← Chapters

အခန်း (၉၇-၉၈)

Vol. 9 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 9 Ch. 97-98

အခန်း ၉၇ အမှုရင်ဆိုင်ရပြီ

"ဒါက စောစောက စစ်ဆေးမေးမြန်းချက် မှတ်တမ်းပဲ။ သေချာဖတ်ကြည့်ပါ၊ မှားယွင်းတာမရှိရင် လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်"

ချင်းချင်း၏ ကလေးကလား စစ်ဆေးမေးမြန်းမှုနှင့် နှိုင်းယှဉ်လျှင် ကျင်းယီဝေတို့၏ စစ်ဆေးမှုမှာ ပိုမိုစနစ်ကျလှ၏။ လိုရင်းတိုရှင်း ရှိရုံမျှမက စစ်ဆေးချက်မှတ်တမ်းကိုပါ သီးသန့် ပြုလုပ်ထားလေသည်။

ဘာပဲဖြစ်ဖြစ် ငါက ဥပဒေကို ဖောက်ဖျက်ထားတာမှ မဟုတ်တာ၊ မှတ်တမ်းဆိုလည်း မှတ်တမ်းပေါ့။ ဝူကျိရှန်းသည် ထိုစစ်ဆေးချက်မှတ်တမ်းစာရွက်ပေါ်တွင် မိမိ၏အမည်ကို တိုက်ရိုက်ပင် လက်မှတ်ထိုးလိုက်၏။

အဆင့်ခုနစ် ကျိစုံးဖြစ်သူ အန်းကျန်းကျိုးသည် ဝူကျိရှန်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သော ထိုစစ်ဆေးချက်မှတ်တမ်းကို ပုတ်လိုက်ရင်း အရေးမပါသောအရာတစ်ခုကို ပြောနေသကဲ့သို့ ဆိုလေသည်။

"ကောင်းပြီ၊ အကြောင်းအရာတွေကတော့ ရှင်းသွားပြီဆိုတော့ ငါတို့နဲ့ လိုက်ခဲ့တော့"

"လိုက်ခဲ့ရမယ်ဟုတ်လား။ ဘယ်ကိုလဲ"

"စစ်ဆေးမေးမြန်းတာ ပြီးသွားပြီဆိုတော့ မင်းတို့နှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမှာပဲ"

"ကျွန်တော် အခုနကတင် ရှင်းရှင်းလင်းလင်း ပြောပြီးပြီ မဟုတ်လား။ ကျွန်တော်က လင်ဇီးမှို အနည်းငယ် စိုက်ပျိုးခဲ့ရုံတင်ပါ။ လင်ဇီးမှို စိုက်ပျိုးတာက ဥပဒေနဲ့ မညီညွတ်တာမှ မဟုတ်တာ။ဘာလို့ဖမ်းဆီးထိန်းသိမ်းရမှာလဲ"

အန်းကျန်းကျိုးက လျစ်လျူရှုသော သဘောထားဖြင့် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

"လင်ဇီးမှို စိုက်ပျိုးတာကတော့ ဥပဒေနဲ့ မဆန့်ကျင်တာ အမှန်ပဲ"

"ဒါဆိုရင် ဘာဖြစ်လို့ ကျွန်တော့်ကို ဖမ်းဆီးထိန်းသိမ်းဦးမှာလဲ"

"ဘာလို့လဲဆိုတော့ မင်းက တခြားအမှုတွေမှာ ပါဝင်ပတ်သက်နေလို့ပဲ"

တခြားအမှုတွေ ဟုတ်လား။ လာနောက်မနေပါနဲ့။ငါက ပြည်သူ့ဘဏ္ဍာကိုလည်း အလွဲသုံးစားမလုပ်ဘူး၊ လာဘ်လည်းမစားဘူး၊ လူလိမ်လည်း မဟုတ်ဘူး။ ငါက ဥပဒေကို လုံးဝ လိုက်နာတဲ့သူပဲ။ တခြားအမှုတွေမှာ ဘယ်လိုလုပ် ပါဝင်ပတ်သက်နေမှာလဲ။

ကျင်းယီဝေများသည် အမှုအခင်းများကို ကိုင်တွယ်ရာတွင် အမြဲတမ်း ရိုးရှင်းပြီး ကြမ်းတမ်းသော နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိကြ၏။ အမှုအတော်များများတွင် စစ်ဆေးမေးမြန်းခြင်းပင်မလုပ်ဘဲ သံသယရှိသူများကို တိုက်ရိုက်ဖမ်းဆီးကာ ထောင်ထဲသို့ထည့်ခြင်း သို့မဟုတ် ထိုနေရာ၌ပင် ကွပ်မျက်လိုက်ခြင်းမျိုးလုပ်ကြ၏။

"ငါက မင်းမှာ အပြစ်ရှိတယ်လို့ ပြောရင် ရှိတာပဲ။ မင်းက ဘာတွေ လာပြီး စကားများနေတာလဲ။ အဖမ်းမခံဘဲ ခုခံရတယ်များ မှတ်နေလား"

"ကျွန်မ သိပြီ၊ ကျွန်မ သိပြီ"

