အခန်း (၈၈၉-၈၉၁)
Vol. 60 Ch. 889-891
အပိုင်း ( ၈၈၉ ) ခြေရာလက်ရာမရှိပဲ ပျောက်ကွယ်ခြင်း
နိုးထသူ စစ်သည်ကတော့ တကယ်ပဲ ပျောက်ဆုံးသွားခဲ့ပါပြီ..။ ခံတပ်တစ်ခုလုံးကို တပ်စခန်းရဲ့ စစ်သားတွေကော ဆန်နီ့ရဲ့ အရိပ်တွေပါ ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြပေမဲ့.. ဘာခြေရာလက်ရာမှ ရှာမတွေ့ခဲ့ပါဘူး..။ ဗန် ဟာ ဟောင်းနွမ်းနေတဲ့ နက္ခတ်တာဝါရဲ့ အမိုးခုံးကိုပါ ဖွင့်ပြီး ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ သို့ပေမဲ့ အထဲမှာတော့ ဟောင်းနွမ်းနေတဲ့ စက်ပစ္စည်းတွေ.. မှောင်မိုက်မှုတွေနဲ့ ဖုန်မှုန့်တွေကလွဲလို့ ဘာမှ ရှိမနေခဲ့ပေ..။
ယင်းနောက်မှာတော့ ဆန်နီ ဟာ တစ်စုံတစ်ခုသော သဲလွန်စကို ရှာဖွေနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခံတပ်အပြင်ဘက်က ကမ်းခြေလွင်ပြင်ဆီကိုပါ သူ့ရဲ့ အရိပ်တွေကို စေလွှတ်ပြီး အနုစိတ် ရှာဖွေခိုင်းခဲ့တယ်..။ ဒါပေမဲ့လည်း ဘာမှ ရှာမတွေ့ခဲ့ပါဘူး..။
စိတ်မအေးစရာ ခံစားချက်နဲ့ မကောင်းတဲ့ နိမိတ်တွေက အထီးကျန်နေတဲ့ ခံတပ်တစ်ခုလုံးကို လွှမ်းမိုးလာခဲ့တယ်..။
ဒီတင်းမာမှုတွေကို လျှော့ချဖို့အတွက် လူတွေက တစ်နေရာတည်းမှာ စုဝေးနေကြချိန်မှာတော့.. ဆန်နီ.. ဗန် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ဟာ အရေးပေါ် ဆွေးနွေးပွဲ ပြုလုပ်ဖို့ လုံခြုံရေး ဗဟိုဌာနထဲမှာ စုဝေးလိုက်ကြပါတယ်..။ သို့ပေမဲ့ သူတို့ထဲက ဘယ်သူမှ အရင်ဆုံး စကားစပြောဖို့ စိတ်အားထက်သန်နေပုံ မရကြပါဘူး..။
သူတို့မှာ ဘာမှ ပြောစရာ မရှိခဲ့ပေ..။
နောက်ဆုံးမှာတော့ ဆန်နီ က သက်ပြင်းတစ်ချက်ချရင်း သူ့မျက်နှာကို သူ ပြန်ပွတ်လိုက်တယ်..။
“ကောင်းပြီလေ.. အခြေအနေကတော့ ဖြစ်နိုင်ခြေ သုံးခုပဲ ရှိတယ် ဟုတ်တယ်မလား..”
ဗန် က သူ့ကို နက်မှောင်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်..။
“အဲဒါတွေက ဘာလဲ..”
ဆန်နီ ခနလောက် တုံ့ဆိုင်းသွားခဲ့ပြီး..
“ပထမတစ်ခုကတော့.. သူ တကယ်ပဲ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်..”
တည်ကြည်တဲ့ မာစတာ ကတော့ ခေါင်းကိုသာ ခါယမ်းလိုက်ပါတယ်..။ ဒီအမူအရာထဲမှာ ရန်လိုမှု ဒါမှမဟုတ် ကာကွယ်ပြောဆိုလိုတဲ့ ပုံစံမျိုး လုံးဝ မရှိပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ဗန် က သူ့လူတွေ ဒါမှမဟုတ် သူ့ကိုယ်သူ အပေါ်မှာယုံကြည်မှု ပျောက်ဆုံးနေတတ်တဲ့ ခေါင်းဆောင်မျိုး မဟုတ်လို့ပါပဲ..။ ဒီစကားလောက်နဲ့ သူ့ကို စိတ်ဆိုးသွားစေမယ့် နုနယ်တဲ့ မာနမျိုးလည်း သူ့မှာ ရှိမနေခဲ့ပေ..။
“အဲဒါကတော့ မဖြစ်နိုင်သလောက်ပဲ..။ ငါ ဒီ နိုးထသူ ကို ကောင်းကောင်းသိတယ်..။ သူက.. စိတ်ချရတဲ့ လူတစ်ယောက်ပါ..”
ဆန်နီ က ပုခုံးတွန့်လိုက်ပြီး နောက်တစ်ဆင့်ကို ဆက်ပြောလိုက်တယ်..။
“ဒါပေမဲ့ အဲဒါက အကောင်းဆုံး ရလဒ် ဖြစ်လိမ့်မယ်..။ ကျန်တဲ့ ဖြစ်နိုင်ခြေ နှစ်ခုက ပိုပြီးတော့ အလုပ်ရှုပ်ဖို့ ကောင်းတယ်..”
သူ့ရဲ့ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်တဲ့ မျက်မှောင်ကုတ်မှုတစ်ခု ပေါ်လာခဲ့တယ်..။
“ဒုတိယ ဖြစ်နိုင်ခြေကတော့.. သူဟာအကြောင်းပြချက် တစ်ခုခုကြောင့် LO49 မှာ ရှိနေတဲ့ အခြားလူတစ်ယောက်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ..။ လူသတ်သမားက အလောင်းကို ဖျောက်ဖျက်ပစ်ပြီး ပြစ်မှုကျူးလွန်ထားတဲ့ ခြေရာလက်ရာတွေကို ဖယ်ရှားပစ်ခဲ့တာ ဖြစ်နိုင်တယ်..။ သာမန်လူတစ်ယောက်အနေနဲ့ နိုးထသူ တစ်ယောက်ကို သတ်ဖို့ မလွယ်ကူတာကြောင့်.. အဓိက သံသယရှိသူက ခင်ဗျား ရဲ့ လူတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ် ဗန်..”
ပရော်ဖက်ဆာ အိုဘယ် က လေးလံစွာ သက်ပြင်းချလိုက်တယ်..။
“မင်းက တကယ်ပဲ ဒီ ရဲရင့်တဲ့ စစ်သည်တွေထဲက တစ်ယောက်လုပ်တယ်လိူ့ ထင်နေတာလား.."
ဆန်နီ က သူ့ကို တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်..။
“ကျွန်တော်က ဖြစ်နိုင်တဲ့ အခြေအနေတွေကို စူးစမ်းကြည့်ရုံတင်ပါ..။ ဒါပေမဲ့ အထင်မမှားလိုက်နဲ့ဦး..။ ကျွန်တော်တို့ နိုးထသူ တွေက သားရဲတွေအဖြစ် ပြောင်းလဲသွားဖို့ အမြဲတမ်း ခြေလှမ်းတစ်လှမ်းပဲ လိုအပ်တာလေ..။ အန္တာတိက ရဲ့ လူတွေအပေါ်ကို ပေးထားတဲ့ ဖိအားတွေနဲ့ဆိုရင်.. လူအများကြီးက မလွဲမသွေ စိတ်ပိုင်းဆိုင်ရာ ကျိုးပျက်လာကြလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ်.. ပြစ်မှုဆိုင်ရာ သက်သေတွေကို ဖျောက်ဖျက်ဖို့ သင့်တော်တဲ့ စွမ်းရည် ရှိတဲ့
နိုးထသူ တွေကို သတိထားရမယ်..။ ဗန်.. ခင်ဗျားက စစ်သားတွေအကြောင်း အသိဆုံးဆိုတော့ ဒီတာဝန်က ခင်ဗျားအပေါ်မှာပဲ ရှိလိမ့်မယ်..”
