← Chapters

အခန်း ၁၁၆၂

Vol. 78 Ch. 1162

အခန်း ၁၁၆၂

Vol. 78 Ch. 1162

Chapter 1162 အဲ့ဒါ ကင်းမြီးကောက် … လူသတ်သမားပဲ

“ဒိုင်း”

သေနတ်သံ ထွက်ပေါ်လာသောအခါ လျန့်ကျစ်ရှန်နှင့် အခြားသူများက ကျေနပ်သော အပြုံးများ ပြုံးလာကြပြီး လှောင်ပြောင်သော မျက်နှာထားများက ပိုမိုပီပြင်လာ၏။

*အရူးကောင်*

*ဘယ်သူက နင့်ကို လာပြီး ဟန်ရေးပြခိုင်းနေလို့လဲ*

*အခု နင် သေလမ်းသွားလို့ ရပြီ*

ယဲ့ဖန်က နေရာမှာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်ကို သူတို့ အလန့်တကြား တွေ့လိုက်ရသည်။ သူ့ပုံရိပ်က နေရာ၌ မည်သည့်အချိန်ကတည်းက ပျောက်သွားမှန်း မသိပေ။

“အား အား အား …”

ချက်ချင်းဆိုသလိုပင် ကလပ်အတွင်း၌ စူးရှသော အော်သံရှည်တစ်ခု ဖြစ်ပေါ်လာသည်။ သက်တော်စောင့်များ၏ ဦးခေါင်းများသည် တူကြီးဖြင့် အထုခံရသကဲ့သို့ ပေါက်ထွက်သွားပြီး သွေးရောင်များနှင့် ဦးနှောက်အဖက်များ လွင့်စဉ်လာ၏။

*ယဲ့ဖန် သေနတ်နဲ့ အပစ်ခံရတာ မဟုတ်ဘူးလား*

*ဘာလို့ ဒီလူတွေကို သတ်နိုင်သေးတာလဲ*

*ယဲ့ဖန်ကို သတ်ဖို့ အမိန့်ပေးလိုက်တဲ့ သက်တော်စောင့်တွေကို ယဲ့ဖန်က ချက်ချင်း သတ်ပစ်လိုက်တာလား*

*ပြီးတော့ ယဲ့ဖန်က ဘာထိခိုက်ဒဏ်ရာမှလည်း မရှိဘူး*

*မယုံနိုင်စရာပဲ*

ရှုကျိုးသည်လည်း ထိတ်လန့်သွားသည်။ သူ့ပစ်ချက်က ပြတ်သားပြီး စွမ်းအင်သုံး သေနတ်၏ အရှိန်က အလင်းနှုန်း ထက်ပင် မြန်သေးသည်။

*ဒါပေမဲ့ ယဲ့ဖန်က ဘယ်လိုလုပ်လိုက်တာလဲ*

လူ့ဦးနှောက်ပင် တစ်စစီ ဖြစ်သွားသည်ကိုမြင်ပြီး ရှုကျိုးနှင့် အခြားသူများ ကြက်သီးမွေးညင်း ထသွားကြသည်။

*ဒီကောင်က တကယ့် နတ်ဆိုးပဲ*

*ကြောက်စရာကောင်းလိုက်တာ*

*သူ့အတွက် လူသတ်တာက ရိုးစင်းလွယ်ကူနေသလိုပဲ*

*ရှောင်ဟယ်လည်း ဒီအတိုင်း သေသွားတယ်၊ တိကျွမ်းလည်း သေသွားပြီ၊ သက်တော်စောင့်တွေတောင် ဒီလို သေသွားရတယ်*

“မင်း … မင်း ငါ့လူတွေကို သတ်ရဲတယ်လား”

ရှုကျိုး၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာ၏။ သူ ဖျင်အန်းမြို့၌ နေခဲ့သည့် နှစ်များစွာအတွင်း မည်သူမှ သူ့ကို ဤသို့ မျက်နှာပျက်အောင် မလုပ်ရဲကြချေ။

*ဒီမျိုးမစစ်ကောင် သေတွင်း တူးနေတာပဲ*

“ဝုန်း”

နောက်ဆုံးတစ်ယောက်ကို သတ်ပြီးသည်နှင့် ယဲ့ဖန်က လှောင်ရယ်သံနှင့်အတူ သူ့ထံ လျှောက်လာသည်။

“ငါ သူတို့ကို သတ်ရဲရုံတင် မကဘူး၊ ငါ မင်းကိုလည်း သတ်ရဲတယ်”

“ငါ့ကို သတ်မယ် ဟုတ်လား၊ ဟားဟားဟား …”

