အခန်း (၉၉-၁၀၀)
Vol. 9 Ch. 99-100
အခန်း ၉၉ ဧကရာဇ်၏ အတွေးအမြင်
"အရှင်မင်းကြီး ။ပြဇာတ်ကို ရွေးချယ်ပေးတော်မူပါ"
ဝတ်စုံပြည့်ဝတ်ဆင်ထားသော မိန်းမစိုးငယ်တစ်ဦးက ပြဇာတ်စာရင်းကို ကိုင်ဆောင်ထားရင်း ဘေးတစ်ဖက်တွင် ရိုသေစွာ ဒူးထောက်လျက် လျှောက်တင်လေသည်။
"ဒီနေ့က မိဖုရားခေါင်ကြီးရဲ့ မွေးနေ့ပဲ"
ကျူးယွမ်ကျန်းက ပြဇာတ်စာရင်းကို ယူလိုက်ပြီး မိမိ၏ဘေးရှိ မိဖုရားခေါင်ကြီး မာ ထံသို့ ကမ်းပေးလိုက်ရင်း ဆို၏။
"မိဖုရား မင်းပဲ ပြဇာတ်ကို ရွေးချယ်လိုက်ပါ"
မိဖုရားခေါင်ကြီး မာ သည် အမြဲတမ်း ခြိုးခြံချွေတာတတ်သူ ဖြစ်ရာ သူမ၏ ကြီးကျယ်လှသော မွေးနေ့တွင်ပင် ရိုးရှင်းသော တည်ခင်းဧည့်ခံပွဲမျှသာ ပြုလုပ်ခဲ့ပြီး ပြင်ပအရာရှိများ မွေးနေ့ဆုတောင်း ဆက်သခြင်းကိုပင် ပိတ်ပင်တားမြစ်သည့် အမိန့်တော် ထုတ်ပြန်ထားခဲ့လေသည်။
မိဖုရားခေါင်ကြီး မာ က ပြဇာတ်စာရင်းကို ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။
"ကျွန်မအနေနဲ့ ရွှေရတနာ ပြည့်လျှံသော နန်းရင်ပြင်နှင့်နတ်မင်းရှစ်ပါး သက်တော်ရှည်ဆု တောင်းပွဲလို ပြဇာတ်မျိုးတွေကို မြင်တွေ့ဖူးပြီးသားပါ။ အရှင်မင်းကြီးအနေနဲ့ အဲဒီလို အော်ဟစ်သီဆိုနေတဲ့ သီချင်းဟောင်းတွေကို နှစ်သက်မှာမဟုတ်ဘူးလို့ ထင်မိပါတယ်၊ ဒါကြောင့် ချင်မင်းသား စစ်ဗျူဟာကို ဖြိုခွဲခြင်းကိုပဲ ရွေးချယ်ကြရအောင်"
'ချင်မင်းသား စစ်ဗျူဟာကို ဖြိုခွဲခြင်း ဟူသည်မှာ လီရှီမင်၏ စစ်ဆင်ရေး အကြောင်းအရာများကို တင်ဆက်ထားခြင်း ဖြစ်ပြီး အလွန် ရှေးကျသော ပြဇာတ်တစ်ခု ဖြစ်၏။
ကျူးယွမ်ကျန်းသည် နန်းရင်ပြင်တွင် အနှိုင်းမဲ့ အရှိန်အဝါကြီးမားလှသော်လည်း မိဖုရားခေါင်ကြီး မာ ၏ အနီးတွင် ရှိနေချိန်တွင်မူ နူးညံ့သော ခုတင်ပေါ်တွင် အပန်းဖြေသည့် ပုံစံဖြင့် လျောင်းစက်နေခဲ့သည်။ သူသည် အင်ပါယာတစ်ခု၏ အုပ်စိုးရှင်နှင့် လုံးဝ မတူဘဲ တစ်နေ့တာလုံး ပင်ပန်းစွာ အလုပ်လုပ်ပြီးနောက် လယ်ကန်သင်းပေါ်တွင် အနားယူနေသည့် လယ်သမားတစ်ဦးနှင့်သာ တူနေတော့၏။
သူမ၏ဘေးရှိ မိဖုရားခေါင်ကြီး မာ ကလည်း အခမ်းအနားများ ပြုလုပ်မနေဘဲ သူမ၏ မျက်နှာအမူအရာမှာ အေးချမ်းလှပြီး သာမန် အမျိုးသမီးတစ်ဦးကဲ့သို့ပင် ရှိနေခဲ့သည်။
မောင်းနှင့် စည်သံများ မြည်ဟည်းလာသည်နှင့်အမျှ ဖျော်ဖြေမှု စတင်လေတော့သည်။
ကျူးယွမ်ကျန်းသည် ထိုပြဇာတ်ကို စိတ်ဝင်စားမှုမရှိကြောင်း ထင်ရှားလှ၏။ ခေတ္တမျှ ကြည့်ရှုပြီးနောက် သူသည် သမ်းဝေလာပြီး အိပ်ငိုက်လာခဲ့သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး" မိဖုရားခေါင်ကြီး မာ က သူမ၏ တံတောင်ဆစ်ဖြင့် သူ့ကို ညင်သာစွာ တွန်းလိုက်ရင်း ဆို၏။
"အရှင်မင်းကြီး ပင်ပန်းနေရင် အနားယူဖို့ အိပ်ဆောင်ကို ပြန်တော်မူပါ"
"ဒီနေ့က မိဖုရားရဲ့ မွေးနေ့ပဲလေ၊ ဒါကြောင့် ငါ မင်းကို သေချာပေါက် အဖော်လုပ်ပေးရမှာပေါ့"
"ကျွန်မတို့က လင်မယား ဖြစ်ခဲ့ကြတာ ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီပဲ၊ ဘာဖြစ်လို့ အဖော်လုပ်ပေးတယ် မလုပ်ပေးဘူးဆိုတာတွေကို ပြောနေရဦးမှာလဲ"
