အခန်း ၁၁၉၉
Vol. 80 Ch. 1199
Chapter 1199 ခံခဲ့ရသမျှအတွက် ပြန်တုံ့ပြန်မယ်
*ယဲ့ဘုရင်*
ထိုနာမည်တွင် မှော်စွမ်းအင်တစ်ချို့ ရှိနေသည်ဟု ထင်မှတ်ရပြီး ခန်းမထဲမှ လူတိုင်းကို ထိတ်လန့်သွားစေသည်။ တစ်ချို့လူများဆိုလျင် ကြောက်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေလာသလို ငိုမတတ် ဖြစ်လာကြသည်။
*အဲ့စိတ္တဇ လူသတ်သမား တကယ် ရောက်လာတာလား*
*သူက တကယ်ပဲ လုံမိသားစုနဲ့ ပတ်သက်မှု ရှိနေတာလား*
ဤသည်က လုံမိသားစုဝင်များကိုလည်း မျက်နှာထား တင်းမာသွားစေသည်။
*ငါတို့ လုံမိသားစုက ဘယ်တုန်းက ယဲ့ဘုရင်နဲ့ ပတ်သက်မိလို့လဲ*
ထိုအခိုက်တွင် လုံယင်ရှို့တောင်မှ မျက်မှောင်ကြုတ်မိသွားသည်။
*ငါသိသလောက်တော့ လုံမိသားစုက ယဲ့ဘုရင်နဲ့ ဘာမှမပတ်သက်ပါဘူး*
အဘယ်ကြောင့်ဆိုသော် သူတို့လုံမိသားစုသည် ယဲ့မိသားစုနှင့် ဆက်ဆံရေး ကောင်းပြီးသား ဖြစ်သောကြောင့်ပင်။ သူတို့က ဘယ်လိုလုပ် ယဲ့မိသားစု၏ ရန်သူနှင့် ပတ်သက်ရမည်နည်း။
“ငါတို့ ခုနလေးတင် ထန်မိသားစုကို ဖျက်ဆီးလိုက်တာကို၊ ဒါတောင် ဒီယဲ့ဘုရင်က ကျွန်မတို့ကို လက်ဆောင်ပေးဖို့ လာနေသေးတယ်၊ တကယ်ကို သွေးကြောင်တာပဲ”
စုန့်ကျဲရင်က အလွန်အမင်း အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။
“ကျွန်မအထင်တော့ သူက ကျွန်မတို့ကို သနားညှာတာပေးဖို့ တောင်းပန်ချင်တာထင်တယ်၊ သူ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်နေတာလား မသိဘူး”
သူမစကားကို နားထောင်ပြီးနောက် လုံယင်ရှို့သည်လည်း ထိုသို့ ဖြစ်လိမ့်မည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူက မခိုးမခန့် ပြုံးလိုက်လေသည်။
“အဲ့ယဲ့ဘုရင်က ဟွိုင်အန်းစီရင်စုမှာသာ ဘုရင် ဖြစ်ချင်ဖြစ်မယ်၊ ငါတို့ လုံမိသားစုအမြင်မှာတော့ ချီးထုပ် တစ်ကောင်ထက် မပိုဘူး”
“ငါ့အထင် ယဲ့ဘုရင်ကိုယ်တိုင်လည်း ဒါကို နားလည်တယ်ထင်တယ်၊ အဲ့ဒါကြောင့် ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ လာတာ ဖြစ်လိမ့်မယ်”
ထို့နောက် နှစ်ယောက်လုံး အထင်သေးသလို ပြုံးလိုက်သည်။ နှစ်ယောက်လုံးက ယဲ့ဖန် လာအညံ့ခံသည်ဟု ထင်နေကြလေသည်။
“လုံမိသားစုရဲ့ ဒုသခင်လေးလို့ မပြောရဘူးဗျာ၊ တကယ်ကို တစ်မူထူးခြားတဲ့လူပဲ၊ ယဲ့ဘုရင်တောင်မှ ကိုယ်တိုင် ဂုဏ်ပြုစကား ပြောဖို့ လာရတာပဲ”
“သူက ဂျူနီယာတစ်ယောက်ပဲကို လုံမိသားစုလို စီနီယာကျတဲ့လူနဲ့တွေ့ရင် ဦးညွှတ် ဒူးထောက်ရမှာ သဘာဝ ပဲလေ”
လူတိုင်းက လုံယင်ရှို့ကို လေးစားအားကျလာကြသည်။ ယဲ့ဖန်ကဲ့သို့ ကြောက်စရာကောင်းသော နတ်ဆိုးကပင် မျက်နှာချို လာသွေးရသဖြင့် လုံမိသားစု၏ အင်အားက ချက်ချင်း မြင့်မား တိုးတက်လာပေတော့မည်။
