အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း(132)
ကျန်းရှောင်ပေက ယောင်ပင်း၏မေးခွန်းကို ပြန်လည်ဖြေလာခြင်း မရှိချေ။
သူမ၏ အပြုအမူများကသာ ပြန်လည်ဖြေပေးနေခဲ့သည်။
ကျန်းရှောင်ပေ၏ အပြုအမူများမှာ ပူလောင်ပြင်းပြပြီး ရဲရင့်လွန်းကာ သူ၏ ခန္ဓာကိုယ်မှ အရေးပါသော အစိတ်အပိုင်းများကိုသာ တိုက်ရိုက်ပစ်မှတ်ထားနေသောကြောင့် ယောင်ပင်းအား ပျာယာခတ်သွားစေပြီး ကိုးရိုးကားယားဖြစ်သွားစေသည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ ကျန်းရှောင်ပေသည်ကား မြွေတစ်ကောင်ကဲ့သို့ ယောင်ပင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ဖြစ်ပေ၏။
သူ၏ ကျန်ရှိနေသေးသော အသိစိတ်က သူမအား တွန်းဖယ်ရန် ပြောနေသော်လည်း ခန္ဓာကိုယ်၏ဗီဇစိတ်ကတော့ သူ၏အသိစိတ်နှင့် ဆန့်ကျင်ဘက် အရာများကို လုပ်ဆောင်နေချေပြီ။
ပတ်ဝန်းကျင်မှာ မှောင်မည်းနေပြီး ခြောက်ခြားဖွယ်ရာ အေးစက်လွန်းကာ ငရဲဘုံတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။
သို့သော်လည်း ကျန်းရှောင်ပေမှာတော့ အလွန်အမင်း ပူလောင်နေပြီး ယောင်ပင်းကို ဝါးမြိုပစ်တော့မည့်အလား စိတ်ဆန္ဒများပြင်းပြနေခဲ့သည်။
တစ်ခုက အေးစက်ပြီး တစ်ခုက ပူလောင်နေသည်ဖြစ်၍ နတ်ပြည်နှင့် ငရဲဘုံကဲ့သို့ပင် ဖြစ်နလေသည်။
ယောင်ပင်းတစ်ယောကင တစ်စုံတစ်ခု မှားယွင်းနေသည်ကို မသဲမကွဲ သိရှိနေသော်လည်း ကျန်းရှောင်ပေ၏ ပြင်းပြသော အာရုံနောက်သို့ မလွန်ဆန်နိုင် ဖြစ်နေခဲ့ရသည်။
“ရှောင်ပေ... ဒီလိုမျိုးလုပ်ပါနှင့်၊ အန်တီ အခု ဘယ်မှာလဲ...”
ယောင်ပင်းသည်ကား ကျန်းရှောင်ပေ၏ အထိန်းအကွပ်မဲ့သော အပြုအမူများထဲမှ ရုန်းထွက်ရန် ဆက်လက်ကြိုးစားနေဆဲပင်။
ကျန်းရှောင်ပေ၏ ပြန်လည်တုံ့ပြန်မှုမှာတော့ သူမ၏လက်များဖြင့် သူ၏အဝတ်အစားများကို ဆွဲဖြဲလိုက်ခြင်းပင် ဖြစ်ချေသည်။
ယောင်ပင်းတစ်ယောက် နောက်ဆုံးတွင် အရှုံးပေးလိုက်ရချေပြီ။
သင်္ချိုင်း၏ အခြားတစ်ဖက်တွင်တော့:
ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
သူတို့၏ရှေ့တွင် ရေတစ်ခွက် ရှိနေခဲ့လေသည်။
ထိုနှစ်ဦးက အတူတကွ မန္တန်ရွတ်ဆိုနေကြပေသည်။
ရေမျက်နှာပြင်ထက်တွင် ယောင်ပင်းသည်က ကျန်းရှောင်ပေအား တင်းကျပ်စွာ ဖက်တွယ်ထားပြီး ထိုနှစ်ဦး ပြင်းပြစွာ ချစ်တင်းနှီးနှောနေကြသည်ကို ပြသနေခဲ့သည်။