စင်မြင့်ပေါ်ရှိ ပြဇာတ်မှာ စည်ကားသိုက်မြိုက်စွာ ကပြနေဆဲဖြစ်သော်လည်း ကျူးယွမ်ကျန်းနှင့် မိဖုရားခေါင်ကြီး မာ တို့သည် ယင်းကို ထပ်မံ ကြည့်ရှုခြင်းမပြုတော့ဘဲ နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့သည့် လင်မယားအိုများကဲ့သို့ စကားစမြည် ပြောဆိုနေကြတော့သည်။
"မိဖုရား... မင်း ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ကိစ္စကို မှတ်မိသေးလား"
ကျူးယွမ်ကျန်းက စိတ်ဝင်စားဖွယ်ရာ ပုံပြင်တစ်ပုဒ်ကို ပြောနေသကဲ့သို့ ပေါ့ပါးစွာ ပြောလိုက်၏။ "
အဲဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးပြီ၊ ယင်းက မင်္ဂလာရှိတဲ့ နိမိတ်မဟုတ်ဘဲ လူတွေက တမင် ဖန်တီးစိုက်ပျိုးထားတာ ဖြစ်နေတယ်"
"ကျွန်မက ဂျုံ၊ ဆန်နဲ့ ဖရဲသီးတွေကိုပဲ စိုက်ပျိုးလို့ရတယ်လို့ သိထားတာ၊ ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကိုတောင် စိုက်ပျိုးနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ လောကကြီးက တကယ်ကို ထူးဆန်းအံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ"
မိဖုရားခေါင်ကြီး မာ က ရယ်မောလိုက်ရင်း ဆိုသည်။
"အဲဒီ လင်ဇီးမှိုကို စိုက်ပျိုးတဲ့လူက တကယ်နည်းလမ်းကောင်းတွေ ရှိတာပဲ"
"မိဖုရား... မင်း အဲဒီ ဝူကျိရှန်း ကို မှတ်မိသေးလား"
မိဖုရားခေါင်ကြီး မာ အတွက်မူ ဝူကျိရှန်းဟူသော အမည်မှာ သူမ၏ မှတ်ဉာဏ်ထဲတွင် ဝေဝါးနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ခေတ္တမျှ စဉ်းစားပြီးမှသာ နောက်ဆုံးတွင် သတိရသွားတော့၏။
"အဲဒါ ကာလဝမ်းရောဂါကို ကုသပေးခဲ့တဲ့ သမားတော်လေး မဟုတ်လား"
"သူပဲပေါ့"
"ဒီ ဝူကျိရှန်းကထူးခြားတဲ့လူပဲ။ ကာလဝမ်းရောဂါကို ကုသနိုင်ရုံတင်မကဘူး ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကိုပါ စိုက်ပျိုးနိုင်ခဲ့တာပဲ။ ဒီလူက အလွန် ချမ်းသာကြွယ်ဝနေမှာ သေချာတယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ထမင်းစားပြီးနောက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခုကို ဇနီးမောင်နှံနှစ်ဦး အေးအေးဆေးဆေး စကားစမြည် ပြောဆိုနေကြသကဲ့သို့ ကျူးယွမ်ကျန်းက ဝူကျိရှန်း၏ လုပ်ရပ်များကို ပြောပြလေသည်။
"ဒီ ဝူကျိရှန်းက လင်ဇီးမှို စိုက်ပျိုးလို့ရတဲ့ ငွေတွေကို သုံးပြီး နန်းတွင်းအတွက် ဆေးဝါးအမြောက်အမြောက်ကို ဝယ်ယူပေးခဲ့တာ"
"ဒါဆိုရင် နန်းတွင်းက သူ့ကို ငွေပြန်ပေးဖို့ လိုနေတာပေါ့"
မိဖုရားခေါင်ကြီး မာ က အလွန် ရှားရှားပါးပါးပင် အားရပါးရ ရယ်မောလိုက်တော့သည်။
"အရှင်မင်းကြီးက အုပ်စိုးရှင်တစ်ဦးဖြစ်ပြီး မိမိရဲ့ လက်အောက်ငယ်သားကို အကြွေးတင်နေတယ်ဆိုတာ တကယ်ကို ရယ်စရာကောင်းလှပါတယ်"
"ဒီ ဝူကျိရှန်းက တကယ်ပဲ တိုင်းပြည်အပေါ် သစ္စာရှိပြီး အရည်အချင်းရှိတဲ့ အရာရှိတစ်ဦးပဲ။ ဘယ်လိုပဲကြည့်ကြည့် သူ့ကို နေရာကောင်းတွေမှာ အသုံးချလို့ရတယ်၊ ဒါပေမဲ့..."
