← Chapters

အခန်း ၁၁၆၃

Vol. 78 Ch. 1163

အခန်း ၁၁၆၃

Vol. 78 Ch. 1163

Chapter 1163 ဒီနေ့ သေကိုသေရမယ်

*ရှုကျိုးရဲ့ ဘော့စ် ကင်းမြီးကောက် လူသတ်သမားက ရှုကျိုးကို တကယ်ကြီး ဓားနဲ့ ထိုးသတ်တာလား*

*ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ*

ရှုကျိုး၏ မျက်နှာက ဖြူရော်လာပြီး ကင်းမြီးကောက် လူသတ်သမားအား မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။

“ဘော့စ် ဘာလို့လဲ”

ဘာကြောင့်လဲ ဆိုသည်ကို သူ သိချင်နေသည်။ ဘာကြောင့် ကင်းမြီးကောက် လူသတ်သမားက ဘာတစ်ခွန်းမှ မပြောဘဲ သွေးအေးအေးဖြင့် သတ်ရသနည်း။ သူ ဘာအမှားများ လုပ်မိသနည်း။

ကင်းမြီးကောက် လူသတ်သမားက သူ့ကို ကြည့်၍ ဘွင်းဘွင်း ပြောချလိုက်သည်။

“ငါ့သခင်ကြီး”

“ဟင်”

ရှုကျိုး အံ့ဩသွားသည်။

*ဒါ ဘာအဓိပ္ပာယ်လဲ*

“ငါ့သခင်ကြီး”

ကင်းမြီးကောက် လူသတ်သမားက ထပ်ပြောလာသည်။ သူ့အသံက ပို၍အေးစက်လာ၏။ ရုတ်တရက် ရှုကျိုး တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး အလန့်တကြားဖြင့် ကင်းမြီးကောက် လူသတ်သမား၏ အနောက်ဘက်မှ ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူ့မျက်လုံးတွင် အလွန် မယုံနိုင်သည့် အရိပ်အယောင်များ ထွက်ပေါ် လာလေသည်။

*သခင်ကြီးလား*

*ဒီဆံဖြူကောင်က ကင်းမြီးကောက် လူသတ်သမားရဲ့ သခင်ကြီးလား*

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

သူ့စိတ်ထဲတွင် ကင်းမြီးကောက် လူသတ်သမား၏ သခင်ကြီးက အသက်လေးဆယ်၊ ငါးဆယ်ဝန်းကျင် ရှိသည့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်ဟု ထင်ထားခဲ့မိသည်။

*ဘယ်လိုလုပ် အဲ့လူက လူငယ်အရွယ်ပဲ ရှိသေးရတာလဲ*

ရှုကျိုးက ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် လက်ညှိုးထိုးလိုက်သည်။

“သူက …”

“ငါ့သခင်ကြီး”

ကင်းမြီးကောက် လူသတ်သမားက အေးစက်စွာ ပြော၍ ရှုကျိုး၏ ရင်ဘတ်ကို ဓားဖြင့် ထပ်ထိုးလိုက်သဖြင့် သွေးများ ပန်းထွက်လာပြန်သည်။

လူတိုင်း ခေါင်းထဲ၌ ဗုံးပေါက်သကဲ့သို့ ဖြစ်သွားကြသည်။ အားလုံး၏ မျက်နှာထက်တွင် ထိတ်လန့် ချောက်ချား ဟန်များ ဖြစ်ပေါ်လာသည်။

*ယဲ့ဖန်က ကင်းမြီးကောက် လူသတ်သမားရဲ့ သခင်ကြီး ဖြစ်နေတာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီကောင်က ကျုံးဝမ်ရဲ့ ကပ်စားကောင်‌လေး မဟုတ်ဘူးလား*

*ဘယ်လိုလုပ် သူက ရုတ်တရက်ကြီး ကင်းမြီးကောက် လူသတ်သမားရဲ့ သခင်ကြီး ဖြစ်လာရတာလဲ*

*သူက ဒဏ္ဍာရီ ယဲ့ဘုရင်များလား*

*ယဲ့ဖန်၊ ယဲ့ဘုရင်*

ချက်ချင်းဆိုသလိုပင် လူတိုင်း နားလည်သဘောပေါက်သွားကြပြီး ငိုယိုကြလေသည်။ သူတို့သည် ဖျင်အန်းမြို့ တစ်ခုလုံးတွင် ကြောက်စရာ အကောင်းဆုံးသောသူကို တကယ် ရန်စခဲ့ကြသည် မဟုတ်ပါတကား။

“မင်းက ငါ့သခင်ကြီးကို သတ်လိုက်ဖို့ ငါ့ကို ပြောတယ်ပေါ့ ဟုတ်လား”

