← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း(133)

ကျန်းရှောင်ပေ နေထိုင်ရန်အတွက် မြေအောက်လောကတွင် နန်းဆောင်တစ်ခု ဖွင့်လှစ်ပေးရမှာလား။

သေချာပေါက်ရတာပေါ့။

အကယ်၍ သူသာ နန်းဆောင်တစ်ခု မဖွင့်ပေးပါက ကျန်းရှောင်ပေ မည်သည့်နေရာတွင် နေထိုင်ရမည်နည်း။

ထို့ကြောင့် ယောင်ပင်းက တုံ့ဆိုင်းခြင်းမရှိဘဲ “လက်ခံမည်” ကို ထပ်မံရွေးချယ်လိုက်ပေသည်။

သူ ရွေးချယ်ပြီးနောက် စနစ်မျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။

“ယခင်က မစ်ရှင် မရှိခဲ့ပါ၊ မြေအောက်လောကတွင် နန်းဆောင်တစ်ခု ဖွင့်လှစ်ရန်အတွက် မြေအောက်လောကဒင်္ဂါး သန်းတစ်ရာ လိုအပ်ပါသည်၊ ဖွင့်လှစ်ရန် ရွေးချယ်မလား”

သူ့အနေဖြင့် မြေအောက်လောကကို ဖွင့်လှစ်ရန်အတွက် ငွေသုံးနိုင်သည် လား။

သူ့တွင် မြေအောက်လောကဒင်္ဂါး သန်းနှစ်ရာကျော် ရှိနေဆဲ ဖြစ်ပေသည်။ သန်းတစ်ရာ သုံးလိုက်လျှင်ပင် သူ့တွင် သန်းတစ်ရာ ကျန်ရှိနေဦးမည်ပင်။

ယောင်ပင်း စိတ်ထဲကနေ ခေါင်းခါလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ “လက်ခံမည်” ကို ထပ်မံရွေးချယ်လိုက်ပေသည်။

သူ “လက်ခံမည်” ကို ရွေးချယ်ပြီးနောက် စနစ်မျက်နှာပြင်ပေါ်တွင် မြေအောက်လောက ဖွင့်လှစ်ခြင်း အစီအစဉ်ပြမြေပုံ ချက်ချင်း ပေါ်လာခဲ့သည်။

အစီအစဉ်ပြမြေပုံထက်တွင် ယခင်က မီးခိုးရောင် ဖြစ်နေခဲ့သော ကျောက်စိမ်းစမ်းချောင်းနန်းဆောင်၏ လိုင်းများက ဖြည်းည်းချင်း မည်းနက်သော အရောင်သို့ ပြောင်းလဲသွားခဲ့ချေပြီ၊ ဤသည်ကား ကျောက်စိမ်းစမ်းချောင်းနန်းဆောင် တည်ဆောက်မှု ပြီးစီးသွားခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။

မြေအောက်လောက အစီအစဉ်ပြမြေပုံထက်တွင် ကျောက်စိမ်းစမ်းချောင်းနန်းဆောင်၏ လိုင်းများ ဖြည်းဖြည်းချင်း မည်းနက်သွားသည်ကို မြင်ရသည့်အတွက် ယောင်ပင်းတစ်ယောက် မည်သည့်အရာက ထူးခြားသွားသည်ကို ကြည့်ရှုရန် ကျောက်စိမ်းစမ်းချောင်းနန်းဆောင်ပေါ်သို့ မသိစိတ်ဖြင့် နှိပ်လိုက်မိချေတော့သည်။

*

ယောင်ပင်းသည် ကျောက်စိမ်းစမ်းချောင်းနန်းဆောင်ပေါ်သို့ အလျင်အမြန် နှိပ်လိုက်သည်။

၎င်းကို ဖွင့်လိုက်သောအခါ နန်းဆောင်၏ သုံးဖက်မြင် 3Dပုံရိပ်တစ်ခုက သူ၏စိတ်အာရုံထဲတွင် ပေါ်လာခဲ့လေသည်။

