← Chapters

အခန်း (၂၅၅၃-၂၅၅၄)

Vol. 183 Ch. 2553-2554

အခန်း (၂၅၅၃-၂၅၅၄)

Vol. 183 Ch. 2553-2554

အပိုင်း(၂၅၅၃)

'ဒီအစီအရင်က အတွင်းကနေ လုယူဖို့ ပိုလွယ်တာပဲ'

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် တွေးလိုက်သည်။ သူ၏ ဝိညာဉ်အင်အားက အစီအရင်အတွင်းသို့ ဝင်ရောက်ကာ အသေအချာ သန့်စင်လိုက်ပြီး ထိန်းချုပ်မှုကို ရယူလိုက်၏။ ၎င်းက အမှန်တကယ်ပင် ပိုင်ရှင်မဲ့ ဖြစ်နေခဲ့သည်။ အခုတော့ ပိုင်ရှင်မဲ့ မဟုတ်တော့ပေ။

ထို့နောက် သူ ပြုံးလိုက်၏။

ထိုအပြုံးသည် ငရဲဘုံ၏ အနက်ရှိုင်းဆုံး နေရာများနှင့် မမြင်ရသော နတ်ဘုရားများ၏ အမျက်ဒေါသမှ လွတ်မြောက်လာသကဲ့သို့ ဖြစ်နေပြီး လူသတ်ချင်သော အငွေ့အသက်များ ပါဝင်သည့် အကြည့်တစ်ချက်နှင့်လည်း ပေါင်းစပ်နေ၏။ ရိုးရွဲ သူတော်စင် သုံးပါးလုံး၏ ကျောရိုးများ တစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။

"သူ့ကို အထဲဝင်ခွင့်ပေးလိုက်... အထဲကို ဆွဲသွင်းလိုက်။ အခုချက်ချင်း..."

ရိုးရွဲ တီက အစွမ်းကုန်ကောင်းကင် ကာကွယ်ရေး အစီအရင်ဆီသို့ အလျင်စလို အော်ဟစ်လိုက်သည်။ ထိုစကားလုံးများက အမှောင် ဟင်းလင်းပြင်ထဲမှနေ၍ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီဆီသို့ ဟိန်းထွက်သွားချိန်တွင်၊ ကြယ်ကြွေ နန်းတော်သခင်သည် နှလုံးသား တစ်ခုလုံး အကြောက်တရားကြောင့် ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရသည်။ သူမသည် ချက်ချင်းပင် သူမ၏ ပဲ့တင်ထပ် ဝိညာဉ်ကို လောင်ကျွမ်းစေလိုက်ပြီး စွမ်းအားကို သုံးဆအထိ မြှင့်တင်ကာ ပဲ့တင်ထပ် ချီစွမ်းအင်များ ရောယှက်နေသော ဝိညာဉ်အလင်းတန်း ဥက္ကာပျံ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ သူမသည် ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေးနေခဲ့သည်။

စိတ်အာရုံနယ်မြေ အတွင်းတွင် ရိုးရွဲ သူတော်စင် ရှီဇီ တုံ့ဆိုင်းသွားခဲ့၏။ ထိုသို့ တုံ့ဆိုင်းသွားခြင်းမှာ ရှုပ်ထွေးလှသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပြီး အထင်ရှားဆုံး အကြောင်းရင်းမှာ ဝေ့ဝူယင်ကို တိုက်ရိုက် မစော်ကားလိုခြင်းကြောင့် ဖြစ်ပေသည်။ အနည်းဆုံးတော့ အစီအရင်ကို သူ မဖွင့်ပေးချင်ပေ။

သူမသည် သူမ၏ ဝိညာဉ်အော်ရာနှင့် ချိတ်ဆက်ထားသော အစီအရင်အတွက် သီးသန့် ဝင်ခွင့်အမှတ်အသား တစ်ခုကို ဆောင်ထား၏။ သူမသည် မည်သည့် ခုခံမှုမျှမရှိဘဲ အစီအရင်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်သည်။ သို့သော် အစီအရင်ကို ဖွင့်ပေးပြီး သူမကို အထဲသို့ ခေါ်ဆောင်ရန် အစီအရင်ကို အသုံးပြုခြင်းသည် သူမ တစ်ယောက်တည်း ဝင်ရောက်ခြင်းနှင့် များစွာ ကွာခြားပေသည်။

"အခုချက်ချင်း...."

ရိုးရွဲ တီ၏ အော်ဟစ်သံက စိတ်နယ်လွန်ကမ္ဘာ အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားခဲ့သည်။

ထိုမျှ တုံ့ဆိုင်းသွားခြင်းက လုံလောက်နေခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။

အလွန်လျင်မြန်သော နန်းတော်သခင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လမ်းကြောင်းတစ်ခု ဖောက်လာခဲ့ပြီး အစီအရင်နှင့် မိုင်ပေါင်း ဘီလီယံအနည်းငယ်မျှသာ ကွာဝေးတော့သည်။ သူတို့၏ အဆင့်အတန်းရှိသူများအတွက် ၎င်းသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။ ခြေလှမ်း တစ်လှမ်းတည်းသာ ဖြစ်သည်။

သို့သော် ထိုခြေလှမ်းကို ဘယ်သောအခါမှ လှမ်းနိုင်တော့မည် မဟုတ်ပေ။

လောကသုံးထောင် အဆောင် အကာအကွယ် အစီအရင်သည် မီးခိုးရောင် တလက်လက် တောက်ပသွား၏။ ပြီးနောက်... ၎င်းသည်...

