← Chapters

အခန်း ၁၁၅၃

Vol. 77 Ch. 1153

အခန်း ၁၁၅၃

Vol. 77 Ch. 1153

Chapter 1153 ဥပမာအနေနဲ့ မင်းအသက်ပေါ့

“ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ကို မင်း သိုင်းကွက်လို့ ပြောလိုက်တာလား”

ယဲ့ဖန်၏ လူသတ်လိုသော အရှိန်အဝါက လူအုပ်ထံသို့ ပျံ့လွင့်လာပြီး ထိုကြောက်စရာကောင်းသော အရှိန်အဝါကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။ သူသည် အနက်ရောင် မျှော်စင်ကဲ့သို့ မားမားမတ်မတ် ရပ်နေပြီး မျက်လုံးများက နတ်ဆိုးသဖွယ် ရက်စက် ခက်ထန်နေသဖြင့် ကြောက်စရာ ကောင်းလှသည်။

ထိုစဉ် သူက ယဲ့ယွင်ထျန်းထံသို့ တစ်လှမ်းချင်း လှမ်းလာနေ၏။ သူ၏ ခန္ဓာကိုယ်က ပိန်လှီသော်လည်း မျက်လုံးများက အေးစက်နေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြလေသည်။

*ဒီကောင် ရူးများသွားသလား*

*သူ့နေရာမှာ အခြားသူတွေသာဆိုရင် ထွက်ပြေးနေလောက်ပြီ*

*ဒါပေမဲ့ ယဲ့ဖန်က နောက်ဆုတ်မယ့်အစား ရှေ့တောင် တက်လာသေးတယ်*

*ယဲ့ယွင်ထျန်းရဲ့ လက်ထဲမှာ သူ အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား၊ ဒီကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုး သိုင်းကွက်ကို သူ တွန်းလှန်နိုင်မယ်လို့ တွက်ထားတာလား*

“တော်တော် အကြောက်တရား ကင်းမဲ့တာပဲ၊ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ကိုတောင်မှ ယှဉ်ချင် နေသေးတယ်”

“အဲ့ဒါ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်က ဘယ်လောက် ကြောက်စရာကောင်းလဲ သူ မသိလို့နေမယ်၊ သူ သိလည်း ထွက်ပြေးဖို့ နောက်ကျသွားပြီ”

ယွင်ရင်တောင်၌ ရောက်နေသော ပုဂ္ဂိုလ်ကြီးတစ်ချို့က ခေါင်းတခါခါနှင့် မျက်လုံး၌ အထင်သေးရိပ်များ သန်းနေသည်။ ယဲ့ဖန်၏ အပြုအမူက ဆယ်ခါသေလျင်တောင်မှ မလုံလောက်နိုင်ပေ။

“ဟုတ်တယ်၊ အိုးရန်ချင်ရွှယ်က တီထွင်တဲ့သူ ဖြစ်ပေမဲ့ အဲ့ခွေးမက ဘာမဟုတ်တဲ့ မျိုးစေ့လေးအတွက်နဲ့ သူ့ကိုယ်သူ စတေးပြီး ဒီကြောက်စရာကောင်းတဲ့ သိုင်းကွက်ကို စွန့်ပစ်ခဲ့တယ်‌လေ၊ ဒါပေမဲ့ ငါက မတူဘူး”

“ငါ ဒီသိုင်းကွက်ကို နောင်အနာဂတ်အထိ သယ်ဆောင်သွားမှာ”

ယဲ့ယွင်ထျန်း၏ မျက်လုံးများက မျှော်လင့်ချက် ပြင်းထန်နေသဖြင့် မီးဝင်းဝင်းတောက်နေ၏။ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ဟု ဆိုလိုက်လျင် လူတိုင်းက အိုးရန်ချင်ရွှယ်ကို သတိမရတော့ဘဲ သူ ယဲ့ယွင်ထျန်းကိုသာ အမှတ်ရစေချင်သည်။

ယဲ့ယွင်ထျန်းဟူသော သူတစ်ယောက်တည်းသာလျင် ဤကြောက်စရာကောင်းသော ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်နှင့် ထိုက်တန်ပေသည်။

“ပြီးတော့ ယဲ့ဖန် မင်းက ငါ့ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်နဲ့ ပထမဆုံး သေမယ့်လူ ဖြစ်လာမှာ”

ချက်ချင်းဆိုသလိုပင် နတ်ဆိုး အရှိန်အဝါက သမုဒ္ဒရာကဲ့သို့ ကျယ်ပြောပျံ့လွင့်လာပြီး ယဲ့ဖန်အား လွှမ်းခြုံလာသည်။