“ဒီတစ်ကြိမ်တော့ အဲဒီကောင်လေး ပြေးချင်ရင်တောင် ပြေးလို့မလွတ်တော့ဘူး”
ရေမျက်နှာပြင်ထက်က လူရိပ်နှစ်ခုကို ကြည့်ပြီး ကန်းခွိုက်လဲ့က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“သူက ငါတို့တွေ ဒီလိုမျိုး စီစဉ်ထားလိမ့်မယ်လို့ လုံးဝ မျှော်လင့်ထားမှာ မဟုတ်ဘူး”
မာစတာလျို့က လှောင်ပြုံးပြုံးလာ၏။
“အဲဒီကောင်လေးက ငါတို့ကို လျို့ချင်းရဲ့လူတွေလို့ပဲ ထင်နေတာ၊ ငါတို့တွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတာ သူ ဘယ်တော့မှ သံသယဝင်မှာ မဟုတ်ဘူး၊
ဒါနဲ့ ညီလေးကန်း... လျို့ချင်းနဲ့ကိစ္စကို အားလုံး စီစဉ်ပြီးပြီလား၊ ဘာအမှားအယွင်းမှ မရှိစေနဲ့နော်၊ မဟုတ်ရင် မစ္စတာမိုက ငါတို့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး”
သူသည်က မိုလီချွမ်၏ ညွှန်ကြားချက်များကို လုံးဝ အမှားအယွင်း အဖြစ်မခံရဲချေ။
ကန်းခွိုက်လဲ့က အေးအေးလူလူ ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့၊ လျို့ချင်းက သေချာပေါက် သဘောတူမှာပါ၊ အခုဂိုဏ်းတွေအများကြီးက သူနဲ့ အဆက်အသွယ်ဖြတ်လိုက်ကြပြီဆိုတော့ သူက ငါတို့ကို ကူညီပြီးပူးပေါင်းရတာကို ပိုတောင် ဝမ်းသာနေဦးမယ်”
သူသည် သူ၏ ဆုံးဖြတ်ချက်အပေါ် အမြဲတမ်း ယုံကြည်ချက် ရှိပေသည်။
“မှန်တယ်၊ လျို့ချင်းက ဝမ်းသာနေလိမ့်မယ်”
မာစတာလျို့က သဘောတူ ခေါင်းညိတ်သည်။
“ငါတို့က ယောင်ပင်းကို အချိန်ဆွဲထားပေးတဲ့အချိန်မှာ သူက ကျောက်ခိုင်ကို ရှင်းဖို့ အာရုံစိုက်လို့ရတာပေါ့၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ၊ သူ ဘာလို့ ဝမ်းမသာဘဲ နေမလဲ၊ ညီလေးကန်း... ဘယ်လိုလဲ၊ ငါတို့ အခုပဲ လှုပ်ရှားလို့ရပြီလား”
သူတို့သည်က ယောင်ပင်းအတွက် ကြီးမားသော လက်ဆောင်တစ်ခုကို ပြင်ဆင်ထားခဲ့ကြပေသည်။
ဤလက်ဆောင်မှာ သူတို့ သေသေချာချာ ပြင်ဆင်ထားခဲ့သောအရာ ဖြစ်ပေသည်။
ကန်းခွိုက်လဲ့က ရေမျက်နှာပြင်ထက်က လူရိပ်နှစ်ခုကို စိုက်ကြည့်လိုက်ပြီး သူ၏လက်ကို အနည်းငယ် မြှောက်ကာ “သုံး...” ဟု စတင်ရွတ်ဆိုလိုက်ပေသည်။
ယောင်ပင်းမှာတော့ ဤအရာများကို လုံးဝ သတိမထားမိရှာချေ။
ဟီး... ဟီး... ဟီး...
