← Chapters

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အပိုင်း ( ၈၈၆ ) ရှင်းလင်းရေး

နိုးထသူ တွေဟာ အသားစား သားရဲအုပ်ကြီးရဲ့ အကြွင်းအကျန်တွေကို ဆက်လက်တိုက်ခိုက်နေကြပေမဲ့.. တိုက်ပွဲကတော့ ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ..။

ဂိတ်ပေါက် အစောင့်အကြပ် က သေဆုံးသွားခဲ့ပြီ ဖြစ်သလို.. ဗန် ကလည်း ကင်မ် ရဲ့ ကူညီမှုနဲ့အတူ နောက်ထပ် ပျက်ပြားခြင်းအဆင့် သတ္တဝါကို ဖြေရှင်းနိုင်ခဲ့ပါတယ်..။ ဘယ်လီ၊ ဒွန်း နဲ့ ဆမ်မာရာ တို့ကတော့ အန္တရာယ်အရှိဆုံး ကျရှုံးမူအဆင့် တွေကို လိုက်လံနှိမ်နင်းနေကြပြီး.. ဒေသခံ စစ်သားတွေကတော့ ကျန်ရှိနေတဲ့ အကောင်တွေကို သုတ်သင်နေခဲ့ကြတယ်..။ လက်ရှိ အချိန်မှာတော့ အားအနည်းဆုံး အိပ်မက်ဆိုး သားရဲ တွေပဲ ကျန်တော့တာပါ..။

ဒါပေါ့ ဒီသားရဲတွေ က အန္တရာယ်ရှိနေဆဲ ဖြစ်ပေမဲ့.. အသားစား သားရဲတွေရဲ့ သဘာဝက သန်မာတဲ့ ရန်သူတွေ အများကြီးကို ဝါးမျိုထားတာမျိုး မဟုတ်ရင် သိပ်ပြီး အန္တရာယ် မရှိလှပါဘူး..။

အဆင့်နိမ့် သားရဲတွေဆိုရင် သူတို့ရဲ့ သားရဲဗီဇနောက်ကိုတောင် လိုက်ပါသွားကြပြီး.. တိုက်ပွဲကို မေ့လျော့ကာ သေဆုံးသွားတဲ့ သူတို့မျိုးနွယ်စုဝင်တွေရဲ့ အသားကို စားသောက် ဖို့အတွက်ပဲ အာရုံရောက်နေကြပါတယ်..။

သူတို့အတွက်ကတော့ ဘယ်ကမ္ဘာမှာမဆို အချင်းချင်း ပြန်စားကြတဲ့ လောကကြီးပါပဲ..။

ဆန်နီ က အရိပ် အပိုင်းအစ တစ်ခု..နှစ်ခုလောက် ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျရှုံးမူအဆင့် သားရဲတွေကို လိုက်လံ ရှာဖွေကြည့်လိုက်တယ်..။ စိတ်မကောင်းစရာကတော့ ဘာမှ ကျန်မနေတော့တာပါပဲ..။ LO49 ခံတပ်ရဲ့ တခြား ခုခံသူတွေက တကယ်ကို စေ့စေ့စပ်စပ် ရှင်းလင်းထားခဲ့ကြတာပါ..။ နောက်ဆုံးမှာတော့ သူက လက်လျှော့လိုက်ပြီး တပ်စခန်းက စစ်သားတွေနဲ့အတူ ကျန်ရှိနေတဲ့ ရန်သူတွေကို လိုက်လံရှင်းလင်းတဲ့ အလုပ်မှာ ပါဝင်လိုက်ပါတယ်..။

အဲဒီနောက်မှာတော့ မြန်ဆန်ပေမဲ့ ပျင်းစရာကောင်းတဲ့ အလုပ်တွေ ဆက်ဖြစ်လာခဲ့တယ်..။ သူတို့က သွေးတွေ စိုရွှဲနေပြီး အလောင်းတွေ ပြည့်နှက်နေတဲ့ စစ်မြေပြင်ကို လှည့်ပတ်ကာ.. နောက်ဆုံး ကျန်နေတဲ့ လူရမ်းကား သားရဲတွေကို သတ်ဖြတ်လိုက်ကြပါတယ်..။

တစ်နေရာအရောက်မှာတော့ ဆန်နီ ဟာ သူ အနိုင်ယူခဲ့တဲ့ ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ ရဲ့ အလောင်းနားကို ပြန်ရောက်သွားတာကို သတိထားမိလိုက်တယ်..။ သူ လုပ်စရာ သိပ်မရှိတော့တာကြောင့် ဧရာမ အလောင်းကြီးထဲကနေ ဝိဥာဉ် အမြုတေ တွေကို ထုတ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဒါတွေနဲ့ ဆိုရင်တော့ လူစတာ နဲ့ ကင်မ် တို့ နှစ်ယောက်လုံးက သူတို့ရဲ့ အမြုတေ တွေကို အပြည့်အဝ ဖြည့်တင်းနိုင်မှာ ဖြစ်သလို.. အဖွဲ့ကိုလည်း အကောင်းဆုံး အင်အားအခြေအနေဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်မှာပါ..။

တခြား အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ အမြုတေကို အပြည့်အဝ ဖြည့်တင်းပြီးတာ ကြာပြီ ဖြစ်တာကြောင့် ဒီနှစ်ယောက်ပဲ ကျန်ပါတော့တယ်..။ ဒါတောင် သူတို့က တကယ်ကို နီးစပ်နေပါပြီ..။

ဆန်နီ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဧရာမ အလောင်းကြီးဆီကို သူ သွားနေတုန်းမှာပဲ.. ဒေသခံ တပ်စခန်းက နိုးထသူ တွေရဲ့ တိုးတိုးတိတ်တိတ် စကားပြောသံတွေကို မတော်တဆ ကြားလိုက်ရတယ်..။

“ဘုရားရေ.. အဲဒီ သားရဲကြီးကို ကြည့်လိုက်ဦး..”

“ချီးပဲ.. ငါ သတင်းတွေတော့ ကြားဖူးပါတယ်.. ဒါပေမဲ့ ကိုယ့်မျက်စိနဲ့ မြင်ရတာတော့ တကယ်ပဲ..။ သူက ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ တစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ..”

“ဟုတ်တယ်.. တကယ့်ကို ကြောက်စရာကြီး..။ ငါ သိပ်တော့ မမြင်ရပေမဲ့ သူတို့ တိုက်ပွဲကတော့ တကယ်ကို ပြင်းထန်မှာ အသေအချာပဲ..။ သားရဲအုပ်ကြီးရဲ့ သုံးပုံတစ်ပုံလောက်က သူတို့ နှစ်ယောက် ကြားထဲမှာတင် သေကုန်ကြတာလေ.. မင်း ယုံနိုင်ရဲ့လား..”

“..သူ့ကို နတ်ဆိုး လို့ ခေါ်ကြတာက အလကား မဟုတ်ဘူးလေ.."

ဆန်နီ ဟာ သူ့ရဲ့ အပြုံးတွေကို ဖုံးကွယ်ထားရင်း အနန္တ စားသုံးသူ ရဲ့ အလောင်းနားကို တိုးသွားလိုက်တယ်..။ ပြီးတာနဲ့ သူ့ရဲ့ ရင်ဘတ်က မာကျောတဲ့ အရိုးကို ဖြတ်ဖို့အတွက် နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို မြှောက်လိုက်ပါတယ်..။ ဒါပေမဲ့ အဲ့အချိန်မှာပဲ သူ ခေါင်းက အနည်း ငယ် စောင်းသွားခဲ့တယ်..။

ဒါက ဧရာမ အလောင်းကြီးရဲ့ တခြားတစ်ဖက်ကနေ ထူးဆန်းတဲ့ အသံတွေ ကြားနေရလို့ပါပဲ..။

“ညှပ်.. ညှပ်.. ဂြတ်.. ဂြတ်.. ပလပ်.. ပလပ်..”

