← Chapters

အခန်း ၁၁၇၈

Vol. 79 Ch. 1178

အခန်း ၁၁၇၈

Vol. 79 Ch. 1178

Chapter 1178 နတ်ဆိုးက ခွင့်လွှတ်မှုဆိုတာ ဘာမှန်းမသိဘူး

ဘယ်လက်ရုံး စောင့်ရှောက်သူ စိတ်မလျှော့နိုင်သေးပေ။ ဘယ်လက်ရုံး စောင့်ရှောက်သူကျူး၏ မျက်နှာက ပြာနှမ်းနေပြီး ယဲ့ဖန်ထံ၌ ပုရွက်ဆိတ်သဖွယ် နင်းချေခံရမည်ကို မလိုလားပါ။

ဈာန်ဝင်စားခြင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သောကြောင့် သူ့မာနအရ ဤသို့ အရှက် တကွဲ သေဆုံးနည်းဖြင့် မသေဆုံးလိုပါ။

ယခု သူ ကြောက်လန့်ကာ ရူးမတတ် ဖြစ်နေ၏။ သူသည် အသက်ကိုရင်း၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း ပြုလုပ် ချင်နေသည်။

“သတ် သတ် သတ်”

“သေ သေ သေ”

လက်ရှိတွင် စောင့်ရှောက်သူကျူး၏ မျက်လုံးတွင် ယဲ့ဖန်အပေါ် မုန်းတီးစိတ်နှင့် လူသတ်လိုစိတ်များ ထင်ဟပ်နေပြီး အသက်ရှူနှုန်းပင် မူမမှန်တော့ချေ။

ယန်စွမ်းအင်များက ယဲ့ဖန်ထံသို့ လွှမ်းမိုးချဉ်းကပ်လာ၏။ သတ်ဖြတ်လိုစိတ် ပြင်းပြနေသော ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းက ကြောက်စရာ ကောင်းလှပြီး ဈာန်ဝင်စားခြင်းအဆင့်ကိုပင် အမှုန့် ဖြစ်သွားနိုင်စေ၏။

“သွားပြီ … စောင့်ရှောက်သူကျူးက သည်းခြေပျက်နေပြီ”

လူတိုင်း၏ မျက်လုံးတွင် ကြောက်စိတ်နှင့် ဝမ်းသာစိတ်များ ရောပြွမ်းနေသည်။ ဤသို့ ကြောက်စရာကောင်းသော အရှိန်အဝါက သူတို့ကိုပင် အသက်ရှူကြပ်စေသဖြင့် ယဲ့ဖန်ကို သေချာပေါက် သတ်နိုင်လောက်သည်။

*သေလိုက်*

*အခု သေလိုက်တော့*

လူတိုင်း စိတ်ထဲတွင် ကျိတ်၍ အော်ဟစ်နေကြပြီး မျက်လုံးတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက် လာသည်။

“လက်သုံးချောင်းနဲ့ ကမ္ဘာကို တုန်ခါစေမယ်”

စောင့်ရှောက်သူကျူး၏ ယန်စွမ်းအင်သည် ယဲ့ဖန်ကို မထိနိုင်ခင်မှာပင် တစ်လက်မချင်းစီ အက်ကွဲပျက်စီးကာ ပျောက်ကွယ် သွားလေသည်။

“မိစ္ဆာ မင်းက မိစ္ဆာပဲ”

စောင့်ရှောက်သူကျူးက ပြာအက်နေသော လေသံဖြင့် အော်လိုက်မိပြီး သူ့မျက်လုံး၌ မလိုလားဟန်များ ထင်ဟပ် နေသည်။

*ဘာလို့ ဒီလိုမိစ္ဆာမျိုး ရှိနေရတာလဲ*

*ဘာလို့ ဒီမိစ္ဆာနဲ့မှ လာဆုံမိရတာလဲ*

*ငါ လုံးဝ မနိုင်နိုင်ဘူး*

*ဒီက ဘယ်သူမှ မနိုင်နိုင်ဘူး*

အစပိုင်း၌ ဘယ်လက်ရုံး စောင့်ရှောက်သူသည် ယဲ့ဖန်က ညာဘက်ရုံး စောင့်ရှောက်သူအား သတ်နိုင်ခဲ့ခြင်းမှာ အလစ်ချောင်း တိုက်နိုင်၍သာ ဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ သူ အမြင်မှားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်လေသည်။

