← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း(135)

မလှမ်းမကမ်း၌:

ချုံပုတ်များအတွင်း၌ ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့က မှောက်လျက် ရှိနေကြပြီး တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြပေသည်။

ဖုတ်ကောင်ဘုရင်၏ ထူးခြားလွန်းသော ရက်စက်မှုကို မြင်ရပြီး သာမန်အချိန်တွင် စစ်နတ်ဘုရားကဲ့သို့ ဖြစ်နေသော ယောင်ပင်းမှာ ယခုအခါ သရေမျှသာ တိုက်ခိုက်နိုင်သည်ကို မြင်ရသောအခါ ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့၏ မျက်မှောင်များမှာ အနည်းငယ် ပြေလျော့သွားပြီး ၎င်းတို့၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့ချေသည်။

ယခုအခါ ဖုတ်ကောင်ဘုရင် ရှိနေပြီဖြစ်ရာ ယောင်ပင်းအနေဖြင့် လွယ်လွယ်နှင့် ပြေးလွတ်နိုင်မည်မဟုတ်ပေ။

“ညီလေးကန်း... ဒီတစ်ကြိမ်တော့ ဘယ်လိုအံ့ဩစရာမှ ရှိမှာ မဟုတ်တော့ပါဘူး”

မလှမ်းမကမ်းက လူနှင့် ဖုတ်ကောင်တို့၏ တိုက်ပွဲကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် မာစတာလျို့က ကန်းခွိုက်လဲ့အား ကောက်ကျစ်သော လေသံဖြင့် ဆိုသည်။

“အခု သူတို့ အင်အားချင်း မျှနေပုံရပေမဲ့ အဲဒီကောင်လေးက သွေးနဲ့သားနဲ့ လုပ်ထားတာလေ၊ ဖုတ်ကောင်ဘုရင်ကတော့ သံမဏိနဲ့ လုပ်ထားတာ၊

အဲဒီကောင်လေးက ဖုတ်ကောင်ဘုရင်ထက် ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်တာ သေချာတယ်၊ အဲဒီကောင်လေးရဲ့ အင်အားတွေ ကုန်ခမ်းသွားတဲ့အချိန်အထိ ငါတို့ စောင့်နိုင်သရွေ့ ဖုတ်ကောင်ဘုရင်က သူ့ကို တစ်ချက်တည်းနဲ့ နှိမ်နင်းနိုင်မှာပဲ”

ကန်းခွိုက်လဲ့က မာနထောင်လွှားစွာဖြင့် ပြုံးလိုက်သည်။

“ဒါကြောင့်မို့လို့လည်း ကျုပ် ဖုတ်ကောင်ဘုရင်ကို ဆင့်ခေါ်ခဲ့တာပေါ့၊ အဲဒီကောင်လေးက တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား၊ သူ ဘယ်လောက်အထိ တတ်နိုင်လဲဆိုတာ ကျုပ် စောင့်ကြည့်ချင်သေးတယ်၊

အခြေအနေအရဆိုရင် ဒီတိုက်ပွဲက နောက်ထပ် နာရီဝက်အတွင်း ပြီးဆုံးသွားမှာ သေချာတယ်၊ အဲဒီကောင်လေးရဲ့ သနားစရာကောင်းတဲ့ ရှုံးနိမ့်မှုကို ကျုပ်တို့ ထိုင်စောင့်ကြည့်ကြတာပေါ့”

အကယ်၍ သူတို့အနေဖြင့် ဖုတ်ကောင်ဘုရင်၏ လက်ချက်ဖြင့် ယောင်ပင်း၏ သနားစရာကောင်းသော သေဆုံးမှုကို မြင်တွေ့နိုင်မည်ဆိုပါက ဖုတ်ကောင်အုပ်စုနှင့် ဖုတ်ကောင်ဘုရင်ကို ဆင့်ခေါ်ရန်အတွက် သူတို့ အစွမ်းကုန် အားထုတ်ခဲ့ရသမျှ ခပ်သိမ်းသောအရာ အားလုံးမှာ တန်ဖိုးရှိပေလိမ့်မည်။

