← Chapters

အခန်း ၅၉၄

Vol. 57 Ch. 594

အခန်း ၅၉၄

Vol. 57 Ch. 594

အခန်း (၅၉၄)။

“ဘာ...၊ ဆုမူက စိန်ခေါ်လွှာ လာပေးတာလား၊ သူမက ဂိုဏ်းချုပ်ကိုယ်စား လာတာလို့ ပြောတယ်ဆိုတော့... ဒီလောကရဲ့ နံပါတ်တစ်ပညာရှင် မုန့်ရှန်းကျီက ဟုန်ယွိနဲ့ အလောင်းစား လုပ်ချင်တာပေါ့။”

“မုန့်ရှန်းကျီရဲ့ တာအိုပညာရပ်တွေက အလွန်တရာ အစွမ်းထက်လွန်းတယ်။ တိုင်ရှန် တာအိုဂိုဏ်းရဲ့ ရတနာတွေကလည်း အစွမ်းထက်တာမို့ ဒီစိန်ခေါ်မှုကတော့ အသေးမွှား ကိစ္စ မဟုတ်တော့ဘူး။”

“တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုရင် ဧကရာဇ်ဖန်ကိုတောင် ပြစ်တင်ဝေဖန်ရဲတဲ့ လူပဲ။ သူတို့ရဲ့ အစဉ်အလာက နှစ်ပေါင်းသောင်းချီ ကြာအောင် မပျက်စီးဘဲ တည်ရှိနေတာ။ သူတို့ဟာ ငါတို့လို ကွန်ဖြူးရှပ် ပညာရှင် စစ်စစ်တွေ မဟုတ်ကြပေမဲ့ သူတို့ရဲ့ စွမ်းအားက တော့ အံ့မခန်းပဲ””

သတင်းတွေအရတော့ ဟုန်ယွိဟာ မုန့်ရှန်ကျီးရဲ့ ညီမအရင်းက မွေးတဲ့ သားလို့တောင် ကြားတယ်။ မုန့်ရှန်ကျီးဟာ တကယ့်ကို သံယောဇဉ်ကင်းတဲ့သူပဲ။ သူက ငါတို့ ကွန်ဖြူးရှင် အသိုင်းအဝိုင်း စည်းလုံးသွားပြီး ကျင့်စဉ်ဂိုဏ်းက ဆင်းသက်လာတဲ့သူတွေကို ဖယ်ထုတ်မှာကို စိုးရိမ်နေတာ ဖြစ်မယ်...”

…

ယခုလေးတင် လေးရာသီကျောင်းတော်အရှင် ဟွမ်ထျန်းပို ဆဲဆိုခံရပြီး သေဆုံးသွားစဉ်က ကွန်ဖြူးရှင် ပညာရှင်ကြီးများမှာ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်သေးသော်လည်း၊ ယခု ဆုမူ ပေါ်လာသောအခါတွင်မူ သူတို့၏ တည်ငြိမ်မှုကို လုံးဝ ထိန်းမထားနိုင်တော့ပေ။ သူတို့ သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြတော့သည်။

တောင်မြစ်ကျောင်းတော်အရှင်၏ လက်ထဲရှိ ယပ်တောင်မှာ တင်းကျပ်စွာ ဆုပ်ကိုင်ထား သဖြင့် တကျွိကျွိ အသံမြည်လာပြီး သူ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေသည်။

လက်ရှိအခြေအနေတွင် ကွန်ဖြူးရှပ်ဂိုဏ်းများမှာ အလွန်အင်အားကြီးမားပြီး ပြည်သူတို့၏ နှလုံးသားတွင် အမြစ်တွယ်နေသည်။ စာပေသင်ကြားခြင်းကသာ အမြင့်ဆုံးဟု သတ်မှတ်ခံ ထားရချိန် ဖြစ်သည်။ တာအိုဂိုဏ်းများသည် နန်းတွင်း၌ အဆင့်အတန်း သိပ်မရှိသလို၊ ပြည်သူများကြားတွင်လည်း ပညာရှင်များက မိစ္ဆာလမ်းစဉ်အဖြစ် ရှုံ့ချထားကြသည်။

