← Chapters

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အခန်း ၁၁၇၇

Vol. 79 Ch. 1177

Chapter 1177 မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ

ထို့နောက် ညာလက်ရုံး စောင့်ရှောက်သူသည် ယဲ့ဖန်၏ လက်ထဲ၌ ကိုယ်နှစ်ခြမ်း ပြတ်သွားလေတော့သည်။ အစမှ အဆုံးတိုင် သူ ခုခံနိုင်စွမ်း မရှိခဲ့ပေ။ လူတိုင်း ဤမြင်ကွင်းကြောင့် သွေးပျက်သွားကြသည်။

ညာလက်ရုံး စောင့်ရှောက်သူသည် အလွနန် အင်အားကြီးလှသည်။ သိုင်းပြိုင်ပွဲများ၌ သူသည် လူပေါင်း သုံးဆယ့်တစ်ယောက်ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး ဆယ့်လေးယောက်ကို သတ်ကာ လူဆယ့်ခုနစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ ထိုလူများအားလုံးသည် ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေကြသည့် လူများ ဖြစ်ကြလေသည်။

သူ၏ သိုင်းအဆင့်သည် ဈာန်ဝင်စားခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ပြီးနေသည်။ အဆုံးသတ်၌ သူက ယဲ့ဖန်၏ လက်ထဲတွင် စက္ကန့်ပိုင်းအတွင်း သေဆုံးသွားရသည်တဲ့လား။

သူတို့ အိပ်မက်များ မက်နေကြသည်လား။ သူတို့၏ နားလည်နိုင်စွမ်းအရဆိုလျင် ချက်ချင်း အသတ်ခံရခြင်း ခံရပါက ယဲ့ဖန်သည်သာ ညာလက်ရုံး စောင့်ရှောက်သူ၏ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံရသင့်ပေသည်။ လက်ရှိအဖြစ်က သူတို့အား သွေးပျက်ချောက်ချားသွားစေ၏။

*မယုံနိုင်စရာပဲ*

*ယဲ့ဖန်က မယုံနိုင်စရာပါလား*

ထိုစဉ် ကျန်းယုရုန်သည် စိတ်ဖောက်ပြန်မတတ် ကြောက်ရွံ့နေလေပြီ။ ပူနွေးသော သွေးစက်များက သူမမျက်နှာကို လာစဉ်သည့်အပြင် အော်ဂလီဆန်သော အနံ့ဆိုးများကလည်း စူးရှစွာ ပျံ့လွင့်နေသည်။ ညာလက်ရုံး စောင့်ရှောက်သူက ဤသို့ သေသွားရလိမ့်မည်ဟု သူမ ထင်မထားမိပေ။ ထို့အပြင် သေသွားသည်ကလည်း သူမဘေး၌ သေသွားရသည်။

အကယ်၍ ယဲ့ဖန်သာ သူမကိုပါ သတ်လိုက်ချင်ပါက အိတ်ထဲကို လက်နှိုက်သကဲ့သို့ အသာလေး သူ့လက်ဖြင့် ထိုးဖောက်လိုက်ရုံပင်။ သို့သော် ယဲ့ဖန်က ထိုသို့မလုပ်ပေ။

ဤနတ်ဆိုးက သူမကို လွယ်လွန်းသည်ဟု သတ်မှတ်ထားကြောင်း ကျန်းယုရုန် နားလည်သွားလေသည်။ ထို့အပြင် သူမကို မသတ်လိုက်ရသည့် အကြောင်းရင်းက သူမကို ပျက်ရယ်ပြုချင်၍သာ ဖြစ်သည်။ သူမကို ကြောက်စိတ်နှင့် မျှော်လင့်ချက်မဲ့သော ခံစားချက်တို့အား ခံစားသိမြင်စေချင်၍ ဖြစ်လေသည်။

အစ၌ သူမသည် ယဲ့ဖန်အား သူမအား လာရှုပ်လျင် မည်သို့ ဖြစ်လာမလဲဆိုသည်ကို သိစေချင်ခဲ့သည်။ သို့သော် ယခုအခါ၌ သူမကိုယ်တိုင်က ယဲ့ဖန်ကြောင့် ကြောက်လန့်နေရ၏။

သူမ ယဲ့ဖန်ကို ပြန်လာရှာခဲ့သည်ကို နောင်တရစ ပြုလာသည်။ မကောင်းသော ခံစားချက်က သူမကို ဝါးမျို လာသည်။ ထိုစဉ် ယဲ့ဖန်က ဘယ်လက်ရုံး စောင့်ရှောက်သူကို လက်ညှိုးထိုးလာပြီး မချိုမချဉ်ပြုံး၍ ပြောလိုက်သည်။

