အခန်း (၈၉၈-၉၀၀)
Vol. 60 Ch. 898-900
အပိုင်း ( ၈၉၈ ) ရေသွားကူးခြင်း
ဆန်နီ ဟာ ရေစပ်နားမှာ ခနလောက် ရပ်နေခဲ့တယ်။. သူ့ရဲ့ မျက်နှာပေါ်မှာတော့ သတိထားနေတဲ့ အမူအရာနဲ့အတူ သမုဒ္ဒရာကြီးကို စိုက်ကြည့်နေခဲ့ပါတယ်..။
‘ရယ်စရာပဲ…’
ခံတပ်ရဲ့ တောင်ဘက်တံတိုင်းပေါ်ကို ပထမဆုံး စတက်ခဲ့တဲ့ အချိန်တုန်းကတော့.. သူက
အမှောင်ထဲကနေ ထွက်ပေါ်လာမယ့် စစ်သင်္ဘောကြီးရဲ့ ကြောက်မက်ဖွယ် အရိပ်အယောင်ကို မြင်တွေ့ရဖို့ မျှော်လင့်ချက်နဲ့ သမုဒ္ဒရာကြီးကို စိုက်ကြည့်နေခဲ့တာပါ..။ ဒါပေမဲ့ အခု အေရီယက်ဒ်နီ သင်္ဘောက ရောက်ရှိလာတော့မှာ ဖြစ်ပေမဲ့.. သူ့ရဲ့ အတွေးတွေကတော့ ဝေးလံလှတဲ့ နေရာတစ်ခုကို ရောက်ရှိနေခဲ့တယ်..။
နောက်ဆုံးမှာတော့ ဆန်နီ ဟာ သက်ပြင်းချလိုက်ပြီး.. အခြေချစခန်းရဲ့ နွေးထွေးမှုဆီကို ပြန်သွားဖို့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ ထိုင်ခုံကို ပြန်ဖယ်ရှားလိုက်ပါတော့တယ်..။
…သို့ပေမဲ့.. သူက မှောင်မိုက်နေတဲ့ ရေပြင်ဆီကနေ အကြည့်မလွှဲခင်မှာပဲ.. အရာတစ်ခုက သူ့ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တယ်..။သိပ်မဝေးတဲ့ ခြေလှမ်းအနည်းငယ် အကွာမှာတော့ ဆုတ်ခွာသွားတဲ့ လှိုင်းလုံးတွေအောက်ကနေ တောက်ပတဲ့ အရာလေးတစ်ခုက ပေါ်ထွက်လာခဲ့တာပါ..။ ဒါက သေးငယ်တဲ့ ဖန်သားပြင်ပေါ်ကို အားနည်းလှတဲ့ ကြယ်အလင်းရောင်က ရိုက်ခတ်နေသလိုမျိုးပါပဲ..။
ဆန်နီ ခနလောက် တုံ့ဆိုင်းသွားခဲ့ပြီးမှ ရှေ့ကို တစ်လှမ်း ဒါမှမဟုတ် နှစ်လှမ်းလောက် လှမ်းသွားလိုက်တယ်။သူ.. အဲဒီ တောက်ပနေတဲ့ အရာဝတ္ထုကို သူ မြင်လိုက်ရတဲ့ နေရာကြမှ ရပ်လိုက်ပါတယ်..။ လှိုင်းလုံးအသစ်တစ်ခုက ပြေးဝင်လာပြီး သူ့ရဲ့ သံချပ်ကာဖိနပ်တွေကို လာရောက်ထိတွေ့သွားခဲ့တယ်..။ စိုစွတ်နေတဲ့ အရာကို အနီးကပ် သေချာ မကြည့်ရသေးခင်မှာတော့.. အဲဒီလှိုင်းလုံး ပြန်ဆုတ်သွားမယ့် အချိန်ကို သူ စောင့်ဆိုင်းနေရပါတယ်..။
ဒီကျောက်တုံးတွေကြားထဲက.. ရေခဲ အပိုင်းအစတစ်ချိုအောက်မှာ တစ်စုံတစ်ခုက တောက်ပနေခဲ့တာပါ..။ ဆန်နီ ဟာ ရေခဲတွေကို ဖယ်ရှားလိုက်ပြီး အဲဒီအရာကို ကောက်ယူလိုက်ကာ.. နောက်ထပ် လှိုင်းလုံးတစ်ခု မလာခင်မှာပဲ ပြန်မတ်တပ်ရပ်လိုက်တယ်..။
သူ့ရဲ့ မျက်မှောင်ကျုတ်မှုက ပိုမိုနက်ရှိုင်းသွားခဲ့ပါတယ်..။
သူ့ လက်ထဲမှာ ရှိနေတာကတော့.. ပထမဆုံး ရွှေ့ပြောင်းကယ်ဆယ်ရေး တပ်မတော်က စစ်သားတွေကို ထုတ်ပေးထားတဲ့ ဆောင်းတွင်းဝတ် ကုတ်အင်္ကျီတွေ အများကြီးရဲ့ အပေါ်မှာ တွေ့ရတတ်တဲ့ ရိုးရှင်းတဲ့ ကြေးဝါ ကြယ်သီးတစ်လုံး ဖြစ်နေခဲ့တာပါပဲ..။
ပုံမှန်ဆိုရင်တော့ ဒီကြယ်သီး မှာထူးခြားတာ ဘာမှ မရှိပါဘူး..။
ဒါပေမဲ့...
“ဟမ်..”
ဒါပေမဲ့.. ဗန် နဲ့ သူ့ရဲ့ လက်အောက်က စစ်သားတွေက ပထမဆုံး ရွှေ့ပြောင်းကယ်ဆယ်ရေး တပ်မတော်က စစ်သည်တွေ မဟုတ်ကြပေ..။ သူတို့က အန္တာတိကရဲ့ ဒေသခံတွေ ဖြစ်ကြပြီး.. အိပ်မက်ဆိုး ချိန်းကြိုတွေ မတိုင်ခင် ကတည်းက LO49 မှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေပါ..။ ဒါကြောင့် သူတို့ရဲ့ ယူနီဖောင်းတွေက အနည်းငယ် ကွဲပြားကြပါတယ်..။ အမှန်တကယ်တော့ ပထမ တပ်မတော်က အလျင်စလို ဖွဲ့စည်း ပြင်ဆင်ခဲ့ရတဲ့ အချက်ကို ထည့်တွက်ရင်.. သူတို့ရဲ့ ဝတ်စုံတွေက အရည်အသွေး ပိုမိုကောင်းမွန်လှပါတယ်..။
သူတို့ရဲ့ ဝတ်စုံတွေက အအေးဒဏ်အတွက် ပိုမိုသင့်တော်ပြီး.. ဈေးပေါတဲ့ အမြောက်အမြားထုတ် ကုတ်အင်္ကျီတွေလိုမဟုတ်ပဲ အဆိုးရွားဆုံး အခြေအနေတွေမှာတောင် လူတစ်ယောက်ကို နွေးထွေးစေနိုင်တဲ့ သေချာဒီဇိုင်းထုတ်ထားတဲ့ ပါကာအင်္ကျီတွေပါ..။
ဒါဆိုရင် ဒီကြယ်သီးက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရတာလဲ..။
ဆန်နီ ဟာ ဒီ ကြေးဝါ ကြယ်သီး လေးကို မိနစ်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့ပြီးမှ.. သမုဒ္ဒရာရဲ့ အမှောင်ထုထဲကို မျက်နှာမူရင်း ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်..။ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာပေါ်မှာတော့ ထူးဆန်းစွာ လက်လျှော့လိုက်တဲ့ အမူအရာမျိုး ရှိနေခဲ့ပါတယ်..။
သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း မျက်လုံးတွေကို မှိတ်လိုက်တယ်။ပြီးတာနဲ့.. သူ့ရဲ့ အရိပ်အာရုံကို တတ်နိုင်သမျှ အဝေးဆုံးအထိ ရှေ့ကို ဖြန့်ကျက်လိုက်ပါတော့တယ်..။
‘ကောင်းပြီလေ.. ရတယ်..။ မင်းကိုယ်တိုင် ထွက်ပြလိုက်စမ်းပါ ခွေးသားလေး..။ မင်း ထွက်မသွားဘူးဆိုတာ ငါ သိတယ်..’