ဗန် က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးမှ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြခဲ့တယ်..။
“နောက်ဆုံး ဖြစ်နိုင်ခြေကရော ဘာလဲ..”
ဆန်နီ ခနလောက် အချိန်ဆွဲနေခဲ့တယ်..။
“ခံတပ်ထဲကို တိတ်တဆိတ် ဝင်ရောက်လာပြီး.. ဒီတံတိုင်းတွေထဲက တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင် ရှိနေတာ ဖြစ်နိုင်တယ်..။ ကျုပ်တို့ ဘာခြေရာလက်ရာမှ ရှာမတွေ့ခဲ့တာကို ကြည့်ရင်.. ဒီကောင်က အရမ်း သန်မာတာ ဒါမှမဟုတ် အရမ်း ဖမ်းရခက်တာ.. ဒါမှမဟုတ် နှစ်ခုလုံး ဖြစ်နေနိုင်တယ်..။အားလုံးထဲမှာ ကျုပ်က အကောင်းဆုံး ကင်းထောက်ဖြစ်တာကြောင့် ဒီဖြစ်နိုင်ခြေကို စုံစမ်းဖို့က ကျုပ် တာဝန် ယူလိုက်မယ်..”
ဗန် က ခနလောက် ငြိမ်သက်နေပြီးမှ လေးနက်စွာ ပြောလာခဲ့တယ်..။
“ဒါက အစီအစဉ်ကောင်းပဲ..။ ဒါပေမဲ့ ငါတို့ နှစ်ယောက်လုံး ဘာမှ ရှာမတွေ့ရင် ဘာဆက်ဖြစ်မှာလဲ..”
ဆန်နီ က သူ့ကို ကြည့်လိုက်တယ်..။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ မှောင်မိုက်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်..။
“အဲဒါဆိုရင်တော့ အေရီယက်ဒ်နီ သင်္ဘော ရောက်လာမယ့် အချိန်ကိုပဲ စောင့်ဆိုင်းရမှာပေါ့။ပြီးတော့.. တခြားဘယ်သူမှ ထပ်ပြီး မပျောက်ကွယ်သွားဖို့ပဲ ဆုတောင်းရတော့မယ်..။ ကျုပ်တို့ အပြင်ကမ္ဘာနဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တာအရဆိုရင်.. အဲဒီသင်္ဘောက အစောဆုံး လေးရက်.. အနောက်ကျဆုံး ဆယ့်တစ်ရက်အတွင်း ရောက်လာလိမ့်မယ်..။ ဒီအချိန်လောက်ကိုတော့ ကျုပ်တို့ တောင့်ခံနိုင်မှာပါ..”
သူ စကားပြောနေတဲ့ အချိန်မှာပဲ.. စိတ်ထဲကို စိမ့်ဝင်လာနေတဲ့ ‘ခေါ်သံ’ ရဲ့ စူးရှရှ အသံတွေက သူ့ရဲ့ စိတ်ဝိဥာဉ်ကို ဆက်တိုက် ဖိအားပေး နှောက်ယှက်နေခဲ့ပါတယ်..။
ဗန် က မျက်လုံးတွေကို ခနလောက် ပိတ်လိုက်ပြီး..
“ဒါဆိုရင်လည်း အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့..”
ဗန် က သူ့ရဲ့ စစ်သားတွေကို စတင် စုံစမ်းစစ်ဆေးနေချိန်မှာတော့.. ဆန်နီ က ရိုင်နို ရဲ့ အမိုးပေါ်ကို ပြန်တက်လိုက်တယ်။ပြီးတာနဲ့ ဒီနေ့အတွက် တတိယမြောက်အကြိမ်အဖြစ် LO49 ကို ရှာဖွေဖို့ သူ့ရဲ့ အရိပ်တွေကို စေလွှတ်လိုက်ပါတယ်..။ တစ်ခုခု ရှာတွေ့ဖို့ မျှော်လင့်ချက် သိပ်မရှိပေမဲ့.. ဖမ်းရခက်တဲ့ ထိတ်လန့်စရာ သတ္တဝါကြီးက ခံတပ်ရဲ့ တစ်နေရာရာမှာ ပုန်းနေပြီး နောက်ထပ် သားကောင်ကို ဖမ်းဖို့ စောင့်ဆိုင်းနေတယ်ဆိုတဲ့ အတွေးက သူ့ကို ငြိမ်ငြိမ်ထိုင်မနေနိုင်အောင် လုပ်နေခဲ့တာပါပဲ..။
အနည်းဆုံးတော့ အခု သူ့မှာ လုပ်စရာ တစ်ခုခု ရှိသွားပါပြီ..။
ခံတပ်ထဲမှာ ပိတ်မိနေတဲ့ လူတွေက အစကတည်းက ပင်ပန်းနွမ်းနယ်နေကြတာ ဖြစ်ပေမဲ့.. မမြင်နိုင်တဲ့ အမည်မသိ အန္တရာယ်အသစ်တစ်ခုက လွှမ်းမိုးနေတာကြောင့်.. သူတို့ရဲ့ စိတ်ခံစားချက်တွေက ပိုပြီးတော့တောင် မတည်မငြိမ် ဖြစ်လာခဲ့တယ်..။ လူအများစုကတော့ မကြာခင်မှာ အေရီယက်ဒ်နီ သင်္ဘော ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် လောလောဆယ် တောင့်ခံနိုင်နေကြပါသေးတယ်..။
ဆန်နီ အနေနဲ့ မျှော်လင့်ချက်အကြောင်းကို ကောင်းကောင်းသိသလို.. ဒီလို အခြေအနေမျိုးမှာ မျှော်လင့်ချက်တစ်ခုက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကိုလည်း နားလည်ပါတယ်..။
ရှာဖွေမှုတွေ ဆက်လုပ်နေစဉ်မှာပဲ.. လုံခြုံရေး စည်းမျဉ်းအသစ်တွေကို စတင် အသက်သွင်းလိုက်ကြတယ်..။ သာမန်လူတွေကို တစ်ယောက်တည်း နေခွင့် လုံးဝ မပြုတော့သလို.. တစ်ယောက်ယောက်က မထင်မှတ်ဘဲ ပထမဆုံး အိပ်မက်ဆိုး ထဲကို ရောက်သွားတာမျိုး မရှိစေဖို့အတွက် အပြန်အလှန် စောင့်ကြည့်ရမယ့် စနစ်တစ်ခုကို သတ်မှတ်လိုက်ပါတယ်..။ နေထိုင်ရာ အိပ်ဆောင်တွေမှာလည်း အာရုံခံကိရိယာအသစ်တွေနဲ့ အရေးပေါ် သော့ခတ်စနစ်တွေကို တပ်ဆင်လိုက်ကြပြီး.. နိုးထသူ တွေကိုလည်း မအိပ်ဘဲ နေနိုင်ဖို့အတွက် ပြင်းထန်တဲ့ စိတ်လှုံ့ဆော်ဆေးတွေကို ထောက်ပံ့ပေးလိုက်ကြတယ်..။
စစ်သားအများအပြားကို ခံတပ်တံတိုင်းတွေပေါ်ကနေ ဆင်းလာစေပြီး.. အတွင်းပိုင်း ကင်းလှည့်မှုတွေကို အားဖြည့်ခိုင်းကာ စည်းမျဉ်းတွေကို သေသေချာချာ လိုက်နာဖို့ စောင့်ကြည့်ခိုင်းလိုက်ပါတယ်..။
အိပ်မက်ဆိုး ချိန်းကြိုးကြီး က ကစားပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ခဲ့တာကြောင့်.. ဒီလို အကျပ်အတည်းမျိုးကို ကိုင်တွယ်ဖြေရှင်းဖူးတဲ့ အစဉ်အလာမျိုး သူတို့မှာ ရှိမနေခဲ့ပါဘူး..။ စစ်ဌာနချုပ်နဲ့ ပြတ်တောက်နေတာကြောင့် ဗန် အနေနဲ့ ပိုမိုပြင်းထန်တဲ့ နည်းလမ်းတွေကို သူ့ဘာသာသူပဲ စဉ်းစားခဲ့ရတယ်..။ ကံကောင်းထောက်မစွာနဲ့ပဲ ပရော်ဖက်ဆာ အိုဘယ် က ကူညီပေးနိုင်ခဲ့ပါတယ်..။ဒီ လူအိုကြီး မှာတော့ အခိုက်အတန့် ရဲ့ ကမ္ဘာပျက်ကပ်လို ဆင်းသက်လာတဲ့ မှတ်ဉာဏ်တွေ ရှိနေဆဲ ဖြစ်သလို.. ပထမမျိုးဆက် တွေက အလားတူ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ခဲ့လဲဆိုတာကိုလည်း သိနေခဲ့တယ်..။
ပြင်ပကမ္ဘာနဲ့ အဆက်သွယ် ပြတ်တောက်နေပြီး.. ပွင့်နေတဲ့ ဂိတ်ပေါက် အမြောက်အမြားရဲ့ ဝန်းရံခြင်းကို ခံထားရတဲ့ LO49 ခံတပ်ကတော့ တတ်နိုင်သမျှ အကောင်းဆုံး တောင့်ခံနေခဲ့တာပါ..။
ဒါပေမဲ့ ဒါက တကယ်ပဲ လုံလောက်ရဲ့လား..။ ဆန်နီ ကိုယ်တိုင်လည်း မသိပါဘူး..။
‘ချီးပဲ.. ချီးပဲ.. ချီးပဲ..’
