← Chapters

အခန်း (၂၅၅၇-၂၅၅၈)

Vol. 183 Ch. 2557-2558

အခန်း (၂၅၅၇-၂၅၅၈)

Vol. 183 Ch. 2557-2558

အပိုင်း(၂၅၅၇)

အိုမီဂါ ဆေဘာ လျှို့ဝှက် စွမ်းအားကြောင့် ဖြစ်ပေါ်လာသော အတွင်းနှင့် ပြင်ပ ကမောက်ကမ ဖြစ်မှုများ ပြီးဆုံးသွားချိန်တွင်၊ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ်ကို အာရုံခံကာ လှုပ်ရှားကြည့်လိုက်သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ရပ်လုံးတွင် ပေါ့ပါးသွက်လက်နေပြီး စွမ်းအားများ ပြည့်ဝနေကြောင်း ခံစားလိုက်ရ၏။ မည်သည့်နေရာတွင်မျှ ဒဏ်ရာရထားသည့် လက္ခဏာ အနည်းငယ်မျှပင် မရှိတော့ချေ။ တကယ်တမ်းတွင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့မှ ထူးခြားလှသော အသက်စွမ်းအင် အော်ရာ များ ဖြာထွက်နေခဲ့သည်။

"ထာဝရ ရှင်သန်ခြင်း လား...."

ဝေ့ဝူယင် က မေးမြန်းလိုက်သည်။

"ဟုတ်တယ်...."

မားဂတ် က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။ ဧဒင်၏ အမှတ်အသား ကို သူ၏ စွမ်းအားအတွက် အခြေခံအဖြစ် အသုံးပြုခဲ့သောကြောင့်၊ သူ၏ စွမ်းအင်များသည် ၎င်း၏ စွမ်းအားကို အတုယူနိုင်ခဲ့ပြီး၊ အလွန်တရာ အံ့မခန်းဖြစ်ကာ စိတ်ကူး၍ပင် မရနိုင်လောက်သော အဆင့်အတန်းနှင့် အမြန်နှုန်းဖြင့် ကုသပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်... ငါးမိနစ်မျှသာ အချိန်ယူခဲ့ရခြင်းက ဝေ့ဝူယင် ၏ အစွမ်းကုန် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို ဖော်ပြနေခဲ့ပေသည်။

"ဆင်းတုကို အသုံးမပြုခဲ့လို့ တော်သေးတာပေါ့...."

အိုရီက တိုးညှင်းစွာ မှတ်ချက်ချလိုက်ပြီး ဒြပ်စင် ကို ဝိညာဉ်ရေးရာ ပွတ်သပ်မှုများဖြင့် ညင်သာစွာ နှစ်သိမ့်ပေးကာ ၎င်း၏ ဝိညာဉ်စွမ်းအားကို ဖြည့်တင်းပေးနေခဲ့သည်။

"ဪ... ဟုတ်သားပဲ၊ ဘာလို့ မင်းရဲ့ ဆင်းတုကို အသုံးမပြုခဲ့တာလဲ...."

မားဂတ် က မေးလိုက်သည်။ ဝေ့ဝူယင်သည် မည်သည့်အရာကိုမျှ နောက်ချန်ထားခြင်း မရှိသောကြောင့်၊ ၎င်းကို ထုတ်မသုံးသင့်ဟု မခံစားခဲ့ရပေ။

ဝေ့ဝူယင် က သက်ပြင်းချလိုက်သည်။

"ငါ... မသုံးနိုင်လို့ပါ...."

"ဟမ်...."

လျှို့ဝှက် ဝိညာဉ် ငါးခုလုံးက တပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ သူတို့သည် ဤအရာကို မသိခဲ့ကြပေ။

"မင်းတို့ကိုယ်တိုင် စမ်းကြည့်ပါလား...."

ဝေ့ဝူယင်က သူတို့ကို ကြယ်တာရာ ဆင်းတု များ တစ်ခုချင်းစီ ဖော်ထုတ်ရန် ကြိုးစားခွင့် ပြုလိုက်သည်။

သူတို့ ကြိုးစားကြည့်လိုက်သောအခါ ချက်ချင်းပင် တုန်လှုပ်သွားကြ၏။ သူတို့ မလုပ်နိုင်ခဲ့ချေ။

"ဘာဖြစ်လို့လဲ...."

ဧဒင် က စုံစမ်းစစ်ဆေးရင်း မေးလိုက်သည်။

"ဪ...."