“နောက်သေရမယ့်လူက ခင်ဗျားပဲ”

လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

*မောက်မာလိုက်တာ*

*အထင်သေးလွန်းတယ်*

*နဂါးက ပုရွက်ဆိတ်တွေကို အထင်သေးသလို ကြည့်နေတဲ့ပုံမျိုး*

စောင့်ရှောက်သူကျူး၏ မျက်နှာက ပြာနှမ်းသွားပြီး သူ့မျက်လုံးတွင် အဆုံးအစမဲ့သော မုန်းတီးမှုများ ထင်ဟပ်လာသည်။

*ငါ ဘယ်တုန်းက ဒီလိုမျိုး စော်ကားခံရလို့လဲ၊ တော်တော် အထင်သေးတာပဲ*

“သောက်ပုရွက်ဆိတ်ကောင် ဒါ အလစ်ဝင်တိုက်လို့ နိုင်သွားရုံ သက်သက်ပဲ၊ မင်းတစ်ယောက်တည်းကို အခါတစ်သောင်းမက သတ်ပစ်လို့ ရတယ်”

ကျူးဟူဖာက ကျယ်လောင်စွာ မာန်မဲလေသည်။ သူသည် ခြေကိုဆောင့်လိုက်ပြီး ယန်စွမ်းအင်များကို နှိုးဆွလိုက်ကာ တစ်ကိုယ်လုံး ရွှေရောင်သန်းသွားသည်။

ဤသည်ကိုမြင်ပြီး အားလုံး မျက်လုံး အရောင်တောက် သွားကြသည်။ အစောပိုင်းက ယဲ့ဖန်သည် အလစ်ဖမ်း၍ တိုက်ခိုက်သောကြောင့်သာ ညာလက်ရုံး စောင့်ရှောက်သူကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ဘယ်လက်ရုံး စောင့်ရှောက်သူက အားကုန်ထုတ်သုံးလာလျင် သူ့အား သတ်နိုင်မှာ သေချာပေသည်။

ကျူးဟူဖာ၏ ထွက်ပေါ်လာသော ယန်စွမ်းအင်က ထိတ်လန့်စရာကောင်းလွန်းလှပြီး မနှိုင်းယှဉ်နိုင်သော ခွန်အားကြောင့် သူတို့အားလုံး ကြောက်ရွံ့သွားကြသည်။ ၎င်းက အရာအားလုံးကို ဖိနှိပ်နိုင်သည့်ပုံပင်။

“ဟားဟား …”

ယဲ့ဖန်က ထရယ်လေသည်။ သူ ထိုသို့ရယ်လိုက်ချိန်တိုင်း တစ်ယောက်ယောက်က သေရစမြဲပင်။ တအုန်းအုန်း မြည်သံများ ထွက်ပေါ်လာပြီး ကြယ်တာရာများ စုဝေးလာ၏။ ကြယ်တာရာများ စုဝေးလာပြီးနောက် ကြယ်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယဲ့ဖန် ဘေးနားမှ လေဟာနယ်က ကျစ်လျစ် သိပ်သည်းလာ၏။

ရုတ်တရက် ကောင်းကင်တာအိုနှင့် ဥပဒေသများ စုစည်းလာသည်။ သူသည် နဂါးငွေ့တန်းထဲမှ လျှောက်လာ‌‌သော ထိပ်သီး နတ်ဘုရားလိုပင်။

ကြမ်းတမ်းခက်ထန်သော ဘယ်လက်ရုံး‌ စောင့်ရှောက်သူနှင့် မတူခြားနားလှသည်။ သူ့ပုံစံက အရာအားလုံးကို လွှမ်းမိုးနိုင်ပုံ ရသည်။

လူတိုင်း အသက်ရှူမှားသွားကြသည်။ သူတို့၏ မျက်နှာထက်တွင် အကြောက်တရားများ ပြည့်နှက်လာ၏။

*ယဲ့ဖန်က အသက်နှစ်ဆယ်စွန်းစွန်းပဲ ရှိသေးတာကို ဘာလို့ ဒီလောက် သန်မာနေရတာလဲ၊ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအားမျိုး ရှိနေတာလဲ*

*ကောင်းကင်ဘုံကို ဖိနှိပ်နိုင်ပြီးတော့ နတ်ဘုရားနဲ့ မိစ္ဆာတွေကို ဒူးထောက်ခိုင်းနိုင်သလိုပဲ*

ဤသည်က သူတို့အား ဒူးထောက်၍ ဝပ်တွားစေလိုသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။ သူတို့၏ ကိုယ်ပေါ်သို့ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ အသက်မရှူနိုင်အောင် ဖြစ်လာစေ၏။ လူတိုင်း မြင်နေရသည့် အရာကို မယုံနိုင် ဖြစ်နေကြသည်။