ထိုအခိုက်တွင် လူအုပ်ထဲမှ စွန်းကျန်းရှဲတို့ မြေးအဘိုးမှာမူ သံသယမဖြစ်ဘဲ မနေနိုင်ကြချေ။ ဤလူများ ပြောနေသည့် စကားများက ယုတ္တိမရှိဟု သူတို့ ရိပ်စားမိသည်။
*ယဲ့ဘုရင်က ယဲ့မိသားစုကို အဖက်မလုပ်လို့တောင် သူတို့ရဲ့ ပါရမီရှင်မျိုးဆက်ကိုတောင် သတ်ခဲ့သေးတာ၊ ဘယ်လိုလုပ် ယဲ့မိသားစုထက် အားနည်းတဲ့ လုံမိသားစုကို မျက်နှာချို လာသွေးမှာလဲ*
ချက်ချင်းဆိုသလိုပင် မြေးအဘိုး နှစ်ယောက်လုံး လူအုပ်ကြီးနှင့် ဝေးရာသို့ နောက်ဆုတ်လိုက်ကြသည်။ မကြာခင်အတွင်း တစ်ခုခု ဖြစ်လာတော့မည်ဟု သူတို့၏ မသိစိတ်က ပြောပြနေ၏။
“ယဲ့ဖန်ကို ဝင်လာခိုင်းလိုက်၊ ပြီးရင် … သူ့ကို အဲ့မှာ ထိုင်ခိုင်းလိုက်”
ထိုစဉ် လုံယင်ရှို့က ယဲ့ဖန်ကို နာမည်တပ်ခေါ်လိုက်ပြီး တံခါးနှင့်နီးသော နေရာတစ်ခုကို လက်ညှိုးထိုးပြလေသည်။ တံခါးနှင့်နီးသော နေရာသည် နောက်ဆုံးခုံ ဖြစ်လေသည်။ အဆင့်နိမ့်သော မိသားစုငယ်လေးသာလျင် ထိုနေရာ၌ ထိုင်ရသည်။
လုံယင်ရှို့၏ မျက်နှာပေးက မခိုးမခန့် မျက်နှာပေး ဖြစ်နေပြီး သူ တမင်လုပ်ခြင်း ဖြစ်မှန်း သိသာလှသည်။ သူ ယဲ့ဖန်ကို တမင်သက်သက် အရှက်ခွဲချင်နေခြင်းပင်။
သောက်ရေးမပါသော ယဲ့ဘုရင်ဟူသည့် ဂုဏ်ပုဒ်က သူ၏လုံမိသားစုရှေ့၌ မစင်မျှပင် တန်ဖိုးမရှိကြောင်း ယဲ့ဖန်ကို သိစေချင်နေ၏။
လူတိုင်း မထီမဲ့မြင် အမူအရာမျိုး ဖြစ်နေကြပြီး ခဏနေလျင် ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု သိနေကြ လေသည်။
“ရှင် တော်တော်ဆိုးနော်”
စုန့်ကျဲရင်က ပြုံး၍ လုံယင်ရှို့ကို အသာလေး တွန်းလိုက်သည်။ သို့သော် သူမမျက်လုံး၌ ထေ့ငေါ့ရိပ်များ သန်းနေ၏။ ယဲ့ဘုရင် ဘာလုပ်မလဲ သူမ မြင်ချင်နေသည်။
လုံယင်ရှို့၏ စကားသံအဆုံး၌ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက တံခါးဝသို့ ရယ်ချင်ပက်ကျိ မျက်နှာထားဖြင့် ကြည့်နေကြလေသည်။
ထိုအခါ လေတိုးသံနှင့်အတူ ပုံရိပ်တစ်ခု လွင့်ပျံ့လာသည်။
“ဘုန်း”
ထို့နောက် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ရာက အရှိန်ဖြင့် ပြုတ်ကျလာသည်။ ထိုအရာကို မြင်ပြီးနောက် လူတိုင်း အသက်ရှူမှားမတတ် ဖြစ်သွားရပြီး မျက်နှာတွင် ကြောက်လန့်စိတ်များ ပြည့်နှက်လာသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့၌ ရှိနေသောအရာမှာ ခေါင်းလောင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
*ခေါင်းလောင်းတစ်ခု ပေးတယ်လား*
*ဒါ စိန်ခေါ်တာပဲ*