စိတ်ပျက်စရာကောင်းလောက်အောင်ပဲ.. သူတို့ စခန်းရဲ့ တစ်နေရာရာမှာ အမည်မသိ အိပ်မက်ဆိုး သားရဲ ပုန်းအောင်းနေတယ်ဆိုတဲ့ သက်သေ တစ်ခုမှ ရှာမတွေ့ခဲ့ပေ..။ သူ့ရဲ့ အရိပ်တွေက ခံတပ်ရဲ့ မြေပေါ်မြေအောက် ထောင့်စွန်းမကျန် ရှာဖွေခဲ့သလို.. တံတိုင်းအပြင်ဘက်က ကီလိုမီတာပေါင်းများစွာ ရှည်လျားတဲ့ နှင်းဖုံးနေတဲ့ ကမ်းခြေလွင်ပြင်အထိပါ ရှာဖွေခဲ့ကြပါတယ်..။ ဒါပေမဲ့ အားလုံးက အချည်းနှီးပါပဲ..။
ဒီ အကျည်းတန်တဲ့ သတ္တဝါက အရမ်း လှည့်စားတတ်လွန်းတာ ဒါမှမဟုတ် တကယ်ပဲ ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေ ရှိနေတာ ဖြစ်နိုင်ပါတယ်.။.. ဒါမှမဟုတ်ရင်လည်း ဒီ သတ္တဝါ က အမှန်တကယ် ရှိမနေတာလည်း ဖြစ်နိုင်တာပါပဲ..။
ဗန် ဘက်ကလည်း ဘာမှ ရှာမတွေ့ခဲ့ပါဘူး..။
အချိန်တစ်ခုမှာတော့.. ဆန်နီ ဟာ LO49 ရဲ့ တပ်ဖွဲ့ဝင်တွေ ..က အသားစား သားရဲတွေကို အနိုင်တိုက်ခဲ့တဲ့ နေရာကို သွားရောက် စူးစမ်းကြည့်လိုက်မိတယ်..။ သူ့ရဲ့ အရိပ်နှစ်ခုက စစ်မြေပြင်တစ်ဝိုက်မှာ လိုက်လံ ရှာဖွေနေပြီး.. အရိပ်တစ်ခုက ဝေးလံတဲ့ ဂိတ်ပေါက် ကို စောင့်ကြည့်နေကာ.. ကျန်တဲ့ အရိပ်တစ်ခုကတော့
ပရော်ဖက်ဆာ အိုဘယ် ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါတယ်..။
‘..အဲ့စစ်သားက တကယ်ပဲ ထွက်ပြေးသွားတာ မဖြစ်နိုင်ဘူးလား..။ ငါ နေရာအနှံ့ ရှာပြီးပြီ.. ဘာခြေရာလက်ရာမှ မရှိဘူး..’
သူက ဒီယူဆချက်ကိုတောင် ယုံကြည်လုနီးပါး ဖြစ်သွားခဲ့ရတယ်..။
အဲ့အချိန်မှာပဲ အရပ်ရှည်တဲ့ လူရိပ်တစ်ခုက
ရိုင်နို ဆီကို ချဉ်းကပ်လာခဲ့တယ်..။ ဆန်နီ ဟာ အအေးဒဏ်ကြောင့် တုန်ရီသွားပြီး သံချပ်ကာကားရဲ့ အမိုးအစွန်းဆီကို လျှောက်သွားလိုက်ကာ..အရင်က ကြုံဖူးသလို ခံစားချက်မျိုးနဲ့ ဗန် ကို ငုံ့ကြည့်လိုက်ပါတယ်..။ သူ့ရဲ့ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်။
“ဘာဖြစ်လို့လဲ..”
ဗန် က သူ့ကို သုန်မုန်တဲ့ အမူအရာနဲ့ စိုက်ကြည့်လာခဲ့တယ်..။အချိန်အတော်ကြာပြီးနောက်မှာတော့.. သူက ပါးစပ်ကို ဖွင့်လိုက်ပြီး ပုံမှန် လေသံနဲ့ ပြောလိုက်ပါတယ်..။
“..နောက်ထပ် လူသုံးယောက် ထပ်ပျောက်သွားပြန်ပြီ..”
အပိုင်း ( ၈၈၉ ) ပြီး၏။
အပိုင်း ( ၈၉၀ ) အပြန်အလှန် တာဝန်ယူမှု
နောက်ထပ် လူသုံးယောက် ထပ်မံ ပျောက်ဆုံးသွားခဲ့ပေမဲ့..သဲလွန်စတစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး..။ ဒီတစ်ကြိမ်မှာတော့ ပျောက်ကွယ်သွားတဲ့သူတွေက နိုးထသူ တွေ မဟုတ်ကြပေ..။ တစ်ယောက်က သာမန်စစ်သား .. တစ်ယောက်က သိပ္ပံပညာရှင် ဖြစ်ပြီး.. ကျန်တဲ့တစ်ယောက်ကတော့ အရပ်ဘက် ထောက်ပံ့ရေး ဝန်ထမ်းတစ်ယောက် ဖြစ်နေခဲ့တယ်..။ သူတို့ကြားထဲမှာ ထူးခြားတဲ့ တူညီချက်တစ်ခုမှ ရှိမနေသလို.. သူတို့အချင်းချင်း ဒါမှမဟုတ် ပထမဆုံး သားကောင် နဲ့ ဆက်စပ်နေတာမျိုးလည်း ရှိမနေခဲ့ပါဘူး..။ သူတို့ သုံးယောက်လုံးက မတူညီတဲ့ နေရာတွေကနေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပြီး.. သူတို့ကို နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ အချိန်တွေကလည်း မတူညီကြပေ..။
ဆန်နီ နဲ့ ဗန် တို့ဟာ သူတို့ နေထိုင်ခဲ့တဲ့ အိပ်ဆောင်တွေ.. စခန်းထဲမှာ သူတို့ သွားလာတတ်တဲ့ နေရာတွေနဲ့ သူတို့ နောက်ဆုံး ရှိနေခဲ့တဲ့ နေရာတွေကို တိတ်ဆိတ်စွာ စုံစမ်းစစ်ဆေးခဲ့ကြတယ်..။ ဒါပေမဲ့ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး..။
ဒီလုပ်ငန်းစဉ်ထဲမှာပဲ သူတို့ နှစ်ယောက်လုံးဟာ ပိုပြီးတော့တောင် လေးလံထိုင်းမှိုင်းလာခဲ့ကြတယ်..။
…အချိန်တစ်ခုမှာတော့ ဆန်နီ ဟာ ဘေးနားက အခြား မာစတာ ကို သံသယစိတ်နဲ့ လှမ်းကြည့်လိုက်မိတယ်..။သူက ဗန် ရဲ့ အကြောင်းကို တကယ်ပဲ ဘာတွေ သိထားလို့လဲ..။ ဗန် က
အန္တာတိက ရဲ့ ဒေသခံ တစ်ယောက် ဖြစ်ပြီး.. စံပြ မှတ်တမ်းကောင်းတွေ ရှိတဲ့ သက်တမ်းရင့် စစ်မှုထမ်းတစ်ယောက် ဖြစ်သလို.. အရည်အချင်းရှိတဲ့ တိုက်ခိုက်ရေးသမား နဲ့ သူ့လူတွေရဲ့ ချစ်ခင်လေးစားမှုကို ရထားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်..။ သူ့ရဲ့ စွမ်းရည် က အပူကူးပြောင်းခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းအပေါ်မှာ အခြေခံထား
တာပါ..။
ဒါက အလောင်းတွေကို ဖျောက်ဖျက်ဖို့ အသုံးချနိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး..။ ဒါပေမဲ့လည်း ဒါကို ဂဏ္ဍ စွမ်းရည် ရဲ့ စွမ်းအားနဲ့ပဲ လုပ်ရမယ်လို့ ဘယ်သူက ပြောထားလို့လဲ..။
အဲ့အချိန်မှာပဲ ဗန် ကလည်း ထုံးစံအတိုင်း သူ့ရဲ့ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ဆန်နီ ဆီကို ရုတ်တရက် လှည့်ကြည့်လာခဲ့တယ်..။ သို့ပေမယ့် သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်ပြီး လေးလံနေခဲ့ပါပြီ..။
“မင်းမှာ သိုလှောင်နိုင်တဲ့ မှတ်သားမူ တစ်ခု ရှိတယ်လို့ ငါ ကြားထားတယ်..”