မားဂတ်က ချက်ချင်းပင် အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားသည်။ ဉာဏ်အလင်းရ ထာဝရ လျှို့ဝှက် ဝိညာဉ် တစ်ခုအနေဖြင့် ၎င်းသည် အသိပညာ ဗဟုသုတများကို ရယူနိုင်စွမ်းမှာ ပြိုင်ဘက်ကင်းလှသည်။ အထူးသဖြင့် ၎င်း၏ ကိုယ်ပိုင် စွမ်းရည်များနှင့် ပတ်သက်လာပါက ပို၍ပင် ထူးချွန်ပေသည်။

"နားလည်ပြီ...."

ဧဒင်ကလည်း တစ်စက္ကန့်အကြာတွင် ရှာတွေ့သွားခဲ့သည်။

"ဘာလို့လဲ ပြောပြဦး...."

အိုရီ ကတော့ ကြိုးစားပင် မကြည့်ခဲ့ချေ။ တိုက်ရိုက်ပင် အဖြေကို တောင်းဆိုလိုက်၏။

"ငါတို့ရဲ့ ကြယ်တာရာ ဆင်းတု တွေက လျှို့ဝှက် ဆင်းတု တွေအဖြစ် အလျင်စလို အသွင်ပြောင်းလဲနေတဲ့ အခြေအနေမှာ ရှိနေတယ်... ပြီးတော့ ငါတို့မှာ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက် မရှိဘူးလေ။ ဒါကြောင့် ငါတို့လည်း မထိန်းချုပ်နိုင်ဘူး... အဲဒါက သော့မပါတဲ့ ဟင်းလင်းပြင် သင်္ဘော တစ်စင်း ရှိနေတာနဲ့ တူတယ်။ သိပ်ထူးဆန်းတာပဲ...."

မားဂတ်က ရှင်းပြလိုက်၏။

"လျှို့ဝှက် ဆင်းတု...."

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ ဤဆင်းတု စောစီးစွာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ အံ့သြမသွားခဲ့ချေ။ ဤအရာသည် သာမန်အားဖြင့် လျှို့ဝှက် အရှင်သခင် များဖြစ်ကြသော အာဏာရှင် ရှန့်ထို အဆင့်တွင်သာ ဖွံ့ဖြိုးလာတတ်ကြသည်။ ၎င်းသည် လျှို့ဝှက်နယ်မြေ များနှင့်အတူ သူတို့၏ အစွမ်းထက်ဆုံး စွမ်းရည်တစ်ခု ဖြစ်ပေသည်။ ဤစွမ်းရည်နှစ်ခုဖြစ်သော စွမ်းအားမြှင့်တင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့က သူတို့ကို အစစ်အမှန် အရှင်သခင်များ ဖြစ်လာစေခဲ့၏။

ဤသည်မှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော လမ်းကြောင်းတစ်ခုကို ကျင့်ကြံခြင်း၏ ရလဒ်ဖြစ်ပြီး၊ အချို့သော အခြေအနေများသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာတတ်ပေသည်။

ဝေ့ဝူယင် အနေဖြင့် ယခုအချိန်တွင် ဤအခြေအနေကို လက်ခံရန်သာ တတ်နိုင်ပေသည်။

သို့သော် လူတိုင်းက သူ့လောက် အေးအေးဆေးဆေး မနေနိုင်ကြပေ။

"ဒီအတွက် ဖြေရှင်းနည်းကို ငါ ရှာပေးမယ်...."

မားဂတ်က ယုံကြည်မှုရှိစွာ ကြေညာလိုက်လေသည်။

ပဉ္စမမြောက် လျှို့ဝှက် ဝိညာဉ်က နောက်တစ်ကြိမ် ဖီဆန်ရန် ဆုံးဖြတ်လိုက်ချိန်တွင်၊ ဝေ့ဝူယင် က လှည့်ကာ အစွမ်းကုန်ကောင်းကင် ကာကွယ်ရေး အစီအရင် ကို ကြည့်လိုက်သည်။ သူ၏ အစစ်အမှန် ရည်မှန်းချက်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။ သူသည် ပြုံးချင်စိတ်ကို မထိန်းနိုင်ခဲ့ချေ။

သူ ထိုသို့ ပြုံးလိုက်ချိန်တွင် ဂလက်ဆီ အတွင်း၌ ကမောက်ကမဖြစ်မှုများ တုံ့ဆိုင်းမှုကင်းစွာ ဖြစ်ပေါ်လာခဲ့သည်။ သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တစ်လျှောက်ရှိ အထွတ်အထိပ် ဟောကိန်းထုတ်သူများနှင့် နိမိတ်ဖတ်သူများသည် ဤကြောက်မက်ဖွယ်ကောင်းသော နေ့ရက်၏ အရိပ်အယောင်များကို မြင်တွေ့လိုက်ရလေသည်။