*ယဲ့ဘုရင်က လက်ဆောင်ပေးဖို့ လာတာမဟုတ်ဘဲ ပွဲဖျက်ဖို့ လာတာလား*
တစ်စုံတစ်ယောက်၏ မင်္ဂလာပွဲ၌ ခေါင်းလောင်းပေးခြင်းသည် ထိုလူ၏ အရှက်ကို ခွဲခြင်းပင် ဖြစ်လေသည်။
*ဘယ်လောက်တောင် မုန်းတီးနေလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ*
*လုံမိသားစုနဲ့ ယဲ့ဘုရင်က ဘယ်တုန်းက ဒီလိုရန်ငြှိုးမျိုး ရှိနေတာလဲ*
စွန်းကျန်းရှဲတို့ မြေးအဘိုးမှာမူ ထင်ထားပဲဟူသည့် အမူအရာမျိုးဖြင့် ကြည့်နေကြသည်။ ယဲ့ဖန်လို လူမျိုးက အခြားသူများကို မျက်နှာချိုသွေးလိမ့်မည် မဟုတ်ကြောင်း သူတို့ သိထားပြီးသားပင်။
“သေချင်နေတာပဲ”
လုံယင်ရှို့၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး မကျေမချမ်း ဖြစ်ဟန်များ ထွက်ပေါ်လာသည်။
*ယဲ့ဘုရင်က ငါ့မင်္ဂလာပွဲကို လာဖျက်စီးရဲတယ်ပေါ့၊ ဒါ လုံမိသားစုကို မလေးမစား လုပ်တာ၊ ပြီးတော့ လုံယင်ရှို့ဆိုတဲ့ ငါ့ကို စော်ကားတာပဲ*
*ယဲ့ဘုရင် မင်း သေကိုသေမှရမယ်*
“သူ့ကိုသတ်ကြစမ်း၊ လုံမိသားစုကို ရန်စရင် ဘာဖြစ်မလဲ သူသိအောင် ပြပေးလိုက်”
စုန့်ကျဲရင်သည်လည်း အလွန် ဒေါသထွက်နေပြီး မကျေနပ်သော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။ လုံမိသားစုဝင် သိုင်းပညာရှင်တစ်ချို့က တံခါးဝသို့ ဒေါသတကြီး ပြေးထွက်သွားကြသည်။
ထို့နောက် တံခါးအပြင်ဘက်၌ အော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ထိုအသံများ ထွက်ပေါ်လာသည်က မြန်သထက် မြန်ဆန်လာ၏။ တစ်အောင့်ကြာသော် တံခါးအပြင်ဘက်၌ တိတ်ဆိတ်သွားလေသည်။
“ဘုတ် ဘုတ် ဘုတ်”
မကြာခင်မှာပင် အပြင်ဘက်မှနေ၍ အလောင်းများ တစ်လောင်းပြီး တစ်လောင်း အထဲသို့ ပစ်သွင်းလာသည်။
တစ်လောင်း၊ ဆယ်လောင်း၊ အလောင်းနှစ်ဆယ်။ ထိုအလောင်းများအားလုံးသည် သားရဲတစ်ကောင်၏ စုတ်ဖြဲခြင်း ခံရသကဲ့သို့ ပျက်စီးနေ၏။ ထိုသူများအားလုံးက … လုံမိသားစုမှ သိုင်းပညာရှင်များပင် ဖြစ်လေသည်။
ဤအဖြစ်ကြောင့် ခန်းမထဲမှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လူတိုင်း မထိတ်လန့်ဘဲ မနေနိုင် တော့ချေ။ တိုက်ခိုက်ရာ၌ ပြိုင်စံရှားသည်ဟု ကျော်ကြားသော လုံမိသားစုက တစ်ခဏအတွင်း ရှုံးနိမ့်သွား သည်တဲ့လား။
လုံမိသားစုမှ မိသားစုဝင်တစ်ယောက်ချင်းစီက ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေပြီးသား ဖြစ်သော်လည်း ယခု ဆိုးဆိုးရွားရွား သေဆုံးသွားရသည်။
*ယဲ့ဘုရင်က ကြောက်စရာကောင်းလိုက်တာ*
*နတ်ဆိုးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်*