ရှုကျိုးသည် တစ်ဒင်္ဂမျှ မှင်တက်သွားပြီးနောက် ဟားတိုက်ရယ်မောလေသည်။

“ဟေ့ကောင် မင်း ငါ့နောက်ခံကို ကောင်းကောင်း မသိသေးဘူးနဲ့တူတယ်”

သူ့နောက်ခံကိုသာ သိသွားပါက ယဲ့ဖန် သူ့အပေါ် ဤသို့ ပြောရဲလိမ့်မည်ဟု မဟုတ်ဟု ယုံကြည်မှု ရှိနေသည်။

“အိုး … မင်းရဲ့နောက်ခံက ဘာလဲ”

“အိုး … မင်း နောက်ခံက ဘာများလဲ”

တစ်ဖက်လူ၌ မည်သို့သော နောက်ခံရှိနေသဖြင့် အလွန် ယုံကြည်မှု ရှိနေသလဲ ဆိုသည်ကို ယဲ့ဖန်လည်း သိချင်နေ၏။

ဖျင်အန်းမြို့မှာ သူ ရန်မစနိုင်သည့် လူများ ရှိနေသေးသလား။ ထိုသို့ဆိုလျင် ထိုသူများနှင့် သူ တွေ့ချင်သည်။

“မင်း ခဏနေရင် သိမှာပါ၊ ငါ့ဘော့စ်ကို ဒီလာဖို့ ဆက်သွယ်ထားပြီးပြီ၊ သူက ဖျင်အန်းတစ်မြို့လုံးမှာ အင်အား အကြီးဆုံးလို့ ပြောလို့ရတယ်၊ ဟေ့ကောင်လေး မင်း နောက်မှ ကြောက်မနေနဲ့”

ရှုကျန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ ယခုအခါ၌ သူ့ဘော့စ်သည် ဖျင်အန်းမြို့၏ အာဏာရှင် အသိုင်းအဝိုင်းတွင် အထွတ်အထိပ်၌ ရပ်နေသူဟု ပြောနိုင်ပေသည်။ သူ ခြေတစ်ဖက်‌ ဆောင့်လိုက်သည်နှင့် ဖျင်အန်း တစ်မြို့လုံး တုန်ခါသွားလောက်သည်။

သူ၏ စီးပွားရေး အမြင်ထက်မှုကြောင့် ထိုသူက ရှုကျိုးအား သူ့ညီငယ်ကဲ့သို့ လက်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုသူ၏ ရန်သူ ဖြစ်ခြင်းသည် ဖျင်အန်းတစ်မြို့လုံး၏ ရန်သူ ဖြစ်သွားခြင်းနှင့် ထပ်တူပင်။ အဘယ်ကြောင့်ဆိုသော် ထိုသူကို ရန်စမိသွားပါက ဒဏ္ဍာရီလာ ယဲ့ဘုရင်နှင့် ရန်သူ ဖြစ်သွားသောကြောင့်ပင်။

သူ့စကားကိုကြားသောအခါ လျန့်ကျစ်ရှန် ချက်ချင်း အပျော်လွန်သွားသည်။ ရှုကျိုး၌ ရင်းနှီးပတ်သက်သော ပုဂ္ဂိုလ်ကြီးတစ်ဘောက် ရှိကြောင်း သူမ မကြာသေးခင်ကမှ သိထားခဲ့ပြီး သူ၏အဆင့်အတန်းက ဖျင်အန်း၌ ချက်ချင်းဆိုသလို တိုးမြင့်လာခဲ့သည်။

ထိုပုဂ္ဂိုလ်ကြီးသည် ဖျင်အန်းမြို့၌ အကောင်းအဆိုး အကုန်လုပ်ပြီး သူ့လက်ထဲ၌ ဆရာသခင်များ ရှိလေသည်။ မိုးကောင်းကင်နှင့် ပထဝီမြေကြီးအကြောင်း ဘာမှမသိသည့် ယဲ့ဖန်ကဲ့သို့ လူမျိုးက ထိုပုဂ္ဂိုလ်ကြီးအား ရန်စမိသဖြင့် သေလမ်းသာ ရှိပေတော့သည်။

“ဟေ့ကောင် မင်းနေရာမှာ ငါသာဆိုရင် ရှုကျိုးကို မြန်မြန် ဒူးထောက်လိုက်ပြီး၊ အဲ့ဒါက ငါ့အသက်ကို ကယ်ချင် ကယ်နိုင်မှာပေါ့”

လျန့်ကျစ်ရှန်က အလွန် ပျော်ရွှင်သလို ခံစားနေရသဖြင့် ရယ်မောလိုက်သည်။ သိပ်မကြာခင်အချိန်အတွင်း၌ ယဲ့ဖန်တို့ နှစ်ယောက်ကို ရှင်းလင်းနိုင်တော့မည်ဟု သူမ ယုံကြည်နေသည်။

