အခန်း ၁၁၅၇
Vol. 78 Ch. 1157
Chapter 1157 ငါ့ကို အညံ့ခံမလား ဒါမှမဟုတ် ငါ ချေမှုန်းတာကို ခံမလား
လက်ရိုးများ ကျိုးသွားပြီးနောက် ခြေထောက် အရိုးများကို ဆက်ချိုးလေသည်။ ယဲ့ဖန်က ပြိုင်ဘက်၏ ခန္ဓာကိုယ်မှ အရိုးများကို တစ်ချောင်းချင်းစီ ဖျက်ဆီးနေသဖြင့် ဘာမှကို အကောင်းတိုင်း မကျန်တော့ချေ။
အလွန် ရက်စက်ကာ သွေးအေးလွန်းလှသည်။ အစ၌ လူတိုင်းသည် ကြောက်လန့်နေပြီးနောက် သွေးပျက်ကာ ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
“အား …”
မိုထျန်းကြွယ် ငယ်သံပါအောင် စူးခနဲ အော်လိုက်မိသည်။ တစ်ချိန်က လောက၌ ဝင့်ကြွားစွာ ရပ်ခဲ့သော ကြောက်စရာကောင်းသည့် နတ်ဆိုးဟု သတ်မှတ်ခံရသောသူသည် ယခုအချိန်၌ ယဲ့ဖန်၏ လက်ထဲတွင် ဝက်တစ်ကောင်ကဲ့သို့ အရေခွံနွှာခံရပြီး အရိုးများ ချိုးခံနေရသည်။
“ပြီးတော့ အခု အသားကို ဖြတ်ထုတ်ရမှာပေါ့”
ယဲ့ဖန်က ပြုံးလိုက်ပြီး ဓားမြှောင်တစ်လက်ကို ကောက်ကာ သူ့အသားကို စလှီးဖြတ်လေသည်။ ယွင်ရင်တောင်မှ လူများအားလုံး ကြောက်လန့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် မိုထျန်းကြွယ်အပေါ် ပြုလုပ်နေသမျှသည် မကြာသေးခင်က သူတို့ မိုထျန်းကြွယ်ကို ယဲ့ဖန်အပေါ် လုပ်ရန် တောင်းဆိုထားသော အရာများ ဖြစ်နေသောကြောင့်ပင်။
သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပင်။ သူတို့ ရက်ရက်စက်စက် ပြောထားသမျှအတွက် ပြန်ခံနေရလေပြီ။ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ယဲ့ဖန်က မိုထျန်းကြွယ်ကို နှိပ်စက်ရင်း သူတို့ကို ပြုံးကာ ကြည့်နေ၏။ ထိုအပြုံးက ယွင်ရင်တောင်ဂိုဏ်းမှ တပည့်များအားလုံးကို ကြက်သီးမွေးညင်း ထသွားစေသည်။
တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် သေမင်းက သူတို့အား လက်ကမ်းကြိုနေသည်ဟု ခံစားမိကာ ခါးသီးစွာ ငိုကြွေးမိလာပြီး ခြေထောက်များ ဆက်တိုက် တုန်လာသည်။ အဘယ်ကြောင့်ဆိုသော် မိုထျန်းကြွယ်ပြီးလျင် သူတို့အလှည့် ရောက်လာတော့မည်ကို သိနေသောကြောင့်ပင်။
တစ်ဖက်တွင် ယဲ့ယွင်ထျန်းသည် မြေကြီးပေါ် လဲနေပြီး ယခင်က မာနကြီး၍ မောက်မာသော ဟန်ပန်များ တစ်စက်ကလေးမျှ မရှိတော့ပေ။ သူ မချိပြုံးသာ ပြုံးနေ၏။
“ကံကြမ္မာ ဟောကိန်းသားတော်က ယဲ့ဖန်ပါလား”