ထိုနှစ်ဦး ဆွေးနွေးနေကြစဉ်မှာပင် ဖုတ်ကောင်ဘုရင်နှင့် အကြိတ်အနယ် တိုက်ခိုက်နေသော ယောင်ပင်းက ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပေသည်။

သူ၏ လက်ဝါးနှစ်ဖက်ကြားမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခဏချင်းအတွင်း မီတာအမြောက်အမြား အကွာအဝေးသို့ ပြန့်နှံ့သွားချေသည်။ ထိုအလင်းတန်းမှာ ရွှေရောင်နဂါးတစ်ကောင်ကဲ့သို့ ၎င်း၏ အစွယ်များနှင့် လက်သည်းများကို ဖြန့်ကာ ဖုတ်ကောင်ဘုရင်ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားချေတော့သည်။

ရှဲ...

“ရွှေရောင်နဂါး” လေကို ဖြတ်သန်းသွားသော အသံကို ကြားရပေသည်။

ဝုန်း!

ဖုတ်ကောင်ဘုရင်၏အနားသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ထိုရွှေရောင်အလင်းတန်းသည် ရုတ်တရက် ကျယ်ပြန့်လာပြီး ပိုမိုကြီးမားလာချေသည်။ ၎င်းမှာ ဖုတ်ကောင်ဘုရင်အား လွှမ်းမိုးထားသော ပိုက်ကွန်တစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။

“ယမမင်းရဲ့ ရွှေရောင်အကာအကွယ်ခေါင်းလောင်း” မလှမ်းမကမ်းရှိ ကန်းခွိုက်လဲ့မှာ ထိတ်လန့်တုန်လှုပ်သွားရပေသည်။

“သူက ယမမင်း၏ ရွှေရောင်အကာအကွယ်ခေါင်းလောင်းကို တကယ်ပဲ တတ်မြောက်ထားတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက လူငယ်လေးတစ်ယောက်ပဲ ရှိသေးတာကို ယမမင်းရဲ့ရွှေရောင်အကာအကွယ်ခေါင်းလောင်းကို ဘယ်လိုလုပ် တတ်မြောက်ထားနိုင်ရတာလဲ...”

သူသည်က ထူးခြားလွန်းသော ပါရမီရှင်ဖြစ်ပြီး ငယ်စဉ်ကတည်းက ကြိုးစားအားထုတ် ကျင့်ကြံခဲ့ပေသည်။

သို့သော်လည်း ယခုအချိန်အထိ သရဲဘုရင်အဆင့်သို့သာ ရောက်ရှိသေးပေသည်။

သို့သော်လည်း ယောင်ပင်း၏ တိုက်ခိုက်မှုမှာတော့ ယမမင်းအဆင့် ဖြစ်သော ရွှေရောင်အကာအကွယ်ခေါင်းလောင်း ဖြစ်နေချေသည်။

ဤသည်ကား ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ဖြစ်ပေသည်။

ထိုအချိန်တွင် ကန်းခွိုက်လဲ့၏ ရင်ထဲ၌ ပြင်းထန်လှသော မနာလိုဝန်တိုစိတ်တစ်ခု ရုတ်တရက် တိုးပွားလာရတော့သည်။

ယောင်ပင်းကို စိုက်ကြည့်နေသော သူ၏မျက်ဝန်းများတွင် ဒေါသအရှိန်အဝါများ တောက်လောင်လာရချေသည်

ဤလောကတွင် သူ့ထက် များစွာ ပိုမိုထူးချွန်သော သူတစ်ဦး အဘယ်ကြောင့် ရှိနေရသနည်း။

မာစတာလျို့မှာတော့ တစ်ကိုယ်လုံး တုန်ရင်လျက် မလှမ်းမကမ်းရှိ ယောင်ပင်းနှင့် ဖုတ်ကောင်ဘုရင်တို့၏ ပြင်းထန်သော တိုက်ပွဲဘက်သို့ ကြည့်လိုက်ပေသည်။

ရွှေရောင်အလင်းတန်း လွှမ်းမိုးထားသော နေရာရှိ ဖုတ်ကောင်ဘုရင်၏ လက်အောက်ခံ ဖုတ်ကောင်များသည်ကား မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျကုန်ကြပြီး ခဏချင်းအတွင်း အရိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ မြင်တွေ့လိုက်ရပေသည်။

မကြာမီ ချင်းကွမ်ဘုရင်ပေါ်လာသည်နှင့် အရိုးစုများ ထွက်ပေါ်လာချေပြီ။

“ယမဘုရင် ချင်းကွမ်... ချင်းကွမ်...”