ကျူးယွမ်ကျန်း၏ လေသံတွင် ရုတ်တရက် ရပ်တန့်မှုတစ်ခု ပေါ်ပေါက်လာ၏။
"မနေ့ညက ငါ မင်းကို ကျင်းမင်းသား ကိစ္စ ပြောပြခဲ့တယ်နော်"
ကျင်းမင်းသားသည် တရားမဝင် ကုန်သည်များကို လွင်ပြင်ဒေသထဲသို့ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် တိတ်တဆိတ် ခွင့်ပြုခဲ့သည်။ ယင်းသည် ကြီးမားသော ကိစ္စတစ်ခု ဖြစ်သဖြင့် ကျူးယွမ်ကျန်းက မနေ့ညက မိဖုရားခေါင်ကြီး မာ ကို ပြောပြခဲ့ခြင်း ဖြစ်၏။
ဝူကျိရှန်းသည် ထိုကိစ္စတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိဟူသော အချက်မှာ မိဖုရားခေါင်ကြီး မာ အတွက်မူ ပြောပလောက်သော အသေးအဖွဲကိစ္စမျှသာ ဖြစ်ပြီး သူမသည် ကျင်းမင်းသား၏ အခြေအနေကိုသာ စိုးရိမ်ပူပန်နေခဲ့သည်။
ကျငမင်းသားနှင့် ပတ်သက်သောကိစ္စမှာ... ပြောရ အလွန် ခက်ခဲလှပေသည်။
ပြည်တွင်းမှ ကုန်ပစ္စည်းများကို မွန်ဂိုတို့ထံ စီးဆင်းခွင့် တိတ်တဆိတ် ပြုလုပ်ခြင်းမှာ အလတ်စား ပြစ်မှုတစ်ခု ဖြစ်သော်လည်း ထိုလုပ်ငန်းစဉ်အတွင်း မင်မင်းဆက်သည် စစ်မြင်းများ၊ သားရေများနှင့် ကော်ဇောများကဲ့သို့သော အရေးကြီးသည့် စစ်ဗျူဟာမြောက် ပစ္စည်းများကို ထိရောက်စွာ ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ယင်းသည် အနီးနားရှိ အူးလူးနှင့် နာကဲ့ ကဲ့သို့သော မွန်ဂိုမျိုးနွယ်စုများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက်လည်း ဖြစ်သဖြင့် တိုင်းပြည်အနေဖြင့် ဆုံးရှုံးမှုမရှိသည့်အပြင် အကျိုးအမြတ်အချို့ပင် ရရှိခဲ့သေးသည်။
ထိုအကြောင်းရင်းကြောင့် ကျင်းမင်းသားကို ပြင်းထန်စွာ အပြစ်ပေးမည်ဆိုပါက အနည်းငယ် ရက်စက်ရာ ကျလိမ့်မည်။
လက်တွေ့ဆန်သော လူတစ်ဦးအနေဖြင့် ကျူးယွမ်ကျန်းသည်ထိုကိစ္စ၏ ကောင်းကျိုး ဆိုးကျိုးများကို သဘာဝကျကျပင် နားလည်ထား၏။
"ငါက ဒီအကျိုးအကြောင်းတွေကို ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။ ဒါပေမဲ့ ကျင်းမင်းသားက သတ္တိကောင်းလွန်းနေတာက ငါ့ကို အနည်းငယ် စိုးရိမ်ပူပန်စေတယ်"
ထိုအကြောင်းကို ပြောရင်း ကျူးယွမ်ကျန်းသည် စင်မြင့်ပေါ်ရှိ ပြဇာတ်ကို တည်ငြိမ်စွာ ကြည့်ရှုနေသော်လည်း သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်လာခဲ့သည်။
"ထန်မင်းဆက်နဲ့ ဆုန့်မင်းဆက် ဧကရာဇ်တွေရဲ့ သင်ခန်းစာက ငါတို့နဲ့ သိပ်မဝေးသေးဘူး။ မင်မင်းဆက်ရဲ့ နောင်လာနောက်သားတွေရဲ့ အနာဂတ်အတွက် ငါ ကြိုတင်ကာကွယ်ရမယ်"
ထန်မင်းဆက်မှ ထန်ထိုက်ကျုံး လီရှီမင်သည် ရွှေဝူတံခါး အရေးအခင်းကို ဖြစ်ပွားစေခဲ့ပြီး အိမ်ရှေ့စံ လီကျန့်ချန်နှင့် ညီတော် လီယွမ်ကျီတို့ကို သတ်ဖြတ်ကာ ခမည်းတော် လီယွမ်ကို နေအိမ်အကျယ်ချုပ် ချမှတ်ပြီး ထီးနန်းကို လုယူခဲ့သည်။
ဆုန့်မင်းဆက်မှ ဆုန့်ထိုက်စုသည်လည်း ဆန်းကြယ်သော အခြေအနေများအောက်တွင် ကွယ်လွန်ခဲ့ရပြီး အင်ပါယာကြီးမှာ သူ၏ ညီတော်လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။ ဖခင်နှင့် သားသမီးတို့ ရန်သူဖြစ်ကြခြင်း၊ ညီအစ်ကိုချင်း ထီးနန်းအတွက် သတ်ဖြတ်ကြခြင်း ကဲ့သို့သော ပုံပြင်များကို သမိုင်းစာအုပ်များတွင် အကြိမ်ကြိမ် မြင်တွေ့ဖူးကြပေလိမ့်မည်။
တည်ထောင်သူ မင်းမြတ်တစ်ဦးအနေဖြင့် ကျူးယွမ်ကျန်းသည် ထန်မင်းဆက်မှ ထန်ကောင်းစု လီယွမ်နှင့် ဆုန့်မင်းဆက်မှ ဆုန့်ထိုက်စု ကျောက်ကွမ်းရင်တို့ထက် များစွာ ပိုမို အာဏာကြီးမားလှသဖြင့် မင်မင်းဆက်တွင် ရွှေဝူတံခါး အရေးအခင်း"နှင့် ပုဆိန်ရိပ်နှင့် ဖယောင်းတိုင်အလင်း ကဲ့သို့သော အခြေအနေများ ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရန် မလိုပေ။
