← Chapters

အခန်း ၁၁၉၂

Vol. 80 Ch. 1192

အခန်း ၁၁၉၂

Vol. 80 Ch. 1192

Chapter 1192 ငါတို့က ဘယ်တော့မှ မသေဘူး

“လှောင်ပြောင်ခွင့် မပေးနိုင်ဘူးတဲ့လား၊ ဒါကိုမှ ငါက လှောင်ပြောင်ချင်တယ်ဆိုရင်ရော”

အဘိုးအိုတစ်ယောက်က အနက်ရောင် ရတနာ တံဆိပ်တုံးကို ကိုင်ဆောင်၍ လျှောက်လာသည်။ ထိုအရာကို မြင်သည်နှင့် လုံရှာ ချက်ချင်း မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။

“ထွက်ပြေးတော့”

သို့သော် အရာအားလုံး နောက်ကျသွားလေပြီ။ ထိုအနက်ရောင် ရတနာ တံဆိပ်တုံးထံမှ ဝီခနဲ အသံ ထွက်လာပြီး လေဟာနယ်က ရုတ်တရက် မူမမှန်စွာ လှုပ်ခါလာ၏။

“ထန်မိသားစု မင်းတို့ သေလို့ရပြီ”

အဘိုးအို၏ မျက်လုံးများက မကျေနပ်စိတ်နှင့် ကြမ်းကြုတ်စိတ်တို့ကြောင့် အရောင်တောက်နေပြီး လက်ထဲမှ အနက်ရောင် ရတနာ တံဆိပ်တုံးကို လေထဲသို့ ပစ်တင်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ထောင်ချီသော အနက်ရောင် အလင်းတန်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ ရှေးခေတ် နတ်ဆိုးဝိညာဉ် အသက်ပြန်ဝင်လာသကဲ့သို့ အေးစက်၍ ကြက်သီးထဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ကြောက်လန့်ဖွယ် ကောင်းလှသည်။

ဤရတနာ တံဆိပ်တုံးအား သေမင်းတံဆိပ်တုံးဟု ခေါ်ဆိုပြီး အသက်နုတ်ယူနိုင်သည့် မိစ္ဆာလက်နက် ဖြစ်သည်။ သေမင်း တံဆိပ်တုံးအား အသက်သွင်းလိုက်သည်နှင့် နတ်ဆိုး အငွေ့အသက်များ ပျံ့လွင့်လာပြီး ဘေးပတ် လည်အား အကာအရံဖြင့် ပိတ်ဆို့ကာ အတွင်း၌ ငရဲကျသကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ဤတံဆိပ်တုံးကို လုံရှာ သိသည်။ ဤသေမင်းတံဆိပ်တုံးသည် လုံမိသားစု၏ အားအကောင်းဆုံးသော ရတနာများထဲမှ တစ်ခု ဖြစ်လေသည်။ ယခုအချိန်အထိ သေမင်း တံဆိပ်တုံးအောက်၌ အသက်ရှင်သူဟူ၍ မရှိပေ။

ထို့ကြောင့် သူ ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်ရခြင်း ဖြစ်သည်။ သေမင်းတံဆိပ်တုံးကို အသုံးပြုသည်နှင့် ထန်မိသားစုဝင်များ မည်မျှ ရဲရင့်နေပါစေ၊ သူတို့ သေဆုံးရပေလိမ့်မည်။

“ဖောင်း”

ရုတ်တရက် ထန်မိသားစုဝင်တစ်ယောက်၏ ဦးခေါင်းသို့ အနက်ရောင် အလင်းတန်း ထိမှန်သွားပြီး ချက်ချင်း ခေါင်းပေါက်ကွဲကာ ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွားသည်။

“ဖောင်း ဖောင်း”

ချက်ချင်းဆိုသလိုပင် အဆက်မပြတ် သတ်ဖြတ်ခြင်း စတင်လာ၏။ အနက်ရောင် အလင်းတန်းများက ထန်မိသားစုဝင်များထံ ဆက်တိုက် ပစ်ခွင်းနေပြီး လူတိုင်း ပေါက်ကွဲကာ သေဆုံးနေသည်။