ချင်းချင်းက ရုတ်တရက် ခုန်ထွက်လာပြီး အန်းကျန်းကျိုးကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။

"ရှင်က ကျွန်မတို့အိမ်ကို ခိုးဝင်တာ၊ ပြီးတော့ အရှက်တကွဲ ဖြစ်ရုံတင်မကဘူး ကျွန်မနဲ့ သခင်‌လေးရဲ့ ရိုက်နှက်တာကိုပါ ခံခဲ့ရသေးတယ်။ ရှင်က အခု အခွင့်အရေးကို သုံးပြီး ကလဲ့စားချေနေတာ ထင်ရှားတာပဲ။ တခြားလူတွေက ရှင်တို့ ကျင်းယီဝေကို ကြောက်ချင်ကြောက်ကြလိမ့်မယ်၊ ကျွန်မကတော့ မကြောက်ဘူး။ ရှင့်မှာ ကျွန်မရဲ့ သခင်လေးကို ဖမ်းခေါ်သွားရဲတဲ့ သတ္တိရှိရင် ရှင်နဲ့ ငါနဲ့ အသေအလဲ တိုက်ကြတာပေါ့"

"နင်လို မိန်းကလေးက ဘာမို့လို့ ဒီလောက် ရိုင်းစိုင်းနေရတာလဲ"

အန်းကျန်းကျိုးသည် သူ၏ ဆင်စွယ်ရောင်ပန်းထိုး ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချကာ ပြောလိုက်၏။

"နင်ကလည်း ဒီအမှုမှာ ပါဝင်ပတ်သက်နေတာပဲ၊ ဒါကြောင့် နင်ပါ အဖမ်းခံရမယ်."

"အရာရှိဝူ မင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အစွန်းရောက်တဲ့ လုပ်ရပ်တွေ မလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"

ကျောက်ပင်တိန့်သည်ယခုချိန်ထိနူးညံ့သိမ်မွေ့သော ပုံစံကို ထိန်းသိမ်းထားဆဲပင်။

"ဘာလို့လဲဆိုတော့ မင်း"

ထိုနေရာသို့ ရောက်သောအခါ ကျောက်ပင်တိန့်က ချင်းချင်းကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ပြီးတော့ သူမကောပဒ။နန်းတွင်းအမှုကြီးတစ်ခုထဲမှာ ပါဝင်ပတ်သက်နေလို့ပဲ"

"ငါက လင်ဇီးမှို အနည်းငယ်ပဲ စိုက်ပျိုးခဲ့တာ မဟုတ်လား။ တခြားအမှုတွေမှာ ဘယ်လိုလုပ် ပါဝင်ပတ်သက်နေမှာလဲ"

ဝူကျိရှန်းက အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း ကျောက်ပင်တိန့်မှာ နှုတ်လုံလွန်းလှသဖြင့် အဖိုးတန်သော အချက်အလက် တစ်ခုကိုမျှ ထုတ်ဖော်မပြောခဲ့ပေ။

"ကျွန်တော် တကယ်ပဲ အပြစ်ကျူးလွန်ခဲ့တယ်ဆိုရင်တောင် အနည်းဆုံးတော့ ကျွန်တော့်ရဲ့ ပြစ်ချက်ကို သိသင့်တာ မဟုတ်လား"

"မင်းရဲ့ ပြစ်ချက်ကိုတော့ ကျွန်တော် ပြောလို့မရဘူး။ ဒါက အလွန်အရေးကြီးတဲ့ အမှုတစ်ခုပဲ"

ကျောက်ပင်တိန့်က ရိုးသားစွာ ပြောလိုက်၏။

"အရာရှိ ဝူ မင်းက ဒီအမှုမှာ ပါဝင်ပတ်သက်နေတာ အမှန်ပဲဆိုပေမဲ့ ကံကောင်းတာက မင်းက ထဲထဲဝင်ဝင် ပါဝင်နေတာ မဟုတ်ဘူး၊ ဒါကြောင့် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ရှိနိုင်ပါသေးတယ်။ အဖမ်းမခံဘဲ ခုခံမယ့် အတွေးကို စွန့်လွှတ်ပြီး ကျွန်တော်တို့နဲ့ အေးအေးဆေးဆေး လိုက်ခဲ့ဖို့ အကြံပြုချင်ပါတယ်"

ကျင်းယီဝေတို့၏ အမှုပင်ဆင်ပုံမှာ အမြဲတမ်း ရိုးရှင်းပြီး ကြမ်းတမ်းလှ၏။ အခြေအနေအတော်များများတွင် ၎င်းတို့သည် ပတ်သက်ဆက်နွှယ်သူများကို တုတ်တုတ်မျှ မလှုပ်နိုင်အောင် ချည်နှောင်ကာ စစ်ဆေးခြင်းမရှိဘဲ မှောင်မိုက်သော ထောင်ထဲသို့ တိုက်ရိုက် ထည့်တတ်ကြသည်။ သူတို့ အသက်ရှင်မလား၊ သေမလားဆိုသည်မှာ ကံတရားအပေါ်၌သာ တည်မှီနေ၏။ ဝူကျိရှန်းသာ အဖမ်းမခံဘဲ ခုခံခဲ့မည်ဆိုပါက ထိုနေရာ၌ပင် အသတ်ခံရနိုင်ချေ အလွန်များသည်။