...ပျောက်ကွယ်သွားခဲ့သည်။

ရိုးရွဲ သူတော်စင်များ၏ မျက်စိရှေ့မှောက်တွင်ပင်...

ရိုးရွဲ အာဏာ၏ ကန့်သတ်ချက်များရှေ့တွင်ပင်...

အားလုံး၏ရှေ့တွင် ထိုစက်လုံးကြီးက ပျောက်ကွယ်သွားခဲ့၏။ ၎င်း ပြန်လည်ပေါ်လာချိန်တွင်တော့ ကြယ်ကြွေ နန်းတော်သခင်ကို တိကျစွာ ဝါးမြိုသွားခဲ့လေပြီ။ သူမ၏ ပုံရိပ်သည် မီးခိုးရောင် မြူခိုးများကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

စူးစူးဝါးဝါး အော်ဟစ်သံ သို့မဟုတ် ငိုကြွေးသံ မရှိခဲ့ပေ။ သေလုမြောပါး အော်ဟစ်သံလည်း မထွက်ပေါ်ခဲ့ချေ။ အစီအရင်အတွင်းမှ ပဲ့တင်ထပ် ဝိညာဉ် ပေါက်ကွဲသွားခြင်းလည်း မရှိခဲ့ပေ။

အချိန်တွေ နှေးကွေးသွားသကဲ့သို့ စက္ကန့်သုံးစက္ကန့်တိတိ ကြာသည်အထိ ရိုးရွဲ သူတော်စင်များက စိုက်ကြည့်နေခဲ့ကြ၏။ အစီအရင်ထဲမှ အပေါက်တစ်ခု ထွက်ပေါ်လာပြီး ငွေရောင်မျက်လုံးများနှင့် လူတစ်ယောက် တစ်ကိုယ်တည်း ထွက်ခွာလာခဲ့သည်။ သူ၏ လက်တစ်ဖက်တွင် သွေးစွန်းနေသော ဆေဘာကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ အသစ်စက်စက် ဖြတ်တောက်ထားသော ခေါင်းတစ်လုံးကို ကိုင်ဆွဲထားပေသည်။

"ရိုးရွဲ မဟူရာ မုဆိုး၊ ရိုးရွဲ ယန်ကျိ၊ ရိုးရွဲ တီ၊ ကြယ်ကြွေ နန်းတော်သခင်၊ အဆောင်ကြယ် နန်းတော်သခင် နဲ့ ဂိုလိုင်းယက် ငှက် အရှင်သခင်...."

"သုံးယောက်ပဲ ကျန်တော့တယ်...."

ရိုးရွဲတီ၏ မျက်ဆန်များက အစွမ်းကုန် ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏ ရိုးရွဲ အာဏာ၏ ကောင်းကင်ကိုယ်ပွားကို ထုတ်ဖော်လိုက်၏။

မြေကြီး ဥပဒေသ အပေါ် သာမည အာဏာ...

ချက်ချင်းပင် မိုင်တစ်သောင်း ရှည်လျားသော သဲနှင့် မြေကြီး လှိုင်းထနေသည့် မြစ်တစ်စင်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တွားသွားနေသော သဲမြွေတစ်ကောင်ကဲ့သို့ သူ... ထွက်ပြေးသွားခဲ့လေပြီ။

အစစ်အမှန် သူတော်စင် တစ်ပါး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူသည် မိုင်ပေါင်း ဘီလီယံဆယ်ဂဏန်းပေါင်းများစွာ အဝေးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ အမြန်နှုန်းကလည်း ဆက်လက် တိုးမြင့်နေဆဲပင် ဖြစ်၏။

ဟင်းလင်းပြင်ကို ဖြတ်၍ ထွက်ပြေးရန် ရိုးရွဲ တီ၏ ဆုံးဖြတ်ချက်က တုန်လှုပ်ဖွယ် ကောင်းလှသည်။ သို့သော် ကြယ်ကြွေ နန်းတော်သခင်၏ သေဆုံးမှုလောက်တော့ တုန်လှုပ်ဖွယ် မကောင်းခဲ့ပေ။ ၎င်းသည် ရူးသွပ်လောက်အောင်၊ စိတ်ကူးနှင့်ပင် မယုံနိုင်လောက်အောင် ဖြစ်ရပေသည်။ သူမသည် အလွန်တရာမှ နီးစပ်နေခဲ့ပြီ ဖြစ်၏။ လုံခြုံမှုနှင့် ခြေတစ်လှမ်းစာမျှသာ ကွာဝေးတော့သည့် အနေအထား ဖြစ်ပေသည်။