ရောက်ရှိနေသော ကွန်ဖြူးရှင် ပညာရှင်များစွာမှာလည်း တာအိုဂိုဏ်းတွေကို အထင်သေး ကြပြီး ကဗျာများရေးကာ တိုက်ခိုက်လေ့ရှိကြသည်။ သို့သော် ဝေဖန်တိုက်ခိုက်သည် ဆိုခြင်းမှာ သူတို့က မိုက်မဲသောကြောင့် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုပညာရှင် များသည် တာအိုဂိုဏ်းများ၏ အင်အားကို အခြားသူများထက် ပိုသိကြသည်။ အထူးသဖြင့် ဤလောက၏ နံပါတ်တစ် ပညာရှင်ဟု တင်စားရသော တိုင်ရှန်တာအိုဂိုဏ်းချုပ် မုန့်ရှန်းကျီ၏ အစွမ်းကို ကောင်းကောင်း သိထားကြသည်။

သူသည် မြစ်ချောင်းအင်းအိုင်များကို ပြောင်းပြန်လှန်နိုင်ခြင်း၊ စကြဝဠာကို ဖြတ်သန်းနိုင် ခြင်း၊ ကြယ်များကို သန့်စင်နိုင်ခြင်းနှင့် နေလတို့ကို လှည့်စားနိုင်ခြင်း စသည့် စွမ်းအားများ ကို ပိုင်ဆိုင်ထားသည်ဟု သိထားကြသည်။ သူသည် နှစ်ပေါင်း ၃၀၀ တိုင်အောင် ကျော်ကြားလာသူဖြစ်ပြီး စီနီယာအိုးကြီးများပင်လျှင် သူ့ကို ယှဉ်ရန် ဝန်လေးကြသည်။

ယခုအခါ ထိုမုန့်ရှန်းကျီက ကွန်ဖြူးရှပ်ပညာရှင်များ တွေ့ဆုံပွဲနှင့် ကျိုးယွိအကယ်ဒမီ ဖွင့်ပွဲကို အခွင့်ကောင်းယူကာ စိန်ခေါ်လွှာ ပေးပို့လိုက်ခြင်းမှာ အလွန်တုန်လှုပ်စရာကောင်း သော ကိစ္စပင် ဖြစ်သည်။ လောကရှိ အင်အားစုအားလုံးက ဤသတင်းကို ခေါင်းကြီးပိုင်း သတင်းအဖြစ် အသုံးပြုပြီး အနုစိတ် ခွဲခြမ်းစိတ်ဖြာကြပေလိမ့်မည်။

ဆွေးနွေးသံများ ငြိမ်ကျသွားပြီးနောက် မည်သည့် ပညာရှင်မျှ စကားမပြောရဲကြတော့ပေ။ လူတိုင်းသည် ဟုန်ယွိနှင့် ဆုမူတို့ ဘာဆက်လုပ်မည်နည်းဆိုသည်ကိုသာ စောင့်ကြည့်နေ ကြသည်။

ဆုမူ၏ လက်ထဲတွင် ထူးခြားသော ပိုးထည်နှင့် ပြုလုပ်ထားသည့် လိပ်စာလွှာတစ်ခု ရှိနေ သည်။ ၎င်းမှာ တောက်ပနေပြီး မဖြန့်ရသေးမီမှာပင် ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်ပြီး နေ၊ လ၊ ကြယ်များကို မိမိအနားသို့ ဆွဲယူနိုင်စွမ်းရှိသော တန်ခိုးအရှိန်အဝါမျိုး ထွက်ပေါ်နေ သည်။