သို့သော် သူ ကွယ်လွန်သွားပြီးနောက်တွင်မူ မည်သို့ ဖြစ်လာမည်နည်း။အိမ်ရှေ့စံ မင်းသား ကျူးပြန်သည် ရိုးသားပြီး သနားကြင်နာတတ်သူ ဖြစ်ရာ သူသည် ထိုအာဏာကြီးမားလှသော မင်းသားများကို သူ့ကဲ့သို့ ပြတ်ပြတ်သားသား နှိမ်နင်းနိုင်ရန် ခက်ခဲလိမ့်မည်ကို စိုးရိမ် နေမိသည်။
မင်းသားများ စစ်အာဏာကို ကိုင်တွယ်ထားခြင်းမှာ နယ်စပ်ဒေသများကို ထိန်းချုပ်ရန်အတွက် အဆင်ပြေစေသော်လည်း ယင်းသည် ရေရှည်အတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်ချင်မှ ဖြစ်လိမ့်မည်။
အထူးသဖြင့် ယခင်နှစ်များအတွင်း ကျူးယွမ်ကျန်းသည် မင်းသားများ၏ အာဏာမှာ ကြီးမားလွန်းနေပြီး ထိန်းချုပ်ရခက်ခဲသော အင်အားစုတစ်ခု ဖြစ်လာနေသည်ဟု ပိုမို ခံစားလာရသည်။
"တကယ်လို့ မင်းနဲ့ ငါသာ မရှိတော့ရင် သားတော်က အခြေအနေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"
မင်မင်းဆက်၏ အုပ်စိုးရှင်တစ်ဦးအနေဖြင့် သူသည် နေ့တိုင်း သက်တော်ရာကျော် ရှည်ပါစေ ဟူသော ဆုတောင်းသံများကို ကြားရလေ့ရှိသော်လည်း ကျူးယွမ်ကျန်းသည် မည်သည့်အခါမျှ သာယာမှုမဖြစ်ခဲ့ပေ။
သူသည် မိမိကိုယ်မိမိ စစ်မှန်သော နဂါးမင်းသား မဟုတ်ကြောင်း သိသကဲ့သို့ အမှန်တကယ်လည်း ထာဝရ အသက်ရှင်နိုင်မည်မဟုတ်ကြောင်း သိထား၏။ တစ်နေ့တွင် သူသည်လည်း ဂူဗိမာန်ထဲမှ အရိုးခြောက်တစ်ခု ဖြစ်သွားရမည်မှာ မည်သူမျှ မပြောင်းလဲနိုင်သော အချက်အလက် ဖြစ်သည်။
"ချင်မင်းသား၊ ကျင်းမင်းသား၊ ယန့်မင်းသားနဲ့ ကျိုးမင်းသားတို့ အားလုံးက ကျွန်မကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာတွေချည်းပဲ"
မိခင်တစ်ဦးအနေဖြင့် မိဖုရားခေါင်ကြီး မာ သည် ထိုမင်းသားများ၏ စရိုက်လက္ခဏာများကို ကောင်းစွာ နားလည်ထားပြီး ၎င်းတို့၏ အလုပ်လုပ်ပုံကိုလည်း သိထားသဖြင့် အနည်းငယ် စိတ်အေးရခြင်း ဖြစ်၏။
"သူတို့ထဲက အချို့က နည်းနည်း ဆိုးသွမ်းတတ်ကြပေမဲ့ မကောင်းတာတွေတော့ လုပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သားတော်က တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်နေတာ ကြာလှပြီပဲ၊ သူရဲ့ ရာထူးနေရာက အခိုင်အမာ တည်ရှိနေပြီးသားမို့လို့ စိုးရိမ်စရာ မလိုပါဘူး"
"သားတော်ကတော့ သူတို့ကို နှိမ်နင်းနိုင်လိမ့်မယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာကော"
ယခင်နှစ်များအတွင်း ကျူးယွမ်ကျန်းသည် အိမ်ရှေ့စံ မင်းသား ကျူးပြန်၏ အင်အားစုကို စနစ်တကျ ပျိုးထောင်ပေးခဲ့သည်။ ကျူးပြန် ရှိနေသရွေ့ ထိုမင်းသားများသည် မည်သည့် အတွေးမျိုးမျှ ရှိရဲကြမည် မဟုတ်ပေ။
သို့သော် အုပ်စိုးရှင်ဟူသည် အုပ်စိုးရှင်ပင် ဖြစ်၏။ သူ စဉ်းစားဆင်ခြင်ရမည့်အရာမှာ ခေတ္တခဏအတွက် မဟုတ်ဘဲ နောင်လာနောက်သား အဆက်ဆက်အတွက် ဖြစ်သည်။
သူ ကွယ်လွန်သွားပြီးနောက် တကယ်ကျူးပြန်ပါ မရှိတော့ပါက သူ၏ နောင်လာနောက်သားများသည် ထိုအာဏာကြီးမားသော မင်းသားများကို နှိမ်နင်းနိုင်ပါဦးမည်လော။
ကျူးယွမ်ကျန်း၏ စိုးရိမ်ပူပန်မှုမှာ အခြေအမြစ်မရှိသော အရာမဟုတ်ကြောင်း သက်သေပြနေခဲ့ပြီး နောင်တွင် ဖြစ်ပွားလာမည့် ကျန့်နန် စစ်ဆင်ရေးက ယင်း၏ အကောင်းဆုံး သက်သေပင် ဖြစ်၏။
ကျူးယွမ်ကျန်းက စကားကို ဆက်မပြောတော့သော်လည်း မိဖုရားခေါင်ကြီး မာ ကမူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ကျူးယွမ်ကျန်းသည် မင်းသားများ၏ အာဏာကို လျှော့ချရန် အတွေးရှိနေခဲ့ပြီ ဖြစ်၏။
