← Chapters

အခန်း ၁၁၅၈

Vol. 78 Ch. 1158

အခန်း ၁၁၅၈

Vol. 78 Ch. 1158

Chapter 1158 မိန်းကလေးတစ်ယောက် အရူးအမူး စွဲလမ်းနေတဲ့အချိန်က ကြည်နူးစရာ အကောင်းဆုံးပဲ

ဟွိုင်အန်း စီရင်စုတစ်ခုလုံး တုန်လှုပ်သွားသည်။ ထိုစကားသည် မောက်မာလွန်းပြီး ခြိမ်းခြောက်သော စကားပင်။ အညံ့မခံလျင် အသတ်ခံရမည်ဟု ပေါ်တင် ပြောနေသော စကားသာ ဖြစ်သည်။

လူတစ်ယောက်တည်းက လူပေါင်း သန်းသုံးရာနီးနီးရှိသော ဟွိုင်အန်း စီရင်စုအား စိန်ခေါ်လိုက်လေပြီ။ အထက်စီးဆန်၍ ရူးသွပ်လွန်းသည်။

“ကျီ…”

ချက်ချင်းဆိုသလိုပင် လျှပ်စစ် ပစ္စည်းကိရိယာများအားလုံး စက်ပိတ်သွားသည်။ တိုက်ရိုက် ထုတ်လွှင့်ခြင်း ရုပ်သံလိုင်းများအားလုံး နှောင့်ယှက်ခံလိုက်ရသည်။

“အင်ပါယာက သတိထားမိသွားပြီ”

ထန်မင်လီက ယဲ့ဖန်၏ နားနားကပ်၍ သတိပေးလိုက်သည်။

ကျုံးကျိုး အင်ပါယာသည် အလွန် အင်အားကြီးသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် အင်ပါယာ၏ အာရုံကို ဖမ်းစားသွားနိုင်သဖြင့် လိုင်းပေါ်မှ တိုက်ရိုက် ထုတ်လွှင့်ခြင်းများအားလုံး ယာယီ ဖြတ်တောက် ခံလိုက် ရသည်။

ထို့အပြင် ယွင်ရင်တောင် တိုက်ပွဲနှင့် ပတ်သက်သည့် ရေပန်းစားသော ပို့စ်များနှင့် အစီအစဉ် တင်ဆက်သူများ၏ ပိုစ့်များအားလုံး ပျောက်ကွယ်သွားလေသည်။

အင်တာနက်ပေါ်မှ ယဲ့ဖန်နှင့် ပတ်သက်သော ဓာတ်ပုံများနှင့် ဗွီဒီယိုများတောင်မှ လျင်မြန်စွာ အဖျက်ခံ လိုက်ရသည်။

ကျုံးကျိုးအင်ပါယာက ယဲ့ဖန်၏ ဂုဏ်သတင်း ပျံ့နှံ့တိုးတက်လာခြင်းကို တားဆီးချင်နေမှန်း သိသာလှသည်။

“ငါ့ကို ဘယ်သူတားတား တားတဲ့သူတိုင်းကို ငါ သတ်မယ်”

ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်နေပြီး တစ်လုံးချင်းစီ ဆက်ပြောလိုက်သည်။

“အဲ့ဒါက … အင်ပါယာ ဖြစ်နေလျင်တောင်မှပေါ့”

သူ့စကားလုံးများတွင် မာနကြီးကာ အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။ သူ့စကားကို ထန်မင်လီ ကြားသောအခါ ထိတ်လန့်သွားလေသည်။ သူသည် ရေအေးများဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခိုက်ခိုက်တုန် လာ၏။

ယဲ့ဖန်က အလွန် လူသားဆန်မှန်း သူ အချိန်အတော်ကြာစဉ်ကတည်းက သိထားသော်လည်း ယဲ့ဖန်က အလွန် ကြောက်စရာကောင်း၍ ရူးသွပ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