လက်ရှိတွင် အားလုံး၏ မျက်နှာပေါ်မှ အထင်သေးဟန်များ ပျောက်ကွယ်သွားပြီး အံ့အားသင့် လေးစားဟန် များသာ ဖြစ်ပေါ်လာသည်။
“ဒေါက်”
ထိုစဉ် အပြင်ဘက်မှ ခြေသံ ထွက်ပေါ်လာပြီး အားလုံးရှေ့သို့ လူတစ်ယောက် ပေါ်လာသည်။ ထိုလူ၏ မျက်နှာကို မြင်သောအခါ လုံမိသားစုဝင်များ မျက်မှောင်ကြုတ်သွားကြသည်။
“အဲ့လူက ယဲ့ဘုရင်လား”
“မဟုတ်ဘူး၊ ငါ ယဲ့ဘုရင်ကို မြင်ဖူးတယ်၊ သူက ဒီလိုပုံ မဟုတ်ပါဘူး”
လူအုပ်ထဲ၌လည်း ဆွေးနွေးသံများ ထွက်လာပြီး ဇဝေဇဝါဖြစ်သော မျက်နှာများဖြင့် မျက်စိရှေ့မှလူက ဘယ်သူလဲဟု တွေးနေကြလေသည်။
“လုံရှာလား”
စုန့်ကျဲရင်သည် သူမရှေ့မှ ယောကျာ်းသားအား မယုံနိုင်ဟန်ဖြင့် တအံ့တဩ ခေါ်လိုက်သည်။
*ဒီမျိုးမစစ်က ငါတို့မင်္ဂလာဆောင်မှာ ပေါ်လာရဲတယ်လား*
“ယီးပဲ”
လုံယင်ရှို့၏ မျက်နှာ၌ မုန်းတီးစိတ်များ ပြည့်နှက်လာသည်။
*လူအိုကြီးယန်က တော်တော် အသုံးမကျတာပဲ၊ ဒီအမှိုက်ကောင်ကို မသတ်နိုင်ရုံတင်မကဘဲ ငါတို့ မင်္လာဆောင် မှာတောင် ဒီကောင့်ကို ပေါ်လာခွင့် ပြုသေးတယ်*
“လုံရှာလား၊ အဲ့ဒါ လုံမိသားစုရဲ့ အမှိုက်ကောင် မဟုတ်လား”
“သူက စုန့်ကျဲရင် စွန့်ပစ်တာ ခံလိုက်ရတာ မဟုတ်ဘူးလား၊ သူက ဒီကို ဘာလာလုပ်တာလဲ”
“မဟုတ်သေးပါဘူး၊ ဒီအမှိုက်ကောင်က လုံမိသားစုကို စိန်လာခေါ်တာလား၊ သူ ရူးနေတာလား”
လုံမိသားစုဝင်များတောင်မှ မယုံနိုင် ဖြစ်နေ၏။ သူတို့၏ အမြင်တွင် လုံရှာသည် သုံးစားမရသော အမှိုက်ကောင်၊ လူ့အနှိမ်ခံ ဖြစ်လေသည်။ လူမိသားစု၏ ကလေးများတောင်မှ သူ့မျက်နှာကို တံတွေးဖြင့် ထွေးရဲကြသည်။
*အခု ဒီအမှိုက်ကောင်က လုံမိသားစုရဲ့ နေရာမှာ ပေါ်လာရဲတယ်လား*
*လုံမိသားစုရဲ့ ပါရမီရှင် ဒုသခင်လေးရဲ့ မင်္ဂလာပွဲမှာမှလေ*
*မယုံနိုင်စရာပဲ*
*ဒီအမှိုက်ကောင်က ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ*
လုံရှာကို မြင်ပြီးနောက် စုန့်ကျဲရင်၏ မျက်နှာတွင် အလွန် ရွံရှာစက်ဆုပ်ဟန်များ ဖြစ်ပေါ်လာပြီး မာန်မဲလိုက်သည်။
“အမှိုက်ကောင်၊ ဘယ်သူက နင့်ကို လာခွင့်ပေးလို့လဲ၊ နင် သေချင်နေတာလား”
သူမ၏ မေးခွန်းက အလွန် မောက်မာလှသည်။ ဤသည်မှာ စုန့်ကျဲရင်၏ လုံရှာအပေါ် ထင်မြင်ပြုမူသော သဘောထားပင်။
ထိုစဉ် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလာ၏။
“ငါ ဒီကို လာတာက တောင်းစရာရှိတာကို ပြန်တောင်းဖို့နဲ့ ငါ ပေးစရာရှိတာကို ပြန်ပေးဖို့ပဲ”
“ဒါဆို မင်းက ဘာလိုချင်တာလဲ”
လုံယင်ရှို့က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“ငါ့မာနကို ပြန်အဖက်ဆယ်မလို့ ပြီးတော့ မင်းတို့ပေးခဲ့တဲ့ အရှက်ခွဲတာတွေကို ပြန်လာပေးတာပဲ”