သူ့ရဲ့ အာရုံခံစားမှုတွေက ရှေ့ကို ဖြန့်ကျတ်သွားခဲ့ပြီး.. အေးစက်လှတဲ့ ရေပြင်နက်ကြီးရဲ့ အောက်ခြေအထိ နက်နက်ရှိုင်းရှိုင်း ငုပ်လျှိုးသွားခဲ့ပါတယ်..။ အလင်းရောင် ရောက်ရှိတဲ့ နေရာတိုင်းမှာ အရိပ်တွေ ရှိစမြဲပါပဲ..။ ပြီးတော့ အလင်းရောင် လုံးဝ မဝင်ရောက်နိုင်တဲ့ နေရာမျိုးမှာတောင်မှ အလင်းရဲ့ ပျောက်ကွယ်မှုက ရှိနေပါသေးတယ်။
သို့ပေမဲ့ ဆန်နီ ဘယ်လောက်ပဲ ကြိုးစားပါစေ တယ်ရာ ကို လုံးဝ အာရုံမခံနိုင်ခဲ့ပေ..။ ဒါပေမဲ့ သူ တစ်ခုခုကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါတယ်..။
သူ နဲ့ မီတာ နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက် အကွာက ရေအောက်အနက်ကြီးထဲမှာ.. ကြီးမားတဲ့ ပုံသဏ္ဌာန်တစ်ခု ရှိနေခဲ့တာပါ..။ဒီအရာက ပင်လယ်ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့ပြီး.. ရေစီးကြောင်းတွေရဲ့ တွန်းထိုးမူကြောင့် တစ်ခါတစ်ရံမှာ အနည်းငယ် လှုပ်ရှားနေခဲ့ပါတယ်..။
ဒီအရာက ပုံမှန်မဟုတ် အများအားဖြင့် ပြားချပ်ပြီး..ကွေးညွတ်မှုတွေ ရှိနေသလို ဖြစ်နေခဲ့တယ်..။ သူ့ရဲ့ ဘေးဘောင်တွေကတော့ ထက်မြက်တဲ့ လွှသွားတွေလို ဖြစ်နေခဲ့ပါတယ်..။
သူ့ရဲ့ အရိပ် အာရုံခံရသလောက်တော့ ဆန်နီ ပြောနိုင်တာက ဒါအကုန်ပါပဲ..။ ဒီအရိပ်မှာ ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားတဲ့ အရည်အသွေးမျိုး ကင်းမဲ့နေတာကြောင့်.. ဒီအရာက သက်ရှိတစ်ခု မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သူ ပြောနိုင်ခဲ့ပါတယ်။
သူက ဒါ ဘာလဲဆိုတာကို လုံးဝ မသိပါဘူး..။
သမုဒ္ဒရာထဲမှာ အမှိုက်သရိုက် အမျိုးမျိုး ရှိနေတတ်တာကြောင့်.. သူက ဒါကို ဘာလို့ ဂရုစိုက်နေရတာလဲ..။
ဒါပေမဲ့ အကြောင်းပြချက် တစ်ခုခုကြောင့် သူ စိတ်ဝင်စားနေခဲ့မိတယ်..။
ဆန်နီ ဟာ မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး လှိုင်းထနေတဲ့ လှိုင်းလုံးတွေကို ခနလောက် စိုက်ကြည့်လိုက်ပါတယ်..။ ယင်းနောက် သူက ရှေ့ကို ဖြည်းဖြည်းချင်း တစ်လှမ်း လှမ်းလိုက်ပြီး.. နောက်ထပ် တစ်လှမ်း.. အဲဒီနောက်မှာတော့ နောက်ထပ် တစ်လှမ်း ထပ်လှမ်းလိုက်တယ်..။
အေးခဲလုနီးပါး ဖြစ်နေတဲ့ ရေတွေက သူ့ရဲ့ ခြေသလုံးတွေကို အရင်ဆုံး ထိတွေ့လာခဲ့ပြီး.. သူ့ရဲ့ ဒူးတွေ.. ယင်းနောက်မှာတော့ သူ့ရဲ့ ခါးအထိ ရောက်ရှိလာခဲ့ပါတယ်..။ သူက ချမ်းတုန်သွားခဲ့ပြီး လေကို ဝအောင် ရှူလိုက်ရပေမဲ့ ရှေ့ကိုပဲ ဆက်ပြီး လမ်းလျှောက်နေခဲ့မိတယ်..။
‘ငါ… ငါ စိတ်ငြို့ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်..’
မဟုတ်ပါဘူး.. သူ အဲလို မဖြစ်နိုင်ပေ..။ သူက စိတ်ညို့ကျိန်စာကို ဖျက်ဆီးပစ်ခဲ့ပြီးပါပြီ..။ သူ့ရဲ့ စိတ်က သူ့အပိုင်ပါပဲ..။
ရေတွေက သူ့ရဲ့ ရင်ဘတ်အထိ ရောက်ရှိလာတဲ့ အချိန်မှာတော့.. ဆန်နီ က အသက်ကို ဝအောင်
ရှူလိုက်ပြီး မှောင်မိုက်နေတဲ့ အနက်ရောင် ရေပြင်အောက်ထဲကို ငုပ်လျှိုးသွားခဲ့ပါတော့တယ်..။
ထာဝရချိန်း လိုမျိုး ပါးလွှာ ပေါ့ပါးတဲ့ အရာမျိုး ဖြစ်နေရင်တောင်မှ.. သံမဏိ ချပ်ဝတ်ကို ဝတ်ဆင်ပြီး ရေကူးရတာက လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး..။ သို့ပေမဲ့ သူက သာမန်လူသားတစ်ယောက်ထက် များစွာ သာလွန်တဲ့ ခွန်အားနဲ့ ခံနိုင်ရည်ကို ပိုင်ဆိုင်ထားတာကြောင့်.. ဆန်နီ ဟာ ဇွဲမလျှော့ဘဲ သမုဒ္ဒရာရဲ့ အောက်ခြေထဲကို နက်နက်ရှိုင်းရှိုင်း ငုပ်ဆင်းသွားခဲ့တယ်..။
သူ့ရဲ့ လည်ပင်းမှာ ရေခဲမှတ်သားမူ တစ်ခုဆွဲထားခဲ့ပေမဲ့လည်း.. သူ တစ်ခါမှ မခံစားဖူးတဲ့ အအေးဒဏ်က သူ့ရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံလာခဲ့တာကြောင့်.. အသက်ရှူဖို့.. တွေးတောဖို့နဲ့ ခြေလက်တွေကို လှုပ်ရှားဖို့အတွက် ခက်ခဲစေခဲ့ပါတယ်..။
ဆန်နီ အံကြိတ်လိုက်ရင်း ဒါကို လျစ်လျူရှုလိုက်တယ်။သူက . အဝေးမှာရှိနေတဲ့ ပုံသဏ္ဌာန်ဆီကိုပဲ ဦးတည်ပြီး ကူးခတ်သွားခဲ့တာပါ..။
အဆုံးမရှိကြာမြင့်သွားသလို ခံစားရပြီးတဲ့နောက်မှာတော့.. သူက နောက်ဆုံးမှာ ပင်လယ်ကြမ်းပြင်ကို ရောက်ရှိသွားခဲ့တယ်။. မညီမညာ ဖြစ်နေတဲ့ မျက်နှာပြင်တစ်လျှောက် သူ့ကိုယ်သူ တွန်းကန်ရင်း.. သူ့ရဲ့ ပစ်မှတ်ဆီကို ပိုပြီး နီးကပ်လာခဲ့ပါတယ်..။
သူတော်စင်ဟာ ကမ်းစပ် တံတိုင်းရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာပြီး လှိုင်းလုံးတွေရဲ့ အစွန်းနားကို ချဉ်းကပ်လာခဲ့တယ်။ပြီးတာနဲ့.. သူမရဲ့ လေးကို မြှောက်ထားလိုက်ပါတယ်..။ဒါမှ တကယ်လို့ တစ်ခုခု ဖြစ်ပျက်လာခဲ့ရင်.. သူမက မြှားတစ်စင်းကို ချက်ချင်း လွှတ်တင်နိုင်မှာပါ..။
ဆယ်မီတာ ကျော် လောက်ရှိတဲ့ ရေထုကို ဖြတ်သန်းပြီးတဲ့နောက်မှာ မြှားက ဘယ်လောက်အထိ အားကောင်း နေဦးမလဲဆိုတာ ဆန်နီ မသိပေမဲ့.. ဒါက သူ့ကို စိတ်သက်သာရာရမှု အနည်းငယ်တော့ ပေးနိုင်ခဲ့ပါတယ် ..။ မော်ဂန်ရဲ့ စစ်ပွဲလေး ခွန်အားကို ထည့်တွေးရင်တော့ မြားချက်က သေစေနိုင်လောက်အောင်တော့ စွမ်းဆောင်နိုင်ဦးမှာပါ။
ဒါပေါ့.. မြှားက ဘယ်လောက်အထိ သက်ရောက်နိုင်မလဲ ဆိုတာကတော့ ရန်သူ ပပေါ်မှာပဲ မူတည်ပါလိမ့်မယ်..။
‘ဒါတွေကို အခု မတွေးနဲ့ဦး…’
ဆန်နီဟာ လုပ်ရမယ့် အရာကို အာရုံစိုက်ရင်း.. ရှေ့ကို ဆက်သွားလိုက်ပြီး ထူးဆန်းတဲ့ ပုံသဏ္ဌာန်ဆီ ရောက်သွားကာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်..။ သူက နောက်ကျိနေတဲ့ ရေထုထဲကနေတစ်ဆင့် ဒါကို စစ်ဆေးကြည် လိုက်ပါတယ်..။
ဒီပုံသဏ္ဌာန်က…ဆုတ်ဖြဲခံထားရတဲ့ သတ္တုစပ် အပိုင်းအစတစ်ခု ဖြစ်နေခဲ့တယ်..။ ဒီအရာက အလျား ဆယ်မီတာလောက် ရှိပြီး အနံကတော့ အနည်းငယ် ပိုကျဉ်းပါတယ်..။ဒီ ခိုင်ခံ့လှတဲ့ အခြေခံပစ္စည်းက ကွေးညွတ် ကျိုးပဲ့နေခဲ့ပြီး.. လွှသွားလို အနားသတ်တွေနဲ့ နက်ရှိုင်းတဲ့ အက်ကြောင်းတွေက သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ ပျံ့နှံ့နေခဲ့တယ်..။ဒီသတ္တုက မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားတဲ့ တစ်စုံတစ်ခုကြောင့် သူ့ရဲ့ ကိုယ်ထည်ကနေ ဆုတ်ဖြဲခံလိုက်
ရပုံရပါတယ်..။
သို့ပေမဲ့ ပျက်စီးနေတဲ့ သတ္တုပြားပေါ်မှာ သံချေးတက်နေတာမျိုး မရှိတာကြောင့်.. ဒီအရာက ရေထဲမှာ ရှိနေတာ အချိန်မကြာသေးဘူးလို့ ဆိုလိုတာပါ။
ဆန်နီ ဟာ အနားကို ပိုမို တိုးသွားတဲ့အချိန်မှာ. ဒီသတ္တုစပ်ရဲ့ ဖွဲ့စည်းပုံ နဲ့ အသွင်အပြင်တွေကို သူ မှတ်မိနေသလိုမျိုး ခံစားလိုက်ရတယ်..။ သူ့ရဲ့ စိတ်ထဲမှာတော့ ဒီ ရင်းနှီးမှုကို အတည်ပြုဖို့အတွက် အလျင်စလို ကြိုးစားနေခဲ့မိပါတယ်..။
သူက အတိတ်ကို ပြန်စဥ်းစားရင်း အေးစက်နေတဲ့ သတ္တုပေါ်ကို လက်တစ်ဖက် တင်လိုက်တယ်..။
ယင်းနောက် သူ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပြီး.. သူ့ရဲ့ ပါးစပ်ထဲကနေ လေပူဖောင်း အနည်းငယ် ထွက်ပေါ်လာခဲ့ပါတယ်..။
…ဒါပေါ့.. ဒီလိုမျိုး ခိုင်ခံ့ပြီး ထူထဲတဲ့ သတ္တုစပ်ကို ဘယ်နေရာမှာ အသုံးပြုလဲဆိုတာ သူ သိနေခဲ့တယ်..။ဒီလို သတ္တုမျိုးက ရေတပ်သင်္ဘောတစ်စင်းရဲ့ အတွင်းဘက် သံချပ်ကာ အလွှာတွေမှာပဲ အသုံးပြုတာပါ..။
ဒါဆို ဒီ ကွေ့ကောက် ပျက်စီးနေတဲ့ သတ္တုစပ် ထုထည်ကြီးက..