သို့ရာတွင် သူမ၏ ဖြတ်တောက်ခံထားရသော ခေါင်းပြတ်ကြီးကို ဝေ့ဝူယင်က စော်ကားမော်ကား ကိုင်ဆွဲထားချိန်တွင် လက်တွေ့အခြေအနေကို အားလုံး သဘောပေါက်သွားကြလေသည်။ ထိုခေါင်းပြတ်ကြီးတွင် သူမ သေဆုံးသွားပြီဖြစ်ကြောင်း ငြင်းဆန်၍မရသော သက်သေအဖြစ် ဝိညာဉ်ကင်းမဲ့နေသည့် မျက်လုံးတစ်စုံလည်း ပါဝင်နေ၏။

ထိုအရာက အားလုံးကို ထင်ရှားစွာ မြင်နိုင်သည့် ရိုးရွဲ သူတော်စင် ရှီဇီအတွက် အသိသာဆုံး ဖြစ်နေခဲ့သည်။ သူသည် စိတ်အာရုံနယ်မြေ အတွင်းရှိ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် တုံ့ဆိုင်းနေခဲ့သည်။ အခြားသော အထွတ်အထိပ် သူတော်စင် တစ်ပါး သေဆုံးသွားသည့် အလွန်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကို လူတိုင်းက အာရုံစိုက်နေကြချိန်တွင် သူ၏ မျက်နှာအမူအရာက အလွန်တရာ ရုပ်ဆိုးပြီး မရေရာမှုများဖြင့် ရှုံ့မဲ့နေခဲ့၏။

အစွမ်းကုန်ကောင်းကင် ကာကွယ်ရေး အစီအရင်ကို သူ ဖွင့်လှစ်ခဲ့သောကြောင့် ၎င်းကို ပြန်လည်မပိတ်သိမ်းမချင်း သူကသာ အဓိက ထိန်းချုပ်သူ ဖြစ်နေပေသည်။ ထို့ကြောင့် အခြားသူများက လှုပ်ရှားချင်လျှင်ပင် လှုပ်ရှား၍ မရနိုင်ခဲ့ချေ။ ကြယ်ကြွေ နန်းတော်သခင်၏ သေဆုံးမှုအတွက် အပြစ်တင်မှု တစ်စိတ်တစ်ပိုင်းက သူ၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့လေသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်တွင် အတားအဆီးမဲ့ လှုပ်ရှားနိုင်စွမ်း ရှိနေသော်လည်း၊ အကယ်၍ သူသာ စောစော လှုပ်ရှားခဲ့ပါက ကြယ်ကြွေ နန်းတော်သခင် သေဆုံးသွားစရာ အကြောင်း လုံးဝမရှိနိုင်ပေ။

"အထွတ်အထိပ် သူတော်စင် သုံး... သုံးပါးတောင်...."

မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်းက အသံဩဩဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး... ခြောက်ပါး...."

မိုးကုပ်စက်ဝိုင်း ကြီးထွားခြင်းက ပြင်ဆင်ပြောဆိုလိုက်၏။ လုံရှီယာ၊ ရိုးရွဲ တွမ်၊ ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင်၊ ဂိုလိုင်ယက် ငှက် အရှင်သခင်၊ အဆောင်ကြယ် နန်းတော်သခင် နှင့် နောက်ဆုံး သေဆုံးသွားသည့် ကြယ်ကြွေ နန်းတော်သခင်...

စုစုပေါင်း အထွတ်အထိပ် သူတော်စင် ခြောက်ပါးပင် ဖြစ်သည်။

ခြောက်ပါး...

ပထမ တစ်ဝက်မှာ မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့သော လုံရှီယာ၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် ဖြစ်သည်။ ၎င်း၏ အကြောင်းရင်းကို မည်သူမျှ အတိအကျ မသိခဲ့ကြပေ။ တိုက်ရိုက် တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုံရှီယာကို သေချာစွာ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ တိုက်ပွဲထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သော ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ အပေါ်သို့သာ အပြစ်ပုံချရမည် ဖြစ်၏။ အခြား တစ်ဝက်မှာမူ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်၏ လူသတ်ချင်နေသော ဆေဘာကြောင့် တိုက်ရိုက် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"သူတို့က မီးနဲ့ ကစားခဲ့ကြတာလေ...."

တုန်းဖန်ယွဲ့သည်လည်း အခြားသူများနည်းတူ တုန်လှုပ်နေခဲ့သော်လည်း သူမ၏ အသံတွင်မူ ပြင်းထန်သော လှောင်ပြောင်မှုများ ရောယှက်နေခဲ့၏။

"ဒါကြောင့် မီးလောင်ခံရတဲ့အခါ သူတို့ ညည်းတွားလို့ မရနိုင်ဘူး...."