ကျုံးကျိုး အင်ပါယာကိုတောင်မှ ယဲ့ဖန်က မျက်လုံးထဲ ထည့်မထားချေ။ အကယ်၍ အခြားတစ်ယောက်က ပြောလာပါက တစ်ဖက်လူ ရူးနေပြီဟု ထန်မင်လီ ထင်မိလောက်သည်။

သို့သော် ထိုသို့ ပြောနေသူက ယဲ့ဖန် ဖြစ်နေသဖြင့် သူ မယုံချင်လျင်တောင်မှ ယုံရပေမည်။ ထို့‌နောက် ထန်မင်လီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး လေးလံစွာ ခေါင်းညိတ်ပြလေသည်။ သူ့အမူအရာတွင် အလွန် စိတ်အားထက်သန်၍ လေးစားမှုများနှင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်က ဖန်းရီပေါ်နှင့် အားပင်းထံသို့ တစ်လှမ်းချင်း လှမ်းလာ၏။ ထိုလူများသည် ယဲ့ယွင်ထျန်းဘက်သို့ ဘက်ပြောင်း ခိုလှုံခဲ့သူများဖြစ်သည်။ ကျုံးလီအာ အဖမ်းခံရခြင်းကလည်း ဤလက်ပါးစေ နှစ်ယောက်ကြောင့်သာ ဖြစ်သည်။

ထိုအခိုက်တွင် ဖန်းရီပေါ်၏ နဖူး၌ ချွေးစေးများက တာကျိုးသကဲ့သို့ စီးကျလာသည်။ သူ့မျက်နှာ အသွင်အပြင်က အေးခဲနေပြီး အလျင်အမြန် ပြောလိုက်သည်။

“ယဲ့ဖန် ဒါ နားလည်မှုလွဲတာပါ၊ ငါ ရှင်းပြနိုင်ပါတယ်၊ တကယ်က ငါ …”

“ဂျွတ်”

ယဲ့ဖန်က သူ့အား လည်လိမ်ချိုး၍ သူ့အလောင်းကို ပစ်ထုတ်လိုက်သည်။ ဖန်းရီပေါ်အား သူ နောက်တစ်ကြိမ် ပြန်လှည့်မကြည့်တော့ချေ။ သူ့ပုံစံက အချိန်မရွေး သတ်လိုက်လို့ရသည့် ပုရွက်ဆိတ်အား သတ်လိုက်သလိုပင်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က အားပင်းကို လှမ်းကြည့်လိုက်သည်။ အားပင်း ထိတ်လန့်တုန်လှုပ်လာပြီး ရုတ်တရက် သွေးပျက်သော အမူအရာမျိုး ဖြစ်ပေါ်လာ၏။ သူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာရသည်။

တစ်ခဏကြာသော် သူ မချိပြုံး ပြုံးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ အသက်မရှင်နိုင်မှန်း သိနေ သောကြောင့်ပင်။ ယဲ့ဖန်၏ အကျင့်စရိုက်အရ သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်ပါ။ လက်ရှိတွင် အားပင် အလွန် နောင်တရနေမိသည်။

အစကတည်းက သူ ယဲ့ဖန်ကို ရန်ငြှိုးမထားဘဲ ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့လျင် ယခုလက်ရှိ ရလဒ်က မတူနိုင် လောက်သလား။

ယွင်ရင်တောင်ကဲ့သို့ ဂိုဏ်းတောင်မှ ယဲ့ဖန်၏ လက်ထဲတွင် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ သူသာ ယဲ့ဖန်နှင့် ရင်းနှီးခဲ့ပါက ယဲ့ဖန် တစ်ခွန်း ပြောလိုက်သည်နှင့် သူ့ဘဝတွင် စားရေးသောက်ရေးကို စိတ်ပူစရာ မလိုလောက် တော့ပါ။

သို့ရာတွင် ယခုအချိန်၌ ဘာမဆို ပြောဆိုရန်အချိန်နှောင်းသွားလေပြီ။ ဤလောက၌ အကယ်၍ ဟူသော အဖြစ်ကား မရှိပေ။