"မြောက်ပိုင်းစစ်ဆင်ရေးက အရေးကြီးနေပြီလေ၊ အခုအချိန်မှာ ဒါကို စတင်ဖို့ဆိုတာ မကောင်းဘူး မဟုတ်လား"
"ဒီကိစ္စကို လောလောဆယ် ဘာမှမဖြစ်ခဲ့သလိုပဲ ခေတ္တ ဆိုင်းငံ့ထားလိုက်ဦးမယ်"
ကျူးယွမ်ကျန်းက မိမိ၏ရှေ့ရှိ ပြဇာတ်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။
"အားလုံးကို မြောက်ပိုင်းစစ်ဆင်ရေး ပြီးမှပဲ ဆွေးနွေးကြတာပေါ့"
ကျူးယွမ်ကျန်းက လက်ကိုကာပြလိုက်ရာ သူ၏နောက်ကွယ်တွင် ရိုသေစွာ မတ်တပ်ရပ်နေသော အထိန်းတော်ကြီးကြီး က ချက်ချင်းပင် ရှေ့သို့ ချဉ်းကပ်လာခဲ့သည်။
"အရှင်မင်းကြီး ဘာများ မိန့်ကြားလိုပါသလဲ ဘုရား"
"ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးကို လွှတ်ပေးလိုက်၊ ပြီးတော့ ထွက်ဆိုချက်တွေကိုပါ အပြီးပိတ်လိုက်တော့"
"အမိန့်တော်အတိုင်းပါ ဘုရား"
*********
အခန်း ၁၀၀ မင်း အတွေးလွန်နေပြီ
ရာသီဥတုကတော့ တကယ်ကိုဆိုးရွားလွန်းလှသည်။ ဆောင်းညရှည်ကာလ ကျော်လွန်သွားသည်နှင့်တစ်ပြိုင်နက် နှင်းများ ကျဆင်းလာခဲ့၏။
သည်းထန်လှသော နှင်းများသည် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် ကျဆင်းနေခဲ့ပြီး ရပ်တန့်မည့် အရိပ်အယောင်မျှပင် မပြသပေ။
အုန်းအုန်းမြည်လျက် တိုက်ခတ်နေသော လေပြင်းက လွင့်ပျံနေသော နှင်းပွင့်များကို သယ်ဆောင်သွားရာ ကျယ်ပြောလှသော ထိုက်ယွမ်မြို့ကြီးမှာ နှင်းမုန်တိုင်းကြားတွင် အသေးစား စံပြပုံစံငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
"သခင်လေး ကျွန်မ အခုထိ ချမ်းနေတုန်းပဲ"
ချမ်းလွန်း၍ တုန်ရီနေသော ချင်းချင်း ၏ နှုတ်ခမ်းများမှာ ညိုမည်းနေပြီး သူမ၏ လက်ကလေးများမှာလည်း ရေခဲကဲ့သို့ အေးစက်နေကာ ဝူကျိရှန်း ၏ ရင်ခွင်ထဲသို့ ပိုမို တိုးဝင်လာခဲ့၏။
အေးစက်လှပြီးနှင်းများကျနေသည့်ရာသီဥတုတွင် သူတို့နှစ်ဦးမှာ အနွေးဓာတ်ရစရာ တစ်ခုမျှမရှိသည့်အခန်းငယ်လေးထဲတွင် ပိတ်လှောင်ခံထားရခြသည်။ တစ်ဦး၏ ခန္ဓာကိုယ်အပူရှိန်ကို တစ်ဦးက အသုံးပြုခြင်းမှလွဲ၍ တခြား နည်းလမ်း လုံးဝ မရှိပေ။
"သခင်လေးက ကျွန်မတို့မကြာခင် လွှတ်လိမ့်မယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား"
အေးစက်လှသော ရာသီဥတုကြောင့် ချင်းချင်းမှာ အအေးမိနေခဲ့ပြီ ဖြစ်၏။ အကြိမ်နည်းငယ် ညည်းညူချောင်းဆိုးပြီးနောက် သူမက နှာရည်များကို ၏အင်္ကျီလက်ဖျားဖြင့် သုတ်လိုက်ရင်း ပြောသည်။
"ကျွန်မတို့ ဒီလောက်တောင် ရက်အကြာကြီး ပိတ်လှောင်ခံထားရတာ။ ဘယ်တော့မှ အပြင်ထွက်ရမှာလဲဟင်"
သူတို့သည် မူလကထိုစီမံခန့်ခွဲမှုဆိုင်ရာ ထိန်းသိမ်းခြင်းမျိုးမှာ အချိန်အကြာကြီး ကြာမြင့်မည်မဟုတ်ဘဲ အမြန်ဆုံး ပြန်လည်လွတ်မြောက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုမူ ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ သတင်းအစအနမျှပင် မရှိသေးပေ။
ဝူကျိရှန်းသည် မိမိအနေဖြင့် မည်သည့် ပြစ်မှုကျူးလွန်ခဲ့သည်ကိုပင် အတိအကျ မသိရသေးသကဲ့သို့ ဘယ်အချိန်တွင် လွတ်လပ်ခွင့် ပြန်လည်ရရှိမည်ကိုလည်း ပို၍ပင် မသိနိုင်တော့ပေ။
ပြင်းထန်လှသော အအေးဒဏ်နှင့် နှိုင်းယှဉ်လျှင် ဆာလောင်မှုဒဏ်က ပိုမို ခံရခက်လှပေသည်။