ပြစ်ချက်ကိုပင် အသိမပေးဘဲအ‌ ကြောင်းမဲ့ဖမ်းဆီးခြင်းမှာ မယုံနိုင်စရာကောင်းလှသော်လည်း ကျင်းယီဝေများအတွက်မူ ယင်းသည် ပုံမှန်အခြေအနေတစ်ခုသာ ဖြစ်၏။

အရင်ဖမ်းပြီးမှ အပြစ်ရှာခြင်းမှာ ကျင်းယီဝေများ အမြဲတမ်း ပြုလုပ်လေ့ရှိသောအရာ ပင် ဖြစ်သည်။

သေချာ စဉ်းစားဆင်ခြင်ပြီးနောက် ဝူကျိရှန်းသည် သူ၏ လက်နှစ်ဖက်ကို အလိုက်သင့် ဆန့်တန်းပေးလိုက်ကာ ပြောသည်။

"ကောင်းပြီ၊ မင်းတို့ ကျွန်တော့်ကို ဖမ်းဆီးနိုင်ပါတယ်"

ကျောက်ပင်တိန့်က ပြုံးလိုက်ရင်း ပြော၏။

"အရာရှိ ဝူ ခုခံမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ။ ချည်နှောင်ဖို့ မလိုပါဘူး၊ ကျွန်တော်နဲ့အတူ လိုက်ခဲ့ရုံပါပဲ"

အန်းကျန်းကျိုးကမူ ယဉ်ကျေးခြင်းမရှိပေ။ သူက ချင်းချင်းကို ပြင်းထန်စွာ တွန်းလိုက်ရင်း ပြောလိုက်သည်။

"နင်လို မိန်းကလေးက အေးအေးဆေးဆေးနဲ့ ငါ့နောက်ကို လိုက်ခဲ့တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် နာကျင်ရလိမ့်မယ်"

"ကျွန်တော် အိမ်တံခါး အရင် ပိတ်လိုက်ဦးမယ်"

ထောင်ထဲသို့ သွားရတော့မည် ဖြစ်သော်လည်း ဝူကျိရှန်းမှာ ပျာယာခတ်ခြင်းမရှိဘဲ စနစ်တကျပင် အိမ်တံခါးကို သော့ခတ်လိုက်ပြီးနောက် ကျောက်ပင်တိန့်၏ နောက်မှ ဖြည်းညှင်းစွာ လိုက်ပါရင်း လမ်းတွင် ပြောလိုက်၏။

"ကျွန်တော့်ရဲ့ ဇနီးက မကြာခင် ပြန်လာတော့မှာ၊ သူမက အမြဲတမ်း သတ္တိနည်းတတ်တာ။ တကယ်လို့ သူမက ကျွန်တော့်ကို ကျင်းယီဝေတွေ ဖမ်းသွားတယ်လို့ သိရင် အလွန်အမင်းစိုးရိမ်ပူပန်နေလိမ့်မယ်။ အရာရှိ ကျောက်အနေနဲ့ ဒါကို ဖုံးကွယ်ပေးဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"အရာရှိ ဝူ စိတ်မပူပါနဲ့၊ မင်းရဲ့ ဇနီးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ပြောရမလဲဆိုတာ ကျွန်တော် သိပါတယ်"

"ကျေးဇူးတင်ပါတယ်"

ထိုက်ယွမ်ခရိုင်တွင် ကျင်းယီဝေများအတွက် သီးသန့်ပြုလုပ်ထားသည့်ထောင်မရှိ‌ပေ။သို့‌သော်ဝူကျိရှန်းနှင့် ချင်းချင်းတို့ကို ဒေသခံရုံးတော်၏ ထောင်ထဲသို့ ပို့ဆောင်ရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့ကို သီးသန့်ခြံဝင်းငယ်တစ်ခုအတွင်းရှိ အခန်းတစ်ခန်းထဲတွင်သာ ပိတ်လှောင်ထားလိုက်ကြ၏။

"အရာရှိဝူ ၊ချင်းချင်း၊ မင်းတို့ရဲ့ အမှုက နောက်ရက်အနည်းငယ်ကြာမှသာ အဖြေထွက်လိမ့်မယ်။ ဒါကို ယာယီထောင်အဖြစ် သဘောထားပေးပါ။ အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်"

ထိုနှစ်ယောက်ကို ယာယီ ထိန်းသိမ်း လိုက်ပြီးနောက် ကျောက်ပင်တိန့်နှင့် အန်းကျန်းကျိုးတို့မှာ ခက်ခဲသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့သည်။

ပတ်သက်ဆက်နွှယ်နေသူနှစ်ဦးဖြစ်သော ဝူကျိရှန်းနှင့် ချင်းချင်းတို့ကို ဖမ်းဆီးရန်မှာ မခက်ခဲသော်လည်း ခက်ခဲသောအချက်မှာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို မည်သို့ ရေးသားရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။