၎င်းမှာ... တိုင်ရှန်တာအိုဂိုဏ်းချုပ်၏ စကားလုံးများပင် ဖြစ်သည်။

…

“မိန်းကလေးဆုမူ... ဒီနေ့ ကျွန်တော့်ကို စိန်ခေါ်ဖို့ လာတာလား၊ သဘာဝအတိုင်း ကျွန်တော်လည်း လက်ခံရမှာပေါ့။ စိန်ခေါ်မှုရဲ့ အကြောင်းအရာက ဘာလဲ၊” ဟုန်ယွိသည် ဆုမူ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် အံ့ဩသွားသော်လည်း သူ၏ မျက်နှာတွင် ဖော်ပြခြင်း မရှိပေ။ သူသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး အေးဆေးစွာ မေးလိုက် သည်။

“ဒါကတော့ ‘မဟာလမ်းစဉ်’ (မဟာတာအို)ရဲ့ လည်ပတ်ပုံကို ယှဉ်ပြိုင်ဖို့ပါပဲ” ဆုမူက ပြုံးလိုက်သည်။ “ဒီနေ့က ကွန်ဖြူးရှပ်ပညာရှင်တွေရဲ့ တွေ့ဆုံပွဲပဲ။ ကျွန်မက တာအို ဂိုဏ်းကဆိုတော့ လမ်းစဉ်ချင်း မတူလို့ အတူတူ အလုပ်လုပ်လို့ မရပေမဲ့ ရှေးခေတ်က တည်းက အနိုင်ရသူကပဲ အမှန်တရားဆိုတာ ပြောင်းလဲလို့မရတဲ့ အချက်ပဲလေ။ စကားလုံး တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဒါကို အကောင်အထည်ဖော်ဖို့ ခွန်အား လိုအပ် တယ်။ အမှန်တရားနဲ့ နိယာမတွေ ရှိလာဖို့အတွက် အရင်ဆုံး မဟာလမ်းစဉ်ရဲ့ လည်ပတ်မှု ရှိရမယ်။”

မဟာလမ်းစဉ်၏ လည်ပတ်မှု…။

၎င်းမှာ တာအိုကျင့်စဉ်များပင် ဖြစ်သည်။ ဆုမူ၏ စကားမှာ ရှင်းလင်းလှသည်။ မုန့်ရှန်းကျီ ၏ စိန်ခေါ်မှုမှာ ဟုန်ယွိနှင့် တာအိုပညာချင်း ယှဉ်ပြိုင်ရန် ဖြစ်သည်။

ဆုမူက သူမ၏လက်ကို မြှောက်လိုက်သောအခါ ပိုးထည်လိပ်သည် ခန်းမအတွင်းသို့ ပျံဝင်လာသည်။ ၎င်း ပွင့်သွားသောအခါ ပိုးထည်ပေါ်တွင် နေလတို့၏ လည်ပတ်မှုနှင့် လေးရာသီတို့၏ ပြောင်းလဲမှုကဲ့သို့သော ထူးခြားသည့် စာလုံးတစ်ကြောင်းကို တွေ့လိုက်ရ သည်။ ၎င်းမှာ ထာဝရ တည်ရှိမည့် အရှိန်အဝါမျိုး ရှိသည်။

“ဆယ်နှစ်ပြည့်တဲ့အခါ၊ ငါးလပိုင်း ငါးရက်နေ့မှာ၊ တောင်ပင်လယ်မှာ တာအိုတရား ဆွေးနွေးကြစို့။”

စကားလုံး အနည်းငယ်သာ ဖြစ်သော်လည်း အဆုံးတွင် လက်မှတ်ထိုးထားသည်မှာ ‘မုန့်ရှန်းကျီ’ ဖြစ်သည်။

ကွန်ဖြူးရှင် ပညာရှင်များ ဤစာကို မြင်လိုက်ရသောအခါ ထိုစာလုံးများတွင် ဖော်ပြ၍မရ သော ဆွဲဆောင်မှုမျိုး ရှိနေသည်ကို ခံစားလိုက်ရသည်။ မည်သူမျှ အပြစ်ရှာ၍ မရသလို ဝေဖန်ရန်လည်း မစွမ်းသာကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုစာလုံးများတွင် သွေးအေး ရက်စက်မှု တစ်မျိုး ပါဝင်နေသောကြောင့် ဖြစ်သည်။

