အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း(131)
ယောင်ပင်း ရုတ်တရက် သဘောပေါက်သွားချေပြီ။
သူ ရှာမတွေ့ခဲ့ခြင်းမှာ မဆန်းတော့ချေ. ဟန်ဟိုင်လမ်း နံပါတ်တစ်ဟူသည်မှာ သင်္ချိုင်းတစ်ခု ဖြစ်နေသောကြောင့် မတွေ့ခဲ့ခြင်းသာဖြစ်သည်။
အဖိုးအို၏ စိုးရိမ်နေသော မျက်နှာကို မြင်ရသဖြင့် ယောင်ပင်းက စိတ်မပူရန်နှင့် သူသည်က လမ်းလျှောက်ရုံသာ ဖြစ်ပြီး မိုးမချုပ်မီ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ထပ်ခါတလဲလဲ အာမခံလိုက်ပေသည်။
အဖိုးအိုအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် ယောင်ပင်းက အဖိုးအို ညွှန်ပြသော လမ်းကြောင်းအတိုင်း အလျင်အမြန် ပြေးသွားတော့ပေသည်။
မကြာမီတွင် ယောင်ပင်းတစ်ယောက် ဟန်ဟိုင်လမ်း နံပါတ်တစ် ဖြစ်သော ပင်းဟိုင်မြို့၏ သင်္ချိုင်းဟောင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။
ယောင်ပင်း ရောက်ရှိသွားသောအခါ အချိန်မှာ ညနေစောင်းနေပြီ ဖြစ်ပေသည်။
ဆောင်ဦးနှောင်းပိုင်း ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ မိုးစောစော ချုပ်လေ့ရှိသည်။
ယောင်ပင်း သင်္ချိုင်းဟောင်း၏ တံခါးဝကို ရှာတွေ့သောအခါ နေမှောင်လုနီးပါး ဖြစ်နေပြီဖြစ်နေသည့်အတွက် ယောင်ပင်းအနေဖြင့် တံခါးဝထက်တွင် “ပင်းဟိုင်မြို့ လဲ့ရှန်” ဟု ရေးသားထားသည်ကို မသဲမကွဲသာ မြင်တွေ့ရသည်။
လဲ့ရှန်ဆိုသည်မှာ သင်္ချိုင်းကို ဆိုလိုခြင်း ဖြစ်ရမည်။
ယောင်ပင်းက ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် သင်္ချိုင်းတံခါးမှာ ပျက်စီးယိုယွင်းနေပြီး တံတိုင်းအတွင်းရှိ မြက်ပင်များမှာလည်း အနည်းဆုံး တစ်မီတာခန့် မြင့်မားနေကြောင်းတွေ့လိုက်ရသည်။
သင်္ချိုင်းအတွင်းရှိ ထူထပ်လှသော သစ်ပင်များနှင့်အတူ ယောင်ပင်းတစ်ယောက် အပြင်ဘက်ကပင် အေးစက်စက် အရှိန်အဝါမျိုးကို ခံစားလိုက်ရပေသည်။
သူ တံခါးကို တွန်းလိုက်လျှင် တံခါးက ပျက်စီးယိုယွင်းနေသော်လည်း ခိုင်ခံ့နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယောင်ပင်းက ပတ်ပတ်လည်ကို အကဲခတ်လိုက်ပေသည်။
ညဉ့်နက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ လူသူကင်းမဲ့နေပြီး ပိုးမွှားအချို့၏ ရံဖန်ရံခါ အော်မြည်သံမှတစ်ပါးမှလွဲ၍ခြားအသံများမရှိသည့်အတွက် ပို၍ပင် ခြောက်ခြားဖွယ်ရာ ကောင်းနေချေသည်။
ဤအချိန်မျိုးတွင် မည်သူကမျှ ဤကဲ့သို့သော မင်္ဂလာမရှိသည့် နေရာမျိုးသို့ လာရဲမည်မဟုတ်ချေ
ယောင်ပင်းသည် စိတ်ကို လျှော့ချလိုက်ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် တံခါးကို ကျော်ဖြတ်ကာ သင်္ချိုင်းအတွင်းသို့ ခုန်ဆင်းလိုက်ပေသည်။
သင်္ချိုင်းမှာ ကျယ်ဝန်းလွန်းပြီး သစ်ပင်များ ထူထပ်စိမ်းလန်းလွန်းလှသဖြင့် နေရောင်ကိုပင် ကွယ်ပျောက်စေပေသည်။ သူ ဝင်လိုက်သည်နှင့် အေးစက်စက် အရှိန်အဝါတစ်ခုက ယောင်ပင်းကို လွှမ်းမိုးသွားတော့သည်။
ယောင်ပင်း မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူ၏စိတ်မှာ ကြည်လင်နေပြီး စနစ်မျက်နှာပြင်ပေါ်တွင်လည်း မည်သည့် သတိပေးချက်မျှ မရှိချေ။
ခစ်... ခစ်...