တစ်ယောက်ပြီး တစ်ယောက်၏ သွေးစက်များက ဘေးသို့ လွင့်စဉ်နေသည်။ ဤနေရာသည် ကမ္ဘာမြေပေါ်မှ ကြေးချွတ်သန့်စင်ဘုံတစ်ခု အဖြစ်သို့ ပြောင်းလဲလာပုံရပြီး လေထုထဲ၌ သွေးနံ့တထောင်းထောင်း ထနေကာ မသတီစရာ ကောင်းလှသည်။

ဤသည်က ရုတ်တရက် ဖြစ်ပွားလာသော ကပ်ဘေးကြီးလိုပင်။ ထန်မိသားစုသည် ရုတ်တရက်ဆိုသလို ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ဤသည်ကိုမြင်ပြီး ထန်ယွင်အာ၏ အမူအရာက အေးစက် တောင့်တင်းသွားသည်။ ယဲ့ဖန်၏ ပြောင်းလဲ ပေးမှုကြောင့် သူတို့၏ ခွန်အားများ အတော်လေး တိုးတက်လာသော်လည်း ဤသေမင်းတံဆိပ်တုံးနှင့် သူတို့ မယှဉ်နိုင်သေးပါ။

သူမ၏ မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ၍ သေဆုံးနေသည်ကို သူမ မတတ်သာဘဲ ကြည့်နေရသည်။ သူမရင်ကို ဓားနဲ့ မွှေနေသလို ခံစားနေရသည်။ သူမ၏ လက်အောက်ငယ်သားများအားလုံး အချည်းနှီး သေဆုံးသွားရသည်။

ဤသည်ကိုကြည့်ပြီး လုံမိသားစုဝင်များက ဟားတိုက် ရယ်မောကြသည်။

“ထန်မိသားစု မင်းတို့ အရမ်း မောက်မာနေခဲ့တာ မဟုတ်ဘူးလား၊ အခု ဘယ်လိုနေလဲ”

“ငါတို့ကိစ္စကို ဝင်ပါရဲတယ်မလား၊ အခု မင်းတို့အားလုံး အသတ်ခံရပြီလေ”

လုံမိသားစုဝင်များက လှောင်ရယ်၍ သူတို့ထံ လျှောက်လာကြသည်။

“အဲ့ခွေးမကို မသတ်နဲ့၊ အိမ်ပြန်ရောက်ရင် ငါတို့ကို ဖျော်ဖြေဖို့ အရှင်ထားထားရမယ်”

ကတုံးနှင့်လူက တဏှာစိတ်ဖြင့် ရယ်နေ၏။

“ထန်မိသားစုရဲ့ သမီးက အဖိုးတန်တယ်လို့ ပြောကြတာ၊ အခု ငါတို့အတွက် ပေါပေါပဲပဲ ပါပဲလား”

“ငါ သူ့ကို ကြမ်းတမ်းပစ်လိုက်မယ်၊ သူ့ကို မိန်းမတစ်ယောက် ဖြစ်ရတဲ့ သာယာမှုကို ခံစားခိုင်းမယ်၊ ပြီးရင် သူ့ကို ငါတို့ကလေးတွေ လွယ်ခိုင်းမယ်၊ ဟားဟားဟား …”

လုံမိသားစုဝင်များအားလုံး ခွက်ထိုးခွက်လန် ရယ်နေကြသည်။ သူတို့အားလုံး ထန်ယွင်အာ၏ လှပသော အသွင်အပြင်နှင့် မျက်နှာကို သဘောအကျကြီး ကျနေကြလေသည်။

လက်ရှိတွင် သူမကို သူတို့ တစ်ခါတည်း မသတ်သေးဘဲ သူမခန္ဓာကိုယ်ကို ဖျက်ဆီး၍ နှိပ်စက် ညှဉ်းဆဲချင် နေကြသည်။ ယခု မသတ်သေးသော်လည်း သူတို့ ငြီးငွေ့လာလျင် သူမကို သတ်ပစ်မှာပင်။

*ထန်မိသားစုခေါင်းဆောင် ပြန်လာတဲ့အခါကျရင် သူ့မြေးက ကိုယ်လုံးတီးနဲ့ နှိပ်စက်ခံထားရတာကို မြင်သွားရင် ဖြစ်သွားမယ့် အမူအရာက တော်တော် စိတ်ဝင်စားစရာ ကောင်းမှာပဲ*

ထိုသို့တွေးတောပြီးနောက် သူတို့၏ ရင်ထဲ၌ မကောင်းသော ခံစားချက်တို့ဖြင့် စိတ်လှုပ်ရှားလာပြီး ထန်ယွင်အာအား ဆာလောင်နေသော အကြည့်များဖြင့် ကြည့်လေသည်။