“ကျွန်တော် လက်ခံတယ်။ ဒီနေ့ကစပြီး နောက်ထပ် ဆယ်နှစ်အကြာမှာ ကျွန်တော် အချိန် မှန် ရောက်လာခဲ့ပါ့မယ်။”

ဟုန်ယွိက သူ၏လက်ကို ဖြန့်လိုက်ရာ သူ၏ လက်ချောင်းများမှာ ချိတ်များကဲ့သို့ ဖြစ်သွား သည်။ စွမ်းအင် ၅ ခု ထွက်ပေါ်လာပြီး ထိုပိုးထည်လိပ်ကို ဖမ်းဆုပ်လိုက်သည်။ ပိုးထည်လိပ် မှာ ပဲလှော်နေသကဲ့သို့ ‘တဖျစ်ဖျစ်’ အသံများမြည်ကာ တောက်ပလာသော်လည်း ဟုန်ယွိ က အတင်းအကျပ် ဖိနှိပ်လိုက်သဖြင့် အလင်းများ ငြိမ်းသွားပြီး သူ၏ လက်ဖဝါးထဲသို့ ကျရောက်လာတော့သည်။

“အစ်ကိုဟုန်ရဲ့ မှော်စွမ်းအားတွေ ထပ်တိုးလာပြန်ပြီပဲ၊ အစွမ်းတွေကလည်း တကယ်ကို အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာတာပဲ။ မူလနဝမမြောက်ချောက်နက် နတ်ဘုရားနယ်မြေမှာ ‘အရိုးဖြူပညာရှင်’ ကို သတ်ခဲ့ပြီး လောကရဲ့ နံပါတ်တစ် မိစ္ဆာ ‘ခုန်း’ ရဲ့ ‘ဆာဟာ ရတနာသစ်ပင်’ ကိုပါ ရယူပြီး သန့်စင်နိုင်ခဲ့တယ်ပေါ့၊ ဒါပေမဲ့ ဆယ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာတော့ အစ်ကိုဟုန် အစွမ်းကုန် ပြင်ဆင်ထားဖို့ တိုက်တွန်းချင်ပါတယ်။ မဟုတ်ရင်တော့ အစ်ကိုဟုန်ရဲ့ ဂုဏ်သတင်း ကျော်ကြားမှုက ဆယ်နှစ်ပဲ ခံပါလိမ့်မယ်။”

ဟုန်ယွိက ပိုးထည်လိပ်ကို ဖမ်းဆုပ်လိုက်သည်ကို မြင်သောအခါ ဆုမူ၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ ခုန်တက်သွားပြီး ထာဝရအလင်းတန်းတစ်ခုက သူမကို ပတ်စမ်းသွားသည်။ သူမသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။

…

“ဟုန်ယွိက မူလနဝမမြောက်ချောက်နက် နတ်ဘုရားနယ်မြေထဲ ကျူးကျော်ဝင်ရောက်ပြီး အရိုးဖြူပညာရှင်ကို သတ်ခဲ့တာလား။ သူက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ရဲ့ ကြီးမားတဲ့ တိုက်ပွဲပျက်ကြီးကို ရှာတွေ့ခဲ့တာ ထင်တယ်။ ဆာဟာ ရတနာသစ်ပင်ကို တောင် ရခဲ့တယ်ပေါ့။”

ဆုမူ ထုတ်ဖော်သွားသော သတင်းများက လူများစွာကို တုန်လှုပ်သွားစေသည်။ သို့သော် ဟုန်ယွိကတော့ ဂုဏ်မောက်ခြင်း မရှိပေ။ သူ၏ လက်ထဲတွင် ဝှက်ဖဲများ များများရှိလေ၊ သူ၏ အနေအထားက ပိုခိုင်မာလေ ဖြစ်သည်ကို သူ သိသည်။