အကြောင်းမှာဝူကျိရှန်းနှင့် ချင်းချင်းတို့သည် တုန်လှုပ်ချောက်ချားဖွယ်ရာ အမှုကြီးတစ်ခုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိခြင်း ခံထားရသောကြောင့်ပင်။

ဝူကျိရှန်းသည် လင်ဇီးမှိုများကို လုကျန်းရှင်းထံသို့ ရောင်းချခဲ့ပြီး လုကျန်းရှင်းက ယင်းကို မွန်ဂိုတို့နှင့် ကုန်သွယ်မှုပြုလုပ်ရန် ခြေလှမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

မင်မင်းဆက်နှင့် မွန်ဂိုတို့၏ ဆက်ဆံရေးမှာ လုံးဝ ရန်သူ့ဆက်ဆံရေးမျိုး ဖြစ်၏။ လွင်ပြင်ဒေသသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် မည်သည့်လုပ်ရပ်မဆို ရန်သူကို ကူညီပံ့ပိုးခြင်းအဖြစ် သတ်မှတ်နိုင်လေသည်။

ရန်သူထံသို့ ပစ္စည်းများ ထောက်ပံ့ခြင်းမှာ သေဒဏ်ကျခံရမည့် ပြစ်မှုကြီး ဖြစ်၏။

လုကျန်းရှင်း၏ စီးပွားရေးမှာ အလွန်ကြီးမားလှသဖြင့် ကျင်းယီဝေတို့၏ စုံစမ်းစစ်ဆေးမှု နယ်ပယ်ထဲသို့ ဝင်ရောက်နေသည်မှာ ကြာမြင့်လှပြီဖြစ်ကာ ၎င်းတို့တွင် သက်သေအချို့လည်း ရရှိထားပြီး ဖြစ်သည်။

ဝူကျိရှန်း၏ ထွက်ဆိုချက်နှင့်ပါ ပေါင်းစပ်လိုက်လျှင် လုကျန်းရှင်းကို ချက်ချင်း ဖမ်းဆီးနိုင်ပြီး နှိပ်စက်စစ်ဆေးကာ ဥပဒေအရ အပြစ်ပေးနိုင်ပြီ ဖြစ်သည်။

ရန်သူကို ကူညီပံ့ပိုးသော မှောင်ခိုမှုနှင့် မင်္ဂလာနိမိတ် ဆက်သမှုကို အတူတကွ ကိုင်တွယ်နိုင်ပြီး ဝူကျိရှန်းမှာလည်း သူကိုယ်တိုင်ပင်မသိဘဲယင်းအမှုထဲတွင် ပါဝင်ပတ်သက်သွားခြင်း ဖြစ်၏။

ရှေးခေတ်ကတည်းက လူတစ်ဦး၏ အပြစ်ကို ဆုံးဖြတ်ရာတွင် လုပ်ရပ်အပေါ်တွင်သာ ကြည့်ပြီး စိတ်ရင်းကို မကြည့ ဟူသော စည်းမျဉ်း ရှိခဲ့သည်။ စိတ်ရင်းကို မကြည့်ဘဲ အချက်အလက်များအပေါ်တွင်သာ အာရုံစိုက်ခြင်း ဖြစ်၏။

ယင်းသည် မွန်ဂိုတို့နှင့် ပူးပေါင်းကာ ရန်သူကို ကူညီပံ့ပိုးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်သည့်တိုင်အချက်အလက် ရှိနေသရွေ့ အပြစ်ရှိကြောင်း အတည်ပြုနိုင်လေသည်။

၎င်းတို့ ထိုသို့ မပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာထိုအမှုနှစ်ခုလုံးတွင် အလွန်အရေးကြီးသော တခြားလူတစ်ဦး ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျင်းမင်းသားပင် ဖြစ်သည်။

ကျင်းမင်းသား၏ တိတ်တဆိတ် ခွင့်ပြုချက်မရှိဘဲ ဝူကျိရှန်း စိုက်ပျိုးသော လင်ဇီးမှိုများဖြစ်စေ၊ လုကျန်းရှင်း၏ ကုန်ပစ္စည်းများဖြစ်စေ လွင်ပြင်ဒေသထဲသို့ မအဆင်ပြေပြေ စီးဆင်းသွားနိုင်မည် မဟုတ်ပေ။

အမှု၏ အရင်းအမြစ်မှာ ကျင်မင်းသားထံတွင် ရှိနေခြင်း ဖြစ်၏။

ကျင်းယီဝေများဘယ်လောက် အာဏာကြီးမားစေကာမူ မြင့်မြတ်လှသော ကျင်းမင်းသားကိ မထိဝံ့ပေ။ ကျင်းယီဝေများက ဝူကျိရှန်းသည်အမှုနှင့်ပတ်သက်နေသည်ဟု ပြောနိုင်သကဲ့သို့ လူကုန်းရှင်းတွင် ရန်သူကို ကူညီသော အပြစ်ရှိသည်ဟုလည်း ပြောနိုင်သော်လည်း ကျူးယွမ်ကျန်း၏ သားတော်က မွန်ဂိုတို့ကို ကူညီနေသည်ဟူ သောကျင်းမင်းသားအပေါ် ထိုကဲ့သို့သော ပြစ်ချက်မျိုးကို စွဲချက်တင်ရန်သူတို့ လုံးဝ မဝံ့ရဲကြပေ။