“ဝုန်း”

ရုတ်ချည်းဆိုသလိုပင် လေဟာနယ် အက်ကွဲလာပြီး ငလျင် လှုပ်လာ၏။ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်း တစ်ခုက လူအများရှေ့၌ ထွက်ပေါ်လာလေသည်။ ယွင်ရင်တောင်တစ်ခုလုံး သုံးပုံတစ်ပုံမျှ နိမ့်ကျသွားသည်။

လူတိုင်း အသက်ရှူမှားကာ မျက်လုံး ပြူးကျယ်လာပြီး မျက်နှာတစ်ခုလုံး ဖြူရော်ကာ ချောက်ချားလာကြသည်။ ယွင်ရင်တောင်သည် နှစ်ထောင်ချီအတွင်း တစ်ခါမှ ပြိုမကျဘူးပေ။ အဘယ်ကြောင့်ဆိုသော် တောင်အောက်၌ တောင်ကို စောင့်ကြပ်သည့် အစီအရင် ရေးဆွဲထားသောကြောင့်ပင်။ ထိုအစီအရင်သည် အလွန် မာကြော ကျစ်လျစ်ကာ ခိုင်မာလှသည်။

*တစ်ချက်တည်းနဲ့ အပြတ်ရှင်းမလို့လား*

*ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်က တကယ် ကြောက်စရာကောင်းတာပဲ*

*ယဲ့ယွင်ထျန်း သိုင်းကွက် ဖော်လိုက်တာနဲ့ တောင်ကို စောင့်ကြပ်တဲ့ အစီအရင်တောင် တောင့်မခံနိုင်ပါလား*

ဖုန်မှုန့်များက ပေတစ်ထောင်အထိ ပျံ့လွင့်လာလေသည်။ ဤမြင်ကွင်းက ကမ္ဘာပျက်သည်ဟုပင် ထင်မှတ်မှား ရသည်။

“သေပြီ၊ အဲ့ကောင် သေပြီ၊ ဟားဟားဟား …”

ဖန်းရီပေါ် အရူးကဲ့သို့ ဟားတိုက် ရယ်မောလေသည်။

“သူ သေတာကို ငါ့မျက်လုံးနဲ့ တပ်အပ် မမြင်လိုက်ရတာ နှမြောစရာပဲ”

အားပင်းသည် နောင်တရနေပုံ ပေါ်သော်လည်း သူ့မျက်နှာမှ အပြုံးက ရပ်တန့်မရချေ။

*ယွင်ရင်တောင်တောင်မှ ပြိုကျသွားတာကို အဲ့မျိုးမစစ်က ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ၊ အခုလောက်ဆို သူ ပြားချပ်ပြီး အသားပြား ဖြစ်နေလောက်ပြီ*

“သေတာကောင်းတယ်၊ သေတာကောင်းတယ်”

ယဲ့ဖန်ကို တစ်ချက်တည်းနှင့် သေမည်ဟူသောဘက်မှ လောင်းထားသော လောင်းကစားသမားများအားလုံး ပြိုင်တူ ကြွေးကြော်လာကြသည်။ ယဲ့ဖန် သေသည်နှင့် သူတို့အိတ်ထဲသို့ ပိုက်ဆံ အပုံလိုက် ဝင်လာပေတော့မည်။

“မျိုးမစစ်ကောင် သောက်မျိုးမစစ်ကောင်”

လောင်းကစား ကုမ္ပဏီသူဌေးများအားလုံး ဒေါသထွက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် သိုင်းကွက် တစ်ကွက်ပင် တောင့်မခံနိုင်ဟု လောင်းထားသော သူများက လောင်းကြေးလုပ်ထားသည့် လူပေါင်း၏ ရှစ်ဆယ် ရာခိုင်နှုန်း ရှိနေသောကြောင့်ပင်။ သူတို့အားလုံး သွေးဆုံးရှုံးထားသလို ခံစားလိုက်ရသည်။

“သွား … ဒီမျိုးမစစ်ကောင်နဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်နေတဲ့ လူတိုင်းကို ချက်ချင်း သတ်ပစ်”

“ပထမဆုံးတစ်ယောက်က နာမည်ကြီး အမျိုးသမီး အဆိုတော် ကျုံးဝမ်”

ယဲ့ဖန်က သူတို့ကို ပိုက်ဆံ အများကြီး ဆုံးရှုံးရအောင် လုပ်ထားသဖြင့် သူတို့ တန်ကြေး ပေးဆပ်မှ ရပေမည်။