စောင့်ရှောက်သူကျူးတောင်မှ နှေးကွေးလေးလံသလို ခံစားလိုက်ရပြီး သူ့စိတ်ထဲ၌ သွေးပျက်သလို မခံစားဘဲ မနေနိုင်ပေ။

အလွန် ဆိုးရွားသော မရဏ အငွေ့အသက်က သူ့ဘေးနား၌ ရစ်ဝဲနေသည်ဟု ခံစားမိကာ တစ်ကိုယ်လုံး မတုန်လှုပ်ဘဲ မနေနိုင်ပါ။

*ဒါ ဘာကြီးလဲ*

ဘယ်လက်ရုံး စောင့်ရှောက်သူ ရင်တဒိန်းဒိန်း ခုန်လာပြီး မိုးပြိုမတတ် မကောင်းသော ခံစားချက်မျိုး ရလာရသည်။ ထိုစဉ် တည်ငြိမ်၍ ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်ပုံရသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“ဖြိုခွင်းခြင်း လက်ချောင်း”

ယဲ့ဖန် လက်ညှိုးထိုးလိုက်သည်။ ထိုအခါ လေဟာနယ် အက်ကွဲလာပြီး စွမ်းအင်အမျှင်တစ်သောင်းက တစ်ခုတည်း အဖြစ် စုစည်းလာပြီး ကောင်းကင်တာအိုပင် ပျက်စီးမတတ် တုန်ခါလာသည်။ တားဆီးမရနိုင်သော စွမ်းအင်များက ဘယ်လက်ရုံး စောင့်ရှောက်သူထံ လွင့်ပျံ့လာလေသည်။

ထိုအခါ ပထဝီမြေကြီးက လှုပ်ခါလာပြီး လေဟာနယ် အက်ကွဲလာသည်။ ပြင်းထန်သော စွမ်းအင်များက ဘယ်လက်ရုံး စောင့်ရှောက်သူထံ ကျရောက်လာ၏။

“ဂျွတ် ဂျွတ် ဂျွတ်”

ကြောက်စရာကောင်းသည့် အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ အရိုးများက ဖြည်းဖြည်းချင်းစီ ကျိုးကြေလာသည့်ပုံပင်။

တစ်ခဏအတွင်းမှာပင် ဘယ်လက်ရုံး စောင့်ရှောက်သူသည် ကြောက်လန့်စိတ်များ ပြည့်နှက်နေသော မျက်နှာထားဖြင့် အရှေ့သို့ ဘုန်းခနဲ လဲကျသွားသည်။

*မဖြစ်နိုင်ဘူး*

*လုံးဝ မဖြစ်နိုင်ဘူး*

လူတိုင်း ဤမြင်ကွင်းကိုကြည့်ပြီး ကြက်သေ သေသွားကြသည်။ အားလုံးက တစ်ခဏလေးပဲ ကြာမြင့်သည်။ ကျူးဟူဖာ၏ ခြေထောက်သည် လုံးဝ ပျက်စီးနေပြီး ကိုယ်တစ်ဝက်တစ်ပျက်သာ ရှိတော့သည်။

*ယဲ့ဖန်က တစ်ချက်တည်း ဖျက်စီးလိုက်တာ*

*ကြောက်စရာကောင်းတယ်*

*ကြောက်စရာ ကောင်းလွန်းတယ်*

*ယဲ့ဖန်က နတ်ဆိုးလိုပဲ*

သူတို့၏ မျက်နှာတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေပြီး ယဲ့ဖန်၌ ဤသို့သော ထူးဆန်း၍ ကြောက်စရာ ကောင်းသော နည်းလမ်းများ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားကြချေ။

*လက်ချောင်း တစ်ချောင်းတည်းနဲ့ ဘယ်လက်ရုံး စောင့်ရှောက်သူက လုံးဝ ပျက်စီးသွားတယ်*

*လက်ချောင်းတစ်ချောင်းနဲ့ ရှင်းပစ်လိုက်တာ*

*မယုံနိုင်စရာပဲ*

လက်ရှိတွင် ယဲ့ဖန်၏ အမူအရာက မောက်မာဆဲဖြစ်ပြီး မျက်လုံးများက တောက်ပနေကာ ကျူးဟူဖာအား ပုရွက်ဆိတ်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။ ထိုအကြည့်က ကျူးဟူဖာကို ပို၍ မုန်းတီးစိတ် ဖြစ်ပေါ်လာစေ၏။