ဝူကျိရှန်းနှင့် ချင်းချင်းတို့သည် တစ်နေ့လျှင် သနားစရာကောင်းလောက်အောင် သေးငယ်လှသော ပေါက်စီနှစ်လုံးစီသာ ရရှိကြသဖြင့် ဝမ်းဗိုက်ကို ပြည့်တင်းစေရန် လုံးဝ မလုံလောက်ပေ။ သူတို့သည် ဆာလောင်မှုကြောင့် အချိန်အကြာကြီး ပိန်ချုံးနေခဲ့ကြပြီ ဖြစ်၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ညအချိန် ရောက်လာတိုင်း ဝူကျိရှန်းနှင့် ချင်းချင်းတို့သည် ဆွံ့အနားမကြားသော အစောင့်အဘိုးအိုက အစားအစာ လာရောက်ပေးပို့မည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေလေ့ ရှိကြသော်လည်းဒီနေ့မှာတော့ ကွဲပြားခြားနားသွားခဲ့သည်။
လာရောက်သူမှာ ဆွံ့အနားမကြား အဘိုးအိုမဟုတ်ဘဲ ကျင်းယီဝေ မှ အရာရှိ အန်းကျန်းကျိုး ဖြစ်နေ၏။
အန်းကျန်းကျိုးက သော့ကို ထုတ်ယူကာ တံခါးကို ဖွင့်လိုက်ပြီး ဝူကျိရှန်းနှင့် ချင်းချင်းတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။
"မင်းတို့ သွားလို့ရပြီ"
"ဒါပဲလား။ ပြီးသွားပြီလား"
"ဟုတ်တယ်၊ ပြီးပြီ"
ထိုသို့ပြောပြီးနောက် အန်းကျန်းကျိုးက ကျောခိုင်းကာ ထွက်ခွာသွားလေတော့သည်။
"ကျွန်မနဲ့ သခင်လေးကို ရှင်တို့က ရက်ပေါင်းများစွာ ပိတ်လှောင်ထားပြီးတော့ ရှင်းပြချက်လေးတစ်ခုတောင် မရှိဘူးလား။ ဒါပဲလား"
ချင်းချင်းက အန်းကျန်းကျိုး၏ အင်္ကျီလက်ကို ဆွဲကိုင်ထားရင်း လုံးဝ အလျော့မပေးဘဲ ဆို၏။
"ရှင်တို့က ဖမ်းချင်တဲ့အချိန် ဖမ်းပြီး လွှတ်ချင်တဲ့အချိန် လွှတ်ရအောင် လောကကြီးမှာ ဒီလို ကျိုးကြောင်းဆင်ခြင်မှုမျိုး မရှိလို့လား"
"မင်းတို့ကို လွှတ်ပေးတာပဲ တော်တော် ကောင်းလှပြီ။ ဘယ်လို ရှင်းပြချက်မျိုးကို လိုချင်နေသေးတာလဲ"
ကျင်းယီဝေတွေနဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းလား။ ကျင်းယီဝေတွေက ကျိုးကြောင်းဆင်ခြင်တတ်တဲ့ လူတွေမို့လို့လား။
"နေဦး"
အန်းကဖန်းကျိုးက စကားကို ဆက်ပြောလိုက်သည်။
"အရာရှိဝူ... ဒီကိစ္စက အလွန် အရေးကြီးတယ်။ လျှို့ဝှက်ချက်ကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဖို့နဲ့ ဘယ်သူ့ကိုမှ မပြောမိဖို့ သတိရပါ"
"နားလည်ပါပြီ"
ဝူကျိရှန်းက အလိုက်သင့် အသိအမှတ်ပြုလိုက်ပြီး ချင်းချင်းကို ဆွဲကာ လှည့်မကြည့်ဘဲ ထွက်ခွာခဲ့တော့သည်။
သူတို့နှစ်ဦးသည် ထူထပ်လှသော နှင်းထုများကို ဖြတ်ကျော်ကာ မှောင်မိုက်နေသော ညဉ့်နက်ပိုင်းအတွင်း လမ်းမကြီးများနှင့် လမ်းကြားငယ်များကို ဖြတ်သန်းရင်း သူတို့၏ အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။
ကျင်းယီဝေများ၏ ပိတ်လှောင်ခြင်းကို ရက်ပေါင်းများစွာ ခံခဲ့ရပြီးနောက် အိမ်သို့ ဘေးအန္တရာယ်ကင်းကင်း ပြန်လည်ရောက်ရှိလာခြင်းက ဝူကျိရှန်းအား ဘဝတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ မစုံလင်လှသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
ချင်းချင်းက သော့ကို ထုတ်ယူကာ တင်းကျပ်စွာ ပိတ်ထားသော ခြံဝင်းတံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ နောက်ကွယ်မှ နှင်းများပေါ်တွင် လှိမ့်မောင်းလာသော မြင်းလှည်းဘီးများ၏ အသံကို ကြားလိုက်ရ၏။
"ချင်းချင်း"
ရင်းနှီးလှသော ခေါ်သံနှင့်အတူ သခင်မလေးရွန့်သည် မြင်းလှည်းပေါ်မှဆင်းလာခဲ့သည်။
သူမ၏ မိဘအိမ်တွင် ရက်ပေါင်းများစွာ ကြာအောင် နေထိုင်ခဲ့သော သခင်မလေးရွန့်သည် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
"သခင်မလေး။ညစာမစားရသေးဘူးမလား။ ကျွန်မ အခုပဲ သွားချက်ပေးမယ်နော်"
ဘယ်လိုပဲဖြစ်ဖြစ် ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး အအေးမိနေခဲ့သဖြင့် ချင်းချင်းမှာ အလွန် အားအင်ကုန်ခမ်းနေပုံရပြီး သူမ၏ လေသံမှာပင် အက်ကွဲနေခဲ့သည်။