ထိုအခါ ထန်ယွင်အာ၏ မျက်နှာက ရေခဲတမျှ အေးစက်နေပြီး တစ်ဖက်လူ၏ စကားများကြောင့် ဒေါသထွက်ကာ အံကြိတ်ထားရသည်။

*အစ်ကိုယဲ့ဖန်သာ ဒီမှာ ရှိနေရင် ဒီလူတွေ ဒီလို ပြောရဲပါ့မလား*

*အစ်ကိုယဲ့ဖန်သာ ရှိနေရင် သူတို့ ငါတို့လူတွေကို နှိပ်စက်ရဲပါ့မလား*

ဤလူရမ်းကားများ၏ နှိပ်စက်ခံရမည့် အဖြစ်ကို တွေးမိပြီးနောက် ထန်ယွင်အာ၏ မျက်လုံးများ၌ ဆုံးဖြတ်ချက် ချလိုက်ဟန် ပေါ်လာသည်။

“မမလေးကို အဝေးကို ပို့ကြ”

လူတစ်ချို့သည် အခြေအနေက ထိန်းမရတော့သည်ကို သတိပြုပြီး လက်ရှိအချိန်တွင် ထန်ယွင်အာကို ဘေးကင်းအောင် ထားရမည်ကို တွေးကာ ချက်ချင်း အော်ဟစ်လိုက်သည်။

သို့မဟုတ်ပါ ဤလူယုတ်မာများ၏ အကျင့်စရိုက်အရ ထန်ယွင်အာကို သူတို့ ဘာလုပ်ပစ်မလဲ မသိနိုင်ပါ။ အပြင်းအထန် ဒဏ်ရာရထားသော သိုင်းပညာရှင်များသည် ထန်ယွင်အာကို ကာကွယ်ရန်အတွက် ရှေ့သို့ ပြေးတက်လာ၏။ သို့သော် ထိုသူများသည် သေမင်းတံဆိပ်တုံး၏ အနက်‌ရောင် အလင်းတန်းကြောင့် ပေါက်ကွဲကာ သေဆုံးသွားလေသည်။

အဘိုးအို၏ မျက်နှာတွင် လှောင်ရိပ်များ သန်းနေသည်။

“အရူးတစ်သိုက်ပဲ၊ မင်းတို့ ဘယ်လိုလုပ်လုပ် သေလမ်းတစ်လမ်းပဲ ရှိတယ်၊ ငါ့သေမင်းတံဆိပ်တုံးအောက်မှာ အရာအားလုံးက အသေးအဖွဲလေးတွေပဲ”

“သေလမ်း ဟုတ်လား၊ ဟားဟာားဟား …”

သို့သော် ဘာကြောင့်မှန်းမသိဘဲ ထန်မိသားစုဝင်များက ပြိုင်တူ ရယ်မောလာ၏။ လောကထဲမှ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလိုပင်။

“မင်းတို့ သေမှာကို မကြောက်ဘူးလား”

အဘိုးအို ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အားပါးတရ ရယ်မောနေသည့် လူများကို ကြည့်ပြီး စိတ်ထဲ၌ အေးခနဲ ဖြစ်သွားရသည်။ သူ ကြက်သီးပင် ထလာရသည်။

လူတစ်ယောက်က ပေါက်ကွဲ၍ မသေဆုံးခင် လှောင်ပြုံးပြုံးနေသည်ကိုပင် သူ မြင်လိုက်ရသည်။ သူ့အား အရူးသဖွယ် သတ်မှတ်၍ လှောင်ပြောင်နေသလိုပင်။

*သူတို့က သေရမှာကို မကြောက်ပါလား*

*သူတို့ကို သတ်လို့မရဘူးလို့ ထင်နေကြတာလဲ*

*ဘာလို့လဲ*

*သူတို့လူတွေ တစ်ယောက်ပြီး တစ်ယောက် သေနေတာကို မမြင်ဘူးလား*

*မဟုတ်သေးပါဘူး*

*ဒါ တော်တော်လေး ထူးဆန်းနေပြီ*

“အဘိုးကြီး ခင်ဗျားကို ပြောပြလိုက်မယ်၊ ဒီလူတွေထဲမှာ တစ်ချို့က တစ်ကြိမ် သေပြီးပြီ၊ တစ်ချို့ဆို သုံးကြိမ်တောင် သေပြီးပြီ”