“မဟုတ်ဘူး”

တိုက်ရိုက် ထုတ်လွှင့်ခြင်းကို ကြည့်နေသည့် ထန်မင်လီနှင့် အခြားသူများ ဝမ်းပန်းတနည်း ပူဆွေးအော်ဟစ် ကြလေသည်။

သူတို့၏ ဘုရင်က အမှန်တကယ် သေဆုံးသွားလေသည်။ သူတို့၏ စိတ်ထဲတွင် နောင်တရစိတ်နှင့် မကျေမချမ်း စိတ်များ ဖြစ်ပေါ်လာသည်။

ယဲ့ဖန်ကို သူတို့အတွက် လက်စားချေပေးရန် မတောင်းဆိုမိပါက ဤသို့ ဖြစ်လာမည် မဟုတ်ပါ။ ဤသည်က သူတို့အားလုံး၏ အပြစ်ပင်။ မိသားစုခေါင်းဆောင်များ မျက်ရည်များဝဲကာ ရင်ဘတ်နှင့် ခြေထောက်များကို ထု၍ အော်ဟစ်ကြသည်။

“ယဲ့ဘုရင် ကျွန်တော်တို့ သေသင့်ပါတယ်၊ ကျွန်တော်တို့ သေသင့်ပါတယ်”

“ပါးစပ်ပိတ်ထား”

ထိုစဉ် ထန်မင်လီက ဒေါသတကြီး မာန်မဲလာ၏။

“အခုချိန်ထိ မင်းတို့ ငါတို့ဘုရင်အကြောင်းကို မသိသေးဘူးလား”

“သူ့ကို ဒီလောကမှာ ဘယ်သူ သတ်နိုင်လဲ”

ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း မှင်တက်သွားကြသည်။

“ငါ မင်းတို့ကို မေးနေတယ်လေ၊ သူ့ကို ဘယ်သူ သတ်နိုင်လဲလို့”

ထန်မင်လီ ဒေါသတကြီး ထပ်မေးလိုက်သည်။ မိသားစုခေါင်းဆောင်များ ရုတ်တရက် အမူအရာ ပြောင်းလဲသွားပြီး ပြိုင်တူ ပြန်ဖြေလေသည်။

“ငါတို့ဘုရင်ကို ဘယ်သူမှ မသတ်နိုင်ဘူး၊ သူက ထာဝရ အသက်ရှင်နေတဲ့သူ”

ယွင်ရင်တောင်တွင် ယဲ့ယွင်ထျန်းက အပြုံးကြီး ပြုံးနေလေသည်။ ယဲ့ဖန်ကဲ့သို့ နတ်ဆိုးကောင်သည် သူ တက်လှမ်းမည့် လမ်းတွင် သက်သေအဖြစ် နင်းချခံရမည့် လှေကားထစ်တစ်ခုသာ ဖြစ်ပြီး မကြာခင် အများက မေ့သွားမည့် လူတစ်ယောက်သာ ဖြစ်သည်။

လက်ရှိအချိန်တွင် ဟွိုင်အန်းစီရင်စု သူ့ကိုသာ အာရုံစိုက်နေမည် ဖြစ်ကြောင်း သိနေသဖြင့် သူ့ဟန်ပန်ကို အလွန် သဘောကျနေကြသည်။

သူသည် ကောင်းကင်ယံမှ ကြယ်တာရောင်များကဲ့သို့ ပြိုင်ဘက်ကင်းကာ တောက်ပြောင်လာပေတော့မည်။ သူ ဘဝင်ခိုက်စွာ ပြုံး၍ အော်ဟစ်လိုက်သည်။

“လူတိုင်း ဒူးထောက်ပြီး ငါ့ကို အညံ့ခံ ... ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ငါ့ကို ဟူသော စကားပင် ဆုံးအောင် မပြောလိုက်ရဘဲ ယဲ့ယွင်ထျန်း ရုတ်တရက် မျက်နှာ အကြီးအကျယ် ပျက်ကာ ထအော်လိုက်သည်။

သူ့မျက်လုံးများက ဖုန်မှုန့်များ လွင့်ပြယ်နေသော နေရာသို့ အခိုင်အမာ ကြည့်ရှုနေသည်။ ဘေးဘက်မှ လူတိုင်းလည်း ထိုနေရာသို့ လိုက်ကြည့်မိလိုက်သည်။ ထို့နောက် လိပ်ပြာလွင့်သလို ကြောက်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဝိုးတိုးဝါးတား ပုံရိပ်တစ်ခု ခြေလှမ်းတစ်လှမ်းခြင်း လှမ်းလာနေသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။ အားလုံး၏ မြင်ကွင်းရှေ့သို့ ယဲ့ဖန် ပြန်ပေါ်လာသည်။