စစ်သင်္ဘောတစ်စင်းရဲ့ ကိုယ်ထည်ကနေ ကျိုးပဲ့ပြီး ထွက်ပေါ်လာတဲ့ အရာပဲ ဖြစ်ပါလိမ့်မယ်..။
အပိုင်း ( ၈၉၈ ) ပြီး၏။
အပိုင်း( ၈၉၉ )တစ်ခုတည်းသော မျှော်လင့်ချက်
အသက်ကို အမောတကော ရူရင်း ဆန်နီ ဟာ အရိပ်တွေထဲကနေ လိမ့်ထွက်လာခဲ့တယ်။ပြီးတာနဲ့. လှိုင်းတံပိုးတွေ ရိုက်ခတ်နေတဲ့ ကမ်းစပ်က စိုစွတ်နေတဲ့ ကျောက်တုံးတွေပေါ်ကို လဲကျသွားခဲ့ပါတယ်..။ သူ့ရဲ့ ချပ်ဝတ်တန်ဆာဆီကနေ ရေစီးကြောင်းတွေ စီးကျနေခဲ့ပြီး.. တစ်ကိုယ်လုံးလည်း တုန်ရီနေခဲ့တယ်..။
“အ… အေးတယ်.. အား..အတော်အေးတယ်…”
သူက အံကိုကြိတ်ပြီး မတ်တပ်ရပ်လိုက်ပေမဲ့.. တိုက်ခတ်လာတဲ့ လေပြင်းကြောင့် တုန်တုန်ရီရီ ဖြစ်သွားခဲ့တယ်..။ဒီအချိန်မှာတော့ သူ့ရဲ့ တက်ရောက်သူ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ရေခဲ မှတ်သားမူ ကတောင်မှ.. အရိုးထဲအထိ စိမ့်ဝင်မတတ် အအေးဒဏ်ကနေ မကာကွယ်ပေးနိုင်ခဲ့ပါဘူး..။
ဒါပေမဲ့လည်း.. သူ့ရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားတဲ့ ခံစားချက်တွေက ဒီအအေးဒဏ်ထက် ပိုပြီးအေးစက်နေခဲ့ပါတယ်..။
“ချီးတဲ့မှပဲ…”
ဆန်နီ ရှေ့ကို တစ်လှမ်း လှမ်းလိုက်ပြီး ချော်လဲလုနီးပါး ဖြစ်သွားခဲ့ပေမဲ့.. သူ့ကိုယ်သူ ပြန်ထိန်းကာ ရပ်လိုက်တယ်..။ သူ့ရဲ့ လက်သီးတွေကိုလည်း တင်းတင်းဆုပ်ထားခဲ့ပါတယ်..။
‘အေရီယက်ဒ်နီ..။ အဲဒါ အေရီယက်ဒ်နီ သင်္ဘော ပဲ ဖြစ်ရမယ်..’
ကျိုးပဲ့နေတဲ့ သင်္ဘောကိုယ်ထည် အစိတ်အပိုင်း နဲ့.. ကြေးဝါရောင် ကြယ်သီး ။. ဒီအရာတွေအားလုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အဖြေပေါ်နေခဲ့တာပဲလေ..။ ဒါပေါ့.. ဒီသက်သေအထောက်အထားလောက်နဲ့တင် လုံးဝ ကောက်ချက်ချဖို့ မလုံလောက်သေးပေမဲ့.. ဆန်နီ ကတော့ ဒါကို သေချာပေါက် ယုံကြည်နေခဲ့ပါတယ်..။
သူ့ရဲ့ အလိုလိုသိစိတ် ဒီလောက်အထိ ပြောပြနေတာ မဟုတ်ဘူးလား..။
LO49 ထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ဘယ်သူမှ ရောက်လာတော့မှာ မဟုတ်ပါဘူး..။
…ပြီးတော့ တယ်ရာ ကလည်း သံသယဖြစ်စရာမလိုဘဲ မကြာခင် သူတို့ဆီကို ဆင်းသက်လာတော့မှာပါ..။
ရုတ်တရက် အားကိုးရာမဲ့သွားသလို ခံစားလိုက်ရတာကြောင့်.. ဆန်နီ ဟာ တွေဝေနေတဲ့ မျက်ဝန်းတွေနဲ့ ခံတပ်ရဲ့ တံတိုင်းကြီးကို လှမ်းကြည့်လိုက်မိတယ်..။ လေပြင်းတွေရဲ့ အော်မြည်သံနဲ့အတူ အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့ပါတယ်..။ယင်းနောက်မှာတော့ သူက ငုံ့ကြည့်လိုက်ပြီး မျက်လုံးတွေကို မှိတ်ကာ ညည်းတွားလိုက်မိပါတယ်..။
“အား… ငါ တကယ် ပင်ပန်းနေပြီ…”
သူ့ကို ဒီလို တွေဝေနေတဲ့ အခိုက်အတန့်ကနေ ရုန်းထွက်ပြီး လှုပ်ရှားလာစေခဲ့တာကတော့ အအေးဒဏ်ကြောင့်ပါပဲ..။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ်.. သူက အရင်ဆုံး နွေးထွေးတဲ့ နေရာတစ်ခုခုကို သွားရပါလိမ့်မယ်..။
ပထမဆုံး ခြေလှမ်းမှာတင်.. သူက တံတိုင်းရဲ့ အပေါ်ကို ရောက်ရှိသွားခဲ့တယ်..။ ဒုတိယ ခြေလှမ်းမှာတော့.. သူက အခြေချစခန်းရဲ့ လမ်းမတစ်ခုပေါ်မှာ မတ်တပ်ရပ်နေခဲ့ပါပြီ..။ တတိယ ခြေလှမ်း အရောက်မှာတော့.. သူက
ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် အပါအဝင် သိပ္ပံပညာရှင်တစ်စု နေထိုင်နေကြတဲ့ သုတေသန ဓာတ်ခွဲခန်းရဲ့ ထောင့်တစ်နေရာမှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်..။
အဲဒီ အမျိုးသမီးငယ်ကပဲ သူ့ကို ပထမဆုံး သတိပြုမိသွားခဲ့တာပါ..။ သူမက ဒီမြင်ကွင်းကြောင့် အနည်းငယ် လန့်ဖျတ်သွားတဲ့ပုံပါပဲ..။
“…တက်ရောက်သူ ဆန်းလပ်စ်..။ ရှင် ဒီမှာ ဘာလုပ်နေတာလဲ…”
ဆန်နီ က သူမကို ကြည့်ပြီး ဖြူဖျော့တဲ့ အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ရတယ်..။
“ငါ့ကို ဂရုမစိုက်ပါနဲ့..။ ငါ အပြင်မှာ ခနလောက် ချမ်းသွားလို့ပါ…”
ထူးဆန်းစွာပဲ သူက ဘတ် ကို လေးလံနေတဲ့ အမူအရာနဲ့ စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့ပြီးမှ.. ခေါင်းကို ခါယမ်းလိုက်ပါတယ်..။
“ဘာပဲဖြစ်ဖြစ်.. ငါ အခု သွားတော့မယ်…”
ဆန်နီ အနေနဲ့ ဗန် ကို အရင်ဆုံး တွေ့ဖို့ လိုအပ်နေခဲ့တာပါ..။ သူက သူ့ကိုယ်သူ ခြောက်သွေ့အောင် လုပ်လိုက်ပြီးမှ.. သူ့ရဲ့ စိတ်ထဲမှာ ပိုမိုကျယ်လောင်လာတဲ့ အရေးပေါ် အချက်ပေးသံကို ခံစားရင်း လုံခြုံရေးဗဟိုဌာနဆီကို ပြန်သွားခဲ့ပါတယ်..။
အန္တရာယ်ရဲ့ အရင်းအမြစ်ကို မသိခဲ့ခင်တုန်းကတော့.. ဒါကို ရှာဖွေဖို့အတွက် ရက်အနည်းငယ်လောက် အချိန်ရသေးတယ်လို့
ဆန်နီ ထင်မှတ်ခဲ့တာပါ..။ ဒါပေမဲ့ အခုတော့ သူ မသေချာတော့ပါဘူး…။
သူ့ရဲ့ အလိုလိုသိစိတ်က သတိပေးနေတဲ့ ဘေးအန္တရာယ်ကြီး ကျရောက်လာဖို့အတွက်.. နာရီအနည်းငယ်သာ လိုတော့တာလည်း ဖြစ်နိုင်ပါတယ်..။
…ဒါမှမဟုတ် မိနစ်ပိုင်းတင် လိုတော့တာလည်း ဖြစ်နိုင်တာပါပဲ..။
......
“…ခင်ဗျား ကျုပ်ပြောတာကို နားမထောင်ဘူး…”
စက္ကန့်တွေ ကုန်ဆုံးသွားတာနဲ့အမျှ ဆန်နီ က ဗန် ကို စိုက်ကြည့်နေခဲ့တယ်..။ တောက်..တောက်.. တောက်..တောက်..။ စက္ကန့်တိုင်းမှာပဲ သူတို့ရဲ့ ကံကြမ္မာတွေ ပိတ်လှောင်ခံရဖို့ ပိုပြီး နီးကပ်လာနေခဲ့ပါပြီ..။ ဒါပေမဲ့လည်း ဒီ အရပ်ရှည်တဲ့
မာစတာ ကတော့ ခေါင်းမာနေဆဲပါပဲ..။
“ငါ နားထောင်နေပါတယ်…”
ဆန်နီ ဟာ စားပွဲခုံကို လက်သီးနဲ့ ထုရိုက်ချင်တဲ့ စိတ်ကို ထိန်းချုပ် ထားလိုက်ရတယ်..။
ဒီလိုလုပ်လိုက်ရင် စားပွဲခုံ ကျိုးပဲ့သွားပြီး ဆူညံသံတွေ အများကြီး ထွက်ပေါ်လာမှာ ဖြစ်သလို.. သူ့ရဲ့ ငြင်းခုန်မူ ကိုလည်း ဘယ်လိုနည်းနဲ့မှ အထောက်အကူပြုမှာ မဟုတ်ပါဘူး..။ ထပ်ပြောရရင်.. သူက အရမ်းကို ပင်ပန်းနေခဲ့တာကြောင့် ပရိဘောဂတွေကို လျှောက်ဖျက်ဆီးဖို့ အင်အား မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်..။
“ဒါဆိုလည်း သောက်ကျိုးနဲ မို့လို့ ဒီမှာ
ဘာမှမလုပ်ပဲ ထိုင်နေရတာလား.."