သူ မျက်မှောင်ကြုတ်လိုက်ပြီး အသံတိတ်စွာပဲ ဧရာမ အလောင်းကြီးပေါ်ကို ခုန်တက်ကာ အောက်ကို ငုံ့ကြည့်လိုက်ပါတယ်..။

အဲဒီမှာတော့ သေးငယ်တဲ့ အသားစား သားရဲလေး တစ်ကောင်က သေဆုံးနေတဲ့ နတ်မိစ္ဆာ ရဲ့ မာကျောတဲ့ အသားတွေကို လောဘတကြီး ကိုက်စားနေခဲ့တာပါ..။ ဒီ သနားစရာ သတ္တဝါလေးက ဆန်နီ့ရဲ့ ဒူးလောက်သာ ရှိပြ.. ပိန်လှီငတ်ပြတ်နေတဲ့ မှင်စာ တစ်ကောင်နဲ့တောင် တူနေခဲ့ပါသေးတယ်..။ ဒါပေမဲ့ သူ့မှာ ချွန်ထက်တဲ့ သုံးမြှောင့်သွားတွေနဲ့ ပါးစပ်တစ်ခု ရှိနေပြီး.. ဒီသွားတွေက ပျက်ပြားခြင်းအဆင့် အလောင်းကို ဆွဲဖြဲတဲ့နေရာမှာ အံ့ဩစရာကောင်းလောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ပါတယ်..။

‘ဟမ်.. အိပ်မက်ဆိုး သားရဲတွေထဲမှာတောင် ဒီလို အကောင်ပေါက်လေးတွေ ရှိနေတာပဲလား..’

ဆန်နီ ကြည့်နေတုန်းမှာပဲ ဒီ မှင်စာ လေးက သွေးစိုနေတဲ့ အသားတစ်စကို သွားတွေနဲ့ ဆွဲဖြဲလိုက်ပြီး.. ခေါင်းကို မော့ကာ သူ့ သခင်ဟောင်း အသားတွေကို အားရပါးရ မြိုချလိုက်ပါတယ်..။

..အဲ့အချိန်မှာပဲ သတ္တဝါလေးက သူ့ကို ငုံ့ကြည့်နေတဲ့ လူသားကို သတိထားမိသွားခဲ့တယ်။

နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ [ကြောက်ရွံ့မူ နိမိတ်] တိုးမြှင့်မူ ကြောင့်လား.. ဒါမှမဟုတ် ဒီ အကောင်ပေါက်လေးကပဲ သန်မာတဲ့ သားရဲတွေ ရှေ့မှာ ကြောက်ရွံ့တတ်တဲ့ အသိဉာဏ် ရှိနေလို့လားတော့ မသိပေမယ့်.. သူ့ရဲ့ မျက်လုံးတွေက ကြောက်လန့်တကြား ပြူးကျယ်သွားခဲ့တယ်..။

အသားစား သားရဲလေးက ခနလောက် ငြိမ်သက်သွားခဲ့တယ်..။

ယင်းနောက်မှာတော့ သူက အော်ဟစ်လိုက်ပြီးအနန္တ စားသုံးသူ ရဲ့ အလောင်းပေါ်ကနေ ခုန်ချကာ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်..။

ဆန်နီ မျက်တောင် ခတ်လိုက်မိတယ်..။

‘ကောင်းပြီလေ..ဒါက ပထမဆုံးပဲ..’

အရိပ်ရုပ်သွင်ဖော်ခြင်း အတွက် အဆီအနှစ်တွေကို မဖြုန်းတီးချင်တာကြောင့် သူက သုံးမြှောင့် ဆူးချွန် ကိုပဲ ဆင့်ခေါ်လိုက်ပါတယ်..။သူ့လက်ထဲမှာ လေးလံတဲ့ ကူနိုင်း ပေါ်လာတဲ့အချိန်မှာတော့.. စက်ဆုပ်ဖွယ် သတ္တဝါလေးက အဝေးကို ရောက်နေခဲ့ပါပြီ..။

ဆန်နီ က သိပ်ဂရုမစိုက်ဘဲ ကူနိုင်း ကို ပစ်မှတ်ဆီချိန်ရွယ်ကာ ပစ်လွှတ်လိုက်တယ်။အသားစားသားရဲလေးက သေဆုံးဖို့ စက္ကန့်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ..သနားစရာကောင်းလောက်အောင် ခလုတ်တိုက်ပြီး လဲကျသွားခဲ့ပါတယ်..။ ရလဒ်အနေနဲ့ ကုနိုင်ရဲ့ ဓားသွားက သူ့လက်ချောင်း နှစ်ချောင်းကိုသာ ဖြတ်တောက်သွားခဲ့တယ်..။

ဆန်နီ မျက်နှာ ပျက်သွားပြီး မမြင်ရတဲ့ ကြိုးကို ဆွဲကာ နောက်တစ်ကြိမ် ပစ်ဖို့အတွက် သုံးမြှောင့် ဆူးချွန် ကို ပြန်ခေါ်လိုက်တယ်..။ ဒီတစ်ခါတော့ သူ လွဲချော်မှာ မဟုတ်တော့ပါဘူး..။

သူက နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ တီးတိုးသံတွေနဲ့ ‘ခေါ်သံ’ ရဲ့ ဖိအားတွေကို တွန်းလှန်ရင်း.. တခြား အတွေးအားလုံးကို ဖယ်ထုတ်လိုက်ကာ ထွက်ပြေးနေတဲ့ နတ်ဆိုးလေးရဲ့ ပုံရိပ်အပေါ်မှာပဲ အာရုံစူးစိုက်လိုက်ပါတယ်..။

အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က အေးစက်ပြီး အထင်အမြင်သေးတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“အရူး..”

ဆန်နီ လန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။

‘အာ.. ဘယ်သူ ပြောလိုက်တာလဲ..’

ဒီ ရင်းနှီးနေတဲ့ အသံက အနားကနေ ထွက်လာသလိုမျိုး ကြားရပေမဲ့ ပတ်ဝန်းကျင်မှာတော့ ဘယ်သူမှ မရှိပါဘူး..။

ဆန်နီ ပြန်စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာ..သူ

ဒီ အသံကို ကောင်းကောင်း သိနေခဲ့တယ်..။ဒါက သူ့ရဲ့ ကိုယ်ပိုင် အသံပါပဲ..။

သူ ဇဝေဇဝါ ဖြစ်သွားပြီး သုံးမြှောင့် ဆူးချွန် ရဲ့ ထိပ်ဖျားနဲ့ သူ့ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပါတယ်..။

‘ဒါက ငါ့စိတ်ထဲက ပေါ်လာတဲ့ အတွေးတစ်ခုလား..’