ထို့ကြောင့် အားပင်းသည် နောက်လှည့်၍ သူ့အနောက်မှ ချောက်ထံသို့ ပြေးလေသည်။ သူသည် ကာရံထားသော လက်တန်းများကို ကျော်ခွ၍ ချောက်ထဲသို့ ခုန်ချလိုက်သည်။ နောက်ဘဝ၌ ယဲ့ဖန်ဟူသော ဤလူနှင့် ဝေးဝေးနေမှ ဖြစ်ပေမည်။

“ဟမ့် …”

ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်သည်။ အားပင်း၌ လူအထင်ကြီးစရာ ကောင်းသော တစ်စုံတစ်ရာ ရှိသေးသည်ပဲ။

“ယဲ့ဘုရင် ဒီပုရွက်ဆိတ်ကောင်တွေကို ကျွန်တော် ဘာလုပ်လိုက်ရမလဲ”

ထန်မင်လီ မေးလိုက်သည်။

“ယွင်ရင်တောင်ဂိုဏ်းသားတွေကို သတ်ပစ်လိုက်”

“ငါ့ကို လှောင်ပြောင်တဲ့လူတွေကိုလည်း သတ်ပစ်လိုက်”

“ယဲ့မိသားစုဘက်ကနေတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်”

မိုးခြိမ်းသံကဲ့သို့ ကြောက်စရာကောင်းသော အမိန့်သံ ထွက်ပေါ်လာသောအခါ ထန်မင်လီက အားပါးတရ ရယ်မောလိုက်သည်။

“အမိန့်အတိုင်းပါ”

ထို့နောက် ယဲ့ဖန်သည် တောင်အနောက်သို့ လျှောက်လာလိုက်သည်။ ထိုအခါ ကြိုးချည်ခံထားရသော ကျုံးလီအာကို တွေ့လိုက်ရလေသည်။

ယွင်ရင်တောင် အနောက်၌ ကျုံးလီအာသည် ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် နှုတ်ခမ်းများ လှုပ်လာပြီး မျက်ရည်ကျ လာ၏။

“အရူး ဘာလို့ ဒီကို လာတာလဲ၊ ကျွန်မ ရှင့်ကို မလာစေချင်တာကို၊ မြန်မြန်ထွက်သွား”

ကျုံးလီအာသည် ယခုအထိ ယွင်ရင်တောင်အရှေ့၌ ဘာဖြစ်သွားသလဲ မသိသေးပေ။ သူမ သိသောအရာဟူ၍ ယဲ့ဖန် လာသည်နှင့် သူ့အတွက် သေလမ်းသာ ရှိသည်ဟူပင်။ သူမမျက်စိရှေ့၌ ယဲ့ဖန် သေသည်ကို သူ ဘယ်လိုလုပ် ကြည့်နိုင်ပါမည်နည်း။

သူမ သေလျင်တောင်မှ ယဲ့ဖန် အသက်ရှင်ပါစေဟုသာ မျှော်လင့်မိသည်။ သို့သော် ယဲ့ဖန်သာ သေသွားပါက သူမအတွက် အသက်ရှင်နေလည်း မထူးချေ။

“ကောင်မလေး မင်းက ဒီရောက်နေတာကို ဘယ်လိုလုပ် ငါ မလာဘဲ နေနိုင်မှာလဲ”

ယဲ့ဖန် ပြုံး၍ သူမခေါင်းလေးကို ပွတ်ပေးလိုက်သည်။ ကောင်မလေး ဟူသော စကားက ကျုံးလီအာ၏ နှလုံးသားမှ အနူးညံ့ဆုံးသော နေရာအား ထိမှန်သွားသဖြင့် သူမ ပြိုလဲကာ ငိုကြွေးလေသည်။

“ဒါပေမဲ့ ရှင် သေလိမ့်မယ်၊ ကျွန်မ ရှင့်ကို မသေစေချင်ဘူး”

“မကြောက်ပါနဲ့၊ အဆင်ပြေပါတယ်၊ ငါ မင်းကို အိမ်ပြန်ခေါ်သွားဖို့ ရောက်လာပြီလေ”