ဆန်နီ က သူ့ကို နက်မှောင်တဲ့ မျက်နှာထားနဲ့ ပြန်ကြည့်လိုက်ပြီး..
“..ကျုပ်မှာ ရှိတော့ ဘာဖြစ်လို့လဲ..”
ဗန် က သူ့ရဲ့ အကြည့်ကို အချိန်အတော်ကြာအောင် တောင့်ခံထားပြီးမှ.. သက်ပြင်းတစ်ချက်ချရင်း တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။
“ဒါက မကောင်းဘူး..”
ဆန်နီ အနေနဲ့လည်း ဒါကို သဘောတူရမှာပါ..။
သူတို့ နှစ်ယောက် ကသာ တစ်ယောက်ကိုတစ်ယောက် သံသယဝင်ရလောက်တဲ့အထိ စိတ္တဇ ဖြစ်နေကြပြီဆိုရင်.. ခံတပ်ထဲက ကျန်တဲ့သူတွေဆိုရင် တကယ်ပဲ စိတ်ခြောက်ခြားနေကြတော့မှာပါ..။
သတိဝီရိယရှိတာက ဆိုးဝါးတဲ့အရာ မဟုတ်ဘူးဆိုပေမဲ့.. လူတွေ ခံစားနေရတဲ့ ဖိအားတွေနဲ့ဆိုရင်.. နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခုက ပြင်းထန်တဲ့ ပေါက်ကွဲမှုကို ဖြစ်စေနိုင်တဲ့ မီးပွားတစ်ခု ဖြစ်သွားနိုင်ပါတယ်..။
သူ သက်ပြင်းချလိုက်မိတယ်..။
“ကျုပ်တို့.. နည်းလမ်းအချို့ကို အကောင်အထည်ဖော်ဖို့ အသင့်ပြင်ထားရမယ်..”
ဗန် က သူ့ကို ဘေးကနေကြည့်လိုက်ပြီး..
“ဘယ်လို နည်းလမ်းမျိုးလဲ..”
ဆန်နီ က သူ့ကို တည်ငြိမ်စွာနဲ့ ကြည့်လိုက်တယ်..။ဒါမှမဟုတ် အေးစက်တဲ့ အကြည့်လည်း ဖြစ်နေနိုင်ပါတယ်။
…သူ အရမ်း ပင်ပန်းနေခဲ့ပြီလေ..။
“အလုပ်ဖြစ်မယ့် ဘယ်လိုနည်းလမ်းမျိုးမဆိုပေါ့..”
ဒေသခံ မာစတာ က ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ..
“ငါ့လူတွေကိုတော့ ငါ ယုံကြည်တယ်..။ အားအင်ကုန်ခမ်းပြီး အိပ်ရေးပျက်နေရင်တောင်မှ သူတို့က စည်းကမ်းရှိရှိ နေကြမှာပဲ..။ အရပ်သားတွေကတော့.. စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်..။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဒါကို အစကတည်းက တားဆီးဖို့ပဲ..။ဒီအတွက် ဆိုရင်
ဘာတွေဖြစ်နေလဲဆိုတာကို ငါတို့ နားလည်ဖို့လိုပြီး.. လူတွေ ထပ်မပျောက်အောင်လည်းတားဆီးရမယ်..”
ဆန်နီ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီး.. နောက်ဆုံးမှာတော့ ပုခုံးတွန့်ပြလိုက်တယ်..။
“ဟုတ်တယ်.. ကျုပ်တို့ တားဆီးနိုင်ဖို့ပဲ မျှော်လင့်ရမှာပဲ..”
ဒီလိုနဲ့ပဲ သူတို့က အစီအစဉ်ရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ သက်သေတွေကို မေးမြန်းဖို့ဆီကို ကူးပြောင်းလိုက်ကြတယ်..။
“သက်သေ” ဆိုတဲ့ စကားလုံးက မှားနေနိုင်ပါတယ်..။ ဒီတစ်ကြိမ်မှာတော့ သားကောင် သုံးယောက်လုံးက သာမန်လူတွေ ဖြစ်နေကြတယ်..။ ဗန် မွမ်းမံသတ်မှတ်ထားတဲ့ လုံခြုံရေး စည်းမျဉ်းတွေအရဆိုရင် သူတို့ကို အဖော်တစ်ယောက် စီစဉ်ပေးထားတယ်လို့ ဆိုလိုတာပါပဲ..။ သူတို့က ဘယ်အချိန်မှာမှ တစ်ယောက်တည်း ရှိမနေသင့်ပါဘူး..။ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်သင့်ပေ..။
ဒါပေမဲ့လည်း သူတို့ ပျောက်သွားခဲ့ကြပါတယ်..။
မေးမြန်းမှုတွေကနေ ထူးခြားတဲ့ အချက်အလက် ဘာမှ ထွက်မလာခဲ့ပေ..။ သားကောင် သုံးယောက် ကို အပြန်အလှန် တာဝန်ယူရတဲ့ အဖော်တွေက တူညီတဲ့ အချက်ကိုပဲ ပြောပြခဲ့ကြတယ်..။ ပျောက်ဆုံးသွားတဲ့သူတွေက တစ်နေ့လုံး သူတို့နဲ့အတူ ရှိနေခဲ့တာ ဖြစ်ပြီး.. အချိန်တစ်ခုမှာတော့ လုံးဝ သတိမထားမိဘဲ ပျောက်ကွယ်သွားခဲ့တာပါ..။ သိပ္ပံပညာရှင်နဲ့ ဝန်ထမ်းကတော့ သူတို့ရဲ့ အဖော်တွေက နိုးလာတဲ့အချိန်မှာ မရှိတော့တာ ဖြစ်ပြီး.. စစ်သားကတော့ တံတိုင်းပေါ်က စက်သေနတ်မျှော်စင်တစ်ခုကို ပြုပြင်ဖို့ အာရုံစိုက်ပြီး တစ်ဖက်လှည့်နေတဲ့ အချိန်မှာ သူ့အဖော်က ပျောက်ကွယ်သွားပုံရပါတယ်..။
