← Chapters

အခန်း ၁၁၆၁

Vol. 78 Ch. 1161

အခန်း ၁၁၆၁

Vol. 78 Ch. 1161

Chapter 1161 သူတို့မှာ အခွင့်အရေး ရှိသေးလို့လား

အမျိုးသားများနှင့် အမျိုးသမီးများအားလုံး ကြောက်လန့်သွားကြသည်။ ဘေး၌ ရှိနေသော တိကျွမ်းကို လှည့်ကြည့် လိုက်သောအခါ သူ့ဦးခေါင်း ပျောက်ဆုံးနေပြီး သွေးများက ဘေးလူများ၏ မျက်နှာသို့ စင်နေသည်ကို တွေ့လိုက် ရသည်။

*နွေးတယ်*

*ပြီးတော့ ငန်တယ်*

“အား…”

တစ်ခဏအတွင်း အမျိုးသားများနှင့် အမျိုးသမီးများ ကျယ်လောင်စွာ ထအော်ကြလေသည်။ မျက်စိရှေ့မှ မြင်ကွင်းက အလွန် ကြောက်စရာကောင်းနေသည် မဟုတ်ပါတကား။

*ယဲ့ဖန် ဘာအသံမှ မထွက်ဘဲ လူတစ်ယောက်ရဲ့ ခေါင်းကို ဘယ်လို ဆွဲဖြုတ်လိုက်တာလဲ*

ပြတ်သွားသော တိကျွမ်း၏ ဦးခေါင်းတွင် နောင်တရစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသာ ယဲ့ဖန်ကို မစော်ကားခဲ့လျင် ယခုကဲ့သို့ အသတ်ခံရမည် မဟုတ်ပါ။

တိကျွမ်းနှင့် ရှောင်ဟယ်တို့ နှစ်ယောက်လုံး ဆိုးဆိုးရွားရွား သေဆုံးသွားလေပြီ။ ယဲ့ဖန်နှင့် ကျုံးဝမ်ကို ပုတ်ခတ် စော်ကားမိသည့်အတွက် ဤနတ်ဆိုးက သူတို့ကို တစ်စစီ ဖြစ်အောင်လုပ်ပြီး သတ်ပစ်လိုက်သည်။

*အရမ်း သွေးအေးပြီး ရက်စက်လွန်းတယ်*

*သူ လူ့အသက်တစ်ချောင်းကို ဘာလို့များ မှတ်နေတာလဲ*

“ယဲ့ဖန် ရှင် …”

ကျုံးဝမ်သည်လည်း ယဲ့ဖန်၏ နည်းလမ်းများက ရက်စက်လွန်းလိမ့်မည်ဟု ထင်မထားသဖြင့် အလွန်အမင်း မှင်တက် သွားသည်။

*ဘာတစ်ခွန်းမှမပြောဘဲ စသတ်တာပါလား*

ယဲ့ဖန်က သူ့ဘက်လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“မင်းက ကြင်နာလွန်းတယ်၊ ဒါကြောင့်လည်း ဒီအမှိုက်တွေက မင်းကို နင်းပြီး အာဏာပြရဲတာ”

“မင်းနေရာမှာသာ ငါဆိုရင် သူတို့ အဲ့လိုလုပ်ရဲမလား”

ယဲ့ဖန်၏ လေးနက်၍ သုန်မှုန်နေသော မျက်လုံးများက လျန့်ကျစ်ရှန်နှင့် အခြားသူများကို စိုက်ကြည့်လာ၏။

“သူတို့ အဲ့လိုလုပ်ရဲမယ်ဆိုရင်တောင်မှ သူတို့မှာ … အခွင့်အရေး ရှိဦးမလား”

လူတိုင်း စိတ်လွတ်ကာ ကတုန်ကယင် ဖြစ်လာကြသည်။

“တစ်ယောက် လာပါဦး၊ လာကြပါဦး”

လျန့်ကျစ်ရှန် ချက်ချင်း ထအော်လိုက်သည်။ ဤနေရာ၌ သက်တော်စောင့် ရှိသည်ကို သူမ သိထားသည်။ သူမအော်သံကြောင့် သက်တော်စောင့်တစ်ဖွဲ့ ပြေးဝင်လာ၏။

“မမလေးလျန့် ဘာဖြစ်လို့လဲ”

သက်တော်စောင့် တစ်ယောက်က မေးလာသည်။ လျန့်ကျစ်ရှန်က သူတို့သူဌေး၏ ဧည့်သည်မှန်း သူတို့ သိထားသဖြင့် သူမကို အလွယ်တကူ ရန်မစရဲပါ။