ထိုပုံရိပ်အရ ယောင်ပင်းသည် ကျောက်စိမ်းစမ်းချောင်းနန်းဆောင်၏ အဆင်အပြင်နှင့် ဖွဲ့စည်းပုံကို အထင်အရှား မြင်တွေ့ရသည်။ ယခင်က ဖွင့်လှစ်ခဲ့သော ယင်ပင်းစံအိမ်နှင့် ကျင်းကျူနန်းဆောင်တို့နှင့် မတူဘဲ ကျောက်စိမ်းစမ်းချောင်းနန်းဆောင်မှာတော့ ရှေးခေတ်အမျိုးသမီးတစ်ဦး၏ အိပ်ဆောင်ကဲ့သို့ပင် အလွန်အမင်း သန့်ပြန့်လှပပြီး ကျော့ရှင်းလွန်းပေသည်။

ထို့ထက် ပို၍ဆန်းကြယ်သည်မှာ ယောင်ပင်းက ထို 3D ပုံရိပ်ပေါ်သို့ နှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် စနစ်မျက်နှာပြင်ပေါ်တွင် စာကြောင်းတစ်ကြောင်း ချက်ချင်း ပေါ်လာခဲ့ချေသည်

“ကျောက်စိမ်းစမ်းချောင်းနန်းဆောင်၏ အရှင်သခင်မ၊ ကျန်းရှောင်ပေ။

လိင်: ယင်အမျိုးသမီး။

ယင်သက်တမ်း: တစ်လ။

ထူးခြားချက်: စတင်ဖူးပွင့်စ။

စတင်ဖူးပွင့်စ ဟုတ်လား။

ဤစကားလုံးလေးလုံးမှာ လူကို အလွယ်တကူ အတွေးချော်စေနိုင်ပေသည်။

ယောင်ပင်းက “နောက်တစ်မျက်နှာ” ကို နှိပ်လိုက်လျှင် စနစ်မျက်နှာပြင်ပေါ်တွင် ရွေးချယ်စရာ အချို့ ပေါ်လာခဲ့ချေသည်။

နန်းဆောင်ကိုလှည့်လည်ကြည့်ရှုခြင်း၊

(2)သီးသန့်စကားပြောခြင်း၊

အိပ်ဆောင်မြဲ ဝန်ဆောင်မှု။

ယောင်ပင်း လန့်ဖျတ်သွားရပေသည်။

အိပ်ဆောင် ဝန်ဆောင်မှုပင် ပြုလုပ်နိုင်သည်လား။

သို့ဆိုလျှင် စောစောက “စတင်ဖူးပွင့်စ” ဟူသော စကားလုံးအပေါ် သူ၏ ထင်မြင်ယူဆချက်မှာ အတော်လေး တိကျနေခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်မှာ သူ ကျန်းရှောင်ပေနှင့် အချိန်မရွေး အတူတကွ ရှိနေနိုင်သည်ကို ဆိုလိုခြင်း ဖြစ်ပေ၏။

ရုတ်တရက်ပင် မတိုင်မီကဖြစ်ပွားခဲ့သော စိတ်လှုပ်ရှားဖွယ် ချစ်တင်းနှီးနှောမှု မြင်ကွင်းက ယောင်ပင်း၏ ဦးနှောက်အတွင်း ဖြတ်ပြေးသွားသဖြင့် သူ၏ရင်ခုန်သံမှာ အနည်းငယ် တုန်ယင်သွားရပေသည်။

သင်္ချိုင်းနှင့် မလှမ်းမကမ်းတွင်တော့:

လွန်ခဲ့သည့် မိနစ်အနည်းငယ်က ဖြစ်ပေသည်။

ကျန်းရှောင်ပေ အပိုင်းပိုင်းအစစ ကွဲကြေသွားသောအခါ ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့၏ ရှေ့က ရေခွက်အတွင်းရှိ ရေလှိုင်းများသည် ပြင်းထန်စွာ တုန်ခါသွားပြီး ရေမျက်နှာပြင်ပေါ်က ပုံရိပ်ကို ဝေဝါးသွားစေကာ လွင့်စင်နေသော အပိုင်းအစများကိုသာ ပြသနေချေတော့သည်။

ဗုံးအမြောက်အမြား တစ်ပြိုင်နက်တည်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ရာ ယောင်ပင်းသည်လည်း သေချာပေါက် သေဆုံးရပေလိမ့်မည်။

