← Chapters

အခန်း ၁၁၅၄

Vol. 77 Ch. 1154

အခန်း ၁၁၅၄

Vol. 77 Ch. 1154

Chapter 1154 ငါ့အမေ

ရုတ်တရက် ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ထက် ပိုပြင်းထန်၍ ပိုထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းသော စွမ်းအင်တစ်ခုက ယွင်ရင်တောင်တစ်ခုလုံးသို့ ပျံ့လွင့်လာသည်။

လူတိုင်း သွားများ တဂတ်ဂတ်ဖြစ်ကာ တစ်ကိုယ်လုံး ထုံထိုင်းသကဲ့သို့ ဖြစ်နေသည်။ လက်ရှိအချိန်တွင် သူတို့၏ စိတ်ဝိညာဉ်များ အပြင်းအထန် ပျက်စီးလာပြီး ပြင်းထန်သော မရဏ အငွေ့အသက်က သူတို့၏ လည်မျိုကို ညှစ်လာသည်ဟု ခံစားလာရကာ အသက်မရှူနိုင် ဖြစ်လာရသည်။

“ဒါ … ဒါ ဘာကြီးလဲ”

လက်ရှိ လူတိုင်း စက္ကူစသဖွယ် ဖြူရော်နေကြပြီး အလွန် သွေးပျက်စွာ အော်ဟစ်နေကြသည်။ ယဲ့ဖန်၏ မျက်လုံးများကို ကြည့်ပြီး နတ်ဆိုးတစ်ကောင် မွေးဖွားလာသည်ကို မြင်နေရသည်ဟု ထင်မှတ်နေလေသည်။

ကောင်းကင်တစ်ခုလုံး တုန်ခါလာပြီး အလင်းရောင် အားလုံးက ယဲ့ဖန်ထံသို့ ဖြာကျလာသည်။ သန်းရာချီသော ကြယ်များက ရုတ်တရက် သူ့ဘေး၌ ပေါ်လာသလိုပင်။ သူ့ခြေထောက်အောက်၌ ကြယ်တာရာများ၏ တာအိုစွမ်းအင် ပွင့်လာပြီး ကြယ်တာရာများ တောက်ပလင်းလက်လာသည်။

စကြဝဠာထဲသို့ နတ်ဆိုးဧကရာဇ် ပြန်လာသည်ကို ကြိုဆိုနေသည်ဟုပင် ထင်မှတ်မှားရ၏။

“မင်း … မင်း …”

ယဲ့ယွင်ထျန်း၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး မျက်နှာတွင် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်လာရသည်။ သူ အလွန်အမင်း သွေးပျက် ကြောက်လန့်နေသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထူးကဲသာလွန်သော အရှိန်အဝါကို သူ ခံစားမိ၏။ သူ တစ်ယောက်တည်း ဖြစ်သည်ဟု မထင်ရဘဲ ယန်နယ်မြေ အပြင်ဘက်မှ နတ်ဆိုးများက ဤနေရာသို့ သတ်ဖြတ်ရန် အဆင်သင့် ဖြစ်ကာ စောင့်ဆိုင်းနေသည်ဟု ထင်မှတ်ရလေသည်။ နေ၊ လနှင့် ကြယ်တာရာတို့ကို ဖြတ်တောက်နိုင်သော အရှိန်အဝါပင်။

“ဒေါက်”

ယဲ့ဖန် လှုပ်ရှားလာ၏။ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်နှင့် နတ်ဘုရား၏ အမိန့်ကို စောင့်ဆိုင်းနေသော သရဲတစ္ဆေများ လိုက်ပါ ရွေ့လျားလာသည်ဟု ထင်မှတ်မှားရသည်။

“မင်း မသုံးသင့်ဘူး၊ မင်း မစော်ကားသင့်ဘူး”

ယဲ့ဖန်၏အသံသည် အင်မတန် နက်ရှိုင်းသော ငရဲမှ ထွက်ပေါ်လာသော မိစ္ဆာ၏ အသံကဲ့သို့ ကြောက်စရာ ကောင်းနေ၏။ ထိုအသံနှင့်တင် လူတိုင်းကို ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။

ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်သည် သူ့မိခင် ပိုင်ဆိုင်သော အရာဖြစ်သည်။ မည်သည့်လူကိုမှ ဤသိုင်းကွက်အား ညစ်ညမ်းအောင် လုပ်ခွင့် မပေးနိုင်ပါ။

