← Chapters

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အခန်း ၁၁၆၆

Vol. 78 Ch. 1166

Chapter 1166 စိုစွတ်တာလား

ယဲ့ဖန်နှင့် ကျုံးဝမ်တို့ အဆောက်အဦးထဲမှ ထွက်လာစဉ်တွင် မိုးပေါ်မှ တစ်စုံတစ်ရာ ပြုတ်ကျလာသကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ သူတို့သည် လှည့်ကြည့်စရာပင် မလိုဘဲ ဘယ်အရာ ပြုတ်ကျလာသလဲ သိလိုက်ကြသည်။

ကျန်းဟောင်ထင်သည် မသေဆုံးခင်အထိ တောက်လျှောက် နောင်တရနေခဲ့သည်။ အကယ်၍ သူသာ ဟွာယုတေးသံ ကုမ္ပဏီကို အသာတကြည် လွှဲပေးခဲ့လျင် သူ ဘာမှမရှိတော့သည်အထိ ဖြစ်နိုင်ပါ့မလား။ အကယ်၍ ဟူသော အဖြစ်က တကယ် ဖြစ်မလာတော့သည်က စိတ်မကောင်းစရာပင်။

“ယဲ့ဖန် ရှင် ကျွန်မကို ဘယ်နှစ်ကြိမ် ကူညီပေးနေမှာလဲ”

ကားထဲတွင် ကျုံးဝမ်က ရီဝေနေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။ ဤအချိန်အတိုင်းအတာအတွင်း ဖြစ်ပျက်သွားခဲ့သမျှက သူမအတွက် ထူးခြားဆန်းကြယ်လွန်းသည်။

ယဲ့ဖန်သည် သူမအား ထပ်ခါထပ်ခါ ကူညီခဲ့သော်လည်း မည်သည့် လွန်လွန်ကျူးကျူး တောင်းဆိုမှုမျိုးကိုမှ မပြုလုပ်ခဲ့ချေ။

မိမိအလှကို ကျုံးဝမ် ကောင်းကောင်း သိပါသည်။ ထို့အတူ ဤလူ၏ စိတ်ကိုလည်း သူမ ရိပ်မိသည်။ သူမကို သူ အကြိမ်ပေါင်းများစွာ ကူညီခဲ့ပြီး သူ့နေရာ၌ အခြားယောကျ်ားများသာဆိုပါက သူမကို တောင်းဆိုမှုများ စလုပ်နေ လောက်သည်။

သို့သော် ယဲ့ဖန်ကမူ အစမှအဆုံးတိုင် သူမလက်ကို ကိုင်ဖို့ပင် စိတ်ကူးမရှိခဲ့ပေ။ အစတွင် သူမက ယဲ့ဖန်၏ ရည်းစားဟောင်းနှင့် တူနေသောကြောင့် သူမအပေါ် သူ ကောင်းကောင်းမွန်မွန် ဆက်ဆံသည်ဟု ထင်ခဲ့မိသည်။

သို့သော် သူမ သေချာစဉ်းစားကြည့်ပြီးနောက် သူမက ယဲ့ဖန်၏ ရည်းစားဟောင်းနှင့် တကယ် ဆင်နေလျင်တောင်မှ ယဲ့ဖန် ထပ်ခါထပ်ခါ မကူညီလောက်ဟု တွေးမိသွားသည်။

“ငါ မင်းထဲ စိုစွတ်အောင် လုပ်တဲ့အထိ ကူညီမှာပါ”

ဘေးခုံမှ ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အသာပြောလိုက်သည်။

“ကျွီ”

ကားက လမ်းဘေးမြောင်းထဲသို့ ထိုးကျလုနီးပါး ဖြစ်သွားရပြီး ကျုံးဝမ်၏ မျက်နှာလေးက ချက်ချင်း နီမြန်းလာ၏။ ယဲ့ဖန်က သူမကို ပြုံးတုံ့တုံ့ဖြင့် ကြည့်နေလေသည်။

“မင်း စိတ်လှုပ်ရှားသွားတာလား”

ကျုံးဝမ် မနည်းကို တံတွေးမျိုချလိုက်ရပြီး ပြောစရာစကား ရှာမတွေ့လောက်အောင်ကို ဖြစ်သွားရသည်။

*မြတ်စွာဘုရား*

*ငါ့ထဲမှာ စိုစွတ်တဲ့အထိတဲ့လား*

ထိုအခိုက်တွင် သူမ ရင်တဒိန်းဒိန်း ခုန်နေပြီး အလွန်အမင်း ရှက်ရွံ့သလို ခံစားမိနေသည်။