“ငါ့ကို အသေသတ်ချင်တယ်ပေါ့၊ အသေသတ်ချင်နေတာလား၊ စိတ်ကူးယဉ်နေလိုက်၊ အိပ်မက်ထဲမှာပဲ ရမယ်ကွ”

သူ စူးရှစွာ ကြုံးဝါးလိုက်ပြီးနောက် ယန်စွမ်းအင်များကို နှိုးဆွကာ ပြင်းထန်သော အဖျက်စွမ်းအင် ရှိသည့် ရာချီသော ယန်ချီမျှင်စုအဖြစ် ပြောင်းလဲလိုက်ပြီး ယဲ့ဖန်ထံသို့ ပစ်လွှတ်လိုက်သည်။

*ယန်စွမ်းအင်ကို နှိုးဆွပြီးတော့ ချီမျှင်စုအဖြစ် ပြောင်းလဲတာလား*

လူတိုင်း ထိတ်လန့်သွားသည်။

*ဒါ ဘယ်လိုတောင် အတွေ့အကြုံ ရင့်သန်ပြီး တိုးတက်နေတာလဲ*

*ဒါကို ဈာန်ဝင်စားခြင်းအဆင့်ရဲ့ အပြင်းဆုံး တိုက်ကွက်လို့ ပြောလို့ရလောက်တယ်*

*ကြမ်းတမ်းတယ်*

*ပြိုင်ဘက်ကင်းတယ်*

သို့သော် ယဲ့ဖန်က ပျက်ရယ်ပြု၍ ဒုတိယမြောက် လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။

“လက်နှစ်ချောင်းနဲ့ နတ်ဘုရားတွေကို ဖျက်ဆီးမယ်”

သူမတူသည့် နတ်ဆိုးစွမ်းအင်များ ချက်ချင်း ဖွဲ့စည်းလာပြီး ကောင်းကင်တာအိုပင် အေးခဲသွားရသည်။ လေထုပင် တုန်ခါလာပြီး ပြင်းထန်သော ဒြင်စင်များ လွင့်မျောနေသည်ဟု ထင်မှတ်မှားရကာ နီးကပ်လာသော ယန်ချီမျှင်စုအား တိုက်ချလိုက်သည်။

“ဝုန်း”

စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားခြင်းကြောင့် ကောင်းကင်နှင့် ပထဝီမြေကြီးတို့ မြည်ဟီးလာပြီး စွမ်းအင်လှိုင်းများ ဘေးသို့ ပျံ့လွင့်သွားသည်။

ထို့နောက် ဘယ်လက်ရုံး စောင့်ရှောက်သူ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားသဖြင့် ချိုင့်တစ်ခု ဖြစ်ပေါ်သွားကာ သွေးအန်လေတော့သည်။

သူ့တစ်ကိုယ်လုံး ပျက်စီးမတတ် ဖြစ်နေ၏။ အရိုးကျိုးသံများက ဆက်တိုက် ထွက်ပေါ်လာပြီး ဘယ်လက်ရုံး စောင့်ရှောက်သူသည် ကြွေထည်ကဲ့သို့ အချိန်မရွေး ကွဲကြေမည့်ပုံ ပေါ်နေလေသည်။

“ဝေါ့ ဝေါ့ ဝေါ့”

ဘယ်လက်ရုံး စောင့်ရှောက်သူသွေးများ ဆက်တိုက် အန်နေပြီး မီးငြိမ်းတော့မည့် ဖယောင်းတိုင်ကဲ့သို့ သက်တမ်းတို လာသည်။

“မင်း … မင်းက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ”

ဘယ်လက်ရုံး စောင့်ရှောက်သူသည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြောက်လန့်တကြား ဟစ်အော် လေ၏။ သူ၏ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်မှုကို ယဲ့ဖန်က လက်ချောင်းဖြင့်သာ တားဆီးခဲ့သည် မဟုတ်ပါလော။

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဘယ်လိုလုပ် မနူးမနပ်ကောင်က ဒီလောက် သန်မာနေရတာလဲ*

အကယ်၍ ဤသို့ ဆက်ဖြစ်နေပါက ယဲ့ဖန်ထံ၌ သူ လက်တစ်ချောင်းတည်းဖြင့် အသတ်ခံရနိုင်သည်။ ဤသို့သော အရှက်ကွဲမှုကို သူ လက်မခံနိုင်ပါ။

“မျိုးမစစ်ကောင် ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

ကျူးဟူဖာက အံကြိတ်၍ ကျယ်လောင်စွာ မာန်မဲလေ၏။ ထို့နောက် ယန်စွမ်းအင်များကို သူ ထုတ်ဖော် လိုက်ပြန်သည်။

All Chapters