မာစတာလျို့က ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လေသည်။

“သူက ချင်းကွမ်ဘုရင်ရဲ့ စွမ်းအားကို တကယ်ပဲ ချေးယူနိုင်တာလား”

ကန်းခွိုက်လဲ့မှာ ဤစကားကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ယောင်ပင်းကို စိုက်ကြည့်လိုက်ပေသည်။

သို့ဆိုလျှင် ယောင်ပင်းသည် ယမမင်း၏ စွမ်းအားကို ချေးယူနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း တခြားသူ၏ စွမ်းအားကို ချေးယူခြင်း၊ အထူးသဖြင့် ယမမင်း၏ စွမ်းအားကို ချေးယူခြင်းမှာ ကိုယ်တိုင် ကျင့်ကြံခြင်းထက် အဆပေါင်း ထောင်ချီ၍ ပိုမိုခက်ခဲသည် မဟုတ်ပါလော။

ယောင်ပင်းတွင် မည်ကဲ့သို့သော ပါရမီ ရှိနေသဖြင့် ယမမင်း၏ စွမ်းအားကို သူ၏ဆန္ဒအတိုင်း ချေးယူနိုင်ရသည်လဲ။ ထိုအချိန်တွင် ကောင်းကင်ယံထက်ကနေ ရွှေရောင်အလင်းတန်းသည် ကောင်းကင်ပိုက်ကွန်တစ်ခုကဲ့သို့ စီးဆင်းလာပြီး ရက်စက်လှသော ဖုတ်ကောင်ဘုရင်အား ခဏချင်းအတွင်း လွှမ်းမိုးလိုက်ချေတော့သည်။

ဖုတ်ကောင်ဘုရင်မှာ ၎င်း၏အတွင်း၌ ရုတ်တရက် ပိတ်လှောင်ခံလိုက်ရပြီး အချိန်အကြာကြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

၎င်း၏ အော်မြည်သံမှာ ဒေါသထွက်ခြင်းနှင့် စူးရှခြင်းတို့ ပြည့်နှက်နေသော်လည်း လုံးဝ စွမ်းအားမဲ့နေချေပြီ။

၎င်း၏ လက်အောက်ခံ ဖုတ်ကောင်များသည်လည်း ဖုတ်ကောင်ဘုရင်အား ကယ်တင်လိုကြသော်လည်း ထိုရွှေရောင်အလင်းတန်းအနားသို့ ချဉ်းကပ်လိုက်သည်နှင့် ခဏချင်းအတွင်း အရိုးပုံများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

မကြာမီတွင် ဖုတ်ကောင်များမှာ ထိုရွှေရောင်အလင်းတန်းကို လုံးဝ ထိတွေ့၍မရကြောင်း၊ ထိတွေ့လိုက်သည်နှင့် အရိုးပုံ ဖြစ်သွားမည်ကို သဘောပေါက်သွားကြချေသည်။

ဤအရာကို သဘောပေါက်သွားသောအခါ ဖုတ်ကောင်များက ဖုတ်ကောင်ဘုရင်၏ ပတ်ပတ်လည်တွင် လှည့်ပတ်ကာ အော်မြည်နေကြသော်လည်း မည်သူမျှ အနားသို့ မချဉ်းကပ်ရဲကြတော့ချေ။

ဂလောက် .. ဂလောက်..