ဗန် က သက်ပြင်းချလိုက်တယ်..။
“ငါက ဘာလုပ်ရမှာလဲ…”
ဆန်နီ မျက်တောင်ခတ်လိုက်ပါတယ်..။
“လူတွေအကုန်လုံးကို အခု စုစည်း ပြီး.. ယာဉ်တွေပေါ် တင်ပြီးတော့.. ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်သွားရမှာပေါ့..။ဘာထပ်ရှိရဦးမှာလဲ..”
ဗန် က သူ့ကို အတော်ကြာ စိုက်ကြည့်နေခဲ့တယ်။. သူ့ရဲ့ မျက်မှောင်ကြုတ်မှုက ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်..။
“မင်းကို လေးစားတဲ့အနေနဲ့ ပြောရရင်တော့ ဆန်းလပ်စ်.. မင်း ပြောနေတာတွေက အဓိပ္ပာယ် မရှိဘူး ဖြစ်နေတယ်..။ အေရီယက်ဒ်နီ သင်္ဘောက ရောက်လာမှာ မဟုတ်ဘူးဆိုတာကို မင်းက ငါ့ကို နားချဖို့ ကြိုးစားနေတာပဲ..။ ဒါပေမဲ့ မင်းမှာရှိတဲ့ တစ်ခုတည်းသော သက်သေက မင်း..
ရေအောက်မှာ ရှာတွေ့ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့ သတ္တုအပိုင်းအစတစ်ခုပဲ ရှိတာလေ..။ မှောင်မိုက်တဲ့ကာလတွေ ပြီးကတည်းက သမုဒ္ဒရာထဲမှာ အမှိုက်သရိုက်တွေနဲ့ သင်္ဘောပျက်ဟောင်းတွေ ဘယ်လောက်တောင် ကျန်ရစ်ခဲ့လဲဆိုတာ ငါတို့နှစ်ယောက်စလုံး သိနေတာပဲ..။ အဲဒီ သံချပ်ကာ အပိုင်းအစက သံချေးတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ဘယ်နေရာကမဆို ရောက်လာနိုင်တာပဲလေ…”
ဆန်နီ က ဒေါသတကြီး ပြန်ပြောချင်ခဲ့ပေမဲ့.. သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်..။ ဗန် က သူ့ရဲ့ အခြေအမြစ်မရှိတဲ့ ယူဆချက်ကို သံသယဝင်တာက မမှားပါဘူး..။ ဘယ်လို ခေါင်းဆောင်ကောင်းမဆို ဒီလို အချက်အလက်မျိုးရဲ့ ခိုင်မာမှုကို မေးခွန်းထုတ်ကြမှာပါပဲ..။ ပြဿနာကတော့ ဗန် မှာ ဆန်နီလိုမျိုး ကံတရား ကြိုးမျှင် တွေနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေခွင့် မရတာပါပဲ..။ သူက ဆန်နီ လိုမျိုး အလိုလိုသိစိတ် မျိုးကို
မပိုင်ဆိုင်ထားပါဘူး..။
သူက ကံကြမ္မာကို မြင်နိုင်စွမ်းမရှိပေ..။
“နားထောင်… ဒါက ကျုပ်ရဲ့ အလိုလိုသိစိတ်က ပြောနေတာပဲ..။ ဒီမှာ ဆက်နေတာက ဆိုးဝါးတဲ့ အမှားတစ်ခု ဖြစ်လာလိမ့်မယ်…”
သို့ပေမဲ့လည်း ဗန် ကတော့ တုန်လှုပ်ခြင်း မရှိပဲ ရှိနေခဲ့တယ်..။ သူက ခနလောက် တွေးတောနေခဲ့ပြီးမှ ခေါင်းကို ခါယမ်းလိုက်ပါတယ်..။ သူ့ရဲ့ နောက်ထပ် စကားလုံးတွေက ယဉ်ကျေးသိမ်မွေ့နေပေမဲ့..လေးနက်တဲ့ ဖိအားတွေ ပါဝင်နေခဲ့ပါတယ်..။
“မင်း စိတ်ထဲက ခံစားချက် တစ်ခုတည်းနဲ့တော့.. ငါ လူပေါင်း တစ်ထောင်လေးရာရဲ့ အသက်ကို လောင်းကြေး မထပ်နိုင်ဘူး ဆန်းလပ်စ်…”
‘ချီး ဒီ စောက်ရူးကောင်..."
ဆန်နီ ဟာ စိတ်ပျက်စွာပဲ သက်ပြင်းချလိုက်မိတယ်..။
ဗန် က… အတွေ့အကြုံရှိတဲ့ အစိုးရအရာရှိတစ်ယောက်ပါ..။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုတောင်းပေမယ့်.. သူက စည်းကမ်းကြီးပြီး.. စနစ်တကျရှိကာ.. လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တတ်သူ တစ်ယောက်ဆိုတာ သိသာပါတယ်..။ သူက စစ်ဌာနချုပ်ဆီကနေ LO49 ကို အင်အားဖြည့်တင်းဖို့နဲ့ ရေတပ်ရဲ့ ကယ်ဆယ်ရေးကို စောင့်ဆိုင်းဖို့ အမိန့်ကို လက်ခံရရှိထားခဲ့တာပါ..။ ပြီးတော့ အဲဒါက သူ သေချာပေါက် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတဲ့ အရာလည်း ဖြစ်တယ်..။ အမိန့်တစ်ခုကို ဖောက်ဖျက်ဖို့ဆိုတာ သူ့အတွက် လွယ်ကူတဲ့အရာ မဟုတ်ပါဘူး..။ သူ့ရဲ့ စိတ်က လုံလောက်အောင် လိုက်လျောညီထွေမူ ရှိမနေခဲ့ပေ..။
“အနည်းဆုံးတော့ ကျုပ် မှန်နေနိုင်တယ်ဆိုတာကို ခင်ဗျား ဝန်ခံရမယ်လေ..။ ဒါကြောင့် ဒီမှာ ဆက်နေတာကလည်း လောင်းကြေးထပ်တာပဲ မဟုတ်ဘူးလား..။အခုချိန်မှာ ကျုပ်တို့တွေက လုပ်ထုံးလုပ်နည်းတွေရဲ့ ဘောင်အပြင်ဘက်ကို ရောက်နေကြပြီ ဗန်..။ တစ်ခါလောက်ပဲဖြစ်ဖြစ် ကိုယ်ပိုင်ဦးနှောက်နဲ့ မစဥ်းစားနိုင်တော့ဘူးလား…”
အဲဒီ နောက်ဆုံးစကားက အနည်းငယ် ရိုင်းစိုင်းသွားခဲ့ပေမဲ့လည်း ဗန် က သိပ်ပြီး တုံ့ပြန်ခြင်း
မရှိခဲ့ပါဘူး..။ သူက ထုံးစံအတိုင်း ဆန်နီကိုတည်ကြည်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပြီးမှ.. အကြည့်လွှဲလိုက်ကာ သက်ပြင်းချလိုက်တယ်..။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူက တိုးညင်းစွာ လာခဲ့ပါတယ်..။
“ဘာပဲဖြစ်ဖြစ် အဲတာတွေက အရေးမကြီးတော့ပါဘူး…”
ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။ ဒီစကားလုံးတွေက သူ့ကို အံ့အားသင့်သွားစေခဲ့တာပါ။
‘သူက ဘယ်လို ငရဲမျိုးကို ဆိုလိုတာလဲ..'
“..ဘာကိုလဲ…”
သက်ကြီးပိုင်း မာစတာ က ငုံ့ကြည့်လိုက်တယ်..။
“ဆန်းလပ်စ်…… ငါတို့တွေ စစ်ဌာနချုပ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ..။ မြောက်ပိုင်းက အခြေအနေက တော်တော်လေး ဆိုးရွားနေတယ်..။ ဘယ်လောက်အထိ ဆိုးလဲဆိုတာ ငါတို့ မသိရပေမဲ့.. တောင်တန်းတွေကို ဖြတ်ကျော်ပြီး လွတ်လွတ်လပ်လပ် သွားလာနေတဲ့ အိပ်မက်ဆိုး သားရဲတွေကိုကြည့်ရင် အခြေအနေက ဆိုးဝါးနေတာ သေချာတယ်..။ ငါတို့ နောက်ဆုံး ကြားသိခဲ့ရတာကတော့
တိုက်တန်တွေ အများကြီး ထွက်ပေါ်လာခဲ့တယ်ဆိုတာပဲ..။ ဝန်းရံခြင်း မြို့တော်တွေထဲက တစ်ခုလောက် ကျန်ရစ်နေသေးလားဆိုတာတောင် ငါတို့ မသိရတော့ဘူးလေ…”
သူ စကားပြောနေစဉ်မှာပဲ.. သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာက ပိုပိုပြီး နက်မှောင်လာခဲ့ပါတယ်.
“ဒီနေရာနဲ့ ပထမဆုံး ရွှေ့ပြောင်းကယ်ဆယ်ရေး တပ်မတော်ရဲ့ နောက်ဆုံးသိထားတဲ့ စခန်းအကြားက မြေမျက်နှာပြင်က ဝင်္ကပါတစ်ခုလိုပဲ..။ အမှောင်ထုထဲမှာလည်း ရေတွက်လို့မရတဲ့ သားရဲအုပ်ကြီးတွေ လှည့်လည်သွားလာနေကြသေးတယ်..။ ငါတို့ရဲ့ နည်းပညာတွေကလည်း အလုပ်လုပ်ဖို့ ခက်ခဲနေပြီ..။ ငါတို့ရဲ့ စစ်သားတွေအားလုံးကလည်း ပင်ပန်းနွမ်းနယ်နေကြပြီ ဒါမှမဟုတ် လဲပြိုလုနီးပါး ဖြစ်နေကြပြီလေ..။ ငါ ပြောချင်တာက.. တိုက်ခိုက်ရေးသမားမဟုတ်တဲ့ အရပ်သား ရာပေါင်းများစွာကို သယ်ဆောင်သွားမယ့် ယာဉ်တန်းဟာ ဒီခရီးစဉ်ကို အသက်ရှင်လျက် ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး..။ ငါတို့မှာ ကျန်ရှိနေတဲ့ ကာကွယ်ရေးအင်အားနဲ့တော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး…”
ဗန် က အံကို ကြိတ်လိုက်တယ်..။
“ဒီတော့ အေရီယက်ဒ်နီ သင်္ဘောက ရောက်လာတော့မှာ မဟုတ်ဘူးဆိုတဲ့ အကြံဉာဏ်ကို ငါ ငြင်းပယ်နေတာ မဟုတ်ဘူး..။ဒီသင်္ဘောက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေလို့ ဒီအကြံဥာဏ်ကို လက်ခံလိုက်လို့ မရတာပဲ.."