ဤသို့သော မိစ္ဆာက သူ လှုပ်ခါနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။ ဗီယင်ကျန်းနန်းတော်တောင်မှ လုံးဝ မယှဉ်နိုင်ပါ။ သူ နောင်တရလာသော်လည်း နောက်ကျသွားလေပြီ။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် ဘယ်လက်ရုံး စောင့်ရှောက်သူကျူး၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး အရိုးပင် မကျန် တော့ချေ။ ဘေးပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ပါရမီရှင်များအားလုံး မှင်တက် နေကြလေသည်။ သူတို့တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေကြသည်။

*သေပြန်ပြီ*

*နောက်တစ်ခါ သေပြန်ပြီ*

*ဘယ်လက်ရုံး စောင့်ရှောက်သူရော ညာလက်ရုံး စောင့်ရှောက်သူပါ ယဲ့ဖန်ရဲ့ အင်္ကျီစကို မထိနိုင်ဘဲ အသတ်ခံ လိုက်ရတယ်*

လူတစ်ယောက်က ဈာန်ဝင်စားခြင်းအဆင့်ကို ကြက်ကလေး ငှက်ကလေးကို သတ်သလို အလွယ်တကူ သတ်နိုင်သည်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။

*သူ့နည်းလမ်းက ကြောက်စရာကြီး*

*ဘယ်လက်ရုံး စောင့်ရှောက်သူကျူး ပြောတာမှန်တယ်၊ ဒီလူက တကယ် မိစ္ဆာပဲ*

ကျန်းယုရုန် ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်ပေ။ သူမသည် ယဲ့ဖန်ကို ငေးကြည့်လိုက်ပြီးနောက် မြေကြီးပေါ်မှ သွေးကွက်ကိုကြည့်ပြီး ခေါင်းထဲ ဗလာနတ္ထိ ဖြစ်နေလေ၏။

*ဗီယင်ကျန်းနန်းတော်ရဲ့ အသန်မာဆုံး ဘယ်လက်ရုံးနဲ့ ညာလက်ရုံး စောင့်ရှောက်သူတွေက စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရတာလား*

*ပြီးတော့ ဒါကလည်း လက်ချောင်းတစ်ချောင်းချင်းစီနဲ့*

“ငါ ပုရွက်ဆိတ်တွေကို နင်းခြေရတာကို သဘောကျတယ်” ဟူသော ယဲ့ဖန်၏ စကားကို သူမ ရုတ်တရက် ပြန်အမှတ်ရ သွားသည်။ ယဲ့ဖန်အတွက် သူမတို့အားလုံးက တကယ်ပင် ပုရွက်ဆိတ်အဆင့်မျှသာ ရှိပေသည်။

ရုတ်ချည်းဆိုသလိုပင် ကျန်းယုရုန် အော်ငိုမိလေသည်။ သူမ ထွက်ပြေးနိုင်သည့် အခွင့်အရေး ရှိခဲ့သော်လည်း အသာနေရန် မစဉ်းစားဘဲ လူပြန်စု၍ ယဲ့ဖန်ကို တိုက်ခိုက်ခဲ့သည်။

သူမ လုံးဝ ဇာတ်သိမ်းသွားလေပြီ။ ယဲ့ဖန်၏ အကျင့်အရ သူမသည်လည်း တစ်စစီ ဖြစ်မည့် ကံဇာတာ ပါနေလေပြီ။ ယဲ့ဖန်အတွက် သူမက ပုရွက်ဆိတ်လေးမျှသာ ဖြစ်နေသည် မဟုတ်ပါလော။

တစ်ဖက်မှ လီဟွမ်ရီနှင့် အခြားသူများသည်လည်း အပြုံးများ ပျောက်ကွယ်ကာ အလွန် ကြောက်ရွံ့ဟန်များ ထွက်ပေါ်လာ၏။

*ဘယ်လက်ရုံးနဲ့ ညာလက်ရုံး စောင့်ရှောက်သူတွေရဲ့ ခွန်အားက ငါတို့ထက် သာတာကိုတောင် သူတို့က ဒီမိစ္ဆာဆီမှာ ချက်ချင်း အသတ်ခံလိုက်ရတယ်*