“ဒါနဲ့ စကားမစပ် မင်းကောင်မလေးကို မင်းလက်နဲ့ တစ်ခြားသူ အိပ်ရာဆီ လိုက်ပို့ပေးရမယ်၊ ဒါဆို ရှုကျိုးက မင်းကို သေချာပေါက် အသက်ချမ်းသာပေးမှာ”

တစ်စုံတစ်ယောက်က ချက်ချင်း ထပ်လောင်း ပြောလာ၏။ ရှုကျိုးသည်လည်း ရယ်မော၍ ယဲ့ဖန်ကို စိတ်ဝင်စား သလို ကြည့်လေသည်။

“အမှန်ပဲ မင်းသာ ကျုံးဝမ်ကို ငါ့အိပ်ရာပေါ် ပို့ပေးမယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”

“ရှုကျိုး ရှင့်အသိတရားကို ခွေးစားသွားတာလား”

ကျုံးဝမ် မနေနိုင်တော့ဘဲ ထအော်လိုက်မိသည်။

“ညီမဝမ် ငါ့အသိတရားကို ခွေးစားမသွားလို့သာ မင်းကို ကျေးဇူးပြန်ဆပ်ဖို့ တွေးနိုင်တာဖို့၊ မင်းကို အိပ်ရာထဲမှာ ကျေးဇူးပြန်ဆပ်မလို့လေ”

ရှုကျိုးက ပိုပို၍ အရှက်မဲ့စွာ ရယ်မောလေသည်။ သို့သော် သူ့စကားသံအဆုံး၌ ချက်ချင်းဆိုသလို ကံဆိုးမိုးမှောင် ကျသည့် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာလေတော့သည်။

ယဲ့ဖန်၏ မျက်နှာက မည်းမှောင်သွားပြီး ကြောက်စရာကောင်းလာသည်။ ထို့နောက် သူက ပြုံး၍ ပြန်ပြော လိုက်သည်။

“မင်း တော်တော် စကားများတာပဲ”

“ဂျွတ် ဂျွတ်”

ရှုကျိုး၏ လက်နှစ်ဖက်လုံး ယဲ့ဖန်ကြောင့် ပြတ်ထွက်သွားသည်။

“အား … ချီးပဲ … ယီးပဲကွာ”

ရှုကျိုး ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ ပြင်းထန်သော ဝေဒနာက သူ့ကို ရစရာမရှိအောင် လုပ်နေ၏။

“မင်း … မင်းကများ ငါ့လက်တွေကို ဖြုတ်ရဲတယ်လား၊ ငါ့ဘော့စ်နဲ့ မင်းကို သတ်ခိုင်းမယ်ကွ၊ ငါ့ဘော့စ်ကို မင်း မိသားစုတစ်ခုလုံးကို သတ်အောင် ပြောပစ်မယ်”

ရှုကျိုး၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ယဲ့ဖန်အား ဓားတစ်ထောင်ဖြင့် ခုတ်ဖြတ်ရန်ပင် မစောင့်နိုင် တော့ချေ။

*ဒီမျိုးမစစ်ကောင်၊ ဒီပုရွက်ဆိတ်ကများ*

*မင်းကများ ငါ့ကို ဒီလို လာဆက်ဆံရဲတယ်လား*

*မုန်းစရာကောင်းတယ်၊ စောက်ရမ်း မုန်းစရာကောင်းတယ်*

လူတိုင်း မစ္ဆရိယစိတ်ဖြင့် နှစ်ထောင်းအားရဖြစ်စွာ ပြုံးလာကြသည်။ ယဲ့ဖန်၏ အပြုအမူက ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။ ရှုကျိုး၏ ဒဏ္ဍာရီလာ ဘော့စ် ပေါ်လာလျင် သူ့ကံက အကြီးအကျယ် ဆိုးရွားပေတော့မည်။

အထူးသဖြင့် လျန့်ကျစ်ရှန်ပင်။ သူမ စိတ်လှုပ်ရှားမှုကြောင့် ထခုန်မိလုနီးပါး ဖြစ်လာ၏။ ယဲ့ဖန်က သူမကို အရှက်ခွဲရဲမှတော့ သူမကလည်း ယဲ့ဖန်ကို ဓားဖြင့် ခုတ်ပိုင်းရန် မစောင့်နိုင်တော့ပေ။ ရှုကျိုး၏ ဘော့စ်သာ မြန်မြန် ရောက်လာပါစေဟု ဆုတောင်းမိနေသည်။

“ကျွီ”