အခြေအနေမှာ အကျပ်အတည်းသို့ ရောက်ရှိနေစဉ်မှာပင် သာယာသော အသံတစ်ခုက ဤတင်းမာမှုကို ရုတ်တရက် ဖြိုခွဲလိုက်ပေသည်။

သေးငယ်လွန်းသော လူရိပ်တစ်ခုလေးကားသည် လွှမ်းမိုးခံထားရသော ဖုတ်ကောင်ဘုရင်ဆီသို့ ရုတ်တရက် ခုန်အုပ်လိုက်တော့သည်။

“ဖုတ်ကောင်ဘုရင်ရဲ့ သားလေး ရောက်လာပြီ”

ထိုသေးငယ်သော လူရိပ်ကို မြင်ရသောအခါ ကြောင်အမ်းနေခဲ့သော ကန်းခွိုက်လဲ့၏ မျက်နှာထက်တွင် ကောက်ကျစ်သော လှောင်ပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့ချေသည်။

“အဲဒီဖုတ်ကောင်ဘုရင်ရဲ့ သားလေးက ထိုရွှေရောင်အလင်းတန်းအနားသို့ ချဉ်းကပ်မိတာနဲ့ သူလည်း အရိုးပုံအဖြစ် ပြောင်းလဲသွားမှာပဲ၊ ဒီလိုဆိုရင် ဖုတ်ကောင်ဘုရင်က အဲဒီကောင်လေးအပေါ် နက်ရှိုင်းလွန်းတဲ့ ရန်ငြိုးတစ်ခု ထားရှိသွားမှာ သေချာတယ်”

မာစတာလျို့ ခဏမျှ ဆွံ့အသွားပြီးနောက် ချက်ချင်း မေးလိုက်ပေသည်။

“ညီလေးကန်း... အဲဒီကောင်လေးက ဖုတ်ကောင်ဘုရင်ရဲ့ သားမှန်း မင်း ဘယ်လိုလုပ် သိတာလဲ၊ မင်းက...”

သူသည် တုံ့ဆိုင်းသွားပြီး စကားကို အဆုံးမသတ်ခဲ့ချေ။

သူတို့နှစ်ဦးလုံးမှာ မိုလီချွမ်၏ လက်အောက်ခံများ ဖြစ်ကြသော်လည်း ကန်းခွိုက်လဲ့မှာ အမြဲတမ်း မာနကြီးသူဖြစ်ကာ မာစတာလျို့ပင်လျှင် သူ့ကို ဦးညွှတ်ရပေသည်။

ကန်းခွိုက်လဲ့သည်က မာစတာလျို့အား ဘယ်တော့မှ ပြောပြမည်မဟုတ်သော အရာအချို့ ရှိနေပေသည်။

“အစ်ကိုလျို့... ကျုပ်တို့နှစ်ယောက် ပူးပေါင်းရုံနဲ့ ဒီလိုများပြားတဲ့ ဖုတ်ကောင်တွေနဲ့ ဖုတ်ကောင်ဘုရင်ကို ဆင့်ခေါ်နိုင်တယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား”

ကန်းခွိုက်လဲ့က မျက်ခုံးပင့်လိုက်ကာ သူ၏မျက်နှာအမူအရာမှာ မောက်မာလှပေသည်။

“ကျုပ်က သုံးနှစ်ပြည့်အောင် အချိန်ပေးပြီးမှ ဖုတ်ကောင်ဘုရင်ကို နားလည်နိုင်ခဲ့ပြီး သူနဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်ခဲ့တာ၊ မဟုတ်ရင် အစ်ကိုလျို့နဲ့ ကျုပ် ပူးပေါင်းရင်တောင် ဖုတ်ကောင်ဘုရင်ကို ဆင့်ခေါ်နိုင်မှာ မဟုတ်ဘူး”

မာစတာလျို့သည်ကား သူ၏စကားကြောင့် ဆွံ့အသွားပြီး စကားလုံးများကို မျိုချလိုက်ရကာ အသက်ရှူပင် ကျပ်သွားရပေသည်။

ကန်းခွိုက်လဲ့က ဖုတ်ကောင်ဘုရင်ကို ဆင့်ခေါ်နိုင်ခြင်းမှာ သူ၏ စွမ်းဆောင်ရည် သက်သက်သာဖြစ်ပြီး မာစတာလျို့နှင့် ဘာမျှမဆိုင်ကြောင်း ပြောဆိုနေခြင်း ဖြစ်ပေသည်။