ထိုအစီရင်ခံစာကို မည်သို့ ရေးသားရမည်ဆိုသည့် အချက်က အန်းကျန်းကျိုးကို ဝေခွဲမရ ဖြစ်စေတော့သည်။

*********

အခန်း ၉၈ သံတိုင်များနောက်ကွယ်

သူတို့နှစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရသည်မှာ လေးရက်တိတိ ရှိသွားပြီ ဖြစ်၏။

ထိုလေးရက်တာအတွင်း ချင်းချင်းသည် အမြဲတမ်း ထိတ်လန့်နေခဲ့ပြီး အကြောက်တရားဖြင့်သာ နေထိုင်ခဲ့ရလေသည်။

"သခင်လေး.. သူတို့က ကျွန်မတို့ကို နန်းတွင်းအမှုကြီးတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောကြတာနော်။ သခင်‌ လေးနည်းနည်းမှ မကြောက်ဘူးလား"

ချင်းချင်း၏ မျက်ဝန်းများထဲတွင် အကြောက်တရားများ ပြည့်နှက်နေ၏။

"ကျွန်မတို့ ခေါင်းဖြတ်ခံရမှာလားဟင်"

ဟုန်ဝူခေတ်ကာလအတွင်း ယခင်နှစ်များက ဟူဝေယုံအမှုနှင့် စာရွက်လွတ်အမှုကဲ့သို့သော အမှုကြီးများမှာ လူပေါင်းထောင်ချီကို ပတ်သက်ဆက်နွှယ်စေခဲ့ပြီး မိသားစုအလိုက် အနွယ်တော်ခုနစ်ဆက် ကွပ်မျက်ခံရခြင်း၊ ခေါင်းပြတ်များ မြေခကာ သွေးချောင်းစီးခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ပြည်သူများသည် ထိုအမှုများအကြောင်း ပြောဆိုရုံမျှဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

ချင်းချင်း၏ ပြာယာခတ် ထိတ်လန့်နေမှုနှင့် နှိုင်းယှဉ်လျှင် ဝူကျိရှန်းမှာမူ ပိုမိုတည်ငြိမ်ရင့်ကျက်ကာ အေးဆေးလှသည်။ သူက အရေးမပါသောအရာတစ်ခုကို ဆွေးနွေးနေသကဲ့သို့ ပေါ့ပါးစွာ ပြောလိုက်၏။

"ခေါင်းဖြတ်ခံရမယ် ဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် လျှောက်မခြောက်ပါနဲ့၊ အခြေအနေက အဲဒီလောက်အထိ မပြင်းထန်ပါဘူး"

မိမိ ဘာအမှား ကျူးလွန်ခဲ့သည်ကို အတိအကျ မသိရသေးသော်လည်း လက်ရှိအခြေအနေအရ ခေါင်းဖြတ်ခံရလောက်သည်အထိ မပြင်းထန်ကြောင်း ထင်ရှားလှသည်။ မိသားစုအလိုက် ကွပ်မျက်ခံရမည်ဆိုသည်မှာမူ ပို၍ပင် အခြေအမြစ်မရှိသော အရာ ဖြစ်၏။

အကြောင်းမှာ ဝူကျိရှန်းသည် မိမိနှင့် ချင်းချင်း၏ အခြေအနေမှာစီမံခန့်ခွဲမှုဆိုင်ရာ ထိန်းသိမ်းခြင်းမျှသာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာ ဖမ်းဆီးခြင်း မဟုတ်ကြောင်း သဘောပေါက်ထားသောကြောင့်ပင်။

အကယ်၍သူက အမှုကြီးတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေသာ ရှိခဲ့ရင် ကျင်းယီဝေတွေရဲ့ အလုပ်လုပ်ပုံအရ သူ့ကို နေရောင်မရတဲ့ မှောင်မိုက်တဲ့ ထောင်ထဲကို ပစ်ထည့်ထားတာ ကြာလှပြီ။ အခုလို အခန်းငယ်လေးတစ်ခုထဲမှာ ထိန်းသိမ်းထားရုံသက်သက်ဆိုတာကတော့ အခြေအနေက ချင်းချင်း စိတ်ကူးယဉ်နေသလောက် မဆိုးရွားကြောင်း ပြသနေ‌ပေသည်။

လေးရက်အတွင်း ဝူကျိရှန်းနှင့် ချင်းချင်းတို့သည်အခန်းငယ်လေးထဲတွင် ပိတ်လှောင်ခံထားခဲ့ရ၏။ လွတ်လပ်မှု ဆုံးရှုံးနေခဲ့သော်လည်း ယင်းသသည်‌ ထောင်ကျခြင်းမျိုးတော့ မဟုတ်ပေ။