ရုတ်တရက် အာရုံလွဲသွားတာကြောင့် ဒဏ်ရာရထားတဲ့ သားရဲလေးက ပိုဝေးတဲ့ နေရာကိုရောက်သွားခဲ့ပါပြီ..။

..ပိုပြီး အရေးကြီးတာကတော့ ဆန်နီ့ရဲ့ အာရုံစူးစိုက်မှု ပျက်ပြားသွားတာပါပဲ..။အစောတုန်းက သူ လျစ်လျူရှုထားခဲ့တဲ့ အချက်အလက်တွေ အားလုံးက သူ့စိတ်ထဲကို ပြန်ဝင်လာခဲ့တယ်..။

သူ့မျက်လုံးတွေ ပြူးကျယ်သွားပါပြီ။

‘ပရော်ဖက်ဆာ..'

ဆန်နီ ထိပ်လန့်သွားပြီး သုတေသန ဌာန ရှိရာဘက်ကို လှည့်ကြည့်လိုက်တယ်..။

သိပ္ပံ အဆောက်အဦးတွေထဲက တစ်ခုရဲ့ အောက်ခြေမှာတော့.. အရပ်သား တစ်ရာလောက်ဟာ ခိုလှုံရာနေရာမှာ ပိတ်မိနေပြီး.. စစ်သားတွေက ဘေးကင်းပြီလို့ ကြေညာပေးမယ့် အချိန်ကို စိုးရိမ်တကြီး စောင့်နေခဲ့ကြပါတယ်..။

ပရော်ဖက်ဆာ အိုဘယ် နဲ့ သူ့ရဲ့ လက်ထောက် ဘတ် တို့လည်း ဒီထဲမှာ ရှိနေကြတယ်..။

ပြီးတော့ ဒီ ခိုလှုံရာနေရာထဲမှာ နောက်ထပ် လူတစ်ယောက်လည်း ရှိနေပါသေးတယ်..။ မှောင်မိုက်တဲ့ ထောင့်တစ်ခုမှာ တိတ်တဆိတ် ထိုင်နေခဲ့တဲ့ တစ်စုံတစ်ယောက်ပေါ့..။

အိပ်ငိုက်နေခဲ့တာ..

လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ် အထိ အိပ်ငိုက်နေခဲ့တာပါ..။

‘နိုး...နိုး...နိုး..'

ဆန်နီ နတ်မိစ္ဆာ ရဲ့ အလောင်းပေါ်ကနေ ခုန်ချလိုက်ပြီး အရိပ်ခြေလှမ်းကို အသုံးပြုကာ ခိုလှုံရာ နေရာကို အမြန်သွားလိုက်ပါတယ်။

သို့ပေမဲ့.. သူ အချိန်မီ ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေခဲ့တယ်..။

စက္ကန့်အနည်းငယ် ဆိုတာက အဆိုးဆုံးတွေ ဖြစ်ပျက်ဖို့အတွက် လုံလောက်တာထက်တောင် ပိုနေပါသေးတယ်..။

…ဒါကြောင့်ပဲ သူက ဆုံးဖြတ်ချက် တစ်ခုကို အလျင်အမြန် ချမှတ်လိုက်တယ်..။

သူ အရိပ်ခြေလှမ်း ကို အပြီးသတ်ဖို့ ကြိုးစားနေတဲ့ အချိန်တိုလေးအတွင်းမှာပဲ.. ပြင်းထန်တဲ့ နာကျင်မှု တစ်ခုက သူ့ရဲ့ ဖြစ်တည်မှု တစ်ခုလုံးကို ရုတ်တရက် ထိုးဖောက်သွားပါတော့တယ်..။

အပိုင်း ( ၈၈၆ ) ပြီး၏။

အပိုင်း ( ၈၈၇ ) ဆင်ခြင်တုံတရား လစ်ဟင်းမူ

ဘာတွေဖြစ်သွားလဲဆိုတာကို နားလည်ဖို့ ဆန်နီ စက္ကန့်ပိုင်းလောက် အချိန်ယူလိုက်ရတယ်..။ ခိုလှုံရာနေရာထဲမှာ ပုန်းခိုနေကြတဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ယောက်က အိပ်ပျော်သွားခဲ့တာပါ..။ဒီလူက အိပ်ပျော်နေရင်းနဲ့ ပထမဆုံး အိပ်မက်ဆိုး ထဲကို ဆွဲခေါ်သွားခံလိုက်ရတယ်..။

ပြီးတော့ သေဆုံးသွားခဲ့ပါတယ်..။

အခိုက်အတန့် ရဲ့ စမ်းသပ်မှုကပဲ အရမ်း ပြင်းထန်လွန်းနေတာလား.. ဒါမှမဟုတ် ဒီ သိပ္ပံပညာရှင်ကပဲ အရမ်း အားနည်းနေလို့လားတော့ သူလည်း မသိပါဘူး..။ ကံတရားက သူတို့ဘက်မှာ ရှိမနေတာလည်း ဖြစ်နိုင်ပါတယ်..။ နောက်ဆုံးမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး..။

အရေးကြီးတာကတော့ သူရဲ့ ဝိဥာဉ်ထဲက အိပ်မက်ဆိုး မျိုးစေ့ က ပွင့်သွားခဲ့ပြီး.. သေစေနိုင်တဲ့ သားရဲ တစ်ကောင်က နိုးထခြင်း ကမ္ဘာထဲကို ရောက်လာခဲ့တာပါပဲ..။

အဖြူရောင် ဓာတ်ခွဲခန်း ဝတ်စုံပေါ်မှာတော့ နီရဲတဲ့ သွေးတွေ စွန်းထင်နေခဲ့တယ်..။ ကြောက်စရာကောင်းတဲ့ လူသားပုံစံ နဲ့ သတ္တဝါကြီး တစ်ကောင်က ပေါ်ထွက်လာခဲ့ပါတယ်..။ ဘေးနားဝန်းကျင်မှာတော့ ကြောက်လန့်တကြား အော်ဟစ်သံတွေနဲ့ တုန်လှုပ်နေတဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်..။ အိပ်မက်ဆိုး သားရဲ က အခုလေးတင် ဝင်ရောက်လာတာ ဖြစ်ပေမဲ့.. ဒီနေရာမှာရှိတဲ့ ခုခံကာကွယ်နိုင်စွမ်း မရှိတဲ့ အရပ်သားတွေအပေါ်မှာ သူ့ရဲ့ သတ်ဖြတ်လိုစိတ်တွေ ကို စတင် ထုတ်ဖော်နေပါပြီ..။

လူတိုင်းက တုံ့ပြန်ဖို့ နောက်ကျနေခဲ့ကြတယ်..။ အလိုအလျောက် ကာကွယ်ရေး စနစ်တွေ.. ကင်းစောင့်တွေ.. နောက်ဆုံး ဆန်နီ ကိုယ်တိုင်တောင် နောက်ကျနေခဲ့ပါတယ်..။

သူက အရိပ်ထဲကို ဝင်ရောက်နေပြီ ဖြစ်ပေမဲ့.. သွေးစိုနေတဲ့ စစ်မြေပြင်ကနေ ခိုလှုံရာနေရာအထိ သွားရမယ့် အချိန်တိုလေးက.. ပရော်ဖက်ဆာ အိုဘယ် အတွက်တော့ သေခြင်းနဲ့ ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချိန်ပါပဲ..။

သူတော်စင် ကို ဆင့်ခေါ်တာက မြန်ဆန်ပေမဲ့.. သူ အမှန်တကယ် ထွက်ပေါ်လာဖို့ အတွက်လည်း တစ်စက္ကန့် ဒါမှမဟုတ် နှစ်စက္ကန့်လောက် အချိန်ယူရပါသေးတယ်..။