ကင်းမြီးကောက် လူသတ်သမားက ရက်စက်စွာ ပြုံးလိုက်ပြီး နောက်ဓားတစ်လက်ဖြင့် ထိုးလိုက်သည်။ ရှုကျိုး၏ ခန္ဓာကိုယ်မှ သွေးစက်များက သိသိသာသာ ဒလဟော စီးကျလာသည်။

ဤနှုန်းနှင့်ဆိုလျင် သူ ငါးမိနစ်အတွင်း တစ်စက်မှ မကျန်အောင် သွေးဆုံးရှုံးသွားလောက်သည်။ ရှုကျိုး၏ နှလုံးသားက ပျက်စီးလုမတတ် ဖြစ်နေပြီး ငိုသံဖြင့် ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ် ဘော့စ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ယဲ့ဖန်၏ နောက်ကြောင်းကိုသာ သူ သိခဲ့ပါက ယဲ့ဖန်ကို ရန်စရဲမည် မဟုတ်ပါ။ သူ စိတ်ပျက်၍ နောင်တရကာ အလွန်အမင်း နောင်တရနေ၏။

သူသာ ယာယီ တိုးတက်လာသော အခြေအနေကြောင့် ကျုံးဝမ်အပေါ် ထိုသို့ မပြုမူခဲ့ပါက ရလဒ်က ပြောင်းလဲနိုင်သည် မဟုတ်ပါလော။ ကျုံးဝမ်က ယဲ့ဘုရင်၏ ချစ်သူ ဖြစ်နေ၏။

“ဒီဘဝကိုတော့ လက်လျော့လိုက်တော့”

ကင်းမြီးကောက် လူသတ်သမားက ဂရုမစိုက်စွာဖြင့် ခေါင်းခါ၍ တစ်လုံးချင်း ပြောလိုက်သည်။

“နောက်ဘဝကျရင်တော့ လူတွေကို မှတ်မိအောင် ကြိုးစားပေါ့”

ထို့နောက် ကင်းမြီးကောက် လူသတ်သမား၏ ဓားမြောင်က ရှုကျိုး၏ လည်ပင်းကို ညင်သာစွာ လှီးဖြတ်သွားသဖြင့် သူ၏ အသက်ဓာတ် ပျောက်ကွယ်သွားလေသည်။

သူ၏ဘုရင်ကို ရန်စရဲလျင် ထိုလူများအတွက် သေလမ်းတစ်လမ်းသာ ရှိပေသည်။ မည်သူ့ကိုမှ ခွင့်လွှတ်မပေးနိုင်ပါ။ ဤမြင်ကွင်းကြောင့် လျန့်ကျစ်ရှန်နှင့် အခြားသူများ သည်းခြေပျက်မတတ် အော်ဟစ်လိုက်မိကြသည်။

*ဒါ ယဲ့ဘုရင်ပဲ*

*လူသတ်လွန်းတဲ့ ယဲ့ဘုရင်*

*ပြီးတော့ ငါတို့အားလုံးက သူ့ကို ရှိသမျှ နည်းလမ်းတိုင်းနဲ့ လှောင်ပြောင်ခဲ့တာ မဟုတ်လား*

*နတ်ဆိုးဘုရင်ကို လှောင်မိတာလေ*

ဤသည်ကို တွေးမိပြီး သူတို့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားကြပြီး တုန်ယင်လာလေသည်။

“ယဲ့ဘုရင် သူတို့ကို ဘာလုပ်လိုက်ရမလဲ”

ကင်းမြီးကောက် လူသတ်သမားက လျန့်ကျစ်ရှန်နှင့် အဖွဲ့အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်၍ လူသတ်ချင်ဟန်ဖြင့် မေးလာသည်။

“သူတို့ ငါ့ကို ပြောတဲ့ပုံကို သဘောမကျဘူး၊ သူတို့လျှာကို ဖြတ်လိုက်”

ယဲ့ဖန်က ရက်စက်စွာ ပြုံးလေသည်။ ထိုစကားကို ကြားသည်နှင့် လျန့်ကျစ်ရှန် မျက်ရည်လည်ရွဲ ဖြစ်သွားကြသည်။

“ငါ့လျှာကို မဖြတ်ပါနဲ့၊ ငါ နင့်နေရာကို ထပ်မလုတော့ပါဘူး၊ ကျုံးဝမ် နင့်ချစ်သူကို ငါ့အသက်ကို ချမ်းသာပေးဖို့ ပြောပေးပါဦး”

လျန့်ကျစ်ရှန် ဒူးထောက်၍ ယဲ့ဖန်နှင့် ကျုံးဝမ်အား ဝပ်တွားခယ၍ တောင်းပန်လေသည်။ ကျုံးဝမ်က လျန့်ကျစ်ရှန်ကို လှည့်မကြည့်ဘဲ ဘေးမှ ဖြတ်လျှောက်သွားသည်။