အတန်ကြာပြီးနောက် မလှမ်းမကမ်းကနေ သာယာသော ရယ်မောသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ခိုအသံက မကောင်းဆိုးဝါးဆန်ပြီး ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။
ငရဲပြည်မှ လာသော အသံကဲ့သို့ပင်။
မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် ယောင်ပင်းနှင့် ပြင်းပြစွာ ငြိတွယ်နေသော ကျန်းရှောင်ပေ၏ ခန္ဓာကိုယ်က ရုတ်တရက် အေးစက်သွားပြီး သူမ၏ ရှည်လျားသော လက်သည်းများဖြင့် ယောင်ပင်း၏ ဗလာဖြစ်နေသော ရင်ဘတ်ကို ကုတ်ခြစ်လိုက်တော့သည်။
“အား...”
ယောင်ပင်း နာကျင်လွန်းသဖြင့် အော်ဟစ်မိသွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် သူသည်က ကျန်းရှောင်ပေအား လက်ဝါးချက်ဖြင့် တွန်းဖယ်လိုက်ပြီး နောက်သို့ ရုတ်တရက် ဆုတ်ခွာလိုက်သည်။ ကျန်းရှောင်ပေက သူ့ကို နာကျင်အောင် ပြုလုပ်လိုလျှင်ပင် သူသည် သူမအား နာကျင်အောင် မလုပ်ဆောင်လိုချေ။
အဆုံးတွင် ကျန်းရှောင်ပေ၌ လျှို့ဝှက်ချက်များစွာ ရှိနေဆဲပင်။
ဝုန်း!
ယောင်ပင်းက ကျန်းရှောင်ပေအား လက်ဝါးဖြင့် တွန်းဖယ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းရှောင်ပေ၏ ခန္ဓာကိုယ်ထက်တွင် တစ်စုံတစ်ခု တောက်ပသွားပြီးနောက် နားကွဲလုမတတ် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ချေတော့သည်။
ကျန်းရှောင်ပေက နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုး ဆုတ်ခွာသွားခဲ့လေသည်။
သို့သော် ခြေလှမ်းအနည်းငယ် ဆုတ်ခွာပြီးနောက် ကျန်းရှောင်ပေက ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
ယောင်ပင်း၏ ရှေ့တွင်ပင် ကျန်းရှောင်ပေ၏ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ချေပြီ။
“ရှောင်ပေ...”
ယောင်ပင်းသည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး ကျန်းရှောင်ပေရှိရာ လမ်းကြောင်းဆီသို့ အပြေးအလွှား သွားခဲ့သည်။
သို့သော်လည်း သူ လှုပ်ရှားလိုက်ရုံမျှ ရှိသေးစဉ်မှာပင် ပြင်းထန်လှသော အပူလှိုင်းကြီးတစ်ခုက အားပြင်းစွာ တိုက်ခတ်လာချေသည်။
“မကောင်းတော့ဘူး...”
ယောင်ပင်းသည် တွေးတောရန် အချိန်မရဘဲ မသိစိတ်ဖြင့် ဘေးသို့ လှိမ့်ကာ အားပြင်းလွန်းသော အပူလှိုင်းဘေးမှ တိမ်းရှောင်လိုက်ရပေသည်။
ဝုန်း!
ဝုန်း!
ယောင်ပင်း အလျင်အမြန် ဆုတ်ခွာလိုက်ပြီးနောက် ကျန်းရှောင်ပေ မတိုင်မီက မတ်တတ်ရပ်နေခဲ့သော နေရာမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
မြေပြင်မှာ အဆက်မပြတ် တုန်ခါနေပေသည်။
သင်္ချိုင်းပတ်ပတ်လည်ရှိ သစ်ပင်များပေါ်တွင် နားနေကြသော ပိုးမွှားများမှာ လန့်ဖြန့်သွားကြပြီး ကောင်းကင်ယံသို့ ပျံသန်းကာ အဆက်မပြတ် အော်မြည်နေကြသည်။
ယောင်ပင်း၏ ရင်ခုန်သံများက ပြင်းထန်လာခဲ့ရပေသည်။
နားကွဲလုမတတ် ပြင်းထန်သော အော်မြည်သံမှာ လေးငါးကြိမ်မျှ ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ချေပြီ။
သင်္ချိုင်းပတ်ဝန်းကျင်မှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ရှောင်ပေ...”