*အဆင်ပြေတယ်တဲ့လား*

ထိုစကားကြောင့် ကျုံးလီအာ ထိတ်လန့်သွားရသည်။

*ဒါ သိုင်းပညာရှင်တွေ တိမ်လိုပေါတဲ့ ယွင်ရင်တောင်လေ*

*ဘယ်လိုလုပ် ယဲ့ယွင်ထျန်းက ငါတို့ကို အသာလေး သွားခွင့်ပေးမှာလဲ*

“အဲ့ယဲ့ယွင်ထျန်း …”

“မင်း ယဲ့ယွင်ထျန်းနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ဘူး”

ယဲ့ဖန် အသာပြုံး၍ သူမကို ဆေးလုံးတစ်လုံး တိုက်လိုက်သည်။

“ဒါကို အရင်စားလိုက်၊ ဒါက မင်းကိုယ်ထဲက အဆိပ်ကို ဖိနှိပ်ထားနိုင်တယ်၊ ငါ နောက်မှ မင်းအတွက် အဆိပ်ဖြေဆေး ဖော်ပေးမယ်”

ယဲ့ဖန်သည် ကျုံးမိသားစုအား ကြိုးဖြည်ပေးလိုက်ပြီး ယွင်ရင်တောင်နှင့် ဝေးရာသို့ ခေါ်လာလိုက်သည်။

“ယဲ့ဘုရင်ကို နှုတ်ဆက်ပါတယ်”

ထိုစည် လူတိုင်းက ဒူးထောက်၍ တရိုတသေနှင့် အရိုအသေ ပေးလာကြသည်။ ဤမြင်ကွင်းကြောင့် ကျုံးလင်မယား ထိတ်လန့်ကာ ဒူးခွေကျမတတ် ဖြစ်သွားသည်။ သူတို့၏ အမူအရာများက ထိတ်လန့်ကြောင်း ပေါ်နေပြီး ယဲ့ဖန်ကို အရိုအသေ ပေးနေမှန်း သိနေကြလေသည်။

ထို့ကြောင့်ပင် သူတို့ ထိတ်လန့်နေရခြင်း ဖြစ်သည်။ တစ်ချိန်က ယဲ့ဖန်သည် သူတို့ဆိုင်မှ စားပွဲထိုးလေးသာ ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ ဟွိုင်အန်း စီရင်စုတစ်ခုလုံးက အင်အားကြီး ပုဂ္ဂိုလ်တွေက သူ့ရှေ့၌ ဒူးထောက် နေရသည်။

ကျုံးလီအာ အလွန် ထိတ်လန့်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ယဲ့ယွင်ထျန်းကို ဤလူများ မျက်နှာလုပ်ခဲ့သည်ကို သူမ အထင်အရှား မှတ်မိနေသောကြောင့်ပင်။

*အခု ဘာလို့ သူတို့က ယဲ့ဖန်ကို ဒူးထောက်နေတာလဲ*

ထိုစဉ် မြေကြီးပေါ်၌ အသားပုံတစ်ပုံကို သူမ မြင်လိုက်ရသဖြင့် ရုတ်တရက် ထအော်လိုက်မိသည်။ တစ်ဖက်လူ ဘယ်သူမှန်း သူမ မသိသော်လည်း ထိုအဝတ်အစားများက ယဲ့ယွင်ထျန်း၏ အဝတ်များဖြစ်ကြောင်း သူမ သတိထား မိပါသည်။

*အင်ပါယာမှ ကျော်ကြားတဲ့ ပါရမီရှင်က တကယ်ကြီး ဒီလို ခုတ်ပိုင်းခံလိုက်ရတာလား*

*ဘယ်သူက ဒီလို ရဲတင်းရတာလဲ၊ ဘယ်သူ့မှာ ဒီလို အရည်အချင်းမျိုး ရှိတာလဲ*

ထို့နောက် သူမ ယဲ့ဖန်ကို အလန့်တကြား လှမ်းကြည့်လိုက်မိသည်။ ယဲ့ဖန်က ပြုံး၍ သူမမျက်နှာလေးကို အသာ ဆွဲဆိတ်လိုက်သည်။