သူမ ဤအဖြစ်အပျက် ခံစားချက်ကို စိတ်ကုန်နေလေပြီ။ သူမကို အနိုင်ကျင့်သည့်လူများက နောင်တဆိုတာ ဘာလဲ သိလိုက်ည့်အခါတိုင်း အဘယ်ကြောင့် သူတို့ကို ခွင့်လွှတ်ပေးပါရန် ပြောဆိုကြသနည်း။

သူမတို့က ဆင်းရဲနေလို့လား။ ဒါဆို သူတို့ ဝိုင်းပြီး အနိုင်ကျင့်တုန်းက သူမတို့ သနားစရာ ကောင်းမနေခဲ့ဘူးလား။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူမ ယနေ့ လျန့်ကျစ်ရှန်၏ ခြေဖဝါးအောက်၌ နင်းချေခံနေရလောက်သည်။ အလွန် သနားကြင်နာတတ်ခြင်းက မည်မျှ အသုံးမဝင်ကြောင်း ယဲ့ဖန်က သူမကို သင်ပြပေးခဲ့သည်။ သူမ နားလည် သွားလေပြီ။

လျန့်ကျစ်ရှန်နှင့် အခြားသူများ ပို၍ ကျယ်လောင်စွာ အော်ငိုကြလေသည်။ သူမတို့ နောင်တရနေကြသည်။ သူမတို့ ပထမဆုံးအကြိမ် ဝမ်းနည်းလာ၏။

ကျုံးဝမ်၏ ချစ်သူက ဒဏ္ဍာရီလာ ယဲ့ဘုရင် ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိချေ။ ယနေ့ ဟွိုင်အန်း စီရင်စု တစ်ခုလုံး၌ နာမည်ကျော်များ ရှင်းလင်းခံနေရလေသည်။

*သွားပြီ ငါတို့တော့ လုံးဝ သွားပြီ*

ယဲ့ဖန်က ကျုံးဝမ်ကို သဘောကျသော အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် အော်လိုက်သည်။

“လုပ်တော့”

ကင်းမြီးကောက် လူသတ်သမား၏ လူများသည် ချွန်ထက်သော ဓားများကိုကိုင်၍ ပြုံးစစဖြင့် လျန့်ကျစ်ရှန်တို့ထံသို့ လျှောက်သွားလေသည်။ ငယ်သံပါအောင် အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာ၏။

…

“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မက ရှင့်ကို ညစာ လိုက်ကျွေးချင်တာကို ဒီလို ဖြစ်လာမယ်လို့ ထင်မထားမိဘူး”

ကျုံးဝမ်က ကလပ်ထဲမှ ထွက်လာသည်နှင့် တောင်းပန်စကား ပြောလိုက်သည်။ ယဲ့ဖန်က ခေါင်းခါပြလေသည်။

“အစက ငါ ဒီကို စားဖို့ လိုက်လာတာ မဟုတ်ဘူး နောက်ရက်တွေမှာ ကျင်းကျန်းမြို့ကို ငါ သွားဖို့ စီစဉ်ထားတယ်လို့ မင်းကို ပြောပြမလို့လာတာ၊ အဲ့မြို့မှာ ဆေးဝါး ဖော်စပ်ခြင်း ညီလာခံ ကျင်းပမှာလေ၊ အဲ့မှာ ရှားပါးတဲ့ ဆေးဘက်ဝင် ပစ္စည်းတွေ ပြသမယ်လို့ ငါ ထင်တယ်၊ ငါ ပြန်လာရင် မင်းရောဂါကို စကုပေးနိုင်လောက်ပြီ”

“တကယ်လား”

ကျုံးဝမ် ရုတ်တရက် အံ့ဩတကြီး မေးလိုက်သည်။

“ရှင် ဘာလို့ ကျွန်မအပေါ် သိပ်ကောင်းနေရတာလဲ၊ ကျွန်မတို့ တွေ့တာ မကြာသေးဘူးလို့ ထင်တာပဲ”

ယဲ့ဖန် ပြုံးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းက ငါ့မိတ်ဆွေတစ်ယောက်နဲ့ တအား တူတာလေ”

ကျုံးဝမ်၏ အမူအရာက အေးခဲသွားပြီး သူမအပြုံးက သဘောမကျသောပုံသို့ အနည်းငယ် ပြောင်းလဲသွားသည်။

“အဲ့ဒါ ကောင်မလေးလား”

“ဟုတ်တယ်”

ထောက်ခံသော ပြန်အဖြေမျိုး ရလိုက်ပြီးနောက် ကျုံးဝမ်၏ အပြုံးက ပို၍ မချိပြုံးမျိုး ဖြစ်လာရသည်။