ညှင်းပန်းနှိပ်စက်သည့် ကိရိယာများမရှိသကဲ့သို့ ကြမ်းတမ်းသော စစ်ဆေးမေးမြန်းမှုများလည်း မရှိခဲ့ပေ။ ညနေခင်းတိုင်းတွင် အဘိုးအိုတစ်ဦးက အစားအစာနှင့် ရေကို အချိန်မှန် လာရောက်ပေးပို့လေ့ရှိ၏။ ထိုအရာမှလွဲ၍ သူတို့ တခြား ဆင်းရဲဒုက္ခများစွာ မခံစားခဲ့ရပေ။

သို့သော် ထိန်းသိမ်းခံထားရသည့် လုပ်ငန်းစဉ်အတွင်း ဖြစ်နေဆဲဖြစ်သဖြင့် နေထိုင်မှုအခြေအနေမှာ ကောင်းမွန်လှသည်တော့ မဟုတ်ပေ။

အစားအစာ ညံ့ဖျင်းသည့်အပြင် အခန်းထဲတွင် အိပ်ရာပင် မရှိပေ။ တခြား သန့်ရှင်းရေး အသုံးအဆောင်များမှာအ နေဖြင့်မိလ္လာပုံးတစ်ခု ရှိနေခြင်းကပင် ကောင်းလှပြီဖြစ်ရာ တခြား ဘာကိုမှမ‌ မျှော်လင့်ရဲချေ။။

ယခုလည်း ဆည်းဆာအချိန်သို့ ရောက်ရှိလာပြန်ရာ ခြေသံပြင်းပြင်းနှင့်အတူ အစောင့်အဖြစ် တာဝန်ယူထားသော အဘိုးအိုက ထောင်စာကို လာရောက်ပေးပို့ပြန်၏။

"အဘိုး။ကျွန်မတို့ကို စောင်တစ်ထည်လောက် ရှာပေးလို့ ရမလား"

အစောင့်အဘိုးအိုမှာ ဆွံ့အနားမကြားသူ ဖြစ်ကြောင်း သိထားသဖြင့် ချင်းချင်းက စကားပြောရင်း လက်ဟန်ခြေဟန်ဖြင့် ချမ်းလွန်း၍ တုန်ရီနေသည့် ပုံစံကို လုပ်ပြလိုက်သည်။

"ဒီမှာအေးလွန်းလို့ပါ"

ဆွံ့အနားမကြား အစောင့်မှာမူ ချင်းချင်းကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။ သူသည် ယခင်ရက်များကကဲ့သို့ပင် အာလူးအရွယ်အစားခန့်ရှိသော နှံစားသီးနှံ ရောနှောထားသည့် ဝေါ့ထိုး (ပေါင်းမုန့်) လေးလုံးနှင့် ရေခဲကဲ့သို့ အေးစက်နေသော ရေတစ်အိုးကို ချထားပေးလိုက်ပြီးနောက် ကျောကုန်းကို ကိုင်းလျက် ဖြည်းညှင်းစွာ ထွက်ခွာသွားလေတော့သည်။

ရေခဲသည့် ဆောင်းတွင်းအလယ်ပိုင်းသို့ မရောက်သေးသော်လည်း ဆောင်းဦးပေါက်ကာလ ဖြစ်နေပြီဖြစ်ရာ ညအချိန်သို့ ရောက်လာသည်နှင့်အမျှ အခန်းထဲတွင် ပိုမိုအေးစက်လာ၏။

ချင်းချင်းက ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဒူးကိုပိုက်လျက် မပြတ် ညည်းညူနေတော့သည်။

"စောင်လည်းမရှိ၊ မီးဖိုလည်းမရှိ၊ ခင်းအိပ်ဖို့ ကောက်ရိုးတောင် မရှိဘူး။ တကယ်လို့ ဆောင်းတွင်းရဲ့ အအေးဆုံးအချိန်ကို ရောက်သွားရင် ကျွန်မတို့ အေးခဲပြီး သေသွားကြမှာ မဟုတ်လား"

"အဲဒီလောက်အထိ စောင့်စရာမလိုပါဘူး၊ ပြီးတော့ ဆောင်းတွင်းရဲ့ အအေးဆုံးအချိန်အထိလည်း တောင့်ခံနေစရာမလိုပါဘူး"

အကျဉ်းချခံထားရသော်လည်း ဝူကျိရှန်းမှာ အားလုံးကိုအကောင်းမြင်ဆဲပင် ဖြစ်၏။

"ငါတို့က ဘယ်လို နန်းတွင်းအမှုကြီးမှာပဲ ပါဝင်ပတ်သက်နေပါစေ၊ နောက်ရက်အနည်းငယ်အတွင်းမှာ အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ငါ ခန့်မှန်းထားတယ်"

"နန်းတွင်းကိစ္စတွေကို ဘယ်သူက အသေအချာ ပြောနိုင်မှာလဲဟင်"

