← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း(139)

အရှေ့မြို့ပတ်ကလပ် ..

လျို့ချင်း၏ ရုံးခန်းအတွင်း၌။

လျို့ချင်းသည် သူ၏ အမှုဆောင်ကုလားထိုင်ကြီးပေါ်တွင် မျက်နှာတည်ခန့်လျက် ထိုင်နေချေသည်။

သူနှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်ကြီးအချို့သည်လည်း ရှေ့မျက်နှာချင်းဆိုင်တွင် ထိုင်နေကြပေသည်။

ချုံဆမ်းဝတ်စုံ ဝတ်ဆင်ထားသော လှပချောမောသည့် အမျိုးသမီးငယ် ဆယ်ဂဏန်းခန့်သည်လည်း လျို့ချင်းနှင့် မြေအောက်ဘော့စ်များ၏ ပတ်ပတ်လည်တွင် ပြုစုလုပ်ကျွေးနေကြသည်။

သာမန်အချိန်မျိုးဆိုလျှင် ဤရုံးခန်းအတွင်း၌ သာယာကြည်နူးဖွယ်ကောင်းသော အချစ်ရိပ်မြုံမြင်ကွင်းမျိုး ဖြစ်ထွန်းနေပေလိမ့်မည်။

သို့သော်လည်း ယခုတွင် လေထုက ပုံမှန်မဟုတ်ဘဲ တင်းမာနေပြီး ဘော့စ်ကြီးများ၏ မျက်နှာထက်တွင်လည်း စိုးရိမ်ရိပ်များ ပြည့်နှက်နေခဲ့သည်။

လျို့ချင်းသည် စီးကရက်တိုကို ဆေးလိပ်ပြာခွက်အတွင်းသို့ ပစ်ထည့်လိုက်ပြီး အခြားဂိုဏ်းခေါင်းဆောင်များအား ပြောလိုက်လေသည်။

“ညီအစ်ကိုတို့... ဒီတစ်ကြိမ်တော့ မင်းတို့အားလုံးကိုပဲ အားကိုးရတော့မယ်၊ တကယ်လို့ ငါတို့သာ ခိုင်ယဲ့နဲ့ ယောင်ပင်းကို ရှင်းလင်းပစ်နိုင်ရင် မင်းတို့အပေါ် ငါ အကျိုးအမြတ်အများကြီး ပြန်ပေးပါ့မယ်”

ဂိုဏ်းခေါင်းဆောင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူ့အား စိတ်အေးစေရန် ပြောလာကြသည်။

“အစ်ကိုလျို့... ဒီကိစ္စအတွက် စိတ်မပူပါနဲ့၊ လူမိုက်တစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ပဲလေ၊ ဘာများခက်ခဲတာ ရှိလို့လဲ”

“မှန်တာပေါ့၊ မြို့အနောက်ဘက် ဘဏ်ကိစ္စဖြစ်ကတည်းက ငါတို့တွေ လှေတစ်စီးတည်းစီး၊ ကံကြမ္မာချင်း ဆက်စပ်နေကြတာပဲ၊ ငါတို့တွေ အတူတကွ ရင်ဆိုင်ရမှာဆိုတော့ မင်းနဲ့ငါိဆိုပြီးခွဲခြားနေဖို့ မလိုပါဘူး၊ အစ်ကိုလျို့မှာ ကိစ္စရှိရင် ငါတို့ကိစ္စပဲပေါ့၊ စိတ်ချပါ”

“အစ်ကိုလျို့... သူက ကောင်လေးတစ်ယောက်ပဲ ရှိသေးတာလေ၊ ပင်းဟိုင်မြို့နဲ့ ခိုင်ယဲ့ ပါဝင်ပတ်သက်နေရင်တောင် သူ ဘာလှိုင်းတံပိုး ထူနိုင်မှာမို့လို့လဲ၊ အခု ငါတို့ ခြောက်ယောက် ရှိတာပဲ၊ ငါတို့အားလုံးရဲ့ စွမ်းအားကို ပူးပေါင်းရင် သူတို့ကို မနိုင်ဘဲ နေမလား”