“တော်တော် ဟုတ်တဲ့ ကံကြမ္မာဟောကိန်း သားတော်”
ထိုနှစ်က ဟောကိန်းသည် ယဲ့ဖန်ကြောင့် ယဲ့မိသားစုတစ်ခုလုံး သေဆုံးမည်ဟူသော ဟောကိန်းပင်။ ထိုသို့ဆိုလျင် အဘယ်ကြောင့် ယဲ့ဖန်က ဤနေရာသို့ ရောက်လာသနည်း။ သူ အဆုံးသတ်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ဤနတ်ဆိုး သေကိုသေမှ ဖြစ်မည်။
လက်ရှိတွင်မူ မိုထျန်းကြွယ်သည် အသားများ လုံးဝ လှီးဖြတ်ခံထားရပြီး အရိုးပင် ဖြတ်ထုတ်ခံနေရသည်။
“ဝေါ့ …”
အပြင်မှ လူများနှင့် ဖန်သားပြင်မှ တစ်ဆင့် ကြည့်နေသော လူများပင် အော့အန်မိကြသည်။ ဤမြင်ကွင်းက အလွန် သွေးထွက်သံယိုများကာ မသတီစရာ ကောင်းလှသည်။ အလွန်အမင်း လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသည်။
နတ်ဆိုးများမှလွဲ၍ အခြားမည်သူမှ ဤသို့သော ကြမ်းကြုတ်ရက်စက်မှုမျိုးကို လုပ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။
အသက်ရှင်နေသည့်လူတစ်ယောက်ကို အသွေးအသားများ ဖြည်းဖြည်းချင်း လှီးဖြတ်ပြီး အရိုးများပါ ဖြတ်တောက်နေသည့် မြင်ကွင်းက ကျောချမ်းဖွယ်ကောင်းလှသည်။
သို့ရာတွင် ထန်မင်လီနှင့် အခြားသူများ၏ မျက်လုံးတွင် ရူးမတတ် ကျေနပ်အားရသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူတို့သည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
သူတို့၏ ရင်ထဲမှ နာကြည်းမုန်းတီးစိတ်က ပြင်းထန်လွန်းသဖြင့် ယခုအချိန်တွင် အတော်လေး ပျော်ရွှင်နေ၏။ စိတ်ပျော်ရွှင်ကာ ကျေနပ်အားရနေကြသည်။
လူတိုင်းသည် ထန်မင်လီတို့အဖွဲ့ကိုကြည့်ပြီး ငရဲစစ်တပ်ကို မြင်လိုက်ရသည်ဟု ခံစားမိလိုက်သည်။ အသက်ရှူ မရအောင် ဖိနှိပ်နိုင်သော အရှိန်အဝါများနှင့် ခက်ထန်သော မျက်လုံးများ၊ အသက်ပေးရလျင် တစ်ချက်ကလေးမှ တုံ့ဆိုင်းမနေသည့် သေရဲသူများ။
ဤလူစုသည် ရက်စက်သော လူတစ်စုဖြစ်ပြီး ထိုသို့သောလူများ ရာကျော်စုစည်းနေသောအခါ ကြောက်စရာ ကောင်းသော အရှိန်အဝါကြောင့် လူတိုင်း ရူးမတတ် ဖြစ်သွားလေသည်။
သူတို့၏ ကိုယ်နှုတ်အမူအရာကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီးနောက် ယဲ့ဖန်သာလျင် ကြောက်စရာကောင်းသည် မဟုတ်ဘဲ သူ၏နောက်လိုက်များသည်လည်း ထပ်တူ ကြောက်စရာကောင်းကြောင်း သိလိုက်ရသည်။