ယခုအချိန်မှစ၍ သမိုင်း၏ နိဂုံးချုပ်ချိန်အထိ၊ ဤနေ့ကို "အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦးနေ့" ဟု လူသိများလာပေလိမ့်မည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အပြင်ဘက်တွင် အထွတ်အထိပ် သူတော်စင် ခုနစ်ပါး သေဆုံးသွားခဲ့ရသော နေ့တစ်နေ့ပင် ဖြစ်ပေသည်။ သမိုင်းတွင် မေ့ပျောက်၍မရနိုင်သော နေ့တစ်နေ့အဖြစ် ရေးထိုးခံခဲ့ရသည်။

အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦးနေ့...

အထူးသဖြင့် အထွတ်အထိပ် သူတော်စင် နှစ်ပါး သေဆုံးစေခဲ့သည့် ကနဦး ပေါက်ကွဲမှုကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင်၊ ဤဆိုးရွားလှသော အဖြစ်အပျက်၏ အကြောင်းရင်းကို လူအနည်းငယ်ကသာ နားလည်ခဲ့ကြသည်။

သို့သော် သတ်ဖြတ်မှု၏ ဒုတိယပိုင်းကိုမူ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်၊ သို့မဟုတ် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ တန်ပြန်တိုက်ခိုက်မှုအဖြစ် နားလည်ကြလိမ့်မည်။

သူ၏ ဒဏ်ရာများကို အခွင့်ကောင်းယူရန် ကြိုးစားခဲ့သော တစ်ကိုယ်ကောင်းဆန်သည့် ခြောက်ယောက်ကို တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်ပေသည်။

ထိုလေးယောက်၏ အခြေခံတွင် သဘောထားကွဲလွဲမှုများနှင့် ရန်ငြိုးများ၏ ရှင်းလင်းသော လက္ခဏာရပ်များ ရှိနေခဲ့သည်။ ကြယ်ကြွေ နန်းတော်သခင် နှင့် အဆောင်ကြယ် နန်းတော်သခင် တို့သည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကို ပူးပေါင်း ဖိနှိပ်ရန် ကူညီပေးခဲ့ကြ၏။

အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ လက်ချက်ဖြင့် ပဲ့တင်ထပ် ဝိညာဉ် လောင်ကျွမ်းမှုမှ အံ့ဖွယ်နည်းဖြင့် အသက်ရှင်သန်လာပြီးနောက်၊ မကြာသေးမီကမှ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ၏ နောက်လိုက်အဖြစ် ဝင်ရောက်လာသော ဟုန်ရွှမ်နု ကို ရိုးရွဲ တီ က အကြောင်းရင်း မသိရဘဲ ဖမ်းဆီးခဲ့သည်။

ရိုးရွဲ သူတော်စင် ယန်ကျိ သည် တာအို ကျင့်ကြံသူစု အပေါ် ထင်ရှားသော ရန်ငြိုးရှိနေပြီး၊ ဝေ့ဝူယင် က သူ့ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့၏။ အများစုကမူ တောက်ပသော ရတနာ အဂ္ဂိရတ် ရှန့်ထို သည် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ခန့်မှန်းကြသည်။

တစ်ချိန်တည်းမှာပင် ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ နှင့် ဂိုလိုင်ယက် ငှက် အရှင်သခင် တို့သည် ပင့်ကူမျိုးနွယ်များ ဖြစ်ကြသည်။ သူတို့က သူ့ကို မကောင်းကြံဖို့ ကြိုးစားနေကြရာ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ ကလဲ့စားချေခြင်းက သင့်လျော်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤအသေးစိတ် အချက်အလက်များသည် ဤကိစ္စရပ်များကို လေ့လာသင်ယူရန် အရည်အချင်းပြည့်မီသော အာဏာရှင်များ ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး၊ အမှန်တရားများအဖြစ် ခိုင်မာလာလိမ့်မည်။ အရာများစွာက မပါဝင်ဘဲ၊ အဖြေမရဘဲ၊ မရေမရာ ဖြစ်နေသော်လည်း ဤအရာက လုံလောက်နေပြီ ဖြစ်သည်။