*ဒီလူကတော့လေ … ဘာလို့ သူက တအား တဲ့တိုးဆန်ရတာလဲ*

*သူက အရှက်မရှိတဲ့ လူရမ်းကားပဲ*

*သူ ဒါမျိုးကို ဘယ်လိုတောင် ပြန်ဖြေနိုင်ရတာလဲ*

ကျုံးဝမ် ချက်ချင်း စိတ်ဆိုးချင်ယောင်ဆောင်လိုက်သော်လည်း သူမ စိတ်ထဲ၌ အလွန် ရှက်ရွံ့နေမိသည်။

“မင်း မနေကောင်းဘူးလား၊ ဒါမှမဟုတ် မဟုတ်တာတွေ တွေးနေတာလား၊ ဘာလို့ မျက်နှာကြီး နီနေတာလဲ”

ယဲ့ဖန်က ပြုံးစစနှင့် စနောက်လေသည်။ လက်ရှိတွင် မျောက်ဖင်နီ၏ တင်ပါးကဲ့သို့ မျက်နှာနီမြန်းနေသော ကျုံးဝမ်သည် ချစ်စဖွယ်ကောင်းလွန်းလှပြီး လှပလွန်းလှသည်။

“ကျွန် … ကျွန်မ ရှင့်ကို စိတ်ဆိုးနေတာ”

ကျုံးဝမ် အလျင်အမြန် ပြန်ငြင်းဆိုလိုက်သည်။

“ဒါဆို မင်းနှလုံးခုန်သံက ဘာလို့ ဒီလောက် မြန်နေရတာလဲ”

ယဲ့ဖန်က ပြောင်စပ်စပ်ဖြင့် မေးလေသည်။

“ဘာ … ရှင် လူတွေရဲ့ နှလုံးခုန်သံကိုပါ ကြားရတာလား”

ကျုံးဝမ် တုန်လှုပ်သွားပြီး မယုံသင်္ကာဖြင့် မေးလိုက်သည်။ သူ့စကားက သူမကို ကူကယ်ရာမဲ့အောင် လုပ်နေသည် မဟုတ်ပါလော။

“ငါက ဆရာတစ်ဆူဆိုတာ မင်း မသိဘူးလား”

ယဲ့ဖန်၏ အပြုံးက ပို၍ ရွှတ်နောက်နောက်ပုံ ပေါက်လာသည်။

“နှလုံးခုန်သံအပြင် ငါ ထူးဆန်းတဲ့ ရနံ့တစ်ခုပါ ရနေတာ”

“ဘာအနံ့လဲ”

ကျုံးဝမ် ချက်ချင်း စိုးရိမ်ပူပန်လာသည်။

“အမျိုးသမီးတစ်ယောက်ရဲ့ လျှို့ဝှက်နေရာက ချွေးထွက်လာရင် ထွက်လာတဲ့ အနံ့ပေါ့၊ အဲ့ဒါကို များသောအားဖြင့် … စိုစွတ်တယ်လို့ ခေါ်ကြတာပဲ”

*စိုစွတ်တယ်*

*လျှို့ဝှက်နေရာ*

ကျုံးဝမ် ကြက်သေ သေသွားသည်။

“အား …”

“ရှင် ရူးနေပြီ”

ထို့နောက် သူမ ကားဘရိတ်ကို ဆောင့်နင်း၍ တစ်ဖက်လှည့်ကာ ယဲ့ဖန်၏ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ထုလေသည်။

*အရှက်မရှိဘူး*

*လူရမ်းကား*

*လူဆိုး*

*ဘာလို့များ သူ ဒီလောက် တဲ့တိုး ပြောရဲရတာလဲ၊ အရမ်း နှာဘူးကျတာပဲ*

*ဘယ်သူက အနံ့ထွက်နေလို့လဲ၊ ဘယ်သူက စိုနေလို့လဲ*

“ဟားဟားဟား …”

ယဲ့ဖန် မျက်ရည်ထွက်လုနီးပါး အော်ရယ်လိုက်ပြီး သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။

“ပြဿနာမရှာနဲ့တော့၊ နောက်ရက်ပိုင်းအတွင်း ငါ ဖျင်အန်းမြို့က ထွက်သွားတော့မှာ”

“တစ်ခါတည်း အသက်ပါ ထွက်သွားလိုက်”

ကျုံးဝမ် စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲလေသည်။

“ငါ မင်းအတွက် သေရဲပါတယ်”

ယဲ့ဖန် တမင်တကာ ထိုသို့ပြန်ပြောလိုက်သည်။

“ဘာ …”

သူ့စကားကြောင့် ကျုံးဝမ် သွေးပျက်သွားလေသည်။

“ကျင်းကျန်းမြို့က ဆေးဖော်စပ်ခြင်း ညီလာခံ ကျင်းပတော့မှာ၊ ငါ အဲ့ကိုသွားပြီး မင်းနဲ့ သင့်တော်တဲ့ ဆေး ရှိ၊ မရှိ သွားကြည့်မလို့”