ကျန်ရှိနေတဲ့ စစ်သားက သူ့အဖော် မရှိတော့ကြောင်း အစီရင်ခံပြီးတဲ့နောက်မှာမှ.. နောက်ထပ် လူနှစ်ယောက် ထပ်မံ ပျောက်ဆုံးနေတဲ့ အချက်ကိုပါ သိရှိခဲ့ရတယ်..။ သားကောင် သုံးယောက်လုံးက မပျောက်ကွယ်သွားခင်မှာ ထူးဆန်းစွာ ပြုမူတာမျိုး ဒါမှမဟုတ် စိတ်မသက်မသာ ဖြစ်တာမျိုး လုံးဝ မပြခဲ့ကြပါဘူး..။ ဆန်နီ နဲ့ ဗန် တို့အတွက် ဖမ်းဆုပ်စရာ ဘာမှ ရှိမနေခဲ့သလို.. ဒီနက်နဲမှုကို ဖော်ထုတ်ဖို့ ဆွဲထုတ်ရမယ့် ကြိုးမျှင်တစ်ခုမှလည်း ရှိမနေခဲ့ပါဘူး..။
သူတို့ရဲ့ စိတ်ခံစားချက်တွေက ပိုပြီးတော့တောင် မှောင်မိုက် လာခဲ့တယ်..။
…သူတို့ သက်သေတွေကို မေးမြန်းနေစဉ်မှာပဲ.. စခန်းထဲမှာ သေဆုံးမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်..။ တစ်ယောက်ကတော့ လွန်ခဲ့တဲ့ တစ်ရက်က အခိုက်အတန့် ရဲ့ ကူးစက်ခံရတဲ့ လက္ခဏာတွေကို အစီရင်ခံခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက် ပါ။သူက.. စခန်းရဲ့ ဆေးဘက်ဆိုင်ရာ လုံခြုံစိတ်ချရတဲ့ အခန်းထဲမှာ ထိန်းသိမ်းထားစဉ် အိပ်ပျော်နေရင်း တိတ်ဆိတ်စွာ သေဆုံးသွားခဲ့တယ်..။ အခြေအနေကို စောင့်ကြည့်နေတဲ့ နိုးထသူ အချို့က သေဆုံးသွားတဲ့ သိပ္ပံပညာရှင် ကနေတဆင့် ပြောင်းလဲသွားတဲ့ အိပ်မက်ဆိုး သားရဲ ကို အချိန်မီ သုတ်သင်နိုင်ခဲ့တာကြောင့်.. လုံခြုံရေးအခန်းထဲမှာ သွေးချောင်းစီး သတ်ဖြတ်မှု ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်ခဲ့ပါတယ်..။
အခြားတစ်ယောက်ကတော့ အိပ်ပျော်သွားမှာကို အရမ်း ကြောက်ရွံ့နေတာကြောင့် ဆေးဘက်ဆိုင်ရာ ဗဟိုဌာနထဲကနေ စစ်တပ်သုံး စိတ်လှုံ့ဆော်ဆေးတွေကို ခိုးယူခဲ့တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်နေခဲ့ပါတယ်..။ နိုးထသူ စစ်သားတွေအတွက် ထုတ်လုပ်ထားတဲ့ ဒီစိတ်လှုံ့ဆော်ဆေးတွေက သူ့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ပြင်းထန်တဲ့ ဖိအားတွေကို ဖြစ်ပေါ်စေမှာ အသေအချာပါပဲ..။ ဒီလူက ထိတ်လန့်ခြောက်ခြားနေတဲ့ အရပ်သား ဒါဇင်ပေါင်းများစွာရဲ့ ရှေ့မှာတင် ရုတ်တရက် လဲကျသွားခဲ့ပြီး.. ပြင်းထန်တဲ့ နှလုံး ကာကွယ်မှု ချို့ယွင်းချက်ကြောင့် ချက်ချင်း သေဆုံးသွားခဲ့ရတယ်..။
ဆန်နီ နဲ့ ဗန် တို့ဟာ အကျိုးမရှိတဲ့ မေးမြန်းမှုတွေကို အဆုံးသတ်ပြီးတဲ့နောက်မှာပဲ သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို လက်ခံရရှိခဲ့ကြပါတယ်..။
သူတို့ နှစ်ယောက်တည်း ကျန်ရှိတော့တဲ့ အခန်းထဲလေးထဲ့မှာတောလ လေးလံတဲ့ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့ပါပြီ..။
နောက်ဆုံးမှာတော့ ဗန် က အံကို ကြိတ်လိုက်ပြီး..
“…ဒါတွေ အားလုံးက နည်းနည်းတော့ အသက်ရှူကျပ်ဖို့ ကောင်းတယ် ဟုတ်တယ်မလား..”
ဒေသခံ မာစတာ က မောပန်းနွမ်းနယ်နေပုံရပေမဲ့.. တည်ငြိမ်ပြီး ပြတ်သားနေဆဲ ပါပဲ..။
ဆန်နီ ကတော့ သူ့ရဲ့ ထိုင်ခုံပေါ်မှာ မှီရင်း.. ရိုင်နို ထဲမှာ သူ့ကို စောင့်ကြိုနေမယ့် အိစက်နေတဲ့ အိပ်ရာအကြောင်းကို ပင်ပန်းစွာ တွေးနေမိတယ်..။
“ဟုတ်တယ်..ကိုယ်လုပ်နိုင်တဲ့အရာ ဘာမှမရှိတာ ထက် ပိုပြီး အသက်ရှူကျပ်စေတဲ့အရာက လောကမှာ အနည်းငယ်ပဲ ရှိတာလေ..။ ဒါပေမဲ့ ခင်ဗျားလည်း ဒါကို ကျင့်သားရသွားမှာပါ..”
ဗန် က မျက်နှာ ပျက်သွားခဲ့ပြီး..
“ငါတို့ နှစ်ယောက်လုံးကတောင် လုပ်နိုင်တာဘာမှ မရှိဘူးလို့ ခံစားနေရရင်.. ကျန်တဲ့သူတွေဆို ဘယ်လို ခံစားနေရမလဲ..”
သူ ခနလောက် ငြိမ်သက်နေပြီးမှ.. မေးလိုက်တယ်..။
“သုံးရက်.. အဲ့အချိန်ကျရင် သင်္ဘော ရောက်လာမှာ မဟုတ်လား..”
ဆန်နီ က တိတ်ဆိတ်စွာ ခေါင်းခါပြလိုက်ပြီး..
“အေရီယက်ဒ်နီ သင်္ဘော က အစောဆုံး အချိန်မှာ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားနဲ့ဦး ..။ ပင်လယ်ရေကြောင်း သွားလာရတာက မလွယ်ကူဘူးလေ..။ အဆိုးဆုံး အခြေအနေအတွက်ပဲ အစီအစဉ်ဆွဲထားတာ ပိုကောင်းတယ်..”