လက်ရှိအချိန်တွင် ယွင်ရင်တောင်၌ ကြယ်များနှင့် ပြည့်နှက်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။ ကြယ်တိုင်းက အဆုံးအစမဲ့လှသည်။ ထို့အပြင် ယဲ့ဖန်သည် ဟင်းလင်းပြင်ထဲမှ လျှောက်လှမ်းလာသည့် စစ်မှန်သော နတ်ဘုရား တစ်ပါးလိုပင်။

“မဟုတ်ဘူး မင်း ငါ့ကို မနိုင်နိုင်ဘူး၊ ငါက နံပါတ်တစ် ပါရမီရှင်၊ ငါ မရှုံးနိုင်ဘူးကွ”

ယဲ့ယွင်ထျန်း၏ မျက်လုံးများ မီးဝင်းဝင်း တောက်နေ၏။ ဤသည်ကို သူ လက်မခံနိုင်ပါ။ သူသာလျင် အသန်မာဆုံးသူ ဖြစ်သည်။

ရုတ်တရက် ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးစွမ်းအင်သည် ကြီးမားသော နဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖန်ထံ ငုံ့ဆင်းလာ၏။

ကြောက်စရာကောင်းသော နဂါး ဆင်းလာချိန်တွင် ကြယ်တာရာများ သေးငယ်လာပြီး ဥပဒေများ စုံစည်းကာ ဟင်းလင်းပြင် ကောင်းကင်မြေပုံ အဖြစ် ပြောင်းလဲသွားသည်။ ကြယ်တာရာ သုံးရာခြောက်ဆယ့်ငါးခုနှင့် မဟာကြယ်တာရာပေါင်း တစ်ရာရှစ်ဆယ့် ချက်ချင်း ပေါ်လာ၏။ ၎င်းတို့၏ ကြောက်စရာကောင်းသေ စုပေါင်းစွမ်းအင်က နှစ်ပေါင်းများစွာ ကြာအောင် ပြန်ဦးမော့မလာအောင် ဖျက်ဆီးနိုင်သည်။

“သူက နတ်ဘုရားလား နတ်ဆိုးလား”

ဖန်သားပြင်ရှေ့မှ လူတိုင်း အပြင်းအထန် တုန်လှုပ်လာကြသည်။ ယဲ့ဖန်က မည်သို့သောလူဖြစ်ကြောင်း သူတို့ မခန့်မှန်းနိုင်ချေ။ သို့သော် သေချာသော အရာတစ်ခုမှ သူသည် လူသား မဟုတ်ပေ။

ယဲ့ဖန်က ယင်ကောင်ကို ပုတ်ထုတ်သကဲ့သို့ လက်ကို အသာခါလိုက်သောအခါ ကြီးမားသော နဂါးကြီးက ချက်ချင်း ပျောက်ကွယ်သွားသည်။

လူတိုင်း လိပ်ပြာလွင့်မတတ် ငြိမ်ကျသွားသည်။ အစောပိုင်းက ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ကို ယဲ့ဖန် ဘယ်လို တားဆီးလိုက်လဲ သူတို့ သေချာ မမြင်လိုက်ပေ။ ယခုအခါတွင်တော့ သူတို့ သေချာ မြင်သွား လေသည်။

*လက်လေး လှုပ်လိုက်ရုံပဲလား*

*အဲ့ဒါနဲ့ ဒုတိယ သိုင်းကွက်ကို တားလိုက်တယ်လား*

“မဟုတ်ဘူး … နတ်ဘုရားရေ ကျုပ်ကို ဒီလို မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ဗျာ”

ဖန်သားပြင်ရှေ့၌ လောင်းကစားသမား တစ်သိုက်သည် သေမတတ် မျှော်လင့်ချက် မဲ့နေကြသည်။

တတိယ သိုင်းကွက်အား ယဲ့ဖန် တားဆီးလိုက်ပြန်သည်။ စတုတ္ထသိုင်းကွက်နှင့် ပဉ္စမသိုင်းကွက်ကိုလည်း တားဆီးလိုက် ပြန်သည်။

ယဲ့ဖန် သိုင်းကွက်တိုင်းကို တားဆီးလိုက်သည့် အခါတိုင်း လောင်းကစားသမားများ နှလုံးတုန်နေကြသည်။ ယနေ့ည၌ ဟွိုင်အန်း စီရင်စုတစ်ခုလုံးတွင် အော်ဟစ်သံများနှင့် ဝမ်းနည်းပူဆွေးသံများ ပွက်ပွက်ညံနေ၏။ ထို့နောက် ဝမ်းနည်း ပူဆွေးသံများမှ ယဲ့ယွင်ထျန်းအပေါ် ကျိန်ဆဲသော ဆဲဆိုသံများအဖြစ် ပြောင်းလဲသွားသည်။