အကယ်၍ တစ်စုံတစ်ရာသော အကျိုးအမြတ် ရှိခဲ့လျှင်ပင် ၎င်းမှာ ကန်းခွိုက်လဲ့၏ စွမ်းဆောင်ရည် သက်သက်သာ ဖြစ်ပေလိမ့်မည်။

မာစတာလျို့ အောင့်အီးထားလိုက်ပြီး နောက်ဆုံးတွင် သူ၏ဒေါသကို မျိုချလိုက်ရပေသည်။ အရေးကြီးဆုံးအရာမှာ ယောင်ပင်းအား ရှင်းလင်းရန် ဖြစ်ပေသည်။

ကန်းခွိုက်လဲ့နှင့် ပတ်သက်လာလျှင်တော့ နောက်ပိုင်းတွင် သူ့ကို ကိုင်တွယ်ရန် အချိန်အမြောက်အမြား ရှိနေသေးပေသည်။

သူ၏ သားအရွယ်မျှသာ ရှိသော လူငယ်တစ်ဦးက သူ့အပေါ် အမြဲတမ်း မောက်မာစွာ ပြုမူနေသည်ကို မာစတာလျို့အနေဖြင့် လုံးဝ သည်းမခံနိုင်ချေ။

ဤအချိန်တွင် ဖုတ်ကောင်လေးသည်က ဖုတ်ကောင်ဘုရင်ဆီသို့ ခုန်အုပ်တော့မည် ဖြစ်ပေသည်။

နောက်ထပ် ခြေလှမ်းအနည်းငယ် ချဉ်းကပ်လိုက်ရုံနှင့် ၎င်းက အရိုးပုံအဖြစ်သို့ ပြောင်းလဲသွားတော့မည်ပင်။

ဟိုး... ဟိုး... ဟိုး...

ဖုတ်ကောင်ဘုရင်က ထိတ်လန့်တုန်လှုပ်သွားပြီး ဖုတ်ကောင်လေး အနားသို့ မချဉ်းကပ်မိစေရန် တားဆီးဖို့အတွက် အသည်းအသန် ရုန်းထွက်ရန် ကြိုးစားလေသည်။

သို့သော်လည်း ၎င်းသည်ကား ရွှေရောင်အလင်းတန်းအတွင်း လုံးဝ ပိတ်လှောင်ခံထားရသဖြင့် ခဏမျှပင် လှုပ်ရှားနိုင်ခြင်းမရှိဖြစ်နေခဲ့သည်။ ဖုတ်ကောင်လေးအား တွန်းဖယ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

ဟိုး... ဟိုး... ဟိုး...

ဖုတ်ကောင်ဘုရင်၏ အော်မြည်သံမှာ စိုးရိမ်ခြင်းနှင့် စူးရှခြင်းတို့ ပြည့်နှက်နေချေသည်။

ဖုတ်ကောင်လေးမှာတော့ ဖုတ်ကောင်ဘုရင်၏ သတိပေးချက်များကို နားမလည်ဘဲ ၎င်းဆီသို့ ဆက်လက်ပြေးဝင်နေဆဲ ဖြစ်ပေသည်။

ယောင်ပင်းသည်လည်း ဤမြင်ကွင်းတစ်ခုလုံးကို အထင်အရှား မြင်တွေ့လိုက်ရပေသည်။

ယခင်က တည်ငြိမ်နေခဲ့သော ဖုတ်ကောင်ဘုရင်သည်က ယခုအခါ စိုးရိမ်တကြီး ဖြစ်နေသည်ကို မြင်ရပြီး ဖုတ်ကောင်လေးက သူ့ဆီသို့ ဆက်လက်ချဉ်းကပ်နေသည်ကို ကြည့်ရှုရင်း ယောင်ပင်းသည် ရုတ်တရက် သဘောပေါက်သွားချေပြီ။

ဖုတ်ကောင်ဘုရင်သည် ဖုတ်ကောင်လေး ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။