…မကြာခင်မှာပဲ ဗန် ဟာ မွမ်းမံထားတဲ့ လုံခြုံရေး နည်းလမ်းတွေရဲ့ အရေးကြီးပုံကို ထပ်လောင်း အတည်ပြုတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။.. LO49 မှာ ရှိတဲ့ ဝန်ထမ်းအားလုံးကို စည်းမျဉ်းတွေကို အတိအကျ လိုက်နာဖို့ အမိန့်ပေးခဲ့သလို.. ပိုမို တင်းကျပ်တဲ့ အပြန်အလှန် တာဝန်ယူမှု နည်းလမ်းတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်..။
လူတွေကို အမြဲတမ်း အုပ်စုလိုက်ပဲ နေထိုင်ဖို့ ဖိအားပေးလိုက်ကြတယ်..။ သူတို့ရဲ့ အဝင်အထွက်တွေကို အထူးမှတ်တမ်းစာအုပ်တွေမှာ ရေးမှတ်ခိုင်းထားသလို.. ကျဉ်းမြောင်းတဲ့ အိပ်ဆောင်တွေကို အတူတူ မျှဝေသုံးစွဲခိုင်းပြီး.. သူတို့ရဲ့ တာဝန်တွေနဲ့ သက်ဆိုင်တဲ့ နေရာအချို့မှာပဲ ကန့်သတ် နေထိုင်ခိုင်းထားခဲ့ပါတယ်..။ သူတို့က ရေချိုးခန်းကိုတောင် တစ်ယောက်တည်း သွားခွင့် မရှိကြပါဘူး..။
အဆောက်အဦးတွေရဲ့ အတွင်းပိုင်းမှာ ကင်းလှည့်မှုတွေကို အားဖြည့်ဖို့နဲ့ စည်းမျဉ်းတွေကို သေသေချာချာ လိုက်နာမှု ရှိမရှိ စောင့်ကြပ်ကြည့်ရှုဖို့အတွက် စစ်သားအမြောက်အမြားဟာ ခံတပ်တံတိုင်းပေါ်က သူတို့ရဲ့ ကင်းစောင့်နေရာတွေကနေ ဆင်းလာခဲ့ကြရတယ်..။ ကင်းထောက်ဖို့ သင့်တော်တဲ့ စွမ်းရည်နဲ့ နိုးထသူ တိုင်းကိုလည်း စခန်းရဲ့ အတွင်းပိုင်းကို စောင့်ကြည့်ဖို့အတွက် တာဝန်ပေးလိုက်ပါတယ်..။ ဗန် ကိုယ်တိုင်လည်း ကျန်ရှိနေသေးတဲ့ အနည်းငယ်သော စောင့်ကြည့်ရေး စနစ်တွေကို အနီးကပ် ကြီးကြပ်နေခဲ့တာပါ..။ ဆန်နီ့ရဲ့ အရိပ်တွေကလည်း LO49 ရဲ့ အဓိက အချက်အချာကျတဲ့ နေရာတွေမှာ အမြဲမပြတ် စောင့်ကြည့်နေခဲ့ကြတယ်..။
ဒါတွေ အားလုံးကို ပြုလုပ်ခဲ့ပေမဲ့လည်း…
နောက်တစ်နေ့မှာတော့..လူခြောက်ယောက်က ထပ်မံ ပျောက်ဆုံးနေခဲ့ပြန်ပါပြီ..။
အပိုင်း ( ၈၉၀ ) ပြီး၏။
အပိုင်း ( ၈၉၁ ) မောပန်းနွမ်းနယ်မှု
လူခြောက်ယောက် ပျောက်ကွယ်သွားခဲ့တယ်။အခုထိ.. ဘာသဲလွန်စမှ ရှိမနေသေးပါဘူး..။ လူသတ်သမားက.. အဲဒီလူသတ်သမားက ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကောင်ပဲဖြစ်ဖြစ်.. သားကောင်က တစ်ယောက်တည်း ရှိနေတာလား ဒါမှမဟုတ် အုပ်စုလိုက် ရှိနေတာလားဆိုတာကို ဂရုစိုက်ပုံမရပေ..။ အပြန်အလှန် တာဝန်ယူမှု စနစ်က အလုပ်မဖြစ်တော့ပါဘူး..။ လူတိုင်းက ကြောက်ရွံ့နေကြပါပြီ။
နောက်တစ်နေ့မှာတော့ လူခုနစ်ယောက် ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်..။ သူတို့ထဲက လေးယောက်က ဝါရင့် နိုးထသူ တွေ ဖြစ်ကြပြီး.. ဗန် မှာ ရှိတဲ့ အတော်ဆုံး စစ်သည်တွေထဲက တစ်ချို့ပါ..။ ကျန်တဲ့ သုံးယောက်ကတော့ သိပ္ပံပညာရှင်တွေ ဖြစ်ကြပါတယ်..။ဒီနေ့မှာတင် သာမန်လူ နှစ်ယောက်ကလည်း အခိုက်အတန့် ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်..။ သူတို့ထဲက တစ်ယောက်က သေဆုံးသွားခဲ့ပြီး သုတ်သင်ခြင်း ခံလိုက်ရပေမဲ့.. ကျန်တဲ့တစ်ယောက်ကတော့ ပထမအိပ်မက်ဆိုး ထဲက.. တစ်နေရာရာမှာ ရုန်းကန်နေဆဲပါပဲ..။ ဖြစ်နိုင်တာကတော့ အဲဒီလူက မကြာခင်မှာ အိပ်စက်သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်..။
နောက်ထပ် တစ်ရက်မှာတော့ လူဆယ့်နှစ်ယောက် ထပ်မံ ပျောက်ကွယ်သွားခဲ့ပါတယ်..။ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့သလို.. ကြောက်ရွံ့မှုကလည်း ကူးစက်ရောဂါလိုမျိုး စခန်းတစ်ခုလုံးကို ဆက်လက် ပျံ့နှံ့နေခဲ့ပါပြီ..။ ဒါက ထိတ်လန့်တုန်လှုပ်မှု အသွင်အဖြစ် မပြောင်းလဲသေးပေမဲ့.. LO49 ရဲ့ ဒေသခံတွေကတော့ ခြောက်ခြားမှု.. နွမ်းနယ်မှု နဲ့ သံသယတွေရဲ့ အသက်ရှူကျပ်စရာ အငွေ့အသက်တွေကြားထဲမှာ ပိတ်မိရင်း မတည်မငြိမ် စတင် ဖြစ်လာခဲ့ကြပါတယ်..။
ဆန်နီ တကယ်ပဲ အိပ်ချင်နေခဲ့ပါပြီ..။
ယင်းနောက်မှာတော့ အေရီယက်ဒ်နီ သင်္ဘော ရောက်လာနိုင်ချေ ရှိတဲ့နေ့က ရောက်ရှိလို့လာခဲ့တယ်..။ လူတွေက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် စိတ်သက်သာရာရသွားကြပေမဲ့.. ဆန်နီ ကတော့ သူတို့ရဲ့ စိတ်အားထက်သန်မှုကို အဖော်မပြုနိုင်ခဲ့ပါဘူး..။ သူကတော့ ကယ်ဆယ်ရေးအဖွဲ့က နောက်ထပ် တစ်ပတ်လောက်ကြာမှ ရောက်လာလိမ့်မယ်လို့ တွေးထားခဲ့လို့ပါ..။ တစ်ပတ်အတွင်းမှာ အများကြီး ဖြစ်ပျက်သွားနိုင်ပါတယ်..။
… အေရီယက်ဒ်နီ သင်္ဘော ရောက်မလာခဲ့ပေမဲ့.. အဲဒီအစား တောင်တန်းတွေပေါ်ကနေ ဆင်းသက်လာတဲ့ အိပ်မက်ဆိုး သားရဲ အုပ်ကြီး ရောက်ရှိလာခဲ့တယ်..။ ဒီလောက်ကြီးမားတဲ့ သားရဲအုပ်ကြီးကို စုဝေးခွင့်ပေးထားပြီး လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားတာကို ကြည့်ရင်.. မြောက်ပိုင်းမှာ အခြေအနေတွေ
မကောင်းဘူးဆိုတာ ထင်ရှားပါတယ်..။ စစ်တပ်က တကယ်ပဲ ဘာတွေလုပ်နေကြတာလဲ..။
ကမ္ဘာကြီးရဲ့ အစွန်းဖျားမှာ သီးခြား အထီးကျန်နေကြရတာကြောင့် သူတို့မှာ သိခွင့်မရှိခဲ့ပါဘူး..။
တိုက်ပွဲက ရှည်လျားပြီး ပြင်းထန်ခဲ့ပေမဲ့ ပြတ်သားတဲ့ အောင်ပွဲနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်..။ မောပန်းနေတဲ့ စစ်သားတွေက အလောင်းတွေကို မီးရှို့ဖို့တောင် ဂရုမစိုက်တော့ဘဲ ခံတပ်ထဲကို ပြန်လည် ဆုတ်ခွာခဲ့ကြပါတယ်..။ ဘာပဲဖြစ်ဖြစ် ဒီအလောင်းတွေက မကြာခင်မှာ နှင်းတွေအောက်မှာ ဖုံးလွှမ်းသွားမှာပါပဲ..။
လူတိုင်းက ပိုမို ကြီးထွားလာတဲ့ မောပန်းနွမ်းနယ်မှုကို ခံစားနေကြရတယ်..။
ပထမအိပ်မက်ဆိုး ကို ဖြတ်ကျော်နေခဲ့တဲ့ သာမန်လူကတော့ အိပ်စက်သူ တစ်ယောက်အနေနဲ့ နိုးထလာခဲ့ပါတယ်..။
…နောက်တစ်နေ့မှာတော့ အဲဒီ အိပ်စက်သူ ဟာ နောက်ထပ် လူ ဆယ့်လေးယောက်နဲ့အတူ ပျောက်ကွယ်သွားခဲ့ပြန်တယ်..။
အသားစား သားရဲ ဂိတ်ပေါက် က သားရဲလှိုင်းအသစ်တစ်ခုကို ထပ်မံ စေလွှတ်ခဲ့ပြန်ပါတယ်..။ ဒီကောင်တွေက အနည်းငယ်ပဲ ရှိတာကြောင့် အခြားသူတွေ ရောက်မလာခင်မှာတင် ဆန်နီ တစ်ယောက်တည်း အိပ်မက်ဆိုး သားရဲ တွေကို သုတ်သင်ပစ်ခဲ့တယ်..။
အပြန်လမ်းမှာတော့.. လတ်ဆတ်တဲ့ နှင်းတွေအောက်မှာ လဲလျောင်းနေတဲ့ သားရဲအလောင်း တွေဟာ ကြီးမားတဲ့ အသားတွေ ပဲ့ကြွေ ပျောက်ဆုံးနေတာကို သူ သတိထားမိခဲ့ပါတယ်..။
ဆန်နီ အနေနဲ့ ဒါတွေကို ဂရုစိုက်ဖို့အတွက် အရမ်း ပင်ပန်းလွန်းနေခဲ့ပါပြီ..။
‘ငါ အိပ်သင့်တယ်..။ ငါ့ကို အိပ်မပျော်အောင် တားဆီးထားတာ ဘာမှ မရှိပါဘူး..။ တကယ်တော့ မအိပ်ဘဲ နေတာက ပိုပြီးတော့တောင် ထိခိုက်စေသေးတယ်..။ ငါ အနားယူလိုက်ရင် ပိုပြီးတော့ ကောင်းကောင်း စဉ်းစားနိုင်လိမ့်မယ်..’