ယောင်ပင်းသည် မြေပြင်မှ ကုန်းထကာ ပျာပျာသလဲဖြင့် ပတ်ပတ်လည်ကို ရှာဖွေရင်း ကျန်းရှောင်ပေအား အသည်းအသန် အော်ခေါ်လိုက်သည်။
“ရှောင်ပေ... မင်း ဘယ်မှာလဲ”
မည်သူကမျှ ပြန်လည်ဖြေကြားခြင်း မရှိချေ။
ယောင်ပင်းတစ်ယောက် ကျန်းရှောင်ပေ ရပ်နေခဲ့သော နေရာသို့ ပြေးသွားခဲ့ပေသည်။
မြေပြင်ပေါ်တွင်တော့ အဝတ်အစား အပိုင်းအစများနှင့် သွေးသံရဲရဲဖြင့် ရှုပ်ထွေးသည့်မြင်ကွင်းဖြင့်သာ ပြန့်ကျဲနေလေ၏။
ဝုန်း!
ယောင်ပင်း၏ ဦးနှောက်အတွင်း တစ်စုံတစ်ခု ပေါက်ကွဲသွားခဲ့လေပြီ။ ယခုတစ်ကြိမ်တွင်တော့ ကျန်းရှောင်ပေသည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ချေပြီ။
ထို့အပြင် အပိုင်းပိုင်းအစစ ကွဲကြေကာ သေဆုံးခဲ့ရခြင်း ဖြစ်ပေသည်။
ဤသည်ကြောင့်ပင် ကျန်းရှောင်ပေသည်က မိခင်ဖြစ်သူကို သုံး၍ ယောင်ပင်းအား သင်္ချိုင်းသို့ မျှားခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းရှောင်ပေက သူမ၏ခန္ဓာကိုယ်တွင် ဗုံးတစ်လုံးကို ကြိုတင် တပ်ဆင်ထားခဲ့ပြီးနောက် ယောင်ပင်းနှင့် ချစ်တင်းနှီးနှောကာ ရစ်ပတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
အရာအားလုံး အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါတွင် ကျန်းရှောင်ပေ၏ ခန္ဓာကိုယ်ပေါ်က ဗုံးက ပေါက်ကွဲသွားခဲ့သည်။
ဗုံးပေါက်ကွဲပြီးနောက် ယောင်ပင်းနှင့် ကျန်းရှောင်ပေတို့နှစ်ယောက်လုံးကို အပိုင်းပိုင်းအစစ ကွဲကြေသွားစေရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအရာကို သဘောပေါက်သွားသောအခါ ယောင်ပင်း၏ မျက်ဝန်းများတွင် ဒေါသအရှိန်အဝါများ တောက်လောင်လာရတော့သည်။
အင်မတန် ကောက်ကျစ်လွန်းသော အကွက် ဖြစ်ပေသည်။ တစ်ဖက်လူက သူ့အား ရှင်းလင်းရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခဲ့ကြသည်။
သူတို့က ကျန်းရှောင်ပေအား အပိုင်းပိုင်းအစစ ကွဲကြေအောင်အထိပင် လုပ်ဆောင်ခဲ့ကြချေပြီ။
“ရှောင်ပေ...”
ယောင်ပင်းတစ်ယောက် မြေပြင်ပေါ်က ပျက်စီးနေသော အသားစများနှင့် သွေးများကို ကျန်းရှောင်ပေ၏ အဝတ်အစားများနှင့်အတူ အလျင်အမြန် စုဆောင်းလိုက်ပြီးတိုးတိုးလေး ပြောလိုက်မိသည်။
“ရှောင်ပေ... ငါ နောက်ဆုံးတော့လည်း မင်းကို မကူညီနိုင်ခဲ့ဘူး...”