ထိုအချိန်တွင် မိုထျန်းကြွယ်သည် အသက်သေလုနီးနီး ဖြစ်နေ၏။ မျိုးဆက်တစ်ခု၏ သူရဲကောင်း၊ နှစ်ထောင်ချီ ပုန်းကွယ်နေခဲ့သောသူသည် ဤလောက၌ ပြန်လည်ထွက်ပေါ်လာချိန်တွင် နတ်ဆိုးဧကရာဇ် ယဲ့ဖန်နှင့် ရင်ဆိုင်ရ လိမ့်မည်ဟု ထင်မထားမိပေ။ ထို့ကြောင့် သူ အရှုံးကြီး ရှုံးသွားလေသည်။
ယဲ့ဖန်က တစ်ဖက်လှည့်၍ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“မကျေနပ်တာတွေ ရှိရင် လာလက်စားချေကြတော့”
ရုတ်ချည်းဆိုသလိုပင် သတ်ဖြတ်လိုသော အငွေ့အသက်များက မုန်တိုင်းသဖွယ် ထွက်ပေါ်လာ၏။ ဖျင်အန်းမြို့၏ ပုဂ္ဂိုလ်ကြီး နှစ်ယောက်နှင့် မိသားစုကြီး ခြောက်ခုမှ သိုင်းပညာရှင်များအားလုံးထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များက ယွင်ရင်တောင်တစ်ခုလုံးသို့ ပျံ့လွင့်လာသည်။
“သူတို့ကို လွယ်လွယ်ကူကူ မသေသွားစေဖို့ မှတ်ထားကြ၊ သူတို့ပြောခဲ့သလိုပဲ အရေပြားကို အရင်ခွာပြီးမှ အရိုးတွေကို ဖြတ်လိုက်၊ ပြီးမှ အသားကို လှီးထုတ်ပြီး နှလုံးကို ဆွဲထုတ်လိုက်၊ သူတို့ မသေခင် လှီးဖြတ်ရာ အခု တစ်ထောင်လောက် ရှိနေပါစေ”
သူ့စကားသံ ထွက်လာသည်နှင့် ယွင်ရင်တောင်မှ တပည့်များနှင့် အခြားသူများထံမှ ငိုကြွေးသံများ ထွက်ပေါ် လာသည်။
“သူကတော့ မင်းအပိုင်ပဲ”
ယဲ့ဖန်က ယဲ့ယွင်ထျန်းကို ကန်ထုတ်လိုက်သည်။ ယဲ့ယွင်ထျန်းသည် ဘောလုံးတစ်လုံးကဲ့သို့ ယန်မိသားစု ခေါင်းဆောင်ထံ တန်းလိမ့်သွားသည်။
လူငယ်မျိုးဆက်၏ မာနသခင်လေးက ယခု ဘောလုံးတစ်လုံးကဲ့သို့ ကန်ထုတ်ခံနေရသည်က လူရယ်စရာ ကောင်းလှသည်။
တိုက်ပွဲကို ဖန်သားပြင်မှကြည့်နေသော လူများအားလုံး ဘာလုပ်ရမှန်းမသိကာ ငိုင်တွေနေကြသည်။ ထိုအခိုက်တွင် ယဲ့ယွင်ထျန်းကို မြင်လိုက်ပြီးနောက် ယန်မိသားစု ခေါင်းဆောင်နှင့် အခြားသူများအားလုံး မျက်နှာ နီမြန်း လာကြသည်။
သူတို့၏ မျက်လုံးတွင် ကြောက်စရာကောင်းလောက်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေကာ သွေးဆာနေသော အရိပ်အယောင်များ စွန်းထင်းနေကြလေသည်။
သူတို့၏ အမူအရာတွင် နာကြည်းမုန်းတီးစိတ်များ တစ်ဟုန်ထိုး တိုးပွား၍ သွေးဆာသော အရိပ်အယောင်နှင့် ရောစပ်လာသည်။ သူတို့၏ အမူအရာက ကြောက်စရာကောင်းလှသည်။