ဒါပေမဲ့ အဲဒါက မမှန်ကန်ပါဘူး..။ ပင်ပန်းနွမ်းနယ်နေပေမဲ့လည်း ဆန်နီ့ရဲ့ စိတ်က ပိုပြီးတော့တောင် ထက်မြက်လာပုံရတယ်..။ သူက ပတ်ဝန်းကျင်ကို သတိပြုမိမှု နဲ့ တုံ့ပြန်နိုင်မှု နှုန်းတွေ အနည်းငယ် ဆုံးရှုံးသွားခဲ့ပေမဲ့.. အဲဒီအစား အရာတစ်ခုခုအပေါ်မှာ အလွန်အမင်း အာရုံစိုက်နိုင်တဲ့ အခြေအနေတစ်ခုထဲကို ဝင်ရောက်နိုင်သွားခဲ့ပါတယ်..။ သူက အတော်လေး စိတ်တည်ငြိမ်နေခဲ့ပြီး.. စိုးရိမ်ပူပန်ဖို့ ဒါမှမဟုတ် စိတ်လှုပ်ရှားဖို့အတွက် အင်အားမရှိတော့သလိုမျိုး ဖြစ်နေခဲ့တယ်..။
သူ့ရဲ့ စိတ်က… ကြည်လင်နေခဲ့ပါတယ်..။
ဒီညနေမှာတော့ ဆန်နီ ဟာ ခံတပ်ရဲ့ တောင်ဘက် တံတိုင်းပေါ်မှာ ရပ်နေရင်း လှိုင်းထနေတဲ့ အနက်ရောင် သမုဒ္ဒရာကြီးကို ကြည့်နေခဲ့တယ်..။ အေးစက်တဲ့ လှိုင်းလုံးတွေက ကမ်းခြေရဲ့ ကျောက်ဆောင်လွင်ပြင်ပေါ်ကို ရိုက်ခတ်ရင်း ရေခဲစတွေကို သယ်ဆောင်လာကာ တရှဲရှဲ အသံတွေ မြည်နေခဲ့ပါတယ်..။ လေက တဝူးဝူး တိုက်ခတ်နေပြီး.. မှောင်မိုက်တဲ့ ကောင်းကင်ယံမှာတော့ ထူးဆန်းတဲ့ အနီရောင် အလင်းတန်းတွေ ဝန်းရံထားတဲ့ လပြည့်ဝန်းကြီးက လင်းလက်နေခဲ့တယ်..။
အေရီယက်ဒ်နီ သင်္ဘော ကလည်း ဒီလမင်းကြီးရဲ့ အလင်းရောင်အောက်.. ဟိုးအဝေးတစ်နေရာရာမှာ ရှိနေလောက်မှာပါ..။
အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ လေးလံတဲ့ လူရိပ်တစ်ခုက တံတိုင်းပေါ်ကို တက်လာပြီး သူ့ဆီကို ချဉ်းကပ်လာခဲ့တယ်..။ ဒွန်း ကလည်း အခြားသူတွေလိုပဲ မောပန်းနွမ်းနယ်နေပုံရပါတယ်..။ သို့ပေမယ့် ဒီလူသန်ကြီးကတော့ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကောင်းကောင်း တောင့်ခံထားနိုင်တဲ့ ပုံပါပဲ..။
ဆန်နီ တစ်ဖက်ကို လှည့်ပြီး သူ့ကို ကြည့်လိုက်တယ်..။
“ကပ္ပတိန်… ကျုပ်မှာ အကြံတစ်ခု ရှိတယ်..။ ပြောပြလို့ ရမလား..”
သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်တယ်..။ ဒွန်း က ခနလောက် တုံ့ဆိုင်းနေပြီးမှ ပြောလာခဲ့ပါတယ်..။
“ကောင်းပြီလေ အဲဒါက အလောင်းတွေအကြောင်းပါ..။ အခုအချိန်မှာ ငါတို့က ဒီစခန်းရဲ့ မီလီမီတာတိုင်းကို ရှာဖွေပြီးသွားပြီ..။ ကမ်းခြေလွင်ပြင်ကိုလည်း အနှံ့အပြား ရှာဖွေခဲ့တယ်..။ မင်းလည်း အဲဒါတွေကို အကြိမ်ကြိမ် ပိုက်စိတ်တိုက် ရှာဖွေခဲ့မှာပဲ..။ ဒါပေမဲ့ ငါတို့ သွေးတစ်စက်တောင် ရှာမတွေ့ခဲ့ဘူး..”
“ငါတို့ နေရာတိုင်းကို ရှာဖွေခဲ့ပြီးပြီလို့ ထင်ရပေမဲ့ တကယ်တော့ ငါတို့ မကြည့်ရသေးတဲ့ နေရာတစ်ခု ရှိသေးတယ်..။ အလောင်းတွေက တခြားဘယ်နေရာမှာမှ မရှိရင်.. အဲဒီနေရာမှာပဲ ရှိရလိမ့်မယ်..။ အဲဒါက ရေထဲမှာပဲ..။ ဒါက တစ်ခုတည်းသော ယုတ္တိရှိတဲ့ ကောက်ချက်ပဲ..”
လူကြီးဟာ တံတိုင်းအစွန်းကို မှီထားလိုက်တယ်..။
နက်မှောင်နေတဲ့ လှိုင်းလုံးတွေကတော့ သူ့ရဲ့ စကားတွေကို ဂရုမစိုက်ဘဲ ဆက်လက် ရိုက်ခတ်နေခဲ့ပါတယ်..။ နက်နဲလှတဲ့ သမုဒ္ဒရာကြီးကတော့ အပြောင်းအလဲမရှိ တည်ရှိနေဆဲပါပဲ..။
ဆန်နီ ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ ခေါင်းညိတ်ပြလိုက်တယ်..။
“… ဟုတ်တယ်.. ကျုပ်လည်း အဲလိုပဲ တွေးနေတာပဲ..။ ဒီတော့ ကျုပ် ကမ်းခြေကို သေသေချာချာ စောင့်ကြည့်ထားလိုက်မယ်..”