ထိုစကားများကို ဖယ်ထားလိုက်လျှင် အထွတ်အထိပ် သူတော်စင် ခြောက်ပါးက မိနစ်အနည်းငယ်အတွင်း တစ်ပါးပြီးတစ်ပါး သေဆုံးသွားခဲ့သည့် အချိန်မျိုး မည်သည့်အခါက ရှိခဲ့ဖူးသနည်း။ ဂလက်ဆီ အစုအဝေး တစ်ခုလုံး၏ သမိုင်းကြောင်း တစ်လျှောက်တွင် မည်သည့်အချိန်က ဖြစ်ခဲ့ဖူးသနည်း။ ကောင်းကင်ရှန့်ထို အမှောင်ထု ဟုလည်း လူသိများသော အမှောင်မိခင် အရှင်သခင် နှင့် ဖခင်လေး အရှင်သခင် တို့၏ သေဆုံးမှုပင်လျှင် ဖုံးကွယ်ထားသော တိကျသည့် အစီအစဉ်များစွာ၏ တိုက်ရိုက်ရလဒ် ဖြစ်ပေသည်။ ၎င်းကို ဂလက်ဆီ၏ အထက်ပိုင်း အလွှာများက တိတ်တဆိတ် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်၏။

ယခုအရာက...

ယခုအရာက ကြိုတင် စီစဉ်ထားခြင်း မဟုတ်ပေ။

၎င်းသည် တိုက်ကြီးများနှင့် ဂြိုဟ်များပေါ်တွင် သေမျိုးများက အစီအစဉ်ဆွဲပြီးနောက် သူတို့၏ ပစ်မှတ်များထံမှ ပြန်လည် သတ်ဖြတ်ခြင်းခံရသည့် အတိုင်းအတာမျိုး ဖြစ်နေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသော အချက်မှာ ဤ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် က သူ၏ ရန်သူများကို ဆင်းရဲဒုက္ခ ရောက်စေချင်နေခြင်း ဖြစ်၏။ သူတို့အနေဖြင့် သူ၏ လက်ချက်ဖြင့် သေဆုံးရတော့မည်ကို သိစေချင်နေသည်။ သိကို သိစေချင်နေခဲ့သည်။ သူသည် အလျင်စလို မလုပ်ခဲ့ပေ။ သူသည် မည်သည့် ဒေါသကိုမျှ သိသိသာသာ ထုတ်ဖော်မပြခဲ့ချေ။

တည်ငြိမ်ပြီး ကြက်သီးထဖွယ် ကောင်းလောက်အောင် လှပနေသော သူ၏ ငွေရောင်မျက်လုံးများက တည်ငြိမ်မှုနှင့် လူသတ်ချင်သော စိတ်ဝိညာဉ်ကို ဖြာထွက်နေစေသည်။ ထိုမျက်ဆန်များထဲတွင် သူတို့၏ တည်ရှိမှု ထာဝရ ပျောက်ကွယ်သွားရမည့် မြင်ကွင်းကို ထင်ဟပ်နေခဲ့ပေသည်။

ထိုအရာက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

***

အပိုင်း(၂၅၅၄)

ရိုးရွဲတီသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ရိုးရွဲ အာဏာ ကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ကောင်းကင်ငယ် အတိုင်းအတာဖြင့် ကောင်းကင်စွမ်းအားကို ကိုင်စွဲထားသော တမန်တော်တစ်ဦး ဖြစ်လာခဲ့၏။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဟုခေါ်သော ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရာကြီး ဝင်ရောက်လာမည့် အကြပ်အတည်းကြားတွင် အသက်ရှင်သန်ခွင့်ကို သူ ရှာဖွေနေခဲ့လေသည်။

ပူးကပ်ခံထားရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဝေ့ဝူယင်၏ စွမ်းအားက သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့သည်။ အကယ်၍ ရိုးရွဲ အာဏာ သာ မရှိခဲ့လျှင် လမ်းစဉ်များ အပေါ် အပေါ် ချမှတ်ထားသော ကန့်သတ်ချက်များအရ သူ သေချာပေါက် လွတ်မြောက်နိုင်ပါမည်လား ဟုပင် သံသယဝင်မိသွား၏။ ဤအမဲလိုက်ခရီးစဉ်တွင် ပါဝင်ခဲ့မိသည်ကို သူ အလွန်တရာ နောင်တရနေခဲ့သည်။