ဒါကြောင့် သူက လက်တွေ့ဆန်တဲ့ နည်းလမ်းကိုပဲ ရွေးချယ်လိုက်တယ်..။သူက အရိပ်ရုပ်သွင်ဖော်ခြင်း ကို အသုံးပြုပြီး.. အဘိုးအိုကို စောင့်ကြည့်နေတဲ့ အရိပ်ကို ရုပ်ဝတ္ထု ပုံစံအဖြစ် ပြောင်းလဲဖို့ နဲ့ ရူးသွပ်နေတဲ့ အိပ်မက်ဆိုး သားရဲ ကို ခုခံဖို့ အမိန့်ပေးလိုက်ပါတယ်..။

ချက်ချင်းဆိုသလိုပဲ ပြင်းထန်တဲ့ နာကျင်မှုက သူ့ရဲ့ ဖြစ်တည်မှု တစ်ခုလုံးကို ထိုးဖောက်သွားခဲ့တယ်..။ အရိပ်က ထိခိုက်ဒဏ်ရာ ရသွားတာကြောင့် သူ့ရဲ့ ဝိဥာဉ်ကလည်း ထပ်တူ ခံစားလိုက်ရတာပါ..။

..ဆန်နီ ဟာ ဝိဥာဉ် တိုက်ခိုက်မှုတွေကို အကြိမ်များစွာ ကြုံဖူးပေမယ့်..ဒီ နာကျင်မှုကတော့ တကယ်ကို တုန်လှုပ်စရာပါပဲ..။

နှလုံးခုန်သံ တစ်ချက်စာလောက် အကြာမှာတော့ သူက မြေအောက် ခိုလှုံရာနေရာရဲ့ ထောင့်စွန်းမှာ ရှိတဲ့ အရိပ်တွေထဲကနေ လိမ့်ထွက်လာခဲ့တယ်..။ ပြီးတာနဲ့ နာကျင်မှုတွေကြားကနေ အခြေအနေကို အကဲခတ်ဖို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။

ကံဆိုးတဲ့ သိပ္ပံပညာရှင် အနေနဲ့ ရုပ်ဆိုးတဲ့ သတ္တဝါအဖြစ် ပြောင်းလဲသွားတာ စက္ကန့်အနည်းငယ်ပဲ ရှိပါသေးတယ်..။ ဒါပေမဲ့

ဒီ သတ္တဝါနဲ့ နီးကပ်နေတဲ့ လူအချို့ကတော့ သေဆုံးကုန်ကြပါပြီ..။သူတို့ရဲ့ ပြတ်တောက်နေတဲ့ ခြေလက် အင်္ဂါတွေက သွေးတွေနဲ့ ချောကျိနေတဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့တယ်..။

သားရဲကြီးကတော့ ထိပ်လန့်တကြား ဖြစ်နေတဲ့ အရပ်သား တွေဆီကို ခုန်ဝင်ဖို့ ပြင်နေခဲ့ပါပြီ။.. ဒီထဲမှာတော့ ကြောက်လန့်နေတဲ့ ပရော်ဖက်ဆာ နဲ့ ဘတ် တို့လည်း ရှိနေခဲ့ကြတယ်..။ အမျိုးသမီးငယ်က အဘိုးအိုကို သူမရဲ့ ခန္ဓာကိုယ်နဲ့ ကာကွယ်ဖို့ ကြိုးစားနေပေမဲ့.. သတ္တဝါကြီးက သူမရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်တာကြောင့် ဒါက အလကားပါပဲ..။ ကြောက်မက်ဖွယ် အော်ဟစ်သံတွေက လေထုထဲမှာ ပြည့်နှက်နေခဲ့တယ်..။

သို့ပေမဲ့ သတ္တဝါကြီးက တစ်နေရာမှာတင် ရပ်တန့်နေခဲ့ပါတယ်..။

ဒါကတော့ ဝင့်ကြွားလှတဲ့ အရိပ်တစ်ခုက သားရဲကြီးနဲ့ ပရော်ဖက်ဆာ တို့ ကြားမှာ ရပ်နေပြီး.. လက်တစ်ဖက်နဲ့ သားရဲကို နောက်ကို တွန်းထုတ်ထားလို့ပါပဲ..။ သူ့ရဲ့ နောက်ထပ် လက်တစ်ဖက်ကတော့ အရိပ်ရဲ့ ဘေးဘက်ကို ထိုးဖောက်ထားတဲ့ အရိုး တံစဉ်ကြီးကို ဆုပ်ကိုင်ထားကာ.. အထဲကို ထပ်မံ မဝင်သွားအောင် တားဆီးထားခဲ့ပါတယ်..။

ဆန်နီ နဲ့ မတူတာကတော့.. အရိပ်က နာကျင်နေတဲ့ ပုံစံမျိုး လုံးဝ မပြတာပါပဲ..။ ဒါပေါ့.. ဒီ မောက်မာတဲ့ အရိပ်က အိပ်မက်ဆိုး သားရဲ ရဲ့ ဓားသွားနဲ့ အထိုးခံရတာမျိုးလောက်နဲ့တော့ သူ့ရဲ့ သိက္ခာကို အပျက်ခံမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် သူက သူ့ထက် နိမ့်ကျသူတွေ ရှေ့မှာ အားနည်းနေတာ ဒါမှမဟုတ် မသက်မသာ ဖြစ်နေတာ မျိုးတွေကို ဘယ်တော့မှ အောက်ကျခံပြီး ပြသနေမှာမဟုတ်ပါဘူး..။

..ဒီမှာ ဆိုလိုတဲ့ နိမ့်ကျသူတွေ ဆိုတာက လူတိုင်းပါပဲ..။သူ့အတွက်တော့ ကမ္ဘာနှစ်ခုလုံးမှာ ရှိတဲ့ သက်ရှိတိုင်းက နိမ့်ကျတဲ့ သူတွေဖြစ်နေခဲ့တာပါ..။

‘ဒီကောင်ကတော့..’

အဲ့အချိန်မှာပဲ မောက်မာတဲ့ အရိပ်က ခြေထောက်တစ်ဖက်ကို မြှောက်ပြီး သားရဲရဲ့ ဝမ်းဗိုက်ကို ကန်ထုတ်လိုက်တာကြောင့် သတ္တဝါကြီးက နောက်ကို ယိုင်နဲ့ပြီး လွင့်ထွက်သွားခဲ့တယ်..။ ယင်းနောက်မှာတော့ အရိပ်က ပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်က အနက်ရောင် ပုံရိပ်တစ်ခု အဖြစ် ပြန်ပြောင်းသွားခဲ့ပါတယ်..။ သူ့ရဲ့ အလုပ်က ပြီးဆုံးသွားပါပြီ။

ဆန်နီ ဟာ သေဆုံးသွားတဲ့ သိပ္ပံပညာရှင် တစ်ယောက်ရဲ့ အလောင်းပေါ်ကနေ ခုန်ကျော်လိုက်ပြီး.. အိပ်မက်ဆိုး သားရဲ ဟန်ချက် မညီခင်မှာပဲ တိုက်ခိုက်လိုက်ပါတယ်..။ နှစ်သိမ့်ခြင်းပြစ်ဒဏ် က သားရဲရဲ့ ခန္ဓာကိုယ်ကို ဘာအတားအဆီးမှ မရှိဘဲ ဖြတ်သန်းသွားခဲ့ပြီး.. ကြောက်စရာကောင်းတဲ့ သတ္တဝါ ဟာ မြေပြင်ပေါ်ကို အသံတိတ် လဲကျသွားခဲ့တယ်..။

အဲ့အချိန်ကျမှပဲ ကင်းစောင့်တွေက သူတို့ရဲ့ သေနတ်တွေကို မြှောက်နိုင်ခဲ့ကြပြီး.. မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေကလည်း အလုပ်လုပ်လာကာ အပိုင်းပိုင်း ပြတ်နေတဲ့ သားရဲရှိရာဘက်ကို ချိန်ရွယ်လိုက်ကြပါတယ်..။

ဆန်နီ က သူတို့အားလုံးထက် ပိုပြီး မြန်နေခဲ့တာပါ..။

[သင်သည် နိုးထမူ့ အဆင့် သားရဲ , အရိုး သတ်ဖြတ်သူ ကို သတ်ဖြတ်နိုင်ခဲ့သည် ]

ဒါပေမဲ့လည်း.. ဒါပေမဲ့လည်း..

