယွင်ထျန်းနှင့် တိုက်သင့်သနည်း။ ယဲ့ယွင်ထျန်းနှင့် တိုက်ခိုက်ရအောင် သူ့၌ ဘာအရည်အချင်းများ ရှိသနည်း။
“လက်တစ်ဖက်တည်းနဲ့ ညှစ်သတ်မယ် ဟုတ်လား”
ရုတ်တရက် ယဲ့ဖန်က ကြက်သီးထဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလာ၏။ သူ့အပြုံးက နတ်ဆိုးတစ်ကောင်၏ အပြုံးလိုပင်။
“ရွှစ်”
ထို့နောက် သူသည် လက်တစ်ဖက်ကိုဆန့်၍ လီဝေ့၏ လည်ပင်းကို ညှစ်ကာ အပေါ်သို့ မြှောက်လိုက်သည်။
*မြန်လိုက်တာ*
လီဝေ့ ကြက်သီး တဖြန်းဖြန်းထသွားပြီး သူ့မျက်နှာ၌ ကြောက်လန့်စိတ်များနှင့် ပြည့်နှက်လာ၏။ ဤအဖြစ်ကို သူ မယုံနိုင်သေးပေ။ ယဲ့ဖန် မည်သို့ လှုပ်ရှားလိုက်မှန်းတောင် သူ မသိချေ။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
*သူက ဟွိုင်အန်း စီရင်စုတစ်ခုလုံးမှာ ယဲ့ယွင်ထျန်းထက် တစ်ဆင့်ပဲ နိမ့်တဲ့ ပါရမီရှင်လေ၊ ဘာလို့ သူက ချက်ချင်း ယဲ့ဖန်ဆီမှာ သတိမထားလိုက်မိခင် ရှုံးသွားရတာလဲ*
သူသည်သာမက ကျန်လူများအားလုံးလည်း ထိတ်လန့်သွားကြသည်။ တစ်ယောက်ပြီး တစ်ယောက် အမြင် မှားသည်ဟု ထင်ကာ မျက်လုံးကို ပွတ်၍ ပြန်ကြည့်လာရသည်။
*ဒီမထင်မရှားကောင်က ပါရမီရှင်တစ်ယောက်ကို ချက်ချင်း အနိုင်ပိုင်းလိုက်တာလား*
“ဒါဆိုလည်း လက်တစ်ဖက်တည်းနဲ့ ညှစ်သတ်ပေးရတာပေါ့”
ယဲ့ဖန်က ရယ်မော၍ လက်ကို အားထည့်၍ ညှစ်လိုက်သည်။
ဂျွတ်!
လီဝေ့၏ လည်ပင်း ကျိုးထွက်သွားပြီး ခေါင်းတစ်ခုလုံး စုတ်ပြဲသွားလေသည်။ ချက်ချင်းဆိုသလိုပင် တိုက်ရိုက် ထုတ်လွှင့်ခြင်းအား ကြည့်နေသော လူများအားလုံး ချောက်ချားကာ ကြက်သီးမွေးညင်း ထသွားကြသည်။