နှစ်သန်းပေါင်း နှစ်သန်းကျော် အသက်ရှင်နေထိုင်ခဲ့ပြီး၊ ကြီးမားလှသော စည်းစိမ်ချမ်းသာ၊ လေးစားခံရသော စွမ်းအား၊ အလွန်လှပသော အမျိုးသမီးများ၊ ကောင်းကင်အာဏာနှင့် စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းများကို ခံစားပြီးနောက်တွင် သူ၏ ပိုမိုအသက်ရှင်လိုစိတ်က သာမန်သေမျိုးများ စိတ်ကူးနိုင်သည်ထက် များစွာ သာလွန်နေခဲ့သည်။ လုံးဝကို သာလွန်နေခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ သူသည် သူချစ်ရသူများထက် ပို၍ အသက်ရှည်ခဲ့ပါက၊ သူ၏ ကြီးမားသော စွမ်းအားကို အသုံးပြု၍ သူတို့၏ မှတ်ဉာဏ်များနှင့် အသိစိတ် ပင်လယ် ကို ထုတ်ယူလေ့ရှိသည်။ သူတို့၏ ဝိညာဉ်ဝင်စားခြင်းကို သူ၏ နယ်မြေအတွင်းသို့ လမ်းညွှန်ပေးကာ၊ မွေးကင်းစ ကလေးငယ်များထံမှ သန့်စင်ထားသော ဝိညာဉ်များကို ရှာဖွေ၍ မူလ အရည်အသွေးများ အားလုံးကို ထိုဝိညာဉ်များအတွင်းသို့ ပြန်လည် ထည့်သွင်းပေးလေ့ရှိ၏။ ဤအရာသည် အချိန်ကို ကွေးညွတ်စေပြီး ငရဲ ၏ သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ကျော်လွှားကာ ကောင်းကင် တာအိုများ လုပ်ဆောင်သည့် အတိုင်းအတာမျိုးဖြင့် အတိအကျ ရှင်သန်ထမြောက်ခြင်း မဟုတ်သော်လည်း၊ ထိုအရာနှင့် အလွန်တရာ နီးစပ်လှပေသည်။

သူသည် ဤနည်းလမ်းကို အသုံးပြု၍ သူအနှစ်သက်ဆုံး ဇနီးကို အကြိမ်နှစ်ရာကျော် လက်ထပ်ခဲ့ဖူးသည်။ သူမသည် ကောင်းကင်ပြစ်ဒဏ်များနှင့် ဝိညာဉ်သက်တမ်း ကုန်ဆုံးမှုကြောင့် ဆက်တိုက် သေဆုံးနေခဲ့ရပေသည်။ သူ့၌ နတ်ဘုရားတစ်ပါး၏ ကြီးကျယ်ခမ်းနားသော နည်းလမ်းများ ရှိထား၏။ သေဆုံးခြင်းဆိုသည်မှာ ခေတ္တခဏ ပျောက်ကွယ်သွားခြင်းမျှသာ ဖြစ်ပြီး အခြား ဘာမှ မဟုတ်ပေ။

ယခုတော့ သူ ကြောက်ရွံ့နေခဲ့လေပြီ။ အလွန်တရာ ကြောက်ရွံ့နေခဲ့သည်။ သေဆုံးရမည်ကို ကြောက်ရွံ့မှုက သူ့ကို လွှမ်းမိုးသွားခဲ့၏။ ထို့အပြင် သာမန် သေဆုံးခြင်းမျိုး မဟုတ်ဘဲ၊ အစစ်အမှန် တည်ရှိမှု ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေသည်။ ထိုအရာမှ ပြန်လည်ရုန်းထွက်လာရန် မည်သည့်နည်းလမ်းမျှ မရှိချေ။ မိမိ၏ တည်ရှိမှုကို အခြားအရာအားလုံးထက် တန်ဖိုးထားသော မွေးရာပါ သတိကြီးသူ တစ်ယောက်အနေဖြင့် သူ ဤနေရာတွင် ဆက်လက် ပါဝင်ပတ်သက်လိုခြင်း မရှိတော့ပေ။

ကံမကောင်းစွာဖြင့် သူ၏ ပါဝင်ပတ်သက်မှုသည် ကာလကြာရှည်ကတည်းက ခိုင်မာနေခဲ့ပြီ ဖြစ်သည်။

ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ နှင့် ရိုးရွဲ သူတော်စင် ယန်ကျိ တို့သည် ဝေ့ဝူယင်ကို လေးနက်စွာ စောင့်ကြည့်နေခဲ့ကြသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် သည် မျှော်လင့်ချက် အားလုံးကို ဖီဆန်ခဲ့ပြီး အထွတ်အထိပ် သူတော်စင် အများအပြားအပေါ် အခြေအနေကို ပြောင်းပြန်လှန်ကာ သုံးပါး၏ အသက်ကို နုတ်ယူသွားခဲ့၏။

ဝေ့ဝူယင်၏ အကြည့်က ထွက်ပြေးသွားသော ရိုးရွဲ တီ ကို စောင့်ကြည့်နေခဲ့သည်။ စုမေ့ ၏ အစီရင်ခံစာအရ ထိုလူသည် ဟုန်ရွှမ်နူ ၏ ချိတ်ပိတ်ထားသော ခန္ဓာကိုယ်ကို သဘောထားကောင်း အချို့ဖြင့် ပြန်လည် ပေးအပ်ခဲ့သည်ဟု ဆို၏။