“မ … မသေဘူးလား”

ဤမြင်ကွင်းကြောင့် လူတိုင်း သတိလစ်မတတ် ဖြစ်သွားကြသည်။ သူတို့ခေါင်းပေါ်သို့ ပြင်းထန်သော တူတစ်လက်ဖြင့် အထုခံလိုက်ရသကဲ့သို့ အားလုံး ခေါင်းကြိမ်သွားလေသည်။

ယဲ့ယွင်ထျန်းရဲ့ အရှိန်အဝါက ကြောက်စရာကောင်းတာလေ၊ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး၊ ဒါက ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်လေ၊ ကျုံးကျိုး အင်ပါယာရဲ့ အပြင်းဆုံး လူသတ်သိုင်းကွက်လေ၊ ဘယ်လိုလုပ် ယဲ့ဖန်က တားနိုင်ရတာလဲ”

*ဒီလူ … ဒီလူ့ကိုယ်ထဲမှာ နတ်ဘုရားတစ်ပါးများ နေနေတာလား*

ယဲ့ဖန်က ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် လျှောက်လာသည်။ သို့သော် ခြေလှမ်းတိုင်းက ငရဲမှ ထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြင်းထန်သော စွမ်းအင်များ ပါဝင်နေ၏။

“ခွေးမသား ယဲ့ဖန်၊ မင်း‌ သေသင့်တယ်”

“အမှိုက်ကောင် ယဲ့ယွင်ထျန်း၊ ဒီလို အမှိုက်လေးတောင် မင်း မဖြေရှင်းနိုင်ဘူး၊ မင်း သေလိုက်ပါလား”

“ငါ့ပိုက်ဆံတွေ၊ ငါ့ပိုက်ဆံတွေ”

ချက်ချင်းဆိုသလိုပင် လောင်းကစားသမား အရေအတွက်၏ ရှစ်ဆယ်ရာခိုင်နှုန်းက ထအော်ကုန်သည်။ အဘယ်ကြောင့်ဆိုသော် ချက်ချင်း သေမည်ဟု သူတို့ လောင်းထားသော ယဲ့ဖန်က ယဲ့ယွင်ထျန်း၏ သိုင်းကွက် တစ်ကွက်ကို တားဆီးနိုင်လောက်သောကြောင့်ပင်။ ယခု သူတို့ ဒေဝါလီ ခံရပေတော့မည်။

“သွားပြီ ဘာမှ မကျန်တော့ဘူး”

သူတို့ ယဲ့ဖန်ကို အလွန်အမင်း အထင်သေးခဲ့မိသည့်အတွက်ကြောင့် သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးရ တော့မည်။ သူတို့ ယဲ့ဖန်ကို မုန်းပါသည်။ သို့သော် သူတို့ ယဲ့ယွင်ထျန်းကို ပိုမုန်းတီးသည်။ သူ၏ ညံ့ဖျင်းမှုအ‌ပေါ် မုန်းတီးကြသည်။

“ဒီကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်က မင်းဟာလို့ ပြောလိုက်တာလား”

ယဲ့ဖန် ထိုစကားကိုသာ ထပ်မေးလာ၏။ သို့သော် ယခုတစ်ချိန်၌ သူ့အသံက မြေအောက်ဘုံမှ ထွက်လာသော အသံလိုပင်။ ယဲ့ယွင်ထျန်း လည်ချောင်း ယားယံနေသော်လည်း ပြန်ဖြေရဲသည့် သတ္တိမရှိပေ။

“ဒါ မင်းဟာ မဟုတ်ဘူး၊ မင်းမှာ ဒါကို ပိုင်ဆိုင်နိုင်ခွင့် မရှိဘူး”

ယဲ့ဖန်က တစ္ဆေသဖွယ် ပြုံးနေသည်။

“မင်း မပိုင်သင့်တဲ့အရာကို မင်း ယူထားမှတော့ မင်း ဆုံးရှုံးသင့်တာကို ဆုံးရှုံးဖို့ ကံပါလာတာပဲ”

“ဥပမာပြောရရင် မင်းအသက်ပေါ့”

ပြင်းထန်သော စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

All Chapters