သူ၏ဦးနှောက်အတွင်း အတွေးတစ်ခု ဖြတ်ပြေးသွားပြီး သူက စတိုးဆိုင်ကို အလျင်အမြန် ဖွင့်လှစ်ကာ “ဧကရာဇ်၏ဓားမြှောင်” ကို ဝယ်ယူလိုက်ပေသည်။

ထို့နောက် ယောင်ပင်းက ရှင်ဘုရင်၏ဓားမြှောင်ကို ထုတ်ယူရန် နှိပ်လိုက်ပြီး ဖုတ်ကောင်ဘုရင်အား လွှမ်းမိုးထားသော ရွှေရောင်အလင်းတန်းဆီသို့ အလျင်အမြန် ခုတ်ပိုင်းလိုက်ချေတော့သည်။

ဝုန်း!

ဓားမြှောင်က ရွှေရောင်အလင်းတန်းအနားသို့ ချဉ်းကပ်သွားပြီး နားကွဲလုမတတ် ပြင်းထန်သော အော်မြည်သံတစ်ခု ထွက်ပေါ်လာချေသည်။

ဒုန်း!

ရွှေရောင်အလင်းတန်းဖြင့် ပြုလုပ်ထားသော ခေါင်းလောင်းသည်လည်း ဓားမြှောင်၏ ခုတ်ပိုင်းမှုကြောင့် အပိုင်းနှစ်ပိုင်း ကွဲအက်သွားခဲ့ချေပြီ။

ပတ်ပတ်လည်ရှိ ဖုတ်ကောင်များသည်လည်း လွင့်စင်သွားကြပေသည်။

ထို”ခေါင်းလောင်း” ကွဲအက်သွားသည်နှင့်တစ်ပြိုင်နက် ဖုတ်ကောင်လေးသည် ဖုတ်ကောင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်လိုက်ချေတော့သည်။

ဂလောက်.. ဂလောက်..

ဖုတ်ကောင်လေးက ဖုတ်ကောင်ဘုရင်အား အသည်းအသန် အော်ဟစ်လိုက်ပေသည်။

ဖုတ်ကောင်ဘုရင်သည်လည်း ဖုတ်ကောင်လေးအား သူ၏ရင်ခွင်အတွင်းသို့ ပွေ့ပိုက်လိုက်ပြီး ၎င်းနှင့်အတူ ခဏမျှ “စကားပြော” နေခဲ့ချေသည်။ ထို့နောက် သူက ယောင်ပင်းဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပေသည်...။

ဂလု... ဂလု... ဂလု...

ဖုတ်ကောင်ဘုရင်က အကြိမ်အနည်းငယ် အော်မြည်လိုက်လေ၏။ သူ၏အသံမှာ အလွန်အမင်း ခန့်ညားထည်ဝါလှပေသည်။

ဖုတ်ကောင်ဘုရင်၏ ပတ်ပတ်လည်တွင် ရပ်နေကြသော ဖုတ်ကောင်များသည်လည်း ဖြည်းညှင်းစွာ ထရပ်ကြပြီး ၎င်း၏ဘေးတွင် တောင့်တောင့်ကြီး ရပ်နေကြကာ ယောင်ပင်းအား နောက်တစ်ဖန် ပြန်လည်ဝိုင်းရံလိုက်ကြပြန်သည်။

“သူတို့ ဘာလုပ်နေကြတာလဲ”

မာစတာလျို့က လုံးဝ ဇဝေဇဝါဖြစ်လျက် ကန်းခွိုက်လဲ့အား မေးလေသည်။

“ မသိဘူး” ကန်းခွိုက်လဲ့က မလှမ်းမကမ်းက နေရာကို စိုက်ကြည့်ရင်း အူကြောင်ကြောင်ဖြင့် ခေါင်းခါလိုက်ပြီး ရေရွတ်လေသည်။

“သူတို့ ဘာလို့ ရုတ်တရက်ကြီး တိုက်ပွဲကို ရပ်တန့်လိုက်ကြတာလဲ”

သို့သော်လည်း သူ၏ရင်ထဲတွင် မကောင်းသော သံသယတစ်ခု ဖြည်းညှင်းစွာ တိုးပွားလာရတော့သည်။

*

All Chapters