“ဆယ်နှစ်ဆိုတာ အချိန်မနည်းသလို ကြာလည်းမကြာဘူး... အချိန်ဆိုတာ မျက်တောင် တစ်ခတ်အတွင်း ကုန်ဆုံးသွားမှာပဲ။” ရှဲ့ဝန်ယွမ်က မျက်မှောင်ကြုတ်ကာ ညည်းတွား လိုက်သည်။

ယခုအခါ ရောက်ရှိနေသူ အားလုံးမှာ နောက်ဆယ်နှစ်အကြာ တောင်ပင်လယ်တွင် ဟုန်ယွိ နှင့် တိုင်ရှန်တာအိုဂိုဏ်းချုပ် မုန့်ရှန်းကျီတို့ စိန်ခေါ်ပွဲရှိသည်ကို သိသွားကြပြီ ဖြစ်သည်။ ဆုမူသည် စိန်ခေါ်လွှာ ပေးပို့ရန် အချိန်ကို အတိအကျ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နောင်ဆယ်နှစ်မှာ အခြေအနေ ဘယ်လို ဖြစ်လာမလဲ၊ ပညာရှင်များနှင့် တပည့်များစွာမှာ အချိန်တွေ မြန်မြန်ကုန်သွားစေရန် ဆုတောင်းရင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတော့ သည်။

သို့သော် ဟုန်ယွိမှာမူ ဘာမှ မပြောပေ။ စိန်ခေါ်လွှာကို လက်ခံလိုက်သော်လည်း သူကိုယ်တိုင်လည်း အကြွင်းမဲ့ ယုံကြည်မှုတော့ မရှိသေးပေ။ သူ သတိထားရမည့် သူများ ထဲတွင် မုန့်ရှန်းကျီသည် တစ်ဦးအပါအဝင် ဖြစ်သည်။ ထိုသူသည် အမြဲတမ်း မှန်းဆရခက် ပြီး လောကကြီး၏ အခြေအနေကို သူ၏လက်ဝါးအတွင်း၌ ထိန်းချုပ်ကာ မိုးတိမ်များကို ဆင့်ခေါ်နိုင်သူ ဖြစ်သည်။

အထူးသဖြင့် တစ်ဖက်လူ၏ စွမ်းအားမှာလည်း အရှိန်အဟုန်နှင့် တက်နေပြီး ‘မိုးကြိုး ကပ်ဘေး ၉ ကြိမ်’ အထိပင် ကျော်ဖြတ်ပြီးသူ ဖြစ်သည်။

“ဆယ်နှစ်ပဲလား၊ မုန့်ရှန်းကျီက သူဟာ ဆယ်နှစ်အတွင်းမှာ ယန်နတ်ဘုရား ဖြစ်လာပြီး လောကကြီးကို အကုန်ထိန်းချုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။’ မူလက ဟုန်ယွိ သည် မုန့်ရှန်းကျီက သုံးနှစ်စာ ကတိကဝတ် လုပ်လိမ့်မည်ဟု ထင်ထားသော်လည်း ယခု ဆယ်နှစ်ဟု သတ်မှတ်လိုက်ခြင်းမှာ အံ့ဩစရာပင်။

၎င်းမှာ လွန်ခဲ့သော သုံးနှစ်အတွင်း မုန့်ရှန်းကျီနှင့် ဟုန်ယွိတို့မှာ တစ်ဦးကိုတစ်ဦး တိုက်ခိုက် ရင်း အထိနာကာ၊ ဟုန်ရွှန်ကျိနှင့် ဧကရာဇ်တို့ အခွင့်ကောင်းယူသွားမှာကို စိုးရိမ်ခဲ့ကြ သောကြောင့် ဖြစ်သည်။ သို့သော် ဆယ်နှစ်ကြာပြီးနောက်တွင်မူ မုန့်ရှန်းကျီသည် ဘာကိုမျှ ကြောက်ရွံ့တော့မည် မဟုတ်ပေ။