မာစတာလျို့က မာနကြီးစွာဖြင့် လှောင်ပြုံးပြုံးလုက်သည်။

“ဟားဟားဟားဟား... အဲဒီကောင်လေးတော့ သေပြီ၊ သူ သေခါနီးအချိန်အထိ သူ့ရဲ့ ရည်းစားဟောင်း လက်ချက်နဲ့ သေရမယ်ဆိုတာကို လုံးဝ သဘောပေါက်သွားမှာ မဟုတ်ဘူး”

သူတို့သည်က ကျန်းရှောင်ပေနှင့် သူမ၏မိခင်တို့ကို သုံး၍ ယောင်ပင်းအား သင်္ချိုင်းသို့ မျှားခေါ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ထို့နောက် ကျန်းရှောင်ပေ၏ ခန္ဓာကိုယ်တွင် ဗုံးအမြောက်အမြားကို တပ်ဆင်ထားခဲ့ကြသည်။

ဤမျှ နီးကပ်လှသော အကွာအဝေးတွင် ထိုဗုံးများ ပေါက်ကွဲခြင်းမှာ ယောင်ပင်းကို သတ်ပစ်ရန် လုံလောက်ပေသည်။

“အဲဒီမိန်းကလေးကတော့ သူ့ရဲ့ တာဝန်ကို ကျေပွန်သွားတာပဲ”

ယောင်ပင်း သေဆုံးသွားပြီဟု သိလိုက်ရသဖြင့် ကန်းခွိုက်လဲ့ကလည်း မာနထောင်လွှားစွာဖြင့် ပြောလေသည်။

“ကျုပာတို့က အဲဒီကောင်လေးကို မသေခင်မှာ အတွေ့အကြုံတစ်ခု ပေးခဲ့တာဆိုတော့ တရားပါတယ်... တကယ်လို့ သူက သူ့ရည်းစားရဲ့ လျှို့ဝှက်ချက်အပေါ် ဤမျှ စွဲလမ်းမနေခဲ့ရင် ကျုပ်တို့လည်း သူ့ကို ဒီသင်္ချိုင်းဆီ မျှားခေါ်ပြီး သတ်နိုင်မှာ မဟုတ်ဘူး”

ခဏအကြာတွင်:

ယခင်က လှုပ်ခတ်ပြီး ဝေဝါးနေခဲ့သော ရေမျက်နှာပြင်သည် နောက်ဆုံးတွင် ပြန်လည်ငြိမ်သက်သွားခဲ့ချေပြီ။

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့သည် သူတို့၏ အောင်မြင်မှုကို အရသာခံရန်အတွက် ရေခွက်အတွင်းရှိ ရေကို စိုက်ကြည့်လိုက်ကြပေသည်။

သို့သော်လည်း ရေမျက်နှာပြင်ထက်က လူကို မြင်လိုက်ရသောအခါ သူတို့၏ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားရချေတော့သည်။

သူတို့သည်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေချေသည်။

ရေမျက်နှာပြင်ထက်က လူမှာ အခြားသူမဟုတ်ဘဲ သူတို့ သေဆုံးသွားပြီဟု ထင်မှတ်ထားသော ယောင်ပင်းပင် ဖြစ်နေချေသည်။

ထို့အပြင် ဤအချိန်တွင် ယောင်ပင်းသည် ပေါက်ကွဲမှုကြောင့် ပြန့်ကျဲသွားသော ကျန်းရှောင်ပေ၏ အဝတ်အစားများနှင့် အသားစများကို အသည်းအသန် လိုက်လံစုဆောင်းနေခဲ့သည်။

သူသည် လုံးဝ သေဆုံးခြင်း မရှိခဲ့ချေ။

အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊

နှင့် ဒေါသထွက်ခြင်း။

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့၏ မျက်နှာထက်က အမူအရာများသည် လျှပ်တစ်ပြက်အတွင်း အကြိမ်ကြိမ် ပြောင်းလဲသွားကာ တကယ့်ကို ကြည့်ကောင်းလွန်းပေသည်။

“သူ... သူ မသေသေးဘူး”

ယောင်ပင်းကို မြင်ရသောအခါ မာစတာလျို့၏ မျက်နှာမှာ အံ့ဩခြင်းနှင့် နာကျည်းခြင်းတို့ကြောင့် အနည်းငယ် ပုံပျက်သွားရပေသည်။

“သူက ဘယ်လိုလုပ် မသေဘဲ နေနိုင်ရတာလဲ၊ စောစောက ကျန်းရှောင်ပေက...”