သို့သော် ပြဿနာတစ်ခု ရှိနေသေးသည်။

ထိုပြဿနာက မိုင်ပေါင်း ထရီလီယံနှင့်ချီ၍ အမှောင် ဟင်းလင်းပြင် တစ်လျှောက် ဆန့်တန်းသွားသော ဆေဘာအမာရွတ် မဟုတ်သလို ပျက်စီးသွားသော ဂလက်ဆီ ဖွဲ့စည်းခြင်း နှင့် နယ်မြေ ဖွဲ့စည်းခြင်းတို့လည်း မဟုတ်ချေ။

အဂ္ဂိရတ် ပညာရှင် တစ်ဦးအနေဖြင့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ တရားဝင်ဖြစ်မှု ကိစ္စပင် ဖြစ်သည်။ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီး အတွင်း၊ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက သူ့ကို တိုက်ခိုက်နေသူများသည် သူ၏ ကြယ်တာရာ ဓာတ်ပြား များနှင့် ပတ်သက်သည့် မကြာသေးမီက သေဆုံးမှုများအတွက် တာဝန်ရှိကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။

၎င်းသည် သွယ်ဝိုက်သော စွပ်စွဲမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း... ဟောကိန်းထုတ်သူများ၊ နိမိတ်ဖတ်သူများနှင့် အခြားသော စုံစမ်းစစ်ဆေးရေး အစီအရင်များက မငြင်းဆန်သရွေ့ ဤအရာကို အမြင့်ဆုံး အမှန်တရားအဖြစ် သတ်မှတ်လိ့ ရပေသည်။

မည်သူကမျှ မငြင်းဆန်ခဲ့ကြချေ။

ထို့အပြင် မည်သူကမျှလည်း ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

***

အပိုင်း(၂၅၅၈)

အစွမ်းကုန် ပေါင်းစည်းခြင်း စိတ်အာရုံနယ်မြေ၌...

"..."

တင်းမာသော တိတ်ဆိတ်မှု တစ်ခုက နယ်မြေအပေါ်သို့ ကျရောက်လာခဲ့သည်။ အစမှအဆုံးတိုင်အောင် စောင့်ကြည့်နေခဲ့ကြသော တာအို တရားဥပဒေ ထိန်းသိမ်းသူများ နှင့် မိုးကုပ်စက်ဝိုင်း များသည် လွန်ခဲ့သော မိနစ်အနည်းငယ်ကတည်းက အံ့သြမှင်တက်မှု၊ တွေးတောဆင်ခြင်မှုနှင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ကြ၏။

"သူ... သူ ရိုးရွဲ တီ ကို သတ်လိုက်တယ်...."

အသက်အငယ်ဆုံး မိုးကုပ်စက်ဝိုင်း ဖြစ်သည့် မိုးကုပ်စက်ဝိုင်း ပြောင်းလဲခြင်းက ဤတင်းမာ တိတ်ဆိတ်သည့် လေထုကို ချိုးဖျက်လိုက်သည်။

ရိုးရွဲတီ၏ သေဆုံးမှုမှာ မည်သူမှ မျှော်လင့်မထားသော အရာဖြစ်သည်။ ဝေ့ဝူယင်သည် ဒေါသတကြီး သောင်းကျန်းကာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျွမ်းကျင်သူ သုံးဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့သော်လည်း၊ ကြယ်နန်းတော်များမှ နန်းတော်သခင်များသည် သာမန် ကောင်းကင်ငယ် တမန်တော်များသာ ဖြစ်သည်။ ရိုးရွဲ သူတော်စင် များသည် လုံးဝ ကွဲပြားခြားနားသော သတ္တဝါများ ဖြစ်ကြပေသည်။ ရိုးရွဲ အာဏာ၏ ကောင်းကင်ကိုယ်ပွား က သူတို့ကို ကောင်းကင်ငယ် အတိုင်းအတာဖြင့် ကောင်းကင် တမန်တော် တစ်ဦး၏ စွမ်းအားကို အမှန်တကယ် ထုတ်ဖော်နိုင်စေသည်။ သူ၏ အမြင်တွင် သူတို့သည် နတ်ဘုရားများနှင့် မခြားနားချေ။

ရိုးရွဲ တွမ် နှင့် ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင်တို့သည် ရိုးရွဲ သူတော်စင် များ ဖြစ်ကြသော်လည်း၊ သူတို့သည် ပဲ့တင်ထပ် ဝိညာဉ် ပေါက်ကွဲမှုကြောင့် လုံးဝ မမျှော်လင့်ဘဲ ခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းသည် ရိုးရွဲ သူတော်စင် တစ်ပါးကို သတ်ဖြတ်ရန် အတည်ပြုထားသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် မှတ်တမ်းတင်ထားသော အထွတ်အထိပ် သူတော်စင် များ၏ သေဆုံးမှု ထက်ဝက်ကျော်မှာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေသည်။

ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန်မှာ အလွန်တရာမှ ခက်ခဲလှသည်။ ပုံမှန်အားဖြင့် သူတို့ကို ချိတ်ပိတ်ထားလေ့ရှိပြီး အဆက်မပြတ် သန့်စင်ခြင်း သို့မဟုတ် သဘာဝအလျောက် ကုန်ဆုံးခြင်းမှတစ်ဆင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်၏ သက်စွမ်းအားများကို ကုန်ခမ်းစေသည်။

ထိုကဲ့သို့ အခြေအနေများနှင့် ရင်ဆိုင်ရပြီးနောက် ရိုးရွဲ သူတော်စင် ယန်ကျိ နှင့် ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ တို့ ထွက်ပြေးသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူတို့သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ပြန်မလာခဲ့ကြချေ။ သူတို့ အဝေးသို့ ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။ အလွန်တရာ ဝေးကွာသော နေရာသို့ ထွက်ပြေးသွားခဲ့ကြ၏။

အကယ်၍ ဝေ့ဝူယင် သည် သူ၏ အဂ္ဂိရတ် ပညာရှင်အဖြစ် တရားဝင်မှုကို ပြန်လည်ရယူခဲ့လျှင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ ပုန်းအောင်းနေခြင်းက မိုက်မဲရာကျပေလိမ့်မည်။ သူတို့သည် တောထဲမှ ကံဆိုးသော ဘဲများကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ ၏ တစ်ကိုယ်လုံးမှ သိသာထင်ရှားစွာ ကြောက်မက်ဖွယ်ကောင်းသော မှိုင်းညို့ မည်းမှောင်သည့် ခံစားချက်များ ဖြာထွက်နေခဲ့သည်။ ၎င်းသည် အကြောက်တရားကြောင့် မဟုတ်ပေ။ တာအို တရားဥပဒေ ထိန်းသိမ်းသူများ အနေဖြင့် သူတို့အားလုံး သင်ယူခဲ့ရသော ကိစ္စတစ်ခုကြောင့် ဖြစ်၏။ တာအို တရားဥပဒေ ထိန်းသိမ်းသူတိုင်းက ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို သိရှိနေကြသည်။

"သူက ကောင်းကင် ပဲ့တင်ထပ် ချီစွမ်းအင် ကို မသုံးခဲ့ဘူး...."

တရားဥပဒေ ထိန်းသိမ်းသူ ချည်နှောင် ဝိညာဉ် က တိုးညှင်းစွာ ပြောလိုက်သည်။ ဝေ့ဝူယင် သည် အစမှအဆုံးတိုင်အောင် လျှို့ဝှက် လမ်းစဉ် ကိုးခု၏ လျှို့ဝှက် စွမ်းအားများနှင့် ဥပဒေသ အော်ရာကိုသာ အသုံးပြု၍ အထွတ်အထိပ် တည်ရှိမှု များကို သေဆုံးစေခဲ့ခြင်း ဖြစ်သည်။ လုံးဝကို ရူးသွပ်လောက်အောင် အံ့မခန်းဖြစ်သော လုပ်ရပ်တစ်ခုပင်။

ထို့အပြင်... နောက်ဆုံး တိုက်ခိုက်မှုသည် အစဉ်အလာများကို ဖီဆန်သော တာအို ကျင့်ကြံသူ စုရီ ကဲ့သို့ မိစ္ဆာဆန်သည့် ပါရမီရှင်များနှင့် အစစ်အမှန် ဝိညာဉ် အဆင့် ကျင့်ကြံသူများ အသုံးပြုလေ့ရှိသည့် အထွတ်အထိပ် သူတော်စင် များကို ဒဏ်ရာရစေနိုင်သော သို့မဟုတ် သတ်ဖြတ်နိုင်သော အာဏာရှင် ဝိညာဉ်သိုင်းကျင့်စဉ် တစ်ခု မဟုတ်ခဲ့ပေ။