ထိုအချိန်တွင် ယောင်ပင်း၏ နောက်ဘက်မှ သာယာသော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာချေသည်။
ထိုအသံမှာ သာယာချိုမြိန်သော်လည်း အလွန်အမင်း ပြတ်သားလွန်းကာ ယောင်ပင်း၏ကျောပြင်ကို ကပ်နေသည့်အလားပင် ဖြစ်နေခဲ့သည်။
ယောင်ပင်း ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ပေသည်။
သူ လှည့်ကြည့်လိုက်စဉ်မှာပင် နှလုံး တုန်ယင်သွားရပေသည်။
မလှမ်းမကမ်းတွင် မည်းမှောင်သော လူရိပ်တစ်ခုရပ်နေပြီး မည်သည့် လှုပ်ရှားမှုမှလည်းမရှိဘဲ သူ့ကိုစိုက်ကြည့်နေခဲ့သည်။
ယောင်ပင်း ခေါင်းလှည့်ကြည့်သည်ကို မြင်သောအခါ ထိုမည်းမှောင်သော လူရိပ်က လက်ကိုဆန့်ထုတ်ကာ သူ့ကို ဖြည်းညှင်းစွာ လက်ယပ်ခေါ်လေသည်။
ထို့နောက်တွင် ထိုမည်းမှောင်သော လူရိပ်က လှည့်ထွက်သွားကာ သင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ထိုလူရိပ်က ယောင်ပင်းအား လမ်းညွှန်ပြသနေပုံရသည်။
ယောင်ပင်းသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် နောက်မှ လိုက်သွားတော့သည်။
ထိုလူရိပ်၏ လှုပ်ရှားမှုမှာ အလွန်အမင်း မြန်ဆန်လှပြီး ပျံနေသကဲ့သို့ဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း အဝေးနေရာသို့ ပျောက်ကွယ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယောင်ပင်းသည်လည်း မြန်ဆန်သူဖြစ်သဖြင့် ထိုလူရိပ်နောက်သို့ လိုက်လံဖမ်းဆီးရန် မခက်ခဲပါချေ။
ခဏမျှကြာသော် ယောင်ပင်းနှင့် ထိုမည်းမှောင်သော လူရိပ်တို့က ရှေ့ဆင့်နောက်ဆင့်ဖြင့် သင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားကြချေပြီ။
သို့သော်လည်း သူတို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ထိုမည်းမှောင်သော လူရိပ်က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ယောင်ပင်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ချေတော့သည်။
သင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာတွင် သစ်ပင်များက ကောင်းကင်ကို ကွယ်ထားပြီး ပေါင်းမြက်များမှာ တစ်မီတာကျော် မြင့်မားနေချေသည်။ ဂူဗိမာန်များနှင့် သင်္ချိုင်းဂူများကိုသာ ပတ်ပတ်လည်တွင် မသဲမကွဲမြင်တွေ့နေရပြီး မလှမ်းမကမ်းတွင် မှိန်ပျပျ အပြာရောင် တစ္ဆေမီးတောက်တစ်ခုက လင်းလက်နေချေသည်။
ဤသည်ကား :
ခြောက်ခြားဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာနှင့် ကျောချမ်းဖွယ်ရာအခြေအနေသာ ဖြစ်ပေသည်။
ယောင်ပင်းပင်လျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသောကြောင့် ခန္ဓာကိုယ်အတွင်း အေးစက်မှုကို ခံစားလိုက်ရပေသည်။
သူသည်က သူ၏ အာရုံခံစားမှုအပေါ် အလွန်အမင်း အားကိုးမိသွားပြီလားဟု ရုတ်တရက် တွေးတောမိပေသည်။
ကျန်းရှောင်ပေ၏မိခင်သည်က ဤကဲ့သို့သော နေရာမျိုးတွင် ရှိနေနိုင်ပါ့မလား။
ဟီး... ဟီး... ဟီး...