ဤလုပ်ရပ်ကြောင့် ဝေ့ဝူယင်ထံမှ သနားညှာတာမှု အနည်းငယ်ကို ရရှိခဲ့သော်လည်း၊ သူ၏ သေလုမြောပါး အခြေအနေကို အခွင့်ကောင်းယူရန် အမှောင် ဟင်းလင်းပြင် သို့ ရောက်ရှိလာပြီးနောက် ထိုသနားညှာတာမှု အားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။ စေတနာအမှားများဖြင့် ဖုံးအုပ်ထားသော လွတ်မြောက်ရာ လမ်းကြောင်းကို စီစဉ်ရန် အချည်းနှီးသော ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်ပေသည်။

သို့သော်... ရိုးရွဲ တီ ထွက်ပြေးသွားချိန်တွင် ဝေ့ဝူယင် ချက်ချင်း လှုပ်ရှားခြင်း မပြုခဲ့ပေ။ ရိုးရွဲ သူတော်စင် ယန်ကျိ နှင့် ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ တို့က သူတို့၏ နေရာတွင် ရပ်တည်နေခဲ့ကြပြီး အမှောင် ဟင်းလင်းပြင် အတွင်း အတူတကွ ရပ်နေခဲ့ကြ၏။ အခြေအနေအပေါ် အကောင်းမြင်မှု များစွာ နည်းပါးနေသော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ စွမ်းအားနှင့် မဟာမိတ်များကို ယုံကြည်မှု ရှိနေကြပေသည်။

ရိုးရွဲ သူတော်စင် ယန်ကျိ က ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ ဆီသို့ မျက်စောင်းထိုး၍ ခဏတာ ကြည့်လိုက်ပြီးနောက်၊ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ဝေ့ဝူယင် ဘက်သို့ လှည့်လိုက်သည်။ ဤသတ်ဖြတ်မှု စတင်ကတည်းက၊ ဝေ့ဝူယင်သည် သူတို့၏ အကြောင်းပြချက်များကို သိရှိကြောင်း ဖော်ပြခဲ့သည့် သူ၏ ပထမဆုံး စကားများမှလွဲ၍ အခြားစကားများ ပြောဆိုခဲ့ခြင်း မရှိသလောက်ပင် ဖြစ်၏။

"ဧကရာဇ်ဝေ့...."

ပဲ့တင်ထပ် ချီစွမ်းအင် နှင့် ဝိညာဉ်အင်အား များ တုန်ခါနေသော အသံဖြင့် သူ စတင်ပြောဆိုလိုက်သည်။

"မင်းရဲ့ ဒေါသကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့...."

ရိုးရွဲ သူတော်စင် ယန်ကျိ က အခြေအနေကို ရှင်းပြရန် သို့မဟုတ် လျှော့ချရန် ကြိုးစားကာ စတင်ခဲ့သော်လည်း၊ သူ၏ စကားလုံးများကို မုန်တိုင်းထန်နေသည့် ရယ်မောသံကြီးတစ်ခုက ဖြတ်တောက်သွားခဲ့သည်။ ထိုရယ်မောသံသည် ကြီးမြတ်ခမ်းနားသော ရွံရှာစက်ဆုပ်မှုများ၊ လှောင်ပြောင်မှုများ၊ ရယ်မောမှုများနှင့် ဒေါသများ ရောယှက်နေခဲ့၏။

ဤလှောင်ပြောင်သော ရယ်မောသံသည် အခြားသူထံမှ မဟုတ်ဘဲ ဝေ့ဝူယင် ထံမှသာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူ၏အသံက အလွန်တရာ ကျယ်ပြန့်လှပြီး၊ မိုင်ပေါင်း ထရီလီယံကျော် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ မူလ ဂလက်ဆီ ဦးတည်ရာသို့ ထွက်ပြေးနေသော ရိုးရွဲ တီ ထံသို့ပင် ရောက်ရှိသွားခဲ့၏။ လမ်းကြောင်းပေါ်ရှိ ကံဆိုးသော မည်သည့် ဟင်းလင်းပြင် သတ္တဝါ ကိုမဆို သူက ချေမှုန်းသွားခဲ့သည်။

"မင်းက ငါ့ရဲ့ ဒေါသကို နားလည်တယ် ဟုတ်လား...."

ဝေ့ဝူယင်၏ စကားလုံးများက မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။ နတ်ဘုရားများကို အမှတ်ရစေသော ဒေါသများဖြစ်သည်။ ဖီဆန်ပေါက်စ က သူ့ကို ကူညီပေးနေသဖြင့် သူ၏ ဝိညာဉ်အင်အား ကို အနည်းငယ်မျှပင် ချန်လှပ်မထားခဲ့ချေ။ ရိုးရွဲ သူတော်စင် ယန်ကျိ ၏ မျက်နှာအမူအရာက စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ချက်ချင်း ပြောင်းလဲသွားပြီး၊ သူ၏ အသိစိတ် ပင်လယ် နှင့် စိတ်မျက်လုံး က ဝိညာဉ် ကာကွယ်ရေး အလွှာများစွာကို တည်ဆောက်လိုက်လေသည်။