ချင်းချင်း၏ မျက်နှာတွင် အားကိုးရာမဲ့မှုများ ပြည့်နှက်နေ၏။

"နန်းတွင်းရဲ့ စုံစမ်းစစ်ဆေးမှုတွေက အမြဲတမ်း အချိန်အကြာကြီး ယူရတယ်လို့ ကျွန်မ ကြားဖူးတယ်"

ဟူဝေယုံအမှုနှင့် စာရွက်လွတ်အမှု နှစ်ခုလုံးမှာ အချိန်အကြာကြီး ဆွဲခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ဟူဝေယုံအမှုမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။

အကယ်၍သူတို့က ထိုကဲ့သို့သော အမှုကြီးမျိုးတွင် ပါဝင်ပတ်သက်နေခဲ့မည်ဆိုပါက ဘယ်အချိန်မှ လွတ်လပ်ခွင့် ပြန်လည်ရရှိမည်ကို မည်သူမျှ မသိနိုင်ပေ။

"ငါတို့ကိစ္စက အဲဒီလောက်အထိ အချိန်မဆွဲနိုင်ပါဘူး၊ မကြာခင်မှာ အဖြေထွက်လာလိမ့်မယ်"

ဝူကျိရှန်းက ချင်းချင်းကို စီမံခန့်ခွဲမှုဆိုင်ရာ ထိန်းသိမ်းခြင်း နှင့် ရာဇဝတ်မှုဆိုင်ရာ ဖမ်းဆီးခြင်းတို့၏ ကွာခြားချက်ကို စတင် ရှင်းပြလိုက်၏။

"...လက်ရှိ အခြေအနေအရ ဒီကိစ္စက သိပ်ပြီး မပြင်းထန်နိုင်ဘူး၊ မဟုတ်ရင် ငါတို့ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး၊ ကျောက်ထောင်ထဲကိုပဲ သေချာပေါက် အပစ်ခံရမှာ"

ဝူကျိရှန်း၏ ရှင်းပြချက်ကို ကြားရပြီးနောက် ချင်းချင်းသည် ထိုကွာခြားချက်ကို နားလည်သွားရပြီး သခင်လေးအပေါ် သူမ၏ လေးစားကြည်ညိုမှုမှာ ပိုမို လွန်ကဲလာတော့သည်။

"ကျွန်မက သခင်လေးက ဆေးဝါးဗေဒနဲ့ ဆေးဘက်ဆိုင်ရာ သဘောတရားတွေကိုပဲ နားလည်တယ်လို့ အောက်မေ့တာ၊ နန်းတွင်းရဲ့ ဥပဒေတွေကိုပါ ဒီလောက် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ သခင် လေးက တကယ်ကို အများကြီး သိတာပဲ"

အလွန်အေးစက်နေပြီး အနွေးဓာတ်ရစရာ မရှိသဖြင့် ချင်းချင်းသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း ဝူကျိရှန်း၏ အနားသို့ ပိုမို တိုးကပ်လာခဲ့၏။

ဝူကျိရှန်းကလည်း သူမ ချမ်းနေမှန်း သိသဖြင့် သူမကိုဖက်ထားလိုက်ပြီး ၎င်းတို့သည် ခန္ဓာကိုယ်အပူရှိန်ဖြင့် တစ်ဦးကိုတစ်ဦး နွေးထွေးစေခဲ့ကြသည်။

ချင်းချင်း၏ ထိတ်လန့်ကြောက်ရွံ့မှုများကို လျော့ပါးစေရန်အတွက် ဝူကျိရှန်းသည် ယခင်ရက်များကကဲ့သို့ပင် သူမကို အိပ်ရာဝင်ပုံပြင်များပြောပြလေတော့သည်။

"...အဲဒီ ယူဒတ်ဆိုတဲ့လူက မူလက သခင်ကြီးယေးရဲ့ တပည့်တစ်ဦးပဲ။ ဒါပေမဲ့ ဒီလူက အလွန် လောဘကြီးလွန်းလို့ ငွေတေး ၃၀ အတွက်နဲ့ မိမိရဲ့ သခင်ကို သစ္စာဖောက်ခဲ့တာ။ အဲဒီနောက်မှာတော့ သခင်ကြီးယေးဟာ အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်နှက်ခံရပြီး ကွယ်လွန်သွားခဲ့ရတယ်"

ချင်းချင်းသည် ဝူကျိရှန်း၏ ရင်ခွင်ထဲတွင် မှီနေရင်း သူ၏ ခန္ဓာကိုယ်အပူရှိန်ကို ခံစားနေရကာ သူမ၏ မျက်ဝန်းကြီးများက လှုပ်ရှားနေပြီး ပိုမို နုပျိုကာ ဆွဲဆောင်မှုရှိနေ၏။

"လက်ဝါးကပ်တိုင်ဆိုတာ ဘာလဲဟင်"

"အဲဒါက သစ်သားတုတ်နှစ်ချောင်းကို ကန့်လန့်ဖြတ်ပုံစံနဲ့ သံမှိုရိုက်ထားတာပေါ့"