ယောင်ပင်းက မသေချာစွာ တွေးတောနေစဉ်မှာပင် စောစောက ကြားခဲ့ရသော သာယာသည့် ရယ်မောသံမှာ နောက်တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ မလှမ်းမကမ်းကနေ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ယောင်ပင်း၏ စိတ်ဓာတ်များ နိုးကြားလာပြီး အသံထွက်ပေါ်ရာနောက်သို့ ချက်ချင်း လိုက်သွားတော့ပေသည်။
ဟီး... ဟီး... ဟီး...
ထိုရယ်မောသံက ယောင်ပင်းအား ရှေ့သို့ လမ်းညွှန်ခေါ်ဆောင်နေသကဲ့သို့ဖြစ်ပြီး ရံဖန်ရံခါတွင် နီးကပ်လိုက်၊ ရံဖန်ရံခါတွင် ဝေးကွာလိုက်နှင့် ဖြစ်နေခဲ့သည်။
ထို့အတွက် ယောင်ပင်းသည်လည်း ခြေလှမ်းများကို မညီမညာဖြင့် ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့ရလေသည်။
တစ်မိုင်ခန့် လမ်းလျှောက်ပြီးနောက် ထိုရယ်မောသံမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထို့အပြင် ယောင်ပင်း၏ ရှေ့မလှမ်းမကမ်းတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။
ထိုလူရိပ်သည်ကား သင်္ချိုင်းဂူတစ်ခု၏ ရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။
နောက်ကျောကို ကြည့်ရသရွေ့ ထိုလူရိပ်မှာ...
အမျိုးသမီးတစ်ဦးနှင့် တူပေသည်။
ထို့အပြင် မသဲမကွဲသော ရင်းနှီးမှု ခံစားချက်တစ်ခုလည်း ရှိနေ၍
ယောင်ပင်း၏ ရင်ခုန်သံမှာ ရုတ်တရက် တုန်ယင်သွားရတော့သည်။
ယောင်ပင်းနှင့် တစ်မီတာခန့်အကွာတွင် သင်္ချိုင်းဂူတစ်ခု ရှိနေချေသည်။
ထိုသင်္ချိုင်းဂူ၏ ရှေ့တွင် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေခဲ့သည်။
ထိုအမျိုးသမီးသည် ယောင်ပင်းအား ကျောခိုင်းလျက် တောင့်တင်းစွာ ရပ်နေခဲ့သည်။
ပတ်ပတ်လည်တွင် မှောင်မည်းနေသော်လည်း ထိုအမျိုးသမီး၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယောင်ပင်း၏ ရင်ခုန်သံများမှာ ပြင်းထန်စွာ တုန်ယင်သွားရပေသည်။
အကြောင်းမှာ သင်္ချိုင်းဂူရှေ့တွင် ရပ်နေသော ထိုအမျိုးသမီးသည်က ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့သော ကျန်းရှောင်ပေ ဖြစ်နေခဲ့သောကြောင့် ဖြစ်ပေ၏။
ယောင်ပင်း ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
ကျန်းရှောင်ပေ ပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်၍ ယောင်ပင်း အပူတပြင်း လိုက်လံရှာဖွေခဲ့သော်လည်း အကြိမ်ကြိမ် လွဲချော်ခဲ့ရသည်။ ကျန်းရှောင်ပေ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ယခုတစ်ကြိမ်တွင်တော့ သူသည် ကျန်းရှောင်ပေအား အလွတ်ပေး၍မဖြစ်တော့ပေ။
သူသည် ကျန်းရှောင်ပေအား ဖမ်းဆီးကာ မည်သည့်အရာများ ဖြစ်ပွားခဲ့ကြောင်းနှင့် သူမတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေကြောင်းကို သိရှိအောင် လုပ်ဆောင်ရမည်။
ထို့ကြောင့် ယောင်ပင်းသည် အလျှင်အမြန်မလုပ်ဘဲ ကျန်းရှောင်ပေ၏ နောက်တွင် တိတ်ဆိတ်စွာ ခဏမျှ ရပ်နေပြီး သူမ၏ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့သည်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ချေပြီ။
ကျန်းရှောင်ပေသည် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ တောင့်တောင့်ကြီး ဆက်လက်ရပ်နေဆဲပင်။
“ရှောင်ပေ...”