မတိုင်ခင်က ကျန်းရှောင်ပေ၏ ရှည်လျားသော လက်သည်းများက ယောင်ပင်း၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး သူ့ကို အလစ်အငိုက်မိကာ ဒဏ်ရာရရှိစေခဲ့သည်ကို သူ အထင်အရှား မြင်တွေ့ခဲ့ရပေသည်။

ထို့ထက် ပို၍ ကျန်းရှောင်ပေ၏ လက်သည်းများ ယောင်ပင်း၏ ရင်ဘတ်ကို ထိုးဖောက်သွားသည့် အချိန်မှာပင် သူမ၏ခန္ဓာကိုယ်ပေါ်က ဗုံးသည် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ပေသည်။

ယောင်ပင်းသည်လည်း အဝေးသို့ လွင့်စင်သွားခဲ့သည်မဟုတ်ပါလား။

သူ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကန်းခွိုက်လဲ့၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူသည် သွားကို တင်းတင်းကြိတ်ကာ ရေမျက်နှာပြင်ထက်က ယောင်ပင်းကို အေးစက်စွာ ခဏမျှ စိုက်ကြည့်ပြီးနောက် ဝုန်းကနဲ ထရပ်လိုက်ပေသည်။

“တောက်... ငါ မယုံဘူး၊ ဒီတစ်ကြိမ်လည်း အဲဒီကောင်လေးကို မသတ်နိုင်ဘူး ဟုတ်လား၊ သူက သံမဏိနဲ့ လုပ်ထားတာမို့လို့လား”

မာစတာလျို့သည်လည်း သူ့နောက်ကနေ ချက်ချင်း ထရပ်လိုက်ပြီး ထိတ်လန့်တကြား မေးလေသည်။

“ညီလေးကန်း... မင်း ဘာလုပ်မလို့လဲ”

ကန်းခွိုက်လဲ့က သူ့ကို ဂရုမစိုက်ဘဲ လှည့်ထွက်ကာ သင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လျှောက်လှမ်းသွားချေသည်။

မာစတာလျို့သည်လည်း ကန်းခွိုက်လဲ့၏ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး စိုးရိမ်တကြီး သတိပေးလေသည်

“ညီလေးကန်း... မစ္စတာမို ငါတို့ကို သတိပေးခဲ့တာကို မေ့သွားပြီလား၊ ငါတို့က လျို့ချင်းကို တိတ်တဆိတ် ကူညီပေးရုံပဲလေ၊ ယောင်ပင်းကို လုံးဝ ထိပ်တိုက်မတွေ့ရဘူး၊ ငါတို့ရဲ့ အကြောင်းကိုလည်း လုံးဝ အသိမခံရဘူး”

ဤသည်ကား မိုလီချွမ် သူတို့ မလာခင်က ထပ်ခါတလဲလဲ အလေးအနက် မှာကြားခဲ့သောအရာ ဖြစ်ပေသည်။

သို့သော်လည်း ယခုအချိန်တွင် ကန်းခွိုက်လဲ့မှာ နာကျည်းမှုများကြောင့် မျက်စိကွယ်နေခဲ့ချေပြီ။

သူသည် ငယ်စဉ်ကတည်းက ထူးချွန်သူဖြစ်ပြီး အမြဲတမ်း မာနကြီးခဲ့သူ ဖြစ်ပေသည်။

သူ၏မျက်စိထဲတွင် သူ မလုပ်နိုင်သောအရာဟူ၍ မရှိခဲ့ဖူးချေ။

ယောင်ပင်းနှင့် မတွေ့ဆုံမီအထိပင်။

အကြိမ်ကြိမ် ကြုံတွေ့ရပြီးနောက် ယောင်ပင်းအပေါ် ကန်းခွိုက်လဲ့၏ သဘောထားမှာ ဖြည်းည်းချင်း စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့ပြီး ယောင်ပင်းနှင့် အသေအလဲ ယှဉ်ပြိုင်လိုစိတ် ပြင်းပြနေချေသည်။