သူ့ရဲ့ စကားလုံးတွေက လုံခြုံရေးဗဟိုဌာနရဲ့ ငြိမ်သက်နေတဲ့ အခန်းထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။ဒါက ဆန်နီ ကို ပိုပြီးတော့တောင် အေးစက် သွားစေခဲ့ပါတယ်..။
အပိုင်း ( ၈၉၉ ) ပြီး၏။
အပိုင်း ( ၉၀၀ ) နောက်ပြန်မကြည့်နဲ့
လုံခြုံရေးဗဟိုဌာနရဲ့ အစည်းအဝေးခန်းထဲမှာတော့ လေးလံလှတဲ့ တိတ်ဆိတ်မှုတစ်ခုက လွှမ်းမိုးသွားခဲ့တယ်..။ နောက်ဆုံးမှာတော့ ဗန် ကပဲ ဒီတိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်ပါတယ်..။ သူက ကိုယ်ကိုမတ်လိုက်ရင်း ဆန်နီ ကို ကြည့်ကာ လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
“ငါ အကောင်းဆုံး လုပ်ပေးနိုင်တာကတော့.. ငါ့ရဲ့ နိုးထသူတွေထဲကနေ စေတနာ့ဝန်ထမ်း တောင်းဆိုဖို့ပဲ..။ စွန့်စားပြီး အိပ်ကြည့်ဖို့ပေါ့..။ သူတို့ထဲက တချို့က သေဆုံးသွားနိုင်ပေမဲ့.. တချို့ကတော့ အိပ်မက်နယ်မြေဆီကနေ သတင်းအချက်အလက်တွေနဲ့ ပြန်ရောက်လာနိုင်တယ်လေ..။ အဲ့ခါကျမှပဲ ငါတို့ ကုန်းလမ်းကနေ ရွှေ့ပြောင်းဖို့ကို ဆွေးနွေးကြတာပေါ့…”
ဆန်နီ ဟာ ဘာစကားမှမပြောဘဲ သူ့ကို စိုက်ကြည့်နေခဲ့မိတယ်..။ သူ့ရဲ့ ဒေါသတွေ အားလုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး.. အဲဒီအစား ပင်ပန်းနွမ်းနယ်မှု.. နောင်တရမှုနဲ့ ခါးသီးတဲ့ မကျေနပ်မှု အရိပ်အယောင်တွေသာ ကျန်ရစ်ပါတော့တယ်..။
‘အကုန် ချီးတွေ ဖြစ်ကုန်ပြီ…’
တကယ်လို့ ဗန် က အိပ်မက်ကမ္ဘာထဲကို စေတနာ့ဝန်ထမ်းတွေ တကယ်လွှတ်ခဲ့တယ် ဆိုရရင်တောင်.. ဒါက တချို့လူတွေအတွက် ပြန်လမ်းမရှိတဲ့ ခရီးစဉ် ဖြစ်မှန်း သိနေရင်တောင်မှ… သူတို့ ပြန်ရောက်လာဖို့က ရှစ်နာရီလောက် ကြာဦးမှာပါ..။ မြောက်ပိုင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိရရင် ဆန်နီ အတွက် အများကြီး အထောက်အကူ ဖြစ်မှာ အသေအချာပါပဲ။
ဒါပေမဲ့.. ရှစ်နာရီဆိုတာက အရမ်းကို ကြာလွန်းပါတယ်..။
သူ့ရဲ့ စိတ်ထဲမှာ တိုးပွားလာတဲ့ ထိတ်လန့်မှုက အသက်ရှူကြပ်သလိုတောင် ဖြစ်နေခဲ့ပါပြီ..။ သူတို့မှာ အချိန် ရှစ်နာရီ မပြောနဲ့.. ရှစ်မိနစ်တောင် ကျန်သေးရဲ့လား မသိတော့ပါဘူး။
“အချိန်မရှိတော့ဘူး..။ ခင်ဗျား ဒီလို လုပ်လို့မရဘူး…”
ဗန် က စားပွဲခုံကို မှီလိုက်ပြီး မျက်လုံးတွေကို ခနလောက် မှိတ်ထားလိုက်တယ်..။ သူ့ရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ သိဖို့ခက်ခဲပေမဲ့..
ဆန်နီ ကတော့ ဒီခေါင်းမာတဲ့ အရာရှိကို သူ နားချနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို တစ်နည်းနည်းနဲ့ သိနေခဲ့ပါတယ်..။
သူ့ရဲ့ နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့တယ်..။
‘အာ.. ဒီခံစားချက်..။ ဒီလို ခါးသီးတဲ့ ခံစားချက်မျိုးကို ငါ မခံစားရတာ အတော်လေး ကြာသွားပြီ ထင်တယ်…’
အဲ့အချိန်မှာပဲ ဗန် က ရုတ်တရက် ပြောလာခဲ့ပါတယ်..။
“…ကြီးမားတဲ့ ယာဉ်တန်းကြီးကတော့ ဒီခရီးစဥ်ကို ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး..။ ဒါပေမဲ့ ကြံ့ခိုင်သန်မာတဲ့ ယာဉ်တစ်စီးတည်းဆိုရင်တော့ သေချာပေါက် ဖြစ်နိုင်ခြေ ရှိတယ်…”
ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။ ပင်ပန်းလွန်နေတာကြောင့်လား မသိပေမယ့်.. သူ့အနေနဲ့ ဗန် ဘာကို ဆိုလိုလဲဆိုတာ ချက်ချင်း သဘောမပေါက်နိုင် ဖြစ်နေခဲ့ပါတယ်။
“ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ…”
အသက်ကြီးတဲ့မာစတာ က သူ့ကို ကြည့်ပြီး ထူးဆန်းတဲ့ တည်ငြိမ်မှုနဲ့အတူ ပခုံးတွန့်ပြလိုက်တယ်..။
“ငါ ဆိုလိုတာက ငါတို့တွေ ဥတွေအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ ထည့်ထားစရာ မလိုဘူးလို့ ပြောတာ..။ မင်းရဲ့ မစ်ရှင်က ဒီစခန်းမှာရှိတဲ့ လူတိုင်းကို ကာကွယ်ဖို့ မဟုတ်ဘူးလေ ဆန်းလပ်စ်..။ ငါ့ရဲ့ တာဝန်နဲ့ မတူဘူးပေါ့..။ မင်းရဲ့ မစ်ရှင်က သတ်မှတ်ထားတဲ့ အရေးကြီး ပစ်မှတ်တစ်ခုကို ကယ်ဆယ်ဖို့ပဲလေ..။ ဒါပေမဲ့ ငါတို့နှစ်ယောက်စလုံးကတော့ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံး ဖြစ်အောင် ထမ်းဆောင်ကြရမှာပဲ..။ ဒါကြောင့်… ပရော်ဖက်ဆာ အိုဘယ် ကို ခေါ်သွားပါ..။ မင်းရဲ့ ရိုင်နို ယာဉ်ပေါ်ကို လူတင်ပြီး အခုချက်ချင်း ထွက်သွားလိုက်ပါတော့..။ ဒီလိုဆိုရင် မင်းရဲ့ ယူဆချက်က မှန်နေခဲ့ရင်တောင်မှ.. လူသားမျိုးနွယ်အတွက်… လုံးဝ ဆုံးရှုံးသွားတာမျိုး မရှိနိုင်တော့ဘူးပေါ့…”
ဒီစကားတွေထဲမှာ ပြောလိုက်တဲ့ အရာတွေ အများကြီး ရှိသလို.. မပြောဘဲ ချန်ထားခဲ့တဲ့ အရာတွေလည်း အများကြီး ရှိနေခဲ့ပါတယ်..။ ဒါပေမဲ့ တချို့ စကားလုံးတွေကိုတော့ အကျယ်ကြီး ထုတ်ပြောနေဖို့ မလိုအပ်ပါဘူး..။ မာစတာ နှစ်ယောက်စလုံးက စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့ကြတယ်။.. သူတို့ကြားမှာ တိတ်ဆိတ်နေတဲ့ နားလည်မှုတစ်ခု ရှိသွားခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ ဆန်နီ့ ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး..