ဝူကျိရှန်းက ချင်းချင်း နေမကောင်းဖြစ်နေသည်ကို သိသဖြင့် ကိုယ်တိုင်ပင် ရှေ့ထွက်ကာ ဆို၏။
"ငါပဲ သွားချက်လိုက်ပါ့မယ်။ ချင်းချင်း.။မင်း သခင်မလေးနှင့်ပဲ အတူတူ နေလိုက်ပါ"
"ကောင်းပါပြီ"
အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သခင်မလေရွန့်မှာ မှင်တက်သွားရသည်။ အခန်းထဲရှိ အရာအားလုံးပေါ်တွင် ဖုန်မှုန့် အလွှာပါးလေး တင်နေခဲ့ပြီး ရက်ပေါင်းများစွာ သန့်ရှင်းရေး မလုပ်ထားကြောင်း ထင်ရှားလှသည့်အပြင် စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးထဲတွင်ပင် ရေခဲအလွှာပါးလေး တင်နေခဲ့ပြီ ဖြစ်ရာ
"ချင်းချင်း ။နင်နှင့်သခင်လေးလွန်ခဲ့တဲ့ ရက်ပိုင်းက အိမ်မှာ မရှိကြဘူးလား"
"ကျွန်မ... ကျွန်မနဲ့ သခင်လေးက ရက်နည်းနည်းလောက် အပြင်သွားခဲ့ကြတာပါ"
"ရက်နည်းနည်း ဟုတ်လား။မင်းတို့နှစ်ယောက်လုံး ရက်ပေါင်းများစွာကြာအောင် အပြင်သွားရမယ့် ဘယ်လို အရေးကြီးတဲ့ ကိစ္စမျိုး ရှိလို့လဲ"
သခင်မလေးရွန့်၏မေးခွန်းကို ရင်ဆိုင်ရသောအခါ ချင်းချင်းမှာ မည်သို့ ပြန်လည်ဖြေကြားရမည်ကို လုံးဝ မသိတော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ကျင်းယီဝေ အရာရှိက ထိုကိစ္စမှာ နန်းတွင်းအမှုကြီးတစ်ခုနှင့် ပတ်သက်နေသဖြင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမည်ဟု မှာကြားထားခဲ့သည်။
သူမအနေနဲ့ သခင်မလေးရွန့်ကို အမှန်အတိုင်း ပြောပြ၍မဖြစ် ပေ။
ကျင်းယီဝေများမှာ နာမည်ကျော် ကြောက်မက်ဖွယ်ကောင်းလှသူများ ဖြစ်ကြပြီး လူတိုင်းက သူတို့အကြောင်း ကြားရုံမျှဖြင့် မျက်နှာပျက်တတ်ကြသည်။သခင်မလေးရွန့်မှာ မူလကပင် စိတ်နုသူဖြစ်ရာ တကယ်လို့ သူမသာ သိသွားခဲ့မည်ဆိုပါက ထိတ်လန့်တုန်လှုပ်သွား ပေလိမ့်မည် ။
"ကျွန်မ... ကျွန်မနှင့်သခင်လေးက အပြင်ကို သွားလည်ခဲ့ကြတာပါ"
ချင်းချင်းက အဖြူထည် လိမ်ညာမှုတစ်ခုကို ပြုလုပ်လိုက်၏။
"အပြင်ကို သွားလည်တာ ။အပြင်သွားလည်တာကို အိမ်မပြန်ဘဲ ရက်ပေါင်းများစွာ ကြာအောင် သွားစရာလား"
သခင်မလေးရွန့်က ချင်းချင်းကို သံသယ မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။
ယင်းသည် ချင်းချင်းအနေဖြင့် သခင်မလေးရွန့်၏ ရှေ့တွင် ပထမဆုံးအကြိမ် လိမ်ညာခြင်းဖြစ်ရာ သူမသည် မမရွန်း၏ အကြည့်များကို ရင်မဆိုင်ရဲဘဲ အလွန် နေရခက်နေတော့သည်။
"ချင်းချင်း။ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ အိမ်မှာ တစ်ခုခု ဖြစ်ခဲ့တာလား"
"မဖြစ်ပါဘူး ။ဘာမှမဖြစ်ပါဘူး၊ အားလုံး အဆင်ပြေပါတယ်"
ရွန့်သည်လူအမဟုတ်ပေ။ ချင်းချင်း၏ မရိုးမသား ဖြစ်နေသော အမူအရာကို မြင်ရသောအခါ သူမသည် တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သိလိုက်သဖြင့် ချက်ချင်းပင် ထပ်မံ ဖိအားပေး မေးမြန်းတော့သည်။
"မဟုတ်ဘူး၊ ချင်းချင်းတစ်ခုခုကိုဖုံးကွယ်ထားတာ သေချာတယ်"
သခင်မလေးရွန့်၏ အထပ်ထပ် အခါခါ မေးမြန်းမှုများအောက်တွင် ချင်းချင်းမှာ မည်သို့ ပြောရမည်ကို မသိတော့သဖြင့် ဝူကျိရှန်းထံသို့သာ လွှဲချလိုက်တော့သည်။
"ကျွန်မ ဘာမှမသိဘူး၊ သခင်လေးကိုပဲ သွားမေးလိုက်ပါတော့"
"နင်က ငါ့ကို အမှန်အတိုင်း မပြောနိုင်ဘူးလား"
ကံကောင်းထောက်မစွာပင် ထိုအချိန်တွင် ဝူကျိရှန်းက ပူပူနွေးနွေး ဆန်ပြုတ်တစ်ပန်းကန်ကို ယူဆောင်လာခဲ့၏။
ပုံမှန်အတိုင်းပင် သူတို့သုံးဦးသည် စားပွဲတစ်ခုတည်းတွင် အတူတူ စားသောက်ကြသော်လည်း ယခင်က ရှိခဲ့ဖူးသော နွေးထွေးမှုနှင့် သဟဇာတဖြစ်မှုများမှာ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။