သေဆုံးနေတဲ့ သတ္တဝါရဲ့ အပေါ်မှာ ရပ်နေရင်း ဆန်နီ က မျက်မှောင်ကျုတ်လိုက်တယ်။.. သူ့မျက်နှာပေါ်မှာ သုန်မုန်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်..။

သူ လွဲချော်ခဲ့တာ..။ သူ အာရုံလွဲသွားခဲ့ပြီး သူ့ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို သတိမထားမိသလို ဖြစ်သွားခဲ့တာ။

ဒါက ဆန်နီ နဲ့ မတူတဲ့ အချက်ပါပဲ..။

‘ဘယ်လို ဖြစ်သွားတာလဲ..’

သူက အနန္တ စားသုံးသူ နဲ့ တိုက်ခိုက်နေချိန်မှာတောင် ပရော်ဖက်ဆာ ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တာပါ..။ ဒါပေမဲ့ တစ်နေရာအရောက်မှာတော့.. သူ့ရဲ့ အာရုံက တခြားဆီကို ရောက်သွားခဲ့တယ်..။

ဒါက ‘ခေါ်သံ’ ကြောင့်လား..။ နှစ်သိမ့်ခြင်းပြစ်ဒဏ် ကြောင့်လား..။ ဒါမှမဟုတ် ပြင်းထန်တဲ့ တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု တိုက်နေရတာကြောင့် စုပုံလာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့်လား..။ ဒီအချက်တွေ အားလုံး ပေါင်းစပ်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဆန်နီ ကတော့ မကျေနပ်နိုင်ပါဘူး..။ ဒဏ်ရာရသွားတဲ့ ဝိဥာဉ် ရဲ့ ကျန်ရှိနေတဲ့ နာကျင်မှုတွေက သူ့ရဲ့ ကျရှုံးမှုကို ပြန်လည် သတိပေးနေသလို ဖြစ်နေခဲ့တယ်..။ သူက ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ ကို သတ်ပြီး တိုက်ပွဲကို အနိုင်ရခဲ့ပေမဲ့.. သူ့ရဲ့ တာဝန်ကိုတော့ ကျရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်..။ မရေတွက်နိုင်တဲ့ လူတွေလည်း သေဆုံးလုနီးပါး ဖြစ်ခဲ့ရပါတယ်..။

ဆန်နီ ဟာ စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး ကျောက်စိမ်းဓားနဲ့ ထာဝရချိန်း ကို ပြန်သိမ်းလိုက်တယ်..။ ချွေးတွေကြောင့် စိုရွှဲနေတဲ့ ဆံပင်တွေနဲ့ ဖြူဖျော့နေတဲ့ သူ့ရဲ့ မျက်နှာက ပေါ်ထွက်လာခဲ့ပါတယ်..။ ယင်းနောက်မှာတော့ သူက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး.. သေဆုံးသွားသူတွေကို ရေတွက်ကာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကြောက်လန့်နေတဲ့ မျက်နှာတွေကို စောင့်ကြည့်နေခဲ့တယ်..။

‘စက္ကန့်ပိုင်းအတွင်းမှာတင် လူ ခြောက်ယောက် သေသွားခဲ့ပြီ.. ။ဒါက ပိုပြီးတောင် ဆိုးသွားနိုင်ခဲ့တာပဲ..’

ဒီလို ကောက်ချက်ချလိုက်ပေမဲ့လည်း.. ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ခြေပြတ် လက်ပြတ် အလောင်းတွေကို မြင်ရတာက သူ့ကို တုန်လှုပ်စေတုန်းပါပဲ..။ ပထမဆုံး အိပ်မက်ဆိုး ကျရှုံးမှုကြောင့် နိုးထမူ အဆင့် သားရဲ တစ်ကောင် ပေါ်လာတာက တကယ်ကို ဆိုးဝါးတဲ့ အချက်ပါ..။

“မ.. မာစတာ ဆန်းလပ်စ်..ဒီကို ရောက်နေတာပဲ.."

စစ်သားတွေထဲက တစ်ယောက်က မလှုပ်မယှက် ရှိနေတဲ့ သားရဲကြီးကို ချိန်ရွယ်ထားရင်း သူ့ကို လှမ်းခေါ်လိုက်တယ်..။

ဆန်နီ လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ပရော်ဖက်ဆာ အိုဘယ် ဆီကို ကြည့်ကာ သူ အဆင်ပြေရဲ့လားဆိုတာကို အတည်ပြုလိုက်ပါတယ်..။ ဘတ် ကတော့ အန္တရာယ်က ကင်းဝေးသွားပြီဆိုတာကို သတိမထားမိသေးဘဲ ပရော်ဖက်ဆာကို ကာကွယ်ထားတုန်းပါပဲ..။

“..အေး.. သေနတ်တွေကို ချလိုက်လို့ ရပြီ.. သူ သေသွားပြီ..”

သူ ခနလောက် ငြိမ်သက်နေပြီးမှ ကြောက်လန့်နေတဲ့ အရပ်သား အုပ်စုကို လှမ်းပြောလိုက်ပါတယ်..။

“တစ်ယောက်ယောက်က ပထမဆုံး အိပ်မက်ဆိုး ကို ကျရှုံးသွားလို့ ဖြစ်သွားတာ။.. ဒါပေမဲ့ အခုတော့ အားလုံး ပြီးသွားပါပြီ..။ အပေါ်က တိုက်ပွဲလည်း ပြီးသွားပြီ..။ ငါတို့ အနိုင်ရခဲ့တယ်..။ မင်းတို့ အားလုံး အခုတော့ ဘေးကင်းသွားပါပြီ..”

‘..အခုလောလောဆယ်ပေါ့..’

ဒါပေါ့ ဒီတစ်ခုကိုတော့ သူ ထုတ် မပြောခဲ့ပါဘူး..။ အဲဒီအစား ဆန်နီ က အလောင်းတွေကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး အံကိုကြိတ်လိုက်တယ်..။ အောင်ပွဲတစ်ခုက ဒီလောက်အထိ ခါးသီးနေတာ ပထမဆုံးအကြိမ်ပါပဲ..။အမှန်တော့.. သူ့ရဲ့ အသန်မာဆုံး ရန်သူတွေထဲက တစ်ယောက်ကို သတ်နိုင်ခဲ့ပေမဲ့ ဆန်နီ့အနေနဲ့ ဘာကိုမှ အနိုင်မရလိုက်သလို ခံစားနေခဲ့ရတယ်..။

အခြေအနေတွေက တစ်ရက်ထက်တစ်ရက် ပိုပြီး ဆိုးရွားလာနေခဲ့ပါတယ်..။

တစ်ပတ်.. နှစ်ပတ်..