“သုံးကြိမ် ဟုတ်လား”

ထိုစကားကြောင့် အဘိုးအို မျက်လုံးပြူးသွားလေသည်။

*ဒါ ဘာအဓိပ္ပာယ်လဲ*

*သုံးခါ သေပြီးပြီဆိုတာ ဘာသဘောလဲ*

*လူဆိုတာ တစ်ခါပဲ သေတာမဟုတ်ဘူးလား*

“ဟုတ်တယ်၊ ငါတို့ သေမှာ မကြောက်ရတဲ့ အကြောင်းရင်းက ငါတို့ ဘယ်နှစ်ခါ သေသေ ယဲ့ဘုရင်က ငါတို့ကို ပြန်အသက် သွင်းနိုင်လို့ပဲ”

“တစ်နည်းပြောရရင် ငါတို့က မသေမျိုးတွေပဲ”

*အသက်ပြန်သွင်းတယ်*

*မသေမျိုး*

ထိုစကားနှစ်ခွန်းက အဘိုးအို၏ စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ သူ ချက်ချင်း အတွေးထဲ ချာချာလည် သွားရသည်။

*ယဲ့ဘုရင်က သေလူတွေကို တကယ် အသက်ပြန်သွင်းနိုင်တယ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ကျုံးကျိုး အင်ပါယာတစ်ခုလုံးမှာ ဘယ်သူမှ မလုပ်နိုင်ဘူးလေ*

*သူတို့ ပြောနေတာသာ မှန်မယ်ဆိုရင် ယဲ့ဖန်က ဘယ်လိုမိစ္ဆာမျိုးလဲ*

“ဖြီးလုံးတွေ၊ မင်းတို့ ငါ့ကို ဖြီးနေတာ”

ထိုစကားက အမှန်ဖြစ်နေလိမ့်မည်ဟု သူ မယုံပါ။ လောက၌ ထိုသို့သောလူစားမျိုး မရှိပါ။ သူ ချက်ချင်း ဒေါသထွက်လာပြီး သေမင်း တံဆိပ်တုံးအား ပို၍ ပြင်းထန်သော စွမ်းအင်များ ပို့လွှတ်လိုက်သဖြင့် အနက်ရောင် အလင်းတန်းများက ပိုမို ပြင်းထန်လာ၏။ မျက်စိရှေ့မှ ထန်မိသားစုဝင်များကို မသတ်ရသရွေ့ အလျှော့ပေးမည့်ပုံ မပေါ်ပေ။

သို့သော် ယခုတစ်ခေါက် သူ၏ ကမူးကရှူး အပြုအမူက ထိုစကားကို သူ ယုံသော်လည်း လက်မခံနိုင်ဟု ပြသနေ၏။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သာ သေလူကို ပြန်အသက်သွင်းနိုင်ပါက ယဲ့ဖန်သည် လုံမိသားစု ရန်မစနိုင်သည့် ကြောက်စရာ ကောင်းသော တည်ရှိမှုဟု ဆိုလိုနေသောကြောင့်ပင်။

ထန်မိသားစု၏ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲကာ သေဆုံးသွားကြသည်။ သို့သော် သူတို့အားလုံးက သရော်ပြုံးများ ပြုံးနေလေသည်။

“စောင့်နေလိုက်၊ နတ်ဆိုးဘုရင်က သူကိုယ်တိုင် မင်းအိမ်တံခါးဝကို ကိုယ်တိုင် ရောက်လာပြီး … ငရဲကို ဆွဲခေါ်သွားမှာ”

“ဟားဟား … အဘိုးကြီး ကျုပ်တို့ ပြန်တွေ့ဖို့ သိပ်ကြာမှာ မဟုတ်ဘူး၊ ပြန်တွေ့ရင် အရမ်း လန့်မသွားနဲ့ဦး”

*ပြန်တွေ့မယ် ဟုတ်လား*

အဘိုးအို ကိုယ့်သွားကိုယ် ပြန်ကိုက်မိမလို ဖြစ်နေ၏။

“ချီးတဲ့မှပဲ၊ ယီးပဲ၊ ယီးပဲကွာ”

“မင်းတို့အားလုံး သေလိုက်ကြတော့”

All Chapters