“အန္တရာယ်များတယ်ဆိုရင် မသွားပါနဲ့”

ကျုံးဝမ် ခပ်သွက်သွက် ခေါင်းခါ၍ မချိပြုံးလေး ပြုံးလိုက်သည်။

“အစကတည်းက ဒါ ရှင့်ပြဿနာမှ မဟုတ်တာ”

သူမအတွက်နှင့် ယဲ့ဖန်ကို မသေစေချင်ပါ။

“ငါ မသွားရင် မင်း သေသွားလိမ့်မယ်လေ”

“ဒါပေမဲ့ ရှင် သွားလို့ ရှင် သေသွားရရင် ကျွန်မ မသေဘဲ ရှိနေမှာမို့လို့လား၊ အဲ့လိုဆို နှစ်ယောက်လုံး သေသွားမှာပေါ့”

ကျုံးဝမ် ရှက်ကိုးရှက်ကန်း ထပ်ပြုံးလိုက်မိသည်။

“ဒါဆို ငါ မသေဘူးလို့ မင်းကို ကတိပေးတယ်၊ ငါ ပြန်မလာမချင်း မင်း အန္တရာယ်ကင်းအောင် နေပါ့မယ်လို့ မင်း ငါ့ကို ကတိပေးပါ၊ ဟုတ်ပြီလား”

ယဲ့ဖန် ကျုံးဝမ်ကို မျှော်လင့်တကြီး ကြည့်နေလိုက်သည်။ ကျုံးဝမ် အံ့ဩသွားရသည်။ သူမ ငြင်းချင်ခဲ့သော်လည်း ယဲ့ဖန်၏ မျက်လုံးကို ကြည့်ပြီး ဘာကြောင့်မှန်းမသိဘဲ ငြင်းရန် သတ္တိမရှိတော့ချေ။ နောက်ဆုံးတွင် မတတ်သာဘဲ သူမ ခေါင်းညိတ်ပြလိုက်မိသ်ည။

“ငါ နောက်တစ်ခါ ပြန်လာတဲ့အချိန်ကျရင် မင်း ငါ့ကို စိုနေတာလေး ထပ်ပြပေါ့”

“ဟင်”

ကျုံးဝမ် အံ့ဩသွားပြီးမှ သူ့မျက်နှာလေး ပြန်နီလာရသည်။ သူမ ရန်ဖြစ်ရန် လက်ကို မြှောက်လိုက်သော်လည်း သူမဘေးမှ ယဲ့ဖန်က ဘာအစအနမှ မရှိအောင် ပျောက်သွားကြောင်း တွေ့လိုက်ရသည်။

“ဟားဟားဟား …”

သူ၏ ညစ်ကျယ်ကျယ် ရယ်သံသာ လေထုထဲ၌ လွင့်ပျံနေ၏။

“သေလိုက်ပါလား”

ကျုံးဝမ် စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲသော်လည်း ချိုသာစွာ ပြုံး၍နေလေသည်။

….

ထိုညတွင် ယဲ့ဖန် ကျင်းကျန်းမြို့သို့ ထွက်လာလိုက်သည်။ ကျန်းမိသားစုသည် ဆေးဘုရင်တောင်ကြား၏ အခွဲတစ်ခု ဖြစ်လေသည်။ လက်ရှိတွင် ထိုနေရာ၌ ဆေးဖော်စပ်ခြင်း ညီလာခံကို ကျင်းပမည် ဖြစ်သည်။

မနက်စောစော၌ ယဲ့ဖန် ထိုနေရာသို့ ရောက်လာသောအခါ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ အနယ်နယ် အရပ်ရပ်မှ ဆေးဆရာများနှင့် သိုင်းပညာရှင်များအားလုံး ဤနေရာ၌ စုဝေးနေကြလေသည်။

“အရှေ့က ငတုံးကောင် လမ်းဖယ်စမ်း”

ထိုသို့သောအချိန်၌ ယဲ့ဖန်၏အနောက်မှ ဆဲရေးတိုင်းထွာသော စကားသံ ထွက်ပေါ်လာ၏။ ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ လူတစ်စု ခပ်သွက်သွက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

သူတို့အားလုံးသည် တူညီဝတ်စုံများ ဝတ်ဆင်ထားပြီး အားလုံးက မောက်မာ၍ အထက်စီးဆန်ပုံ ပေါ်သည်။ သူတို့ပုံစံက ကောင်းကင်ဘုံ ဧကရာဇ်ကိုပင် မျက်နှာသာပေးမည့်ပုံ မပေါ်ချေ။