“သူက မင်းဆံပင်တစ်ချောင်းကို ထိရဲမယ်ဆိုရင် ငါ သူတို့ကို ဖျက်ဆီးရဲတယ်”

ရက်စက်၍ သွေးအေးလှသော်လည်း ယင်းက ကျုံးလီအာအား နှိုင်းယှဉ်မရအောင် လုံခြုံနွေးထွေးမှုမျိုးကို ခံစားသွား ရစေသည်။ မဟုတ်သေးပေ၊ သူမရင်ထဲ၌ မုန်တိုင်းထန်သကဲ့သို့ ဖြစ်လာရသည်။

ကျုံးလီအာ ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပြေးဝင်၍ ရှိုက်ကြီးတငင် ငိုကြွေးမိသည်။

လူယုတ်မာ အမှန်တကယ် သေဆုံးသွားလေပြီ။ ဘယ်လို နာကျင်မှုမျိုးကို ကျုံးလီအာ တောင့်ခံခဲ့ရသလဲ မည်သူမှ မသိနိုင်ပါ။ သူမ အသက်မသေအောင် တောင့်ခံနိုင်ရသည့် အကြောင်းရင်းမှာ နောက်ဆုံးအကြိမ် ယဲ့ဖန်၏ မျက်နှာကို မြင်ချင်မိသောကြောင့်ပင်။

ယခု သူက သူမကို ကယ်၍ ကိုယ်တိုင် ရောက်လာလေပြီ။ သူမကို နှိပ်စက်သည့် မိစ္ဆာကောင်ကိုလည်း သတ်ပစ် လိုက်သည်။

ဤအမျိုးသားသည် သူမ ပျော်ရွှင်မှု၏ လမ်းပြကြယ်လေးပင်။ သူ ရှိနေသရွေ့ သူမ ဘယ်တော့မှ အန္တရာယ် မဖြစ်နိုင်ပါ။

ယဲ့ဖန်က သူမကျောလေးကို အသာပွတ်ပေးလိုက်ပြီး ရင်ထဲ၌ အရူးမလေးဟု တိတ်တဆိတ် ပြောလိုက်မိသည်။ သူမသာ သူ့အကြောင်း ပြောပြလိုက်ပါက ဤသို့ နှိပ်စက်ခံရမည် မဟုတ်ပါ။ သို့သော် ဤအရူးမလေးက ပြောပြရန် ငြင်းဆန်ကာ နှိပ်စက်ခံခဲ့သည်။

ယဲ့ဖန် ကျိတ်၍ သက်ပြင်းချမိသည်။

*မိန်းကလေးတစ်ယောက်က နှလုံးသား ကင်းမဲ့နေရင် အခြားလူတွေကို မုန်းတီးတယ်၊ မိန်းကလေးတစ်ယောက်က အရူးအမူး စွဲလမ်းနေရင်တော့ ကြည်နူးစရာ ကောင်းလွန်းတယ်*

ကျုံးလီအာ၏ စွဲလမ်းမှုက စိတ်ပျက်ရန် ခက်လှသည်။ ထို့နောက် ယဲ့ဖန်၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသတရားများ ပေါက်ဖွားလာပြီး ဘေးပတ်လည်ကို စူးစူးရဲရဲ ဝေ့ကြည့်လိုက်သည်။

ရုတ်တရက် လေထု အပူချိန်က အေးခဲမှတ်သို့ ကျဆင်းသွားသည်။ လူတိုင်း မိမိပေါ် တောင်တစ်လုံး ကျလာသကဲ့သို့ ခံစားမိကာ အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။

“မင်းတို့ထဲက တစ်ချို့က နဂါးမြို့ကမှန်း ငါ သိတယ်”

“နဂါးမြို့ကို ပြန်ပြီး ယဲ့မိသားစုကို သူတို့ လည်ပင်းကို ဆေးကြောပြီး စောင့်နေလို့ ပြောလိုက်၊ ငါ သူတို့ တံခါးဝ ရောက်လာတဲ့နေ့က ယဲ့မိသားစု ပျက်စီးတဲ့နေ့ပဲ”

All Chapters