*ဒါဆို ငါတို့က ဘယ်လိုလုပ် ယဲ့ဖန်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ*

လက်ရှိတွင် သူတို့သည် ယနေ့ည ဤနေရာ၌ ဘယ်သူ မြှုပ်နှံခံရမလဲဟု မတွေးရ မနေနိုင် ဖြစ်သွားလေသည်။

“အတူတူ တက်ကြမယ်၊ ငါတို့ အတူတူ လှုပ်ရှားမယ်ဆိုရင် သူ့ကို သတ်နိုင်လောက်တယ်”

ထိုစဉ် လီဟွမ်ရီက ခက်ထန်သော မျက်လုံးများဖြင့် သတိပေး အော်ဟစ်လိုက်သည်။

“အားလုံးပဲ သူ့ဆီက ဆေးဖော်စပ်နည်းကို မေ့နေကြတာလား၊ ချမ်းသာကြွယ်ဝမှုဆိုတာ စွန့်စားမှ ရတာနော်”

သူ့စကားကို ကြားသောအခါ ပါရမီရှင်များ၏ ရင်ထဲမှ ကြောက်စိတ်များအား လောဘစိတ်က ဝါးမျိုသွားလေသည်။

*ဟုတ်သားပဲ*

*ငါတို့ အတူတူ လှုပ်ရှားရင် သူ့ကို သတ်နိုင်တာပဲ*

“သတ်ကြ”

လီဟွမ်ရီ ထအော်လိုက်ပြီး ရုတ်တရက် ပြေးတက်လေသည်။ တစ်ချိန်တည်းမှာပင် ထိုပါရမီရှင်များကလည်း ယဲ့ဖန်ထံ ပြေးဝင်လာ၏။ သူတို့၏ မျက်နှာများက ဆာလောင်နေသော ဝံပုလွေက ဝဖီးနေသော သိုးကို ကြည့်သကဲ့သို့ သတ်ချင်စိတ်များဖြင့် ပြည့်နှက်နေလေသည်။

သို့သော် တစ်ခဏအတွင်းမှာပင် တစ်ခုခု မူမမှန်ကြောင်း သူတို့ သတိထားလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် လီဟွမ်ရီသည် ရှေ့သို့ ပြေးတက်နေရာမှာ ရုတ်တရက် အနောက်ဘက် တောင်နံဘေးသို့ ခုန်ချသွားသည်။ အားလုံး၏ အရှေ့မှ သူ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

*ထွက်ပြေးသွားပြီ*

*သူ တကယ် ထွက်ပြေးသွားတာပဲ*

“ယီးပဲ လီဟွမ်ရီ မင်း သေသင့်တဲ့ကောင်”

လူတိုင်း ချက်ချင်း သတိဝင်သွားလေသည်။ လီဟွမ်ရီက သူတို့ကို အတူအသေခံရန် အားပေးခဲ့ပြီးနောက် သူတို့အား ယဲ့ဖန်ကို တားဆီးရန် ဒိုင်းအဖြစ် အသုံးချသွားခဲ့သည်။ ထို့နောက် သူက ထွက်ပြေးသွားခဲ့လေသည်။

လီဟွမ်ရီသည် ကောက်ကျစ်သော်လည်း အလွန် ဉာဏ်ထက်သည်။ သူ ဒီည ယဲ့ဖန်ကို မသတ်နိုင်မှန်း ခန့်မှန်းမိပြီးသား ဖြစ်သည်။ ဤနေရာ၌ သူ ဆက်နေနေပါက အန္တရာယ်များပေလိမ့်မည်။

ထို့ကြောင့် သူသည် အားလုံးကို လှုံ့ဆော်ပေးခဲ့ပြီး သူ ထွက်ပြေးနိုင်မည့် အခွင့်အရေးရအောင် လုပ်ခဲ့သည်။ အလွန် အရှက်မဲ့၍ စက်ဆုပ်ဖွယ်ကောင်းလှသည်။

“အရူးတွေ အဲ့မိစ္ဆာကောင်ကို ငါ့အတွက် တားပေးကြ၊ မင်းတို့ရဲ့ ကြင်နာမှုကို ငါ အမြဲ အမှတ်ရနေပါ့မယ်”