“ဒါဆို သူက ရှင့်အတွက် သိပ်အရေးပါမှာပေါ့နော်”

“ဒါပေါ့ သူက ငါ့ဘဝထက်တောင် ပိုအရေးကြီးသေးတယ်၊ သူ့အတွက်ဆို ငါ ဘာမဆို လုပ်ဖို့အသင့်ပဲ”

“တကယ်လား ကျွန်မ သူ့ကိုတောင် အားကျမိတယ်”

ထိုသို့ပြောလာချိန်တွင် ကျုံးဝမ်၏ အဆုံးသတ် စကားသံက မသိမသာ ငိုသံစွတ်နေပြီး သူမနှလုံးသား၌ ခါးသီးမှုများနှင့် ပြည့်နှက်လာသည်။

*အဲ့တစ်ယောက်က အစစ်လေ*

*ငါက အစားထိုးတစ်ယောက်ကလွဲပြီး ဘာမှမပိုပါလား*

အစ၌ ယဲ့ဖန်က သူမကို သဘောကျနေသည်ဟု ထင်ခဲ့သဖြင့် အနည်းငယ် ကျေနပ်အားရမိသည်။ ယခု သူမကသာ အထင်မှားနေခဲ့ပုံ ရသည်။

သူမ၏ ဝမ်းနည်းသွားသော အမူအရာက ယဲ့ဖန်၏ မြင်ကွင်းထဲသို့ ထင်းခနဲ ဝင်လာပြီး ယဲ့ဖန် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

*သူနဲ့မင်းက တစ်ယောက်တည်းပဲဆိုတာကို ငါ မင်းကို ဘယ်လို ရှင်းပြရမလဲ*

ယဲ့ဖန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ ယခု ကျုံးဝမ်က ငရဲဘုံမှ မှတ်ဉာဏ်များကို ပြန်သတိမရသေးပေ။ ထို့ကြောင့် သူ ပြောပြ၍ မဖြစ်သေးချေ။

“မင်း သီချင်းပြန်ဆိုရမယ်ဆိုရင် ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ”

ယဲ့ဖန် ရုတ်တရက် မေးလိုက်သည်။

“ရှင် မေးစရာလိုသေးလို့လား၊ ကျွန်မ ဟွာယုတေးသံ ကုမ္ပဏီကို ပြန်သွားပြီး သီချင်းဆက်ဆိုမှာပေါ့”

ကျုံးဝမ်က အပြုံးဖြင့် ပြန်ဖြေလေသည်။ ဟွာယုတေးသံ ကုမ္ပဏီသည် ကျုံးဝမ်၏ အရင်အေဂျင်စီ ဖြစ်သည်။ သို့သော် သူမ အသံပျောက်သွားကတည်းက သူမစာချုပ်ကို တန်း၍ ဖျက်သိမ်းခဲ့သည်။

“ဟွာယုတေးသံလား”

ယဲ့ဖန် အေးစက်ခက်ထန်စွာ ပြုံးလိုက်မိသည်။ ကျုံးဝမ် ယနေ့ အခြေအနေသို့ ကျရောက်ခဲ့သည့် အကြောင်းရင်း၌ ဟွာယုတေးသံ ကုမ္ပဏီ၏ ထောက်ခံမှုများစွာ ပါ၏။

နောက်ကွယ်မှ လှုပ်ရှားမှု အသေးစားလေးများကိုတောင်မှ ကျုံးဝမ် မသိပေ။ ထိုသူများသည် စဉ်းလဲကောက်ကျစ်၍ မျက်နှာများသည်။

“ငါ့ကို ဟွာယု တေးသံကုမ္ပဏီဆီ ခေါ်သွားလို့ရလား၊ အမှန်အတိုင်း ပြောရရင် ဒီလိုဖျော်ဖြေရေး ကုမ္ပဏီမျိုးကို ငါ တော်တော်‌လေး စိတ်ဝင်စားတာ”

ယဲ့ဖန်၏ အပြုံးက တဖြည်းဖြည်း ခက်ထန်၍ ထူးဆန်လာသည်။ နတ်ဆိုးဘုရင်တစ်ယောက်၏ အပြုံးနှင့်တူလာပြီး လူအများအား တုန်ယင်လာစေနိုင်သည်။

ကျုံးဝမ်သည် သူ ဂရုအစိုက်ဆုံးလူများထဲမှ တစ်ယောက် ဖြစ်သည်။ သူမအပေါ် ခက်ခဲအောင် လုပ်သည့် မည့်သူကိုမဆို သူကလည်း ပြန်လည်၍ အခက်တွေ့အောင် လုပ်မည်ပင်။

*ဟွာယုတေးသံ မင်းတို့ ဒီနေ့ သေကိုသေရမယ်*

All Chapters