ဤသည်မှာ ဤလောက၏ နံပါတ်တစ် ပညာရှင်ကြီးသည် ဆယ်နှစ်အတွင်း ‘ယန် နတ်ဘုရား’ ဖြစ်လာမည်ဟု ယုံကြည်မှု အပြည့်ရှိနေခြင်းကို ပြသနေခြင်း မဟုတ်ပါလား။

သုံးနှစ်အတွင်းမှာ ဟုန်ယွိဟာ ‘ဖန်ဆင်းရှင်’ ဖြစ်လာဖို့ ယုံကြည်ချက် ရှိသော်လည်း၊ ဆယ်နှစ်အတွင်းမှာ ယန်နတ်ဘုရား ဖြစ်လာဖို့ဆိုတာကတော့ သူကိုယ်တိုင်တောင် ယုံကြည်မှု မရှိပေ။ မိုးကြိုးကပ်ဘေး ၇ ကြိမ် ဖြတ်ကျော်ပြီးနောက်တွင် အဆင့်တစ်ခုချင်းစီ မှာ ရှေ့ယခင်ထက် ဆယ်ဆ၊ အဆတစ်ရာမက ခက်ခဲလာသည်။

ပို၍ အံ့ဩစရာကောင်းသည်မှာ မိုးကြိုးကပ်ဘေး ၉ ကြိမ်ကို ကျော်ဖြတ်ပြီးလျှင်ပင် ယန်နတ်ဘုရား ဖြစ်လာရန် မသေချာသေးပေ။ ခန္ဓာကိုယ်မှာလည်း ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်နှင့် အနီးကပ်ဆုံး ရောက်ရှိနေမှသာ မျှော်လင့်ချက် ရှိမည်ဖြစ်သည်။

ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်သူတစ်ဦးသည် ယန်နတ်ဘုရားအဆင့်သို့ ကူးပြောင်းရန်မှာ ဖန်ဆင်းရှင် တစ်ဦးဖြစ်လာခြင်းထက် အဆပေါင်း ဆယ်ဆ၊ ရာဂဏန်းမ က ပိုမိုခက်ခဲလှသည်။

ယန်နတ်ဘုရား၊ မသေမျိုး…၊

ထိုသို့သော တည်ရှိမှုက မည်မျှ စွမ်းအားကြီးမားမည်နည်း၊ ၎င်းသည် ကျင့်ကြံခြင်း လမ်းစဉ် ၏ အမြင့်ဆုံးအောင်မြင်မှု ဖြစ်သလို ဤစကြဝဠာကြီး၏ အမြင့်ဆုံး အထွက်ထိပ်လည်း ဖြစ်သည်။ မည်သို့ ဤမျှ လွယ်ကူနိုင်မည်နည်း။ ရှေးဟောင်းခေတ် သူတော်စင် ဧကရာဇ် များ နောက်ပိုင်းတွင် ဤစကြာဝဠာထဲ၌ ယန်နတ်ဘုရားတစ်ပါးမျှ ပေါ်ထွန်းခဲ့ခြင်း မရှိပေ။

အကယ်၍ မုန့်ရှန်းကျီသာ ဆယ်နှစ်အတွင်း ယန်နတ်ဘုရားဖြစ်လာခဲ့မယ်ဆိုရင် သူဟာ ရှေးဟောင်းခေတ် သူတော်စင်ဧကရာဇ်တွေ နောက်ပိုင်း ပထမဆုံးသော ယန်နတ်ဘုရား ဖြစ်လာပေလိမ့်မည်။

“ဟွန့်။ ကြည့်ရတာ, ဟုန်ယွိရဲ့ ဂုဏ်သတင်းက ဆယ်နှစ်ပဲ ခံမှာပါ။ ဒီနေ့တော့ သူ့ကို အစွမ်းပြခွင့် ပေးလိုက်ပါဦးမယ်။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်စရာတွေက ကြာရှည်မခံပါဘူး။ ဒီနေ့ကနေ ဆယ်နှစ်ပြည့်တဲ့အခါ မုန့်ရှန်းကျီနဲ့ တိုက်ခိုက်လို့ သူ မသေရင်တောင် ဒဏ်ရာ အပြင်းအထန် ရမှာပဲ။ အဲဒီအချိန်ကျမှတော့...”