“ကျုပ်ကတော့ ခင်ဗျား မှားနေတုန်းပဲလို့ ထင်တယ်..။ လူတွေက မကြိုးစားကြည့်မချင်း ဘယ်အရာက ဖြစ်နိုင်ပြီး ဘယ်အရာက မဖြစ်နိုင်ဘူးလဲဆိုတာ မသိနိုင်ကြဘူး..။ ကောင်းပြီလေ… အနည်းဆုံးတော့ ကျုပ်ရဲ့ ဘဝမှာတော့ အဲလိုမျိုး ခနခန ဖြစ်ခဲ့ဖူးတယ်…”
ဗန် က ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်ပါတယ်..။
“ဒါဆိုလည်း ငါ မှားနေတယ်ဆိုတာကို သက်သေပြလိုက်စမ်းပါ ဆန်းလပ်စ်..။ မင်းကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်…”
ဆန်နီ မျက်နှာပျက်သွားခဲ့ပြီး စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့ပြီးမှ.. လှည့်ထွက်လာခဲ့တယ်..။ ခနအကြာမှာတော့ သူက အခန်းထဲကနေ ပျောက်ကွယ်သွားခဲ့ပါပြီ..။
သူ့မှာ ထပ်ပြောစရာ စကားမရှိတော့သလို.. ဖြုန်းစရာ အချိန်လည်း မရှိတော့ပါဘူး.။
သူ့မှာ အချိန် လုံးဝ မရှိတော့ပေ..။
ကြောက်မက်ဖွယ်ကောင်းတဲ့ အရေးပေါ် ခံစားချက်တစ်ခုကို ခံစားနေရတာကြောင့်.. ဆန်နီ ဟာ အရိပ်ခြေလှမ်း ကို အသုံးပြုပြီး သုတေသနဗဟိုဌာနရဲ့ အတွင်းထဲမှာ တိုက်ရိုက် ပေါ်လာခဲ့တယ်..။ ဒီတစ်ကြိမ်မှာတော့ ဘတ် က သူ့ကို မြင်ပြီး ပိုလို့တောင် အံ့အားသင့်သွားခဲ့ရပါတယ်..။
“ရှင်က… နေဦး.. မဖြစ်နိုင်တာ..။ မာစတာ ဆန်းလပ်စ်.. ရှင်က ကျမကို အပျော်သဘောနဲ့ လျှောက်လှန့်နေတာတော့ မဟုတ်ပါဘူးနော်…”
သူက ခေါင်းခါပြလိုက်ပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်..။ ပြီးတာနဲ့ အမျိုးသမီးငယ်ကို အနား တိုးလာဖို့ လက်ဟန်ပြလိုက်ပါတယ်..။ သူ ပြောရမယ့် စကားတွေက တခြားလူတွေရဲ့ နားထဲကို မဝင်စေဖို့ လိုအပ်တာကြောင့်ပါ။
ဘတ် က မျက်မှောင်ကျုတ်လိုက်ရင်း ပရော်ဖက်ဆာ အိုဘယ် ရဲ့ အနားကနေ ထွက်ခွာလာပြီး သူ မတ်တပ်ရပ်နေတဲ့ နေရာဆီ လျှောက်လာခဲ့တယ်..။ ဆန်နီ က သူမရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး အနားက အခန်းတစ်ခန်းထဲကို
အားမနာပဲ ဆွဲခေါ်သွားခဲ့ပါတယ်..။
"ရှင်...ရှင် ဘာသောက်ကျိုးနဲ တွေ လုပ်နေတာလဲ…”
သူက တံခါးကို ပိတ်လိုက်ပြီး လှည့်ကြည့်လိုက်တယ်..။ သူ့ရဲ့ ချောက်ကပ်ပြီး ရူးသွပ်ဖွယ် ဖြစ်နေတဲ့ မျက်ဝန်းတွေကြောင့် ဘတ် တစ်ယောက် တုန်လှုပ်သွားခဲ့ရပါတယ်..။
“တိတ်တိတ်နေပြီး နားထောင်..။ အစီအစဉ်တွေ က ပြောင်းသွားပြီ…”
အရာအားလုံးကို အသေးစိတ် ရှင်းပြနေဖို့ အချိန်မရှိတာကြောင့်.. ဆန်နီ က လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုပဲ သူမကို ပြောပြလိုက်တယ်..။ ပရော်ဖက်ဆာ က အန္တရာယ်ရှိနေပြီး အခုချက်ချင်း ရွှေ့ပြောင်းရမယ်ဆိုတဲ့ အချက်ပါပဲ..။ ဒီလို ရုတ်တရက် သိလိုက်ရတဲ့ အမှန်တရားက လက်ခံဖို့ ခက်ခဲလှပါတယ်။.. တကယ်လို့ ဘတ် က ချက်ချင်း နားမထောင်ဘဲ ငြင်းဆန်နေရင် အသက်အန္တရာယ်ရှိလောက်တဲ့အထိ နှောင့်နှေးသွားနိုင်တာပါ..။ ဒါကြောင့် ဆန်နီ က သူမရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေတဲ့ တန်ဖိုးထားမှုတွေကို အသုံးချပြီး စကားလုံးတွေကို စီစဉ်လိုက်တယ်..။ အဲဒါကတော့ အဖိုးအိုအပေါ် ထားရှိတဲ့ သစ္စာစောင့်သိမှုနဲ့ သူ့ကို အသက်ရှင်စေချင်တဲ့ ဆန္ဒပါပဲ..။
ဘတ် ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
“ဒါပေမဲ့… ဒါပေမဲ့ ဘာလို့ ကျမဆီ လာရတာလဲ..။ ပရော်ဖက်ဆာ့ဆီ တိုက်ရိုက် သွားမပြောပဲ…”
“ပရော်ဖက်ဆာ အိုဘယ် က မြင့်မြတ်တဲ့လူတစ်ယောက်လေ..။ သူက ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့အတွက် သူ့လူတွေကို ထားပစ်ခဲ့ဖို့ ဝန်လေးနေလိမ့်မယ်…။ ဒါကြောင့် မင်းက သူ့ကို နားချပေးဖို့ လိုတယ်..။ မြန်မြန်လုပ်..။ ဘာပဲဖြစ်ဖြစ် မင်းက သူ့ကို အသိဆုံးပဲ မဟုတ်လား…”
အမျိုးသမီးငယ်ကတော့ အခုထိ သဘောမပေါက်နိုင်သေးပါဘူး..။
“ဒါပေမဲ့… ဒါပေမဲ့ ကျမတို့က လူတွေအကုန်လုံးကို တစ်ခါတည်း ခေါ်သွားလို့ မရဘူးလား…”
သူမရဲ့ အသံက တိုးညင်းနေခဲ့ပါတယ်..။
ဆန်နီ က သူမကို လေးနက်စွာ စိုက်ကြည့်လိုက်တယ်..။ဒါက သူ လုံးဝ လုပ်လို့မရတဲ့ အရာတစ်ခုဆိုတာ သိနေပြီးသားပါ။
“ကျုပ်ရဲ့ ယာဉ်က လူအများကြီး မဆန့်ဘူး..။ ကဲ.. သွားပြီး ကျုပ်ပြောတာကို လုပ်တော့..။ ကျုပ်တို့ ဖြုန်းတီးပစ်လိုက်တဲ့ မိနစ်တိုင်းက သေခြင်း ..ရှင်ခြင်း ကို အဆုံးအဖြတ်ပေးသွားနိုင်တယ်…”
ဘတ် က ခေါင်းညိတ်ပြလိုက်ပြီး.. ဖြည်းဖြည်းချင်း လှည့်ထွက်သွားခဲ့တယ်..။ သူမရဲ့ ဓာတ်ခွဲခန်းဝတ်စုံကို ပြန်ပြင်ဝတ်ရင်း အခန်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်..။
ဆန်နီ ဟာ ပွင့်နေတဲ့ တံခါးအက်ကြောင်းထဲကနေတစ်ဆင့် ပရော်ဖက်ဆာ့ကို ဝိုင်းအုံနေကြတဲ့ သိပ္ပံပညာရှင်တွေကို လှမ်းကြည့်လိုက်ပြီး..ရှက်ရွံ့စွာပဲ အကြည့်လွှဲလိုက်မိပါတယ်..။ သို့ပေမဲ့ ဒီလို စိတ်အလိုလိုက်မိတဲ့ ခံစားချက်က စက္ကန့်ပိုင်းသာ ခံခဲ့ပါတယ်..။
သူ့မှာ နောင်တရနေဖို့လည်း အချိန်မရှိပါဘူး..။
ဆန်နီဟာ ဝိညာဉ်အဆီအနှစ် ကုန်ဆုံးမှာကို ဂရုမစိုက်တော့ဘဲ အရိပ်တွေကို ဖြတ်သန်းပြီး သွားလာနေခဲ့တယ်။.. မကြာခင်မှာပဲ ရိုင်နို ရဲ့ အနားမှာ ပေါ်လာခဲ့ပါတယ်..။ ယာဉ်ရဲ့ အတွင်းထဲမှာ အရိပ်သုံးခု ရှိနေတာကို သူ အာရုံခံနိုင်သလို.. လူစတာ.. ကင်မ် နဲ့ ချီတင် တို့ကတော့ ယာဉ်ရဲ့ အရှေ့မှာ မတ်တပ်ရပ်နေကြတာ မြင်နေရပါတယ်။
သူ့ကို မြင်လိုက်ရတဲ့ အခါမှာတော့ သူတို့က ကိုယ်ဟန်အနေအထားကို ချက်ချင်း ပြင်လိုက်ကြတယ်..။
“ကပ္ပတိန်.. ဆျာ..။ ဟို… ဆျာ ခိုင်းတဲ့အတိုင်း ကျွန်တော် လုပ်ထားပါတယ်…”
ဆန်နီ က လူစတာ ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်..။
“သွားပြီး စက်နှိုးတဲ့ လုပ်ငန်းစဉ်ကို စတင်လိုက်တော့..။ ရိုင်နို ကို အချိန်မရွေး ထွက်ခွာနိုင်တဲ့ အနေအထားမှာ ရှိနေစေချင်တယ်…”
လူငယ်လေးရဲ့ မျက်လုံးတွေက ဝိုင်းစက်သွားခဲ့ပေမဲ့.. ဘာမေးခွန်းမှ မမေးဘဲ ယာဉ်တံခါးပေါက်ထဲကို အလျင်အမြန် ဝင်ရောက်သွားခဲ့ပါတယ်..။ ဆန်နီ.. ကင်မ် နဲ့ ချီတင် တို့သာ စူးရှလှတဲ့ အအေးဒဏ်ထဲမှာ ကျန်ရစ်ခဲ့ကြတယ်..။
သူ့ရဲ့ နှလုံးခုန်သံတွေက ရူးသွပ်စွာ မြန်နေတာကို ခံစားရင်း ဆန်နီ က ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိတယ်..။