“ယဲ့ယွင်ထျန်း ငရဲကို သွားလိုက်တော့၊ မင်း သေလိုက်တော့ အသုံးမကျတဲ့ကောင်၊ သေ … သေ”

သူတို့ ယဲ့ယွင်ထျန်းကို မုန်းတီးကြသဖြင့် အစိတ်စိတ် အမွှာမွှာ အခုတ်ခံရသည်ကို မြင်ရရန် မစောင့်နိုင်ကြတော့ချေ။

“မဟုတ်ဘူး ငါတို့ အခု ယဲ့ဖန်ဘက်က လောင်းနိုင်သေးတယ်၊ ငါတို့ လောင်းနိုင်သေးတယ်၊ မိန်းမရေ ငါ့ကို ပိုက်ဆံ ပေးပါဦး၊ ငါ အခြေအနေကို လှန်ပစ်ရမယ်”

“ယဲ့ဖန်ဘက်ကလောင်း၊ ယဲ့ဖန် နိုင်နိုင်တယ်၊ သူက ဟွိုင်အန်း စီရင်စုရဲ့ ဘုရင်အစစ်ပဲ၊ ယဲ့ယွင်ထျန်းက ချေးစားခွေး၊ ယဲ့ဖန် ဖိနပ်ကိုတောင် မမီတဲ့ကောင်”

အသိရှိသော လောင်းကစားသမားများ ချက်ချင်း အသိဝင် နိုးကြွလာပြီး ယဲ့ဖန်ဘက်က စလောင်းလာသည်။ ယွင်ရင်တောင်တွင် ယဲ့ဖန်က အရာအားလုံးကို အုပ်စိုးသော နတ်ဘုရား တစ်ပါးကဲ့သို့ မိုးမြေနှင့် ကြယ်တာရာ တို့အား ခြံရံ၍ လျှောက်လှမ်းနေသည်။ ယဲ့ဖန်ကို စော်ကားထားသည့် အစီအစဉ် တင်ဆက်သူများ အသံပျောက် နေကြသည်။

“ဂလု”

မီယာအိုကဲ တံတွေးကို မနည်းမျိုချလိုက်မိပြီး မတုန်ယင်ဘဲ မနေနိုင်တော့ချေ။ သူမ အလွန်အမင်း ကြောက်လန့် နေ၏။

*ငါ ဘာတွေ မြင်နေရတာလဲ၊ သက်ရှိ နတ်ဘုရားလား*

*ဒါ မယုံနိုင်စရာပဲ*

“ဒေါက်”

ယဲ့ဖန်က ယဲ့ယွင်ထျန်းရှေ့၌ ရပ်လာသည်။ စီရင်စုတစ်ခုလုံးမှ သန်းရာချီသော အကြည့်များက သူ့အပေါ် ကျ‌ရောက် နေလေသည်။ သူတို့၏ မျက်နှာ၌ ကြောက်ရွံ့စိတ်များ ထင်ဟပ်နေသည်။ သူတို့ တစ်စုံတစ်ရာကိုလည်း ခန့်မှန်း မိနေကြသည်။

“အဆုံးသတ်ပြီ”

ထိုစဉ် ယဲ့ဖန်က ပျော့ပျောင်းသည်ဟု ထင်ရသော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။ သို့ရာတွင် ထိုလက်သီးချက်၌ အဆတစ်ထောင်သာသော စွမ်းအင်များ ပါဝင်နေ၏။

“ဖုန်း”

ယဲ့ယွင်ထျန်း၏ ကျောပြင် ပေါက်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။ ယဲ့ယွင်ထျန်း၏ ကျောပြင်၌ သွေးသံတရဲရဲနှင့် အပေါက်ရာတစ်ခု ဖြစ်လာလေသည်။ သူ ချက်ချင်း ဒဏ်ရာရကာ သေလုမျောပါး ဖြစ်လာရသည်။

“အား အား အား …”

ယဲ့ယွင်ထျန်း အော်ဟစ်ကာ မြေကြီးပေါ်လဲကျသွားသည်။ ကျန်လူများ နေရာမှာတင် ကြက်သေ သေသွားကြ၏။ သူတို့ ခန့်မှန်းမိသော်လည်း ဤမြင်ကွင်း အမှန်တကယ် ဖြစ်လာချိန်တွင် သူတို့ လက်မခံနိုင် ဖြစ်နေကြသည်။

*နဂါးမြို့တော် ယဲ့မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်က ရှုံးသွားတာလား*