"မင်းတို့က ငါ့မိသားစုကို ဆန့်ကျင်တယ်။ ငါ့မိန်းမကို ဒုက္ခပေးတယ်။ အပြစ်ကင်းတဲ့ သူတွေရဲ့ အသက်ကို ဆုံးရှုံးစေပြီး၊ ငါ့ရဲ့ ဟင်းလင်းပြင် ဓာတ်ပြားတွေကို နှောင့်ယှက်တယ်... သူတို့ သေဆုံးမှုတွေကို ငါ့ခေါင်းပေါ် ပုံချတယ်။ ငါ့ရဲ့ နာမည်ဂုဏ်သတင်းကို လိမ်ညာမှုတွေ၊ အသရေဖျက်မှုတွေနဲ့ ဖျက်ဆီးဖို့ ကြိုးစားတယ်။ ငါ့မျှော်စင်ကို ဝိုင်းရံပြီး ငါ့လက်အောက်ငယ်သားတွေကို ခြိမ်းခြောက်တယ်။ ငါပြန်လာတာနဲ့ ငါ့ကို တိုက်ခိုက်တယ်..."

"မင်းတို့က... ဟားဟားဟား... မင်းတို့က ငါ့ဒေါသကို နားလည်တယ် ဟုတ်လား...."

ဝေ့ဝူယင်၏ အသံက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်လျှောက်ရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရောက်ရှိသွား၏။ ၎င်းက အစွမ်းကုန်ကောင်းကင် ကာကွယ်ရေး အစီအရင် ကို မည်သည့်ပြဿနာမျှမရှိဘဲ ဖောက်ထွင်းသွားခဲ့သည်။

သူက သူ၏ လက်မောင်းကို ခမ်းနားစွာ ဝှေ့ယမ်းလိုက်ရာ ခေါင်းသုံးလုံး ထွက်ပေါ်လာခဲ့၏။ ထိုအရာများမှာ မီးလောင်ကျွမ်းနေသော ဂိုလိုင်းယက် အရှင်သခင်၊ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော အဆောင်ကြယ် နန်းတော်သခင် နှင့် သေဆုံးပြီးနောက် ပြန်လည်ဖန်တီးထားသော တောင်းပန် တိုးလျှိုးနေသည့် ရိုးရွဲ တွမ်၏ ခေါင်းတို့ ဖြစ်ပေသည်။

ရိုးရွဲ တွမ်၏ ခေါင်းက သူတို့အားလုံးကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ သူသည် လုံရှီယာ ၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည် မဟုတ်လော။ ၎င်းသည် ပြန်လည်ဖန်တီးထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားသော်လည်း၊ ၎င်းတွင် ရိုးရွဲ တွမ်၏ ပဲ့တင်ထပ် ဝိညာဉ် အော်ရာ၏ ခြေရာခံများ အနည်းငယ် ပါဝင်နေပြီး၊ ၎င်းသည် အသက်ရှင်စဉ်က သူ၏ အရေးပါသော မွေးရာပါ စွမ်းအင်များမှ ပြန်လည်ဖန်တီးထားကြောင်း လက္ခဏာတစ်ရပ် ဖြစ်ပေသည်။

“ဒီအတွက် မင်း နောင်တရလိမ့်မယ်...."

ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ ၏ စကားများက အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပြန့်နှံ့သွားခဲ့သည်။

ရိုးရွဲ သူတော်စင် ယန်ကျိ ၏ မျက်ဆန်များ တုန်ခါသွား၏။

‘ဒီခြိမ်းခြောက်နေတဲ့ ခွေးမ...’

ဝေ့ဝူယင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် သူ တည်ငြိမ်သွား၏။ သူ၏ ရယ်မောသံသည် ခမ်းနားမှုကို ထိန်းသိမ်းထားစဉ်မှာပင် ပိုမို တည်ငြိမ်လာပြီး ပိုမို အေးစက်လာကာ ပိုမို နက်ရှိုင်းလာခဲ့သည်။

သူ ရုတ်တရက် ရပ်တန့်လိုက်ချိန်တွင် သူ၏ အေးစက်သော အကြည့်က ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ ကို စိုက်ကြည့်နေခဲ့ပေသည်။

သူ၏ နောက်ဆက်တွဲ စကားလုံးများက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရှိ သက်ရှိတိုင်း၏ ကျောရိုးများ တစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားစေခဲ့၏။ သူ၏ ဒေါသ တစ်သန်းပုံတစ်ပုံခန့်ကို သူတို့ ခံစားနိုင်သကဲ့သို့ပင် ဖြစ်၏။

"ငါ ရမယ့် တစ်ခုတည်းသော နောင်တက... မင်းတို့အားလုံးကို နှစ်ခါ ပြန်သတ်လို့ မရတာပဲ...."