လီဟွမ်ရီက စဉ်းလဲစွာ ပြုံးလိုက်ပြီး အရှိန်မြှင့်၍ တောင်အောက်သို့ ပြေးဆင်းလေသည်။

သူသည် ဤမိစ္ဆစာကောင် ယဲ့ဖန်ထံမှ ထွက်ပြေးချင်နေ၏။ ထို့နောက် ယဲ့ဖန် သူ့ကို ရှာမတွေ့နိုင်သည့် နေရာ၌ ပုန်းကွယ်နေချင်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ ဤမိစ္ဆာကောင်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သူ သိနေသည်။ သူ့ကို ရန်စသူတိုင်း သေရပေမည်။

ထိုပါရမီရှင်များသည် သူတို့ လှည့်စားခံလိုက်ရကြောင်း သတိထားမိသွားသည်။ လီဟွမ်ရီက သူ ယဲ့ဖန်ကို မနိုင်သောကြောင့် ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။ သို့ရာတွင် သူတို့ကမူ အလွန် တုံးအ၍ မိုက်ရူးရဲဆန်စွာ ပြုမူ ခဲ့သည်။

*လူပိုများရင် နိုင်မယ်လို့ ထင်ခဲ့မိတာလား*

*အဓိပ္ပာယ် မရှိလိုက်တာ*

လက်ရှိတွင် သူတို့သည် ယဲ့ဖန်နှင့် ငါးမီတာပင် မလိုတော့သော အကွာအဝေးသို့ ရောက်နေကြသည်။ ယဲ့ဖန် တောက်ပစွာ ပြုံးနေသည်ကိုပင် သူတို့ မြင်နေရလေသည်။ သူတို့၏ မရဲဘဲ ကျွဲပြဲစီးသော အပြုအမူကို ပျက်ရယ်ပြု နေသည့် ပုံပင်။

ထို့နောက် ယဲ့ဖန်က လက်မြှောက်၍ တစ်ယောက်ကို လက်ညှိုးထိုးလာ၏။ လူတိုင်း လိပ်ပြာလွင့်မတတ် လန့်သွားကြသည်။ ဤသည်အား ငရဲဘုရင်က တမလွန်ခရီးကို သွားရမည့်လူကို ညွှန်နေသည်ဟုပင် မြင်ယောင် လာလေသည်။ တစ်ဖန် ပြန်လည် မွေးဖွားခြင်း မပြုနိုင်ဘဲ သေခြင်းတရားသာ ရှိနေသည်ဟု ရည်ညွှန်းနေသလိုပင်။

“ဝုန်း”

ပါရမီရှင်တစ်ယောက်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီးနောက် သူ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ သူသည် အော်ပင် မအော်လိုက်နိုင်ဘဲ သေဆုံးသွားရသည်။

“ယဲ့ဖန် အသက်ချမ်းသာပေးပါ၊ ငါ ခုနက တွေဝေခဲ့မိတာပါ၊ ငါ့ကို မသတ်ပါနဲ့၊ ငါ ဒီအတွက် အခါတစ်ရာ ပြန်လျော်ပါ့မယ်”

ပါရမီရှင်တစ်ယောက်က ယဲ့ဖန်ရှေ့ အလျင်အမြန် ဒူးထောက်၍ တောင်းပန်လေသည်။ သူ့မျက်နှာက ဖြူရော်နေပြီး ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေ၏။ အသံကပင် ငိုသံ ပေါက်နေသည်။

သူ ဘာကြောင့် လောဘကြီးခဲ့မိသနည်းဟု တွေးကာ နောင်တရနေ၏။ သူသာ လောဘ မကြီးခဲ့လျင် ဤနတ်ဆိုးနှင့် လုံးဝ ဆုံမိမည် မဟုတ်ပါ။

“မင်းက နတ်ဆိုးဆီက ခွင့်လွှတ်မှုကို တောင်းခံနေတာလား”

ယဲ့ဖန်က တည်ငြိမ်သော အကြည့်များဖြင့် သူ့ကို ငုံ့ကြည့်နေ၏။

“စိတ်မကောင်းပါဘူး နတ်ဆိုးက ခွင့်လွှတ်မှုဆိုတာ ဘာမှန်း မသိဘူး”

“ဝုန်း”

ယဲ့ဖန် လက်ညှိုးထိုးလိုက်သဖြင့် သွေးများ ပန်းထွက်လာပြန်သည်။

All Chapters