ယဲ့ယွင်ထျန်းသည် သူတို့၏ မျက်လုံး အရိပ်အယောင်များ ပြောင်းလဲနေသည်ကို သတိထားမိသွားသည်။ သူတို့၏ လူများကို သူ နှိပ်စက်၍ သတ်ဖြတ်ခဲ့သည်။ ယခု ဤလူများ၏ ပုံစံက သူ့အတွက် အလွန်အမင်း ကြောက်ရွံ့ဖွယ် ကောင်းနေ၏။
“ယဲ့ဖန် ငါ့ကို သတ်လိုက်ပါ၊ ငါ တောင်းပန်ပါတယ်၊ ငါ့ကို သတ်လိုက်ပါတော့ …”
ယဲ့ယွင်ထျန်း ထအော်လေသည်။ သူ သေရမည်ကို မကြောက်သော်လည်း မသေခင် အရှက်ခွဲခံရမည်ကို ကြောက်ပါသည်။
သူသည် မာနကြီးသော လူတစ်ယောက် ဖြစ်သဖြင့် ယဲ့ဖန်ကဲ့သို့သော လူတစ်ယောက်၏ လက်တွင် သေရသည်က သူ့အတွက် ခံသာသေးသည်။ သို့သော် အဘယ်ကြောင့် ဤပုရွက်ဆိတ်များ သတ်သည်ကို သူ ခံရမည်နည်း။ သူ ဤသို့ အဖြစ်မခံလိုပါ။
“မင်းကို သတ်ရမယ် ဟုတ်လား၊ စိတ်မကောင်းပါဘူး၊ မင်းက မထိုက်တန်ဘူး”
ယဲ့ဖန်က လှောင်ပြုံးပြုံး၍ ယဲ့ယွင်ထျန်းအား ပုရွက်ဆိတ်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေသည်။ ယဲ့ယွင်ထျန်း မှင်တက်သွားပြီး သူ့ရင်သို့ မြားများ ထိုးစိုက်လာသည်ဟု ခံစားလိုက်ရသည်။
*ငါက မထိုက်တန်ဘူးလား*
*ဟွိုင်အန်း စီရင်စုရဲ့ နံပါတ်တစ် ပါရမီရှင် ငါက ယဲ့ဖန်ရဲ့ လက်ထဲမှာ သေဖို့ မထိုက်တန်ဘူးလား*
ယခု သူ ပိုပို၍သာ သေချင်စိတ် ပေါက်လာရသည်။
*ရှက်စရာကောင်းလိုက်တာ*
*လက်မခံနိုင်စရာပဲ*
*သေတာထက်ဆိုးတဲ့ ဘဝက ဘာကောင်းနေလို့လဲ*
“ယဲ့ဖန် သောက်ခွေးကောင်”
ယဲ့ယွင်ထျန်း အံကြိတ်ထားမိပြီး အရှက်ကွဲ၍ မုန်းတီးစိတ်ကြောင့် ဖြစ်ပေါ်လာသော မျက်ရည်များ စီးကျလာသည်။ ယဲ့ဖန်က သူ မသေခင် သေသည်ထက်ဆိုးသော အတွေ့အကြုံကို ခံစားခိုင်းနေသည်။
ဤသည်က သူ့ကို အထင်သေးခြင်းပင်။ ယဲ့ဖန်က သူ့ကို မသတ်ချင်ပေ။ ယဲ့ဖန်သည် သူ့ကို သတ်ရန်ပင် အထင်သေး စက်ဆုပ်နေ၏။
မာနကြီးသော ယဲ့ယွင်ထျန်းအတွက် ဤသည်က သူ့ဘဝ၌ အကြီးမားဆုံး အရှက်ရခြင်းနှင့် အကြီးမားဆုံး နှိပ်စက်ခံ ရခြင်းပင်။
“ဒုတ်”
ထိုသို့အော်လိုက်ပြီးသည်နှင့် ယဲ့ယွင်ထျန်းတစ်ယောက် အနောက်မှနေ၍ ဓားဖြင့် အထိုးခံလိုက်ရသည်။ ယန်မိသားစု ခေါင်းဆောင်က သံမဏိဓားကိုကိုင်၍ မုန်းတီးမှုများနှင့် သူ့ကို ဓားဖြင့် ထိုးလိုက်ခြင်းပင်။ ယန်မိသားစု ခေါင်းဆောင်၏ အကြည့်ကို မြင်သူတိုင်း ဆံပင်ထောင်သွားလောက်သည်။ ကြောက်စရာ ကောင်းလွန်းလှပေသည်။
“အား …”