အေရီယက်ဒ်နီ သင်္ဘော ရောက်လာပြီး သူတို့အားလုံးကို ခေါ်မသွားခင်အထိ လူတွေ ဘယ်လောက်တောင် ထပ်ပြီး သေရဦးမှာလဲ..။

ကြောက်လန့်နေတဲ့ အရပ်သား ရာပေါင်းများစွာက သူ့ကို ကျေးဇူးတင်မှုတွေနဲ့ ကြည့်နေခဲ့ကြတယ်။သို့ပေမယ့် သွေးအိုင်ထဲမှာ ရပ်နေတဲ့ ဆန်နီ အတွက်တော့ ဘာအဖြေမှ မရှိခဲ့ပါဘူး..။

အပိုင်း ( ၈၈၇ ) ပြီး၏။

အပိုင်း ( ၈၈၈ ) ပျောက်ကွယ်ခြင်း

မမျှော်လင့်ပဲ ပေါ်လာတဲ့ ဂိတ်ပေါက် ကို ရှင်းလင်းပြီးတဲ့နောက်မှာတော့ LO49 ခံတပ်ရဲ့ တံတိုင်းအတွင်းက အခြေအနေတွေက ပြန်လည်ငြိမ်သက်သွားခဲ့တယ်..။ နောက်ရက်အနည်းငယ်အတွင်းမှာ ဆန်နီ နဲ့ သူ့ရဲ့ စစ်သားတွေအတွက် လုပ်စရာ သိပ်မရှိတော့ပါဘူး..။ သူတို့က နားနားနေနေနဲ့ သတိဝီရိယရှိရှိ နေထိုင်ရုံတင်မကပဲ.. အားလုံးထက် ပိုပြီး အရေးကြီးတာက အိပ်မပျော်အောင် နေကြရတာပါပဲ..။

ဒီအလုပ်က ဆန်နီ့အတွက်တော့ ထင်မှတ်မထားလောက်အောင် ခက်ခဲလွန်းနေခဲ့တယ်..။ တက်ရောက်သူ တစ်ယောက်အနေနဲ့ ရက်သတ္တပတ်အနည်းငယ်လောက် မအိပ်ပဲ နေဖို့က သူ့အတွက် ပြဿနာမရှိသင့်ပါဘူး..။ သို့ပေမဲ့ သူ့ရဲ့ ဝိဥာဉ်ကို ထိခိုက်ဒဏ်ရာရထားတာကြောင့် သူဟာ အားအင်ကုန်ခမ်းနေပြီး ထူးဆန်းစွာနဲ့ မှိန်းချင်နေခဲ့တယ်..။

မိနစ်တွေ၊ နာရီတွေက မခံမရပ်နိုင်လောက်အောင် နှေးကွေးစွာ ကုန်ဆုံးသွားခဲ့ပေမဲ့.. အချိန်တွေ ကုန်လွန်သွားတာတောင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေက လျော့ပါးမသွားခဲ့ပါဘူး..။ ဒါက ‘ခေါ်သံ’ ရဲ့ မသိမသာ တွန်းအားပေးမှုကြောင့် ပိုပြီးတော့တောင် ကြီးမား လာခဲ့ပါသေးတယ်..။

ဒါပေါ့.. ဝိဥာဉ်ဒဏ်ရာတွေက အမြဲတမ်း တည်ရှိနေတာမျိုးတော့ မဟုတ်ပါဘူး..။ အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာမှာ ဖြစ်သလို.. အခုဒဏ်ရာကလည်း ဆန်နီ ရဖူးသမျှထဲမှာ အဆိုးဆုံး မဟုတ်ပေ.။ မောက်မာတဲ့ အရိပ်ကလည်း အပြည့်အဝ ပြန်ကောင်းဖို့ လမ်းစပေါ် ရောက်နေခဲ့ပါပြီ..။ တခြားအရိပ်တွေက သူ့အနားမှာ ကယောင်ကတမ်းနဲ့ ဝိုင်းကူညီပေးနေကြပေမဲ့ ဝင့်ကြွားတဲ့ ငနဲကတော့ ဒါကို ဂရုမစိုက်သလိုမျိုး ဟန်ဆောင်နေခဲ့တယ်..။

ဒါပေမဲ့ အမှန်တော့ သူက ဒီလို အာရုံစိုက်ခံရတာကို တိတ်တဆိတ် သဘောကျနေတဲ့ ပုံစံပါပဲ..။

‘မအိပ်နဲ့.. မအိပ်နဲ့.. မအိပ်နဲ့..’

ဆန်နီဟာ..မှောင်မိုက်နေတဲ့ သမုဒ္ဒရာကို စောင့်ကြည့်နေတဲ့ တံတိုင်းပေါ်မှာ ရပ်နေရင်း..သူ့ရဲ့ နဖူးကို တံတိုင်းအစွန်းနဲ့ ဖိကပ်လိုက်ပြီး ခေါင်းကို ခပ်ဖွဖွ အကြိမ်အနည်းငယ် ဆောင့်လိုက်မိတယ်..။

‘အား.. စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်းလိုက်တာ..’

သုတေသန ဌာန ထဲမှာ သူ့အတွက် လုပ်စရာ ဘာမှမရှိတာကြောင့် ပျင်းရိခြင်းရဲ့ အန္တရာယ်က ပိုပြီးတော့တောင် ဆိုးဝါးလာခဲ့ပါတယ်..။ သူတို့က ကွန်ရက်နဲ့လည်း ပြတ်တောက်နေတာကြောင့် ဖျော်ဖြေရေး တစ်ခုခုကို ကြည့်ဖို့ ဒါမှမဟုတ်

ရိန်း ဆီက သတင်းစကားတွေ လက်ခံရရှိဖို့က မဖြစ်နိုင်ပါဘူး..။ အိပ်မက်ကမ္ဘာ ဆီကိုလည်း မသွားနိုင်တာကြောင့် စိတ်ပျက်စရာကောင်းတဲ့ အထီးကျန်မှုက ပြီးပြည့်စုံနေခဲ့တယ်..။

ဒါပေါ့.. သူသာ အာရုံပြောင်းချင်ရင် စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ခြား အလုပ်တွေထဲမှာ နစ်မြုပ်နေလို့ ရပါတယ်..။ ဆန်နီ အနေနဲ့ သူ့ရဲ့ ရက်လုပ်မူ တွေကို ဆက်လုပ်နေလို့ ရသလို.. ပရော်ဖက်ဆာ အိုဘယ် နဲ့လည်း စိတ်ဝင်စားစရာ စကားတွေ ပြောနေလို့ ရတာပါပဲ..။ ဒါမှမဟုတ်

လူစတာ နဲ့ ကင်မ် တို့ သူတို့ရဲ့ အမြုတေတွေကို ဖြည့်တင်းပြီးနောက် ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာကို သွားရောက် စစ်ဆေးကြည့်လို့လည်း ရပါတယ်..။

ဒါပေမဲ့ အဲဒါတွေ အားလုံးက စိတ်အင်အား စိုက်ထုတ်ရမှာ ဖြစ်တာကြောင့် သူ့ကို ပိုပြီးတော့ပဲ ပင်ပန်းလာစေမှာပါ..။

အဲဒီ သောက်ကျိုးနဲ သင်္ဘောအစုတ် ကလည်း မြန်မြန် ရောက်မလာနိုင်ဘူးလား..။

သူ အခြေအနေကို မကျေမနပ် တွေးတောနေတုန်းမှာပဲ လူရိပ်တစ်ခုက တံတိုင်းပေါ် တက်လာပြီး သူ့ဆီကို လျှောက်လာခဲ့တယ်..။ ဒီအရိပ်က ဘာကြောင့်မှန်းမသိ ဆန်နီကို လိုက်ရှာနေပုံရတဲ့ ဘတ် ဖြစ်နေခဲ့ပါတယ်..။ သူမက ပုံမှန် ဓာတ်ခွဲခန်း ဝတ်စုံပေါ်မှာ အပေါ်ထပ် အနွေးထည်အရှည်ကြီးကို ထပ်ပြီး ဝတ်ထားခဲ့တယ်..။

သူက သူမကို စိတ်မကြည်စွာ ကြည့်လိုက်ပြီး မေးလိုက်တယ်..။

“ဘာလဲ..”