…

ဂိုဏ်းခေါင်းဆောင်များ၏ ကတိကဝတ်များကြောင့် လျို့ချင်းသည် အနည်းငယ် စိတ်သက်သာရာ ရရှိသွားသည်။

သူ ဤမျှအထိ တည်ကြည်နေရခြင်း၏ အကြောင်းရင်းမှာ မတိုင်မီက အစ်ကိုထောင်ထံမှ ဖုန်းဝင်လာခဲ့သောကြောင့် ဖြစ်ပေသည်။

အစ်ကိုထောင်သည် ဖုန်းထဲတွင် စကားအများကြီး မပြောခဲ့ဘဲ ယောင်ပင်းက လူလာတောင်းနေကြောင်းနှင့် အကယ်၍ လူမအပ်ပါက ယောင်ပင်းမှ သူ့အား လုံးဝ လွှတ်ပေးမည်မဟုတ်ကြောင်းသာ ပြောခဲ့ပေသည်။

ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးမှာ လျို့ချင်းအတွက်တော့ လုံးဝ အရေးမပါသဖြင့် စိတ်ထဲတွင် မှတ်ထားမည် မဟုတ်ချေ။

အဆုံးတွင် လျို့ချင်းသည် ဤလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်ပေသည်။

သူသည် လွယ်လွယ်နှင့် ခြိမ်းခြောက်၍ရသောသူ မဟုတ်ချေ။ သို့သော်လည်း သူ့အား စိတ်မအေးဖြစ်စေသည့်အရာမှာ အစ်ကိုထောင်၏ လေသံ ဖြစ်ပေသည်။

အစ်ကိုထောင်သည်က စကားအများကြီး မပြောခဲ့သော်လည်း လျို့ချင်းအနေဖြင့် သူ၏လေသံထဲတွင် ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ကို ခံစားလိုက်ရပေသည်။ ၎င်းမှာ အလွန်အမင်း ထိတ်လန့်ချောက်ချားနေသည့်ပသံမျိုးပင်။

အစ်ကိုထောင်နှင့် ကာလအတန်ကြာ လက်တွဲခဲ့သဖြင့် သူ အစ်ကိုထောင်ကို အသိဆုံး ဖြစ်ပေသည်။

ကြီးမားသော ကိစ္စတစ်ခုခု မဖြစ်ပွားခဲ့လျှင် အစ်ကိုထောင်သည် ဤမျှအထိ ပျာယာခတ်နေမည် မဟုတ်ချေ။

ဤသည်ကြောင့်ပင် လျို့ချင်းသည် ရောက်ရှိနေသော ဘော့စ်ကြီးများအား အထူးသိမ်းသွင်းနေခြင်း ဖြစ်ပေသည်။

ဤဘော့စ်ကြီးများသာ သူ့ဘက်တွင် ရှိနေပါက အနိုင်ရရှိရန် အခွင့်အရေးမှာ များစွာ ပိုမိုကြီးမားလိမ့်မည်။

နာရီဝက်ခန့် ကြာပြီးနောက် :

လျို့ချင်း၏ လက်အောက်ခံတစ်ဦးသည် လျို့ချင်း၏ ရုံးခန်းအတွင်းသို့ ယိမ်းထိုးလျက် ပြေးဝင်လာပြီး စကားများ ထစ်အစွာဖြင့်အော်ဟစ်လာသည်။

“အစ်ကိုချင်း... မကောင်းတော့ဘူး၊ ကြီးမားတဲ့ကိစ္စ ဖြစ်ပျက်နေပြီ၊ ကြီးမားတဲ့ကိစ္စ ဖြစ်ပျက်နေပြီ...”