သခင်မလေးရွန့်က ချင်းချင်းနှင့် ဝူကျိရှန်းတို့ကို သံသယစိတ်များဖြင့် စိုက်ကြည့်နေခဲ့ပြီး သူတို့နှစ်ဦးမှာ ပြောပြ၍မရသော ကိစ္စတစ်ခုခုကို ပြုလုပ်ခဲ့ကြသကဲ့သို့ ထင်မှတ်နေခဲ့၏။
ချင်းချင်းသည် ထိုကဲ့သို့သော အကြည့်များကို ဆက်လက် မခံစားနိုင်တော့ပေ။ သူမက ဆန်ပြုတ်ပန်းကန်ကို အမြန် သောက်လိုက်ပြီးနောက် မိမိ၏ အခန်းထဲသို့ ပြန်သွားခဲ့တော့သည်။
ဝူကျိရှန်းကလည်း သူမအတွက် ဂျင်းသကြားရည်တစ်ခွက်ကို ဖျော်စပ်ပေးလိုက်ပြီး ချင်းချင်း၏ အခန်းထဲသို့ ယူဆောင်သွားပေးခဲ့၏။
"အရှင် ။ကျွန်မ မရှိတဲ့ ရက်ပိုင်းအတွင်းမှာ အိမ်မှာ တစ်ခုခု ဖြစ်ခဲ့တာလားဟင်"
"ဟုတ်တယ်"
ဝူကျိရှန်းက လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း ပြောပြလိုက်ရာသခင်မလေးရွန့်မှာ မျက်လုံးအဝိုင်းသား ဖြစ်သွားရတော့သည်။
"ကျင်းယီဝေ ဟုတ်လား"
ပထမဦးစွာ အိမ်၏ အခြေအနေနှင့် ချင်းချင်း၏ ရှောင်ဖယ်နေသော အမူအရာကို မြင်ရသောအခါ သခင်မ လေးရွန့်မှာ အတွေးလွန်နေခဲ့ခြင်း ဖြစ်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူမက အိမ်မှာ မရှိသကဲ့သို့ ချင်းချင်းမှာလည်း ဝူကျိရှန်းအပေါ်တွင် စိတ်ကူးအချို့ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အပျို တစ်ယောက်နှင့်လူလွတ် တစ်ယောက်ဖြစ်ရာ ဘယ်သူက သူတို့နှစ်ဦး မပြောရဲသော အမှားတစ်ခုခု ကျူးလွန်ခဲ့ကြသည်ဟု မတွေးဘဲ နေမည်မဟုတ်ချေ။
ယခုမူ သူတို့ကိုကျင်းယီဝေများ ကဖမ်းဆီးသွားခြင်းဖြစ်နေခဲ့သည်။
"ဘာဖြစ်လို့ ကျင်းယီဝေတွေက အရှင်တို့နှစ်ယောက်လုံးကို ပိတ်လှောင်ထားခဲ့တာလဲဟင်"
"ငါလည်း မသိဘူး"
ဝူကျိရှန်းက ထိုအကြောင်းကို ဆက်လက် မပြောချင်တော့ပေ။
"ငါ အခု ပင်ပန်းနေပြီ၊ နောက်မှပဲ အသေးစိတ် ပြောပြတော့မယ်။ အခုတော့ အိပ်ကြရအောင်"
သူသည် အိပ်ချင်နေပြီး ပင်ပန်းနေခဲ့သော်လည်းအိပ်ပျော်ရန် ခက်ခဲနေခဲ့၏။
မင်မင်းဆက်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဝူကျိရှန်းသည် မိမိကိုယ်မိမိ ရှင်းလင်းသော ရည်မှန်းချက်တစ်ခုကို သတ်မှတ်လိုက်ရတော့သည်။ ယင်းသည်ကား "အာဏာ" ပင် ဖြစ်၏။
သူသည် ရာထူးကြီးမားသော အရာရှိတစ်ဦး ဖြစ်လာရန် မရည်ရွယ်သော်လည်း အနည်းဆုံးတော့ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းတော့ရှိအောင်လုပ်ရပေမည်။
ယခုတစ်ကြိမ် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံမှာ အနာကျင်ရဆုံး သင်ခန်းစာတစ်ခု ဖြစ်ခဲ့ရသည်။
မည်သည့် ပြစ်မှုမျိုး ကျူးလွန်ခဲ့သည်ကိုပင် အတိအကျ မသိရဘဲ ထိုကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိသွားခဲ့ရခြင်း၊ မိမိ၏ အသက်ရှင်သန်ခွင့်နှင့် သေဆုံးခွင့်ကို သူတစ်ပါးက ထိန်းချုပ်ထားခြင်းကို ခံရသည့် ခံစားချက်မှာ တကယ်ကို ဆိုးရွားလှပေသည်။
သူသည် စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ရပြီး မိမိ၏ ကံကြမ္မာမှာ သူတစ်ပါး လက်ထဲတွင် ရှိနေခဲ့ခြင်းက ဝူကျိရှန်းအား ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်လှသော အားကိုးရာမဲ့မှုကို ခံစားရစေခဲ့သည်။
သူသည် ဘယ်လိုပဲဖြစ်ဖြစ် ကူးပြောင်းရောက်ရှိလာသူတစ်ဦး ဖြစ်သည်။ မင်မင်းဆက်ကို ပြောင်းလဲပစ်ရန် သို့မဟုတ် တော်လှန်ရေး အလံနီကို နန်းတော်ကြီး၏ အမိုးပေါ်တွင် လွှင့်ထူရန် ရည်ရွယ်ချက် မရှိခဲ့လျှင်တောင်မှ... အနည်းဆုံးတော့ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း ရှိရပေမည်။
*********