ယဲ့ယွင်ထျန်း အော်ဟစ်ပြီး နောက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။
“ပုရွက်ဆိတ်ကောင် မင်းကများ ငါ့ကို သတ်ရဲတာလား၊ ငါ မင်းတစ်မိသားစုလုံးကို သတ်ပစ်မှာကွ”
သေးနုပ်သော ပုရွက်ဆိတ်လိုလူများက သူလိုလူအား သတ်ရန် ထိုက်တန်ပါရဲ့လား။
“ငါ့မိသားစုကို သတ်မယ် ဟုတ်လား၊ မင်း သတ်ပြီးပြီ မဟုတ်ဘူးလား၊ အခု ငါ ဘာတွေ ဆုံးရှုံးစရာ ရှိသေးလို့လဲ”
ယန်မိသားစုခေါင်းဆောင်၏ မျက်နှာတွင် ခက်ထန်မှုများနှင့်အတူ မျက်ရည်များ ပြည့်နှက်နေ၏။ ရန်သူကို သတ်ရန် ရူးသွပ်နေသည့် သားရဲတစ်ကောင်သဖွယ် ဖြစ်နေသည်။
တစ်ဖက်လူ၏ မျက်လုံးမှ နာကြည်းစိတ်ကို မြင်လိုက်ရသဖြင့် ယဲ့ယွင်ထျန်းလည်း ထိတ်လန့်သွားသည်။ အတော်လေး မုန်းတီးနေခြင်းပင်။ မုန်းတီးစိတ်မှလွဲ၍ ဘာမှမရှိချေ။ ထို့ကြောင့် တစ်ဖက်လူက အကြောက်တရား ကင်းမဲ့နေ၏။
“ရွှစ်”
သွေးများ ပန်းထွက်လာပြီး အရေပြား စုတ်ပြဲသွားသည်။ ထန်မင်လီကလည်း ဓားဖြင့် ထိုးလာခြင်းပင်။
“ပုရွက်ဆိတ်တွေ၊ မင်းတို့အားလုံး ပုရွက်ဆိတ်တွေ၊ ငါ့ယဲ့မိသားစုက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
သူ့မျက်နှာတွင် မျှော်လင့်ချက်မဲ့၍ သွေးပျက်ဟန်များဖြင့် ပြည့်နှက်နေသည်။ သူ အလွန်အမင်း ရူးသွပ်မတတ် ဖြစ်နေလေသည်။
ထို့နောက်တွင် ဓား တစ်လက်ပြီး တစ်လက်က ယဲ့ယွင်ထျန်းပေါ်သို့ ကျရောက်လာ၏။ ဤမြင်ကွင်းကို တိုက်ရိုက် ထုတ်လွှင့်ထားသဖြင့် နဂါးမြို့တော်မှ ယဲ့မိသားစုအတွက် အကြီးအကျယ် အရှက်ကွဲခြင်း ဖြစ်လာပေတော့မည်။
ယဲ့မိသားစု၏ ပါရမီရှင်၊ ယဲ့မိသားစု၏ ဂုဏ်ယူဖွယ် ယဲ့ယွင်ထျန်းက လက်ရှိတွင် ဓားဖြင့် ထိုးခုတ်လှီးဖြတ် ထားသဖြင့် ခွေးသေတစ်ကောင်သဖွယ် ဖြစ်နေလေသည်။ အလွန် ရှက်ဖွယ်ကောင်းလှသည်။
ဤတိုက်ရိုက်ထုတ်လွှင့်ခြင်းသည် မူလက ယဲ့ယွင်ထျန်းသည် ယဲ့မိသားစု ဂုဏ်တက်ရန်နှင့် သူ့သိက္ခာတက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် ကိုယ့်ရှူးကိုယ် ပြန်ပတ်လေပြီ။
ထိုစဉ် ယဲ့ဖန်က ရှေ့တက်၍ ကင်မရာတစ်လုံးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ဟွိုင်အန်း စီရင်စု ငါ့ဆီ အညံ့ခံမလား”
“ဒါမှမဟုတ် ငါ ဖျက်ဆီးတာ ခံမလား”
*အညံ့ခံမလား ဒါမှမဟုတ် ဖျက်ဆီးခံမလားတဲ့*
*ကြောက်စရာကောင်းလိုက်တာ*
wunzinnosp