သူသည်က “မကောင်းတော့ဘူး” ဟူသော စကားကို အကြိမ်ကြိမ် ရေရွတ်နေသော်လည်း တစ်ကိုယ်လုံး တုန်ရင်နေသဖြင့် ဖြစ်ပျက်ခဲ့သည် အသေးစိတ် အချက်အလက်များကိုတော့ တည့်တည့်မပြောနိုင်ရှာချေ။

“ဘော့စ်တွေအားလုံး ဒီမှာ ရှိနေတာကို မင်းက စကားတွေ ထစ်အနေသေးတာလား၊ ဒါကဘာအမူအရာလဲ “

သူ့လက်အောက်ငယ်သား၏ စည်းကမ်းမဲ့မှုကို မြင်ရသဖြင့် လျို့ချင်း၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားရပေသည်။

“ဘာဖြစ်လို့လဲ”

ဤမျှအထိ ပျာယာခတ်နေသည်ကို မြင်ရသဖြင့် လျို့ချင်းတစ်ယျာက် စိတ်မအေးဖြစ်သွားရပေသည်။

သူ၏လူများသည် အမြဲတမ်း စည်းကမ်းရှိကြသူများ ဖြစ်ပေသည်။ ကြီးမားသော ကိစ္စတစ်ခုခု မဖြစ်ပွားခဲ့လျှင် ဤမျှအထိ ကစဉ့်ကလျား ဖြစ်နေမည် မဟုတ်ချေ။

ဤအတွက်ကြောင့်ပင် လျို့ချင်းသူ၏ ဒေါသထွက်နေသော်လည်း မိမိလက်အောက်ငယ်သားအား ထွက်သွားရန် အမိန့်မပေးခဲ့ခြင်း ဖြစ်ပေသည်။

“အစ်ကိုချင်း... သူတို့... သူတို့ ရောက်လာကြပြီ”

လက်အောက်ငယ်သား၏ မျက်နှာမှာ ပြာနှမ်းနေပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်ရိပ်များ ပြည့်နှက်နေကာ စကားများ ထစ်အနေသဖြင့် အချိန်အကြာကြီး ရှင်းလင်းစွာ မပြောနိုင် ဖြစ်ရပေသည်။

“သူတို့ ဟုတ်လား၊ ခိုင်ယဲ့နဲ့ အဲဒီကောင်လေးလား”

လျို့ချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်လျက် “ခိုင်ယဲ့နဲ့ ကောင်လေးတစ်ယောက်တည်းကို မင်းက ဒီလောက်အထိ ထိတ်လန့်နေရတယ်ပေါ့၊ မင်းလို သတ္တိမရှိတဲ့ကောင်ကတော့! ဒီနေရာကနေ မြန်မြန်ထွက်သွားစမ်း၊ သူများတွေရှေ့မှာ အရှက်ခွဲမနေနဲ့”

လျို့ချင်း အနည်းငယ် အနေရခက်သွားရပေသည်။

ခိုင်ယဲ့နှင့် ယောင်ပင်းမျှသာ ဖြစ်ပါလျက် သူ့၏လက်အောက်ငယ်သားက ဤမျှအထိ ထိတ်လန့်နေသဖြင့် ဘော့စ်များ၏ အရှေ့တွင် သူ၏မျက်နှာ ပျက်စီးသွားရပေသည်။

ဘော့စ်များက လှောင်ပြောင်ကြသည်။

“အစ်ကိုလျို့... မင်း သာမန်အချိန်မှာ လက်အောက်ငယ်သ်းတွေအပေါ် တင်းကြပ်လွန်းလို့လား၊ ကြည့်စမ်းပါဦး... သတင်းလာပို့တာတင် ဒီလောက်အထိ ထိတ်လန့်နေရပြီ”

“ဟားဟားဟား... အမှန်ပဲ၊ အစ်ကိုလျို့သာ လက်အောက်ငယ်သားတွေအပေါ် မတင်းကြပ်ရင် ဒီနေ့ ဒီလိုနေရာမျိုးကိုရောက်ရှိနိုင်ပါ့မလား”

…

ဝုန်း...

ဝုန်း...

ဘော့စ်ကြီးများက လျို့ချင်းအား လှောင်ပြောင်နေကြစဉ်မှာပင် အပြင်ဘက်ကနေ ပုံမှန်မဟုတ်သော တုန်ခါသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာချေသည်။

ဘော့စ်များသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး ထရပ်ကာ အပြင်ဘက်က အသံကို အလေးအနက် နားစွင့်ကြလျက် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပေသည်။

“ဒါ ဘာအသံလဲ”

“စက်ယန္တရားတစ်ခုခုရဲ့ အသံနဲ့ တူတယ်...”