စခန်းရဲ့ တစ်နေရာရာမှာတော့ သူ့ရဲ့ အရိပ်တစ်ခုက ပုံမှန်အတိုင်း ကင်းလှည့်နေခဲ့တယ်..။ ဝန်ထမ်းတွေ နားနေဆောင်ကို ဖြတ်သန်းသွားစဉ်မှာတော့.. ဆိုဖာပေါ်မှာ မျက်လုံးတွေ ပြာဝေပြီး ထိုင်နေတဲ့ လူစတာ ကို သတိပြုမိလိုက်တယ်..။ ဒီလူငယ်က အိပ်ငိုက်လုနီးပါး ဖြစ်နေတဲ့ပုံပါပဲ..။
အရိပ်က တစ်ခနလောက် ရုပ် ခန္တာကိုယ်ပေါ်ပေါက်လာပြီး သူ့ကို အထင်သေးတဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။ ထို့နောက် သူ့မျက်နှာကို ဖြတ်ခနဲ ရိုက်လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်..။
လူစတာ လန့်ဖျတ်သွားခဲ့ပြီး အလန့်တကြား ထခုန်လိုက်တယ်..။
“ဘာလဲ.. ဘယ်သူလဲ.. ဘာလဲ.. အိုး.. နာတယ်ဟ.."
တံတိုင်းပေါ်မှာတော့ ဆန်နီ့ရဲ့ မျက်နှာပေါ်မှာ ဖြူဖျော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“ဒွန်း… အဲဒီ အပြန်အလှန် တာဝန်ယူမှု ..။ မင်းတို့လည်း အဲဒါကို စပြီး လိုက်နာကြတော့..။နှစ်ယောက် တစ်တွဲ တွဲပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်ကြ..”
ဒွန်း က ခေါင်းညိတ်ပြပြီး.. ခနလောက် ရှိနေပြီးမှ ထွက်ခွာသွားခဲ့တယ်..။
ဆန်နီ ကတော့ သမုဒ္ဒရာကို ဆက်လက် စိုက်ကြည့်နေခဲ့ပါတယ်..။
‘ဒါက အဓိပ္ပာယ်မရှိဘူး..။ လူသတ်သမားက အလောင်းတွေကို ရေထဲပစ်ပြီး ဖျောက်ဖျက်တယ်ဆိုရင်တောင်.. တစ်ယောက်ယောက်ကတော့ တစ်ခုခုကို သတိထားမိရမှာပဲ..။ လူတွေ ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပြီလေ..။ ဒါတွေ အားလုံးက အရမ်းကို ထူးဆန်းလွန်းတယ်…’
သူ စဉ်းစားနေစဉ်မှာပဲ.. နောက်ထပ် လူနှစ်ယောက် တံတိုင်းပေါ်ကို တက်လာခဲ့တယ်..။ တစ်ယောက်က နိုးထသူ စစ်သားတစ်ယောက် ဖြစ်ပြီး.. အခြားတစ်ယောက်က သိပ္ပံပညာရှင်တစ်ယောက်ပါ..။
ဆန်နီ သူတို့ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။ သူက လှေကားနားမှာ ရပ်နေတာကြောင့် ရောက်လာတဲ့သူတွေက သူ့ကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့ကြတယ်..။ ဆန်နီ ခနလောက် ငြိမ်နေခဲ့ပြီးမှ.. လမ်းဖယ်ပေးဖို့ နောက်တစ်လှမ်း ဆုတ်ပေးလိုက်ပါတယ်..။
နိုးထသူ နဲ့ သိပ္ပံပညာရှင်က တံတိုင်းအစွန်းဆီကို အေးဆေးစွာ လျှောက်သွားလိုက်ကြပြီး.. အပေါ်ကို ကျော်တက်ကာ အောက်ကို ခုန်ချလိုက်ကြပါတယ်..။ သူတို့ထဲက တစ်ယောက်က မြေပြင်ပေါ်ကို ကောင်းကောင်း ဆင်းသက်နိုင်ခဲ့ပေမဲ့.. အခြားတစ်ယောက်ကတော့ ကျောက်ဆောင်တွေနဲ့ ရိုက်မိပြီး တိတ်ဆိတ်စွာ လဲကျသွားခဲ့တယ်..။ အရိုးကျိုးသွားတဲ့ စိတ်အေးစရာ အသံက လေထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။
ဆန်နီ သူ့မျက်နှာကို ပြန်ပွတ်လိုက်ပြီး သမုဒ္ဒရာကို ဆက်လက် လေ့လာနေမိတယ်..။
နိုးထသူ ကတော့ လှိုင်းလုံးတွေဆီကို လျှောက်သွားခဲ့ပြီး.. သိပ္ပံပညာရှင်ကတော့ တွားသွားနေခဲ့ပါတယ်..။မကြာခင်မှာပဲ အေးစက်နေတဲ့ ရေပြင်က သူ့ရဲ့ ဒူးဆစ်.. ယင်းနောက် သူ့ရဲ့ ခါးဆီအထိ ရောက်ရှိလာခဲ့တယ်..။ ယင်းနောက်မှာတော့ သူ့ရဲ့ ရင်ဘတ်အထိပါပဲ..။
နောက်ဆုံးမှာတော့ နိုးထသူ က လှိုင်းထနေတဲ့ နက်မှောင်တဲ့ ရေမျက်နှာပြင်အောက်ကို ပျောက်ကွယ်သွားခဲ့ပြီး ရေနစ် သေဆုံးသွားခဲ့ပါတယ်..။
အဲဒီအချိန်မှာ သိပ္ပံပညာရှင်ကလည်း ရေစပ်အထိ ရောက်အောင် တွားသွားနိုင်ခဲ့ပါပြီ..။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အေးစက်တဲ့ လှိုင်းလုံးတွေထဲကို တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့ပြန်တယ်..။
သူတို့ နှစ်ယောက်လုံးက ဘာအကြွင်းအကျန်မှ ရှိမနေခဲ့ပါဘူး..။
တံတိုင်းအထက်မှာ ရပ်နေရင်း.. ဆန်နီ က သမုဒ္ဒရာကို တည်ငြိမ်စွာ ကြည့်နေမိတယ်..။
‘….ဟင်.. ငါ ဘာအကြောင်း တွေးနေတာလဲ..။ ဩော်.. ဟုတ်သားပဲ…… ဘယ်သူမှ ဘာမှ မမြင်လိုက်ရတာက ထူးဆန်းတယ်..။ အလောင်းတွေကို တစ်ယောက်မှ သတိမထားမိဘဲ သမုဒ္ဒရာထဲကို ဘယ်လိုများ သွားပစ်နေကြတာလဲ..’
သူ မသိခဲ့ပါဘူး..။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ ယူဆချက်က မှားယွင်းနေပြီး.. လူသတ်သမားက အလောင်းတွေကို ဖျောက်ဖို့ ရေကို အသုံးပြုနေတာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်..။
ရေပြင်က…… တကယ်ပဲ စိတ်လှုပ်ရှားစရာ ကောင်းပုံရနေခဲ့တယ်..။ ရုတ်တရက်ဆိုသလိုပဲ ဆန်နီရဲ့ စိတ်ထဲမှာ ရေဆင်းကူးချင်တဲ့ အာသီသတစ်ခု ခံစားလိုက်ရတယ်..။
ခနအကြာမှာတော့ သူ တုန်လှုပ်သွားခဲ့ပါတယ်..။
'ရေကူးမယ် ဟုတ်လား..။ဘာလဲဟ..ငါ ရူးနေတာလား..။ အန္တာတိက ရဲ့ ဆောင်းရာသီမှာ၊ ဒီလောက် ရေတွေအေးနေတာကိုဘယ်သူက ရေကူးမှာလဲ..'
ဆန်နီ က သူ့ခေါင်းကို ခါယမ်းလိုက်ရင်း.. ကမ်းခြေရဲ့ အထက်မှာ ဆက်လက် ကင်းစောင့်နေခဲ့တယ်..။ သူ ဘာမသင်္ကာစရာမှ မတွေ့သေးပေမဲ့…… သူသာ သတိဝီရိယရှိရှိ ဆက်ပြီး စောင့်ကြည့်နေရင်.. မကြာခင်မှာ တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။
အပိုင်း ( ၈၉၁ ) ပြီး၏။