ယောင်ပင်းတစ်ယောက် နောက်ဆုံးတွင် အောင့်အီးမထားနိုင်တော့ချေ။ သူ ကျန်းရှောင်ပေအား တိုးတိုးလေး ခေါ်လိုက်ပြီးနောက် သူမ၏အနားသို့ ဖြည်းညှင်းစွာ တိုးကပ်သွားခဲ့သည်။
သူက သူမအား လန့်ဖျတ်သွားစေမည်ကို စိုးရိမ်သည့်အလား သူ၏ခြေလှမ်းများမှာ နှေးကွေးပြီး ပေါ့ပါးလွန်းပေသည်။
တစ်လှမ်း... နှစ်လှမ်း... သုံးလှမ်း...
ယောင်ပင်းက ကျန်းရှောင်ပေ၏အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသော်လည်း သူမသည်က ခေါင်းလှည့်ကြည့်ခြင်း၊ ထွက်ပြေးခြင်း သို့မဟုတ် မည်သည့်တုံ့ပြန်မှုမျှ ပြုလုပ်ခြင်းမရှိဘဲ မတ်တတ်ကြီး ရပ်နေဆဲဖြစ်လေ၏။
သူမ၏နောက်တွင် လူတစ်ဦး ရှိနေသည်ကိုပင် သတိမထားမိပုံရသည်။
ဒုတ်... ဒုတ်... ဒုတ်...
ယောင်ပင်း၏ ရင်ခုန်သံများက ပြင်းထန်လာခဲ့သည်။
သူသည် မြေအောက်လောကကို စတင်ဖန်တီးကတည်းက ဤမျှအထိ စိတ်လှုပ်ရှားမှုကို မခံစားခဲ့ရတော့ပေ။
“ရှောင်ပေ... ငါပါ၊ ယောင်ပင်းပါ...”
ယောင်ပင်းက တိုးတိုးလေး ထပ်မံခေါ်လိုက်ပြီး ခြေလှမ်းများကို မရပ်တန့်ဘဲ ကျန်းရှောင်ပေ၏အနားသို့ တစ်လှမ်းချင်း ဆက်လက်တိုးကပ်သွားသည်။
နောက်ဆုံးတွင် ယောင်ပင်းသည် ကျန်းရှောင်ပေ၏ နောက်ကျောဘက် တစ်ပေခန့်အကွာသို့ ရောက်ရှိသွားခဲ့ချေပြီ။
“ရှောင်ပေ...”
ယောင်ပင်းက ထပ်မံခေါ်လိုက်ပြန်သည်။
ထို့နောက် သူ၏ တုန်ရင်နေသော လက်များကို ဆန့်ထုတ်ကာ ကျန်းရှောင်ပေ၏ ပုခုံးများကို လှည့်ရန် ပြင်လိုက်ပေသည်။
မျှော်လင့်မထားဘဲ ယောင်ပင်း လက်လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မတ်တတ်ကြီးရပ်နေသော ကျန်းရှောင်ပေက ရုတ်တရက် လှည့်လာပြီး ယောင်ပင်းနှင့် တည့်တည့် မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။
နေရာက မှောင်မည်းနေသဖြင့် ယောင်ပင်းအနေဖြင့် ကျန်းရှောင်ပေ၏ မျက်နှာအမူအရာကို သဲသဲကွဲကွဲ မမြင်ရဘဲ သူမ၏ ပုံရိပ်အကြမ်းဖျင်းကိုသာ မြင်တွေ့ရပေသည်။
သို့သော်လည်း ကျန်းရှောင်ပေ၏ ရုတ်တရက် လှည့်လာမှုက ယောင်ပင်းအား ထိတ်လန့်သွားစေပေသည်။
“ရှောင်ပေ...”