“စိတ်မပူပါနဲ့၊ ကျုပ်က ကျုပ်ဘယ်သူလဲဆိုတဲ့အကြောင်းကို လုံးဝ အသိမခံဘူး၊ မစ္စတာမိုအတွက်လည်း ဒုက္ခမပေးဘူး”

သူသည် အေးစက်သော မျက်နှာဖြင့် အလျင်အမြန် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် မျက်လုံးများကို ကစားကာ မာစတာလျို့ဘက်သို့ လှည့်၍ ဆိုလေသည်။

“သူက ခင်ဗျားရဲ့ စီနီယာအစ်ကိုနဲ့ တပည့်အများကြီးကို သတ်ခဲ့တာလေ၊ မင်းက ဒါကို တကယ်ပဲ အောင့်အီးထားနိုင်တာလား၊ တကယ်လို့ ဒီအခွင့်အရေးကို လွဲချော်သွားရင် သူ့ကို ရှာဖို့ နောက်ထပ် ခက်လိမ့်မယ်”

သူ့အနေဖြင့် လှုပ်ရှားမည်ဆိုပါက မာစတာလျို့ကိုပါ ဆွဲခေါ်ရလိမ့်မည်။

ထို့ပြင် ဤသင်္ချိုင်းမှာ တိတ်ဆိတ်ပြီး လူသူကင်းမဲ့ကာ ပတ်ဝန်းကျင် အခြေအနေ အလွန်ကောင်းမွန်လှပေသည်။ သူ ကြီးကြီးမားမား လှုပ်ရှားလိုလျှင်ပင် သူတစ်ပါး သိရှိရန် မလွယ်ကူချေ။

အကယ်၍ ဤအခွင့်အရေးကို လွဲချော်သွားပါက နောက်ပိုင်းတွင် ယောင်ပင်းအား ရှင်းလင်းရန်မှာ ပို၍ ဒုက္ခများလိမ့်မည် ဖြစ်ပေသည်။

“ညီလေးကန်း... မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ”

ကန်းခွိုက်လဲ့က ယောင်ပင်း သတ်ဖြတ်ခဲ့သော မာစတာလျို့၏ တပည့်များအကြောင်းကို ပြောလိုက်သောအခါ မာစတာလျို့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားရပေသည်။ သူာ အံသွားကို ကြိတ်လိုက်ပြီး သတ်ဖြတ်လိုသော စိတ်များ တိုးပွားလာခဲ့ရသည်။

“ညီလေးကန်းသာ စိတ်မရှိရင် ငါ ကူညီပါ့မယ်”

ကန်းခွိုက်လဲ့၏ စကားက မာစတာလျို့၏ သတ်ဖြတ်လိုသောစိတ်ကို နှိုးဆွပေးလိုက်ပေသည်။

ယောင်ပင်းသည် သူ၏စီနီယာအစ်ကိုကို သတ်ခဲ့ပြီး သူ၏တပည့်အများကြီးကို ဆုံးရှုံးစေခဲ့သည်။ မာစတာလျို့၏ ယောင်ပင်းအပေါ် နာကျည်းမှုမှာ ဖျက်ဆီး၍ မရနိုင်သောအရာ ဖြစ်ပေသည်။

ကန်းခွိုက်လဲ့က ခေါင်းကို လှည့်၍ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ကောက်ကျစ်သော လေသံဖြင့် ဆိုသည်။

“အစ်ကိုလျို့... ဒါက သင်္ချိုင်းလေ၊ သင်္ချိုင်းမှာ အများဆုံး ရှိတဲ့အရာက ဘာလဲ”

“သင်္ချိုင်းမှာ အများဆုံး ရှိတဲ့အရာ ဟုတ်လား”

မာစတာလျို့ ခဏမျှ ဆွံ့အသွားပြီးနောက် ရေရွတ်လိုက်ရင်း ရုတ်တရက် သဘောပေါက်သွားကာ ကန်းခွိုက်လဲ့ကို ကြည့်လိုက်ပေသည်။

“ညီလကန်း... မင်း သူ့ကိုတိုက်ခိုက်ဖို့အတွက် အလောင်းကောင်တွေကို သုံးမလို့ ကြံစည်နေတာလား...”

*

All Chapters