၎င်းသည် လျှို့ဝှက် လမ်းစဉ်များ၏ အစစ်အမှန် အာဏာရှင် ကျင့်စဉ် တစ်ခုသာ ဖြစ်၏။ ဆေဘာ တိုက်ခိုက်မှုသည် ဥပဒေသ များ၏ အော်ရာ ကြောင့် စွမ်းအားမြင့်မားလာခဲ့သော်လည်း၊ တိုက်ခိုက်မှု၏ အခြေခံသည် ဥပဒေသ များ၏ မူဝါဒအပေါ်တွင် ဖွဲ့စည်းထားခြင်း မဟုတ်ချေ။ ၎င်းသည် အလွန်အရေးပါသော ကွဲပြားချက်တစ်ခု ဖြစ်ပေသည်။

မားဂတ် တီထွင်ခဲ့သော အာဏာရှင် ကျင့်စဉ် လေးခုသည် လျှို့ဝှက် လမ်းစဉ် ကိုးသွယ်အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေခြင်း ဖြစ်သည်။

၎င်းတို့ကို ဥပဒေသ အော်ရာ၊ ထာဝရ အော်ရာ၊ ဆေဘာ ရည်ရွယ်ချက် အမျိုးမျိုး၊ လောကလွှမ်းမိုးမှု နယ်မြေများ၊ အဆင့်မြင့် အခြေတည် ဝိညာဉ်၊ ဝိညာဉ်စွမ်းအင် သို့မဟုတ် လောကချည်နှောင် ကြယ်တာရာ နယ်မြေတို့က ပံ့ပိုးပေးထားသည်မှာ မှန်ပေသည်။

သို့သော်လည်း... အာကာသ၊ အချိန်နှင့် မူလ ဥပဒေသ များကို အသုံးပြုထားသော မူလ ဟင်းလင်းပြင် ဖန်တီးခြင်း တက်လှမ်းမှု ကျင့်စဉ် ကဲ့သို့ ဥပဒေသ များဖြင့် အတိအလင်း ဒီဇိုင်းထုတ်ထားသော အာဏာရှင် ဝိညာဉ်သိုင်းကျင့်စဉ်များ မဟုတ်ခဲ့ကြချေ။

တရားဥပဒေ ထိန်းသိမ်းသူ ချည်နှောင် ဝိညာဉ်၏ ဤမှတ်ချက်ကို အထွတ်အထိပ် သူတော်စင် မဟုတ်သူများက အလွယ်တကူ လျစ်လျူရှုသွားနိုင်သော်လည်း၊ ထိုနေရာတွင် ရှိနေသူများအတွက်မူ ဤအရာကို ပစ်ပယ်ထား၍ မရနိုင်ခဲ့ပေ။

"ဟင်းလင်းပြင် ဝိညာဉ်၊ ဟင်းလင်းပြင် ရည်ရွယ်ချက်...."

တရားဥပဒေ ထိန်းသိမ်းသူ ဧရာမ တိုက်တန် သည် အံ့သြမှင်တက်နေခဲ့သည်။ ၎င်းသည် ဟင်းလင်းပြင် အပေါ် ဆန္ဒကို ထိန်းချုပ်ရာ၌ မယုံနိုင်လောက်အောင် အံ့မခန်းဖြစ်သော ပါရမီကို အစစ်အမှန် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်၏။ ၎င်းသည် အချို့သော ကောင်းကင်ငယ် တမန်တော် များပင် မအောင်မြင်သေးသည့် အလွန်ခက်ခဲလှသော လုပ်ရပ်တစ်ခုဖြစ်သော ဥပဒေသ များ၏ သာမည ဥပဒေသ တစ်ခုကို ဖန်တီးခြင်းထက်ပင် ကျော်လွန်နေခဲ့လေသည်။

တစ်စုံတစ်ခုသော ဆန္ဒကို ဟင်းလင်းပြင် အပေါ် သက်ရောက်စေခြင်းသည် စကြာဝဠာ၏ အခြေခံအုတ်မြစ်ကို ပြောင်းလဲခြင်း သို့မဟုတ် လမ်းညွှန်ခြင်းနှင့် မခြားနားချေ။ ဖော်ပြ၍မရနိုင်လောက်အောင် ဆန်းကြယ်ပြီး ကြီးကျယ်ခမ်းနားလှသော အောင်မြင်မှုတစ်ခုပင် ဖြစ်ပေသည်။

သို့သော် ရှုပ်ထွေးနေသောအရာမှာ....

"ဆေဘာ...."