ဟုန်ယွိက စိန်ခေါ်လွှာကို လက်ခံလိုက်သည်ကို မြင်သောအခါ ရှေးရိုးစွဲ ကွန်ဖြူးရှပ်ဂိုဏ်းမှ အရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်ထဲတွင် တစ်ညီတစ်ညွတ်တည်း တွေးလိုက် ကြသည်။

ယနေ့တွင် ဟုန်ယွိကို တိုက်ခိုက်ရန် မဖြစ်နိုင်တော့သည်ကို သူတို့ သိလိုက်ကြပြီ။ တစ်ဖက် လူ၏ စကားစစ်ထိုးနိုင်စွမ်းမှာ လောကတွင် အကောင်းဆုံးဖြစ်သလို၊ သူ၏ ကဗျာနှင့် စာပေအစွမ်းမှာလည်း အစစ်အမှန် ဖြစ်သည်။ ဤသူတော်စင်ငယ်ကို တစ်ကြိမ်တည်းနှင့် ဖြိုလှဲရန်မှာ မလွယ်ကူပေ။

“ဒီနေ့မှာ သူတော်စင်ငယ်ရဲ့ စကားစွမ်းရည်နဲ့ ကဗျာစွမ်းရည်ကို ငါတို့ တွေ့မြင်ခဲ့ရပါပြီ။ ငါတို့ ခွင့်ပြုပါဦး။”

ဝိဇ္ဇာနှင့် သိပ္ပံကျောင်းတော်အရှင်၊ တောင်မြစ်ကျောင်းတော်အရှင်နှင့် အခြားသော ကွန်ဖြူးရှပ် ပညာရှင် ၁၀ ဦးကျော်တို့မှာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။ ဟုန်ယွိ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ သူတို့၏ တပည့်ထောင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ကျိုးယွိအကယ်ဒမီမှ ထွက်ခွာသွားကြတော့သည်။

ရှေးရိုးစွဲ-ကွန်ဖြူးရှပ်ဂိုဏ်းဝင်များ အပြင်သို့ ထွက်သွားစဉ်မှာပင် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ရုတ်တရက် ကျရောက်လာသည်။ ထိုမင်္ဂလာရှိသော အလင်းတန်းများ ကြားမှ ချီလင်တစ်ကောင် ပေါ်ထွက်လာပြီး ဧည့်ခန်းမဆောင်ပေါ်သို့ ဆင်းသက်လာသည်။ ၎င်း၏ ခြေလေးချောင်းမှာ တိမ်တိုက်များကို နင်းထားပြီး ထူးခြားသော ဟိန်းဟောက်သံကို ပြုလုပ်လိုက်သည်။

“ဒီပညာရှင်တွေမှာ ပညာရှင်တွေရဲ့ အရှိန်အဝါ လုံးဝမရှိဘူး” ချီလင်က ဟိန်းဟောက်ရင်း ပြောလိုက်သည် “သူတို့ အခု ထွက်သွားပြီဆိုတော့ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ မှာ ရှိတဲ့ ပညာရှင် သူတော်စင်တွေရဲ့ တန်ခိုးအရှိန်အဝါတွေလည်း အညစ်အကြေး ကင်းစင် သွားပြီပေါ့။ အခုမှ ငါလည်း ကောင်းကောင်း အနားယူလို့ ရတော့မယ်။”

“ဘာ...”