ကောင်းကင်ကြီးတစ်ခုလုံးကို အဖြူရောင် မြူနှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါပြီ..။
‘…မုန်တိုင်းက ပြန်စနေပြီပဲ…’
အဲ့အချိန်မှာပဲ ချီတင် က သတိထားရင်းနဲ့ လှမ်းမေးလာခဲ့ပါတယ်..။
“ကပ္ပတိန်… အားနာပါတယ်.. ဒါပေမဲ့ အတိအကျ ဘာတွေ ဖြစ်ပျက်နေတာလဲ ပြောလို့ရမလား…”
သူက ဒီ ရဲရင့်တဲ့ ကုသသူ ကို တစ်ချက်ကြည့်လိုက်တယ်..။
“ငါတို့တွေ ထွက်သွားတော့မယ်…”
သူ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်စလုံး ထိပ်လန့် သွားခဲ့ရတယ်..။
“ထွက်ခွာမယ်..။ အခုချက်ချင်းလား..။ ဒါပေမဲ့… ဘာလို့လဲ…”
ဆန်နီ အဖြေပေးဖို့ ခနလောက် တုံ့ဆိုင်းနေခဲ့မိတယ်..။
“ဘာလို့လဲဆိုတော့ ငါတို့မှာ အရေးကြီးပစ်မှတ်ကို အသက်ရှင်အောင် ထိန်းသိမ်းဖို့ အမိန့်ရှိထားလို့ပဲ…”
ဒီစကားက သူတို့ကို မေးခွန်းတွေ ဆက်မမေးအောင် တားဆီးလိုက်ပုံရပါတယ်..။
တစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီး.. နောက်ထပ် တစ်မိနစ်လည်း ထပ်မံ ကုန်ဆုံးသွားခဲ့ပြန်တယ်..။ သူ့ရဲ့ သွေးကြောတွေထဲမှာတော့ စစ်ပွဲအလယ်ခေါင် ရောက်နေသလိုမျိုး အဒရီနယ်လင်တွေ ပွက်ပွက်ဆူနေခဲ့ပါပြီ..။ အချိန်တွေက ခရုတစ်ကောင်လို နှေးကွေးစွာ ကုန်ဆုံးနေခဲ့ပြီး.. အကြောင်းပြချက် တစ်ခုခုကြောင့် ဆန်နီ ဟာ သူကိုယ်သူ လည်ဖြတ်စက် ပေါ်မှာ ဓားသွား ကျလာမယ့် အချိန်ကို စောင့်ဆိုင်းနေရသလိုမျိုး ခံစားနေခဲ့ရတယ်..။
‘မြန်မြန်လျှောက်ကြစမ်းပါ.. ချီးတဲ့မှပဲ’
သူ့ရဲ့ အလိုလိုသိစိတ်တွေက LO49 ကနေ အခုချက်ချင်း ထွက်ခွာဖို့ အော်ဟစ်တောင်းဆိုနေခဲ့ပါတယ်..။
နောက်ဆုံးမှာတော့..အဖြူရောင် မြူနှင်းတွေထဲကနေ ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့တယ်..။ ပရော်ဖက်ဆာ အိုဘယ် ဟာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ မျက်နှာနဲ့ တောင့်တောင့်ကြီး လျှောက်လာနေခဲ့တာပါ..။ ဘတ် က သူ့ကို တွဲပေးထားသလို အိတ်အသေးလေးတစ်လုံးကိုလည်း သယ်ဆောင်ထားခဲ့တယ်..။
အဖိုးအိုက ဆန်နီရဲ့ အနားမှာ ရပ်လိုက်ပြီး တည်ကြည်တဲ့ အမူအရာနဲ့ စိုက်ကြည့်လာခဲ့ပါတယ်..။ သူက စကားပြောဖို့ တုံ့ဆိုင်းနေခဲ့ပုံပါပဲ..။
“လူငယ်လေး… မင်းက ငါတို့ကို အခု ခေါ်ထုတ်သွားတော့မယ်လို့ ကြားတယ်…”
ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်..။
“ဟုတ်ပါတယ် ပရော်ဖက်ဆာ..။ကျေးဇူးပြုပြီး အထဲကို ဝင်လိုက်ပါ..။ မြန်မြန်..ကျွန်တော် နောက်မှ ရှင်းပြပါ့မယ်…”
သူတို့တွေ ရိုင်နို ထဲကို ဝင်ရောက်သွားခဲ့ကြပြီး တံခါးကို ပိတ်လိုက်ကြတယ်..။ ဘတ် က ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လှည့်ကြည့်နေစဉ်မှာပဲ.. လူစတာ က ကြီးမားထုထည်လှတဲ့ ယာဉ်ကြီးကို စတင် မောင်းနှင်လိုက်ပါတော့တယ်..။
ကင်းသမားတွေကိုတော့ ဗန် က ကြိုတင် အကြောင်းကြားထားပြီးသား ဖြစ်တာကြောင့်.. သူတို့က တံခါးကို ဖွင့်ပေးခဲ့ကြပြီး အထူးတပ်ဖွဲ့ တွေကို ဖြတ်သန်း မောင်းနှင်ခွင့် ပြုခဲ့ကြတယ်..။
…ဆန်နီဟာ နောက်ဆုံးစက္ကန့်အထိ တစ်စုံတစ်ခု ဆိုးဆိုးရွားရွား မှားယွင်းသွားလိမ့်မယ်လို့ သေချာပေါက် ထင်နေခဲ့တာပါ..။ ဒါပေမဲ့လည်း တစ်နည်းနည်းနဲ့ပဲ ဘာမှ မဖြစ်ခဲ့ကြပေ။
ရိုင်နို ဟာ ခံတပ်ကြီးကနေ မောင်းထွက်လာခဲ့ပြီး.. အပြင်ဘက်မှာ ရပ်တန့်ထားတဲ့ ရွှေ့ပြောင်းယာဉ်တန်းကြီးကို ဖြတ်ကျော်ကာ နှင်းမုန်တိုင်းရဲ့ ဖြူဖွေးနေတဲ့ တံတိုင်းကြီးထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါတော့တယ်..။ စခန်းရဲ့ မီးရောင်တွေ မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ အချိန်ကျမှပဲ.. ဆန်နီ ဟာ စိတ်သက်သာရာရမှုကို ခံစားလိုက်ရတယ်..။
သူက နောက်ဘက်က နံရံပေါ်ကို မှီချလိုက်တယ်။… မဟုတ်ဘူး.. ဒါက လဲကျသွားသလို ဖြစ်သွားခဲ့တာပါ။ပြီးတာနဲ့.. တုန်ရီစွာပဲ သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်မိပါတယ်..။
‘ငါတို့ လွတ်လာပြီ..။ အချိန်မီ လွတ်လာခဲ့ပြီ…’
သူ့ဆီကို ဦးတည်နေတဲ့ ရှုပ်ထွေးပြီး စိုးရိမ်ပူပန်နေတဲ့ အကြည့်တွေ အများကြီး ရှိနေခဲ့ပေမဲ့လည်း ဆန်နီ ကတော့ နှုတ်ဆိတ်နေခဲ့မိတယ်..။ ဖြည်းဖြည်းချင်းပဲ ရိုင်နို နဲ့ LO49 ကြားက အကွာအဝေးက ပိုမို ကြီးမားလာခဲ့ပါတယ်..။ တစ်ကီလိုမီတာ..နောက်ထပ် တစ်ကီလိုမီတာ… အဲဒီနောက်မှာတော့ တစ်ဆယ်ကီလိုမီတာမက ဝေးကွာသွားခဲ့ပါပြီ..။
သူတို့တွေ အဲဒီနေရာကို နောက်မှာ ထားရစ်ခဲ့ကြပါပြီ..။
.........
အချိန် အတော်ကြာပြီးတဲ့နောက်မှာတော့.. ကြီးမားလှတဲ့ ယာဉ်ကြီးက သမုဒ္ဒရာကမ်းခြေနဲ့ တောင်တန်းတွေကို ပိုင်းခြားထားတဲ့ ကမ်းရိုးတန်းလွင်ပြင်ရဲ့ တစ်ဝက်လောက်ကို ဖြတ်သန်း လာနိုင်ခဲ့တယ်။.. ဆန်နီ ဟာ လူစတာ ကို ယာဉ်ရပ်ဖို့ အမိန့်ပေးလိုက်ပြီး. အမှောင်ကာလတွေတုန်းက ကျန်ရစ်ခဲ့တဲ့ စစ်လက်နက် စက်ယန္တရားကြီးရဲ့ အကြွင်းအကျန်တွေကြားထဲမှာ ရိုင်နို ကို ဝှက်ထားခိုင်းလိုက်ပါတယ်..။
သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး မိနစ်အနည်းငယ်လောက် အာရုံစူးစိုက်လိုက်တယ်..။ သူ့ရဲ့ အရိပ်တွေကတော့ ပတ်ပတ်လည်မှာအိပ်မက်ဆိုး သားရဲတွေ စောင့်ဆိုင်းနေတာမျိုး မရှိတာ သေချာအောင် စစ်ဆေးပေးခဲ့ကြပါတယ်..။
ယင်းနောက်မှာတော့ ဆန်နီ ဟာ အသက်ကို ဝအောင် ရှူလိုက်ပြီး
“ဒီနေရာမှာ ခေါ်သံ က သိပ်မပြင်းထန်တော့ဘူး..။ အခြေအနေက အစိမ်းရောင် အဆင့်မှာလို့ ပြောလို့ရတယ်။.. ဒါကြောင့်… ဂုဏ်ယူပါတယ် ကောင်လေးတို့..။ မင်းတို့တွေ နောက်ဆုံးတော့ အနားယူလို့ ရပြီ…”
စိတ်မသက်မသာဖြစ်မှုတွေနဲ့ သံသယတွေ ရှိနေခဲ့ပေမဲ့လည်း.. သူ့ရဲ့ စစ်သည်တွေက ဒီစကားကို ကြားပြီး စိတ်လှုပ်ရှားစွာနဲ့ တုံ့ပြန်ခဲ့ကြပါတယ်..။ သူတို့တွေကလည်း ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အားအင် ကုန်ဆုံးမှုတွေကြောင့် လဲပြိုလုနီးပါး ဖြစ်နေခဲ့ကြတာပါပဲ..။
“လူစတာ.. ကင်မ် နဲ့ ဒွန်း..။ မင်းတို့ သုံးယောက် အရင်အိပ်ကြ..။ ကျန်တဲ့ သုံးယောက်ကတော့ ဧည့်သည်တွေကို စောင့်ရှောက်ပေးလိုက်…”
သူတို့တွေ ခေါင်းညိတ်လိုက်ကြပြီး ကိုယ့်တာဝန်ကိုယ် သိနေခဲ့ကြတယ်။