"ဒီ ယူလို့ခေါ်တဲ့လူက တကယ်ပဲ လွန်လွန်းတယ်၊ မိမိသခင်ကို သစ္စာဖောက်ပြီး သေစေခဲ့တာပဲ။ သခင်ကြီးယေးကို သစ္စာဖောက်ခဲ့တဲ့ အဲဒီ ယူဒတ်က နောက်ဆုံး ဘာဖြစ်သွားလဲဟင်"

"မိမိသခင်ကို သေစေခဲ့ပြီးတဲ့နောက် ယူဒတ်လည်း မကောင်းတဲ့အဆုံးသတ်နဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်၊ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးသွားခဲ့တာပဲ"

"လူဆိုးတွေက မကောင်းတဲ့ အဆုံးသတ်နဲ့ပဲ ကြုံရမှာကို ကျွန်မ သိသားပဲ"

ချင်းချင်းက တိုးတိုးလေး ရေရွတ်လိုက်၏။

"ဟိုးတုန်းကလည်း အရှေ့ဝူနိုင်ငံက လူမုန်းဟာ သခင်ကြီးကွန်းယုကို သတ်ခဲ့တာ၊ နောက်ဆုံးတော့ သူလည်း အရာရှိတွေရဲ့ ဝိညာဉ်ဖမ်းတာကို ခံရပြီး အသက်ဆုံးရှုံးခဲ့ရတာပဲ။ အဲဒါကို ဝဋ်လည်တယ်လို့ ခေါ်တာ"

ယေရှုနှင့် ယူဒတ်၏ ပုံပြင်ကို ကွန်းယုနှင့် လူမုန်းတို့နှင့် ဆက်စပ်တွေးတောနိုင်ခြင်းမှာ ချင်းချင်း၏ စိတ်ကူးစိတ်သန်းက တကယ်ကို ကြွယ်ဝလှသည်ဟု ဝန်ခံရမည် ဖြစ်၏။

ယင်းသည် ရိုးရှင်းသော အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ ဖြစ်သဖြင့် ချင်းချင်းကို စိတ်အေးချမ်းစေနိုင်သရွေ့ အဆင်ပြေလှပေသည်။

"မင်းက ကွန်းယုအကြောင်း ပြောနေတာဆိုတော့ ငါ မင်းကို သုံးပြည်ထောင်အကြောင်း ပိုပြီး ပြောပြရမပေါ့"

"ကျွန်မက သုံးပြည်ထောင်အကြောင်းကို အကြိုက်ဆုံးပဲ၊ အထူးသဖြင့် သခင်ကြီးကွန်းကိုပေါ့"

"ကောင်းပြီ၊ ဒါဆိုရင် မက်မွန်ခြံ ကတိသစ္စာပြုပွဲကနေ စကြတာပေါ့။ လောကကြီးရဲ့ အကြောင်းအရာတွေက ရေရှည်ကွဲပြားပြီးရင် ပြန်လည်ပေါင်းစည်းရစမြဲ၊ ရေရှည်ပေါင်းစည်းပြီးရင် ပြန်လည်ကွဲပြားရစမြဲပဲလို့ ဆိုကြတယ်။ အရှေ့ဟန်မင်းဆက်ရဲ့ အဆုံးသတ်မှာ"

ချင်းချင်းသည် သုံးပြည်ထောင်ပုံပြင်ကို ကြိုက်သော်လည်း ယင်းသည် သခင်ကြီးကွန်းကို ကြည်ညိုသောကြောင့်သာ ဖြစ်၏။

သူမ အကြိုက်ဆုံးမှာ တစ်ကိုယ်တော် ပွဲတက်ခြင်း နှင့် ဂိတ်ငါးခုကို ဖြတ်ကျော်ပြီး ဗိုလ်ချုပ်ခြောက်ဦးကို သတ်ခြင်း ကဲ့သို့သော ဒဏ္ဍာရီဆန်ဆန် ပုံပြင်များသာ ဖြစ်သည်။ သုံးပြည်ထောင်၏ နောက်ကွယ်မှ သမိုင်းကြောင်းများနှင့် ရှုပ်ထွေးလှသော အင်အားစုအမျိုးမျိုးကိုမူ သူမ စိတ်မဝင်စားပေ။

ဝူကျိရှန်း ပြောပြသော သုံးပြည်ထောင်ပုံပြင်မှာ တိုးငြင်းစွာထွက်‌ပေါ် နေ၏။ သူက တုန်ကျောက်၏ ပုန်ကန်မှု အကြောင်းကို ပြောသောအခါ ချင်းချင်း၏ မျက်ခွံများက စတင်လေးလံလာပြီး အိပ်ငိုက်လာကာ ဝူကျိရှန်း၏ ရင်ခွင်ထဲတွင်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

အလွန်အေးစက်လှသောကြောင့်ဝူကျိရှန်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားသော ချင်းချင်းသည် ခန္ဓာကိုယ်ကို ကျုံ့ထားပြီး သူမ၏ အသက်ရှုသံကိုရှင်းလင်းစွာ ကြားနေရ၏။ ယင်းသည် သခင်၏ ရင်ခွင်ထဲတွင်ရှိသော ယဉ်ပါးသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ပင် ရှိနေတော့သည်။

*********

All Chapters