စူးဟောင်ရန် နှင့် ရှီဇီ တို့သည် သူတို့၏ မျက်လုံးများနှင့် နှုတ်ခမ်းများတွင် ရှုပ်ထွေးမှုများ အပြည့်ဖြင့် ဤအသေးစိတ်အချက်ကို စိတ်ထဲမှ စဉ်းစားလိုက်ကြသည်။ ထိုအရာသည် ကောင်းကင်စစ်မြေပြင် အောက်တွင် ရှိနေသလား။ တစ်စုံတစ်ခုသော ထူးဆန်းသည့် အကြောင်းရင်းကြောင့် သူတို့၏ အလိုအလျောက်သိစိတ် သည် ရှင်းလင်းပြတ်သားသော အဖြေတစ်ခုကို မရှာဖွေနိုင်ခဲ့ချေ။ သို့သော်... ဟုတ်သလိုလို မဟုတ်သလိုလို ခံစားနေရ၏။ ထူးဆန်းသော ဖြစ်ပေါ်တိုးတက်မှု တစ်ခုပင်။

ထိုအရာကို ဘေးဖယ်ထားလိုက်လျှင် ဝေ့ဝူယင် သည် အလွန်တရာ ထူးချွန်ပြောင်မြောက်သော အရာများစွာကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။

ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်...

တာအို ဂုဏ်ရည်လောင်းလျာ...

ဟင်းလင်းပြင် ဝိညာဉ် ရည်ရွယ်ချက်...

အင်ပါယာ ဥပဒေသ ၏ ကောင်းကင်အာဏာ...

တန်ခိုးရှင် တည်ရှိမှု တစ်ခုနှင့် သက်ဆိုင်နိုင်ခြေရှိသော ထူးခြားသည့် သွေးမျိုးဆက်...

ထို့အပြင် အခြားအရာများစွာလည်း ရှိနေသေးသည်။

ဝေ့ဝူယင် သည် ငြင်းဆိုဖွယ်မရှိလောက်အောင် ထူးချွန်ပြောင်မြောက်သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။ သို့တိုင်အောင် သူ့ကို လျှို့ဝှက်ဆန်းကြယ်မှုများနှင့် မရေရာမှုများ၏ ကုလားကာတစ်ခုက ဖုံးကွယ်ထားဆဲ ဖြစ်၏။ အရေးအကြီးဆုံးအရာမှာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ ဤလူက အတိအကျ... ဘယ်သူများလဲ။

"သူက ခန္ဓာကိုယ် ဆုံးရှုံးသွားတဲ့ မူလ သူတော်စင် တစ်ပါး များလား...."

ခဏအကြာတွင် တင်းမာနေသော လေထုက ပြယ်လွင့်သွားပြီး၊ ၎င်း၏နေရာတွင် စူးစမ်းလိုစိတ်နှင့် ဆန္ဒတို့ အစားထိုး ဝင်ရောက်လာခဲ့သည်။ မူလ သူတော်စင်... သူတို့သည် အထွတ်အထိပ် သူတော်စင် များ၏ အထွတ်အထိပ် ဖြစ်ကြပေသည်။

မူလ သူတော်စင်များသည် အစစ်အမှန် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့အတွက်ပင်လျှင် ထိုသို့ဖြစ်ပေသည်။

"..."

တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီသည် တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ထားရုံသာ တတ်နိုင်ခဲ့လေသည်။

"မဖြစ်နိုင်ဘူး။ တကယ်လို့ သူက မူလ ထွန်းလင်းသူ တစ်ပါးသာဆိုရင်၊ သူရဲ့ ရုပ်ခန္ဓာ ဆုံးရှုံးသွားရင်တောင်မှ၊ သူရဲ့ ပဲ့တင်ထပ် ဝိညာဉ် ရဲ့ ဝိညာဉ်အင်အား က သူတို့အားလုံးကို အလွယ်တကူ သတ်ဖြတ်ဖို့ လုံလောက်နေမှာပဲ။ ရိုးရွဲ သူတော်စင် ယန်ကျိ ဒါမှမဟုတ် ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ တို့ လွတ်မြောက်သွားနိုင်စရာ အကြောင်းကို မရှိဘူး။ လုံးဝ မဖြစ်နိုင်ဘူး...."

တရားဥပဒေ ထိန်းသိမ်းသူ ဧရာမ တိုက်တန် က ထိုအကြံအစည်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ကာ သူ၏ အမြင်ကို ပြောဆိုလိုက်သည်။ သို့သော် မည်သူကမျှ သူ့ကို မချေပနိုင်ခဲ့ကြချေ။

"ဟိုအထွတ်အထိပ် သူတော်စင်ကရော...."