“ဒီကောင်က နင်တို့ စားပွဲထိုးနဲ့ ငါ့သူငယ်ချင်းကို သတ်ခဲ့တယ်၊ ငါ နင်တို့ကို သူ့ကို သတ်လိုက်စေချင်တယ်”

လျန့်ကျစ်ရှန်က ယဲ့ဖန်ကို ဒေါသတကြီး လက်ညှိုးထိုး၍ နာကြည်းစွာ ပြောလိုက်သည်။

*ဘာ*

သက်တော်စောင့်များအားလုံး ချက်ချင်း မျက်နှာထား တင်းမာသွားသည်။ သူတို့၏ ကလပ်သည် ဖျင်အန်းမြို့၌ နာမည်ကြီးပြီးသား ဖြစ်ပြီး သူတို့၏သူဌေး ရှုကျိုးသည် မျက်နှာများသည့် လူစားမျိုး ဖြစ်သည်။

*ဒါတောင် ငါတို့နေရာကို လူတစ်ယောက်ယောက်က မဆင်မခြင် လာပြုမူရဲတယ်လား*

“ဟေ့ကောင် မင်းကများ ငါတို့မြေမှ လာကြမ်းရဲတယ်လား၊ မင်းတော့ သေချင်နေပြီလို့ ငါ ထင်တယ်”

ထိုသက်တော်စောင့်များသည် ချက်ချင်း ယဲ့ဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်လာပြီး သူတို့ထံမှ လူသတ်ချင်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။

“ငါ နင်တို့သူဌေး ရှုကျိုးနဲ့ တွေ့ချင်တယ်၊ သူ့ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်”

ကျုံးဝမ်က လေသံမာမာဖြင့် ပြောလိုက်သည။ ယခု သူမ ဝင်ပါချိန်တန်ပြီဟု သိလိုက်လေသည်။

“မမလေးကျုံးကိုး”

သက်တော်စောင့်တစ်ယောက်က ပထမ၌ ပျက်ရယ်ပြုပြီးမှ ထေ့ငေါ့ပြောလာသည်။

“မမလေးကျုံး ခင်ဗျားကိုယ်ခင်ဗျား ကောင်းကင်ဘုရင်မလို့ ထင်နေတုန်းလား၊ ခင်ဗျား တွေ့ချင်တာ ကျုပ်တို့ သူဌေးလား”

“နင်”

ကျုံးဝမ် ဒေါသထွက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်ချေ။ ယခု သူမ သေချာ သဘောပေါက်သွားသည်။ တစ်ဖက်လူက သူမကို ဤသို့ ပြောဆိုနေသည့် အကြောင်းရင်းမှာ ရှုကျိုးက အမိန့်ပေးထား၍ ဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူတို့အပြုအမူက သည်လောက် မြန်မြန် မပြောင်းလဲနိုင်ပေ။

ထိုသို့တွေးမိသည်နှင့် ကျုံးဝမ် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ ယခင် ရှုကျိုးသည် သူမရှေ့၌ ဒူးထောက်၍ သူမနှင့် သိကျွမ်းရသည်ကို ဝမ်းသာကြောင်း ပြောခဲ့ပြီး ကျုံးဝမ်က သူမမိဘ ပြန်ဝင်စား သလားဟုတောင် ထင်မိကြောင်း ပြောခဲ့ဖူးသည်။ သူ့စကားကြောင့် ကျုံးဝမ် ရင်ထဲအထိ ကြည်နူးခဲ့ရသည်။

သို့ရာတွင် ယခု လုံးဝ ပုံစံပြောင်းသွားသဖြင့် ကျုံးဝမ် အံ့ဩသွားလေသည်။

*လူတွေက တကယ်ကို အပြောင်းအလဲ မြန်ပြီး ကြောင်သူတော်နိုင်တဲ့ တိရစ္ဆာန်တွေပဲ*

“ဘာတွေဖြစ်နေတာလဲ”

ထိုသို့သောအချိန်၌ ဗိုက်ရွှဲရွှဲနှင့် အသက်ငါးဆယ်စွန်းစွန်းအရွယ် အမျိုးသားတစ်ယောက် ရောက်လာသည်။ သူ့မျက်လုံးများက အလွန် ဉာဏ်နီဉာဏ်နက်များသောလူဖြစ်ကြောင်း ပေါ်လွင်နေသည်။

“သူဌေး”

သက်တော်စောင့်များအားလုံး ချက်ချင်း ဦးညွှတ်၍ အရိုအသေ ပေးလိုက်ကြသည်။ ထိုသူမှာ ရှုကျိုးပင်။