သူမက မျက်မှောင်ကျုတ်လိုက်ပါတယ်..။

“ဘာလဲ ဆိုတာက ဘာသဘောလဲ.. ငါက သမုဒ္ဒရာကို လာကြည့်လို့တောင် မရဘူးလား..”

ဆန်နီ သူမကို ခနလောက် စိုက်ကြည့်နေပြီးမှ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။

“ကြည့်ချင်သလောက် ကြည့်ပါ..”

အမျိုးသမီးငယ်က ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ တိတ်ဆိတ်မှုထဲမှာ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက် ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ သူမက မရေမရာ လေသံနဲ့ ပြောလာခဲ့ပါတယ်..။

“ဒါနဲ့.. အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို ပြောရရင်. ရှင်က မာစတာ တစ်ယောက်အနေနဲ့ လုံးဝ အသုံးမကျတဲ့သူတော့ မဟုတ်ဘူးပဲ..”

ဆန်နီ က နှုတ်ခမ်းထောင့်တစ်ဖက်ကို ကွေးညွတ်ပြီး ပြုံးလိုက်တယ်..။

“..ဒါက မင်းရဲ့ ကျေးဇူးတင်စကား ပြောတဲ့ ပုံစံလား..”

ဘတ် က အောက်ကို ငုံ့ကြည့်လိုက်ပေမဲ့ မထင်မှတ်စွာပဲ ရိုးရိုးသားသား ပြန်ဖြေလာခဲ့တယ်..။

“ဟုတ်တယ်.. ငါ ဆိုလိုတာက ကျေးဇူးတင်ပါတယ်..။ ငါနဲ့ တခြား သိပ္ပံပညာရှင်တွေ အားလုံးကိုယ်စား ပြောတာပါ..။ ရှင်သာ မရှိရင်.. ပရော်ဖက်ဆာ က .."

သူက မည်းမှောင်နေတဲ့ လှိုင်းလုံးတွေကို တိတ်ဆိတ်စွာ ကြည့်နေခဲ့တယ်..။

“ငါ့ကို ကျေးဇူးမတင်ပါနဲ့..။ ငါသာ ငါ့အလုပ်ကို သေသေချာချာ လုပ်ခဲ့ရင် အစကတည်းက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး..။ ငါ ပေါ့ဆသွားခဲ့တာ..”

အမျိုးသမီးငယ်က ရုတ်တရက် နှာခေါင်းရှုံ့လိုက်တာကြောင့် တည်ငြိမ်နေတဲ့ လေထုက ပျက်ပြားသွားခဲ့တယ်..။

“ဘုရားသခင်တို့..စတိုင်လ်ကျလှချည်လား..။ ရှင်က ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာ မဟုတ်ဘူးလား.. မာစတာ ဆန်းလပ်စ်..”

ဆန်နီ ကတော့ အေးအေးဆေးဆေးပဲ ပြုံးပြလိုက်တယ်..။

“ဒါပေါ့.. ငါက ငါ့ကိုယ်ငါ အထင်မကြီးရင် ဘယ်သူ့ကို သွားပြီး အထင်ကြီးရမှာလဲ..”

ဘတ် က သက်ပြင်းချလိုက်ပြီး

“ဒါပေမဲ့.. ရှင်ကလည်း လူသားတစ်ယောက်

ပဲလေ..။ နိုးထသူ တွေက အဲဒီအချက်ကို မကြာခန မေ့သွားတတ်ကြတယ်.. ။ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်မတင်ပါနဲ့..။ ပရော်ဖက်ဆာ ကို အသက်ရှင်အောင်ပဲ စောင့်ရှောက်ပေးပါ.. အဲဒါဆို လုံလောက်ပါပြီ..”

သူ ခေါင်းညိတ်ပြလိုက်တယ်..။

“..အဲဒါက အစီအစဉ်ပဲလေ..”

ယင်းနောက်မှာတော့ သူမက ခနလောက် ဆက်ရပ်နေပြီးမှ သူ့ကို တစ်ယောက်တည်း ထားကာ ထွက်သွားပါတော့တယ်..။

ဆန်နီ ကတော့ မိုးကုပ်စက်ဝိုင်းမှာ စစ်သင်္ဘောကြီးရဲ့ ထည်ဝါတဲ့ ပုံရိပ် ပေါ်လာမယ့် အချိန်ကို စိတ်ကူးယောင်ရင်း အဝေးကိုသာ စိုက်ကြည့်နေခဲ့တယ်..။

‘ငါ ဒီနေရာကနေ ထွက်သွားရရင် တစ်ပတ်တိတိ ဆက်တိုက် အိပ်ပစ်ဦးမယ်..။ အား.. မဟုတ်သေးပါဘူး.. အိပ်ဖို့ အိပ်ဖို့ အိပ်ဖို့ ချည်းပဲ တွေးမနေနဲ့...’

သူ မျက်နှာပျက်သွားပြီး ကိုယ့်ပါးကို ပြန်ရိုက်ကာ လှည့်ထွက်လာခဲ့တယ်..။ အခုအချိန်က ပြင်းပြီး ခါးသက်နေတဲ့ ကော်ဖီပူပူ တစ်ခွက် သွားရှာရမယ့် အချိန်ပါပဲ..။

နောက်တစ်နေ့ မနက်ခင်းကလည်း ညနေခင်းတွေလိုပဲ ထူးမခြားနားစွာ ရောက်ရှိလာခဲ့ပြီး.. ရိုင်နို ဆီကို ရင်းနှီးနေတဲ့ လူရိပ်တစ်ခု ချဉ်းကပ်လာခဲ့တယ်..။ကားအမိုးပေါ်မှာ ထိုင်ရင်း စိတ်ကို လှုံ့ဆော်ပေးတဲ့ ဆေးထုတ်နဲ့ ဆော့နေတဲ့ ဆန်နီဟာ အောက်ကို ငုံ့ကြည့်ကာ မျက်ခုံးပင့်တင်လိုက်တယ်။

“ဗန် ပါလား။ တစ်ခုခု ဖြစ်လို့လား..”

အရပ်ရှည်တဲ့ တက်ရောက်သူ က အပေါ်ကို မော့ကြည့်ပြီး ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ သူ့ရဲ့ တည်ငြိမ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကတော့ မျက်ကွင်းညိုနေခဲ့ပါပြီ။

“..ဟုတ်တယ်.. တစ်ခုခု ဖြစ်သွားပြီ..”