တရားဥပဒေ ထိန်းသိမ်းသူ ချည်နှောင် ဝိညာဉ် က တီးတိုးရေရွတ်လိုက်သည်။

"သူက ကြယ်တစ်ပွင့် ဂလက်ဆီ က ဖြစ်နေတော့၊ ဒါကလည်း ဖြစ်နိုင်ခြေရှိတာပဲ...."

တရားဥပဒေ ထိန်းသိမ်းသူ ဧရာမ တိုက်တန် က တိုးညှင်းစွာ မှတ်ချက်ချလိုက်၏။

တရားဥပဒေ ထိန်းသိမ်းသူ မကောင်းဆိုးဝါး ဖျက်ဆီးခြင်း က တုန်းဖန်ယွဲ့ ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ သူမ၏ အစောပိုင်း စကားလုံးများက သူမ၏ နားနှင့် အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့၏။

မကောင်းဆိုးဝါး ဖျက်ဆီးခြင်း စူးရှသော အကြည့်က တုန့်ဖန်းယွဲ့အား အခြားသူများ၏ အာရုံစိုက်မှုကိုလည်း ရရှိသွားခဲ့သည်။

သူတို့သည် တုန်းဖန်ယွဲ့ ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများနှင့်အတူ ကြီးမားသော သက်သာရာရမှုများ ရောယှက်နေသည်ကို တွေ့လိုက်ရသည်။

သူမ ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ဝေ့ဝူယင်သည် သူ၏ ရန်သူများကို သတ်ဖြတ်ကာ ကျန်ရစ်သူများကို ထွက်ပြေးစေခဲ့သည်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူမအနေဖြင့် ဆက်လက် ငြင်းဆန်နေစရာ အကြောင်းမရှိတော့ချေ။

"နင်က 'သူ ပူးကပ်ခံထားရတာ မဟုတ်ဘူး' လို့ ပြောခဲ့တယ်နော်။ အဲဒါ ဘာကို ဆိုလိုတာလဲ။ နင် ဘာတွေ သိထားလို့လဲ...."

သူမ၏ မေးခွန်းက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့၏။ အထူးသဖြင့် စူးဟောင်ရန် နှင့် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ တို့ပင် ဖြစ်သည်။

"ပူးကပ်ခံထားရတာ မဟုတ်ဘူး ဟုတ်လား။ သူက တခြား ကျင့်ကြံသူ တစ်ယောက်ကို ပူးကပ်နေတာ ထင်ရှားပါတယ်။ သူရဲ့ ကျင့်ကြံခြင်း အခြေခံက အပေါ်ယံကြည့်ရင် လျှို့ဝှက်ဝိညာဉ် အဆင့် မှာ ရှိနေပေမယ့်၊ သူရဲ့ စွမ်းအားက ရိုးရွဲ သူတော်စင် တစ်ပါးကိုတောင် သတ်နိုင်စွမ်းရှိနေတယ်။ သူ ပူးကပ်ခံထားရတာ မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟားဟား...."

တရားဥပဒေ ထိန်းသိမ်းသူ အဖိုးတန် နှလုံးသား က နောက်ဆုံးတွင် အနေရခက်စွာ ရယ်မောလိုက်သည်။ ထိတ်လန့်နေချိန်တွင် ပြောဆိုခဲ့သော ထိုကဲ့သို့ အံ့မခန်းစွပ်စွဲချက်မျိုးကို သူမ မယုံကြည်လိုကြောင်း ဖော်ပြနေခြင်းပင် ဖြစ်၏။

တုန်းဖန်ယွဲ့က တရားဥပဒေ ထိန်းသိမ်းသူ တိုင်းနှင့် မိုးကုပ်စက်ဝိုင်း တိုင်းကို တစ်ယောက်မကျန် လိုက်ကြည့်လိုက်သည်။ သူမက အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ပြီး ပြန်မဖြေခဲ့ချေ။

"နင်...."

မိုးကုပ်စက်ဝိုင်း ပေါင်းစည်းခြင်း သည် ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားခဲ့သည်။ တကယ်တမ်းတွင် သူ ဘာကြောင့် ဒေါသထွက်နေမှန်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။ သူက ဒေါသထွက်နေရုံသက်သက်သာ ဖြစ်၏။

ဤရယ်စရာကောင်းသော အမျိုးသမီး...

သူမ ကိုယ်အလေးချိန် လျော့ကျသွားကတည်းက၊ သူမ၏ စိတ်တွေပါ ဖောက်ပြန်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

စူးခိုင်မင်က စူးဟောင်ရန် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးလိုက်၏။

"သူက စုရီ လိုမျိုးလား...."

***

All Chapters