သူ မသိစိတ်ဖြင့် ခေါ်လိုက်မိပေသည်။
စကားပင်မဆုံးသေးခင်မှာပင် ကျန်းရှောင်ပေသည် လှည့်လာပြီး သူမ၏လက်မောင်များကို ဆန့်တန်းကာ ယောင်ပင်း၏ လည်ပင်းကို သိုင်းဖက်လိုက်တော့သည်
သူမ၏ နှုတ်ခမ်းလေးက ယောင်ပင်း၏ နှုတ်ခမ်းကို အလောတကြီး ရှာဖွေနေခဲ့သည်။
ကျန်းရှောင်ပေ၏ တုံ့ပြန်မှုကြောင့် ယောင်ပင်း လုံးဝ ဆွံ့အသွားရတော့သည်။
ယခုသူ့ကို ဖက်တွယ်ထားသော အမျိုးသမီး၏ ခန္ဓာကိုယ်က ပူနွေးနေခဲ့ခြင်းကြောင့် ယောင်ပင်းအား ပို၍ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သူ့ကို ဖက်ထားသူမှာ အသက်ရှင်နေသော သေချာပေါက် သာမန်လူသားတစ်ဦး ဖြစ်နေပုံရသည်။
သို့သော်လည်း ထိုအမျိုးသမီး၏ လှုပ်ရှားမှုများနှင့် ကိုယ်သင်းရနံ့မှာ ကျန်းရှောင်ပေ၏ ရနံ့ ဖြစ်နေပြန်သည်။
သူတို့က နှစ်နှစ်မျှ အတူတကွ ရှိခဲ့ဖူးသောကြောင့် ယောင်ပင်းအနေဖြင့် သူ လုံးဝ မမှားနိုင်ကြောင်း အသေအချာ ယုံကြည်ပေသည်။
ရဲရင့်လွန်းသော အတွေးတစ်ခုသည် ယောင်ပင်း၏ ဦးနှောက်အတွင်း ပေါက်ကွဲသွားခဲ့ချေပြီ။ ကျန်းရှောင်ပေသည် လုံးဝ သေဆုံးခဲ့ခြင်း မရှိဘဲ ပြီးခဲ့သမျှ အရာအားလုံးမှာ ဟန်ဆောင်မှုသက်သက် ဖြစ်နေနိုင်လောက်မည်လား။
သို့သော်လည်း ကျန်းရှောင်ပေက အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ရသနည်း။ သူမက သူ၏မိခင်နှင့် သူမ၏မိခင်တို့ကို အဘယ်ကြောင့် အကြိမ်ကြိမ် မျှားခေါ်ပြီး မကောင်းမှုပြုသူများကို ကူညီအားပေးနေရသနည်း။
ယောင်ပင်းအနေဖြင့် နားမလည်နိုင် ဖြစ်နေရသည်။
“ရှောင်ပေ... ငါ့စကားကို နားထောင်ဦး...”
ဤသို့ တွေးမိသောအခါ ယောင်ပင်းက ကျန်းရှောင်ပေအား အလျင်အမြန် တွန်းဖယ်ရန် ကြိုးစားလိုက်သည်။
“ရှောင်ပေ... မင်းမသေဘူးပေါ့ ဟုတ်လား၊ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ဒီအချိန်တွေမှာ မင်း ဘာတွေ လုပ်နေခဲ့တာလဲ”
အကယ်၍ ကျန်းရှောင်ပေသာ မသေဆုံးခဲ့ပါက သူမနှင့် ထိုနောက်ကွယ်မှ ကြိုးကိုင်သူကြားတွင် မည်သည့် ဆက်ဆံရေးမျိုး ရှိနေသနည်း။
*