လျို့ချင်းသည်လည်း ခဏမျှ နားစွင့်လိုက်ပြီးနောက် အပြင်သို့ မထွက်ရသေးသော သူ၏လက်အောက်ငယ်သားဘက်သို့ ရုတ်တရက် လှည့်၍ ပြတ်သားစွာ မေးလိုက်ပေသည်။

“အပြင်မှာ ဘာတွေ ရှိနေတာလဲ၊ ဘာလို့ ဒီလောက်တောင် ပြင်းထန်တဲ့ ဆူညံသံတွေ ထွက်နေရတာလဲ၊ လူဘယ်လောက်ထိ ရှိလဲ”

အပြင်ဘက်က ဆူညံသံမှာ ပုံမှန်မဟုတ်ချေ။

ဤသည်က လျို့ချင်းအား အလွန်အမင်း စိတ်မအေးဖြစ်သွားစေပေသည်။

“ဟုတ်... ဟုတ်ပါတယ်၊ တင့်ကားတွေပါ၊ တင့်ကား ဆယ်စီးကျော်လောက် ရှိပါတယ်”

လက်အောက်ငယ်သားမှာတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲလျက် အပြင်ဘက်သို့ ဂရုတစိုက် လှမ်းကြည့်ရင်း စကားများ ထစ်အစွာဖြင့် ဆိုလေသည်။

“သူတို့ တင့်ကားတွေနဲ့ ဝင်လာကြတာပါ၊ ဒါ့ပြင် လူအမြောက်အမြားလည်း ပါဝင်ပြီး အားလုံးက စစ်သားတွေချည်းပါပဲ”

ယခင်က အံ့ဩနေခဲ့ကြသော ဘော့စ်များ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားရပေသည်။

“ဘာ.. သူတို့ တင့်ကားတွေနဲ့ လာကြတာ ဟုတ်လား၊ စစ်သားတွေလည်း ပါဝင်တယ်ပေါ့

“သူတို့ဆီမှာ တင့်ကားတွေ ဘယ်လိုလုပ် ရှိနေရတာလဲ၊ ဒါက ကလပ်တစ်ခုလောက်ပဲလေ၊ သူတို့က စစ်တပ်အတွင်းပိုင်းက ဆက်ဆံရေးတွေကိုပါ တကယ်ကြီး အသုံးပြုခဲ့ကြတာလား၊ ဒါက အရှိန်အဝါ ပြလွန်းရာ ရောက်နေပြီ”

…

လျို့ချင်းသည် တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူ၏ရင်ထဲတွင် သံသယများ ရှိနေပေသည်။ သူ့အနေဖြင့် တခြားဘော့စ်များအား ရှင်းပြလိုက်ရလေ၏ ။

“ခိုင်ယဲ့နဲ့ ယောင်ပင်းတို့ဆီမှ တင့်ကားတွေ ရှိမှာ မဟုတ်ဘူး... ဒါပေမဲ့ ခိုင်ယဲ့က အရင်က အကြီးအကဲမိုရဲ့ လက်အောက်ငယ်သားဖြစ်ခဲ့ဖူးတာလေ၊ အကြီးအကဲမိုက စစ်တပ်ထဲက လူပဲ၊

ခိုင်ယဲ့က ကိုယ့်ကိုယ်ကိုယ် ဖယ်ထုတ်ထားပြီး အကြီးအကဲမိုနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ပြောခဲ့ပေမဲ့ အခုကြည့်ရတာ အကြီးအကဲမိုရဲ့ လူတွေကို လှုပ်ရှားခိုင်းလိုက်ပုံရတယ်၊ ဒါကြောင့် တင့်ကားတွေနဲ့ စစ်သားတွေပါ ထွက်ပေါ်လာရတာ ဖြစ်လိမ့်မယ်”