“ရှုကျိုး ရှင် အချိန်မီ ရောက်လာတာပဲ၊ အဲ့မျိုးမစစ်က ငါ့သူငယ်ချင်းကို သတ်ခဲ့တယ်၊ ငါ့သူငယ်ချင်းက ဟွာလုံအဖွဲ့ရဲ့ သခင်လေးပဲ၊ ရှင် ဒါကို ကောင်းကောင်း မဖြေရှင်းနိုင်ရင် ဟွာလုံ အဖွဲ့ နင့်ကို ပြဿနာ ရှာလာမှာကို သတိထား ပေတော့”

လျန့်ကျစ်ရှန်က ယဲ့ဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်၍ ပြောလိုက်သည်။ ယခု ရှုကျိုး ရောက်လာသဖြင့် ယဲ့ဖန် သေရမည့်ကံ ပါလာလေပြီ။

ဖျင်အန်းမြို့မှ ရှုကျိုး၏ မျက်နှာနှင့်ဆိုလျင် ဤကဲ့သို့ ကပ်စားတစ်ယောက်ကို သတ်လိုက်သည်က လွယ်လွယ် လေးပင်။

ချက်ချင်းဆိုသလိုပင် ကျုံးဝမ်က ယဲ့ဖန်ရှေ့ ရပ်၍ အေးစက်စက် ပြောလိုက်သည်။

“ရှုကျိုး သူက ငါ့မိတ်ဆွေ၊ နင် သူ့ကို သတ်ချင်ရင် ငါ သေသွားမှာပဲ ရမယ်”

ကျုံးဝမ်သည် အမြဲ အလွန် ကြင်နာ၍ သစ္စာရှိသော လူတစ်ယောက် ဖြစ်သည်။ သူမစကားကို ကြားသော် ရှုကျိုးက အထင်သေးစွာ ပြုံး၍ အေးစက်စွာ ပျက်ရယ်ပြုလေသည်။

“ကျုံးဝမ် ငါတို့ အချင်းချင်း သိကျွမ်းခဲ့တာကို ထောက်ထားပြီး ငါ မင်းကို အရှက်ရအောင် မလုပ်ချင်ဘူး၊ ဒါပေမဲ့ ငါ မင်းဘေးက ကောင်ကိုတော့ တစ်စစီဖြစ်အောင် ငါ လုပ်ချင်တယ်”

ကျုံးဝမ်၏ လှပသော မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ တစ်ဖက်လူက သူမ စကားကို နားမထောင်မှန်း ရိပ်စားမိသော်လည်း တစ်ဖက်လူက အလွန် ပေါ်တင် ပြောလိမ့်မည်ဟု ထင်မထားမိချေ။

“ရှုကျိုး ရှင် ကျွန်မကို ဘာပြောခဲ့လဲ မေ့သွားပြီလား၊ ဘယ်သူက ရှင် ဆိုင်ဖွင့်နိုင်အောင် ကူညီခဲ့တာလဲ”

ကျုံးဝမ် ဒေါသတကြီး မေးလိုက်သည်။

*ဒီလူမှာ ထမင်းကျွေးထားတဲ့ ခွေးလောက်တောင် အသိဉာဏ် ရှိသေးရဲ့လား*

“အိုး … ငါ ဘာပြောခဲ့လို့လဲ၊ ငါ တကယ် မမှတ်မိဘူး”

ရှုကျိုးက အရှက်မရှိစွာ ပျက်ရယ်ပြုလေသည်။

“ငါ့ဆိုင်အကြောင်းကတော့ ငါ့ဆိုင်ကို ငါ ဖွင့်တာလေ၊ ဘယ်သူက ငါ့ကို ကူညီလို့လဲ၊ ဘယ်လိုလုပ် တစ်ယောက် တလေက ငါ့ကို ကူညီနိုင်မှာလဲ”

“ရှင်”

ကျုံးဝမ် ဒေါသူပုန်ထသွားလေသည်။

*အရှက်မရှိလိုက်တာ*

*တော်တော် အရှက်မရှိတာပဲ*

လူ့အသိတရားကို လျစ်လျူရှုပြီး အရှက်မရှိ ငြင်းနိုင်သည့် ဤရှုကျိုးသည် အလွန်အမင်း အရှက်ကင်းမဲ့လှသည်။ ယခင်က ကျုံးဝမ်သည် သူ့အား စီးပွားရေး လုပ်နိုင်အောင် ကူညီခဲ့ပြီး ကျုံးဝမ်အား နတ်ဘုရားကဲ့သို့ သူ သတ်မှတ် ခဲ့သည်။ ယခု ကျုံးဝမ် ဒုက္ခရောက်သည်နှင့် သူ့ပုံစံ အစစ်အမှန် ချက်ချင်း ပေါ်လာလေသည်။