*ပါရမီရှင်လို့ လောကက အသိအမှတ်ပြုရတဲ့ ယဲ့ယွင်ထျန်းက ရှုံးသွားတယ်ပေါ့*

*ပြီးတော့ အဲ့ဒါကလည်း တစ်ချက်တည်းနဲ့*

“သွားပြီ … ငါတို့ သွားပြီ”

ခန်းမတစ်ခု၌ လောင်းကစား ကုမ္ပဏီသူဌေးများ ကြမ်းပြင်ပေါ် ပစ်လဲကျကာ မျက်နှာများ ပြာနှမ်းလာ၏။ တစ်ချိန်တည်းမှာပင် ရင်ကွဲမတတ် အော်ငိုသံများ ထွက်ပေါ်လာလေသည်။

ယဲ့ဖန် တကယ် နိုင်သွားလေပြီ။ ယဲ့ဖန်ဘက်မှ လောင်းထားသူများ ဘီလီယံ ငါးရာအထိ ရရှိသွားကြသည်။ တစ်သောင်းဆ တစ်ဆပါ ထပ်ပေါင်းလိုက်ချင် သူတို့ အဆတစ်ရာမက ချမ်းသာလျင်တောင်မှ လောင်းကြေး အကုန် ပေး၍နိုင်မည် မဟုတ်ပါ။

“ငါတို့ ဘာလုပ်သင့်လဲ၊ ငါတို့ ဘာလုပ်သင့်လဲ”

သူတို့ အလွန်အမင်း နောင်တရနေ၏။

*ငါတို့ အဆကို တအား မြှင့်မထားသင့်ဘူး၊ ယဲ့ဖန်ကို ဒီလို မစော်ကားလိုက်သင့်ဘူး*

*ဒါပေမဲ့ အခုတော့ အားလုံး ပြီးသွားပြီ*

“ပြေးရအောင်၊ ကျုံးကျိုးကနေ ထွက်ပြေးမယ်၊ ဘယ်တော့မှ ပြန်မလာတော့ဘူး”

သူဌေးတစ်ယောက်က ကြောက်လန့်တကြားဖြင့် အလျင်အမြန် ပြောလေသည်။

“ထွက်ပြေးမယ် မင်း ထွက်ပြေးနိုင်လို့လား”

နောက်လူတစ်ယောက်က မချိပြုံး ပြုံးလေသည်။

“ဖျင်အန်းမြို့က မိသားစုတွေကတင် ငါတို့အားလုံးကို ရှင်းနိုင်နေတာ၊ ဒီလူကို ဘယ်သူက ယှဉ်ချမှာလဲ”

လူတိုင်း၏ အကြည့်များက ဖန်သားပြင်ပေါ်မှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်၍ နတ်ဘုရားသဖွယ် သန်မာသော ယဲ့ဖန်အပေါ် အကြည့်ရောက်သွားကြပြီး ပို၍ ကျယ်လောင်စွာ အော်ငိုကြလေသည်။

*ဒီနတ်ဆိုးဘုရင် ရှိနေမှတော့ ငါတို့ ဘယ်ကို ထွက်ပြေးနိုင်မှာလဲ*

“မင်းက ဘယ်လိုလူလဲ”

လက်ရှိအချိန်တွင် ယဲ့ယွင်ထျန်း ကြောက်လန့်နေသည်။ သူကိုယ်တိုင်က အားနည်းလွန်း၍ မဟုတ်ဘဲ တစ်ဖက်လူက သန်မာလွန်းနေခြင်းသာ ဖြစ်သည်။ တစ်ဖက်လူ၏ ခွန်အားက အသက်ရှူကျပ်လောက်အောင် သန်မာလှသည်။

ယဲ့ဖန်က ပြုံးလိုက်ပြီး ယဲ့ယွင်ထျန်း၏ နားစည်သို့ အသံလှိုင်း ပို့လွှတ်လိုက်သည်။

“အိုးရန်ချင်ရွှယ်က ငါ့အမေပဲ”

ယဲ့ယွင်ထျန်း ထိတ်လန့်ကာ မျက်လုံးတွင် ကြောက်စိတ်များ ထင်ဟပ်လာ၏။

“မင်း … မင်းက လက်စသက်တော့”

တစ်ခဏအတွင်း သူ စိတ်ပြန်ငြိမ်သွားပြီး ရုတ်တရက် ထရယ်လေသည်။ သူ့မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။

“ဒီတော့ ကံကြမ္မာက ရောက်လာပြီပဲ၊ ဟောကိန်းအားလုံး အမှန် ဖြစ်လာတော့မှာပေါ့”

“ငါ့ယဲ့မိသားစု သေဆုံးရတော့မှာပါလား”

All Chapters