သူသည်က စွမ်းအားကြီးမားလွန်းသော်လည်း နောက်ကျသွားခဲ့ချေပြီ။
သူ့အနေဖြင့် ဤဘဝတွင် ကျန်းရှောင်ပေအပေါ် တင်ရှိနေသော အကြွေးကို မည်သည့်အချိန်တွင်မှ ပြန်ဆပ်နိုင်တော့မည် မဟုတ်ချေ။
ယောင်ပင်းက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျန်းရှောင်ပေ၏ အသုံးအဆောင်များနှင့် အသားစများကို ပင်ပန်းကြီးစွာ စုစည်းလိုက်ပြီးနောက် ကျင်းတစ်ခုတူးကာ သူမ၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် ရုပ်ကြွင်းများကို ဂရုတစိုက် မြှုပ်နှံပေးလိုက်သည်။
ထိုအချိန်တွင် မလှမ်းမကမ်းက သာယာသော ရယ်မောသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ယောင်ပင်းတစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရင်ထဲတွင် ခံပြင်းလွန်းသော ဝမ်းနည်းမှုကို ခံစားနေရသည်။
သူသည် အဖက်ဖက်က ပြင်ဆင်ထားခဲ့ပါလျက်နှင့် အဘယ်ကြောင့် သူတို့၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ရသနည်း။
ထိုအချိန်တွင် စနစ်မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့ချေသည်။
“ယင်အစေခံ ကျန်းရှောင်ပေက ကြည်ဖြူမှုကို ပြသနေပါသည်၊ လက်ခံမလား”
ကျန်းရှောင်ပေက ကြည်ဖြူမှုကို ပြသနေတယ် ဟုတ်လား။
ယင်အစေခံ လား။
ကျန်းရှောင်ပေက အမှန်တကယ်ပင် သေဆုံးသွားခဲ့ချေပြီ။
သို့သော်လည်း သေဆုံးသွားသော ကျန်းရှောင်ပေဘက်မှ တုံ့ပြန်လာခြင်းဖြစ်ရာ ယောင်ပင်းအား အလွန်အမင်း စိတ်လှုပ်ရှားသွားစေပေသည်။
ယောင်ပင်း တစ်ကိုယ်လုံး တုန်ရင်လျက် မြေပြင်မှ ဝုန်းကနဲ ထရပ်လိုက်ပြီး “လက်ခံမည်” ကို နှိပ်လိုက်ပေသည်။
သူ ရွေးချယ်ပြီးနောက် စနစ်မျက်နှာပြင်ပေါ်တွင် ထပ်မံပေါ်လာပြန်သည် :
“ယင်အစေခံ ကျန်းရှောင်ပေက မြေအောက်လောကတွင် အမြဲတမ်း နေထိုင်ခွင့် တောင်းဆိုနေပါသည်၊ လက်ခံမလား”
သူဖန်တီးထားတဲ့ မြေအောက်လောကမှာ အမြဲတမ်း နေထိုင်မှာလား။
သို့ဆိုလျှင် သူသည် ကျန်းရှောင်ပေအား အချိန်မရွေး မြင်တွေ့နိုင်မည် မဟုတ်ပါလား။
ယောင်ပင်းသည် တုန်ရင်နေသော လက်များဖြင့် ချက်ချင်းပင် “လက်ခံမည်” ကို နှိပ်လိုက်ပြန်သည်။
မကြာမီတွင် စနစ်မျက်နှာပြင်ပေါ်တွင် ထပ်မံပေါ်လာပြန်သည်။
“ယင်အစေခံ ကျန်းရှောင်ပေ၏ မြေအောက်လောကတွင် အမြဲတမ်း နေထိုင်ခွင့် တောင်းဆိုချက်ကို သဘောတူပါသည်၊ ကျန်းရှောင်ပေ အဆင်ပြေစေရန်အတွက် မြေအောက်လောကတွင် နန်းဆောင်တစ်ခု ဖွင့်လှစ်ပေးပါရန်”
*