သူ ကြားခဲ့ဖူးသော ကောလာဟလများမှာ အမှန်ပင် ဖြစ်ပုံရသည်။

ခိုင်ယဲ့သည်က အကြီးအကဲမို၏ လူ ဖြစ်နေချေပြီ။

အကယ်၍ ခိုင်ယဲ့သာ အကြီးအကဲမို၏ လူဖြစ်ပါက သူ ပြန်လည်စဉ်းစားရတော့မည်။

အဆုံးတွင် ခိုင်ယဲ့အား စိန်ခေါ်ခြင်းနှင့် မိုမိသားစုအား စိန်ခေါ်ခြင်းမှာ လုံးဝ ကွာခြားလှပေသည်။

သူက မြေအောက်လောကမှဖြစ်ပြီး မိုမိသားစုမှာတော့ အထက်တန်းလွှာလောကမှ ဖြစ်ပေသည်။

အကယ်၍ မိုမိသားစုက သူ့အား ကိုင်တွယ်လိုပါက သူတို့အနေဖြင့် သူ့အား လျှပ်တစ်ပြက်အတွင်း သတ်ပစ်နိုင်ချေသည်။ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသည်ထက် ပို၍ လွယ်ကူပေလိမ့်မည်။

သူတို့သည်က သူ နှစ်ပေါင်းများစွာ ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့သမျှ အရာအားလုံးကိုပင် ချက်ချင်းဖျက်ဆီးပစ်နိုင်ချေသည်။

လျို့ချင်း၏ စကားကို ကြားရသောအခါ ဘော့စ်ကြီးတစ်ဦးက အံ့ဩတကြီး မေးလေသည်။

“အစ်ကိုလျို့... မင်းပြောတဲ့ မိုမိသားစုဆိုတာ ကျင်းနန်က မိုမိသားစုလား၊ အကြီးအကဲမိုဆိုတာ မိုချန်ကျုံးလား၊ အရင်က စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးလေ”

သူသည်က ကျဲ့ကျင်း အရှေ့ပိုင်းကဖြစ်သဖြင့် ပင်းဟိုင်မြို့အကြောင်းကို သိပ်မသိချေ။

သို့သော်လည်း မိုမိသားစု၏ နာမည်မှာတော့ သူ့အတွက်တော့ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။

“မှန်တယ်”

လျို့ချင်းက ခေါင်းညိတ်လိုက်ပြီးနောက် အလျင်အမြန် ထပ်လောင်းပြောလိုက်သည်။

“ကျွန်တော် အတွေးလွန်နေတာလည်း ဖြစ်နိုင်ပါတယ်... အပြင်ထွက်ပြီး ကိုယ်တိုင် သွားကြည့်ကြရအောင်”

ထိုသို့ပြောပြီးနောက် သူ တံခါးဝဆီသို့ ခြေလှမ်းလှမ်းလိုက်ပေသည်။

သို့သော်လည်း သူ တံခါးဝသို့ ရောက်သောအခါ ယခင်က သူနှင့်အတူ ရှိပါ့မည်ဟု ကတိပြုခဲ့ကြသောဘော့စ်ကြီးများမှာ မည်သူကမျှ ထွက်မလာကြချေ။

လျို့ချင်း၏ ရင်ထဲတွင် မကောင်းသော စိုးရိမ်စိတ်တစ်ခု တိုးပွားလာသဖြင့် ထိုလူများဘက်သို့ လှည့်၍ မေးလိုက်ပေသည်။

“ညီအစ်ကိုတို့... မင်းတို့ ဘာလို့ မထွက်ကြတာလဲ”

မြေအောက်ဘော့စ်များက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပေသည်။

ဘော့စ် (A) : “အိုး... အစ်ကိုလျို့၊ စိတ်မကောင်းပါဘူး၊ ငါ ရုတ်တရက် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတာ သတိရသွားလို့ ၊အခုချက်ချင်း ပြန်ရမယ်”

ဘော့စ် (B) ကလည်း ကြားဖြတ်၍ ပြောလာသည်။

“ငါလည်း တူတူပဲ၊ ငါလည်း တူတူပဲ... အစ်ကိုကော်၊ ငါ့ကို စောင့်ဦး၊ ငါ မင်းရဲ့ကားနဲ့ တစ်ခါတည်း လိုက်ခဲ့မယ်”

…

All Chapters