ထို့အပြင် ထိုလူများသည် အနောက်မှနေ၍ အတင်း ကြားဖြတ်နေပြီး လမ်းတစ်လျှောက်မှ လူများကို တွန်းဖယ်နေသဖြင့် လူတိုင်း ဒေါသထွက်သွားကြသည်။

သို့သော် အတွန်းခံရသည့် သိုင်းပညာရှင်များသည် ထိုလူများ၏ ဝတ်စုံကို မြင်သည်နှင့် ငြိမ်နေရန်သာ ရွေးချယ် လိုက်လေသည်။ သူတို့ စိတ်မတိုရဲကြချေ။

ယဲ့ဖန်ကလည်း သူတို့ရှေ့၌ ရပ်နေလေသည်။ ဆဲဆိုလိုက်သောလူသည် အရှေ့မှ ဦးဆောင်လာသည့် စိတ်ဆိုးနေသော မျက်နှာထားနှင့် အမျိုးသမီး ဖြစ်သည်။

“ဟဲ့ကောင် နင် နားကန်းနေလား၊ နင့်ကို ထွက်သွားဖို့ ဒီသခင်မလေး ပြောနေတယ်လေ၊ နားမလည်ဘူးလား”

ကျန်းယုရုန် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူမပုံစံက အနည်းငယ် စိတ်ပျက်နေပုံ ပေါ်သလို သူမရှေ့၌ ရပ်နေရဲသည့် လူကို ပထမဆုံးအကြိမ် မြင်လိုက်ရသဖြင့် အံ့ဩနေပုံလည်း ပေါ်သည်။ ယဲ့ဖန်က အေးတိအေးစက် ပြုံး၍ ပြန်ပြောလိုက်သည်။

“ငါ နားမကန်းပါဘူး၊ ငါ ခွေးဟောင်သံကို နားမလည်ရုံပဲ ရှိတာ”

“နင်ကများ ငါ့ကို ခွေးလို့ ပြောရဲတယ်လား”

ကျန်းယုရုန် မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။ ဂိုဏ်းချုပ်သမီး ဖြစ်သောကြောင့် သူမသည် တစ်နေ့နေ့၌ တစ်စုံတစ်ယောက်က သူမကို ဤသို့ ပြောလာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။

ရုတ်ချည်းဆိုသလိုပင် သူမမျက်နှာအမူအရာက ခက်ထန် ကြမ်းကြုတ်လာ၏။

“ငါ့အတွက် ဒီကောင့်ကို သတ်ကြစမ်း၊ သူ့ကို အရင် အရေခွံနွှာပြီးမှ ရိုက်ချိုးပစ်၊ သူ နောက်တစ်ခါ မာန်မတက်ရဲ လောက်အောင် ဖြစ်သွားစေချင်တယ်”

ကျန်းယုရုန် ဆွေ့ဆွေ့ခုန်နေ၏။ ဤလူက သူမလမ်းကို ပိတ်သည့်အပြင် သူမကိုလည်း ပြောဆိုရဲသေးသည်။ သူ သေကိုသေရပေမည်။ ကျင်းကျန်းတစ်မြို့လုံး၌ သူမကို ဤသို့ ဆက်ဆံရဲသူ မရှိပါ။

“ညီလေး သူရဲကောင်းတစ်ယောက်ဆိုတာ ချက်ချင်း ဆုံးရှုံးမှုနဲ့ မရင်ဆိုင်သင့်ဘူး၊ မင်း ဒါကို မြန်မြန် စိတ်လျှော့ လိုက်သင့်တယ်၊ ဒီအမျိုးသမီးကို မင်း သွားရန်စလို့ မရဘူးလား”

အနားမှ လူငယ်တစ်ယောက်က ယဲ့ဖန်ကို သတိပေးလာ၏။

*ရန်မစနိုင်ဘူးတဲ့လား*

ယဲ့ဖန်က ရယ်မော၍ အထင်သေးစွာ ပြုံးလိုက်သည်။

“ဒါဆို ငါ ရန်စကြည့်ရတာပေါ့”

ဤလောကတွင် သူ ရန်မစနိုင်သူဟူ၍ မရှိပေ။

“အေး အေး ကောင်းတယ်၊ ငါ ခဏနေရင် နင့်ကို အရေခွံနွှာပြီး ရိုက်ချိုးပစ်မယ်၊ နင် မာနကြီးနေဦးမလား ကြည့်ရ သေးတာပေါ့”

ကျန်းယုရုန်၏ မျက်နှာက ဒေါသကြောင့် နီမြန်းလာသည်။ နာမည်ပင်မသိသော ဤလူအား သူမ အလောင်း အပြည့်အစုံနှင့်ပင် မသေစေချင်ပါ။ ထို့‌နောက် သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သတ်လိုက်”

All Chapters