ချီလင်၏ စကားကို ကြားသောအခါ ရောက်ရှိနေသူများမှာ အံ့ဩသွားကြပြန်သည်။

‘ဒါက ဟုန်ယွိရဲ့ တကယ့်ဝှက်ဖဲပဲ။ ချီလင်တစ်ကောင်ရဲ့ စကားဟာ ပညာရှင်တစ်ယောက် က တကယ်ပဲ တန်ဖိုးရှိလား၊ မရှိဘူးလားဆိုတာ ဆုံးဖြတ်ပေးနိုင်တယ်။ ချီလင်ကို ပိုင်ဆိုင် ထားခြင်းအားဖြင့် ဟုန်ယွိဟာ ဒီလောကရဲ့ အဆုံးအဖြတ်ကို ပေးပိုင်ခွင့် ရသွားတာပဲ။ တကယ်ကို အံ့ဩစရာပဲ။’

ဤအချိန်တွင် အထက်တန်းလွှာ ပညာရှင် သူတော်စင်မျိုးနွယ်ကြီး ၄ ခုမှ အရှင်များဖြစ်စေ၊ စိတ်နှလုံးလမ်းစဉ်မှ ပညာရှင်များဖြစ်စေ အားလုံးသည် ဟုန်ယွိ၏ နည်းလမ်းများကို အမှန်တကယ် လက်ခံသွားကြရသည်။ ကျောင်းတော်များနှင့် တာအိုဂိုဏ်းများကြားမှ တိုက်ပွဲမှာလည်း သွေးထွက်သံယို ဖြစ်နိုင်သည်မှာ သဘာဝပင်။

“ဟုန်ယွိရဲ့ နည်းလမ်းတွေက တကယ်ကို လေးစားဖို့ ကောင်းတာပဲ။ နှမြောစရာကောင်း တာက လောကမှာ ချီလင်ဆိုတာ ရှားပါးလွန်းတယ်။ တကယ်လို့ ဒုတိယတစ်ကောင်သာ ရှိခဲ့မယ်ဆိုရင် ဒါဟာ ဖြောင့်မတ်ခြင်း နတ်ဘုရားလမ်းစဉ်နဲ့ မင်္ဂလာရှိတဲ့ သင်္ကေတတစ်ခု ဖြစ်လာမှာပဲ။”

‘ဒီနေ့ ပြောသွားတဲ့ စကားတွေကို ငါ့ရဲ့မှတ်တမ်းမှာ သေချာပေါက် ရေးရမယ်။ ချီလင်ရဲ့ စကားက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီရှေးရိုးစွဲ-ကွန်ဖြူးရှပ်ဂိုဏ်းက ပညာရှင်တွေဟာ ဟွမ်ထျန်းပိုထက် သိပ်မသာဘူးဆိုတာ သေချာသွားပြီ၊’ ပညာရှင်များစွာမှာ တစ်ပြိုင်နက် တည်း တွေးနေကြသည်။

တစ်ချိန်တည်းမှာပင် ချီလင်၏ စကားသံမှာ မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားခဲ့သည်။ လမ်းခရီးသို့ ရောက်နေပြီဖြစ်သော ရှေးရိုးစွဲ-ကွန်ဖြူးရှပ်ဂိုဏ်းမှ ပညာရှင်များနှင့် တပည့် ထောင်ပေါင်းများစွာမှာလည်း ထိုစကားကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

“ဖူး” ဝိဇ္ဇာနှင့် သိပ္ပံကျောင်းတော်အရှင်၊ တောင်မြစ်ကျောင်းတော်အရှင်နှင့် အခြားသော ပညာရှင်များမှာ မြင်းရထားပေါ်သို့ တက်ခါစပင် ရှိသေးသည်။ ချီလင်၏ စကားကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း နီမြန်းသွားပြီး သွေးတစ်လုတ်စီ အန်ထုတ်လိုက်ကြလေတော့သည်။

All Chapters