သို့သော် ထိုအခိုက်၌ တံခါးပွင့်သံ ထွက်ပေါ်လာ၏။

“ငါ့ဘော့စ် ရောက်လာပြီ”

ရှုကျိုး အပြုံးကြီး ပြုံးလိုက်သည်။

“ဟားဟားဟား … မျိုးမစစ်လေး ဘုရားတောင် မင်းကို ကူညီမှာ မဟုတ်တော့ဘူး၊ အခု မင်း ထွက်ပြေးချင် ရင်တောင်မှ ထွက်မပြေးနိုင်ဘူး”

ထိုစဉ် အပြင်ဘက်မှ ဖိအားပေးနိုင်သော သိုင်းပညာရှင်တစ်စု ဝင်လာ၏။ လူတိုင်းက ကျားတစ်ကောင်ကဲ့သို့ လျှောက်လာကြပြီး သူတို့၏ ယန်စွမ်းအင်များက ပြင်းထန်လွန်းသဖြင့် လူတိုင်း အလွန် စိတ်ကျဉ်းကျပ်လာသည်။

သူတို့ကိုယ်ပေါ်မှ သွေးနံ့များက ရွံစရာကောင်းလှပြီး ဤလူများ လူပေါင်း မည်မျှ သတ်ခဲ့သလဲ သိချင်လာစေမိသည်။ ထိုလူများထံမှ သူတို့ မည်သည့် လူ့သဘောသဘာဝကိုမှ မခံစားမိပေ။ ထိုလူများက လူသေများလိုပင်။ ဆယ်ယောက် ကျော်သော သိုင်းပညာရှင် လူသေများ။

“အဲ့ဒါက … ကင်းမြီးကောက် လူသတ်သမားပဲ”

ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း၏ အကြည့်များက လှေကားထံသို့သာ ရောက်နေကြသည်။ ထိုသူက ယနေ့ ဖျင်အန်းမြို့၏ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါ တကား။

*ဖျင်အန်းတစ်မြို့လုံးကတော့ သူ့ခြေထောက်အောက်မှ ဝပ်တွားနေရတာ*

*ပြီးတော့ သူ့အနောက်မှ ကြောက်စရာကောင်းတဲ့ ယဲ့ဘုရင် ရှိနေတာ*

*ထူးခြားဆန်းကြယ်ပြီး အင်အားကြီးတဲ့ နတ်ဆိုးဘုရင်*

*ရှုကျိုးရဲ့ ဘော့စ်က တကယ်ပဲ ကင်းမြီးကောက် လူသတ်သမားလား*

*အခုတလော သူ မောက်မာလာတာ မအံ့ဩတော့ဘူး၊ လတ်စသက်တော့ သူ့အနောက်မှာ ကင်းမြီးကောက် လူသတ်သမား ရှိနေတာကိုး*

*နောက်ဆို ဖျင်အန်းတစ်မြို့လုံးမှာ သူ ဘယ်သွားသွား အေးဆေးပဲ*

“သေဖို့စောင့်နေလိုက်တော့ ဟေ့ကောင်”

ရှုကျိုး ပြုံးလိုက်ပြီး ကင်းမြီးကောက် လူသတ်သမားထံ ပြေးသွားလေသည်။ ထိုအခါ လျန့်ကျစ်ရှန်နှင့် အခြားသူများလည်းက လှောင်ရယ်ကြသည်။

*သူတို့ သေပြီ၊ အဲ့ကောင်တော့ သေပြီပဲ*

*ကင်းမြီးကောက် လူသတ်သမားတောင် ဒီရောက်နေတာ၊ အဲ့ကောင် ဘယ်လောက် အစွမ်းရှိရှိ သူ ဘယ်တော့မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး*

“ဘော့စ် ကျွန်တော့ကို ထိခိုက်အောင် လုပ်ခဲ့တာ အဲ့ကောင်ပဲ၊ ခင်ဗျား ကျွန်တော့ကို ကူညီပြီး သူ့ကို သတ်ပေးပါ”

ရှုကျိုးက ကင်းမြီးကောက် လူသတ်သမားရှေ့ ရောက်သည်နှင့် ယဲ့ဖန်ကို လက်ညှိုးထိုးကာ ခက်ထန်စွာ ပြောလိုက်သည်။ ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်ထံ လှမ်းကြည့်လာပြီး ချက်ချင်း မျက်မှောင်ကြုတ် သွားသည်။ ထို့နောက် တစ်ဖက်လှည့်၍ ရှုကျိုး၏ ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သည်။

“ဘယ်လို”

လူတိုင်း ကြက်သီးမွေးညင်း ထသွားကြလေသည်။

All Chapters