ဆန်နီ မျက်မှောင်ကုတ်လိုက်ပြီး ရုတ်တရက် စိတ်မအေးစရာ ခံစားချက်တစ်ခု ဝင်လာခဲ့တယ်..။

“ကောင်းပြီလေ.. ဘာဖြစ်လို့လဲ..”

ဗန် က သက်ပြင်းချလိုက်တယ်..။

“ငါ့ရဲ့ စစ်သားတွေထဲက တစ်ယောက် ပျောက်နေတယ်..”

ပျောက်ဆုံးသွားတဲ့ စစ်သားက သန်းခေါင်ယံအချိန်မှာ အိပ်ဆောင်ထဲကနေ ပျောက်ကွယ်သွားခဲ့တာပါ..။ ဒီလူ ပျောက်နေတာကို မနက်ခင်း သူ့ရဲ့ ကင်းစောင့်တာဝန်နေရာကို ရောက်မလာတဲ့ အခါကျမှ သတိထားမိခဲ့ကြတယ်။

သူက ဒေသခံ တပ်စခန်းရဲ့ နိုးထသူ အယောက်တစ်ရာထဲက တစ်ယောက်ဖြစ်ပြီး.. အရာရှိတစ်ယောက် ဖြစ်လာဖို့ လမ်းစပေါ် ရောက်နေတဲ့ အတွေ့အကြုံရှိ စစ်သည်တစ်ယောက်ပါ..။ပြီးတော့ အကြောင်းမဲ့ နောက်ကျတတ်တာ မျိုးလည်း မရှိပါဘူး..။

ဆန်နီ နဲ့ ဗန် တို့ဟာ စစ်သည် နေထိုင်ခဲ့တဲ့ အဆောက်အဦးဆီကို လျှောက်သွားနေကြစဉ်မှာတော့..ပတ်ဝန်းကျင်ရဲ့ လေထုက တင်းမာနေခဲ့တယ်..။ ဆန်နီ က သိသာတဲ့ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်..။

“ခံတပ်တစ်ခုလုံးကို ရှာပြီးပြီလား..”

မာစတာ က ခေါင်းညိတ်ပြလိုက်တယ်..။

“အင်း.. သူ သွားလို့ရမယ့် နေရာမှန်သမျှ အကုန်ရှာပြီးပြီ..။ သူ့ရဲ့ အရိပ်အယောင်ကို ဘယ်မှာမှ မတွေ့ရဘူး..”

ဆန်နီ မျက်မှောင်ကုတ်လိုက်မိတယ်..။ လူတွေက ဒီတိုင်း လေထဲမှာ ပျောက်ကွယ်သွားလို့ မရပါဘူး..။ကောင်းပြီလေ ပုံမှန်အားဖြင့်တော့ မဖြစ်နိုင်ပါဘူး..။ အထူးသဖြင့် ဘယ်သူမှ သတိမထားမိပဲ ပျောက်ကွယ်သွားတာမျိုးပေါ့..။

“လုံခြုံရေး ကင်မရာတွေရော.. မှတ်တမ်းတင်ထားတာ မရှိဘူးလား..”

ဗန် က အံကိုကြိတ်လိုက်ပြီး ခေါင်းခါပြခဲ့တယ်..

“စောင့်ကြည့်ရေး စနစ်အများစုက နှင်းမုန်တိုင်းတုန်းက ပျက်စီးသွားခဲ့တာလေ..။ ကျန်ခဲ့တဲ့ အနည်းအကျဉ်းကလည်း သားရဲ ဂိတ်ပေါက် ရဲ့ အနှောင့်အယှက်တွေကြောင့် အသုံးမဝင်သလောက် ဖြစ်နေတယ်..။ ငါတို့ သုံးလို့ရမယ့် မှတ်တမ်း ဘာမှမရှိဘူး..”

သူတို့က စစ်တန်းလျားကို ရောက်ရှိသွားပြီး ပျောက်ဆုံးနေတဲ့ စစ်သားရဲ့ ကိုယ်ပိုင်အခန်းဆီကို ဦးတည်လိုက်ကြတယ်..။ အခန်းရှေ့မှာတော့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာအမူအရာတွေ နိုးထသူ အချို့ စုဝေးနေကြပါတယ်..။

အခန်းထဲကို ဝင်လိုက်တဲ့အချိန်မှာတော့ ဆန်နီရဲ့ စိတ်မသက်မသာ ဖြစ်မူတွေက ပိုပြီးတော့တောင် ပြင်းထန်လာခဲ့တယ်..။

ဒါကတော့ အခန်းထဲမှာ.. ဘာမှ ရှိမနေလို့ပါပဲ..။

ဒီသေးငယ်တဲ့ အခန်းထဲမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ အရိပ်အယောင်မျိုး လုံးဝ မရှိပါဘူး..။ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ ပုံစံလည်းမရှိသလို.. သွေးစက်တွေလည်း မရှိပဲ.. လေထုထဲမှာ ထူးဆန်းတဲ့ အနံ့အသက်မျိုးလည်း ကျန်မနေခဲ့ပေ..။ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေ.. အလိုလိုသိစိတ်တွေနဲ့တောင်မှ ပုံမှန်မဟုတ်တဲ့အရာ ဘာတစ်ခုကိုမှ သူ သတိမထားမိပါဘူး..။

သို့ပေမဲ့ ဆန်နီ က သူ့ရဲ့ အမြင်အာရုံနဲ့ အရိပ်အာရုံခံစားမှု နှစ်ခုလုံးကို သုံးပြီး သေးငယ်တဲ့ အသေးစိတ်အချက်အလက် တိုင်းကို သေချာစွာ စူးစမ်းလေ့လာခဲ့တယ်..။ သူက သူ့ရဲ့ အရိပ်တွေကို ခံတပ်တစ်ခုလုံးကို ဖြတ်ပြီး ရှာဖွေဖို့ စေလွှတ်ခဲ့ပေမဲ့လည်း.. ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး..။

ဒီစစ်သားက အမှန်တကယ်ပဲ လေထဲမှာ တစ်နည်းနည်းနဲ့ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့တာပါ။

ခနကြာပြီးနောက်မှာတော့ ဆန်နီ ဟာ ဗန် ကို ကြည့်လိုက်ပြီး အနည်းငယ် နေရခက်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်..။

“သူက ထွက်ပြေးသွားတာ ဖြစ်နိုင်မလား..”

ဗန် က သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်လာခဲ့တယ်..။

“..သူက ဘယ်ကို သွားရမှာလဲ..”

ဆန်နီ ခေါင်းညိတ်လိုက်မိတယ်..။ တစ်စုံတစ်ယောက်က စိတ်ရူးပေါက်ပြီး ဒီလို ဝေးလံခေါင်သီတဲ့ စခန်းကနေ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရင်တောင်မှ.. သူတို့အတွက် သွားစရာ ဘယ်နေရာမှ မရှိပါဘူး..။

မာစတာ ဗန် ကတော့ အံကိုကြိတ်ထားခဲ့တယ်..။

“ငါ သတိမထားမိတဲ့ အရာတစ်ခုခုကို မင်းသတိထားမိဖို့ ငါ မျှော်လင့်ခဲ့တာ..။ မင်း တစ်ခုခု တွေ့မိတာ ရှိလား..”

ဆန်နီ က ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက ပင်ပန်းကြီးစွာနဲ့ သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်ပါတယ်..။

“ဟင့်အင်း.. ဘာမှမရှိဘူး…..”

အပိုင်း ( ၈၈၈ ) ပြီး၏။

All Chapters