မကြာသေးမီကမှ စတုတ္ထအဆင့် အခြေတည် ဆေဘာ ဝိညာဉ် အဆင့်သို့ တက်လှမ်းခဲ့သော ဒြပ်စင် ဟုခေါ်သည့် ဆေဘာကို ဆုပ်ကိုင်ထားရင်း၊ သူ၏ မျက်လုံးများက ထွက်ပြေးနေသော သဲမြစ်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။

၎င်းသည် မိုင်ပေါင်း နှစ်ထရီလီယံ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဝေ့ဝူယင် ၏ လျှို့ဝှက် တားမြစ်ချက်က သူ၏ အာကာသ ရွှေ့ပြောင်းခြင်း စွမ်းရည်အား တားဆီးထားသည်ကို ကျိန်ဆဲနေပေလိမ့်မည်။ ထို့အပြင် သူသည် ရိုးရွဲ မြေကြီး သာမည အာဏာကို ဤအရေးကြီးသော အချိန်တွင် အမှန်တကယ်ပင် ထုတ်ဖော်ပြသနေခဲ့၏။ သို့သော်လည်း မြေကြီး ဥပဒေသသည် ဥပဒေသ အားလုံးထဲတွင် အနှေးကွေးဆုံးများထဲမှ တစ်ခု ဖြစ်နေဆဲပင်။

ဝေ့ဝူယင် သူ၏ ဆေဘာကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။

အမှောင် ဟင်းလင်းပြင် တွင် ခပ်သဲ့သဲ့ ပဲ့တင်ထပ်နေသော ဆေဘာ၏ ဟစ်ကြွေးသံသည် လုံးဝ တိတ်ဆိတ်သွားခဲ့လေသည်။

ရိုးရွဲ တီ သည် စိတ်ကူးမရနိုင်လောက်အောင် မြန်ဆန်နေခဲ့သည်။ အလင်းထက်ပင် များစွာ သာလွန်နေခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း သူလုပ်ဆောင်ခဲ့သည့်အရာကို ပြီးမြောက်ရန် အလင်းပင် တစ်နှစ်နီးပါး အချိန်ယူရမည်ဖြစ်သည်။

သို့သော်လည်း... ရိုးရွဲ သူတော်စင် အဆင့်ရှိ အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူသည် အလွန်အမင်း နှေးကွေးနေခဲ့သည်။ အရမ်းကို နှေးကွေးလွန်းနေသည်။

ရိုးရွဲတီသည် သူ၏ ပဲ့တင်ထပ် ဝိညာဉ်၊ သူ၏ ဝိညာဉ်၊ သူ၏ အစစ်အမှန် ဝိညာဉ်၊ သူ၏ ဆဲလ်များနှင့် အသိစိတ် ပင်လယ် တို့၏ တိုက်ရိုက် သတိပေးမှုကြောင့် နီးကပ်လာသော အကျပ်အတည်းကို ခံစားလိုက်ရသည်။ ထိုအရာ အားလုံးက သူ့ကို သတိပေးခဲ့ကြ၏။

သူသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ရတနာတိုင်း၊ အဆောင်တိုင်း၊ ဆေးတောင့်တိုင်းကို ထုတ်ယူလိုက်ပြီး၊ သူ၏ ပဲ့တင်ထပ် ချီစွမ်းအင် ကို မည်သည့် ကန့်သတ်ချက်မျှမရှိဘဲ ဂရုမစိုက်စွာ ထုတ်လွှတ်လိုက်ကာ အပြင်းထန်ဆုံး ကာကွယ်ရေး သိုင်းကျင့်စဉ်ကို အသုံးပြုလိုက်သည်။ သူသည် အနောက်ဘက်သို့ ဆက်လက် လွင့်စင်နေသော ကြီးမားလှသည့် ဂြိုဟ်ကြီးတစ်ခုအတွင်း၌ သူ့ကိုယ်သူ ပိတ်လှောင်လိုက်ပြီး၊ မြောက်မြားစွာသော ရတနာများနှင့် ကိရိယာများ၏ တလက်လက် တောက်ပနေသော ရောင်ဝါများဖြင့် ကာကွယ်ထားလေသည်။

ဂြိုဟ်အရွယ်အစားရှိ ဥက္ကာပျံတစ်ခုကဲ့သို့ သူသည် သူ၏ အစွမ်းကုန် ကာကွယ်ရေး ကြိုးပမ်းမှုများအောက်တွင် ဆုတ်ခွာရင်း အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်း လွင့်စင်သွားခဲ့သည်။ မြေကြီးဂြိုဟ်၏ အခွံသည် အလွှာ ၃,၀၀၀ ရှိပြီး သူ၏ သာမန် ပဲ့တင်ထပ် ချီစွမ်းအင် အကာအကွယ်နှင့် အလားတူ စွမ်းအားမျိုး ရှိပေသည်။ သူသည် သူ၏ စွမ်းအားအားလုံးနီးပါးကို အသုံးပြုခဲ့ပြီး ဖြစ်၏။

သို့သော်... ထိုခံစားချက်က အနည်းငယ်မျှပင် မလျော့ပါးသွားခဲ့သေးချေ။

***

All Chapters