“ရှုကျိုး ကျုံးဝမ်ကို လွှတ်ပေးလို့ မရဘူး၊ ဒီနေ့ ငါ သူ့ကို ကောင်းကောင်း အသုံးချရမယ်၊ ငါ့ကိစ္စ ပြီးသွားရင် သူက ရှင့်အပိုင်ပဲ”

လျန့်ကျစ်ရှန်က ညစ်ကျယ်ကျယ် ပြုံးနေသည်။ သူမ ကျုံးဝမ်ကို သူမကိုယ်တိုင် နင်းချေဖျက်ဆီးချင်နေ၏။

“နင် သူ့နဲ့ မအိပ်ချင်ဘူးလို့တော့ လာမပြောနဲ့၊ သူက ဘုရင်မ ဖြစ်ခဲ့တာပဲလေ ဟားဟားဟား”

သူ့စကားကို ကြားပြီး ရှုကျိုး ထိတ်လန့်သွားသည်။ ထို့နောက် သူ့မျက်နှာတွင် ရမ္မက်ထန်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

*ဟုတ်သားပဲ၊ ဘာလို့ ငါ အဲ့လို မတွေးမိတာလဲ*

ကျုံးဝမ်ကဲ့သို့ မိန်းမလှလေးကို ဘယ်သူက မကစားချင်ဘဲ နေမည်နည်း။ ရှုကျိုးတောင်မှ ခြွင်းချက် မဟုတ်ပေ။ ယခင်က ကျုံးဝမ်သည် အလွန် လွှမ်းမိုးနိုင်သော ဘုရင်မ ဖြစ်ခဲ့ပြီး သူ့အတွက် စီးပွားရေးလုပ်ငန်း ထောင်ပေး သောကြောင့် သူ့အကြံကို မထုတ်ဖော်ရဲခဲ့ချေ။ ယခု သူမက နိမ့်ကျသွားသဖြင့် သူမကို ကစားပြီးရင်း ကစားနိုင်နေပြီ ဖြစ်သည်။ သူမ ဘာများ ပြန်လုပ်နိုင်မည်နည်း။

“ဟုတ်တယ် ဟုတ်တယ်၊ မင်းလည်း ကြံရာပါပဲ၊ မင်း ထွက်သွားလို့ မရဘူး”

ရှုကျိုးက ဆိုးယုတ်စွာ ပြုံးလာသည်။

“လာကြ သူတို့နှစ်ယောက်လုံးကို ကြိုးတုပ်လိုက်၊ ပြီးရင် အဲ့ကောင်ကို သတ်ပြီး ကောင်မကို ငါ့ခုတင်ပေါ် သွားထားလိုက်”

ထိုသက်တော်စောင့်များက ချက်ချင်း စပ်ဖြဲဖြဲပြုံးကာ ယဲ့ဖန်တို့ကို ဝိုင်းလာသည်။ သူတို့အားလုံး အင်္ကျီထဲမှ စွမ်းအင်သုံး သေနတ်များကို ထုတ်လိုက်ကြသည်။

“ယဲ့ဖန် သွားမယ်၊ သွားရအောင်”

ကျုံးဝမ် မှင်တက်သွားသည်။ ယဲ့ဖန် အားမနည်းမှန်း သူမ သိသော်လည်း တစ်ဖက်၌ သေနတ် ရှိနေသဖြင့် သူမ မုန်းတီးစိတ်ကို မျိုသိပ်ရုံသာ တတ်နိုင်တော့သည်။ သူမ ယဲ့ဖန်လက်ကိုဆွဲ၍ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန်က သူမလက်ကို ဖြုတ်လာသည်။

“ရှင် ရူးနေလား”

“မင်း လိုချင်တဲ့အရာကို ငါ ပြန်တောင် မယူရသေးဘူး၊ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ”

ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး နောက်ဆုတ်ရမည့်အစား ရှုကျိုးထံ တစ်လှမ်းချင်း လှမ်းသွားသည်။

“အခုဒူးထောက်ရင် ခင်ဗျားရဲ့ ရွံစရာကောင်းတဲ့ မျက်လုံးကိုပဲ ဖောက်ထုတ်ပြီး အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”

ထိုစကားကို ကြားသည်နှင့် လူအများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။

*ဒီကောင် စိတ်လွတ်သွားတာလား*

*တစ်ဖက်လူတွေ သေနတ်ကိုင်ထားတာကို မမြင်ဘူးလား*

“ဒိုင်း”

ရှုကျိုးက အပြုံးကြီးပြုံး၍ သေနတ်မောင်းကိုဆွဲ၍ ယဲ့ဖန်အား သေနတ်ဖြင့်သာ ပြန်ဖြေလိုက်သည်။

All Chapters