“ဟုတ်ကဲ့ပါ ဆျာ..။ ဒါပေမဲ့… ဟို… ကပ္ပတိန်
ကရော…”
ဆန်နီ က ဘယ်လီ ကို နက်မှောင်တဲ့ အမူအရာနဲ့ လှမ်းကြည့်လိုက်တယ်..။
“…ငါ လုပ်စရာ အလုပ်တစ်ခု ရှိသေးတယ်…”
သူက ထွက်ပေါက် တံခါးဆီကို ဦးတည်လိုက်ပါတယ်..။ ဘတ် က မေးခွန်းတစ်ခုနဲ့အတူ သူ့လမ်းကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမဲ့.. သူက သူမကို စိုက်ကြည့်လိုက်တာကြောင့် အမျိုးသမီးငယ်လေးက ရုတ်တရက် နောက်ဆုတ်သွားခဲ့တယ်..။
ဆန်နီ ရိုင်နို ထဲကနေ ထွက်လာပြီးနောက် နှင်းမုန်တိုင်းထဲကို လမ်းလျှောက်သွားခဲ့ပြီးမှ အိပ်မက်ဆိုး မြင်း ကို ဆင့်ခေါ်လိုက်ပါတယ်..။ သူ့ရဲ့ သစ္စာရှိတဲ့ မြင်းက အရိပ်တွေထဲကနေ ပေါ်ထွက်လာခဲ့တယ်။.. သူ့ရဲ့ မျက်လုံးတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင်
အနီရောင် မီးတောက်တွေနဲ့ တောက်ပနေခဲ့ပါတယ်..။ဆန်နီ ကုန်းနှီးပေါ်ကို ခုန်တက်လိုက်ပြီးတာနဲ့ နှင်းတွေထဲကို အရှိန်အဟုန်နဲ့ ဒုန်းစိုင်းမောင်းနှင်သွားခဲ့ပါတော့တယ်..။
ဒါပေါ့.. သူက စောင့်ကြည့်ဖို့အတွက် ရိုင်နို ရဲ့ အနားမှာ အရိပ်တစ်ခုတော့ ထားရစ်ခဲ့ပါသေးတယ်။
အခုအချိန်မှာ သူ့ရဲ့ အရိပ်ကို ထိန်းချုပ်နိုင်တဲ့ အကွာအဝေးက ဆယ့်သုံးကီလိုမီတာမက ကျော်လွန်နေခဲ့ပြီ ဖြစ်ပါတယ်..။ ဒါက ရိုင်နို နဲ့ LO49 ကြားက လက်ရှိအကွာအဝေးရဲ့ ထက်ဝက်နီးပါးလောက် ရှိနေခဲ့တာပါ..။
သူက တောင်ဘက်ဆီကို ပြန်လည် ဒုန်းစိုင်းစီးနင်းနေခဲ့ပြီး.. စူးရှလှတဲ့ လေပြင်းဒဏ်ကနေ ကာကွယ်ဖို့အတွက် ထာဝရချိန်း ရဲ့ ခေါင်းစွပ်ကို ဆင့်ခေါ်လိုက်ပါတယ်..။ သူ့ရဲ့ အရိပ်အာရုံက အပြင်ဘက်ကို ဖြန့်ကျတ်သွားခဲ့ပြီး.. ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းထဲမှာ အသုံးမဝင်တော့တဲ့ အမြင်အာရုံ နေရာမှာ အစားထိုးလိုက်တယ်..။
အရိပ်ထိန်းချုပ်မူ အကွာအဝေးရဲ့ အစွန်းဆုံးနေရာမှာ ရပ်တန့်လိုက်ရင်း ဆန်နီ ဟာ ကုန်းနှီးပေါ်မှာပဲ ရှိနေကာ.. နောက်ထပ် အရိပ်တစ်ခုကို ရှေ့ကို စေလွှတ်လိုက်ပါတယ်..။ အရိပ်က တောင်ဘက်အရပ်ကို အံ့ဩစရာ အမြန်နှုန်းနဲ့ ထွက်ခွာသွားခဲ့ပြီး.. နောက်ဆုံးမှာတော့ စခန်းရဲ့ တံတိုင်းတွေဆီကို ရောက်ရှိသွားခဲ့တယ်..။
တံတိုင်းတွေပေါ်မှာတော့ ကြောက်မက်ဖွယ် ကောင်းတဲ့ အမြှောက် မျှော်စင်တွေ ရှိနေခဲ့ပြီး.. အားကောင်းလှတဲ့ မီးမောင်းကြီးတွေက ခံတပ်ရဲ့ ပတ်ပတ်လည်ကို အလင်းရောင်တွေနဲ့ လွှမ်းခြုံထားခဲ့ပါတယ်။.. ကျယ်ပြန့်တဲ့ အလင်းတန်းကြီးတွေထဲမှာ နှင်းပွင့်လေးတွေက ကခုန်နေသလို ဖြစ်နေကြတယ်..။ လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းက ရိုင်နို ထွက်ခွာခဲ့တဲ့ တံခါးကြီးတွေကတော့ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့ပါပြီ..။ တံခါးအရှေ့မှာတော့ ရွှေ့ပြောင်းယာဉ်တန်းကြီးက နှင်းတွေဖုံးလွှမ်းလျက် ရပ်တန့်နေခဲ့တယ်။ သူတို့ရဲ့ မူလ ရည်ရွယ်ချက်ကတော့ အချိန်အတော်ကြာ ကတည်းက မေ့ပျောက်ခြင်း ခံထားရသလိုမျိုးပါပဲ..။
နှင်းမုန်တိုင်းက ကမ္ဘာကြီးကို ဖုံးကွယ်ထားတဲ့ အချိန်မှာပဲ.. သူ ပထမဆုံး ရောက်ရှိလာခဲ့စဉ်ကလိုမျိုး.. ဆန်နီ့ စိတ်ထဲမှာ ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွားခဲ့ရတယ်..။ စခန်းတစ်ခုလုံးက လူသူကင်းမဲ့နေပြီး လမ်းမတွေပေါ်မှာတော့ တစ္ဆေတွေသာ လှည့်လည်နေသလိုမျိုး ခံစားချက်ပါပဲ..။
…သို့ပေမဲ့.. ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ကြောက်ရွံ့မှုက အမှန်တကယ် ဖြစ်နေခဲ့ပါတယ်..။
တံတိုင်းတွေပေါ်မှာ ကင်းစောင့်နေတဲ့လူ တစ်ယောက်မှ မရှိတော့ပေ..။ လူသူကင်းမဲ့နေတဲ့ လမ်းမတွေပေါ်မှာလည်း စစ်သားတွေ ကင်းလှည့်မနေကြတော့ပါဘူး..။ အဆောက်အဦးတွေက အလွတ်ကြီး ဖြစ်နေခဲ့ပြီး.. ဖန်သားပြင်တွေပေါ်မှာတော့ ဖျော်ဖြေရေး အစီအစဉ်တွေ ပြသနေဆဲ ဖြစ်ကာ.. ပန်းကန်တွေပေါ်မှာ အစားအစာတွေ ကျန်ရစ်နေခဲ့ပြီး.. ခွက်တွေထဲက ကော်ဖီတွေကလည်း အေးစက်နေခဲ့ပါပြီ..။
ဒါပေမဲ့.. လူတွေတော့ မရှိကြတော့ပါဘူး..။
သုတေသန ဓာတ်ခွဲခန်းထဲမှာလည်း သိပ္ပံပညာရှင်တွေ မရှိတော့သလို.. လုံခြုံရေးဗဟိုဌာနထဲမှာလည်း အရာရှိတွေ မရှိကြတော့ပေ..။ အလုပ်လုပ်နေဆဲ ဖြစ်တဲ့ လုံခြုံရေးကင်မရာတွေရဲ့ ရုပ်သံတွေထဲမှာလည်း အခြေချစခန်းတစ်ခုလုံး
ဘာ လှုပ်ရှားမှုမှ ရှိမနေခဲ့ပါဘူး..။
အရပ်သားတွေကို ပိတ်လှောင်ထားခဲ့တဲ့ နေထိုင်ရာ အခန်းတွေရဲ့ တံခါးတွေကတော့ သော့ခတ်ထားဆဲ ဖြစ်ပေမဲ့.. အတွင်းထဲမှာတော့ ဘယ်သူမှ ရှိမနေခဲ့ပေ.။ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့ လက္ခဏာမျိုးလည်း မရှိသလို.. အပြင်ဘက်က မြေပြင်ပေါ် မှာ ဖုံးလွှမ်းနေတဲ့ နှင်းတွေပေါ်မှာလည်း ခြေရာတွေ ရှိမနေခဲ့ပါဘူး..။
အရာအားလုံးက ရိုးရိုးရှင်းရှင်းပဲ… ငြိမ်သက်နေခဲ့ပါတယ်..။
လူပေါင်း တစ်ထောင့်လေးရာဟာ လေထဲကို ပျောက်ကွယ်သွားခဲ့ကြပါပြီ..။ သူတို့တွေက ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဖူးသလိုမျိုး.. ရိုးရိုးရှင်းရှင်းပဲ ပျောက်ကွယ်သွားခဲ့ကြတာပါ..။
…ကီလိုမီတာပေါင်းများစွာ အကွာမှာတော့ ဆန်နီ ဟာ သူ့ရဲ့ အရိပ် မျက်လုံးတွေကတစ်ဆင့် ခံတပ်ရဲ့ တောင်ဘက်တံတိုင်းကို လှမ်းကြည့်နေခဲ့မိတယ်..။ သူက အရိပ်ကို ရှေ့ကို ဆက်လွှတ်ပြီး မှောင်မိုက်နေတဲ့ သမုဒ္ဒရာကြီးကို နောက်တစ်ကြိမ် လှမ်းကြည့်ဖို့ စိတ်အားထက်သန်နေခဲ့မိတာပါ..။
ဒါပေမဲ့ နောက်ဆုံးမှာတော့..ကျောချမ်းမူ တစ်ခုနဲ့အတူပဲ.. သူက ဒီလို မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
မကြာခင်မှာပဲ အရိပ်က ပြန်လည် ရောက်ရှိလာခဲ့တယ်..။ဆန်နီဟာ အရိပ်ကို သူ့ရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်လိုက်ပြီးမှ အိပ်မက်ဆိုး ကို လှည့်ပြန်ဖို့ အမိန့်ပေးလိုက်ပါတယ်။ပြီးတာနဲ့.. နောက်ကိုပြန်လှည့်မကြည့်တော့ပဲ
နှင်းမုန်တိုင်းထဲကိုသာ ဒုန်းစိုင်းမောင်း ထွက်သွားခဲ့ပါတော့တယ်..။
သူက နောက်ကို ပြန်လှည့်မကြည့်ချင်တော့တာ ဖြစ်နိုင်သလို…
ဒါမှမဟုတ် ရိုးရှင်းစွာပဲ သူကနောက်ပြန်
မကြည့်ရဲတာလည်း ဖြစ်နိုင်ပါတယ်။
အပိုင်း ( ၉၀၀ ) ပြီး၏။